← Chapters

အခန်း ၈၁

Vol. 9 Ch. 81

အခန်း ၈၁

Vol. 9 Ch. 81

အခန်း (၈၁) ခြေလှမ်းတစ်ဝက် အင်မော်တယ်ဧကရာဇ်ကို သတ်ဖြတ်ခြင်းနှင့် မင်းသားများကို ချေမှုန်းခြင်း

သခင်နှင့် သူ၏အိမ်မွေးသားရဲ ဖြစ်နိုင်သည်မှလွဲ၍ ရှောင်လဲ့၊ ဆူးပိုင်နှင့် တခြားသူများသည် တခြားဖြစ်နိုင်ခြေများကို အမှန်တကယ်ပင် မစဉ်းစားနိုင်ခဲ့ကြချေ။

သို့သော် သူတို့၏စိတ်ထဲတွင် ပို၍ကြီးမားသော မေးခွန်းတစ်ခု ပေါ်လာပြီး ရှောင်လဲ့နှင့်ဆူးပိုင်တို့ကို အလွန်အမင်း စိတ်ရှုပ်ထွေးသွားစေခဲ့ပေသည်။

'အနှစ်တစ်သိန်း ကျင့်ကြံခြင်း ရှိတဲ့ နတ်ဆိုးဘုရင် တစ်ပါးက ဘာလို့... ဘာလို့ ဒီလို အမည်မသိ အညတရ တစ်ယောက်ကို အညံ့ခံရတာလဲ...'

သူတို့၏အမြင်တွင် အကယ်၍ ချန်ချင်းသည် နှစ်တစ်သိန်းသက်တမ်းရှိသော နတ်ဆိုးဘုရင်တစ်ပါးကို အမှန်တကယ် ယဉ်ပါးစေနိုင်စွမ်း ရှိခဲ့ပါက သူတို့သည် ဤကဲ့သို့ လူတစ်ယောက်အကြောင်းကို ကြာမြင့်စွာကတည်းက ကြားဖူးခဲ့သင့်သည်။ သူတို့ လုံးဝမကြားဖူးဘဲ မနေသင့်ချေ။

သူတို့အပေါ် ကျရောက်နေသော ဖိအားမှာ အလွန် အစစ်အမှန်ဖြစ်နေပြီး သူတို့၏အရိုးများ အက်ကွဲတော့မည့်အလား နာကျင်နေခြင်းသာ မရှိခဲ့ပါက ချန်ချင်း ဖန်တီးထားသော ပုံရိပ်ယောင်မြင်ကွင်းတစ်ခုထဲသို့ သူတို့ မသိလိုက်ဘဲ ကျရောက်သွားခဲ့ပြီဟု သံသယဝင်မိပေမည်။

ဗဟုသုတ ကြွယ်ဝသည်ဟု ယူဆထားသော မင်းသား နှစ်ပါးပင်လျှင် ဤသို့ ဖြစ်နေကြရာ တခြားကျင့်ကြံသူများနှင့် ချမ်းသာသော ကုန်သည်များကိုမူ ဆိုဖွယ်ရာပင် မရှိတော့ချေ။ မြေကြီးပေါ်တွင် ဒူးထောက်နေကြပြီး သူတို့၏စိတ်နှလုံးသားထဲမှ ထိတ်လန့်မှုများသည် သူတို့၏မျက်နှာများပေါ်တွင် အပြည့်အဝ ပေါ်လွင်နေသည်။

"ဒါ... ဒါက နိုင်ငံတစ်နိုင်ငံကို အလွယ်တကူ ဖျက်ဆီးနိုင်တဲ့ နှစ်တစ်သိန်း ကျင့်ကြံခြင်းရှိတဲ့ နတ်ဆိုးဘုရင် လား..."

"ဒီလို ကြောက်စရာကောင်းတဲ့ နတ်ဆိုးသားရဲကို သူ... သူက ဘယ်လို ယဉ်ပါးအောင် လုပ်ခဲ့တာလဲ..."

"ဘာကြောင့်များ ဖြစ်ရမလဲ... သေချာပေါက် သူက လုံလောက်အောင် အားကောင်းနေလို့ပေါ့..."

"ဒါဆို... နှစ်တစ်သိန်း ကျင့်ကြံခြင်းရှိတဲ့ နတ်ဆိုးဘုရင် တစ်ပါးကို ယဉ်ပါးအောင် လုပ်ဖို့ ဘယ်နယ်ပယ် ကို ရောက်ဖို့ လိုအပ်လဲ..."

"မင်းက ငါ့ကို မေးနေတာလား... ငါက ဘယ်သူ့ကို သွားမေးရမှာလဲ... ငါလည်း သိချင်တာပေါ့..."

"သူက အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံးတွေကို သန်းရာထောင်ချီပြီး ပေါ့ပေါ့ပါးပါး သုံးနိုင်တဲ့ လောကမှာ အချမ်းသာဆုံးလူ ဆိုတာကိုပဲ ငါ သိခဲ့တယ်... ငါ လုံးဝ ထင်မထားခဲ့ဘူး... သူ့ရဲ့ ဝှက်ဖဲက ဒီလောက်ထိ ကြောက်စရာကောင်းလိမ့်မယ်လို့ ငါ လုံးဝထင်မထားခဲ့ဘူး..."

...

ရုတ်တရက် ချန်ချင်းကို မျက်နှာချိုသွေးလိုသူများနှင့် သူ၏ တာအိုလက်တွဲဖော် ဖြစ်ချင်သူ အရေအတွက် သိသိသာသာ တိုးလာခဲ့လေ၏။

အကယ်၍ သူတို့သည် ဤမျှထိ သန်မာအားကောင်းသော ပုဂ္ဂိုလ်တစ်ဦးနှင့် ပူးပေါင်းနိုင်ပါက အနာဂတ်တွင် သေချာပေါက် ကြီးပွားတိုးတက်မည်ဟု သူတို့ အားလုံး တွေးတောခဲ့ကြသည်။

'ဒါဆို ဒီကောင်လေးက သူ့ကိုယ်သူ 'ဒီဧကရာဇ်' လို့ ခေါ်ရဲတာ... သူ့မှာ နတ်ဆိုးဘုရင်တစ်ပါးကို စိတ်ဝိညာဉ်အိမ်မွေးသားရဲအဖြစ် ရှိနေလို့ကိုး...'

ဤအချက်ကို သဘောပေါက်ပြီးနောက် ရှောင်လဲ့သည် ချန်ချင်းတွင် အရည်အချင်း ရှိကြောင်း ဝန်ခံခဲ့ရသည်။

ထို့ကြောင့် သူက ပြောလိုက်၏။

"ဒီအိမ်ရှေ့စံမင်းသားက မင်းကို တကယ်ကြီး အထင်သေးမိသွားတယ်... 'ရန်မဖြစ်ဘဲ မိတ်ဆွေမဖြစ်' ဆိုတဲ့ စကားပုံ ရှိတယ် မလား... ချီလင်သေဆုံးမှုအတွက် ငါ ထပ်မမေးတော့ဘူး... ငါတို့ မိတ်ဆွေဖွဲ့ကြရင် ဘယ်လိုလဲ..."

ရှောင်လဲ့၏အမြင်အရ ချန်ချင်းကဲ့သို့ ပုဂ္ဂိုလ်တစ်ဦးကို သူတို့ဘက် ပါအောင် စည်းရုံးနိုင်ခြင်းက သူ့အတွက်ရော ကျားဖြူနိုင်ငံတစ်ခုလုံးအတွက်ပါ အကျိုးရှိပြီး အန္တရာယ် မရှိနိုင်ချေ။

"ဟုတ်တယ်... ဟုတ်တယ်... ဟုတ်တယ်... ရန်မဖြစ်ဘဲ မိတ်ဆွေမဖြစ်ဘူး... ရန်မဖြစ်ဘဲ မိတ်ဆွေမဖြစ်ဘူး... ဘာလို့ ဒီလောက်ထိ မနှစ်မြို့စရာ ဖြစ်အောင် လုပ်နေရမှာလဲ... ငါတို့အားလုံး မိတ်ဆွေဖြစ်ကြ၊ အသားစားကြ၊ စကားပြောကြတာပေါ့... ဘယ်လောက်တောင် အံ့အားသင့်စရာကောင်းလိုက်မလဲ..."

ရှောင်လဲ့ ထိုသို့ပြောသည်ကို ကြားသောအခါ ဆူးပိုင်ကလည်း အလျင်အမြန် သံယောင်လိုက်၍ ပြောဆိုလိုက်သည်။

သို့သော် ချန်ချင်း၏ မျက်နှာအမူအရာမှာ အေးစက်နေသည်။

"မင်းတို့က ထိုက်တန်လို့လား..."

သူ့အပေါ် သတ်ဖြတ်လိုခြင်း စိတ်ဆန္ဒ ရှိခဲ့သူများကို 'ရန်မဖြစ်ဘဲ မိတ်ဆွေမဖြစ်' ဟူသော စကားစုလေး တစ်ခုတည်းဖြင့် ပဋိပက္ခကို ဖြေရှင်းခြင်းအပေါ် တခြားသူများ မည်သို့ ထင်မြင်သည်ကို ချန်ချင်း ဂရုမစိုက်ပါချေ။ သို့သော် ​ဤစကားက သူ့အတွက် အလုပ်မဖြစ်ချေ။

"ဒါဆို... မင်းက ဒီအိမ်ရှေ့စံမင်းသား နဲ့ရော... ကျားဖြူ နိုင်ငံတစ်ခုလုံးနဲ့ပါ ရန်သူ ဖြစ်ဖို့ အတင်း တောင်းဆိုနေတာပေါ့..."

သူ ချန်ချင်းကို မျက်နှာသာ အလုံအလောက် ပေးခဲ့သော်လည်း တစ်ဖက်လူသည် မည်သည့် ကျေးဇူးတင်မှုကိုမျှ မပြသသဖြင့် ရှောင်လဲ့ အလွန်မကျေမနပ် ဖြစ်သွားခဲ့လေ၏။

ငါ့ကို အလွယ်တကူ အနိုင်ကျင့်လို့ရတဲ့သူလို့ သူ တကယ်ကြီး ထင်နေတာလား...

"ရှောင်ဟေး... ဒီကောင်နှစ်ယောက်က မင်းရဲ့အစာအိမ်ကို ဖြည့်ဖို့အတွက်ပဲ..."

ချန်ချင်းက ရှောင်လဲ့၏မေးခွန်းကို လျစ်လျူရှုကာ သူ၏ပခုံးပေါ်ရှိ ငရဲကိုးထပ် မသေမျိုးနဂါးဘက်သို့ လှည့်ပြောလိုက်သည်။

ချန်ချင်း၏ ခွင့်ပြုချက်ကို ရရှိပြီးနောက် ထိုနဂါးသည် အလွန်စိတ်လှုပ်ရှားနေပုံ ပေါက်နေသည်။

နတ်ဆိုးသားရဲတစ်ကောင်အနေဖြင့် လူသားမျိုးနွယ် ကျင့်ကြံသူများကို ဝါးမြိုခြင်းက သူ၏ ကျင့်ကြံခြင်းကို လျှင်မြန်စွာ တိုးတက်စေနိုင်သည်။

ဝါးမြိုခံရသော လူသားမျိုးနွယ် ကျင့်ကြံသူ ပို၍သန်မာအားကောင်းလေလေ ကျင့်ကြံခြင်းတိုးတက်မှုက ပို၍ကြီးမားလေလေပင်။

ဤသည်မှာ နတ်ဆိုးသားရဲများအတွက်သာ သီးသန့်ရှိသော သဘာဝ အခွင့်ထူးတစ်ခုဖြစ်ပြီး ထိုကိစ္စကြောင့် နတ်ဆိုးသားရဲများမှ လူသားမျိုးနွယ်အပေါ် တိုက်ခိုက်မှုများ အလွန်အဖြစ်များခြင်းဖြစ်သည်။

သို့သော် လူသားမျိုးနွယ် ကျင့်ကြံသူများကြားတွင် ဤကဲ့သို့လအပြုအမူကို မိစ္ဆာကျင့်ကြံခြင်းဟု သတ်မှတ်ကြသည်။

"ရပ်လိုက်စမ်း..."

ငရဲကိုးထပ် မသေမျိုးနဂါးက မင်းသား နှစ်ပါးဖြစ်သော ရှောင်လဲ့နှင့် ဆူးပိုင်တို့ကို အစာအဖြစ် ပြောင်းလဲရန် ပါးစပ်ဟလိုက်ချိန်မှာပင် အသံတစ်သံက ရုတ်တရက် ထွက်ပေါ်လာသည်။

မျက်စိတစ်မှိတ်အတွင်း အနက်ရောင်နှင့် အဖြူရောင် ဝတ်ရုံများ ဝတ်ဆင်ထားသော အဘိုးအိုနှစ်ဦး ထွက်ပေါ်လာပြီး ရှောင်လဲ့နှင့်ဆူးပိုင်တို့ကို ကာကွယ်ပေးလိုက်ကြ၏။

ခြေလှမ်းတစ်ဝက် အင်မော်တယ်ဧကရာဇ်၏ စွမ်းအားက ပတ်ဝန်းကျင်တဝိုက်လုံးကို တုန်ခါသွားစေသည်။

"ခြေလှမ်းတစ်ဝက် အင်မော်တယ်ဧကရာဇ်တွေ... သူတို့က ခြေလှမ်းတစ်ဝက် အင်မော်တယ်ဧကရာဇ်တွေပဲ..."

"ငါ ပြောသားပဲ... ထျန်းလုံမြို့က ဖရိုဖရဲ နေရာကြီးလေ... မင်းသားနှစ်ပါးက တာအိုအစောင့်အရှောက် တွေ မပါဘဲ ဘယ်လိုလုပ် သူတို့ချည်းသက်သက် လာနိုင်မှာလဲ... အဲ့ဒီ တာအိုအစောင့်အရှောက်နှစ်ယောက်ရဲ့ နောက်ခံက တကယ့်ကို အံ့အားသင့်ဖို့ကောင်းတာပဲ..."

"ခြေလှမ်းတစ်ဝက် အင်မော်တယ်ဧကရာဇ် နှစ်ယောက်... ကျွတ် ကျွတ် ကျွတ်... တော်ဝင်မင်းဆက် အင်အားစုတစ်ခုဖြစ်ဖို့ တကယ့်ကို ထိုက်တန်တာပဲ..."

"ငါ သိချင်တာက... လူသားမျိုးနွယ် ခြေလှမ်းတစ်ဝက် အင်မော်တယ်ဧကရာဇ် နှစ်ယောက်နဲ့ နတ်ဆိုးဘုရင် တစ်ပါး... ဘယ်သူနိုင်ပြီး ဘယ်သူ ရှုံးမလဲ ဆိုတာပဲ..."

"ဖြစ်နိုင်ခြေများတာကတော့... သူတို့တွေက တစ်ယောက်ကို ခြေတစ်လှမ်း နောက်ဆုတ်ကြပြီး... ဘာမှ ဖြစ်လာမှာ မဟုတ်ဘူး..."

...

မည်သို့ပင်ဖြစ်စေကာမူ မဟာဧကရာဇ်တစ်ပါးအနေဖြင့် ချန်ချင်း၏ အာရုံခံနိုင်စွမ်းသည် မြို့တစ်မြို့လုံးကို အချိန်တိုင်း လွှမ်းခြုံထားပြီး အမှောင်ထဲတွင် ပုန်းအောင်းနေသော ဤခြေလှမ်းတစ်ဝက် အင်မော်တယ်ဧကရာဇ် တာအိုအစောင့်အရှောက်နှစ်ဦး ရှိနေကြောင်းကို သူ ကြာမြင့်စွာကတည်းက သိရှိထားပြီး ဖြစ်လေ၏။

အကယ်၍ သူတို့သာ ငြိမ်ငြိမ်လေးနေပြီး ပွဲကို ကြည့်နေခဲ့ပါက ချန်ချင်းသည် သူတို့ကို ဘာမှလုပ်မည် မဟုတ်ချေ။

သို့သော် သူတို့က ရှေ့ထွက်လာပြီး သူ သတ်ချင်သော လူများကို ကာကွယ်ရန် အတင်းအကြပ် လုပ်ဆောင်နေသဖြင့် ချန်ချင်းသည် သူ၏လက်ထဲတွင် နောက်ထပ် အသက်အနည်းငယ် ထပ်မံ၍ သေရမည်ကို ဝန်လေးမည် မဟုတ်ချေ။

"မိတ်ဆွေလေး... ဖြစ်နိုင်ရင် သနားညှာတာမှု ပြသသင့်တယ်... ဘာလို့ ဒီလောက်ထိ ရက်စက်နေရတာလဲ..."

ခြေလှမ်းတစ်ဝက် အင်မော်တယ်ဧကရာဇ် တစ်ဦးက ပြောလိုက်သည်။

တခြားခြေလှမ်းတစ်ဝက် အင်မော်တယ်ဧကရာဇ် သည်လည်း သူ၏ဖိအားကို အတိုင်းအတာတစ်ခုထိ တိုးမြှင့်လိုက်၏။

သူ၏ရည်ရွယ်ချက်မှာ အလွန်ရှင်းလင်းသည်။ ချန်ချင်းကို ခြိမ်းခြောက်ရန်၊ အခြေအနေကို နားလည်စေရန်နှင့် အပြန်လမ်းမရှိသော လမ်းကြောင်းသို့ မသွားရန်တို့ကို တားဆီးရန်ဖြစ်သည်။

"ဆူညံလိုက်တာ..."

ချန်ချင်းက သူ၏လက်ကိုမြှောက်ကာ လက်ချောင်းထိပ်လေးဖြင့် ညင်သာစွာ ဝှေ့ယမ်းလိုက်သည်။

မည်သူမျှ မတုံ့ပြန်နိုင်မီမှာပင် လွန်ခဲ့သော အချိန်တခဏလေးကမှ အလွန်ကြီးကျယ်ခမ်းနားပြီး ကြောက်မက်ဖွယ်ကောင်းသည့် ခြေလှမ်းတစ်ဝက် အင်မော်တယ်ဧကရာဇ် အားကောင်းသူ နှစ်ဦးသည် ဝုန်းခနဲ အသံနှင့်အတူ ပေါက်ကွဲသွားသ​ည်။ သူတို့၏ ရုပ်ခန္ဓာကိုယ်များသည် လေထဲတွင် လွင့်မျောနေသော သွေးမြူတိမ်တိုက်နှစ်ခုအဖြစ် အစိတ်စိတ်အမွှာမွှာ အက်ကွဲသွားသည်။

...

ဆူညံနေသော အသံများသည် ချက်ချင်းဆိုသလိုပင် သုသာန်တစပြင်ကဲ့သို့ တိတ်ဆိတ်သွားသည်။

သူတို့သည် ဖြစ်နိုင်ခြေများစွာကို စိတ်ကူးယဉ်တွေးထင်ခဲ့ကြသော်လည်း ချန်ချင်းက ခြေလှမ်းတစ်ဝက် အင်မော်တယ်ဧကရာဇ်နှစ်ဦးကို သတ်ပစ်လိမ့်မည်ဟု သူတို့ တစ်ကြိမ်တစ်ခါမျှ ထင်မှတ်မထားခဲ့ကြချေ။ ချန်ချင်းသည် မျက်စိတမှိတ်အတွင်း ခြေလှမ်းတစ်ဝက် အင်မော်တယ်ဧကရာဇ်များကို သတ်ပစ်နိုင်လိမ့်မည်ဟုလည်း သူတို့ စိတ်ကူးယဉ်တွေးတောထားခြင်းလည်ူ မရှိပေ။ ထို့ပြင် ခြေလှမ်းတစ်ဝက် အင်မော်တယ်ဧကရာဇ်သည် နှစ်ယောက်တောင် ဖြစ်နေခြင်းပင်။

ခြေလှမ်းတစ်ဝက် အင်မော်တယ်ဧကရာဇ် တစ်ပါးကို သတ်ရသည်မှာ ဤမျှထိ လွယ်သလောဟု သူတို့ မတွေးဘဲ မနေနိုင်အောင် ဖြစ်သွားကြ၏။

ချန်ချင်းသည် ခုနစ်စင်ကြယ်ဓားမြှောင်ကို ထုတ်ယူကာ ခြေလှမ်းတစ်ဝက် အင်မော်တယ်ဧကရာဇ် နှစ်ဦး၏ သွေးချီစွမ်းအားကို စုပ်ယူပြီးနောက် ဓားရိုးပေါ်ရှိ နောက်ထပ်ကြယ်တစ်ပွင့် လင်းလာခဲ့သည်။

ယခုအချိန်၌ ဓားကြယ်ခုနစ်ပွင့်လုံးလင်းရန် ကြယ်တစ်ပွင့်သာ လိုတော့လေ၏။

"သေ... သေသွားပြီလား..."

ရှောင်လဲ့သည် လုံးဝစိတ်ဓာတ်ကျသွားပြီး သူ၏ မျက်လုံးသူငယ်အိမ်များ တုန်ယင်နေသည်။

ကျားဖြူနိုင်ငံ၏ ကျွမ်းကျင်သူများသည် မျက်စိတမှိတ်အတွင်း ချန်ချင်း၏သတ်ဖြတ်ခံလိုက်ရသည်ကို သူ နားမလည်နိုင်ခဲ့ချေ။

ဆူးပိုင်၏အခြေအနေမှာလည်း ပိုမကောင်းလှပါချေ။ သူ၏စိတ်ဝိညာဉ်သုံးခုနှင့် စိတ်ဆန္ဒခုနစ်ပါးအနက် အများစုကို ဆုံးရှုံးလိုက်ရသကဲ့သို့ သူ၏မျက်နှာ ပြာနှမ်းနေခဲ့လေ၏။

"ထင်ယောင်ထင်မှားပဲ... ဒါက ထင်ယောင်ထင်မှား ဖြစ်ရမယ်..."

ရှောင်လဲ့သည် ဤနည်းလမ်းဖြင့် ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့်ရန် ကြိုးစားခဲ့သည်။

သို့သော် နောက်တခဏတွင် ငရဲကိုးထပ် မသေမျိုးနဂါး၏ ဝါးမြိုခြင်းကို ခံရမည့် သူနှင့်ဆူးပိုင်တို့၏ ကံကြမ္မာကို မပြောင်းလဲနိုင်ခဲ့ချေ။

ဟိန်းဟောက်သံနှင့်အတူ နဂါးပါးစပ်ကြီး ပွင့်လာပြီး အားကောင်းသော စုပ်ယူမှုတစ်ခုက သူတို့၏ ရုပ်ခန္ဓာကိုယ်များကို မီးခိုးများနှင့်ဖုန်မှုန့်များကဲ့သို့ ချက်ချင်းပြန့်ကျဲသွားစေကာ လုံးလုံးလျားလျား ဝါးမြိုခြင်းခံလိုက်ရလေ၏။

ဆူးပိုင်နှင့်ရှောင်လဲ့တို့ကို ရှင်းလင်းပြီးနောက် ငရဲကိုးထပ် မသေမျိုးနဂါးသည် လာရာလမ်းအတိုင်း ပြန်သွားပြီး ချန်ချင်း၏ နောက်ထပ်ဆင့်ခေါ်မှုကို လိမ္မာစွာ စောင့်ဆိုင်းနေသည်။

ထို့နောက် ချန်ချင်းသည် လက်ရှိနေရာတွင် ရှိနေသူ များအားလုံးကို အကဲခတ်၍ ကြည့်လိုက်သည်။ သူ ကြည့်လိုက်သော လူများသည် ခေါင်းငုံ့ကာ မရုန်းကန်ရဲဘဲ မြေကြီးပေါ်တွင် လိမ္မာစွာ ဒူးထောက်နေကြပြီး သူ့အပေါ် လုံးဝရန်လိုမှုမရှိကြောင်း ချန်ချင်း သိစေရန် သူတို့ အတတ်နိုင်ဆုံး ကြိုးစားနေခဲ့ကြသည်။

"ဇနီးလေး... ဝင်သွားကြရအောင်..."

"ဟုတ်ကဲ့..."

ရှားချင်းယွဲ့သည် သူမ၏ လက်ကို ချန်ချင်း၏ဆန့်ထုတ်ထားသော လက်ထဲသို့ထည့်ကာ ထျန်းကျီ လေလံမြို့တော်ထဲသို့ သူနှင့်အတူ ဝင်ရောက်သွားသည်။

အပြင်ဘက် ပင်မတံခါးဝတွင် ဒူးထောက်နေသော အားကောင်းသည့် ကျင့်ကြံသူများနှင့် ချမ်းသာသော ကုန်သည် အများအပြားကို ချန်ထားရစ်ခဲ့ပြီး သူတို့သည် အလျှင်အမြန် မထရဲကြချေ။

တခြားတစ်ဖက်တွင်မူ...

ထျန်းလုံမြို့ မြို့တော်ဝန်စံအိမ်...

ပင်မခန်းမ၌...

စောင့်ကြည့်ရေး မှော်ရတနာတစ်ခုမှတဆင့် မြို့တော်ဝန်နှင့် သူ၏နံဘေးရှိ လူသည် ထျန်းကျီ လေလံမြို့တော် အပြင်ဘက်တွင် ဖြစ်ပျက်ခဲ့သမျှကို စောင့်ကြည့်နေခဲ့ကြ၏။

အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး နက်ရှိုင်းသော တုန်လှုပ်မှုမှ ပြန်လည်သက်သာလာရန် မြို့တော်ဝန် လင်းထျန်းလုံအတွက် အချိန်အတော်ကြာ ယူလိုက်ရပေသည်။ သူသည် သူ၏ဘေးရှိ လူကို ကြည့်ကာ မေးလိုက်သည်။

"သခင်... ဒီလူရဲ့ ကျင့်ကြံခြင်းက ဘယ်နယ်ပယ် လို့ ထင်လဲ..."

All Chapters