← Chapters

အခန်း ၈၅

Vol. 9 Ch. 85

အခန်း ၈၅

Vol. 9 Ch. 85

အခန်း (၈၅) ဧကရီ၏ အန္တရာယ်အာရုံခံစားမှု

ခြေလှမ်းတစ်ဝက် အင်မော်တယ်ဧကရာဇ်များကို ပြတ်ပြတ်သားသား ဖယ်ရှားပြီး တော်ဝင်မင်းသားနှစ်ပါးကို သတ်ဖြတ်ကာ အထွတ်အထိပ်ရတနာ ဆယ်ခုလုံးကို ဝယ်ယူရန် စိတ်ဝိညာဉ်ကျောက်တုံး သန်းထောင်သောင်းချီပြီး ရက်ရက်ရောရော သုံးစွဲခဲ့သော အစွမ်းထက်ပုဂ္ဂိုလ်မှာ....

ထိုနေ့က ချင်းထန်ဂိုဏ်းတွင် သူမ ငြင်းပယ်ခဲ့သော လူငယ်ဧကရာဇ်နှင့် တစ်ဦးတည်းဖြစ်ကြောင်း အတည်ပြုပြီးနောက် လင်းရော့ရွှယ်၏အူများသည် နောင်တကြောင့် တွန့်လိမ်သွားပေ၏။

သူမ အလွန်နောင်တရလွန်းသဖြင့် သူမ၏အူများ စိမ်းသွားသည်ဟု ပြောလျှင်ပင် ပုံကြီးချဲ့ရာ မရောက်ချေ။

ချန်ချင်းကို ငြင်းပယ်ရန် ရည်ရွယ်ခဲ့သော သူမ၏ အတိတ်က ပုံရိပ်ထံသို့ ယခုချက်ချင်း ကူးပြောင်းသွားပြီး သူမကိုယ်သူမ ပါးရိုက်ကာ ထိုကဲ့သို့သော မိုက်မဲသည့် လုပ်ရပ်မျိုး မလုပ်ရန် ဆဲဆိုချင်နေခဲ့သည်။ အကြောင်းအရင်းမှာ ဤသည်က သူမဘဝ၏ အကြီးမားဆုံးသော အခွင့်အရေး ဖြစ်နေသောကြောင့်ပင်။

အချိန်တခဏကြာမျှ စဉ်းစားပြီးနောက် လင်းရော့ရွှယ်သည် ချန်ချင်းကို ရုတ်တရက် မော့ကြည့်လိုက်ရာ သူမ၏အကြည့်မှာ ယခင်ကထက် များစွာပို၍ပြတ်သားနေပြီး ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်သကဲ့သို့ ဖြစ်နေလေ၏။

"ဆရာ... တပည့် ဟိုဘက် သွားလိုက်ဦးမယ်..."

ထိုသို့ပြောပြီးသည်နှင့် လင်းရော့ရွှယ်သည် လှုပ်ရှားလိုက်ပြီး ချန်ချင်းဆီသို့ လျှောက်လှမ်းသွားခဲ့သည်။

သူမက လုလန်ကို တုံ့ပြန်ရန် အခွင့်အရေး မပေးခဲ့ချေ။

ဤအချိန်အတွင်း လင်းရော့ရွှယ်၏စိတ်အာရုံသည် ချန်ချင်းအပေါ်တွင်သာ လုံးလုံးလျားလျား ရှိနေပြီး သူ၏နံဘေးတွင် ရပ်နေသော ရှားချင်းယွဲ့ကို တစ်ချက်မျှပင် မကြည့်ခဲ့ချေ။

တခြားတစ်ဖက်တွင်မူ ရှားချင်းယွဲ့က လင်းရော့ရွှယ် ချဉ်းကပ်လာသည်ကို သူမ၏မျက်လုံးများဖြင့် မမှိတ်မသုန် စိုက်ကြည့်နေခဲ့သည်။

လင်းရော့ရွှယ်၏မျက်လုံးများမှ ဖုံးကွယ်မထားသော တပ်မက်မှုကို ရှားချင်းယွဲ့ မြင်တွေ့လိုက်ရသည်။

သူမ အကြောက်ဆုံးအရာ အမှန်တကယ် ဖြစ်လာခဲ့လေပြီ။

မျက်စိတစ်မှိတ်အတွင်း လင်းရော့ရွှယ်သည် ချန်ချင်း၏ရှေ့သို့ ရောက်ရှိလာပြီး ဆွဲဆောင်မှုရှိသော ကိုယ်ဟန်အမူအရာဖြင့် ပြောလိုက်သည်။

"သခင်လေးချန် ...ဒီအညတရက သခင်လေးရဲ့ ကျင့်ကြံခြင်းကို ကူညီဖို့အတွက် သခင်လေးနဲ့ နှစ်ကိုယ်တူကျင့်ကြံခြင်းလုပ်ဖို့ ကျွန်မရဲ့ ခန္ဓာကိုယ်ကို ဆက်သဖို့ ဆန္ဒရှိပါတယ်... ကျေးဇူးပြုပြီး ကျွန်မကို လက်ခံပေးပါ..."

လင်းရော့ရွှယ်၏ လက်ရှိအသွင်အပြင်သည် လွန်ခဲ့သော ရက်အနည်းငယ်က ချန်ချင်း၏ နှစ်ကိုယ်တူကျင့်ကြံခြင်း မီးပြင်းဖိုဖြစ်ရန် ပြတ်ပြတ်သားသား ငြင်းဆန်ခဲ့စဉ်ကနှင့် လုံးဝကွာခြားနေသည်။

ရှားချင်းယွဲ့၏ မျက်လုံးထဲတွင် လင်းရော့ရွှယ်သည် ဂိုဏ်းတစ်ခု၏သူတော်စင်မိန်းမပျိုတစ်ဦးထက် ယခုအချိန်၌ ပြည့်တန်ဆာအိမ်အပြင်ဘက်တွင် ဖောက်သည်များကို ဆွဲဆောင်နေသော ပြည့်တန်ဆာ တစ်ဦးနှင့် တူညီနေသည်။

ဤအရာက ရှားချင်းယွဲ့၏ စိတ်ထဲတွင် "စွမ်းအားကြီးသူကသာ အမြင့်ဆုံး စိုးစံသည်" ဟူသော စကားစု၏ ဩဇာလွှမ်းမိုးမှုကို ပို၍အလေးပေး ဖော်ပြလိုက်သည်။

တစ်ချိန်တည်းမှာပင် စိုးရိမ်ပူပန်မှုတစ်ခုက ရှားချင်းယွဲ့၏ စိတ်နှင့်ခန္ဓာကိုယ်ကို လွှမ်းခြုံသွားတော့သည်။

ချန်ချင်းသည် လင်းရော့ရွှယ်၏ဆွဲဆောင်မှုများကို တောင့်မခံနိုင်ဘဲ သဘောတူညီသွားမည်ကို သူမ အမှန်တကယ်ပင် စိုးရိမ်နေခဲ့လေ၏။

ဤခေတ်တွင် ဇနီးသုံးယောက်နှင့် မောင်းမလေးယောက်ရှိခြင်းမှာ ပုံမှန်ဖြစ်သော်လည်း အမျိုးသမီး ဘယ်နှစ်ယောက်က သူမတို့၏ခင်ပွန်းကို တခြားသူများနှင့် ဝေမျှရန် အမှန်တကယ် လိုလိုလားလား ရှိမည်နည်း။

ရှားချင်းယွဲ့က သူမ ဂရုမစိုက်ဟု ပြောလျှင်ပင် သူမ၏ နက်ရှိုင်းသော အတွင်းစိတ်ထဲတွင် နာကြည်းမှုတချို့ ရှိနေပေမည်။

သို့သော် ချန်ချင်း ပြောဆိုလိုက်သော စကားများက ရှားချင်းယွဲ့၏ စိုးရိမ်နေသော နှလုံးသားကို ချက်ချင်း တည်ငြိမ်သွားစေခဲ့လေ၏။

"မိန်းကလေးလင်း ... မင်းရဲ့ ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်... ဒါပေမဲ့ ငါ ချန်ချင်းက ဒီဘဝမှာ မိန်းကလေးတစ်ယောက်ကိုပဲ ချစ်မှာပါ... ပြီးတော့ ငါ့ရဲ့ဇနီးကို ဘယ်တော့မှ သစ္စာဖောက်မှာ မဟုတ်ဘူး..."

【ဇနီးသည်ကို အလိုလိုက်ခြင်း အောင်မြင်ပါသည်... အိမ်ရှင်က ကျပန်းဆုလာဘ်အဖြစ် သက်ရှည်သစ်သီး အလုံး၁၀၀ကို ရရှိသည့်အတွက် ဂုဏ်ယူပါသည်...】

"သခင်လေးရဲ့ အချစ်ကို ကျွန်မ မတောင်းဆိုပါဘူး... ကျွန်မကို အသုံးချခံပစ္စည်းတစ်ခုအနေနဲ့ အသုံးပြုရင်တောင် အဆင်ပြေပါတယ်... သခင်လေးရဲ့နံဘေးမှာ ကျွန်မကို ထားပေးသရွေ့ပေါ့..."

ကျွန်မကို အသုံးချခံပစ္စည်းတစ်ခုအနေနဲ့ အသုံးပြုရင်တောင်... အဆင်ပြေပါတယ်...

လင်းရော့ရွှယ်၏ စကားများသည် ချန်ချင်းနှင့် ရှားချင်းယွဲ့တို့ကို အံ့အားသင့်သွားစေရုံသာမက သူမ၏ ဆရာလုလန်ပင်လျှင် တစ်နေ့တွင် လင်းရော့ရွှယ်၏ ပါးစပ်မှ ဤကဲ့သို့ စကားမျိုး ကြားရလိမ့်မည်ဟု တစ်ကြိမ်တစ်ခါမျှ ထင်မှတ်မထားခဲ့ချေ။

ချန်ချင်းဟူသော ဤသစ်ပင်ကြီးကို တွယ်ကပ်ရန်အတွက် သူမသည် ဤမျှအထိ ကိုယ့်ကိုယ်ကိုယ် နှိမ့်ချရန် ဆန္ဒရှိနေသည်။

"မလိုဘူး..."

ချန်ချင်း၏ သဘောထားမှာ ပြတ်သားနေခဲ့လေ၏။

"ငါ့ရဲ့နှလုံးသားရော... ငါ့ရဲ့ခန္ဓာကိုယ်ကပါ ငါ့ဇနီးကို ဘယ်တော့မှ သစ္စာဖောက်မှာ မဟုတ်ဘူး..."

ချန်ချင်းက ရှားချင်းယွဲ့ကို ကြည့်ရင်း ပြောလိုက်သည်။

"ခင်ပွန်း..."

ရှားချင်းယွဲ့၏မျက်လုံးများတွင် မျက်ရည်စများ ရစ်သိုင်းလာပြီး သူမ၏နက်ရှိုင်းသော ခံစားချက်ကို သူမ၏မျက်နှာပေါ်တွင် ရှင်းလင်းစွာ ရေးသားထားသည်။

【ဇနီးသည်ကို အလိုလိုက်ခြင်း အောင်မြင်ပါသည်... အိမ်ရှင်က ကျပန်းဆုလာဘ်အဖြစ် နားလည်နိုင်စွမ်းအမှတ် ၅၀၀ကို ရရှိသည့်အတွက် ဂုဏ်ယူပါသည်...】

"ဇနီးလေး... မဟာဝူကို ပြန်ကြရအောင်..."

ချန်ချင်းသည် ရှားချင်းယွဲ့၏လက်ကို ကိုင်ကာ လင်းရော့ရွှယ်ကို လျစ်လျူရှုပြီး ထျန်းကျီ လေလံမြို့တော်မှ ထွက်ခွာသွားရန် ဆုံးဖြတ်လိုက်၏။

"ဟုတ်ကဲ့..."

ရှားချင်းယွဲ့က သဘောတူပြီး သူမ၏လက်ချောင်းများကို ချန်ချင်း၏ လက်ချောင်းများနှင့် တင်းကျပ်စွာ ယှက်နွယ်ထားလိုက်သည်။

ဤအချိန်တွင် ရှားချင်းယွဲ့သည် ချန်ချင်းနှင့် ပေါင်းဖက်ရခြင်းအတွက် အလွန်ကံကောင်းသည်ဟု ခံစားမိသည်။

သူမ ဆုံးဖြတ်ချက်တစ်ခု ချရမည့်အချိန်သို့ ရောက်ပြီဟု သူမ ခံစားမိလေ၏။

သူမ၏စွမ်းအားကို မည်သို့မြှင့်တင်ရမည် ဆိုသည်ကိုသာ သူမ အာရုံစိုက်နေ၍ မရချေ။ ကိစ္စတချို့ကို နောက်ကျမှ စဉ်းစားခြင်းထက် စောစီးစွာ စဉ်းစားသင့်သည်။

သူမခင်ပွန်း၏ဆွဲဆောင်မှုကြောင့် လင်းရော့ရွှယ်ကဲ့သို့ အမျိုးသမီးများသည် နောက်ဆုံးလူ သေချာပေါက် ဖြစ်မည်မဟုတ်ကြောင်း ရှားချင်းယွဲ့ အတပ်သိနေခဲ့သည်။

အနာဂတ်တွင် ချန်ချင်း၏ ပြိုင်ဘက်ကင်းနာမည်သည် ကျယ်ပြန့်စွာ ပျံ့နှံ့သွားသည်နှင့်အမျှ လင်းရော့ရွှယ်ထက် ပို၍ထူးချွန်သော အမျိုးသမီးများ ပို၍များပြားစွာ တွယ်ကပ်လာကြပေမည်။

ရှားချင်းယွဲ့၏အမြင်အရ အကယ်၍ သူမသည် ချန်ချင်းကို တစ်ဦးတည်း ပိုင်ဆိုင်လိုပါက သူမသည် သူ၏ နှလုံးသားကို သူမတစ်ဦးတည်း ပိုင်ဆိုင်ရမည်ဖြစ်ပြီး... သူ၏ခန္ဓာကိုယ်ကိုလည်း ပိုင်ဆိုင်ရပေမည်။

ချန်ချင်းကို အဆက်မပြတ် စိတ်ဝင်စားနေစေရန် သူမထံတွင် လုံလောက်သော ဝှက်ဖဲများ ရှိသည်ဟု ရှားချင်းယွဲ့ မယုံကြည်ချေ။

ပထမဆုံးတွေ့ဆုံချိန်တွင် မြင်မြင်ချင်းချစ်မိသွားခြင်း၏ အကျိုးသက်ရောက်မှု မည်မျှပင် အားကောင်းစေကာမူ အပြန်အလှန် မရှိပါက မှေးမှိန်သွားမည့်နေ့ အမြဲတစေ ရှိနေပေမည်။

"သခင်လေး..."

သူတို့နှစ်ဦး ထွက်ခွာသွားသည်ကို ကြည့်ရင်း လင်းရော့ရွှယ်သည် သူမ၏နှုတ်ခမ်းကို ကိုက်ကာ လက်မလျှော့ချင်သေးချေ။

ဤနေရာတွင်ပင် ချန်ချင်းနှင့်သူမတို့၏ ဆက်ဆံရေးကို အကောင်အထည်ဖော်ရန် တဒင်္ဂအတွေးတစ်ခုပင် သူမထံတွင် ရှိနေခဲ့လေ၏။

သို့သော် သူမ မလှုပ်ရှားနိုင်မီမှာပင် သူမ၏ဆရာ လုလန်သည် ခြေတစ်လှမ်းရှေ့တိုးလာကာ သူမ၏လမ်းကို ပိတ်ဆို့ဟန့်တားလိုက်သည်။

"တော်သင့်ပြီ... ဒီနေရာမှာတင် ရပ်လိုက်တော့..."

"ဆရာ... ဘာလို့ တပည့်ရဲ့ ပျော်ရွှင်မှု ရှာဖွေတာကို တားဆီးနေရတာလဲ..."

လင်းရော့ရွှယ် နားမလည်နိုင်ခဲ့ချေ။

"မင်းက ပျော်ရွှင်မှုကို ရှာဖွေနေတာလား... သေလမ်းကို ရှာနေတာ မဟုတ်ဘူးဆိုတာ သေချာရဲ့လား..."

လုလန်က လင်းရော့ရွှယ်အား ကိုယ့်ကိုယ်ကိုယ် ပြဿနာ မရှာရန် သတိပေးလိုက်သည်။

"ဆရာ... ကျွန်မ..."

လင်းရော့ရွှယ်သည် အကြောင်းပြချက်ကို သေချာပေါက် နားလည်သော်လည်း သူမ လွှတ်မချနိုင်ခဲ့ချေ။

ထိုကဲ့သို့ ပြီးပြည့်စုံသည့် တာအိုလက်တွဲဖော်လောင်းလျာသည် သူမ၏ရှေ့တည့်တည့်တွင် လက်လှမ်းမီနိုင်သော နေရာ၌ ရှိနေသော်လည်း သူမ ဖမ်းဆုပ်၍ မရနိုင်ချေ။

"လက်လျှော့လိုက်ပါ... မင်းတို့နှစ်ယောက်က ရေစက်တော့ရှိပြီး ဖူးစာ မပါဖို့ ကံကြမ္မာဖန်တီးလာတာပဲ..."

လုလန်က သူ၏လက်ကိုမြှောက်ကာ လင်းရော့ရွှယ်၏ ပခုံးကို ညင်သာစွာ ပုတ်ပေးလိုက်၏။

ရုတ်ချည်းဆိုသလိုပင် ပြင်းထန်သော နာကြည်းမှု ခံစားချက်က သူမ၏စိတ်နှလုံးသားမှ ပျံ့နှံ့လာပြီး လင်းရော့ရွှယ်သည် မြေကြီးပေါ်သို့ ပုံလျက်သားလဲကျသွားသည်။ သူမ၏မျက်လုံးထဲမှ ဆည်ကျိုးသကဲ့သို့ မျက်ရည်များ စီးကျလာသည်။

"ဘာလို့... ကောင်းကင်ကြီးက ကျွန်မကို ဘာလို့ ဒီလို ဆက်ဆံရတာလဲ... သူ့ကို တွေ့ခွင့်ပေးပြီး တသက်လုံး အတူနေခွင့် မပေးရတာလဲ..."

သူမ၏နောက်မှ လင်းရော့ရွှယ်၏ သွေးရူးသွေးတန်း ငိုကြွေးသံများကို နားထောင်ရင်း ရှားချင်းယွဲ့၏ နှုတ်ခမ်းများသည် သနားမိခြင်းထက် အနည်းငယ် ကွေးတက်သွားကာ သူမနှင့်ချန်ချင်းတို့တွင် ရေစက်ရော ဖူးစာပါ ရှိနေသည့်အတွက် ကံကောင်းသည်ဟု ခံစားလိုက်ရသည်။

ရှားချင်းယွဲ့ အတွေးထဲ နစ်မြောနေစဉ် သူမတို့နှစ်ဦးသည် ထျန်းကျီလေလံမြို့တော်မှ ထွက်လာခဲ့ကြလေပြီ။

ချန်ချင်းက ရှားချင်းယွဲ့အား ထျန်းလုံမြို့တွင် ဆက်လက်၍ လမ်းလျှောက်ချင်သေးသလား သို့မဟုတ် မဟာဝူနိုင်ငံသို့ ပြန်ရန် ကူးပြောင်းရေး တံခါးကို တိုက်ရိုက် ဖွင့်ချင်သလားဟု မေးရန် ဟန်ပြင်လိုက်၏။ ထိုအချိန်မှာပင် အနောက်မှနေ၍ အလျင်စလိုပြေးလာသော ခြေသံများ ထွက်ပေါ်လာသည်။

"သခင်ကြီး... စောင့်ပါအုံး... သခင်ကြီး... ခဏစောင့်ပါအုံး..."

ထိုအသံမှာ စိမ်းနေပြီး ချန်ချင်း ယခင်က မကြားဖူးခဲ့ချေ။

သူ လှည့်ကြည့်လိုက်ရာ ထိုလူသည် သူ၏ရှေ့တွင် ရပ်နေပြီဖြစ်ပြီး ပြင်းပြင်းထန်ထန် အသက်ရှူနေကာ အမောတကော ပြောလိုက်၏။

"သခင်ကြီး... စောင့်ပါအုံး..."

"ခင်ဗျားက ဘယ်သူလဲ..."

ချန်ချင်းက တစ်ဖက်လူ၏ အထောက်အထားကို မေးလိုက်သည်။

"သခင်ကြီးကို အကြောင်းပြန်ပါတယ်... ဒီအညတရ က ထျန်းလုံမြို့ရဲ့ မြို့တော်ဝန် လင်းထျန်းလုံပါ..."

ယခုရောက်လာသူက သူ့ကိုယ်သူ မိတ်ဆက်လေသည်။

"မြို့တော်ဝန်က ငါ့ကို ဘာကိစ္စရှာတာလဲဆိုတာ မေးလို့ ရမလား..."

ချန်ချင်းက တိုက်ရိုက်မေးမြန်းလိုက်သည်။

"သခင်ကြီးကို သတင်းပို့ပါတယ်... ကျားဖြူနဲ့ လိပ်နက် နိုင်ငံတွေက ခင်ဗျားက သူတို့ရဲ့ တော်ဝင်မင်းသားတွေနဲ့ ခြေလှမ်းတစ်ဝက် အင်မော်တယ်ဧကရာဇ် ကျွမ်းကျင်သူတွေကို သတ်လိုက်တယ်ဆိုတာ သိသွားကြပြီးတော့... ထျန်းလုံမြို့ ကို ဝိုင်းရံဖို့ လက်ရွေးစင် စစ်သားတစ်သန်းကျော် စေလွှတ်လိုက်ပြီး ခင်ဗျားဆီကနေ ရှင်းလင်းချက် လာတောင်းနေပါတယ်လို့... မြို့တံခါးစောင့်တွေက သတင်းပို့ခဲ့ပါတယ်..."

လင်းထျန်းလုံက အမှန်အတိုင်း ပြောပြလိုက်သည်။

"ငါ့ဆီကနေ ရှင်းလင်းချက် တောင်းတာလား..."

ချန်ချင်းက ရယ်မောလိုက်သည်။

"ငါက သူတို့ဆီသွားပြီး ရှင်းလင်းချက် မတောင်းသေးဘူး... သူတို့က ငါ့ဆီ အရင် ရောက်လာတာပဲ..."

"သခင်ကြီး... ဒီအညတရက သခင်ကြီးကို ကြိုးကြိုးစားစား အလုပ်အကျွေးပြုဖို့ ဆန္ဒရှိပါတယ်... မီးတောင်ကို ကျော်လွှားပြီးတော့ ရေပြင်ကို ဖြတ်ကျော်ရရင်တောင် ကျားဖြူနဲ့လိပ်နက်နိုင်ငံတွေကို နောက်ဆုတ်သွားအောင် လုပ်ပေးပါ့မယ်..."

ဤအချိန်တွင် ထျန်းလုံမြို့မှ ခြေလှမ်းတစ်ဝက် အင်မော်တယ်ဧကရာဇ် ကျွမ်းကျင်သူ ကျောက်ထုန်သည် လင်းထျန်းလုံ၏ရှေ့တွင် လေထုထဲမှ ထွက်ပေါ်လာခဲ့လေ၏။

သူတို့နှစ်ယောက်လုံးသည် ခြေလှမ်းတစ်ဝက် အင်မော်တယ်ဧကရာဇ် အထွတ်အထိပ်အဆင့် ရှိသူတစ်ဦးနှင့် မိတ်ဆွေဖြစ်ရန် အခွင့်အရေးကို မလွဲချော်ချင်ကြချေ။

ဤကိစ္စမှတဆင့် ချန်ချင်းနှင့် အဆက်အသွယ် ပြုလုပ်နိုင်ပါက သူတို့၏အနာဂတ်အတွက် များစွာအကျိုးရှိမည်ဟု သူတို့ သေချာသိနေသည်။

"မလိုပါဘူး... ဒီဧကရာဇ်က ငါ့ရဲ့ကိစ္စကို ငါကိုယ်တိုင် ကိုင်တွယ်ပါ့မယ်... မင်းတို့နှစ်ယောက်ကို ဒုက္ခမပေးတော့ပါဘူး..."

နောက်ဆုံး ဓားကြယ်ပွင့်ကို လင်းစေရန် သွေးချီစွမ်းအား မလုံလောက်မည်ကို ယခင်​က ချန်ချင်း စိုးရိမ်နေခဲ့သည်။

ယခုအချိန်၌ သွေးချီစွမ်းအားများသည် သူ၏တံခါးဝသို့ တက်တက်ကြွကြွ ပို့ဆောင်ခြင်း ခံနေရလေပြီ။

All Chapters