← Chapters

အခန်း ၇၄

Vol. 8 Ch. 74

အခန်း ၇၄

Vol. 8 Ch. 74

အခန်း (၇၄) အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံး သန်းရာချီ

[ဇနီးသည်ကို အလိုလိုက်ခြင်း အောင်မြင်ပါသည်... အိမ်ရှင်က ကျပန်းဆုလာဘ်အဖြစ် အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံး သန်းတစ်သိန်းကို ရရှိသည့်အတွက် ဂုဏ်ယူပါသည်..]

သန်းတစ်သိန်း... ပြီးတော့ အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံးတွေလား…

ဤမျှပမာဏရှိသော ဆုလာဘ်တစ်ခုသည် ထိုအရာ၏ သေးငယ်သော အစိတ်အပိုင်း တစ်ခုလေးကပင် နဝမအဆင့် ဆေးလုံးအမှတ်အသားပါသော ဆေးလုံး တစ်ရာကို ပြန်ဝယ်ရန် လုံလောက်နေလေပြီ။

အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံး သန်းတစ်သိန်းကို မဆိုထားနှင့်... သာမန်စိတ်ဝိညာဉ်ကျောက်တုံး သန်းတစ်သိန်းကပင် ချန်ချင်းကို ထျန်းရွှမ်ကုန်းမြေ တွင် အချမ်းသာဆုံးလူ အလွယ်တကူ ဖြစ်လာစေရန် လုံလောက်သည်။

အနည်းဆုံးအနေဖြင့် ယခုချိန်မှစ၍ ချန်ချင်းသည် ငွေကြေးအတွက် စိတ်ပူရန် မလိုတော့ချေ။

ထို့ပြင် စနစ်က သူ့ကို နိုင်ငံတော်ငွေကြေး သန်းတစ်သိန်းမဟုတ်ဘဲ အဆင့်မြင့်စိတ်ဝိညာဉ်ကျောက်တုံး သန်းတစ်သိန်းကို ပေးခဲ့ခြင်းပင်။

စိတ်ဝိညာဉ်ကျောက်တုံးများသည် ထျန်းရွှမ်ကုန်းမြေရှိ ကျင့်ကြံသူများအတွက် စိတ်ဝိညာဉ်ချီကို ရရှိရန် အဓိက ကျင့်ကြံခြင်း အရင်းအမြစ်ဖြစ်သောကြောင့် ရွှေထက်ပင် ပို၍တန်ဖိုးရှိသော ခိုင်မာသည့် ငွေကြေးတစ်ခုပင်။

စိတ်ဝိညာဉ်ကျောက်တုံးများမှ စိတ်ဝိညာဉ်ချီများကို စုပ်ယူပြီး သန့်စင်ရသည့် အခက်အခဲသည် သဘာဝတရားမှ စိတ်ဝိညာဉ်ချီများကို စုပ်ယူပြီး စိတ်ဝိညာဉ်စွမ်းအားများအဖြစ် သန့်စင်ခြင်းထက် များစွာ ပို၍ နိမ့်ကျလေ၏။

တိုက်ဆိုင်စွာဖြင့် ချန်ချင်းသည် ရှားချင်းယွဲ့အတွက် ရတနာများ လေလံဆွဲပေးကာ ဇနီးသည်အား အလိုလိုက်ခြင်း ဆုလာဘ်များ ရယူရန် သူမကို ထျန်းကျီလေလံပွဲသို့ ခေါ်သွားရန် စီစဉ်ထားခဲ့သည်။

ဤဆုလာဘ်က စိတ်ဝိညာဉ်ကျောက်တုံးများ ပြဿနာကို ပြီးပြည့်စုံစွာ ဖြေရှင်းပေးခဲ့ပြီး ချန်မိသားစု၏ ဘဏ္ဍာတိုက်ကိုပင် သူ ဖွင့်ရန်မလိုတော့ချေ။

အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံး သန်းတစ်သိန်း..

သူ အကုန်မသုံးနိုင်ဘူး... ဘယ်လိုမှ အကုန်မသုံးနိုင်ဘူး...

"ဒါဆို ခင်ပွန်း.. ကျွန်မ အရင်သွားပြီး ကျင့်ကြံလိုက်အုံးမယ်..."

ရှားချင်းယွဲ့သည် သူမ၏လက်ထဲရှိ ကျောက်စိမ်းဖြူရောင် ဆေးပုလင်းကို ဆုပ်ကိုင်ထားလိုက်၏။

ချန်ချင်း သူမ၏နောက်မှ အပါးခိုနိုင်အောင် မြန်မြန် အားကောင်းလာချင်သည်ဟူသော သူမ၏ စကားများသည် နောက်ပြောင်နေခြင်း မဟုတ်ချေ။ သူမ အတည်ပြောနေခြင်းသာဖြစ်သည်။

ချန်ချင်းသည် သူမအပေါ် ပေးထားသော ကတိကို တစ်ကြိမ်တစ်ခါမျှ မဖျက်ခဲ့ဖူးရာ ရှားချင်းယွဲ့သည်လည်း ထိုအတိုင်း လုပ်ဆောင်ရပေမည်။ ထိုသို့မဟုတ်ပါက သူမသည် ကျေးဇူးကန်းသော ဝံပုလွေ တစ်ကောင်နှင့် ဘာကွာခြားတော့မည်နည်း။

"မလောပါနဲ့... အဲ့ဒီကိစ္စမတိုင်ခင်... မင်း ငါနဲ့ နေရာတစ်ခုကို လိုက်ခဲ့ရမယ်..."

ချန်ချင်းက ပြောလိုက်၏။

"ဘယ်ကိုလဲ..."

ရှားချင်းယွဲ့၏မျက်နှာပေါ်တွင် သိချင်စိတ်များ ပြည့်နှက်နေပြီး သူမက မေးလိုက်သည်။

"ထျန်းကျီလေလံပွဲကို သွားမယ်... ကျန်းယီဂိုဏ်း ဂိုဏ်းချုပ်က ခုဏက ငါ့ဆီကို ဖိတ်စာတစ်စောင် ပို့လိုက်တယ်..."

ချန်ချင်းက ဖိတ်စာကို ထုတ်ယူပြီး ပြောဆိုသည်။

ရှားချင်းယွဲ့သည် ထိုအရာကို ယူလိုက်ကာ အနည်းငယ် စဉ်းစားပြီးနောက် အံ့အားသင့်စွာဖြင့် ပြောလိုက်သည်။

"ထျန်းကျီ လေလံပွဲ... အောက်ဘုံရဲ့ ထိပ်တန်း လေလံရုံကြီးဆယ်ခုက ဦးဆောင်ပြီး ဆယ်နှစ်တစ်ကြိမ် ကျင်းပတဲ့ ထျန်းကျီလေလံပွဲများလား..."

"ဇနီးလေးက အဲ့အကြောင်းကို ကြားဖူးလို့လား..."

ချန်ချင်းက ပြန်မေးလိုက်ပြီး အဖြေကို သွယ်ဝိုက်၍ အတည်ပြုလိုက်၏။

"လွန်ခဲ့တဲ့ ဆယ်နှစ်က... ထျန်းကျီ လေလံပွဲက ကျွန်မရဲ့ အဖေဆီ ဖိတ်စာတစ်စောင် ပို့ခဲ့တယ်... သူက အစကတော့ ကျွန်မကို ခေါ်သွားဖို့ စီစဉ်ထားခဲ့ပေမဲ့... ကံမကောင်းစွာနဲ့ သူ အအေးမိသွားပြီးတော့ အခွင့်အရေးကို လွဲချော်သွားခဲ့တယ်..."

ရှားချင်းယွဲ့က အမှန်အတိုင်း ပြောပြလိုက်သည်။

"အဲ့လိုဖြစ်နေမှတော့... ဇနီးလေးက ထျန်းကျီ လေလံပွဲကို ကြည့်ဖို့ ငါနဲ့အတူ လိုက်ခဲ့ဖို့ ဆန္ဒရှိလား... အဲ့ဒီနောင်တကိုလည်း ဖြေဖျောက်ပေးနိုင်တာပေါ့..."

ချန်ချင်းက အကြံပြုလေသည်။

"သွားမယ်... ဆန္ဒရှိတယ်... ကျွန်မ သေချာပေါက် ဆန္ဒရှိတယ်..."

ချန်ချင်း ပြောသလိုပင် ရှားချင်းယွဲ့သည် ဤနောင်တကို ဖြေဖျောက်ရန် အမြဲတစေ ဆန္ဒရှိနေခဲ့သည်။

"ကောင်းပြီ..."

ချန်ချင်းသည် လက်တစ်ချက်ဝှေ့ယမ်းကာ ထျန်းကျီ လေလံပွဲသို့ ဦးတည်သော ကူးပြောင်းရေးတံခါးတစ်ခုကို ဖွင့်လိုက်၏။

ဝမ်ဟိုင်ဖုန်းထံမှနေ၍ ထျန်းကျီလေလံပွဲ၏ တည်နေရာကို သူ ကြိုတင်သိရှိထားပြီးဖြစ်သည်။

အကယ်၍ သူတို့ ပျံသန်းရေးလှေကို စီးသွားပါက အနည်းဆုံး နှစ်ရက် ကြာမည်ဖြစ်သော်လည်း ချန်ချင်းသည် အချိန်လေဟာနယ် သူတော်စင်ရုပ်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသဖြင့် ထိုနေရာသို့ မျက်စိတစ်မှိတ်အတွင်း ရောက်ရှိနိုင်လေ၏။

မျက်စိတစ်မှိတ်အတွင်း သူတို့နှစ်ယောက်သား ထျန်းလုံမြို့သို့ ရောက်ရှိသွားကြသည်။

ဆယ်နှစ်တစ်ကြိမ် ကျင်းပသော ထျန်းကျီလေလံပွဲ သည် ဤနေရာကို အမြဲတစေ ရွေးချယ်လေ့ရှိသည်။

အကြောင်းအရင်းမှာ ရိုးရှင်းလှသည်။ ထျန်းလုံမြို့သည် မိုးပြာနဂါး၊ ဗာမီလီယန်ငှက်၊ ကျားဖြူနှင့် လိပ်နက် နိုင်ငံလေးခု၏ ဗဟိုတွင် တည်ရှိပြီး ချမ်းသာသောကုန်သည်များ စုဝေးရာ စီးပွားရေး အချက်အချာ နေရာတစ်ခုလည်း ဖြစ်နေသည်။

ထို့ပြင် အရေးအကြီးဆုံး အကြောင်းအရင်းမှာ ထျန်းလုံမြို့သည် ဤနိုင်ငံလေးနိုင်ငံ အင်အားစုများအနက်မှ မည်သည့်အဖွဲ့နှင့်မျှ မပတ်သက်ဘဲ ကြားနေဖြစ်နေသောကြောင့်ပင်။

ဤမြို့၌ ခြေလှမ်းတစ်ဝက် ဧကရာဇ်နယ်ပယ် ကျွမ်းကျင်သူတစ်ဦး ရှိနေခြင်းနှင့် ပေါင်းစပ်လိုက်သောအခါ မြို့၏ဘေးကင်းလုံခြုံမှုကို များစွာသေချာစေနိုင်သည်။

မြင့်မားသော မြို့ရိုးများရှိသည့် မြို့တံခါးအပြင်ဘက်မှ ကြည့်လျှင်ပင် မြို့၏အမြင့်ဆုံး အဆောက်အအုံပေါ်တွင် ရစ်ခွေနေသော ဧရာမနဂါးကြီးကို မြင်တွေ့နိုင်သည်။

"ဒါက တကယ်ကြီး နဂါးတစ်ကောင်လား..."

သူမ၏ အကြည့်သည် နဂါး၏မျက်လုံးများနှင့် ဆုံသွားသောအခါ ရှားချင်းယွဲ့သည် ကြောက်ရွံ့မှုနှင့် ကျောချမ်းမှုကို ခံစားလိုက်ရပြီး အလိုအလျောက် ချန်ချင်းထံ တိုးကပ်သွားကာ သူ၏လက်မောင်းကို ဆုပ်ကိုင်လိုက်၏။

ကံကြမ္မာရွှေနဂါးနှင့် မတူညီဘဲ ဤနဂါးနက်သည် ရှားချင်းယွဲ့ကို အလွန်ယုတ်မာသော ခံစားချက်ကို ပေးစွမ်းပြီး ပြင်းထန်သော သတ်ဖြတ်လိုခြင်း အရှိန်အဝါများ ပါဝင်နေသည်။

"ဒါက တကယ့်ကို နဂါး တစ်ကောင်ပါ... ဒါပေမဲ့ သူ သေသွားတာ တော်တော်ကြာပြီဆိုတော့ စိတ်ပူစရာ မလိုပါဘူး..."

ချန်ချင်းက ရှားချင်းယွဲ့၏လက်ကို ညင်သာစွာ ပုတ်ပေးရင်း နှစ်သိမ့်လိုက်သည်။

"အော်... ဟုတ်လား..."

နဂါးသည် သက်မဲ့ ဖြစ်နေကြောင်း ကြားလိုက်ရသောအခါ ရှားချင်းယွဲ့၏စိတ်နှလုံးသား ချက်ချင်းဆိုသလိုပင် များစွာတည်ငြိမ်သွားခဲ့သည်။

"လေးစားရတဲ့ ဧည့်သည်တော် နှစ်ယောက်... ကျေးဇူးပြုပြီး ဝင်ပါ..."

ထို့နောက် ချန်ချင်းနှင့် ရှားချင်းယွဲ့တို့သည် ထျန်းလုံမြို့ထဲသို့ ဝင်ရောက်သွားကြပြီး မြို့တံခါးစောင့်များ၏ နွေးထွေးစွာ ကြိုဆိုမှုကို ခံယူခဲ့ရလေ၏။

ရှားချင်းယွဲ့က နောက်သို့ ပြန်ကြည့်လိုက်သည်။

"မြို့ထဲကို ဝင်တဲ့သူတွေက စိတ်ဝိညာဉ်ကျောက်တုံးတွေ ပေးရတယ်လေ... ငါတို့က ဘာလို့ တိုက်ရိုက်ဝင်လို့ရတာလဲ..."

"လူတိုင်းက ကူးပြောင်းရေးတံခါးကို မဖွင့်နိုင်လို့ ဖြစ်မယ်လို့ ငါ ထင်တယ်..."

ချန်ချင်းက သူ၏ အမြင်ကို ပြောဆိုလိုက်၏။

"ဟုတ်လိမ့်မယ်..."

ထိုအချိန်မှသာ ဤအချက်ကို သူမ လျစ်လျူရှုထားမိကြောင်း ရှားချင်းယွဲ့ သဘောပေါက်သွားသည်။

ကူးပြောင်းရေးတံခါး တစ်ခုတည်းကပင် သူတို့၏စွမ်းအားကို သက်သေပြရန် လုံလောက်နေလေပြီ။

ကူးပြောင်းရေးတံခါးကို သူတို့၏ကိုယ်ပိုင်စွမ်းအားဖြင့် ဖွင့်ထားခြင်း မဟုတ်လျှင်ပင် မှော်ရတနာ သို့မဟုတ် ဝင်္ကပါတစ်ခုဖြင့် ဖွင့်နိုင်ခြင်းက သူတို့၏နောက်ခံမှာ ရိုးရှင်းမည်မဟုတ်ကြောင်း ဆိုလိုသည်။

မြို့ထဲသို့ ဝင်ပြီးနောက်...

ထိပ်တန်း လေလံရုံကြီးဆယ်ခုက သူတို့၏ ရတနာများကို တင်ဆက်မည့် အမြင့်ဆုံး လေလံပွဲကို မနက်ဖြန်မှသာ ကျင်းပမည်ဖြစ်ကြောင်း ချန်ချင်း သိလိုက်ရသည်။

သို့သော် သူတို့ ယနေ့လာရခြင်းမှာ အလဟဿ မဖြစ်ခဲ့ချေ။ ထျန်းကျီလေလံပွဲသည် ထိပ်တန်း လေလံရုံကြီး ဆယ်ခုစီမှ တစ်ခုစီပါဝင်မည့် နောက်ဆုံးပိတ်ပွဲအဖြစ် တင်ဆက်မည့် အထွတ်အထိပ်ရတနာဆယ်ခုအတွက်သာ ကျင်းပမည် မဟုတ်ချေ။

ထိုအထွတ်အထိပ်ရတနာဆယ်ခုကို ဒေသအသီးသီးမှ ထိပ်တန်းကျွမ်းကျင်သူများနှင့် ချမ်းသာသော ကုန်သည်များအတွက် ဘေးဖယ်ထားခြင်းဖြစ်သည်။

သာမန်လူများနှင့် ပုံမှန်ကျင့်ကြံသူများအတွက် ထျန်းကျီလေလံပွဲသည် စတင်နေလေပြီ။

ချန်ချင်း၏ နတ်ဘုရားစိတ်အာရုံသည် ထျန်းလုံမြို့ တစ်ခုလုံးကို ကြိုတင်လွှမ်းခြုံထားပြီးဖြစ်ကာ သူသည် ရှားချင်းယွဲ့ကို ခေါ်ဆောင်ကာ သူ၏အိမ်သို့ ပြန်လာသကဲ့သို့ ထျန်းကျီလေလံမြို့တော်သို့ သွားခဲ့လေ၏။

"ခမ်းနားလိုက်တာ..."

တိမ်များဆီသို့ ရောက်လုနီးပါး မြင့်မားသော အဆောက်အအုံနှင့် ထိုအရာအပေါ်တွင် ရစ်ခွေနေသော နဂါး၏ခန္ဓာကိုယ်ကို ကြည့်ကာ ရှားချင်းယွဲ့က တံတွေးမျိုချလိုက်သည်။

ဤသည်မှာ မြို့အပြင်ဘက်မှ မြင်ရသည်ထက် အမြင်အာရုံအရ ပို၍ပင် အံ့အားသင့်ဖွယ်ကောင်းသည်။

"ဇနီးလေး... စိတ်မပူပါနဲ့... ဒီသားရဲက အသက်ပြန်ရှင်လာရဲရင်တောင် ဇနီးလေးရဲ့ ဆံချည်တစ်မျှင်ကို ထိခိုက်အောင် လုပ်နိုင်မှာ မဟုတ်ပါဘူး..."

ချန်ချင်းက သူမကို ညင်သာစွာ နှစ်သိမ့်ပေးလိုက်သည်။

"အင်း..."

ချန်ချင်း၏ စကားများသည် ရှားချင်းယွဲ့ကို အဆုံးမရှိသော လုံခြုံမှု ခံစားချက်တစ်ခုကို နောက်တစ်ကြိမ် ယူဆောင်ပေးခဲ့လေ၏။

ချန်ချင်း သူမ၏နံဘေးတွင် ရှိနေသရွေ့ ကောင်းကင်ကြီး ပြိုကျလာလျှင်ပင် ကြောက်စရာဘာမှမရှိဟု သူမ ခံစားရသည်။ အကြောင်းအရင်းမှာ သူသည် ဝန်ထုပ်ဝန်ပိုးကို ထမ်းထားမည် ဖြစ်သောကြောင့်ပင်။

"လေးစားရတဲ့ ဧည့်သည်တော် နှစ်ယောက်... ကျေးဇူးပြုပြီး ဝင်ပါ..."

ချန်ချင်းနှင့် ရှားချင်းယွဲ့တို့၏ ထူးခြားသော ဝတ်စားဆင်ယင်မှုနှင့် သာမန်ထက် ထူးကဲသော အရှိန်အဝါကို မြင်သောအခါ လေလံရုံအစေခံသည် လူအုပ်ကြီးကို လျှင်မြန်စွာ ကျော်ဖြတ်ကာ ရှေ့သို့ ထွက်လာပြီး သူတို့ကို နွေးထွေးစွာ ကြိုဆိုလိုက်သည်။

သူ၏လမ်းညွှန်မှုဖြင့် သူတို့နှစ်ဦးသည် ထျန်းကျီ လေလံမြို့တော်သို့ ဝင်ရောက်သွားကြသည်။

သူ မော့ကြည့်လိုက်ရာ ဒုတိယထပ်တွင် သီးသန့် အခန်းများ ရှိနေသည်ကို ချန်ချင်းက သတိပြုမိပြီး မေးမြန်းလိုက်၏။

"ဒုတိယထပ်ကို ဘယ်လိုတက်ရမလဲ..."

"သခင်လေးကို အကြောင်းပြန်ပါတယ်... ထျန်းကျီ လေလံမြို့တော်ရဲ့ အထူးဧည့်သည်တော် တစ်ယောက် ဖြစ်လာရင် အထူးဧည့်သည်တော် သီးသန့်အခန်းတွေထဲ ဝင်လို့ ရပါတယ်..."

"ဒါဆို ထျန်းကျီလေလံမြို့တော်ရဲ့ အထူးဧည့်သည်တော်တစ်ယောက် ဘယ်လို ဖြစ်လာနိုင်မလဲ..."

ချန်ချင်းက ထပ်မေးလေသည်။

"ဒါက ရိုးရှင်းပါတယ်... ထျန်းကျီ လေလံမြို့တော် အတွင်းမှာ အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံးများ တစ်သန်းကျော် သုံးစွဲလိုက်တာနဲ့ အထူးဧည့်သည်တော် ဖြစ်လာနိုင်ပါတယ်..."

အစေခံက ပြန်ဖြေလိုက်သည်။

လေလံမှူးက ပုလဲလည်ဆွဲတစ်ခုကို မိတ်ဆက်နေသည့် စင်မြင့်ဆီသို့ ချန်ချင်း တစ်ချက်ကြည့်လိုက်၏။

ကောင်းမွန်သော ရှင်းပြချက်တစ်ခုအပြီးတွင် လေလံမှူးက နောက်ဆုံး၌ အဖွင့်စျေးနှုန်းကို ကြေညာလိုက်သည်။

"လေလံအဖွင့်စျေး... အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံး တစ်သောင်း..."

ဤစျေးနှုန်းကို ကြားသောအခါ တစ်စုံတစ်ယောက်က လေလံဆွဲရန် ဟန်ပြင်လိုက်သည်။

သို့သော် ချန်ချင်း၏အသံက ခန်းမတစ်ခုလုံးအနှံ့ ပဲ့တင်ထပ်သွားသည်။

"အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံး တစ်သန်း..."

"..."

ဤစကားကြောင့် ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားပေ၏။

လက်တစ်ဝက်လောက် မြှောက်ထားသူများသည် သူတို့၏လက်များကို အလျှင်အမြန် ပြန်ချလိုက်ကြသည်။

ပါးစပ်ဟထားသော်လည်း စကားတစ်ခွန်းမျှ မပြောရသေးသူများသည် ယခုအချိန်၌ ပို၍ပင် ပါးစပ်အဟောင်းသားဖြစ်သွားသည်။

ထိုလည်ဆွဲမှာ အရည်အသွေးကောင်းသည်ဟု သူတို့ တွေးထင်ခဲ့ကြသော်လည်း တစ်စုံတစ်ယောက်က ချက်ချင်းပင် အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံးတစ်သန်းဖြင့် လေလံဆွဲလိမ့်မည်ဟု မည်သူမျှ ထင်မှတ်မထားခဲ့ကြချေ။ ထို့ပြင် ဤသည်မှာ အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံးတစ်သန်းဖြစ်ပြီး မူလလေလံအဖွင့်စျေးထက် အဆတစ်ထောင် တိုက်ရိုက် တိုးမြှင့်လိုက်ခြင်းပင်။

ငွေကိုရေလို သုံးသူများကို သူတို့ မြင်ဖူးသော်လည်း ချန်ချင်းကဲ့သို့ ငွေသုံးသူကို သူတို့ တစ်ကြိမ်တစ်ခါမျှ မမြင်ဖူးခဲ့ကြချေ။

လူတစ်ယောက်ပြီးတစ်ယောက် သူတို့၏ ခန္ဓာကိုယ်များကို လှည့်ကာ ဤလူမှာ မည်သူဖြစ်ကြောင်း အတည်ပြုရန် စိတ်အားထက်သန်စွာ ကြည့်လိုက်ကြ၏။

All Chapters