← Chapters

အခန်း ၈၈

Vol. 9 Ch. 88

အခန်း ၈၈

Vol. 9 Ch. 88

အခန်း (၈၈) အဆတစ်ထောင် ကျင့်ကြံခြင်း အမြန်နှုန်း

'သူ... သူက တကယ်ကြီး မဟာဧကရာဇ် တစ်ပါးလား...'

လင်းထျန်းလုံသည် ကျောက်ထုန်ကို မယုံကြည်လျှင်ပင် တစ်ဖက်လူသည် ဤကဲ့သို့ ကိစ္စမျိုးကို သူ့အား နောက်ပြောင်မည်ဟု မယုံကြည်ချေ။

ချန်ချင်းသည် မဟာဧကရာဇ် တစ်ပါးဖြစ်ကြောင်း သူ ရာနှုန်းပြည့် သေချာသိသွားခဲ့လေပြီ။

စီနီယာ မဟာဧကရာဇ် မသေဆုံးသေးဘဲ မည်သည်ကြောင့် မဟာဧကရာဇ်အသစ်တစ်ပါး ထွက်ပေါ်လာသနည်းဆိုသည်ကိုပင် သူ စဉ်းစားရန် အချိန်မရှိတော့ချေ။

အချုပ်အားဖြင့်ဆိုရလျှင် သူ အရင်ဒူးထောက်အရိုအသေပြုရပေမည်။

ထိုနောက် သူနှင့်ကျောက်ထုန်တို့သည် ချန်ချင်းကို မျက်နှာမူကာ တုံ့ဆိုင်းမှုမရှိဘဲ ဒူးထောက်လိုက်ကြပြီး သူ၏အသံကို မြှင့်ကာ အော်ဟစ်လိုက်၏။

"လင်းထျန်းလုံ မျက်စိကန်းခဲ့ပါတယ်... မဟာဧကရာဇ် ကို နှုတ်ခွန်းဆက်သပါတယ်..."

ချန်ချင်းက သူ၏အသံကို မကြားမည်အား သူ စိုးရိမ်နေခဲ့သည်။

မဟာဧကရာဇ်နယ်ပယ်၏ အမြင့်ဆုံး ကျွမ်းကျင်သူ တစ်ဦးကို ရင်ဆိုင်ရာတွင် တစ်ဖက်လူကို မစော်ကားရုံမျှဖြင့် မလုံလောက်ပါချေ။ တစ်ဖက်လူကို သူတို့၏ ရိုသေမှုကို အပြည့်အဝ ခံစားရစေရန်လည်း ပြုလုပ်ရပေမည်။

သူတို့ ဦးညွှတ်သည်ဖြစ်စေ မညွှတ်သည်ဖြစ်စေ သူတို့၏ကိစ္စသာဖြစ်ပြီး ချန်ချင်းက တုံ့ပြန်ရန် ရည်ရွယ်ချက်မရှိချေ။

သူနှင့် ရှားချင်းယွဲ့တို့သည် လိပ်နက်နှင့်ကျားဖြူ နိုင်ငံများကို ရှင်းလင်းပြီးနောက် ကူးပြောင်းရေးတံခါးထဲသို့ ဝင်ရောက်သွားပြီး ထျန်းလုံမြို့ ၏ရှေ့မှ ပျောက်ကွယ်သွားကြသည်။

သို့သော် လင်းထျန်းလုံနှင့်ကျောက်ထုန်တို့အတွက်မူ တုံ့ပြန်မှုမရှိခြင်းသည် အကောင်းဆုံးတုံ့ပြန်မှုပင်။

အနည်းဆုံးအနေဖြင့် သူတို့၏အသက်များ ကယ်တင်ခြင်းခံလိုက်ရလေ၏။

"ဟူး..."

သူတို့နှစ်ဦးသည် တုန်ယင်နေသော ခြေထောက်များဖြင့် မြေကြီးပေါ်မှ ကုန်းရုန်းထလာရန် အချိန်အတော်ကြာ ယူလိုက်ရသည်။

ဤသည်မှာ မဟာဧကရာဇ် တစ်ပါးကို ပထမဆုံးအကြိမ် သူတို့ ရင်ဆိုင်ရခြင်းဖြစ်ပြီး ဖိနှိပ်မှု စွမ်းအားမှာ သူတို့ စိတ်ကူးယဉ်ထားသည်ထက် အဆတစ်ထောင် အဆတစ်သောင်းပင် ပို၍အားကောင်းနေခဲ့သည်။

"သခင်... ထျန်းရွှမ်မဟာဧကရာဇ်က မသေဆုံးသေးဘူးလေ... ဘာလို့ မဟာဧကရာဇ် အသစ်တစ်ပါး ထွက်ပေါ်လာရတာလဲ...တကယ်လို့ ကျွန်တော် မှတ်မိတာ မှန်တယ်ဆိုရင်... ဒီလောကမှာ မဟာဧကရာဇ် တစ်ပါးပဲ ရှိခွင့်ပြုတယ် မဟုတ်လား..."

လင်းထျန်းလုံသည် ကျောက်ထုန်ထံ မေးခွန်းထုတ်သော အကြည့်ဖြင့် ကြည့်လိုက်ပြီး သူ၏သံသယများကို ရှင်းလင်းပေးနိုင်မည်ဟု မျှော်လင့်နေခဲ့လေ၏။

"ဖြစ်နိုင်ခြေ နှစ်ခု ရှိတယ်..."

"ဘာတွေလဲ..."

အဖြေကို သိချင်စိတ်ဖြင့် လင်းထျန်းလုံက အလျင်အမြန် မေးလိုက်သည်။

"ပထမတစ်ခုက ထျန်းရွှမ်မဟာဧကရာဇ်က သေဆုံးသွားပြီ... ဒါပေမဲ့ သတင်းက မပျံ့နှံ့သေးတာပဲ..."

လင်းထျန်းလုံ စဉ်းစားကြည့်ရာ ဤဖြစ်နိုင်ခြေမှာ အလွန်မြင့်မားသည်ဟု ခံစားလိုက်ရသည်။

"ဒုတိယတစ်ခုကတော့ အဲ့ဒီသခင်ရဲ့ စွမ်းအားက ကောင်းကင်တာအို အမိန့်က ယူဆောင်လာတဲ့ ကန့်သတ်ချက်တွေကို ချိုးဖျက်ဖို့ လုံလောက်နေတာပဲ..."

ကျောက်ထုန်က သူ့ကို ထိတ်လန့်သွားစေမည့် စကားတစ်ခွန်းကို ပြောလိုက်၏။

"ကောင်းကင်တာအိုရဲ့ ကန့်သတ်ချက်တွေကို ချိုးဖျက်ဖို့ လုံလောက်အောင် အားကောင်းတယ်..."

လင်းထျန်းလုံ၏ စိတ်ကူးယဉ်နိုင်စွမ်းမှာ အကန့်အသတ် ရှိနေသညိ။ ကောင်းကင်တာအိုကို ယှဉ်ပြိုင်ရန် မည်သည့်နယ်ပယ်သို့ ရောက်ရှိနေရမည်အား သူ အမှန်တကယ်ပင် စဉ်းစား၍ မရနိုင်ခဲ့ချေ။

သူ စိတ်ကူးမယဉ်နိုင်ခဲ့ချေ... အမှန်တကယ်ကို စိတ်ကူးမယဉ်နိုင်ခဲ့ပါပေ။

တစ်ချိန်တည်းမှာပင် ဒုတိယတစ်ချက်ထက် ပထမ ဖြစ်နိုင်ခြေကို ယုံကြည်ရန် သူ ပို၍တိမ်းညွတ်နေခဲ့လေ၏။

သူ၏စိတ်ထဲရှိ အတွေးများကို အတည်ပြုရန် သူသည် ထျန်းရွှမ်မဟာဧကရာဇ်နှင့် ပတ်သက်သော ကိစ္စရပ်များကို စုံစမ်းရန် လူများကို အလျှင်အမြန် စေလွှတ်လိုက်သည်။

တစ်ချိန်တည်းမှာပင် တခြားတစ်ဖက်တွင်...

ချန်ချင်းနှင့်ရှားချင်းယွဲ့တို့သည် ကူးပြောင်းရေး တံခါး မှ ထွက်လာခဲ့ကာ မဟာချီနိုင်ငံသို့ ရောက်ရှိနေကြလေပြီ။

"ချင်းအာ... ရှားချင်းယွဲ့... မင်းတို့ ဘာလို့ ရောက်လာတာလဲ..."

သူတို့ ရောက်လာကြောင်း သိရှိပြီးနောက် ချန်ရှုံးသည် သူ လုပ်နေသမျှကို ချက်ချင်းချထားပြီး အပြေးအလွှား ရောက်လာသည်။

"မဟာဝူ နိုင်ငံမှာ တစ်ခုခု ဖြစ်သွားလို့များလား..."

ချန်ရှုံးက ထပ်မံ၍ မေးလိုက်၏။

ယခင်က အခြေအနေများ မည်သို့ပင် ရှိစေကာမူ ယခုချိန်၌ ရှားချန်သည် သူ၏ခမည်းခမက် ဖြစ်နေသဖြင့် မဟာဝူ နိုင်ငံတွင် တစ်ခုခုဖြစ်သွားပါက သူ ဘာမှမလုပ်ဘဲ ရပ်ကြည့်နေနိုင်မည် မဟုတ်ချေ။

ချန်ချင်းက ခေါင်းခါလိုက်သည်။

"အဖေ... စိတ်ပူစရာ မလိုပါဘူး... မဟာဝူနိုင်ငံက အခြေအနေအားလုံး ကောင်းပါတယ်... ဒီတစ်ခေါက် ကျွန်တော် လာရတဲ့ အကြောင်းရင်းက လိပ်နက်နဲ့ ကျားဖြူ နိုင်ငံတွေရဲ့ အခြေခံအုတ်မြစ်တွေ ဖျက်ဆီးခံလိုက်ရပြီလို့ အဖေ့ကို လာပြောတာပါ... အဖေက တပ်တွေ မြန်မြန်စေလွှတ်ပြီး အဲ့ဒီနိုင်ငံတွေကို သိမ်းပိုက်လိုက်ပါ..."

"ဒါက..."

သူ၏သားသည် ယခင်ကနှင့် မတူတော့ဘဲ ပြိုင်ဘက်ကင်း ဖြစ်နေသည်ကို ချန်ရှုံး သေချာပေါက် သိထားလေ၏။

သူသည် မိုးပြာနဂါးနိုင်ငံတစ်ခုလုံးကို ပြောင်းလဲပြီး ပြည်သူများ၏ နှလုံးသားကို ခိုင်မာစွာ စည်းရုံးပြီးခါစအချိန်မှာပင် နောက်တခဏ၌ သူ၏သားက ကျားဖြူ နိုင်ငံနှင့် လိပ်နက်နိုင်ငံ၏ နယ်မြေများကို သူ့ထံ လာရောက် ပို့ဆောင်ပေးလိမ့်မည်ဟု သူ ထင်မှတ်မထားခဲ့ချေ။

သူက နောက်ပြောင်လိုက်၏။

"တကယ်လို့ ဒီအတိုင်းသာ ဆက်သွားရင်... ငါတို့ မဟာချီရဲ့ နယ်မြေ ဘယ်လောက်တောင် ကျယ်ပြန့်လာမလဲ ငါ မသိတော့ဘူး... မင်းက မင်းရဲ့ အဖေအိုကြီးကို ပြဿနာကြီး တစ်ခု ပေးလိုက်တာပဲ..."

"ဘယ်လိုပဲဖြစ်ဖြစ် အဖေက ဦးနှောက်သုံးပြီး အုပ်ချုပ်ရတာကို သဘောကျတယ်မလား... သားက အဖေ့အတွက် အခွင့်အရေးတစ်ခု ဖန်တီးပေးတာလေ..."

ချန်ချင်းက ကျီစယ်သကဲ့သို့ ပြောလိုက်သည်။

"ဒါဆို ငါက မင်းကို ကျေးဇူးတင်ရမှာပေါ့..."

ချန်ချင်း ဤသို့ ပြောလိုက်သည်နှင့်တစ်ပြိုင်နက် ချန်ရှုံးနှင့် ရှားချင်းယွဲ့တို့ အချင်းချင်း ကြည့်လိုက်ကြပြီး ရယ်မောခြင်းကို မထိန်းချုပ်နိုင်ခဲ့ကြချေ။

"ကောင်းပြီ... ငါ မင်းနဲ့ မငြင်းနိုင်တော့ဘူး..."

ချန်ရှုံးက သူ၏လက်ကို ဝှေ့ယမ်းလိုက်၏။

ထို့နောက် သူသည် သူ၏ကိုယ်ရံတော်ကိုခေါ်ကာ စစ်တပ်နှင့် အရိပ်ရုပ်သေးရုပ်များကို ဦးဆောင်ပြီး ကျားဖြူနှင့်လိပ်နက်နိုင်ငံများသို့ သွားရောက်ရန် အမိန့်ပေးလိုက်သည်။ အညံ့ခံသူများ အသက်ရှင်မည်ဖြစ်ပြီး အညံ့မခံသူများကို မေးခွန်းထုတ်စရာမလိုဘဲ သတ်ဖြတ်မည်ဖြစ်ကာ ထပ်ပြောနေရန် မလိုတော့ချေ။

ထို့နောက် ချန်ချင်းနှင့် ရှားချင်းယွဲ့တို့သည် လောကကြီးကို အုပ်ချုပ်နေသော ချန်ရှုံးကို ဆက်လက်၍ အနှောင့်အယှက် မပေးတော့ဘဲ ကူးပြောင်းရေး တံခါး ကို ဖွင့်ကာ မဟာဝူနိုင်ငံသို့ ပြန်လာခဲ့ကြ၏။

ချန်အိမ်တော်၌....

"ခင်ပွန်း... ပင်ပန်းသွားပြီ... ကျွန်မ လက်ဖက်ရည် သွားလုပ်ပေးမယ်..."

ရှားချင်းယွဲ့ နောက်လှည့်လိုက်ရုံသာ ရှိသေးပြီး ခြေတစ်လှမ်းမျှ မလှမ်းရသေးမီမှာပင် ချန်ချင်းက သူမ၏ လက်ကောက်ဝတ်ကို ဖမ်းဆွဲလိုက်သည်။

"ခင်ပွန်း...

ရှားချင်းယွဲ့က နားမလည်စွာဖြင့် ကြည့်လိုက်သည်။

"မလောပါနဲ့... မင်း ငါနဲ့ နေရာတစ်နေရာကို အရင် လိုက်ခဲ့အုံး..."

ချန်ချင်းက ပြောလိုက်သည်။

"အင်း... ခင်ပွန်း သွားချင်တဲ့ နေရာတိုင်းကို ကျွန်မ လိုက်ခဲ့ပါ့မယ်..."

ရှားချင်းယွဲ့သည် ယခုအချိန်၌ ချန်ချင်းကို ရာနှုန်းပြည့် ယုံကြည်နေလေပြီ။

သူမကို ချန်ချင်း အန္တရာယ်ပြုမည်ဟု မယုံကြည်သလို အကယ်၍ သူသည် သူမကို အမှတ်တကယ် အန္တရာယ်ပြုချင်လျှင်ပင် သူမ လုပ်နိုင်သောအရာ တစ်ခုမျှမရှိဟု သူမ သိထားခဲ့သည်။

ရှားချင်းယွဲ့၏အဖြေကို ရရှိပြီးနောက် ချန်ချင်းသည် သူမ၏လက်ကောက်ဝတ်ကို တင်းကြပ်စွာ ဆုပ်ကိုင်လိုက်၏။ အတွေးတစ်ချက်ဖြင့် သူတို့သည် ကျယ်ပြန့်ပြီး အဆုံးအစမရှိသော ကမ္ဘာသစ်တစ်ခုသို့ ချက်ချင်း ရောက်ရှိသွားကြသည်။

ထိုနေရာ၌ မျက်စိတစ်ဆုံးအကွာအဝေးထိ စိမ်းလန်းသော မြက်ခင်းပြင်ကြီးက အဆုံးအစမရှိ တည်ရှိနေသည်။

"ဒါက ဘယ်နေရာလဲ..."

ရှားချင်းယွဲ့က အံ့အားသင့်သွားပြီး နောက်တခဏတွင် သူမက ပြောဆိုလိုက်၏။

"ဒီလောက်... ဒီလောက်ထိ ထူထပ်သိပ်သည်းတဲ့ စိတ်ဝိညာဉ်ချီတွေ... အသက်တစ်ချက် ရှူသွင်းလိုက်ရုံနဲ့... ကျွန်မရဲ့ခန္ဓာကိုယ်ထဲက စိတ်ဝိညာဉ်စွမ်းအားတွေ သိသိသာသာ တိုးလာတာကို ခံစားရတယ်..."

"ဒီနေရာကို အဆတစ်ရာ ကျင့်ကြံခြင်း ဟင်းလင်းပြင် လို့ ခေါ်တယ်..."

ရှားချင်းယွဲ့၏ ဉာဏ်ရည်ဉာဏ်သွေးဖြင့် "အဆတစ်ရာ ကျင့်ကြံခြင်း ဟင်းလင်းပြင် " ဟူသော စကားလုံးများဖြင့်ပင် ဤကမ္ဘာ၏ လျှို့ဝှက်ချက်ကို နားလည်ရန် လုံလောက်ပြီဟု ချန်ချင်း ယုံကြည်ထားလေ၏။

"အဆတစ်ရာ ကျင့်ကြံခြင်း ဟင်းလင်းပြင် ..."

ရှားချင်းယွဲ့ ရုတ်တရက် နားလည်သွားခဲ့သည်။

"ဒီလောက်ထိ ထူထပ်သိပ်သည်းတဲ့ စိတ်ဝိညာဉ်ချီပမာဏ ရှိနေတာ အံ့အားသင့်စရာ မဟုတ်တော့ဘူး..."

"မင်း ဒီနေရာမှာ ကျင့်ကြံပြီး အဆင့်ချိုးဖျက်ဝင်ရောက်လို့ရတယ်... မင်းရဲ့ ခင်ပွန်းက မင်းကို စောင့်ရှောက်ပေးမယ်..."

ဤသို့ ပြောဆိုရင်း ချန်ချင်းသည် သူ၏ စနစ်သိုလှောင်အိတ်ကို ဖွင့်ကာ ဆယ်ဆကျင့်ကြံခြင်း အမြန်နှုန်း တစ်ရက်စာ အတွေ့အကြုံကတ်ကို ရွေးချယ်ပြီး အဆတစ်ရာ ဟင်းလင်းပြင်နှင့် ထပ်မံ၍ပေါင်းစပ်လိုက်ရာ ရှားချင်းယွဲ့၏ ကျင့်ကြံခြင်း အမြန်နှုန်းကို အဆတစ်ထောင်အထိ တိုးမြှင့်ပေးလိုက်၏။

တစ်ချိန်တည်းမှာပင် ရှားချင်းယွဲ့ လွတ်လပ်စွာ အသုံးပြုနိုင်ရန် ဆေးလုံးများစွာကိုလည်း ထုတ်ယူလိုက်သည်။

"​ကောင်းပြီလေ... ကျွန်မ အစွမ်းကုန်ကြိုးစားပြီး အဆင့်ချိုးဖျက်ဝင်ရောက်ပါ့မယ်... ကျွန်မက ခင်ပွန်းကို စိတ်မပျက်စေရပါဘူး..."

ရှားချင်းယွဲ့သည် ချန်ချင်း ညွှန်ကြားသည့်အတိုင်း ပလွင်ခွေ ထိုင်လိုက်သည်။

"တစ်ရက်အတွင်း မဟာဧကရာဇ်နယ်ပယ်ကို ရောက်အောင် လုပ်ရမယ်ဆိုရင် ဘယ်လိုလဲ..."

ချန်ချင်းက ရှားချင်းယွဲ့အတွက် ရည်မှန်းချက်ငယ်တစ်ခု သတ်မှတ်ပေးလိုက်သည်။

"တစ်ရက်အတွင်း... မဟာဧကရာဇ်နယ်ပယ်ကို ရောက်အောင် လုပ်ရမှာလား..."

ရှားချင်းယွဲ့သည် ချန်ချင်းက သူမကို နောက်ပြောင်နေသည်ဟု သံသယဝင်ဘဲ မနေနိုင်တော့ချေ။

သို့သော် သူ၏အမူအရာသည် အလွန်တည်ကြည်လေးနက်နေပုံ ပေါက်နေခဲ့လေ၏။

"ကောင်းပါပြီ... ကျွန်မ အကောင်းဆုံး ကြိုးစားပါ့မယ်..."

ချန်ချင်းက ထိုသို့ ပြောဆိုခဲ့သဖြင့် သူ့ထံတွင် အကြောင်းပြချက်များရှိမည်ဟု ရှားချင်းယွဲ့က ယုံကြည်သည်။

မည်သို့ပင်ဆိုစေကာမူ သူမ အစွမ်းကုန် ကြိုးစားရပေမည်။ အကယ်၍ သူမ မကြိုးစားကြည့်လျှင် သူမ လုပ်နိုင်မလုပ်နိုင်ကို မည်သို့ သိနိုင်မည်နည်း။

စကားပြောဆိုပြီးနောက် ရှားချင်းယွဲ့သည် ပတ်ဝန်းကျင်ရှိ စိတ်ဝိညာဉ်ချီများကို ရူးသွပ်စွာ စုပ်ယူပြီး စတင်၍ သန့်စင်လိုက်၏။

အဆတစ်ထောင် ကျင့်ကြံခြင်း အမြန်နှုန်း၏ ကောင်းချီးအောက်တွင် အချိန်တခဏအတွင်းမှာပင် သူမသည် စိတ်ဝိညာဉ်ခွဲခြားခြင်းနယ်ပယ် ဒုတိယအဆင့်သို့ ချိုးဖျက်ဝင်ရောက်သွားခဲ့သည်။

အမြန်နှုန်းမှာ အလွန်မြန်ဆန်လွန်းသဖြင့် သူမကိုယ်တိုင်ပင် အံ့အားသင့်သွားသည်။

တစ်ရက်အတွင်း မဟာဧကရာဇ်နယ်ပယ်သို့ ရောက်ရှိရန်မှာ မဖြစ်နိုင်သောအရာ မဟုတ်ကြောင်း သူမ ရုတ်တရက် ခံစားမိသည်။

သူမ ဆက်လက်ကျင့်ကြံနေခဲ့သည်။

သူမ၏ ကျင့်ကြံဆင့်နယ်ပယ်သည် စိတ်ဝိညာဉ်ခွဲခြားခြင်းနယ်ပယ်၏ ဒုတိယ၊ တတိယ၊ စတုတ္ထနှင့် ပဉ္စမ အဆင့်များကို ချက်ချင်းချိုးဖျက်ဝင်ရောက်သွားခဲ့လေ၏။

ထို့နောက် သူမသည် ရုပ်ခန္ဓာကိုယ်ပေါင်းစပ်ခြင်းနယ်ပယ်သို့ ရောက်ရှိသွားသည်။

ကပ်ဘေးဒုက္ခနယ်ပယ် ...

ထို့နောက် သူမ၏ကျင့်ကြံဆင့် ဆက်လက်၍ မြင့်တက်နေခဲ့လေ၏။

ဤကာလအတွင်း ချန်ချင်းသည်လည်း နံဘေးမှ ကူညီပေးပြီး စိတ်ဝိညာဉ် စုစည်းမှု ဝင်္ကပါတစ်ခုကို ရေးထွင်းပေးခဲ့သည်။ အဆတစ်ထောင် ကျင့်ကြံခြင်း အမြန်နှုန်းအပြင် ရှားချင်းယွဲ့၏ နယ်ပယ် တိုးတက်မှု အမြန်နှုန်းကို သူ ဆက်လက်၍ မြှင့်တင်ပေးခဲ့လေ၏။

သူ၏ အထွတ်အထိပ် ဝင်္ကပါဆရာသခင်ဟူသော အထောက်အထားသည် ဤအချိန်တွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခဲ့လေ၏။

အချိန်များ တဖြည်းဖြည်း ကုန်ဆုံးသွားသည်။

ရှားချင်းယွဲ့၏ လက်ရှိ ကျင့်ကြံခြင်း နယ်ပယ်သည် ခြေလှမ်းတစ်ဝက် အင်မော်တယ်ဧကရာဇ်၏ အထွတ်အထိပ်သို့ ရောက်ရှိနေလေပြီ။

"ခင်ပွန်း... ကျွန်မ... ကျွန်မ မဟာဧကရာဇ်နယ်ပယ် ကို ချိုးဖျက်ဝင်ရောက်တော့မယ်..."

ရှားချင်းယွဲ့က သူမ၏မျက်လုံးများကို ဖွင့်ကာ အနည်းငယ် စိုးရိမ်ပူပန်နေသောအသံဖြင့် ပြောလိုက်သည်။

All Chapters