အခန်း (၄၇၂-၄၇၃)
Vol. 44 Ch. 472-473
အခန်း ၄၇၂ - အလင်းကို မသွန်းလုပ်ဘဲ အလင်းရောင် မရှိနိုင်
ရိုးရှင်းလှသော ဓားချက်တစ်ချက်သည် တောက်ပုအာ၏ အစိတ်စိတ်အမြွှာမြွှာ ပျက်စီးနေသော ခန္ဓာကိုယ်ကို ထပ်မံ၍ ထိုးဖောက်သွားပြန်သည်။ ပထမတစ်ချက်က တောက်ပုအာ၏ ရုပ်ခန္ဓာကို ဖျက်ဆီးခဲ့ခြင်း ဖြစ်ပြီး ယခု ဒုတိယမြောက် ဓားချက်ကမူ သူ၏ စိတ်ဝိညာဉ်ကိုပါ လုံးဝ ခြေမှုန်းပစ်လိုက်ခြင်း ဖြစ်၏။
ကျိယွမ်၏ ဤဓားချက်သည် မဟာမူလသဘောတရားအဆင့်၏စွမ်းအားအပြည့် ပါဝင်နေသည်။ ပုံမှန် မဟာမူလသဘောတရားအဆင့် တစ်ယောက်ကို ဒဏ်ရာမရစေနိုင်သော်လည်း မူလသဘောတရားအဆင့် တစ်ယောက်ကိုတော့ ထူးထူးခြားခြား အားစိုက်နေစရာမလိုဘဲ သတ်ပစ်ရန်တလုံလောက်ပေသည်။
တောက်ပုအာ၏ ပျက်စီးလုနီးပါး မျက်ဝန်းများတွင် မယုံကြည်နိုင်ခြင်းနှင့် လုံးဝ နားမလည်နိုင်ခြင်းတို့ ပြည့်နှက်နေ၏။
"မင်းက... မဟာမူလသဘောတရားအဆင့် မဟုတ်ဘူး... ဘယ်လိုလုပ်ပြီး..."
လွန်ခဲ့သော နှစ်များစွာလုံးလုံး ဆဲဆိုစိန်ခေါ်ခြင်းများ ပြုလုပ်ခဲ့စဉ်က ကျိယွမ်၏ မျက်လုံးများသည် တောက်ပုအာ၏ အကြောင်းအရာ အများစုကို ထိုးထွင်းသိမြင်နိုင်ခဲ့သည်။ ထိုနည်းတူ တောက်ပုအာသည်လည်း ကျိယွမ်၏ အနက်ရှိုင်းဆုံးအဆင့်ကို စမ်းသပ်ရန် ကြိုးစားခဲ့သော်လည်း ကျိယွမ်ထံမှ မဟာမူလသဘောတရားအဆင့်၏ အရှိန်အဝါကို တစ်ကြိမ်မျှ မခံစားခဲ့ရဖူးပေ။ သူ၏ စွမ်းအားသည် အလွန်ဆုံးရှိလှမှ မူလသဘောတရားအဆင့်ဖြစ်သော မိမိနှင့်အတူတူဟုသာ ထင်ခဲ့မိ၏။
အဲဒါကို ငါက ဘယ်လိုလုပ် ဒီလောက်လွယ်လွယ်နဲ့ အသတ်ခံလိုက်ရတာလဲ။
"မင်း ရှုံးတာ မဆန်းပါဘူး။ မင်းရဲ့ မှတ်ဉာဏ်က တော်တော်လေး ဆိုးတာပဲ"
ကျိယွမ်က အေးအေးဆေးဆေး ပြောလိုက်သည်။
"ငါက မဟာမူလသဘောတရားအဆင့်လို့ တစ်ခါမှ မပြောခဲ့ဘူး။ ငါက... ခရမ်းရောင်နန်းတော်အဆင့်ပါ"
ထိုသို့ပြောပြီးနောက် ကျိယွမ်က လက်ကို အသာအယာ ဝှေ့ယမ်းလိုက်၏။ တောက်ပုအာ၏ ခန့်ညားလှသော ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်သည် ပြာမှုန့်အဖြစ်သို့ ပြောင်းလဲသွားလေသည်။ သေဆုံးသွားသည့်တိုင် သူ၏ မျက်နှာတွင် ဇဝေဇဝါ ဖြစ်နေဆဲပင်။
သူ့ဘဝ၏ နောက်ဆုံးအခိုက်အတန့်တွင်မှ ကျိယွမ် ပြောနေသည်မှာ အမှန်တရားဖြစ်ကြောင်း သူ ခံစားလိုက်ရသည်။
သူ၏ ရန်သူသည် တကယ်ပဲ ခရမ်းရောင်နန်းတော်ကျင့်ကြံသူ တစ်ဦးလား။ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။
"ငါ... ခရမ်းရောင်နန်းတော်ကျင့်ကြံသူတစ်ယောက်ရဲ့ လက်ချက်နဲ့ သေရတာလား..."
သူသည် ဒေါသတကြီး နောက်ဆုံးတစ်ချက် အော်ဟစ်ပြီးနောက် အသက်ပျောက်သွားလေတော့သည်။
ထိုအချိန်တွင် ကောင်းကင်ကမ္ဘာဆန်းကြယ်နယ်မြေတစ်ခုလုံး၌ စောင့်ကြည့်နေကြသော အခြားကျင့်ကြံသူများသည် တောက်ပုအာကဲ့သို့ပင် မျက်လုံးအဝိုင်းသားဖြင့် မှင်တက်နေကြ၏။
"ပြီးသွားပြီလား..."
"သူ သေသွားပြီ..."
သူတို့သည် တောင်များနှင့်မြစ်များကို တုန်ဟည်းသွားစေပြီး မြေထုကြီးပင်လှုပ်ခတ်သွားတော့မည် တိုက်ပွဲကြီးတစ်ခုကို မျှော်လင့်ထားခဲ့ကြခြင်း ဖြစ်သည်။ တောက်ပုအာသည် ကောင်းကင်ကမ္ဘာဆန်းကြယ်နယ်မြေ၏ ဝိညာဉ်စွမ်းအင်အားလုံးကို သူ၏ကိုယ်ထဲသို့ ဆွဲသွင်းခဲ့သဖြင့် သူတို့အားလုံးပင် အားနည်းသွားခဲ့ရသည် မဟုတ်ပါလား။
သူတို့သည် ပြင်းထန်သော တိုက်ပွဲကြီးအတွက် ပြင်ဆင်ထားခဲ့ကြသော်လည်း ၄င်းက စက္ကန့်ပိုင်းအတွင်း ပြီးဆုံးသွားလေသည်။ ကြောက်စရာအကောင်းဆုံး အချက်မှာ သေဆုံးသွားသူသည် မြင့်မြတ်အလင်းမျိုးနွယ်စုဝင် အရှင်သခင်ဖြစ်နေခြင်းပင်။
ကျင့်ကြံသူအချို့သည် နောင်တရိပ်များ ပြည့်နှက်နေသော မျက်နှာထားဖြင့် လျူရှီးဘက်သို့ လှည့်ကြည့်လိုက်ကြ၏။
"နှမြောဖို့ကောင်းလိုက်တာ ကျင့်ကြံသူလျူရှီး။ မင်းသာ အဲဒီလေးစားအပ်တဲ့သူ့ဆီမှာ အမှုထမ်းဖို့ ရွေးချယ်ခဲ့ရင် မင်းရဲ့ အနာဂတ်က... အကန့်အသတ်မရှိ ဖြစ်နေမှာ"
"ဒီလောက်အထိ အစွမ်းထက်တာ... သူက ဒဏ္ဍာရီလာ မဟာမူလသဘောတရားအဆင့်များလား မသိဘူး"
သူတို့သည် ကောင်းကင်ကမ္ဘာဆန်းကြယ်နယ်မြေထဲသို့ မဝင်ရောက်မီ မြင့်မြတ်အလင်းမျိုးနွယ်စု၏ ဩဇာအာဏာကို သေချာစုံစမ်းခဲ့ကြသည်။ မဟုတ်လျှင် သူတို့ ဝင်ရဲကြမည် မဟုတ်ပေ။
သို့သော် ထိုဝတ်ရုံနက်အရှင်သည် မြင့်မြတ်အလင်းမျိုးနွယ်စုယန်နတ်ဘုရားတစ်ပါးကို သတ်ဖြတ်နိုင်ခဲ့ခြင်းက... တကယ်ကို ကြောက်စရာကောင်းလှ၏။
လျူရှီး၏ အမူအရာက မပြောင်းလဲဘဲ တည်ငြိမ်စွာပင် ပြန်ပြောလိုက်သည်။
"လောကမှာ ရွေးချယ်စရာတွေ အများကြီး ရှိပါတယ်။ ရွေးချယ်မှုတိုင်းက အမှန်ဖြစ်မယ်လို့ ဘယ်သူ သေချာပြောနိုင်မှာလဲ။ အနည်းဆုံးတော့ ငါ အသက်ရှင်နေသေးတာပဲ။ ဒါကိုပဲ ငါကတော့ အနိုင်လို့ သတ်မှတ်တယ်"
သူက မိမိကံကြမ္မာကို လက်ခံသည့်သဘောဖြင့် ပေါ့ပေါ့ပါးပါး ပြောလိုက်ခြင်း ဖြစ်၏။ အထက်ကောင်းကင်တွင်မူ ကျိယွမ်၏ အကြည့်သည် စုတ်ပြဲနေသော ဝတ်ရုံထဲရှိ ဝိညာဉ်ထံသို့ ရောက်ရှိနေသည်။
တောက်ပုအာသည် ဤစုတ်ပြဲနေသော ဝတ်ရုံကို ဘာကြောင့် ဒီလောက်အထိ အသည်းအသန် လိုချင်နေရသလဲဆိုသည်ကို ကျိယွမ် စိတ်ဝင်စားနေမိသည်။
"ဟေး... အဘိုးကြီး...ငါ့ဆီကို ခဏလောက် မလာချင်ဘူးလား။ ဟိုဟိုဒီဒီ လျှောက်မသွားဘဲ နေတော့။ ငါ မင်းကို... အိမ်တစ်လုံး ပေးမယ်"
ကျိယွမ်က ဝိညာဉ်ကို လှမ်းခေါ်လိုက်၏။ ထိုဝိညာဉ်သည် အလွန်အစွမ်းထက်ပုံရသည်။ တောက်ပုအာ၏ အစီအစဉ်များကို ကျိယွမ် စိတ်မဝင်စားသော်လည်း ဤဝိညာဉ်၏ မူလပုံစံကိုမူ သူ စူးစမ်းကြည့်ချင်စိတ် ရှိနေသည်။ တကယ်လို့ ဤဝိညာဉ်ကို သူ၏ ဧကရာဇ်တံခွန်ထဲသို့ ထည့်နိုင်လျှင် ၎င်း၏ အစွမ်းက သိသိသာသာ တိုးတက်လာပေလိမ့်မည်။
စုတ်ပြဲနေသော ဝတ်ရုံထဲမှ ဝိညာဉ်သည် ဟင်းလင်းပြင်ထဲတွင် ခြေလှမ်းများ ရပ်တန့်သွားသဖြင့် ကျိယွမ်၏ မျက်ဝန်းများ တောက်ပသွားပြီး ဆက်ပြောလိုက်သည်။
"မစိုးရိမ်ပါနဲ့၊ အိမ်ငှားခ ပေးစရာမလိုဘူး။ အစားအသောက်နဲ့ နေထိုင်ခွင့်ကိုပါ အခမဲ့ စီစဉ်ပေးမှာ"
ကျိယွမ် စိတ်ပိုင်းဖြတ်လိုက်၏။ ရင်းနှီးမြှုပ်နှံမှု မရှိရင် အကျိုးအမြတ် မရနိုင်ပေ။
ထိုဝိညာဉ်တွင် ရုပ်ခန္ဓာမရှိသော်လည်း ၎င်း၏ အကြည့်သည် မိမိထံသို့ ရောက်ရှိနေကြောင်း ကျိယွမ် ခံစားနေရသည်။ ၎င်းက တိတ်ဆိတ်နေဆဲဖြစ်သည်ကို မြင်ရသဖြင့် ကျိယွမ်က တုံ့ဆိုင်းနေပြီးမှ ဆက်ပြောလိုက်၏။
"ပြီးတော့ ငါ အကျိုးခံစားခွင့် အစီအစဉ်တစ်ခုပါ ထပ်ထည့်ပေးဦးမယ်။ အာမခံတစ်ခုတည်းတင် မဟုတ်ဘူး... အာမခံနှစ်ခုပါဝင်တဲ့အစီအစဉ်ပေါ့"
ဒါက သူ့ဘက်က အများကြီး အလျော့ပေးလိုက်ခြင်း ဖြစ်သည်။ ဤဝိညာဉ်နှင့် ရင်ဆိုင်ရချိန်တွင် ကျိယွမ်သည် ရှားရှားပါးပါး ဖိအားတစ်ခုကိုပင် ခံစားနေရ၏။
ဝိညာဉ်က သူ့ကို စောင့်ကြည့်နေစဉ် ရှေးဟောင်းဆန်သော ဝမ်းနည်းကြေကွဲမှုနှင့် ခန့်ညားထည်ဝါမှု အငွေ့အသက်များသည် လေထုထဲတွင် ပြည့်နှက်သွားသည်။ ကျိယွမ်သည် ငရဲတွင်း၏ အနက်ဆုံးပိုင်းမှ ရှေးဟောင်းဝိညာဉ်များ၏ ငိုကြွေးမြည်တမ်းသံများကို ကြားလိုက်ရသကဲ့သို့ ခံစားလိုက်ရ၏။
"အလင်းကို မသွန်းလုပ်ဘဲ အလင်းရောင် မရှိနိုင်"
ကြီးမားကျယ်ပြန့်သော အသံကြီး ထွက်ပေါ်လာသည်။ ထို့နောက်တွင်မူ ဝိညာဉ်သည် မျက်စိရှေ့မှ ပျောက်ကွယ်သွားပြီး သွေးရောင်လွှမ်းနေသော ကောင်းကင်ကြီးသည်လည်း ပြန်လည် ကြည်လင်သွားလေသည်။
ကျိယွမ်သည် မိမိ၏ လက်ဖဝါးပေါ်သို့ အံ့သြစွာ ကြည့်လိုက်ရာ သေးငယ်သော ပုလဲလုံးကဲ့သို့ အလင်းစက်တစ်ခု ရောက်ရှိနေသည်ကို မြင်လိုက်ရ၏။ ဤသေးငယ်သော ပုလဲလုံး၏ မျက်နှာပြင်ပေါ်တွင် သွေးကွက်တစ်ခု ထင်ကျန်နေသည်။
[ မကောင်းဆိုးဝါးသွေး စွန်းပေနေသော အလင်းသန္ဓေသား ]
ကျိယွမ်သည် ၎င်းကို ကြည့်ရင်း ခဏမျှ ကြောင်အမ်းသွား၏။ သူက လက်ကို ဝှေ့ယမ်းလိုက်ရာ ကောင်းကင်ကမ္ဘာရှေးဟောင်းကြေးမုံ ပေါ်ထွက်လာသည်။
လွန်ခဲ့သော အချိန်က သူ လေ့လာခဲ့စဉ်တွင်လည်း ဤမှန်ချပ်ပေါ်၌ အလားတူ မကောင်းဆိုးဝါးသွေး စွန်းပေနေသည်ကို သူ သတိရလိုက်သည်။
"ဒါက ဘာသွေးအမျိုးအစားလဲမသိဘူး"
"ပြီးတော့ အဲဒီဝိညာဉ်က ဘာလို့ ငါ့ကို ဒီအလင်းသန္ဓေသား ရုတ်တရက် ပေးခဲ့တာလဲ။ သူက တကယ်ပဲ ငါ့ရဲ့ အာမခံနှစ်ခုပါဝင်တဲ့အစီအစဉ်ကို သဘောကျသွားတာလား... ဒါမှမဟုတ် အခမဲ့နေထိုင်ခွင့်ကိုပဲ စိတ်မဝင်စားတာလား"
ကျိယွမ်က အတွေးပွားနေသော်လည်း အဖြေကိုမူ သေချာမသိပေ။
သူက ဟင်းလင်းပြင်ထဲသို့ လှမ်း၍ အော်မေးလိုက်သည်။
"ဟေး... အဘိုးကြီး၊ မင်း ငါ့ကို ဘာပြောချင်တာလဲ"
ဟင်းလင်းပြင်ထဲမှ မည်သည့်တုံ့ပြန်မှုမျှ ရှိမလာပေ။
"'အလင်းကို မသွန်းလုပ်ဘဲ အလင်းရောင် မရှိနိုင်' တဲ့... ဘာကို ဆိုလိုတာလဲ" ။ကျိယွမ်က စဉ်းစားနေမိသည်။
ထိုအခိုက်အတန့်တွင် သူ့လက်ထဲရှိ အလင်းသန္ဓေသားသည် သူ၏ စိတ်ဝိညာဉ်ထဲသို့ တိုးဝင်သွားလေသည်။
ကျိယွမ်က အံ့အားသင့်စွာဖြင့် မျက်တောင်ခတ်လိုက်၏။ "ဒါက ငါ့စိတ်ဝိညာဉ်ထဲ ဝင်သွားတာလား"
သူက ကိုယ်ကို အသာအယာ လှုပ်ခါလိုက်ရာ အလင်းသန္ဓေသားသည် ပြန်လည်၍ လိမ့်ထွက်လာသည်။
သူ့မျက်နှာတွင် စူးစမ်းလိုစိတ်များ ပြည့်နှက်သွား၏။
"ဒီအရာက ငါ့စိတ်ဝိညာဉ်ထဲ ဝင်နိုင်တာပဲ"
သူ စိတ်ဝင်စားသွားသည်။ ပုံမှန်ဆိုလျှင် ရတနာများကို အိတ်များထဲတွင် သိုလှောင်ထားတတ်ကြပြီး သို့မဟုတ်လျှင် ဒန်ထျန်ထဲတွင် ထားရှိတတ်ကြသော်လည်း စိတ်ဝိညာဉ်ထဲသို့ တိုက်ရိုက်ဝင်ရောက်နိုင်သော အရာမျိုးကမူ ရှားပါးလှပေသည်။
"ဒါက တကယ့်ကို ထူးခြားတဲ့ ရတနာတစ်ခု ဖြစ်ပုံရတယ်... ဒါပေမဲ့ ဘာအတွက် သုံးရမှန်းတော့ ငါ မသိသေးဘူး"
လောလောဆယ်တွင်မူ သူသည် အလင်းသန္ဓေသား၏ စစ်မှန်သော အသုံးဝင်ပုံကို နားမလည်နိုင်သေးပေ။
"ကဲ... ပြန်ဖို့ အချိန်တန်ပြီ။ ငါ့ရဲ့ ကောင်းကင်ကမ္ဘာဆန်းကြယ်နယ်မြေ ခရီးစဉ်ကတော့... လောလောဆယ် ပြီးဆုံးသွားပြီပေါ့" ။ ကျိယွမ်က အေးအေးဆေးဆေး ပြောလိုက်သည်။
တစ္ဆေတံခါးထဲတွင် ရေမချိုးရသေးသော မျှော်လင့်ခြင်းလမင်းအုပ်စုကြီးက သူ့ကို စောင့်ဆိုင်းနေကြ၏။
"ဒါပေမဲ့ မကြာသေးခင်က ငါ့ရဲ့ ညာဘက်မျက်ခုံး လှုပ်နေတာ... အန္တရာယ်တစ်ခုခု ကြုံရတော့မယ်လို့ ဆိုလိုတာလား မသိဘူး" ။ သူက သေသေချာချာ စဥ်းစားနေမိသည်။
"တံခွန်သခင်က ငါ့ကို ရန်ပြုဖို့ တစ်ခုခု ကြံစည်နေတာလား"
"မဟုတ်လောက်ပါဘူး၊ သူ့ရဲ့ အစွမ်းက အဲဒီလောက် မရှိပါဘူး"
"ဒါဆို အဖြစ်နိုင်ဆုံးက... ထိုက်ဟွမ်နန်းတော်က ငါ့ရဲ့ စစ်မှန်တဲ့ မည်သူမည်ဝါဖြစ်ကြောင်းကို ပိုပြီး သိလာတာ ဖြစ်ရမယ်။ ငါ့ရဲ့ တော်လွန်းတဲ့ သရုပ်ဆောင်ချက်တွေက နောက်ဆုံးတော့ ပေါက်ကြားသွားပြီလား"
ကျိယွမ်က စဉ်းစားလိုက်သည်။ အထက်ဘုံများသို့ ရောက်ရှိလာကတည်းက သူ တိတ်တဆိတ် ပုန်းအောင်းနေခဲ့သော်လည်း အမှားအယွင်း အနည်းငယ်ကြောင့် ရိပ်မိသွားကြခြင်း ဖြစ်နိုင်သည်။
"ဘာပဲဖြစ်ဖြစ် ငါ မကြောက်ပါဘူး။ ထိုက်ဟွမ်နန်းတော်က ငါ့နောက်ကို လိုက်လာရင်တောင် ငါ့ဘက်မှာ ဥပဒေ ရှိတယ်"
"သူတို့က ငါ့ရဲ့ အထွတ်အမြတ်နေရာကို သူတို့ရဲ့ နေရောင်ခြည်တွေနဲ့ ကျူးကျော်ပြီး ငါ့ရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ လုံခြုံမှုကို ချိုးဖောက်ခဲ့ကြတာ။ ဒါက ကြီးမားတဲ့ ရာဇဝတ်မှုပဲ"
ကျိယွမ်က ဂရုမစိုက်ပေ။
ဘာပဲဖြစ်ဖြစ် သူ့မှာ ဆုတ်ခွာဖို့ လမ်းကြောင်းများ များစွာရှိလေသည်။
ပျက်စီးနေသော ဈေးထဲတွင်ဖြစ်သည်။...
ထျန်းယွန်းသည် ဘဝ၏ငြီးငွေ့ဖွယ်ရာများကိုတွေးမိကာ အကြောဆန့်ရင်း သန်းဝေလိုက်၏။
"အင်း... အဲဒီအရှင် ဘယ်လိုနေလဲမသိဘူး" ။ သူမက ဝတ်ရုံနက်နှင့် ပုံရိပ်ကို ပြန်စဥ်းစားမိရင်း တိုးတိုးလေး ရေရွတ်လိုက်၏။
သူမ၏ အနီးတွင် ထိုင်နေသော အဒေါ်လွမ်က ဝင်ပြောလိုက်သည်။ "တွေးမနေနဲ့တော့။ သူက ငါတို့နဲ့ ဘာမှမဆိုင်ဘူး"
ထိုအခိုက်အတန့်တွင် ပြင်ပမှ တည်ငြိမ်သော အသံတစ်ခု ထွက်ပေါ်လာသည်။
"နှောင့်ယှက်မိတာ ခွင့်လွှတ်ပါ။ ငါ... ဝင်လာလို့ ရမလား"
ဂူအပြင်ဘက်တွင် ဝတ်ရုံနက်ဝတ်ဆင်ထားသော ပုံရိပ်တစ်ခု ပေါ်လာလေသည်။
ထိုအသံကို ကြားလိုက်ရသဖြင့် ထျန်းယွန်း၏ မျက်နှာမှာ ချက်ချင်း ပြောင်းလဲသွား၏။
အဒေါ်လွမ်သည်လည်း အလားတူပင် သတိထားလိုက်ပြီး ရောက်လာသူကို စိုးရိမ်စိတ်ဖြင့် ကြည့်လိုက်သည်။
"အဲဒါ... အဲဒါ အဲဒီအရှင်ပဲ"။ ထျန်းယွန်းမှာ စကားများပင်ထစ်သွား၏။
သူတို့နှစ်ဦး အကြည့်ချင်း ဖလှယ်လိုက်ကြပြီးနောက် ထျန်းယွန်းက ရိုသေစွာ ပြောလိုက်သည်။ "ကျေးဇူးပြုပြီး... ဝင်လာပါ အရှင်"
သူမ၏ ဖိတ်ခေါ်ချက်ကြောင့် ဝတ်ရုံနက်နှင့်လူက အေးအေးဆေးဆေး လျှောက်ဝင်လာလေသည်။ ထိုလူကတော့ ကျိယွမ်ပင် ဖြစ်၏။
ရှီဖန်းနှင့် ကိစ္စရပ်များကို အဆုံးသတ်ပြီးနောက် ကျိယွမ်သည် ကောင်းကင်ကမ္ဘာဆန်းကြယ်နယ်မြေမှ ထွက်ခွာခဲ့သည်။ သူသည် တစ္ဆေတံခါးသို့ တိုက်ရိုက် မသွားဘဲ ထျန်းယွန်းထံသို့ လာရောက်လည်ပတ်ခြင်း ဖြစ်၏။
ရှီဖန်းတို့နှင့် တွေ့ဆုံပြီးနောက် ထျန်းယွန်းသည် သူတို့နှင့် တူညီသော သွေးမျိုးဆက် ရှိနေသည်ကို သူ သတိပြုမိခဲ့သည်။ ထျန်းယွန်း၏ သွေးမျိုးဆက်က ပို၍ပင် သိပ်သည်းလှပြီး သူမ၏သွေးမျိုးဆက်သည် စုတ်ပြဲနေသော ဝတ်ရုံထဲမှ ဝိညာဉ်နှင့် ဆက်စပ်နေပုံရ၏။
သူသည် အလင်းသန္ဓေသား၏ အသုံးဝင်ပုံကို သိရှိလိုသဖြင့် ထျန်းယွန်းထံသို့ လာရောက်မေးမြန်းခြင်း ဖြစ်သည်။
"အရှင်... ကောင်းကင်ကမ္ဘာဆန်းကြယ်နယ်မြေကနေ လာတာလား။ ကျွန်မဆီကို ဘာကိစ္စရှိလို့ လာတာလဲဆိုတာ မေးပါရစေ" ။ထျန်းယွန်းက စိုးရိမ်စိတ်ဖြင့် မတ်မတ်ထိုင်ကာ မေးလိုက်သည်။
အဒေါ်လွမ်သည်လည်း အပြစ်ပေးခံထားရသော ဂျူနီယာတစ်ယောက်ကဲ့သို့ ဘေးတွင် ရပ်နေရင်း စိတ်ထဲတွင် အတွေးများ ရှုပ်ထွေးနေမိသည်။
သူက ကောင်းကင်ကမ္ဘာဆန်းကြယ်နယ်မြေထဲမှ ဘယ်လိုလုပ် ထွက်လာနိုင်တာလဲ။ သူ ဝင်သွားခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်ရာ မြင့်မြတ်အလင်းမျိုးနွယ်စုဝင်က သူ့ကို နှိမ်နင်းပြီးလောက်ပြီ မဟုတ်ပါလား။
"အမြင့်ဆုံးယင်ဝိညာဉ် ညတုန်းက ငါ စုတ်ပြဲနေတဲ့ဝတ်ရုံနဲ့ ဝိညာဉ်တစ်ခုကို တွေ့ခဲ့တယ်။ သူက မင်းတို့နဲ့ နက်နက်ရှိုင်းရှိုင်း ဆက်စပ်နေပုံရတယ်" ။ကျိယွမ်က လာရင်းကိစ္စကို တည်ငြိမ်စွာ ရှင်းပြလိုက်သည်။
၄င်းကို ကြားလိုက်ရသဖြင့် ထျန်းယွန်းနှင့် အဒေါ်လွမ်တို့မှာ အသက်ရှုမြန်သွားကြ၏။ နောက်ဆုံးတွင် အဒေါ်လွမ်က ဝမ်းနည်းကြေကွဲဖွယ်ရာ အသံဖြင့် ဝင်ပြောလိုက်သည်။ "ငါတို့မျိုးနွယ်စုရဲ့ ရှေးဟောင်းမှတ်တမ်းတွေအရ အဲဒီဝိညာဉ်က... ငါတို့မျိုးနွယ်စုရဲ့ လူသားဘုရင်ပဲ"
"အော်... လူသားဘုရင်လား" ။ကျိယွမ် ခဏမျှ တုန့်ဆိုင်းသွားသည်။
လူသားဘုရင် ဟူသော ဘွဲ့ထူးသည် ပြိုင်ဘက်ကင်းသော ပုဂ္ဂိုလ်များ သို့မဟုတ် ဘုံတစ်ခုလုံး၏ အုပ်စိုးရှင်များအတွက်သာ သတ်မှတ်ထားခြင်း ဖြစ်သည်။ ထိုဝိညာဉ်က မိမိ၏ နေထိုင်ခွင့်ကမ်းလှမ်းချက်ကို ငြင်းပယ်ခဲ့သည်မှာ မဆန်းတော့ပေ။ လူသားဘုရင်တစ်ပါးအနေဖြင့် ဧကရာဇ်တံခွန်ထဲတွင် နေထိုင်ရခြင်းက ဂုဏ်သိက္ခာနှင့် မညီမျှပေ။
"သူ ငါ့ကို ပြောခဲ့တဲ့ စကားတစ်ခွန်းကို ငါ နားမလည်လို့ မင်းတို့ကို လာမေးတာ" ကျိယွမ်က ဆက်ရှင်းပြသည်။
"လူသားဘုရင်က... တကယ်ပဲ စကားပြောခဲ့တာလား" ။ အဒေါ်လွမ်သည် ကျိယွမ်ကို ကြည့်ရင်း ထိတ်လန့်တုန်လှုပ်သွားကာ မယုံကြည်နိုင်ဖြစ်နေ၏။
လူသားဘုရင်၏ ဝိညာဉ်သည် နှစ်ပေါင်း ဆယ်သန်းကျော်တိုင်အောင် တည်ရှိခဲ့သော်လည်း ထိုအချိန်တစ်လျှောက်လုံးတွင် စကားတစ်ခွန်းမျှ မပြောခဲ့ဖူးပေ။
"သူက ငါ့ကို 'အလင်းကို မသွန်းလုပ်ဘဲ အလင်းရောင် မရှိနိုင်' လို့ ပြောခဲ့တယ်။ အဲဒါ ဘာကို ဆိုလိုတာလဲ" ။ ကျိယွမ်က သူသိချင်နေသောအရာကို တိုက်ရိုက်မေးလိုက်၏။ မသိလျှင် မေးရမည်ကို သူမည်သည့်အခါမှ ဝန်လေးမနေတတ်ပေ။
ထိုစကားကို ကြားလိုက်ရသောအခါ အဒေါ်လွမ်၏ မျက်နှာ အမူအရာ ထပ်မံပြောင်းလဲသွားပြီး မျက်မှောင်ကြုတ်လိုက်မိသည်။ ထိုထူးဆန်းသောလူသည် လူသားဘုရင်ကို တကယ်ပဲ စကားပြောအောင် လုပ်နိုင်ခဲ့သည်ကို သူမ နောက်ဆုံးတွင် ယုံကြည်သွားခဲ့ပြီ ဖြစ်သည်။
သူမက အတိတ်ကို သတိရဟန်ဖြင့် တိုးတိုးလေး ပြန်ပြောပြလိုက်၏။
"ငါတို့ရဲ့ နတ်ဘုရားမိစ္ဆာမျိုးနွယ်စုမှာ ရှေးဟောင်းမှတ်တမ်းတစ်ခု ရှိတယ်။ ရှေးခေတ်တုန်းက ငါတို့ရဲ့ နတ်မိစ္ဆာမျိုးနွယ်စုဟာ လူသားဘုရင်ရဲ့ ဦးဆောင်မှုအောက်မှာ ထွန်းကားခဲ့ပြီး အခု ဆဌမကောင်းကင်ဘုံရဲ့ တောက်ပမှုနဲ့တောင် ယှဉ်နိုင်ခဲ့တာ"
အဒေါ်လွမ်က ပြောရင်း ဂုဏ်ယူဝင့်ကြွားသော မျက်နှာထား ဖြစ်သွားသည်။ နတ်မိစ္ဆာမျိုးနွယ်စုသည် တစ်ချိန်က ရွှေခေတ်ကို ဖြတ်သန်းခဲ့ဖူးပြီး သူတို့၏ ယဉ်ကျေးမှုသည် ကမ္ဘာပေါင်းများစွာတွင် ထွန်းကားခဲ့ဖူး၏။
"ဒါပေမဲ့ တစ်နေ့မှာတော့ အမှောင်ထု ကျရောက်လာပြီး ငါတို့မျိုးနွယ်စုကို ဝါးမြိုသွားခဲ့သလို ကောင်းကင်ကြီးလည်း ထာဝရ ပျောက်ကွယ်သွားခဲ့ရတယ်" ။သူမက ဝမ်းနည်းရိပ်ပြည့်နှက်နေသော မျက်ဝန်းများဖြင့် ဆက်ပြောသည်။
"လူသားဘုရင်က နတ်စစ်သူကြီးတွေကို ဦးဆောင်ပြီး အမှောင်ထုကို တိုက်ခိုက်ဖို့ ရှေ့တန်းကို သွားခဲ့တယ်။ ဒါပေမဲ့ အမှောင်ထုက အရမ်းအစွမ်းထက်လွန်းလို့ နောက်ဆုံးမှာ ငါတို့မျိုးနွယ်စုတစ်ခုလုံး နီးပါး ပျက်စီးသွားခဲ့ရတယ်။ အနည်းငယ်ပဲ လွတ်မြောက်ခဲ့ပြီး နောက်ဆုံး ကောင်းကင်ကမ္ဘာဆန်းကြယ်နယ်မြေထဲမှာ ပုန်းအောင်းခဲ့ရတာ"
အဒေါ်လွမ်၏ အသံတွင် နှစ်ပေါင်းများစွာ၏ လေးလံမှုများ ပါဝင်နေသည်။ သူမကိုယ်တိုင် ထိုကဲ့သို့သော ကပ်ဘေးခေတ်ကို မကြုံတွေ့ခဲ့ရသော်လည်း ငယ်စဉ်က အကြီးအကဲများထံမှ ပုံပြင်များကို ကြားခဲ့ရခြင်း ဖြစ်သည်။ သူမ၏ ဘိုးဘေးများသည် တစ်ချိန်က ကောင်းကင်ထက်တွင် တောက်ပခဲ့ကြဖူး၏။
"အဲဒီတုန်းက လူသားဘုရင်က ပရောဖက်ပြုချက်တစ်ခု ရခဲ့တယ်။ အံ့ဩစရာကောင်းတဲ့ အလင်းရောင်ရတနာတစ်ခုကို သွန်းလုပ်နိုင်မှသာ အမှောင်ထုကို ဖြိုခွဲပြီး အလင်းရောင်ကို ပြန်မြင်ရလိမ့်မယ်တဲ့" ။
သူမက ဝမ်းနည်းစွာဖြင့် ဆက်ပြောပြနေ၏။ "နှမြောဖို့ကောင်းတာက အလင်းရောင်ရတနာဆိုတာ ဒဏ္ဍာရီအဖြစ်ပဲ ကျန်ရစ်ခဲ့ပြီး ငါတို့မျိုးနွယ်စုတစ်ခုလုံးရဲ့ အင်အားကို သုံးခဲ့ရင်တောင် မသွန်းလုပ်နိုင်ခဲ့ကြဘူး"
ကျိယွမ်က ၄င်းကို စဉ်းစားရင်း စိတ်ထဲတွင် ဆက်စပ်မှုများ ပြုလုပ်လိုက်သည်။ တကယ်လို့ ဤမှတ်တမ်းများသာ အမှန်ဖြစ်ပါက အလင်းသန္ဓေသားသည် ဒဏ္ဍာရီလာ အလင်းရတနာ၏ မူလပုံစံ သို့မဟုတ် တစ်ဝက်တစ်ပျက်သာ ပြီးစီးသေးသော အံ့ဖွယ်မှော်လက်နက် ဖြစ်ရပေမည်။
"ဒါဆို အလင်းရတနာနဲ့ မူလမှော်လက်နက်... ဘယ်ဟာက ပိုပြီး အစွမ်းထက်လဲ" ကျိယွမ်က မေးလိုက်၏။
အဒေါ်လွမ် တုံ့ဆိုင်းနေပြီးမှ ခေါင်းခါသည်။ "ဒါက အရမ်းရှေးကျတဲ့ ကိစ္စမို့လို့ ငါလည်း အသေအချာ မပြောနိုင်ဘူး။ ဒါပေမဲ့ ဒဏ္ဍာရီတွေအရတော့ အလင်းရတနာဟာ သာမန် မူလမှော်လက်နက်တွေထက် ပိုပြီး သာလွန်တယ်လို့ ပြောကြတယ်"
"နင် အလင်းရောင်ရတနာကို ဘယ်လိုသွန်းလုပ်ရမလဲ သိလား"။ ကျိယွမ်သည် အလင်းသန္ဓေသားကို သုံး၍ ၎င်းကို လက်နက်ဖန်တီးရန် စိတ်အားထက်သန်နေ၏။ သို့သော် ကောင်းကင်ကမ္ဘာဆန်းကြယ်နယ်မြေတွင် သူ သင်ယူခဲ့သော လက်မှုပညာများထဲ၌ ဤအရာနှင့် သက်ဆိုင်သည့် နည်းလမ်းမျိုး မရှိပေ။
"ငါ မသိဘူး" ။ အဒေါ်လွမ် ခေါင်းခါလိုက်ပြန်သည်။ ထိုကဲ့သို့သော နည်းပညာများသည် ပျောက်ကွယ်သွားခဲ့သည်မှာ ကြာပြီ ဖြစ်၏။
"အင်း... ဟုတ်မှာပါ" ကျိယွမ်က သက်ပြင်းချလိုက်၏။ "မင်းတို့သာ ဒါကို ဘယ်လိုသွန်းလုပ်ရမလဲဆိုတဲ့နည်း ကိုသိရင် အခုလို အခြေအနေမျိုး ရောက်နေမှာ မဟုတ်ဘူး"
သူသည် အလင်းသန္ဓေသား၏ အသုံးဝင်ပုံကို အကြမ်းဖျင်း နားလည်သွားသော်လည်း လောလောဆယ်တွင် သူ့အတွက် အသုံးမဝင်သေးပေ။
"ဒီလောက်ဆိုရပြီ .. ကျေးဇူးပဲ။ ငါ သွားတော့မယ်" ။ ကျိယွမ်သည် ရောက်လာသည်ကလည်း မြန်သလို ပြန်တော့လည်း လျှင်မြန်လှ၏။ သူ မထွက်ခွာမီ ပေါ့ပေါ့ပါးပါးပင် ပြောခဲ့သေးသည်။
"ကောင်းကင်ကမ္ဘာဆန်းကြယ်နယ်မြေထဲက မြင့်မြတ်အလင်းတံခါးကတော့ ပျက်စီးသွားပြီ၊ ပြီးတော့ မြင့်မြတ်အလင်းမျိုးနွယ်စုက တောက်ပုအာလည်း သေသွားပြီ။ မင်းတို့ ဆန်းကြယ်နယ်မြေထဲကို အချိန်မရွေး ပြန်သွားလို့ရတယ်၊ အဲဒီမှာ ဘေးကင်းသွားပြီ"
ထို့နောက် ကျိယွမ်၏ ပုံရိပ်သည် ပျောက်ကွယ်သွား၏။သို့သော် အဒေါ်လွမ်နှင့် ထျန်းယွန်းတို့မှာတော့ ထိတ်လန့်အံ့သြလျက် ကျန်ရစ်ခဲ့ကြ၏။
"သူ ပြောတာ တကယ်ပဲလား အဒေါ်လွမ်။ သူက တကယ်ပဲ မြင့်မြတ်အလင်းမျိုးနွယ်စုယန်နတ်ဘုရားတစ်ပါးကို သတ်ခဲ့တာလား"
"သူက အထက်တန်းအရှင်သခင်လား။ မဟုတ်ဘူး... အထက်တန်းအရှင်သခင်တစ်ပါးဆိုရင်တောင်..."
"သူက တကယ်ပဲ ဘယ်သူလဲ မသိဘူး"
.......
တစ္ဆေတံခါးတွင်ဖြစ်သည် ။
တစ္ဆေဇူ၏ မျက်ဝန်းများ လှုပ်ရှားသွားပြီး အနီးနားရှိ ထိုက်ဟွမ်နန်းတော်တမန်တော်ကို ကြည့်လိုက်သည်။ "ဒါဆိုအထက်တန်းအရှင်သခင်တစ်ပါးတောင် ထိုက်ဟွမ်နန်းတော်နဲ့ ပူးပေါင်းနေတာပေါ့"
မကြာသေးမီက ထိုက်ဟွမ်နန်းတော်တမန်တော်က နည်းဗျူဟာများအကြောင်း ဆွေးနွေးနေစဉ် ဤသတင်းကို ပေါ့ပေါ့ပါးပါးပင် ပြောပြခဲ့ခြင်း ဖြစ်သည်။ သူက ထိုက်ဟွမ်နန်းတော်၏ အစွမ်းအာဏာကို ကြွားဝါနေခြင်းဖြစ်ကြောင်း သိရန် အသိဉာဏ် အများကြီး ရှိစရာမလိုပေ။
တမန်တော်၏ မျက်ဝန်းတွင် ကျေနပ်ရိပ်များ တောက်ပနေ၏။ "အထက်တန်းအရှင်သခင်တင် မဟုတ်ဘူး၊ တံခွန်တပ်မှူးတွေနဲ့ ညီမျှတဲ့ မဟာမူလသဘောတရားအဆင့်အချို့လည်း ပူးပေါင်းနေကြပြီ"
တစ္ဆေဇူနှင့် ကွေ့ယွမ်တို့သည် အံ့သြစွာဖြင့် အသက်ပြင်းပြင်းရှုလိုက်မိကြသည်။ လာမည့် လင်းယာအသွင်ပြောင်းလဲခြင်းကြောင့် အင်အားကြီးပုဂ္ဂိုလ်များ ထိုက်ဟွမ်နန်းတော်ပတ်ပတ်လည်တွင် စုဝေးလာကြလိမ့်မည်ဟု သူတို့ မျှော်လင့်ထားခဲ့သော်လည်း ဤမျှအထိ မြန်ဆန်လိမ့်မည်ဟု မထင်ထားခဲ့ကြပေ။ ထင်ရှားသည်မှာ ဆဌမကောင်းကင်ဘုံ၏ အဓိက အင်အားစုများသည် ရလဒ်ကို ကြိုတင်တွက်ဆထားကြပြီး ဖြစ်သည်။
"မစိုးရိမ်ပါနဲ့ အရှင်တို့။ ငါတို့ မဟူရာနတ်ဆိုးချောက်နက်တိုက်ပွဲမှာ အောင်ပွဲရသရွေ့ ဒီလင်းယာအသွင်ပြောင်းလဲခြင်းက တစ္ဆေစိုးမိုး ကောင်းကင်ဘုံကို ဘေးကင်းစေမှာ သေချာတယ်"။ ထိုက်ဟွမ်နန်းတော် တမန်တော်က အာမခံလိုက်၏။
တစ္ဆေဇူက သူ့အား တည်ငြိမ်စွာ ကြည့်သည်။ "တကယ်လို့ အဲဒီဧကရာဇ်ခန်းမတမန်တော်သာ အပြင်မှာ ရှိမနေရင် ငါတို့ နတ်ဆိုးတောင်ကြားကို သိမ်းပိုက်ပြီးလောက်ပြီ"
သူ စိတ်အနှောင့်အယှက် ဖြစ်နေမိသည်။ ဤနေရာ၌ ယန်နတ်ဘုရားအရှင်များစွာ စုဝေးနေကြသော်လည်း ရန်သူတစ်ယောက်တည်း၏ တည်ရှိမှုကြောင့် ကြောက်ရွံ့နေရပြီး ကာကွယ်မှုအတွက် တစ္ဆေတစ်သောင်းတံခွန်ကို အားကိုးနေရခြင်းက အရှက်ရစရာ ကောင်းလှ၏။
တမန်တော်၏ အကြည့်ကလည်း ခါးသီးနေသည်။ "အဲဒီလူဆိုးက လွတ်မြောက်နေတာ ကြာပြီ"
လွန်ခဲ့သော အချိန်က မဟူရာချောက်နက်ကို ထိန်းချုပ်ရန် သူတို့ ကြိုးစားခဲ့ကြသော်လည်း ဧကရာဇ်ခန်းမတမန်တော်ကြောင့် ကျရှုံးခဲ့ရသဖြင့် ထိုတမန်တော်သည် ၎င်းအပေါ် နာကျည်းချက် အပြည့်ရှိနေသည်။ အထူးသဖြင့် ထိုလူဆိုး မထွက်ခွာမီက ခြိမ်းခြောက်ခဲ့သဖြင့် ဘေးကင်းရန်အတွက် သူသည် မဟာမူလသဘောတရားအဆင့် နှစ်ယောက်နှင့် အနီးကပ် နေထိုင်နေရသောကြောင့် ဖြစ်သည်။
"မပူပါနဲ့။ လင်းယာအသွင်ပြောင်းလဲခြင်း စတာနဲ့ ငါတို့ သူ့ရဲ့ တည်နေရာကို ရှာဖွေနိုင်မှာ ဖြစ်ပြီး သူ့ရဲ့ လမ်းဆုံးကတော့ သေချာသွားပြီ" ။ သူက အာမခံလိုက်၏။
ထိုက်ဟွမ်နန်းတော်တွင် လျှို့ဝှက်ရန်သူများစွာ ရှိသည်။ ၎င်းတို့ထဲတွင် ဧကရာဇ်ခန်းမတမန်တော်သာမက လျှို့ဝှက်ဆန်းကြယ်သော နေမင်းဆယ်စင်းအရှင်နှင့် အောက်ဘုံမှ ကျိယွမ် ဟုခေါ်သော အခြားပုံရိပ်တစ်ခုလည်း ပါဝင်သည်။ ထိုတမန်တော်သည် ကျိယွမ်၏ ရာဇဝတ်မှုများကို အသေးစိတ် မသိသော်လည်း သူသည် နန်းတော်၏ ပစ်မှတ်စာရင်းတွင် ပါဝင်နေဆဲ ဖြစ်သည်။
"ငါတို့လည်း ကူညီပေးမယ်" ။ တစ္ဆေဇူက တက်ကြွစွာပြောလိုက်၏။ ထိုအချိန်ကျလျှင် မဟာမူလသဘောတရားအဆင့် တိုက်ခိုက်ရေးသမားတစ်ယောက်က ဧကရာဇ်ခန်းမတမန်တော်ကို ကိုင်တွယ်လိမ့်မည် ဖြစ်ပြီး သို့မဟုတ် အထက်တန်းအရှင်သခင်ကပင် လှုပ်ရှားပေလိမ့်မည်။
"မစိုးရိမ်ပါနဲ့။ သူ အခု ဘယ်လောက်ပဲ မောက်မာနေပါစေ နောက်ဆုံးကျရင် ပိုပြီး သနားစရာကောင်းတဲ့ အခြေအနေနဲ့ သေရမှာ"။ တမန်တော်က လေးနက်စွာ ကတိပေးသည်။
ထိုစဉ် သူသည် သတင်းစကားတစ်ခု လက်ခံရရှိလိုက်ရာ မျက်နှာတွင် အလွန်ဝမ်းသာသွားသော အရိပ်အယောင်များ ပေါ်လာ၏။
"ဟားဟားဟား..."
ဒါကို မြင်လိုက်ရသဖြင့် တစ္ဆေဇူနှင့် ကွေ့ယွမ်နှစ်ဦးက အံ့သြစွာဖြင့် အကြည့်ချင်း ဖလှယ်လိုက်ကြသည်။
"တမန်တော်..မင်း... သတင်းကောင်း ရလို့လား"
တစ္ဆေဇူက မေးလိုက်၏။
တမန်တော်က ကျေနပ်စွာဖြင့် ရယ်မောလိုက်သည်။
"ကြီးကြီးမားမားတော့ မဟုတ်ပါဘူး၊ ဒါပေမဲ့ အဆင်ပြေတဲ့ သတင်းကောင်းတစ်ခုလို့ ပြောရမှာပေါ့"
သူတို့အသေးစိတ်ကို ကြားရန် အနားသို့ တိုးလာကြ၏။
"အခုလေးတင် ငါ သတင်းရတာက မဟူရာချောက်နက်သခင်က နောက်ဆုံးတော့ အလျော့ပေးလိုက်ပြီး ထိုက်ဟွမ်နန်းတော်ကို လက်ဆောင်ပစ္စည်းတွေ ဆက်သလာတယ်တဲ့။ ပြီးတော့ လာမည့် လင်းယာအသွင်ပြောင်းလဲခြင်းမှာ ငါတို့ကို ဆန့်ကျင်မှာ မဟုတ်ဘူးလို့လည်း ကတိပေးခဲ့တယ်။ သူက အခြေအနေကို ရိပ်မိပြီး ပညာရှိရှိ ရွေးချယ်ခဲ့ပုံရတယ်"
တမန်တော်သည် အလွန် ပျော်ရွှင်နေပုံရ၏။
သူတို့က ဓားနက်ကို မသတ်နိုင်ခဲ့သလို မဟူရာချောက်နက်ကို မနှိမ်နင်းနိုင်ခဲ့သော်လည်း ၎င်း၏ ခေါင်းဆောင်ကို အညံ့ခံခိုင်းနိုင်ခဲ့ခြင်းက သူ့မျက်စိထဲတွင် အောင်မြင်မှုတစ်ခု ဖြစ်သည်။
"ငါတို့ မဟူရာချောက်နက်ကို ဒီအတိုင်းပဲ လွှတ်ထားလိုက်မှာလား" ။ တစ္ဆေဇူက မကျေမနပ် ဖြစ်နေသော မျက်နှာဖြင့် မေးလိုက်သည်။ တစ္ဆေစိုးမိုး ကောင်းကင်ဘုံက အထိနာခဲ့သော်လည်း မဟူရာချောက်နက်ကမူ ဘာမျှ မထိခိုက်ခဲ့ပေ။
"စိတ်အေးအေးထားပါ။ ငါတို့ကို ဆန့်ကျင်ရဲတဲ့သူတိုင်းဟာ အကျိုးဆက်ကို ခံစားရမှာပဲ။ စိတ်ချပါ၊ ထိုက်ဟွမ်နန်းတော်က ထိုက်တန်တဲ့ တန်ဖိုးကို တောင်းဆိုမှာပါ"
တစ္ဆေဇူနှင့် ကွေ့ယွမ်တို့က အကြည့်ချင်း ဖလှယ်လိုက်ကြပြီး အသံကို နှိမ့်ကာ မေးလိုက်သည်။
"ဒါဆို... ဘယ်လောက်လဲ"
တမန်တော်က လက်ညှိုးနှစ်ချောင်း ထောင်ပြလိုက်ပြီးနောက် မောက်မာသော အပြုံးဖြင့် ပြန်ပြော၏။
"အနည်းဆုံး ဒီလောက်ပဲ။ ဒီထက်နည်းရင်တော့ ဆွေးနွေးစရာ မလိုဘူး"
တစ္ဆေဇူနှင့်ကွေ့ယွမ်တို့သည် ထိတ်လန့်စွာ အသက်ရှုလိုက်ကြသည်။
လက်ညှိုးနှစ်ချောင်းဆိုသည်မှာ မဟာမူလသဘောတရားအဆင့် နှစ်ယောက်ကို ဆိုလိုခြင်း ဖြစ်သည်။
သူတို့ ကျောပြင်တစ်ခုလုံး အေးစက်သွားရပြီး တစ်နေ့တွင် မိမိတို့ကိုယ်တိုင်လည်း လွယ်လွယ်ကူကူ စွန့်ပစ်ခံရနိုင်ကြောင်း သတိရလိုက်ကြ၏။
"ငါတို့ လုပ်ရမှာက တစ္ဆေတံခါးမှာ ထိုင်ပြီး လင်းယာအသွင်ပြောင်းလဲခြင်းကို စိတ်ရှည်ရှည်နဲ့ စောင့်ဆိုင်းဖို့ပဲ။ မဟူရာချောက်နက်သခင်က ဘာလုပ်ရမလဲဆိုတာ သိပြီးသားပါ" ။ တမန်တော်က တည်ငြိမ်စွာ ပြောလိုက်သည်။
တစ္ဆေဇူနှင့်ကွေ့ယွမ်တို့ ခေါင်းငြိမ့်လိုက်ကြပြီး ထိုက်ဟွမ်နန်းတော်၏ စွမ်းအားကို ပို၍ သိရှိသွားကြ၏။ လင်းယာအသွင်ပြောင်းလဲခြင်းကို ကြီးကြပ်ရန် တစ်ခုတည်းသောခန်းမ၏ ခွင့်ပြုချက် ရထားသဖြင့် ထိုက်ဟွမ်နန်းတော်သည် တကယ်ကို ကြောက်စရာကောင်းသော အဖွဲ့အစည်း ဖြစ်လာခဲ့လေပြီ။
မဟူရာချောက်နက်ကဲ့သို့ အင်အားကြီးသောကောင်းကင်ဘုံများပင် အညံ့ခံပြီး အလျော့ပေးကာ ရှင်သန်ရန် ကြိုးစားကြရ၏။
"ဒီလင်းယာအသွင်ပြောင်းလဲခြင်းက ဟန်ပြသက်သက်ပဲ ဖြစ်တော့မှာပါ"
တစ္ဆေဇူက ပြုံးရင်း ပြောလိုက်သည်။
"မဟူရာချောက်နက်က ဖယ်ပေးလိုက်ပြီဆိုတော့ မူလသဘောတရားအသင်းနဲ့ လနတ်ဘုရားနန်းတော်ကလွဲရင် ဘယ်သူက ငါတို့ကို ဆန့်ကျင်ရဲဦးမှာလဲ"
"ဟုတ်တယ်၊ ပြီးတော့ စိတ်အနှောင့်အယှက်ပေးနေတဲ့ လူပြက်ကောင်ဧကရာဇ်ခန်းမတမန်တော်လည်း ရှိသေးတယ်။ ဒါပေမဲ့ သူက ငါတို့အတွက်တော့ နှံကောင်တစ်ကောင်ထက် မပိုပါဘူး..."
ဝုန်း.....
သူ စကားမဆုံးမီ ပြင်းထန်သော ပေါက်ကွဲသံကြီးတစ်ခု လေထုထဲတွင် ဟိန်းသွားလေသည်။
ဘာဖြစ်တာလဲ။
သူတို့နှစ်ယောက်မှာ ကြောင်အမ်းသွားကြပြီး ကြောက်စရာကောင်းသော အတွေးတစ်ခု ဝင်လာသည်။
ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။
ချောက်နက်သခင်၏ တစ္ဆေတစ်သောင်းတံခွန် ရှိနေပါလျက်နှင့် ဧကရာဇ်ခန်းမတမန်တော်က ဘယ်လိုလုပ် ချိုးဖောက်ဝင်လာနိုင်ရတာလဲ။
ထိုအခိုက် ရင်းနှီးနေသော အသံတစ်ခု ထွက်ပေါ်လာ၏။
"ဒါက မူလသဘောတရားအဆင့်ယန်နတ်ဘုရားလား။ ငါ့ရဲ့ ဓားခုတ်ချက်နှစ်ချက်ပဲ လိုအပ်တာပဲ"
အားလုံး လှည့်ကြည့်လိုက်ကြရာ ကောင်းကင်ထက်တွင် ကြက်သွေးရောင်ဓားကို ကိုင်ဆောင်ထားသော သွေးရောင်ချပ်ဝတ်ဝတ်ဆင်ထားသောလူတစ်ဦး ရှိနေသည်ကို မြင်လိုက်ရသည်။
သူ့ရှေ့တွင်မူ အသက်မဲ့နေသော ရုပ်အလောင်းတစ်ခု မျောလွင့်နေ၏။
ထိုရုပ်အလောင်းသည် သေချာပေါက် မူလသဘောတရားအဆင့်ယန်နတ်ဘုရားတစ်ပါး၏ ရုပ်အလောင်း ဖြစ်သည်။
ကြယ်တာရာနယ်ပယ်၏ တစ်နေရာတွင် ကြယ်တစ်ပွင့် မှိတ်တုတ်မှိတ်တုတ် ဖြစ်ကာ ပျောက်ကွယ်သွားလေသည်။
၎င်းသည် သာမန် ကောင်းကင်ဘုံနေရာယူအဆင့်ယန်နတ်ဘုရား မဟုတ်ဘဲ မူလသဘောတရားအဆင့်ယန်နတ်ဘုရားတစ်ပါး ဖြစ်၏။
တစ္ဆေစိုးမိုး ကောင်းကင်ဘုံတွင်ပင် မူလသဘောတရားအဆင့်ယန်နတ်ဘုရား ဆယ်ဂဏန်းခန့်သာ ရှိသည်။
"ဧကရာဇ်ခန်းမတမန်တော်... မင်း... မင်း ဘာလို့ ဒီကို ရောက်နေတာလဲ"
တစ္ဆေဇူက ဒေါသတကြီး ဟောက်လိုက်ရင်း ကျိယွမ်ထံသို့ ပြေးဝင်လာကာ သူ၏ အစွမ်းထက်လှသော နတ်မိစ္ဆာအရှိန်အဝါများကို ထုတ်လွှတ်လိုက်၏။
ကွေ့ယွမ်ကလည်း တိုက်ခိုက်ရန် ပြင်ဆင်လိုက်သော်လည်း ထိုက်ဟွမ်နန်းတော်တမန်တော်က တားဆီးလိုက်သည်။
"ငါ့အနားမှာ နေပြီး ငါ့ကို ကာကွယ်ပေးဦး"
ယခုအချိန်၌ တမန်တော်သည် ကြောက်လန့်တုန်လှုပ်စွာဖြင့် ထိုမူလသဘောတရားအဆင့်ကို ဖက်ထားလေသည်။ သူကိုယ်တိုင်လည်း မူလသဘောတရားအဆင့်တစ်ယောက် ဖြစ်သော်လည်း ဧကရာဇ်ခန်းမတမန်တော်က သူ့ကို ဓားချက်တစ်ချက်တည်းနဲ့ သတ်နိုင်ကြောင်း သိနေသောကြောင့် ဖြစ်သည်။
ကောင်းကင်ထက်မှ ဧကရာဇ်ခန်းမတမန်တော်၏ အေးစက်ပြီး အက်ကွဲကွဲအသံ ထွက်ပေါ်လာ၏။
"မင်းတို့ မတရားခိုးထားတဲ့ ဧကရာဇ်တံခွန်ကို အပ်လိုက်စမ်း၊ ဒါဆို မင်းတို့ကို ဂုဏ်သိက္ခာရှိရှိ သေခွင့်ပေးမယ်။ ငြင်းဆန်မယ်ဆိုရင်တော့ ငါ မင်းတို့ကို နေ့တိုင်း လာသတ်မယ်"
ကျိယွမ်သည် တစ္ဆေဇူနှင့် တိုက်ခိုက်ရင်း အချိန်မဖြုန်းပေ။ သူသည် ချက်ချင်းပင် ရွေ့လျားလိုက်ပြီး အခြား ယန်နတ်ဘုရားအရှင်တစ်ပါးကို လွယ်လွယ်ကူကူ သတ်ဖြတ်ကာ သူတို့၏ ဝိညာဉ်တံခွန်ကို လုယူလိုက်လေသည်။
ထိုမြင်ကွင်းကိုမြင်သောအခါ တစ္ဆေဇူသည် ဒေါသတကြီးဖြင့် ဟိန်းဟောက်လိုက်၏။ "မင်း ဒီထဲကို ဘယ်လိုဝင်လာတာလဲ။ တစ္ဆေတစ်သောင်းတံခွန်၊ သူ့ကို နှိမ်နင်းစမ်း"
သူ အော်ဟစ်လိုက်သည်နှင့် တစ်ပြိုင်နက် တစ္ဆေတံခါးတစ်ခုလုံးကို ဖုံးလွှမ်းထားသော တစ္ဆေတစ်သောင်းတံခွန်က စတင်လှုပ်ရှားလာသည်။
မှောင်မိုက်ပြီး အရာအားလုံးကို လွှမ်းမိုးနိုင်သော စွမ်းအားတစ်ခုက ကျိယွမ်ထံသို့ ဖိနှိပ်လာ၏။
ထိုစွမ်းအားကို ခံစားလိုက်ရသဖြင့် ကျိယွမ်၏ မျက်ဝန်းများတွင် မျှော်လင့်ချက်များ တောက်ပသွားသည်။ ပြောရလျှင် သူက လက်ဟန်တစ်ချက်ကလေးပြလိုက်ရုံမျှဖြင့် ဤတံခွန်တစ်ခုလုံးကို ဝါးမြိုပစ်နိုင်ပါသည်။
သို့သော် သူသည် စိတ်ကို ထိန်းချုပ်လိုက်ပြီး အခြေအနေကို ပို၍ မြင့်မားလာအောင် စောင့်ဆိုင်းရန် ဆုံးဖြတ်လိုက်၏။
သူက ဟန်ဆောင်ကာ နောင်တရဟန်ဖြင့် ပြုံးလိုက်သည်။ "အော်... မင်းတို့က တစ္ဆေတစ်သောင်းတံခွန်ကိုပဲ သုံးနိုင်တာလား။ နှမြောဖို့ကောင်းလိုက်တာ ဒီတံခွန်က ငါ့ကို ဖိနှိပ်ထားဖို့ မလုံလောက်သေးဘူး"
ထိုသို့ပြောလိုက်သော်လည်း ချက်ချင်းလိုလိုပင် သူက နှုတ်ဆက်သည့်အနေဖြင့် လက်ဝှေ့ယမ်းလိုက်ာ။
"အားလုံးပဲ ဘိုင့်ဘိုင့်"
သူက လက်ခုပ်တီးလိုက်ရာ မျက်စိရှေ့မှ ပျောက်ကွယ်သွားသဖြင့် စုဝေးနေကြသော ယန်နတ်ဘုရားအရှင်များ ဒေါသထွက်လျက် ကျန်ရစ်ခဲ့ကြ၏။
သူတို့၏ အထက်တွင်မူ တစ္ဆေတစ်သောင်းတံခွန်၏ မကောင်းဆိုးဝါး အရှိန်အဝါများသည် လေထုထဲတွင် ပျံ့နှံ့နေပြီး မဟာမူလသဘောတရားအဆင့်တစ်ယောက်ကိုပင် တုန်လှုပ်စေနိုင်လောက်အောင် အစွမ်းထက်လှသည်။
သို့သော် ကျိယွမ်ကမူ သူတို့လက်ထဲမှ လွတ်မြောက်သွားခဲ့ပြီ ဖြစ်သည်။
တစ္ဆေဇူ၏မျက်နှာမှာ သိသိသာသာပျက်ယွင်းသွား၏။
"သူ... ဘယ်လိုလုပ် ဒီထဲကို ဝင်လာနိုင်ရတာလဲ"
--------
အခန်း ၄၇၃ - ကျိယွမ်၏ အရေးပေါ် ပြင်ဆင်မှုများနှင့် အစီအစဉ်ကြီး အသက်ဝင်လာခြင်း
တစ္ဆေတစ်သောင်းတံခွန်၏ တံလျှပ်ပုံရိပ်ကို တံခွန်သခင်ကိုယ်တိုင် တိုက်ရိုက် စီစဉ်ထားခြင်း ဖြစ်ပြီး ဧကရာဇ်ခန်းမတမန်တော် အလွယ်တကူ ဖြတ်သန်းသွားလာနိုင်ခြင်း မရှိစေရန် အတားအဆီးများစွာဖြင့် ကာကွယ်ထားခြင်း ဖြစ်သည်။
အကယ်၍ ရန်သူက အတင်းအဓမ္မ ချိုးဖောက်ဝင်ရောက်ရန် ကြိုးစားလာပါက ချက်ချင်းပင် အချက်ပေးစနစ်နှင့် နှိမ်နင်းရေးလုပ်ထုံးလုပ်နည်းများ အသက်ဝင်လာမည် ဖြစ်ရာ တစ္ဆေတံခါးတွင် အခြေစိုက်ထားသော ယန်နတ်ဘုရားများအနေဖြင့် ရန်သူ ကမောက်ကမ မလုပ်နိုင်မီ ကြိုတင်ပြင်ဆင် တုံ့ပြန်ရန် အချိန်ရရှိမည် ဖြစ်၏။
သို့သော် ဤကြိုတင်ကာကွယ်မှုများအားလုံးသည် အလဟဿ ဖြစ်သွားခဲ့ရသည်။ အချက်ပေးစနစ်များနှင့် အတားအဆီးများသည် လုံးဝ အသုံးမဝင်ခဲ့ဘဲ ဧကရာဇ်ခန်းမတမန်တော်က မူလသဘောတရားအဆင့် ယန်နတ်ဘုရားအရှင်တစ်ပါးကို သတ်ဖြတ်ပြီး အောင်မြင်စွာ ဆုတ်ခွာသွားသည့်တိုင်အောင် နှေးကွေးလေးလံစွာသာ အသက်ဝင်လာခဲ့သည်။ ထို့အပြင် သူ မထွက်ခွာမီ ကံဆိုးလှသော အခြားယန်နတ်ဘုရားတစ်ပါးကိုပါ ထပ်မံ၍ သတ်ဖြတ်သွားခဲ့သေး၏။
တစ္ဆေစိုးမိုးကောင်းကင်ဘုံသည် ကြီးမားလှသော အရှက်ကွဲမှုကို ခံစားလိုက်ရသည်။
"သူက အရမ်း လျှောခနဲ ထွက်သွားတာပဲ"
ထိုက်ဟွမ်နန်းတော်မှ တမန်တော်က စိုးရိမ်ပူပန်သော မျက်နှာထားဖြင့် တိုးတိုးလေး ပြောလိုက်သည်။
"ဒီနေရာက မလုံခြုံတော့ဘူး"
ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရင်း နေရာတိုင်းတွင် အန္တရာယ်များ ပုန်းကွယ်နေသကဲ့သို့ သူ ခံစားနေရပြီး ဧကရာဇ်ခန်းမတမန်တော်သည် အချိန်မရွေး ရုတ်တရက် ပေါ်လာနိုင်သည်ဟု ထင်နေမိသည်။ အမှန်အတိုင်း ပြောရလျှင် သူသည် ထိုက်ဟွမ်နန်းတော်သို့သာ ချက်ချင်း ပြန်ချင်နေမိပြီ ဖြစ်၏။
အနီးနားတွင်မူ အခြားယန်နတ်ဘုရားများသည် ကိုယ်ရောင်ဖျောက်ခြင်းအတတ်ကို သုံးထားကြပြီး သူတို့၏ စစ်မှန်သော ပုံသဏ္ဌာန်များကို မဖော်ပြဝံ့ကြချေ။ သူတို့၏ အသံများသည် လေထုထဲတွင် တိုးတိုးလေးသာ ထွက်ပေါ်နေသည်။
"တစ္ဆေတစ်သောင်းတံခွန်ရဲ့ တံလျှပ်ပုံရိပ်ကတောင် သူ့ကို မတားဆီးနိုင်ဘူးဆိုရင်..."
"ဒီမှာ ဆက်နေတာက အသတ်ခံရဖို့ စောင့်နေတဲ့ သိုးငယ်တွေလို ဖြစ်နေမှာပဲ"
သူတို့သည် တစ်ဘဝလုံး မြင့်မြတ်ကျော်ကြားစွာ နေထိုင်ခဲ့ကြသော်လည်း ယခုအခါတွင်မူ မိမိတို့၏ အသက်ဘေးအတွက် ကြောက်ရွံ့နေကြရပြီ ဖြစ်သည်။ ဧကရာဇ်ခန်းမတမန်တော်၏ နည်းဗျူဟာများသည် လူသားတစ်ယောက်နှင့် မတူဘဲ ဆန်းကြယ်လွန်းလှ၏။ ပုံမှန်အားဖြင့် သူကဲ့သို့ အစွမ်းထက်သော မဟာမူလသဘောတရားအဆင့် ယန်နတ်ဘုရားတစ်ပါးသည် ဆဌမကောင်းကင်ဘုံရှိ မြင့်မြတ်နယ်မြေတစ်ခု၏ အချက်အချာနေရာသို့ ကျူးကျော်ဝင်ရောက်ရန် တွန့်ဆုတ်တတ်ကြပြီး အဖမ်းခံရခြင်း သို့မဟုတ် နှိမ်နင်းခံရခြင်း ဘေးအန္တရာယ်များကို ရှောင်ရှားတတ်ကြသည်။
သို့သော် ဤလူကမူ ထိုသို့မဟုတ်ဘဲ တစ္ဆေစိုးမိုးကောင်းကင်ဘုံ၏ ယန်နတ်ဘုရားအရှင်များကို သတ်ဖြတ်ကာ ထိတ်လန့်ချောက်ချားမှုကို ပေးစွမ်းနေခြင်း ဖြစ်သည်။
အချိန်တိုလေးအတွင်းမှာတင် ဧကရာဇ်ခန်းမတမန်တော်သည် မဟူရာနတ်ဆိုးချောက်နက်မှ အဖွဲ့ဝင်တစ်ဦးနှင့် မူလသဘောတရားအဆင့် ယန်နတ်ဘုရားတစ်ပါး အပါအဝင် ယန်နတ်ဘုရား ကိုးပါးအထိ သတ်ဖြတ်ခဲ့ပြီး ဖြစ်သည်။ ဒါကို ကြည့်ခြင်းအားဖြင့် မဟာမူလသဘောတရားအဆင့်များမှလွဲ၍ တစ္ဆေစိုးမိုးကောင်းကင်ဘုံ၏ အခြားမည်သည့် ယန်နတ်ဘုရားမျှ သူ့လက်ချက်မှ ဘေးကင်းနိုင်မည် မဟုတ်ကြောင်း သိသာနေသည်။
ထိုအခိုက်အတန့်တွင် အေးစက်လှသော ကြီးမားကျယ်ပြန့်သည့် အသံကြီးတစ်ခု လေထုထဲတွင် ဟိန်းဟောက်သွား၏။
"တစ္ဆေတစ်သောင်းတံခွန် တံလျှပ်ပုံရိပ်ရဲ့ အားနည်းချက်ကို... ရှာတွေ့သွားပြီ။ ဒီပေါ့ဆမှုက ငါ့ရဲ့ အမှားသက်သက်ပဲ"
တံခွန်သခင်၏ အသံက ဟိန်းထွက်လာသော်လည်း သူသည် တစ္ဆေစိုးမိုးကောင်းကင်ဘုံ၏ အချက်အချာနေရာတွင်သာ ဆက်လက် ထိုင်နေခဲ့သည်။ သူကဲ့သို့သော အဆင့်အတန်းတွင်မူ သူတို့၏စစ်မှန်ကိုယ်ထည်သည် မြင့်မြတ်သောနေရာများမှ ထွက်ခွာလေ့ မရှိပေ။ ကျိယွမ်သည် လွန်ခဲ့သော အချိန်က နဂါးဖြူချောက်နက်သခင်နှင့် တွေ့ဆုံစဉ်ကလည်း ၎င်း၏ ပေါ်ထွက်လာမှုသည် ပုံရိပ်ရောင်တစ်ခုသာ ဖြစ်လေ၏။
တံခွန်သခင်၏ စကားကို ကြားရသော်လည်း ယန်နတ်ဘုရားများသည် ပထမအကြိမ်တုန်းကကဲ့သို့ စိတ်မအေးနိုင်ကြတော့ပေ။ သူတို့၏ ယုံကြည်မှုများ လျော့နည်းသွားခဲ့သော်လည်း တံခွန်သခင်၏ သိက္ခာကို မထိခိုက်စေရန်အတွက် မည်သူမျှ ထုတ်ဖော်မပြောဝံ့ကြချေ။
သူတို့သည် သက်ပြင်းချလိုက်ကြပြီး သေဆုံးသွားသော ယန်နတ်ဘုရားများအတွက် ဝမ်းနည်းကြေကွဲရင်း မိမိတို့၏ ကံကြမ္မာကိုသာ လက်ခံလိုက်ကြရသည်။
"လာမယ့်ရက်တွေမှာ တိုက်ပွဲအတွင်း သေဆုံးသွားခဲ့တဲ့ ယန်နတ်ဘုရားတွေရဲ့ မိသားစုတွေနဲ့ မျိုးနွယ်စုတွေဟာ တစ္ဆေစိုးမိုးကောင်းကင်ဘုံမှာ တူညီတဲ့ ဂုဏ်သိက္ခာအဆင့်အတန်းကို ရရှိစေရမယ်။ ငါကိုယ်တိုင်လည်း သူတို့ကို ယန်နတ်ဘုရားစွမ်းအင် အချို့ကို ပေးသနားမှာ ဖြစ်တယ်"
တံခွန်သခင်က ရှားရှားပါးပါး အလျော့ပေးကာ တည်ကြည်စွာ ကြေညာလိုက်သည်။
တစ္ဆေစိုးမိုးကောင်းကင်ဘုံ၏ ယန်နတ်ဘုရားများသည် အနည်းငယ် အံ့သြသွားကြ၏။ အဘယ်ကြောင့်ဆိုသော် ထိုကဲ့သို့သော လျော်ကြေးမျိုးကို တစ်ခါမျှ မရရှိဖူးသောကြောင့် ဖြစ်သည်။ တစ္ဆေစိုးမိုးကောင်းကင်ဘုံသည် အလွန်ရက်စက်ကြမ်းကြုတ်သော ဂိုဏ်းတစ်ခုဖြစ်ပြီး ပုံမှန်အားဖြင့် ယန်နတ်ဘုရားတစ်ပါး သေဆုံးသွားပါက ၎င်း၏ အရင်းအမြစ်များကို အခြားသူများက ဝါးမြိုပစ်လေ့ ရှိသောကြောင့် ဖြစ်၏။
"တစ္ဆေတစ်သောင်းတံခွန်ရဲ့ အားနည်းချက်ကို တိတိကျကျ ရှာတွေ့ပြီးပြီ၊ ပြုပြင်ဖို့အတွက်လည်း ငါကိုယ်တိုင် အစီအမံတွေ လုပ်ဆောင်ထားပြီးပြီ" ။
တံခွန်သခင်၏ စကားကိုကြားသောအခါ ယန်နတ်ဘုရားအချို့က ဟန်ဆောင်ပြုံးလိုက်ကြပြီး ယဉ်ကျေးစွာဖြင့် ကျေးဇူးတင်စကား ဆိုလိုက်ကြသော်လည်း သူတို့၏ ယုံကြည်မှုများတွင်မူ သံသယစိတ်များ လွှမ်းမိုးနေဆဲပင် ။
ထိုအခိုက် ယန်နတ်ဘုရား အတော်များများက ထိုက်ဟွမ်နန်းတော်တမန်တော်ဘက်သို့ သိသိသာသာ လှည့်ကြည့်လိုက်ကြရာ တမန်တော်သည် တုန်လှုပ်သွားပြီး စကားများပင် ထစ်ကုန်သည်။
"တံ...တံခွန်သခင်... အခြားအားနည်းချက်တွေ ရှိမရှိဆိုတာကို ထပ်ပြီး စစ်ဆေးတာက ပိုပြီး ပညာရှိရာမကျဘူးလားခင်ဗျာ။ ကြိုတင်ကာကွယ်တဲ့အနေနဲ့... တကယ်လို့ ဧကရာဇ်ခန်းမတမန်တော်က ထပ်ပြီး ချိုးဖောက်ဝင်ရောက်လာရင်..."
ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် အစွမ်းထက်လှသောအသံကြီး ပြန်လည်ထွက်ပေါ်လာ၏။
"ဒီတစ်ကြိမ်မှာတော့ မင်းတို့ကို ကာကွယ်ဖို့အတွက် တစ္ဆေတစ်သောင်းတံခွန်ရဲ့ စစ်မှန်တဲ့ပုံသဏ္ဌာန် သုံးပုံတစ်ပုံကို ငါ ဆင့်ခေါ်ပေးမယ်"
၄င်းက ကြီးမားလှသော ပေးဆပ်မှုတစ်ခု ဖြစ်သည်။တံလျှပ်ပုံရိပ်များ သို့မဟုတ် သာမန်ပုံရိပ်ရောင်များနှင့် မတူဘဲ တစ္ဆေတစ်သောင်းတံခွန်၏ စစ်မှန်သော ပုံသဏ္ဌာန်အချို့ကို ဆင့်ခေါ်ခြင်းသည် ကြီးမားလှသော စနစ်တကျ စွန့်လွှတ်အနစ်နာခံမှုများကို ပြုလုပ်ရခြင်း ဖြစ်သည်။
၄င်းကို ကြားလိုက်ရသောအခါ ယန်နတ်ဘုရားများသည် ပို၍ စိတ်ချလုံခြုံသွားကြပြီး သက်ပြင်းချနိုင်သွားကြ၏။
........
တစ်ချိန်တည်းတွင် နတ်ဆိုးတောင်ကြား၏ အနက်ရှိုင်းဆုံးနေရာ၌ လျှို့ဝှက်အစည်းအဝေးတစ်ခုကို စိုးရိမ်ပူပန်မှုများဖြင့် တိတ်တဆိတ်ကျင်းပနေကြ၏။
နှင်းခဲဓား၊ ခရမ်းရောင်ကံကြမ္မာတာ့ရွှယ်နှင့် ခရမ်းရောင်ကံကြမ္မာရှောင်လုတို့သည် စိုးရိမ်စိတ်ဖြင့် အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ သူတို့သည် ဖြစ်ပျက်နေသမျှကို ရင်တမမဖြင့်သာစောင့်ကြည့်နိုင်ပြီး မိမိတို့၏ ကံကြမ္မာကို ပြောင်းလဲရန် တတ်နိုင်စွမ်း မရှိကြပေ။ သူတို့ရှေ့ရှိ ခန်းမကြီးထဲတွင်မူ ယန်နတ်ဘုရားများအကြား ပြင်းထန်သော အငြင်းပွားမှုများ ဖြစ်ပွားနေသည်။
ခရမ်းရောင်ကံကြမ္မာတာ့ရွှယ်က စိတ်ပျက်လက်ပျက်ဖြင့် လက်နှစ်ဖက်ကို မြှောက်လိုက်၏။ "ကဲ... လင်းယာအသွင်ပြောင်းလဲခြင်းက မစရသေးဘူး၊ မဟူရာနတ်ဆိုးချောက်နက်ကြီးက စပြီး ပြိုကွဲတော့မယ့်ပုံပဲ"
သူတို့၏ ချောက်နက်သခင်သည် ထိုက်ဟွမ်နန်းတော်ထံ အညံ့ခံပြီး အလျော့ပေးမှုများ ပြုလုပ်ခဲ့သည်ဟူသော သတင်းကြောင့် ယန်နတ်ဘုရားများအကြား ကြီးမားလှသော တုန်လှုပ်မှုကို ဖြစ်ပေါ်စေခဲ့ပြီး သူတို့အား အံ့အားသင့်သွားစေခဲ့သည်။
"ငါတို့က မစရသေးခင်ကတည်းက ရှုံးနေပြီ။ မဟူရာနတ်ဆိုးချောက်နက်ကတော့ ဒီတစ်ကြိမ် တကယ်ကို အရှက်ကွဲတာပဲ"
လူငယ်ပါရမီရှင်တစ်ဦးက ညည်းညူလိုက်သည်။
"ချောက်နက်သခင်ကို အဲဒီလောက်အထိ ပြင်းပြင်းထန်ထန် မဝေဖန်နေနဲ့ ၊ အကြောင်းရင်း ရှိမှာပါ"
အခြားတစ်ဦးကလည်း တည်ကြည်စွာဖြင့် မှန်းဆ၏။
"သူက ပိုပြီးကြီးမားတဲ့ အကျိုးစီးပွားအတွက် ဒီလိုရွေးချယ်ခဲ့တာ သေချာပါတယ်။ မလိုအပ်တဲ့ စစ်ပွဲကို ရှောင်ရှားတာက ပိုကောင်းပါတယ်။ တကယ်လို့ ငါတို့သာ မဆင်မခြင် စစ်တိုက်ခဲ့ရင် ငါတို့ထဲက ဘယ်နှစ်ယောက်တောင် သေရမလဲ"
"သူတို့ဆီမှာ အညံ့ခံလိုက်တာက သူတို့ရဲ့ ခွေးတွေ ဖြစ်သွားတာနဲ့ အတူတူပဲ မဟုတ်ဘူးလား။ သူတို့က သူတို့စိတ်ကြိုက် ငါတို့ကို ခိုင်းစားတော့မှာ"
အန်းရွှန်းလုက မကျေမနပ်ဖြင့် ပြန်လည်ချေပလိုက်သည်။
"ထိုက်ဟွမ်နန်းတော်နဲ့ ပူးပေါင်းလိုက်တာက အနည်းဆုံးတော့ လင်းယာအသွင်ပြောင်းလဲခြင်းမှာ ငါတို့ကို အောင်နိုင်သူ ဖြစ်စေလိမ့်မယ်။ သူတို့ကို ဆန့်ကျင်ရင်... ကဲ... ဘာဖြစ်မလဲဆိုတာ မင်းတို့ မြင်ပြီးသားပဲ" ။
အခြားတစ်ယောက်က အချက်ကျကျ ပြန်ပြော၏။ထိုစဉ် နှင်းခဲဓားက ဝင်ပြောလိုက်သည်။
"ထိုက်ဟွမ်နန်းတော်က ဒီအတိုင်းပဲ ကိစ္စတွေကို အလွယ်တကူ လွှတ်ထားပေးလိမ့်မယ်လို့ မင်းတို့ တကယ် ထင်နေတာလား"
လူစုတစ်ခုလုံး တိတ်ဆိတ်သွားကြပြီး သူတို့၏ စိတ်ထဲတွင် ကြောက်ရွံ့မှုများ ပျံ့နှံ့သွားသည်။ ထိုက်ဟွမ်နန်းတော်သည် ရန်သူများကို ခွင့်လွှတ်တတ်သော အလေ့အထ မရှိကြောင်း သူတို့အားလုံး သိကြပြီး မဟူရာနတ်ဆိုးချောက်နက်တွင်လည်း ၎င်းတို့နှင့် ရန်ငြိုးရှိသော အုပ်စုများစွာ ရှိနေသောကြောင့် ဖြစ်သည်။
"မဖြစ်လာသေးတဲ့ ကိစ္စရပ်တွေကို ကြိုပြီး ကောက်ချက်မချပါနဲ့ဦး" ။
အခြားလူငယ်တစ်ဦးက ကန့်ကွက်လိုက်သော်လည်း သူ၏ အသံတွင်မူ ယုံကြည်ချက်ကင်းမဲ့ကာ မျှော်လင့်ချက်အနည်းငယ်သာ ပါဝင်နေသည်။
ထိုအခိုက်အတန့်တွင် သွေးဝတ်စုံကို ဆင်ယင်ထားသော ခန့်ညားလှသည့် အမျိုးသားတစ်ဦး ပေါ်လာပြီး တည်ငြိမ်သော အသံဖြင့် ကြားဖြတ်ပြောလိုက်၏။
"ချောက်နက်သခင်က အလျော့ပေးခဲ့ရင်တောင် ထိုက်ဟွမ်နန်းတော်က ငါ့ရဲ့ ပိုင်ဆိုင်မှုတွေကို ခိုးယူခဲ့တာကိုတော့ ငါ ဒီအတိုင်း လွှတ်ထားမှာ မဟုတ်ဘူး"
ရောက်လာသူကတော့ သေချာပေါက် ကျိယွမ်ပင် ။
"ထိုက်ဟွမ်နန်းတော်က နင့်ဆီက ဘာကို ခိုးသွားလို့လဲ"
အန်းရွှန်းလုက မေးလိုက်၏။
ကျိယွမ်က သူမကို ဂရုမစိုက်ဘဲ ခရမ်းရောင်ကံကြမ္မာတာ့ရွှယ်ဘက်သို့ လှည့်ကြည့်လိုက်သည်။
"မကြာသေးခင်က နင် ဘယ်ကိုခရီးတွေ သွားနေတာလဲ သွေးဝတ်စုံ။ ငါ ခုနတင် စိုက်ပျိုးအောင်မြင်ခဲ့တဲ့ ခရမ်းရောင်ကံကြမ္မာကောင်းကင်ဘုံရဲ့ အရသာရှိဆုံးအစာ ဖြစ်တဲ့ မှိုကို မြည်းစမ်းခိုင်းမလို့ ရှာနေတာ၊ ဒါပေမဲ့ နင့်ကို ဘယ်နေရာမှာမှ ရှာမတွေ့ဘူး"။
သူမက ကျိယွမ်ကိုမြင်သည်နှင့် မေးလိုက်၏။
"လျှို့ဝှက်ချက်"
ကျိယွမ်က ခရမ်းရောင်ကံကြမ္မာရှောင်လုကို တစ်ချက်ကြည့်ရင်း မျက်စပစ်ပြသည်။
ရှောင်လု၏ ပါးပြင်လေးများ နီမြန်းသွားပြီး နှလုံးခုန်သံများ မြန်ဆန်လာခဲ့သည်။ ကျိယွမ် ကောင်းကင်ကမ္ဘာဆန်းကြယ်နယ်မြေသို့ သွားခဲ့သည်ကို သူမ တစ်ဦးတည်းသာ သိရှိခြင်း ဖြစ်ပြီး ခရမ်းရောင်ကံကြမ္မာတာ့ရွှယ်ပင် မသိပေ။၄င်းက သူမကို ထူးခြားသော အခွင့်အရေး ရရှိထားသကဲ့သို့ ပျော်ရွှင်စေသည်။
"ဟူး... ငါတို့ရဲ့ မဟူရာနတ်ဆိုးချောက်နက်က တကယ်ကို နိမ့်ကျသွားပြီ။ ငါတို့ရဲ့ အင်အားစုအားလုံး ပေါင်းရင်တောင် ဧကရာဇ်ခန်းမတမန်တော်ကို မယှဉ်နိုင်ဘူး" ။
နွားချိုမမက မှိုကိစ္စကိုထပ်မပြောတော့ဘဲ အရေးကြီးသောကိစ္စကို ညည်းညူလိုက်သည်။
"သူက တစ္ဆေစိုးမိုးကောင်းကင်ဘုံကို တစ်ယောက်တည်း ရင်ဆိုင်ပြီး ယန်နတ်ဘုရားတွေကို နွားတွေလို လွယ်လွယ်ကူကူ သတ်ဖြတ်ခဲ့တာ။ တစ်ဖက်မှာတော့ ငါတို့က..."
သူမက စကားကို ခဏရပ်လိုက်ပြီး ကျိယွမ်ကို ကြည့်လိုက်သည်။
"ဒါနဲ့ နင့်ကို ကြည့်ရတာ ဧကရာဇ်ခန်းမတမန်တော်နဲ့ တူတော့တူတယ်"
ကျိယွမ်၏ နှလုံးခုန်သံ မြန်သွားပြီး သတိထားလိုက်မိသည်။ နွားချိုမမကဲ့သို့ ပေါ့ဆတတ်သောသူကပင် သူ၏ ရုပ်ဖျက်မှုကို ရိပ်မိသွားတာလား။
"ဘယ်လိုနေရာမျိုးမှာ တူတာလဲ"
သူက ဂရုတစိုက် မေးလိုက်၏။
"နင်တို့ နှစ်ယောက်လုံးမှာ တူညီတဲ့ တော်လှန်ချင်စိတ် ရှိကြတယ်လေ"
ခရမ်းရောင်ကံကြမ္မာတာ့ရွှယ်က ရယ်မောရင်း ပြောလိုက်သည်။
သူမ ဆိုလိုသည်မှာ ရှင်းလင်းလေသည်။ သွေးဝတ်စုံသည် ထိုက်ဟွမ်နန်းတော်ကို သူ၏ ခါးသီးသော ရန်သူအဖြစ် အမြဲတမ်း သတ်မှတ်လေ့ရှိပြီး ၎င်းကို မည်သို့ ခြေမှုန်းပစ်မည်အကြောင်း အမြဲပြောလေ့ရှိ၏။ ဤရဲရင့်မှုသည် ဧကရာဇ်ခန်းမတမန်တော်နှင့်သာ နှိုင်းယှဉ်နိုင်ပေသည်။
"နင် ထိုက်ဟွမ်နန်းတော်ကို အနိုင်ယူပြီး ငါ့ကို မယားငယ်အဖြစ် သိမ်းပိုက်မယ့်အချိန်ကို ငါ စောင့်နေတယ်နော်"
ခရမ်းရောင်ကံကြမ္မာတာ့ရွှယ်က အကျင့်ဟောင်းပြန်ပေါ်လာပြီး နောက်ပြောင်လိုက်၏။
သူမ၏ ဘေးတွင်ရှိနေသော ခရမ်းရောင်ကံကြမ္မာရှောင်လုသည် စိုးရိမ်ပူပန်သော မျက်နှာထား ဖြစ်သွားသည်။
တကယ်လို့ ခရမ်းရောင်ကံကြမ္မာတာ့ရွှယ်သာ မယားငယ် ဖြစ်သွားရင် သူမအတွက်ကကော ဘာဖြစ်လာမှာလဲ။
သူမ စိုးရိမ်မှုများကို ထုတ်မပြောနိုင်မီမှာပင် အန်းရွှန်းလု၏ လှောင်ပြောင်သောအသံ ထွက်ပေါ်လာသည်။
"ဧကရာဇ်ခန်းမတမန်တော်က တကယ်ပဲ အပြင်မှာ ယန်နတ်ဘုရားတွေကို သတ်ဖြတ်နေတာ။ ဒီက သွေးဝတ်စုံကတော့ သူ့ကို မယှဉ်နိုင်ပါဘူး၊ သူ တတ်နိုင်တာက ပေါက်ကရစကားပြောတာပဲ ရှိတာ ၊ လျာပဲ အစွမ်းရှိတဲ့သူ "
"ဟေး... ငါ့ရဲ့ ဂုဏ်သတင်းကို ဒီလိုလျှောက်ပြီး မဖျက်ဆီးပါနဲ့"
ကျိယွမ်က ပြန်လည်ချေပလိုက်သည်။
"ပြီးတော့ နင်က ငါ့ကို နမ်းတောင်မနမ်းဖူးဘဲနဲ့ ငါက စကားပဲ ပြောတတ်တာလားဆိုတာ ဘယ်လိုလုပ် သေချာသိမှာလဲ"
အန်းရွှန်းလုသည် စကား ဆွံ့အသွားရပြီး မျက်နှာတစ်ခုလုံး နီမြန်းကာ ဘာပြန်ပြောရမှန်း မသိ ဖြစ်သွားလေတော့သည်။
တစ်စုံတစ်ခုကို သတိရသွားရင်း ကျိယွမ်က ရုတ်တရက် မေးလိုက်၏။
"ဒါနဲ့... ဓားနက်မှာကော ထက်မြက်တဲ့ လျှာရှိလား"
အန်းရွှန်းလု၏ မျက်နှာ ပို၍ နီရဲသွားသည်။
"နင်ဘာတွေ လျှောက်ပြောနေတာလဲ"
ကျိယွမ်က ပျင်းရိစွာဖြင့် ကိုယ်ကို ဆန့်လိုက်ရင်း နှင်းခဲဓားကို စူးစမ်းလိုစိတ်ဖြင့် ကြည့်လိုက်သည်။
"မင်းကရော ဘာလို့ မင်းရဲ့ စွမ်းအားတွေကို ဖုံးကွယ်ထားတာလဲ"
နှင်းခဲဓား၏ မျက်နှာထား ခဏမျှ ပျက်သွား၏။
"မင်း ဘယ်လိုလုပ် သိတာလဲ"
သွေးဝတ်စုံပေးခဲ့သော ဘိုးဘေးသွေးအတက်ပညာကို ကျင့်ကြံအောင်မြင်ပြီးနောက် ယန်နတ်ဘုရားအဆင့်သို့ မကြာသေးမီကမှ တက်လှမ်းနိုင်ခဲ့သဖြင့် သူ၏ မတည်ငြိမ်သေးသော စွမ်းအင်များကို သွေးဝတ်စုံက ရိပ်မိသွားခြင်းဖြစ်ကြောင်း သူ နားလည်လိုက်သည်။
နှင်းခဲဓားက ထပ်မံ၍ မဖုံးကွယ်တော့ဘဲ တိုးတိုးလေး ကတိတောင်းလိုက်၏။
"ငါ့အတွက် လျှို့ဝှက်ပေးထားပါဦး ဟုတ်ပြီလား။ ငါ အံ့အားသင့်စရာ အစီအစဉ်တစ်ခု ပြင်ဆင်ထားလို့ပါ"
သူသည် ယန်နတ်ဘုရားအဆင့်သို့ အသစ်စက်စက် ရောက်ရှိလာခြင်းဖြစ်သဖြင့် သင့်တော်သော အချိန်ကျမှသာ ထုတ်ဖော်ပြသရန် စိတ်အားထက်သန်နေ၏။
ကျိယွမ်က သက်ပြင်းချလိုက်မိပြီး အန္တရာယ်တစ်ခုခု နီးကပ်လာနေကြောင်း ခံစားလိုက်ရသည်။ မကြာသေးမီက သူ၏ ညာဘက်မျက်ခုံး လှုပ်နေခဲ့ခြင်းမှာ အဘယ်ကြောင့်ဆိုသည်ကို သူ ယခုမှ စတင်နားလည်လာခဲ့ပြီ ဖြစ်၏။
"ယန်နတ်ဘုရားတိုင်းက သူတို့မြင်ကွင်းမှာ ပေါ်လာမှာလား"
သူက စိုးရိမ်စိတ်ဖြင့် မေးလိုက်သည်။
"ကောင်းကင်ဘုံဆန္ဒက ဘုံတွေကို စကန်ဖတ်စစ်ဆေးတဲ့အခါကောင်းကင်ဘုံခြောက်ထပ်ရဲ့ လေထုကို ရှူရှိုက်ဖူးတဲ့ ယန်နတ်ဘုရားအားလုံးကို ဖော်ထုတ်ပြလိမ့်မယ်။ ဘယ်သူမှ ပုန်းနေလို့ မရဘူး"
နှင်းခဲဓားက အားရပါးရ ပြောပြလိုက်၏။
ကျိယွမ်က ပို၍ စိုးရိမ်စိတ်များပြားလာကာ တိုးတိုးလေး ရေရွတ်လိုက်သည်။
"တကယ်လို့ ခရမ်းရောင်နန်းတော်အဆင့် ကျင့်ကြံသူတစ်ယောက်မှာ ယန်နတ်ဘုရားရဲ့ စွမ်းအား ရှိနေရင်ကော ဖော်ထုတ်ခံရမှာလား"
နှင်းခဲဓားသည် ဤမေးခွန်းကြောင့် ဇဝေဇဝါ ဖြစ်သွားရသည်။
"အင်း... ဖြစ်နိုင်တာပဲ"
"ဟုတ်တယ်"
"တကယ်လို့ အဲဒီခရမ်းရောင်နန်းတော်ကျင့်ကြံသူမှာ ယန်နတ်ဘုရားစွမ်းအား ရှိနေရင် သူ ပေါ်လာလိမ့်မယ်"
ကျိယွမ်သည် ပို၍ စိုးရိမ်စိတ်များပြားလာပြီး ကောင်းကင်ဘုံ၏ စကန်ဖတ်မှုကို မည်သို့ကိုင်တွယ်ရမည်ဟူသော အစီအစဉ်ကို စဉ်းစားရန် ဂူပြင်ပသို့ အလျင်အစလို ထွက်ခွာသွားခဲ့ရာ အခြားသူများကို ဇဝေဇဝါ ဖြစ်ကျန်ရစ်စေခဲ့သည်။
နှင်းခဲဓားက သူ ထွက်ခွာသွားသည်ကို ကြည့်ရင်း အတွေးပွားနေမိသည်။
ရှားရှားပါးပါးပဲ ၊ ငါ ပြောလိုက်တဲ့ စကားတစ်ခွန်းက သူ့ကို စိုးရိမ်သွားစေတာတဲ့လား။
ငါတော်တော် တိုးတက်လာပြီ ။
..............
သူ၏ ဂူထဲတွင် တစ်ယောက်တည်း ရှိနေချိန်၌ ကျိယွမ်သည် စိတ်လှုပ်ရှားစွာဖြင့် ဟိုဟိုဒီဒီ လျှောက်နေမိ၏။
"ဒါကို ငါ ကြိုပြီး သိထားသင့်တာ"
"မနေ့ညက ငါ အိပ်ရာ စောစောမဝင်ခဲ့သင့်ဘူး။ ဒါဆိုရင် ဒီမုန်တိုင်းကို ရင်ဆိုင်ဖို့ ငါ့မှာ ပြင်ဆင်ချိန် ပိုရမှာ"
"အခုတော့ ငါ့ရဲ့ မဟာအစီအစဉ်ကြီးကပဲ ငါ့ကို ကယ်တင်နိုင်တော့မယ်"
နာရီဝက်ခန့် ပြင်းပြင်းထန်ထန် စဉ်းစားပြီးနောက် ကျိယွမ်က နောက်ဆုံးတွင် သက်ပြင်းချလိုက်နိုင်သည်။
"မဟာအစီအစဉ်ကြီးကတော့ ပုံစံပေါ်လာပြီ"
ထိုအခိုက်အတန့်တွင် အချိန်များရပ်တန့်ကာ ပတ်ဝန်းကျင်တစ်ခုလုံး အေးခဲသွား၏။ ခရမ်းရောင်ကံကြမ္မာဘိုးဘေးရောက်လာခြင်းဖြစ်ကြောင်း ကျိယွမ် သိလိုက်သည်။ အရပ်ပုပု ဘိုးဘေးက သူ့ကို ရှုပ်ထွေးသော မျက်နှာထားဖြင့် ကြည့်လိုက်၏။
"ချောက်နက်သခင်က ထိုက်ဟွမ်နန်းတော်ဆီမှာ အလျော့ပေးလိုက်ပြီဆိုတာ မင်း သိပြီးသားဖြစ်မှာပါ"
သူက စကားစလိုက်သည်။
ကျိယွမ်က ခေါင်းငြိမ့်ပြရုံသာ ပြုလုပ်လိုက်၏။ သူ၏ အလွန်ကြီးမားသော မဟာအစီအစဉ်ကြီးကြောင့် သူ့တွင် ယုံကြည်မှုများ ပြည့်နှက်နေပြီ ဖြစ်သည်။
"ဒီလင်းယာအသွင်ပြောင်းလဲခြင်းက မဟူရာနတ်ဆိုးချောက်နက်အတွက်တော့ အရမ်းအန္တရာယ်များတဲ့ စမ်းသပ်မှုတစ်ခု ဖြစ်လိမ့်မယ်။ ငါတို့ဘက်က မဟာမူလသဘောတရားအဆင့်တစ်ယောက် ဆုံးရှုံးရမယ့် အခွင့်အလမ်း အများကြီး ရှိတယ်"
ဘိုးဘေးက သက်ပြင်းချလိုက်၏။
"အဘိုးကြီး... ခင်ဗျားက လူကောင်းတစ်ယောက်ပါ။ အဲဒီလူက ခင်ဗျားတော့ မဖြစ်နိုင်ပါဘူး"
ကျိယွမ်က သဘာဝကျကျ မှတ်ချက်ချသည်။
ဘိုးဘေးက မျှော်လင့်ချက်သိပ်မရှိသလို အသာရယ်မောလိုက်ပြီး ဆက်ပြော၏။ "ဓားနက်နဲ့ အများကြီး မပတ်သက်နဲ့၊ ပြီးတော့ တကယ်လို့ ချောက်နက်သခင်က မင်းကို ဆင့်ခေါ်ခဲ့ရင်လည်း အစည်းအဝေးတွေကို ရှောင်လိုက်ပါ။ အဲဒီအစား ငါ့ကိုပဲ ဆက်သွယ်ပါ"
ထိုမျှသာပြောပြီး ပြန်လည်ထွက်ခွာသွားလေ၏။
တစ်ယောက်တည်း ကျန်ရစ်ခဲ့ချိန်တွင် ကျိယွမ်သည် ဂူကြီး၏အပြင်သို့ လှမ်းကြည့်လိုက်ရင်း သူ၏ အကြည့်သည် တစ္ဆေတစ်သောင်းတံခွန်ထံသို့ ရောက်ရှိသွားသည်။
"နှမြောဖို့ကောင်းတာက ငါက အခုထိ အားနည်းနေသေးတာပဲ။ ငါသာ ပိုပြီး အစွမ်းထက်ရင် တစ္ဆေစိုးမိုးကောင်းကင်ဘုံရဲ့ အချက်အချာနေရာကို တိုက်ရိုက် သွားလိုက်မှာ"
သို့သော် သူ့တွင် အချိန်ဖြုန်းနေရန် မရှိတော့ပေ။ သူသည် တစ္ဆေတစ်သောင်းတံခွန်ကို သိမ်းပိုက်ရန်၊ စွမ်းအားများ ရရှိရန်နှင့် လူသားဧကရာဇ်တံခွန်ကို အပြီးသတ်ရန် လိုအပ်နေလေပြီ။
မဟာအစီအစဥ်ကြီးကို အမြန်စရတော့မယ် ။
.....
နာရီအနည်းငယ် ကြာပြီးနောက် တစ္ဆေတံခါး၏ အရိပ်များထဲတွင် မဟာမူလသဘောတရားအဆင့် သုံးယောက် ပုန်းအောင်းစောင့်ဆိုင်းနေကြသည်။
တံခွန်သခင်ကိုယ်တိုင် တံခွန်ပေါ်တွင် အားနည်းချက်တစ်ခုကို တမင်တကာ ချန်ထားခဲ့ခြင်း ဖြစ်ပြီး ဧကရာဇ်ခန်းမတမန်တော် ဝင်ရောက်လာစေရန် ငါးစာချထားခြင်း ဖြစ်ကာ သူ ဝင်လာသည်နှင့် ၎င်းတို့က ဝိုင်းဝန်းဖမ်းဆီးကြမည် ဖြစ်သည်။
"သူ လာပြီ"
တစ္ဆေဇူက ကျေနပ်စွာပြုံးရင်း ပြောလိုက်၏။
"သူ အားနည်းချက်ရှိတဲ့နေရာကို ရောက်နေပြီ"
ကွေ့ယွမ်ကလည်း တိုးတိုးလေးအချက်ပြသည်။
သို့သော် ဧကရာဇ်ခန်းမတမန်တော်သည် အတွင်းသို့ ဝင်မလာခဲ့ပေ။ သူသည် အပြင်ဘက်တွင်သာ ရပ်တန့်ကာ စောင့်ဆိုင်းနေ၏။
"သူ ငါ့တို့ ထောင်ချောက်ကို ရိပ်မိသွားတာလား မသိဘူး" ။ တစ္ဆေဇူက တိုးတိုးလေး ရေရွတ်ကာ အနည်းငယ်စိုးရိမ်သွားသည်။
"မဖြစ်နိုင်တာ" ။ ကွေ့ယွမ်က ကျိယွမ်အားကြည့်ရင်းမှ ဖြေသိမ့်၏။
သို့သော် ကျိယွမ်က တစ္ဆေတံခါးထဲသို့ မဝင်ဘဲ အပြင်ဘက်တွင်သာ ယောင်ပေယောင်ပေ လုပ်နေသည် ။ သူက လမ်းပျောက်နေသော သားကောင်ကဲ့သို့ တံခါးဝအား ဟိုဘက်မှ ကပ်လာလိုက် ၊ ပြန်ဆုတ်သွားလိုက် ။ တဖန် ဒီဘက်မှပြန်ကပ်လာလိုက် နောက်ဆုတ်သွားလိုက်လုပ်နေ၏။
"ဒီကောင် ကြောက်နေပြီ ..."
"မလောနဲ့ အသာလေးငြိမ်နေ ၊ သူ ဝင်တော့မှာ .."
အသက်ရှူကြိမ်ရေတစ်ရာခန့် ကြာပြီးနောက်တွင် ဧကရာဇ်ခန်းမတမန်တော်သည် သူတို့၏မြင်ကွင်းမှ လှစ်ခနဲပျောက်သွားလေ၏။
"ဘယ်ရောက်သွားတာလဲ "
ထိုအခိုက် ဝမ်းသာအားရအော်ဟစ်သံကြီးတစ်ခုက တစ္ဆေတံခါးတစ်ခုလုံး၌ ဟိန်းထွက်သွားလေသည်။
"သဘာဝတရားကြီးကို ကျေးဇူးတင်ပါတယ်..ဒီလူသားဧကရာဇ်တံခွန်ရဲ့ အရွယ်အစားကို ကြည့်လိုက် ၊ အရင်ဟာတွေထက် ကြီးတယ် "
မဟာမူလသဘောတရားအဆင့် သုံးဦးသည် ထိတ်လန့်တုန်လှုပ်စွာဖြင့် ကြည့်လိုက်မိကြစဉ် တမန်တော်သည် တစ္ဆေတစ်သောင်းတံခွန်ကို သိမ်းပိုက်ကာ ချက်ချင်းပင် ပျောက်ကွယ်သွားခဲ့ပြီး တံခွန်သခင်၏ ဒေါသတကြီး အော်ဟစ်သံကြီးသာ ကျန်ရစ်ခဲ့တော့သည်။
"လူယုတ်မာ မင်း သတ္တိရှိရင် အခုရပ်လိုက်စမ်း.."
သို့သော် ကျိယွမ်ကတော့ ပျောက်ကွယ်သွားခဲ့လေပြီ။
----------