သတင်းကောင်းကတော့ ငါ ပြန်လည်မွေးဖွားလာပြီးတော့ သတင်းဆိုးကတော့ ဗီလိန်တစ်ယောက်အနေနဲ့ ဖြစ်နေတာပဲ...။ ဗီလိန်တစ်ယောက်အဖြစ် ပြန်လည်မွေးဖွားလာသော ချန်ချင်းသည် ကံကြမ္မာဇာတ်ညွှန်း မည်သို့ပင် ဖြစ်နေပါစေ အရာအားလုံးကို လက်လျှော့ပြီး အေးအေးချမ်းချမ်း နေထိုင်သွားရန် သူ ဆုံးဖြတ်လိုက်သည်။ ထိုကြောင့် သူသည် ဇာတ်လိုက်ကို ဘယ်တော့မှ သွားရောက်ရန်စမည် မဟုတ်ချေ။ သို့ရာတွင် မမျှော်လင့်ဘဲ သူသည် ဇနီးသည်အလိုလိုက်ခြင်းစနစ်နှင့် ချိတ်ဆက်မိသွားပြီး ကံကြမ္မာဧကရီကို သိမ်းပိုက်လက်ထပ်ရန် တာဝန်ကျလာလိမ့်မည်ဟု မည်သူက တွေးထင်ထားမိမည်နည်း။ ထို့ပြင် ထိုမိန်းကလေးသည် ဇာတ်လိုက် အချစ်ရဆုံးသူ ဖြစ်နေတဲ့အတွက် ချန်ချင်းကမူပြဿနာများ မဖြစ်စေရန် ပြင်းပြင်းထန်ထန် ငြင်းဆန်ခဲ့သည်။ သို့သော် ဇာတ်လိုက်ဖြစ်သူက နောက်ထပ် နှစ် ၃၀တိတိ တံခါးပိတ်ကျင့်ကြံနေရအုံးမှာဖြစ်ပြီး ပြန်လည်မွေးဖွားလာရာတွင် သူက ဇာတ်လိုက်ထက် အရင်ရောက်နှင့်နေသည်ကို သိလိုက်ရချိန်၌ အခြေအနေများ ပြောင်းလဲသွားပေ၏။ နောက်ဆုံး၌ စနစ်ဆီကနေ ရလာမည့် ကြီးမားသော ဆုလာဘ်များ၏ သွေးဆောင်ဖြားယောင်းမှုကြောင့် ချန်ချင်းက "တောင်းပန်ပါတယ် ဇာတ်လိုက်ရေ... ငါ... အမှားလုပ်မိသွားပြီ" လို့ ဆိုကာ မလွှဲသာမရှောင်သာ ဇာတ်လမ်းထဲ ပါဝင်ခဲ့ရတော့သည်။

