← Chapters

အခန်း ၂၁

Vol. 3 Ch. 21

အခန်း ၂၁

Vol. 3 Ch. 21

အခန်း (၂၁) သူက ဘာလို့ ထပ်ပြီးချောလာရတာလဲ

ဤအရာများ အားလုံးကို လုပ်ဆောင်ပြီးနောက် ချန်ချင်းသည် အခင်းဖြစ်ပွားရာ နေရာရှိ ကောင်းကင်ငှက်မွှေးဂိုဏ်း တပည့်များအားလုံး၏ ခေါင်းများကို ဖြတ်ကာ ယူဆောင်သွားရန် အရိပ်ရုပ်သေးရုပ်ကို အမိန့်ပေးလိုက်ပြီး သူတို့ကို ထိန်းသိမ်းထားသော အမှောင်ကမ္ဘာထဲသို့ ပျောက်ကွယ်သွားစေခဲ့လေ၏။ ခေါင်းမပါသော ခန္ဓာကိုယ်များကိုမူ ချန်ချင်းသည် တစ်စုံတစ်ယောက်အတွက် သတိပေးချက်အဖြစ် ထိုနေရာတွင်ပင် ချန်ထားရစ်ရန် ရွေးချယ်လိုက်သည်။

ထိုနောက် လူဒါဇင်ပေါင်းများစွာကို သတ်ဖြတ်ခဲ့သော်လည်း သူ့အပေါ် သွေးတစ်စက်မျှ မစွန်းထင်းဘဲ စိတ်အေးလက်အေး ပုံစံဖြင့် ချန်ချင်းသည် စိုးရိမ်ပူပန်နေသော ရှားချင်းယွဲ့၏နံဘေးသို့ ပြန်လာခဲ့လေ၏။ သူက အပြုံးတစ်ခုဖြင့် သူ၏ခန္ဓာကိုယ်ကို ကိုင်းညွတ်ကာ ပြောလိုက်သည်။

"သခင်မလေး... အဆင်ပြေသွားပြီ... အားလုံး ရှင်းလင်းပြီးသွားပါပြီ..."

"ဒီလောက်တောင် မြန်တာလား..."

ရှားချင်းယွဲ့က မေးမြန်းလိုက်သည်။ ဤအချိန်အတွင်း ရှားချင်းယွဲ့သည် ချန်ချင်း၏ ညွှန်ကြားချက်များကို လိုက်နာကာ တိုက်ပွဲဖြစ်ပွားရာ နေရာကို ကျောခိုင်းထားခဲ့ခြင်းဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သွေးထွက်သံယို မြင်ကွင်းများကို အမြောက်အမျာူ မြင်တွေ့ရခြင်းက သူမအား ကြောက်လန့်စေပြီး အိပ်မက်ဆိုးများမက်ကာ အိပ်မပျော်ဖြစ်မည်ကို ချန်ချင်းက စိုးရိမ်သောကြောင့်ပင်။ အနာဂတ်တွင် ကောင်းကင်အမိန့်တော် ဧကရီဖြစ်လာမည့်သူ ဖြစ်သော်လည်း လက်ရှိချိန်၌ ရှားချင်းယွဲ့သည် သူမ၏ နိုးထခြင်းကို မခံစားရသေးချေ။ ထိုကြောင့် ချန်ချင်း၏ အမြင်တွင် သူမသည် နူးညံ့သိမ်မွေ့ကာ အားနည်းပြီး အလွယ်တကူ လဲကျသွားနိုင်သော သနားစရာ မိန်းကလေးလေး တစ်ယောက်သာ ဖြစ်ပေ၏။ အရေးအကြီးဆုံးမှာ သူ ရရှိရန် ဆုလာဘ်များ ရှိနေခြင်းပင်။ ဤသည်ကို ဇနီးသည်အား အလိုလိုက်ခြင်းဟု မည်သို့ မသတ်မှတ်ဘဲ နေနိုင်မည်နည်း။

【ဇနီးသည်ကို အလိုလိုက်ခြင်း အောင်မြင်ပါသည်... အိမ်ရှင်က ကျပန်းဆုလာဘ်အဖြစ် ဆွဲဆောင်မှုအမှတ် ၅၀မှတ်ကို ရရှိသည့်အတွက် ဂုဏ်ယူပါသည်...】

ဆွဲဆောင်မှုအမှတ်များကို ရရှိပြီးနောက် ချန်ချင်း၏ စရိုက်လက္ခဏာ၊ ပုံရိပ်နှင့် တခြားသွင်ပြင်လက္ခဏာများအပေါ် စတင်သက်ရောက်မှု ရှိလာချိန်၌ ရှားချင်းယွဲ့သည် သူ့ကို နောက်တစ်ကြိမ် ကြည့်လိုက်ပြီး တခဏမျှ အကြည့်မလွှဲနိုင် ဖြစ်သွားလေ၏။ သူမ၏ မျက်ခုံးများ အနည်းငယ် တွန့်ကွေးသွားခဲ့သည်။ အကြောင်းပြချက် တစ်ခုခုကြောင့် ရှားချင်းယွဲ့သည် ချန်ချင်းက ယခင်ကထက် များစွာပို၍ ချောမောခန့်ညားလာသည်ဟု အမြဲတစေ ခံစားနေရပေ၏။ သူမသည် မျက်လုံးများကို ပိတ်ကာ ခေါင်းကို ညင်သာစွာ ခါယမ်းလိုက်ပြီးနောက် ပြန်ကြည့်ရန် မျက်လုံးများကို ဖွင့်လိုက်သည်။ သူမ အတည်ပြုပြီးနောက် ထင်ယောင်ထင်မှားဖြစ်ခြင်း မဟုတ်ဘဲ သူ အမှန်တကယ်ကို ပို၍ချောမောလာသည်ကို သိရှိလိုက်ရသည်။

ဤကိစ္စနှင့် ပတ်သက်၍ ရှားချင်းယွဲ့သည် သူမ၏ ကဏဦးအတွေးကိုသာ ဆက်လက်၍ ဆုပ်ကိုင်စွဲထားဆဲပင်။ လူတစ်ယောက်၏ ရုပ်ရည်သွင်ပြင်သည် အရွယ်ရောက်ပြီးနောက်တွင် များသောအားဖြင့် များစွာပြောင်းလဲလေ့မရှိချေ။ သူ၏အပေါ်ယံအရေပြား မည်မျှပင် ပြောင်းလဲစေကာမူ အရိုးတည်ဆောက်ပုံကမူ ပြောင်းလဲမည် မဟုတ်ပေ။ ရက်အနည်းငယ်အတွင်း အကြိမ်ပေါင်းများစွာ တိုးတက်လာခြင်းကိုမူ ဆိုဖွယ်ရာပင် မရှိတော့ချေ။

"ဖြစ်နိုင်တာက... ငါ... ငါ တကယ်ပဲ သူ့ကို သဘောကျသွားတာများလား..."

အလှတရားသည် ကြည့်ရှုသူ၏ မျက်စိထဲတွင်သာ ရှိသည် ဟူသော ဖြစ်နိုင်ခြေမှလွဲ၍ ရှားချင်းယွဲ့သည် တခြားပို၍သင့်လျော်သော ရှင်းလင်းချက်တစ်ခုကို အမှန်တကယ်ပင် စဉ်းစား၍မရခဲ့ချေ။

ချန်ချင်းသည် ဤအရာကို သတိမပြုမိဘဲ ပြောလိုက်၏။

"သခင်မလေး... ဒီနေ့ မီးပုံးပွဲတော် လည်ပတ်တာကိုတော့ စောစောအဆုံးသတ်ရလိမ့်မယ် ထင်တယ်..."

"ရှင်က ကောင်းကင်ငှက်မွှေးဂိုဏ်းကို အရေးယူဖို့ စီစဉ်နေတာလား..."

ရှားချင်းယွဲ့က တခဏမျှ တွေးတောလိုက်ပြီး ချန်ချင်း ဘာလုပ်ရန် ရည်ရွယ်ထားသည်ကို အလွယ်တကူ ခန့်မှန်းနိုင်ခဲ့သည်။

"သခင်မလေး မြင်တဲ့အတိုင်းပဲ... ငါ သူတို့ကို နောင်တရဖို့ အခွင့်အရေး ပေးခဲ့တယ်... ဒါပေမဲ့ သူတို့က ထိန်းသိမ်းရမယ့်အစား ငါ့ရဲ့အသက်ကို ယူဖို့ ပိုများပြီး ပိုအားကောင်းတဲ့ လူသတ်သမားတွေကို လွှတ်ပြီး သူတို့ရဲ့ ကြိုးပမ်းမှုတွေကို ပိုလုပ်လာကြတယ်... တကယ်လို့ ငါက အဆုံးအစမရှိ ဆက်ပြီး သည်းခံနေအုံးမယ်ဆိုရင် ငါက ယောက်ျားစစ်တစ်ယောက်လို့ သတ်မှတ်ခံရပါအုံးမလား..."

ချန်ချင်းက သူ၏ ရပ်တည်ချက်ကို ရှင်းလင်းစွာ ဖော်ပြလိုက်သည်။

"ကောင်းကင်ငှက်မွှေးဂိုဏ်းက မဟာဂိုဏ်းကြီးဆယ်ဂိုဏ်းထဲမှာ မပါဝင်ပေမဲ့ သူ့တို့ရဲ့ အင်အားကိုတော့ လျှော့တွက်လို့မရဘူး... ဒီလိုလုပ်တာက အရမ်း အန္တရာယ်မများလွန်းဘူးလား..."

"မနက်ဖြန်အထိ စောင့်ရင်ရော ဘယ်လိုလဲ... မနက်ဖြန်မနက်ကျရင် ကျွန်မက တော်ဝင်နန်းတော်ကို သွားပြီး ခမည်းတော်ကို ဒီကိစ္စအကြောင်း ပြောပြမယ်... ဒါဆိုရင် သူ ရှင့်အတွက် ဆုံးဖြတ်ချက် တစ်ခုခု ချပေးနိုင်လိမ့်မယ်..."

ရှားချင်းယွဲ့သည် ချန်ချင်းက စိတ်လိုက်မာန်ပါ လုပ်ဆောင်ပြီး သူ့ကိုယ်သူ ထိခိုက်နစ်နာစေမည်အား စိုးရိမ်နေသည်။

"သခင်မလေးက ငါ့အတွက် စိုးရိမ်နေတာလား..."

ချန်ချင်းက စကားလမ်းကြောင်း ပြောင်းလိုက်သည်။

"ဘာဖြစ်လို့လဲ... ကျွန်မ ရှင့်အတွက် စိုးရိမ်လို့ မရဘူးလား..."

ရှားချင်းယွဲ့က သူမ၏နှုတ်ခမ်းကို အနည်းငယ်ဆူကာ ဒေါသတကြီး ပြန်လည်ချေပလိုက်၏။

"သေချာပေါက် ရတာပေါ့... မင်းက ငါ့ရဲ့ဇနီးပဲ...ပြီးတော့ ငါ့ရဲ့အဖေအိုကြီးကလွဲရင် ငါ့အတွက် စိုးရိမ်ပေးပိုင်ခွင့် မင်းထက်ပိုရှိတဲ့သူဆိုလို့ ဘယ်သူမှ မရှိဘူး..."

ချန်ချင်းက တည်ကြည်လေးနက်စွာ ပြောလိုက်သည်။

"သခင်မလေးက ငါ့အတွက် ဒီလောက်တောင် စိုးရိမ်နေမှတော့... ငါနဲ့အတူ ကောင်းကင်ငှက်မွှေးဂိုဏ်းကို လိုက်ခဲ့ပါလား... တကယ်လို့ တစ်ခုခု ဖြစ်လာရင်တောင် မင်းရဲ့ မင်းသမီး အဆင့်အတန်းနဲ့ဆိုတော့ သူတို့ အဆင်အခြင်မဲ့ လှုပ်ရှားရဲမှာ မဟုတ်ဘူးလေ... ဟုတ်တယ်မလား..."

"အင်း... ကျွန်မကိုသာ လွှဲထားလိုက်..."

ရှားချင်းယွဲ့က လေးလေးနက်နက် ခေါင်းညိတ်ကာ သဘောတူလိုက်သည်။ သူတို့၏အကြံအစည်များ သဘောတူညီမှု ရရှိသွားသည်နှင့် တပြိုင်နက် ချန်ချင်းသည် အလျင်အမြန် လှုပ်ရှားကာ ရှားချင်းယွဲ့ကို မြေကြီးပေါ်မှ ပွေ့ချီလိုက်၏။

"ရှင်... ရှင် ဘာလုပ်တာလဲ..."

ရှားချင်းယွဲ့ လန့်ဖျပ်သွားသည်။

"ဒီတောင်က မြင့်ပြီး လမ်းကလည်း ရှည်တယ်... သခင်မလေးက အဲ့ဒီအထိ တကယ်ကြီး လမ်းလျှောက်သွားချင်လို့လား..."

ချန်ချင်းက မေးလိုက်သ​ည်။

"ရထားလုံး မရှိဘူးလား..."

ရှားချင်းယွဲ့၏ ပါးပြင်များ နီရဲသွားသည်။

"အမြန်ဆုံး အရှိန်နှုန်းနဲ့ သွားရင်တောင် မဟာဝူ မြို့တော်ကနေ ကောင်းကင်ငှက်မွှေးဂိုဏ်းကို ရောက်ဖို့ အနည်းဆုံး နှစ်ရက်ကြာလိမ့်မယ်... ဒါပေမဲ့ ငါ့ရဲ့ ခြေထောက် အမြန်နှုန်းနဲ့ဆိုရင် အများဆုံး နာရီဝက်ပဲ ကြာလိမ့်မယ်..."

ချန်ချင်းက သုံးသပ်ပြကာ ရှားချင်းယွဲ့အား ရွေးချယ်ခွင့် ပေးလိုက်၏။

အချိန်ကုန်သက်သာမှုနှင့် နှိုင်းယှဉ်ပါက ရှားချင်းယွဲ့သည် အချိန်ဆွဲနေမည်ဆိုပါက သူတို့ စေလွှတ်လိုက်သော တပည့်အားလုံး ချန်ချင်း၏ လက်ချက်ဖြင့် သေဆုံးသွားကြောင်း ကောင်းကင်ငှက်မွှေးဂိုဏ်းက သိရှိသွားချိန်တွင် အမုန်းတရားများ လွှမ်းမိုးသွားပြီး ပိုမို ပြင်းထန်စွာ လက်စားချေရန် ကြိုးစားလာမည်ကို သူမ ပို၍စိုးရိမ်နေခဲ့သည်။ အခြေအနေများသည် ပြန်လည်မပြင်ဆင်နိုင်သည့် အနေအထားအထိ ကြီးထွားမလာစေရန် ရှားချင်းယွဲ့သည် စကားလုံးများအစား လုပ်ဆောင်ချက်ဖြင့် တုံ့ပြန်လိုက်ကာ သူမ၏ လက်များကိုမြှောက်ပြီး ချန်ချင်း၏ လည်ပင်းတွင် ချိတ်လိုက်သည်။

"ဉာဏ်ကောင်းတဲ့ ရွေးချယ်မှုပဲ..."

ချန်ချင်း၏ နှုတ်ခမ်းများတွင် ခပ်ဖျော့ဖျော့ အပြုံးတစ်ခု ကွေးတက်သွားခဲ့ပေ၏။ ထိုနောက် ချက်ချင်းဆိုသလိုပင် စိတ်ဝိညာဉ်စွမ်းအင်များသည် သူ၏ ခြေထောက်များကို လွှမ်းခြုံသွားပြီး သူသည် အမိုးစွန်းများကြားတွင် ငှက်တစ်ကောင်ကဲ့သို့ ပေါ့ပါးစွာ၊ အလင်းတန်းတစ်ခုကဲ့သို့ လျှင်မြန်စွာ ခုန်ပျံသွားလာခဲ့သည်။

မျက်စိတစ်မှိတ်အတွင်း နာရီဝက် ကုန်ဆုံးသွားခဲ့သည်။

ချန်ချင်းသည် မဟာဝူမြို့တော်မှတစ်ဆင့် မသေမျိုး ဖီးနစ်တောင်တန်းအထိ သူ၏လှုပ်ရှားမှုနည်းစနစ်ကို အသုံးပြုကာ ရှားချင်းယွဲ့ကို သယ်ဆောင်လာခဲ့သည်။ မကြာမီမှာပင် သူတို့သည် တိမ်များအထက်တွင် တည်ဆောက်ထားကာ အဆောက်အအုံများ၏ တစ်ဝက်ခန့်ကိုသာ မြင်တွေ့ရသော ကောင်းကင်ငှက်မွှေးဂိုဏ်းကို မြင်တွေ့လိုက်ရ​၏။

"ဘယ်သူလဲ... ကောင်းကင်ငှက်မွှေးဂိုဏ်းကို ကျူးကျော်ဝင်ရောက်ရဲတယ်ပေါ့... မင်းတို့က ကောင်းကင်ငှက်မွှေးဂိုဏ်းကို ဝင်ချင်လို့များလား... အချိန်မတန်သေးပေမဲ့ မင်းတို့က လုံလောက်တဲ့ ရိုးသားမှုကို ပြသနိုင်ရင် ငါက ချွင်းချက်အနေနဲ့ မင်းတို့ နှစ်ယောက်ကို တောင်ပေါ်တက်ခွင့် ပြုကောင်း ပြုနိုင်မယ်..."

တောင်ခြေရှိ အစောင့်များသည် ချန်ချင်းနှင့် ရှားချင်းယွဲ့တို့ကို စိမ်းသက်သက်မျက်နှာများအဖြစ် မြင်တွေ့လိုက်ရသောအခါ သူတို့၏ လှံရှည်များကို အလျှင်အမြန်မြှောက်ကာ အော်ဟစ်လိုက်ကြသည်။ ထိုအချိန်အတွင်း သူတို့၏ မျက်လုံးများသည် ချန်ချင်းနှင့် ရှားချင်းယွဲ့တို့ကို အဆက်မပြတ် အကဲခတ်နေကြ၏။ သူတို့၏ အကြည့်များသည် ချန်ချင်းအပေါ် တခဏကြာမျှ ကျရောက်သွားပြီးနောက် ဖယ်ခွာသွားကာ ရှားချင်းယွဲ့အပေါ်တွင် ပိုမိုကြာရှည်စွာ စွဲထင်နေခဲ့ကြသည်။

"ရှင်က ရိုးသားမှုကို ဘယ်လောက်ထိ လိုချင်တာလဲ..."

ရှားချင်းယွဲ့က ထိုအစောင့်အား မေးမြန်းလိုက်၏။ ဤတစ်ကြိမ်တွင် ကောင်းကင်ငှက်မွှေးဂိုဏ်းသို့ ရှားချင်းယွဲ့ လာရောက်ရခြင်း၏ အဓိကရည်ရွယ်ချက်မှာ ငြိမ်းချမ်းရေး ဆွေးနွေးရန်ပင်။ အစောင့်၏ ငွေညှစ်မှုကြောင့် သူမ စိတ်အနှောင့်အယှက် ဖြစ်ရသော်လည်း သူမသည် စိတ်ရှည်စွာဖြင့် စမ်းသပ်မေးမြန်းလေသည်။

"သူ့အတွက်ကတော့ စိတ်ဝိညာဉ်ကျောက်တုံး နည်းနည်းပေးလိုက်ရင် ရပြီ... မင်းအတွက်ကတော့..."

အစောင့်၏ စကားများ ရပ်တန့်သွားပြီး သူ၏ မျက်လုံးများတွင် ကာမရာဂများ ပြည့်နှက်လာကာ သူ၏လျှာကိုထုတ်၍ နှုတ်ခမ်းကို သပ်လိုက်သည်။

【ဇနီးသည်ကို အလိုလိုက်ခြင်း အောင်မြင်ပါသည်... အိမ်ရှင်က ကျပန်းဆုလာဘ်အဖြစ် ပဉ္စမအဆင့် လေပြင်းဆေးလုံး ၃၀ကို ရရှိသည့်အတွက် ဂုဏ်ယူပါသည်...】

ချန်ချင်းသည် ရှားချင်းယွဲ့ကို လမ်းတလျှောက်လုံး သယ်ဆောင်လာခြင်းအတွက် ဆုလာဘ်ကို ယခုလေးတင် တောင်းခံပြီးစီးခဲ့ခြင်း ဖြစ်ပေ၏။ အစောင့်၏ စကားများကို ကြားရပြီး ထိုလူ၏ ကာမရာဂများ ပြည့်နှက်နေသော မျက်နှာကို မြင်လိုက်ရသောအခါ ချန်ချင်းသည် စနစ်မျက်နှာပြင်ကို ချက်ချင်းဖျောက်ထားလိုက်သည်။ သူသည် ယခင်က ရရှိထားသော မြေကမ္ဘာအဆင့်နိမ့် လမင်းသုတ်သင်ဓားကို လက်တစ်ဖက်ဖြင့် ဆင့်ခေါ်လိုက်ကာ တစ်ချိန်တည်းမှာပင် တခြားလက်တစ်ဖက်ကို ဆန့်တန်း၍ ရှားချင်းယွဲ့၏ ပခုံးကို ဆွဲကိုင်ကာ သူမကို သူ၏ ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်သည်။ သူမက အစောင့်ကို ကျောခိုင်းထားစဉ်မှာပင် သူသည် တောက်ပသော လမင်းကိုပင် ယှဉ်နိုင်သည့် ကြီးမားကျယ်ပြန့်သော ဓားချီအလင်းတန်းတစ်ခုကို ထုတ်လွှတ်လိုက်တော့သည်။

All Chapters