← Chapters

အခန်း ၂

Vol. 1 Ch. 2

အခန်း ၂

Vol. 1 Ch. 2

အခန်း (၂) အလိုလိုက်တတ်သော ဖခင်

စနစ်တွင် ကန့်သတ်ချက်အချို့ရှိပုံရပြီး ဇာတ်လိုက်၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များစွာကို ထုတ်ဖော်ပြသခြင်း မရှိချေ။ သို့ရာတွင် ဇာတ်လိုက်၏ရှည်လျားလှသော စနစ်အမည်မှနေ၍ ချန်ချင်းသည် အဓိက အချက်အလက်နှစ်ခုကို အလွယ်တကူ ကောက်ချက်ချနိုင်ခဲ့သည်။

ပထမဆုံး အရေးကြီးသော အချက်မှာ ဇာတ်လိုက်သည် တံခါးပိတ်ကျင့်ကြံခြင်း စနစ်ကို နိုးထလာခဲ့ပြီး စနစ်၏ ကန့်သတ်ချက်များကြောင့် အချိန်မပြည့်မီအထိ ကျင့်ကြံခြင်းမှ ထွက်ပေါ်လာနိုင်မည် မဟုတ်ကြောင်းပင်။ ထိုအချိန်ကာလမှာ နှစ်သုံးဆယ် ဖြစ်ပေ၏။

ဒုတိယမြောက် အရေးကြီးသော အချက်မှာ ဗီလိန်တစ်ယောက်အနေဖြင့် သူသည် ဇာတ်လိုက်က နှစ်သုံးဆယ် တံခါးပိတ်ကျင့်ကြံပြီးနောက် ပြိုင်ဘက်ကင်းစွာ ထွက်ပေါ်လာသည့်နေ့မှသာ နိုးထလာရမည်ဖြစ်သော်လည်း အကြောင်းအရင်း တစ်စုံတစ်ရာကြောင့် သူ စောစီးစွာ နိုးထလာခဲ့ခြင်း ဖြစ်သည်။

ဤအရာသည် ချန်ချင်းအတွက် သေချာပေါက် သတင်းကောင်းပင်။ စောစီးစွာ နိုးထလာခြင်းက သေရမည့် ဇာတ်ညွှန်းကို ရရှိပြီးနောက် သူ ဖွံ့ဖြိုးတိုးတက်ရန် နောက်ထပ် အချိန်နှစ်သုံးဆယ် ပိုရရှိသွားခြင်းဖြစ်ပေ၏။

ချန်ချင်းအနေဖြင့် ပြိုင်ဘက်ကင်း ဇနီးသည်အလိုလိုက်ခြင်းစနစ်ကို အသုံးပြုကာ ဇာတ်လိုက်၏ ချစ်သူဖြစ်သော မဟာဝူနိုင်ငံ မင်းသမီး ရှားချင်းယွဲ့နှင့်အတူ သူ၏ အစီအစဉ်များကို စတင်ရန်နှင့် အခြေအနေကို ပြောင်းပြန်လှန်ပစ်ရန် ဤနှစ်သုံးဆယ်သည် လုံးလုံးလျားလျား လုံလောက်သည်။

ဤအရာကို တွေးမိသည်နှင့် ချန်ချင်းက ချက်ချင်း ဆုံးဖြတ်ချက်ချလိုက်သည်။ ဤလက်ထပ်ပွဲကို သူ ဖျက်သိမ်းမည် မဟုတ်ချေ။ သူ မဖြစ်မနေ လုပ်ရပေမည်။

ပထမဦးစွာ သူသည် သေကြေပျက်စီးခြင်းမဲ့ ခန္ဓာကိုယ်ကို ရယူရန် လိုအပ်ပေ၏။ သေကြေပျက်စီးခြင်းမဲ့ ခန္ဓာကိုယ် ရှိပါက ချန်ချင်းသည် မည်သူ၏ သတ်ဖြတ်ခြင်းကိုမျှ စိုးရိမ်ရန် မလိုတော့ဘဲ ဇာတ်လိုက်ကိုပင် ဂရုစိုက်နေမည် မဟုတ်ချေ။

သေကြေပျက်စီးခြင်းမဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ပြီးနောက် မည်သည့်စွမ်းအားကမျှ သူ၏ တည်ရှိမှုကို ဖျက်ဆီးနိုင်မည်မဟုတ်ကြောင်း စနစ်က ပြောခဲ့သည်ကို ချန်ချင်း ရှင်းလင်းစွာ မှတ်မိနေသည်။ ထို့ကြောင့် လက်ရှိ အရေးအကြီးဆုံးကိစ္စမှာ ရှားချင်းယွဲ့နှင့် ဦးစွာ လက်ထပ်ပြီး သေကြေပျက်စီးခြင်းမဲ့ ခန္ဓာကိုယ်ကို ရယူရန်ပင်။

ဒုတိယအနေဖြင့် ဇာတ်လိုက်အလောင်းအလျာကို စစ်ဆေးရန် ရှားချင်းယွဲ့၏ဘဝနှင့် ပတ်သက်သူများကို စုံစမ်းရန် လူတစ်ယောက် ရှာဖွေရပေမည်။ ဤကိစ္စနှင့် ပတ်သက်၍ ချန်ချင်းသည် သတင်းအချက်အလက်များကို ချက်ချင်းစုံစမ်းရန် သူ၏ ကိုယ်ပိုင်လျှို့ဝှက်တပ်ဖွဲ့ကို စေလွှတ်ထားပြီးဖြစ်သည်။ ကြီးမားသော အာဏာကို ပိုင်ဆိုင်ထားသည့် ဝန်ကြီးချုပ်၏သားတစ်ယောက်အနေဖြင့် ဤကဲ့သို့ လူများ စေလွှတ်ရန်မှာ သူ့အတွက် အခက်အခဲ မရှိချေ။

လျှို့ဝှက်တပ်ဖွဲ့ဝင်များကို သတင်းစုံစမ်းရန် စေလွှတ်ပြီးနောက် ချန်ချင်းသည် သူ၏ဖခင် ချန်ရှုံးကို ချက်ချင်းသွားရောက်ရှာဖွေလိုက်သည်။

"ချင်းအာ... မင်းက အပြင်ဘက်က ပျော်တော်ဆက် အဆောင်တွေမှာ သီချင်းသွားနားမထောင်ဘဲ ဒီနေ့ အဖေဆီကို ဘာလို့ ရောက်လာတာလဲ..."

ချန်ချင်း ရောက်လာသည်ကို မြင်သောအခါ ချန်ရှုံးသည် အရေးကြီးသော ကိစ္စများ လာရောက်တင်ပြသည့် လျှို့ဝှက်တပ်ဖွဲ့ဝင်ကိုပင် အာရုံမစိုက်နိုင်တော့ဘဲ လက်ဝှေ့ယမ်းကာ ထွက်သွားခိုင်းလိုက်ပြီး အခြားကိစ္စရှိပါက နောက်မှ ပြန်လာရန် ပြောလိုက်၏။ ချန်ရှုံးသည် သူ၏ တစ်ဦးတည်းသောသား ချန်ချင်းအပေါ် မည်မျှထိ အလိုလိုက်ကြောင်းကို လျှို့ဝှက်တပ်ဖွဲ့ဝင်က ကောင်းစွာ သိရှိထားသဖြင့် ဘာမှထပ်မပြောတော့ဘဲ ခေါင်းညိတ်ကာ ချက်ချင်းပျောက်ကွယ်သွားသည်။

ချန်ချင်းကမူ ချန်ရှုံးထံသို့ လျှောက်သွားကာ ကျောက်တုံးခုံပေါ်တွင် ထိုင်ချလိုက်သည်။ ချန်ရှုံးသည် ချန်ချင်း၏နောက်ကျောသို့ လျှောက်လှမ်းသွားကာ ပခုံးများကို နှိပ်နယ်ပေးရင်း ပြောလိုက်၏။

"ဘယ်ပြည့်တန်ဆာရုံကို သွားခဲ့တာလဲ... သူတို့က နှိပ်ရော နှိပ်တတ်ရဲ့လား... မင်းရဲ့ ပခုံးတွေက ဘာလို့ ဒီလောက်ထိ တောင့်တင်းနေရတာလဲ... သူတို့ရဲ့ အရည်အချင်းက မင်းအဖေလောက်တောင် မကောင်းပါဘူး..."

"ဒါတွေ ထားလိုက်ပါ...အဖေ... အဖေနဲ့ ဧကရာဇ်က ကျွန်တော့်ကို မင်းသမီးနဲ့ ဘယ်တော့ လက်ထပ်ခိုင်းမှာလဲ..."

ချန်ချင်းသည် သူ့ဖခင်၏ အကျင့်စရိုက်ကို ကောင်းစွာသိရှိထားပြီး ပခုံးနှိပ်နယ်ပေးသည်ကို ကြာမြင့်စွာကတည်းက အသားကျနေလေပြီ။ ထိုအရာတွင် သေဆုံးသွားသော သူ၏မိခင်အတွက် အပြစ်ရှိစိတ်နှင့် အလိုလိုက်မှု နှစ်မျိုးလုံး ပါဝင်နေပေ၏။

"ဧကရာဇ်က မဆုံးဖြတ်ရသေးဘူး... သူက ဒီကိစ္စကို ရွှေ့ဆိုင်းဖို့ အကြောင်းပြချက်ရှာပြီး အချိန်ဆွဲနေတာ ဖြစ်မယ်..."

ထိုစကားကိုပြောဆိုပြီးနောက် သူက လက်ကိုမြှောက်ကာ ရင်ဘတ်ကိုပုတ်ရင်း လေးနက်စွာ အာမခံလိုက်သည်။

"စိတ်မပူပါနဲ့... မင်း မျက်စိကျနေတဲ့ မိန်းမကို မင်းအဖေက အသက်ပေးရရင်တောင် ရအောင် ယူပေးမှာပါ..."

"ဒါဆိုရင် ကျွန်တော် မင်းသမီးနဲ့ အမြန်ဆုံး လက်ထပ်ချင်တယ်..."

ချန်ရှုံးတွင် ဤစွမ်းရည်ရှိပြီး နောက်ပြောင်နေခြင်း မဟုတ်ကြောင်း ချန်ချင်း သိထားသဖြင့် ချက်ချင်း အဆိုပြုလိုက်၏။

"ဘယ်တော့လဲ..."

ချန်ချင်း၏ လေးနက်သော မျက်နှာအမူအရာကို မြင်သောအခါ ချန်ရှုံးသည် သူ၏ လက်လှုပ်ရှားမှုများကို ရပ်တန့်ကာ မေးမြန်းလိုက်သည်။ သူက ချန်ချင်းသည် ကစားရသည်ကို ငြီးငွေ့သွားပြီး အတည်တကျ နေထိုင်ချင်နေပြီဟု ယူဆလိုက်၏။ ဖခင်တစ်ယောက်အနေဖြင့် ချန်ရှုံးသည် ချန်ချင်းကို အမြန်ဆုံး အိမ်ထောင်ပြုကာ ကလေးများရရှိစေရန်နှင့် ချန်မိသားစု၏ မျိုးဆက်ကို ဆက်ခံရန်အတွက် မြေးများကို ရရှိရန် မျှော်လင့်ထားသည်။

"ဒီနေ့ဖြစ်ရင် ပိုကောင်းမယ်... အတိုချုပ်ပြောရရင် စောလေကောင်းလေပါပဲ..."

ချန်ချင်းသည် သေကြေပျက်စီးခြင်းမဲ့ ခန္ဓာကိုယ်ကို နိုးထစေရန် စိတ်လောနေလေပြီ။ ဇာတ်လိုက်သည် ဆယ်စုနှစ်ချီ၍ တံခါးပိတ်ကျင့်ကြံရန် ကျန်နေသေးသော်လည်း ချန်ချင်းသည် အချိန်တစ်စက္ကန့်ကိုမျှ မဖြုန်းတီးချင်တော့ချေ။

"ကောင်းပြီ... မင်းအဖေက ဧကရာဇ်နဲ့ တွေ့ဖို့ နန်းတော်ထဲကို ချက်ချင်းဝင်ပြီး ဒီလက်ထပ်ပွဲကိစ္စကို အဆုံးသတ်ပေးမယ်..."

ဤစကားကို ကြားသောအခါ ချန်ရှုံးသည် အစေခံတစ်ဦးအား အဝတ်အစားလဲရန်နှင့် မြင်းကောင်းတစ်ကောင် ပြင်ဆင်ရန် ချက်ချင်းအမိန့်ပေးလေသည်။ ရထားလုံးစီးရသည်မှာ နှေးကွေးလွန်းသဖြင့် ဧကရာဇ်နှင့် တွေ့ဆုံရန်အတွက် တော်ဝင်နန်းတော်သို့ မြင်းကို သူကိုယ်တိုင်စီး၍ သွားချင်နေခဲ့၏။

ဤကာလအတွင်း ချန်ချင်းသည် အိမ်တွင် စိတ်ရှည်စွာ စောင့်ဆိုင်းနေခဲ့သည်။ ချန်ရှုံး ပြန်မလာမီတွင် သူသည် မင်းသမီး ရှားချင်းယွဲ့ကို စုံစမ်းရန် ယခင်က စေလွှတ်ထားခဲ့သော လျှို့ဝှက်တပ်ဖွဲ့ဝင်နှင့် ဦးစွာ တွေ့ဆုံခဲ့သည်။ လျှို့ဝှက်တပ်ဖွဲ့ဝင်၏ စကားများမှတဆင့် ချန်ချင်းသည် လူမှုဆက်ဆံရေး အနည်းငယ်ထဲမှ လူတစ်ဦးကို စစ်ထုတ်နိုင်ခဲ့သည်။

ထိုလူသည် ငယ်ရွယ်စဉ်အခါက ကျားတစ်ကောင်၏ ဖမ်းဆီးခြင်းကို ခံရလုနီးပါးဖြစ်နေသော ရှားချင်းယွဲ့ကို သူ၏ ခွန်အားကုန်သုံးကာ ကာကွယ်ပေးခဲ့သူပင်။ ဤကဲ့သို့သော ရှေးရိုးဆန်သည့် ကလေးဘဝ ချစ်သူ ဇာတ်ကွက်မျိုးကို ချန်ချင်း မရေမတွက်နိုင်အောင် မြင်တွေ့ဖူးသည်။

ထို့ကြောင့် သူက လျှို့ဝှက်တပ်ဖွဲ့ဝင်အား မေးမြန်းလိုက်၏။

"အဲ့ဒီလူရဲ့ နာမည်က ယဲ့ဖုန်းလား..."

လျှို့ဝှက်တပ်ဖွဲ့ဝင်သည် အံ့သြသွားပြီး သူ စကားမပြောရသေးမီကတည်းက ချန်ချင်း အဖြေကို သိနေမည်ဟု လုံးလုံးလျားလျား ထင်မှတ်မထားခဲ့ချေ။ သူ ခေါင်းညိတ်ကာ လက်နှစ်ဖက်ကို ပူးဆုပ်၍ ပြန်လည်ဖြေကြားလိုက်သည်။

"သခင်လေးကို တင်ပြပါတယ်... အဲ့ဒီလူက တကယ်ပဲ သူပါ..."

"ကောင်းပြီလေ... မင်း ပင်ပန်းသွားပြီ..."

ထိုသို့ပြောပြီးနောက် ချန်ချင်း၏ လက်ချောင်းပေါ်ရှိ သိုလှောင်လက်စွပ်သည် လင်းလက်သွားပြီး ထိုအရာထဲမှ သိုလှောင်အိတ်တစ်အိတ်ကို ထုတ်ကာ လျှို့ဝှက်တပ်ဖွဲ့ဝင်ထံသို့ ပစ်ပေးလိုက်၏။

"ဒီထဲမှာ အဆင့်နိမ့် စိတ်ဝိညာဉ်ကျောက်တုံး တစ်သောင်း ရှိတယ်... မင်းအတွက် ဆုကြေးလို့ သတ်မှတ်လိုက်ပါ..."

'စိတ်ဝိညာဉ်ကျောက်တုံး တစ်သောင်းလား...'

ဤစကားကို ကြားသောအခါ လျှို့ဝှက်တပ်ဖွဲ့ဝင်၏ စိတ်နှလုံးသား တုန်ရီသွားပေ၏။ ထိုအရာကို လက်နှစ်ဖက်ဖြင့် လက်ခံရယူပြီးနောက် သူ အလျင်အမြန် ဒူးထောက်ကာ ပြောလိုက်သည်။

"သခင်လေးကို ကျေးဇူးတင်ပါတယ်..."

ချန်ချင်း ရက်ရောကြောင်းကို သူ ကြာမြင့်စွာကတည်းက သိထားသော်လည်း ဤမျှ သေးငယ်သော ကိစ္စလေးအတွက် စိတ်ဝိညာဉ်ကျောက်တုံး တစ်သောင်းဖြင့် ဆုချခံရလိမ့်မည်ဟု လုံးလုံးလျားလျား ထင်မှတ်မထားခဲ့ချေ။ သူ၏စိတ်နှလုံးသားသည် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေပြီး သစ္စာရှိမှုများ တဟုန်ထိုး မြင့်တက်လာခဲ့ပေသည်။ သူသည် ဤသခင်လေးကို ကောင်းစွာအလုပ်အကျွေးပြုရမည်ဟု ဆုံးဖြတ်ချက်ချလိုက်၏။ ငရဲနှင့်ရေနက်ပိုင်းကို ဖြတ်သန်းရမည်ဆိုလျှင်ပင် သူ လုံးဝငြင်းဆန်မည်မဟုတ်ချေ။

"အင်း... မင်း သွားလို့ရပြီ..."

"ဟုတ်ကဲ့..."

လျှို့ဝှက်တပ်ဖွဲ့ဝင်သည် သူ၏အရှိန်အဝါများကို ဖျောက်ဖျက်ကာ နေရာမှ ပျောက်ကွယ်သွားတော့သည်။

ချန်ချင်းကမူ လက်နှစ်ဖက်ကို နောက်စေ့တွင်ယှက်ကာ မျက်နှာကြက်ကို စိုက်ကြည့်ရင်း လျှို့ဝှက်တပ်ဖွဲ့ဝင် စုံစမ်းလာသော ယဲ့ဖုန်း၏ အချက်အလက်များကို အဆက်မပြတ် ပြန်လည်စဉ်းစားနေခဲ့၏။

"လူယုတ်မာတွေရဲ့ လုပ်ကြံခြင်းခံရပြီး မိသားစုတစ်ခုလုံး ကွပ်မျက်ခံရလုနီးပါး ဖြစ်ခဲ့တယ်... သူ့ရဲ့ အဖေက ထောင်ကျနေတယ်... ဒါပေမဲ့ ယဲ့ဖုန်းက အဲ့ဒီညမှာ မြို့တော်ကနေ လျှို့ဝှက်ဆန်းကြယ်စွာ ထွက်ပြေးလွတ်မြောက်သွားပြီးတော့ သဲလွန်စမကျန်ဘဲ ပျောက်ကွယ်သွားခဲ့တယ်... ထင်တဲ့အတိုင်း ဇာတ်လိုက်ရဲ့ ဇာတ်ညွှန်းပဲ..."

ယဲ့ဖုန်းသည် စနစ်တစ်ခုနှင့် ချိတ်ဆက်မိသွားပြီး တံခါးပိတ်ကျင့်ကြံကာ မှတ်တမ်းတင်ဝင်ရောက်ရမည့် နေရာသို့ တိုက်ရိုက်ပို့ဆောင်ခံလိုက်ရကြောင်း ချန်ချင်း သေချာသိနေသည်။ ယဲ့ဖုန်း ပျောက်ဆုံးသွားသည့်နေ့မှစ၍ ယခုအချိန်အထိ နှစ်ဝက်ပင် မပြည့်သေးချေ။

"ဆိုလိုတာက ငါ ပြင်ဆင်ဖို့ နောက်ထပ် ဆယ့်ကိုးနှစ် ကျန်သေးတယ်ပေါ့..."

ဤအရာကို သဘောပေါက်သွားသောအခါ ချန်ချင်းသည် သက်ပြင်းရှည်ကြီးတစ်ခုကို ချလိုက်၏။ နောက်ထပ် သူလုပ်ရန် လိုအပ်သည်မှာ ချန်ရှုံးထံမှ သတင်းကောင်းကို စိတ်ရှည်စွာ စောင့်ဆိုင်းနေရန်ပင် သူ၏ တောင်းဆိုချက်ဖြစ်နေသရွေ့ ချန်ရှုံးသည် အသက်အန္တရာယ်ရှိနေလျှင်ပင် လုပ်ဆောင်ပေးမည်ကို ချန်ချင်း ကောင်းစွာသိရှိထားပေ၏။ ငယ်စဉ်ကတည်းက ဤအတိုင်းပင် ဖြစ်ခဲ့သည်။

အကယ်၍ ဧကရာဇ်သာ ယနေ့တွင် ရှားချင်းယွဲ့ကို သူနှင့် လက်မထပ်ပေးရန် ငြင်းဆန်ဝံ့ပါက ချန်ရှုံးသည် မြို့တော်ကို ဝန်းရံရန် စစ်သည်တစ်သိန်းကို ဆက်သွယ်၍ အမှန်တကယ်ပင် ပုန်ကန်ပေလိမ့်မည်။

"အရမ်းကောင်းတယ်... သေကြေပျက်စီးခြင်းမဲ့ ခန္ဓာကိုယ်... မင်း မကြာခင် ငါ့အပိုင် ဖြစ်လာတော့မယ်..."

ချန်ချင်း၏ နှုတ်ခမ်းများတွင် အပြုံးတစ်ခု ထွက်ပေါ်လာသည်။ အရာရာသည် သူ မျှော်လင့်ထားသည့်အတိုင်း ဖြစ်လာခဲ့ပေ၏။ အမွှေးတိုင်တစ်တိုင် လောင်ကျွမ်းစာ အချိန်ကြာပြီးနောက် ချန်ရှုံးသည် တော်ဝက်နန်းတော်မှ သူ၏စံအိမ်တံခါးဝသို့ မြင်းကို တိုက်ရိုက်စီးလာခဲ့သည်။ သူက စံအိမ်တံခါးကို လက်နှစ်ဖက်ဖြင့် တွန်းဖွင့်လိုက်ပြီး ခြံဝင်းထဲတွင် နေပူဆာလှုံကာ အိပ်ပျော်နေသော ချန်ချင်းကို သတိထားမိသွားသောအခါ အလျင်အမြန် လျှောက်လှမ်းသွားလိုက်သည်။

"ချင်းအာ... ချင်းအာ... မြန်မြန်ထ... မင်းရဲ့အဖေမှာ မင်းကို ပြောပြစရာ သတင်းကောင်း ရှိတယ်..."

ချန်ရှုံး၏အသံကို ကြားသောအခါ ချန်ချင်းသည် မျက်နှာကို ဖုံးအုပ်ထားသော ယပ်တောင်ကို ဖယ်ရှားကာ ထထိုင်ပြီး မေးလိုက်၏။

"ဧကရာဇ်က သဘောတူလိုက်ပြီလား..."

"မင်းက နောက်နေတာလား... သူသာ ငြင်းရဲရင် မြို့တော်ကို ဝန်းရံဖို့ စစ်သည်တစ်သိန်းကို ငါ ချက်ချင်း ဆက်သွယ်လိုက်မှာပေါ့..."

ချန်ရှုံးက အလွန်ကြီးစိုးသော လေသံဖြင့် ပြောလိုက်သည်။

"ကောင်းပြီ... မြန်မြန် ပြင်ဆင်တော့... အဝတ်အစားလဲပြီး အဖေနဲ့ နန်းတော်ကို လိုက်ခဲ့... သူတို့က မင်းရဲ့ မင်္ဂလာပွဲအတွက် စီစဉ်နေကြပြီ..."

"ကောင်းပါပြီ..."

ချန်ချင်းက လိုလိုလားလား သဘောတူလိုက်ပြီး ကုလားထိုင်ပေါ်မှ ထလိုက်၏။ အစေခံမလေး နှစ်ဦးကို အဝတ်အစားလဲရန်နှင့် မျက်နှာသစ်ရန် ကူညီခိုင်းပြီးနောက် သူနှင့် ချန်ရှုံးတို့သည် သယ်ယူပို့ဆောင်ရေး ဝေါယာဉ်ပေါ်သို့တက်ကာ အနာဂတ် ကောင်းကင်အမိန့်တော် ဧကရီဖြစ်လာမည့် မင်းသမီး ရှားချင်းယွဲ့နှင့် လက်ထပ်ရန်အတွက် နန်းတော်ထဲသို့ ခမ်းနားကြီးကျယ်စွာ ဝင်ရောက်ရန် ပြင်ဆင်လိုက်ကြသည်။

All Chapters