← Chapters

အခန်း ၇

Vol. 1 Ch. 7

အခန်း ၇

Vol. 1 Ch. 7

အခန်း (၇) လူကောင်းတစ်ယောက်ဖြစ်ရန် ခက်ခဲခြင်း

ရှားချင်းယွဲ့၏ အချစ်ရေးမှာ စာရွက်အလွတ်တစ်ရွက်ကဲ့သို့ ဖြစ်နေပြီး သူမ၏ ဆယ့်ရှစ်နှစ်တာကာလ အများစုကို မြင့်မားသော နံရံကြီးများအတွင်း၌သာ ကုန်ဆုံးခဲ့ရသည်။ သို့သော် ဤမျှ သေးငယ်သော အသေးအဖွဲ ကိစ္စလေးများကြောင့် ချန်ချင်းအပေါ် သူမ၏အမြင်ကို ပြောင်းလဲမည် သို့မဟုတ် သူ့အပေါ် စိတ်ဝင်စားသွားမည် မဟုတ်ချေ။

လောကကြီးတွင် လူအများသည် သရဲတစ္ဆေများ၏ ကြောက်မက်ဖွယ်ကောင်းပုံကို သိရှိကြသော်လည်း သရဲတစ္ဆေများကမူ လူများ၏နှလုံးသားများ မည်မျှ အဆိပ်ပြင်းကြောင်းကို မသိရှိကြဟူသော အမှန်တရားတစ်ခုကို သူမ ရှင်းလင်းစွာ နားလည်ထားပေ၏။ သူမသည် သစ္စာဖောက်တတ်သော လူယုတ်မာများအကြောင်းကို ကြားလည်းကြားဖူးသလို မြင်လည်း မြင်တွေ့ဖူးခဲ့သည်။ သူတို့သည် အာဏာအတွက်ဆိုလျှင် လူ့အသက်များကို မြက်ပင်များကဲ့သို့ သဘောထားကာ မည်သည့်အရာကိုမဆို လုပ်ဆောင်ရဲကြပေသည်။ မှန်ပေသည်။ ဤသည်မှာ ချန်ချင်း၏ဖခင် ချန်ရှုံးကို ရည်ညွှန်းနေခြင်းပင်။

ချန်ချင်းသည် သူ၏ မူလအကျင့်စရိုက်ကို ပြောင်းလဲကာ အမှားများကို သိမြင်ပြီး လူကောင်းတစ်ယောက် ဖြစ်ချင်နေသည် ဆိုခြင်းထက် သူက ဟန်ဆောင်နေခြင်း ဖြစ်သည်ဟု ရှားချင်းယွဲ့က ပို၍ယုံကြည်နေခဲ့သည်။ သူမအနေဖြင့် သူ၏ အစစ်အမှန်ရည်ရွယ်ချက်ကိုမူ စဉ်းစား၍ မရသေးချေ။

ထိုကိစ္စအတွက် အင်အားများစွာ ဖြုန်းတီးရန်လည်း သူမ ရည်ရွယ်မထားချေ။ ချန်ချင်းက ဟန်ဆောင်ချင်နေသည်ဆိုတော့ သူမကလည်း လိုက်လျောညီထွေ ကစားပေးရပေမည်။ သူ့ကို သည်းခံမည်၊ အလိုလိုက်မည်၊ ချော့မော့မည်ကာ သူဖြစ်ချင်သည့်အတိုင်း လိုက်လျောပေးပေမည်။ မကြာမီ သူတို့နှစ်ဦးသည် တောက်ပသော အနီရောင် မင်္ဂလာဝတ်စုံများကို ချွတ်ကာ သာမန်အဝတ်အစားများ လဲလှယ်ဝတ်ဆင်ပြီးနောက် ချန်မိသားစုစံအိမ်မှ ထွက်ခွာလာခဲ့ကြသည်။

ချန်ချင်းသည် တော်ဝင်နန်းတွင်း၌ ရန်သူများစွာ ရှိနေသဖြင့် အမျိုးမျိုးသော အရေးပေါ် အခြေအနေများကို ကိုင်တွယ်ဖြေရှင်းရန်နှင့် သူ့အား လျှို့ဝှက်စွာ ကာကွယ်ပေးရန် ဖခင်ဖြစ်သူက တာအိုအစောင့်အရှေက်တစ်ဦးကို စေလွှတ်ထားကြောင်း သိရှိထားလေ၏။ ထို့ကြောင့် သူက အစေခံများကို လိုက်ပါခွင့် မပြုခဲ့ချေ။ သူ၏ အစီအစဉ်များကို အစေခံများ ဝင်ရောက်နှောင့်ယှက်မည်ကို သူ မလိုလားပေ။ ဤသည်မှာ ချိန်းတွေ့ခြင်းနှင့် ဆင်တူပြီး အတုအယောင်ဖြစ်ကာ ခခံစားချက် ကင်းမဲ့နေလျှင်ပင် အခြေအနေကို ဖျက်ဆီးပစ်ရန်အတွက် အပိုမျက်လုံးများ ရှိနေရန် မလိုအပ်ချေ။

ချန်မိသားစု စံအိမ်မှ ထွက်ခွာလာပြီး မကြာမီတွင် ချန်ချင်းသည် သူ၏ မှတ်ဉာဏ်များအတိုင်း ရှားချင်းယွဲ့ကို သရေစာများရောင်းသော လမ်းတစ်ခုဆီသို့ ခေါ်ဆောင်သွားခဲ့ပေ၏။ မင်းသမီးတစ်ပါးအနေဖြင့် ရှားချင်းယွဲ့သည် နန်းတော်ထဲတွင် ကြီးပြင်းလာခဲ့ပြီး အမျိုးမျိုးသော ကျင့်ဝတ်များနှင့် အထိန်းအကွပ်များ သင်ကြားခဲ့ရသဖြင့် လောက၏ သာမန်ဘက်ခြမ်းကို ခံစားရန် အခွင့်အရေးများစွာ ရရှိခဲ့မည် မဟုတ်ဟု သူ တွေးတောမိသည်။ သူ လှည့်ကြည့်လိုက်ရာ သရေစာတန်းသို့ ရောက်ရှိပြီးနောက် ရှားချင်းယွဲ့၏ မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှုနှင့် သိချင်စိတ်များ ပြည့်နှက်နေသည်ကို အမှန်တကယ်ပင် မြင်တွေ့လိုက်ရ၏။

"သကြားကပ် ရှန်းကျာသီး... သကြားကပ် ရှန်းကျာသီး ရပါမယ်... ချိုချိုရွရွ သကြားကပ် ရှန်းကျာသီးလေးတွေ ရပါမယ်..."

ဈေးသည်၏ အော်ဟစ်သံကို ကြားသောအခါ ရှားချင်းယွဲ့၏ အကြည့်များသည် သူ့ဆီသို့ ချက်ချင်း ရောက်သွားခဲ့ပေသည်။ လွန်ခဲ့သော သုံးနှစ်က ယဲ့ဖုန်းသည် နံရံကို လျှို့ဝှက်စွာ ကျော်တက်လာပြီး သူမ အမြဲတစေ တောင့်တခဲ့ရသော သကြားကပ် ရှန်းကျာသီးများကို ယူဆောင်လာပေးခဲ့သည်ကို သူမ မတွေးဘဲ မနေနိုင်တော့ချေ။ ထိုအချိန်က သူမ၏ ဘဝတွင် သကြားကပ် ရှန်းကျာသီးကို ပထမဆုံးအကြိမ် စစားဖူးခြင်းဖြစ်ပြီး ပါးလွှာကာ ကြွပ်ရွသော သကြားလွှာနှင့် ရှန်းကျာသီး၏ ချဉ်သောအရသာ ပေါင်းစပ်မှုက အမှန်တကယ်ကို အံ့သြဖွယ်ကောင်းလှ၏။ ဝေဝါးစွာဖြင့် ထိုနေ့က သူမအား သကြားကပ် ရှန်းကျာသီး ယူဆောင်လာပေးခဲ့သော ယဲ့ဖုန်းကို မျက်စိရှေ့တွင် တွေ့လိုက်ရသကဲ့သို့ ရှားချင်းယွဲ့ ခံစားလိုက်ရသည်။

"အစ်ကိုဖုန်း..."

သို့သော် သူမ သတိပြန်ဝင်လာသောအခါ သူမ၏ ရှေ့တွင် ရှိနေသူမှာ ယဲ့ဖုန်း မဟုတ်ဘဲ ချန်ချင်း ဖြစ်နေကြောင်း သဘောပေါက်သွားခဲ့၏။ သို့ရာတွင် သူ၏ လက်ထဲရှိ သကြားကပ် ရှန်းကျာသီးမှာမူ အတူတူပင် ဖြစ်နေခဲ့သည်။

"ရော့... စားကြည့်..."

ရှားချင်းယွဲ့က နှုတ်မှ 'ကျေးဇူးတင်ပါတယ်'ဟု ပြောကာ ချန်ချင်း ကမ်းပေးသော သကြားကပ် ရှန်းကျာသီးကို ယူလိုက်သော်လည်း သူမ၏ စိတ်နှလုံးထဲတွင် ခံစားချက်များ ရောထွေးနေသည်။ သူမသည် သကြားကပ် ရှန်းကျာသီးကို သေးသေးလေးတစ်ကိုက် ကိုက်စားလိုက်ရာ အရသာမှာ ယခင်ကအတိုင်း ဖြစ်သော်လည်း ကံမကောင်းစွာဖြင့် လူက မတူညီတော့သဖြင့် ရှားချင်းယွဲ့ မပြုံးနိုင်တော့ချေ။

【ဇနီးသည်ကို အလိုလိုက်ခြင်း အောင်မြင်ပါသည်... အိမ်ရှင်က ကျပန်းဆုလာဘ်အဖြစ် အဝါရောင်အဆင့်မြင့် ကျင့်ကြံနည်းစနစ် 'စီးဆင်းနေသော တိမ်တိုက် လက်ဝါး'ကို ရရှိသည့်အတွက် ဂုဏ်ယူပါသည်...】

လိုချင်သော ဆုလာဘ်ကို ရရှိပြီး ရှားချင်းယွဲ့က သကြားကပ် ရှန်းကျာသီး တစ်ချောင်းလုံးကို စားကုန်သွားသည်ကို မြင်သောအခါ ချန်ချင်းသည် ဈေးသည်ဘက်သို့ လှည့်ကာ ကျန်ရှိနေသော သကြားကပ် ရှန်းကျာသီးများအားလုံးကို ဝယ်ယူရန် ကမ်းလှမ်းလိုက်သည်။ နတ်ဆိုးဘုရင် ချန်ချင်းက ငွေပေးချေရန်အတွက် ဤကဲ့သို့ ပုံမှန်မဟုတ်သော တောင်းဆိုမှုမျိုး လုပ်လာသည်ကို ရင်ဆိုင်ရချိန်တွင် ဈေးသည်မှာ အလွန်အမင်း စိုးရိမ်လွန်းသဖြင့် ဒူးထောက်ကျမသွားရုံတမယ် ဖြစ်နေပေ၏။ အကယ်၍ သူ ငွေယူလိုက်ပါက နောက်တခဏတွင် သူ့မိသားစုတစ်ခုလုံး၏ အသက်အန္တရာယ် ရှိလာမည်ကို ကြောက်ရွံ့နေခဲ့သည်။ သကြားကပ် ရှန်းကျာသီး ဆယ်ချောင်းကျော် ပါဝင်သော တုတ်တံကို ချန်ချင်းအား ပေးမည်ဟု ပြောပြီးနောက် ဈေးသည်သည် ခြေထောက်တွင် ဆီသုတ်ထားသကဲ့သို့ ပြေးသွားကာ မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားတော့သည်။

ချန်ချင်းက နောက်လှည့်ကာ ရှားချင်းယွဲ့ကို အနေခက်စွာ ကြည့်လိုက်ပြီး ထိုဖြစ်ရပ်က သူ၏ ယခင်ကြိုးစားအားထုတ်မှုများကို ပျက်စီးသွားစေမည်အား စိုးရိမ်သဖြင့် တာအိုအစောင့်အရှောက်ကို ခေါ်လိုက်၏။

"သခင်လေးကို အရိုအသေပေးပါတယ်..."

"သူ့ကို ဖမ်းပြီး ပိုက်ဆံပေးလိုက်..."

"ဟုတ်ကဲ့ပါ..."

တာအိုအစောင့်အရှောက်က သဘောတူကာ နေရာတွင်ပင် ပျောက်ကွယ်သွားသည်။ သူသည် သဲလွန်စမကျန် ထွက်ပေါ်လာပြီး ပျောက်ကွယ်သွားခြင်းဆိုသည်မှာ ဘာကိုဆိုလိုကြောင်း အပြည့်အဝ သရုပ်ပြသွားခြင်းပင်။ ထို့နောက် ချန်ချင်းသည် သကြားကပ် ရှန်းကျာသီးများ အပြည့်ပါသော တုတ်တံကြီးကို ကိုင်ကာ ရှားချင်းယွဲ့ထံသို့ လျှောက်လှမ်းသွားလိုက်၏။ သူက သကြားကပ် ရှန်းကျာသီး တုတ်တံကြီးကို သူမ၏ ရင်ခွင်ထဲသို့ ထည့်ပေးလိုက်ပြီး တည်ငြိမ်သော လေသံဖြင့် ပြောလိုက်သည်။

"မင်း စားချင်သလောက်သာ ယူစား..."

သူသည် အစပိုင်းတွင် တစ်ချောင်းချင်းစီအတွက် ဆုလာဘ်များ ရယူရန် ရည်ရွယ်ထားခဲ့ခြင်း ဖြစ်သော်လည်း ချန်ချင်း၏ စိတ်ထဲတွင် အခြားအကြံတစ်ခု ပေါ်လာကာ အရေအတွက်က အရည်အသွေး ပြောင်းလဲမှုကို ဖြစ်စေနိုင်မလားဆိုသည်ကို သိချင်လာခဲ့ပေ၏။ သူမ၏ အရပ်နီးပါး မြင့်မားသော သကြားကပ် ရှန်းကျာသီး တုတ်တံကြီးကို ကိုင်ကာ ကြောင်အမ်းအမ်း ဖြစ်နေသော ရှားချင်းယွဲ့ကို လျစ်လျူရှု၍ ချန်ချင်း၏အာရုံသည် လက်ရှိတွင် ပေါ်ထွက်လာမည့် စနစ်မျက်နှာပြင်ပေါ်တွင်သာ လုံးလုံးလျားလျား ရောက်ရှိနေပြီး မျှော်လင့်ချက်များ ပြည့်နှက်နေသည်။

【ဇနီးသည်ကို အလိုလိုက်ခြင်း အောင်မြင်ပါသည်... အိမ်ရှင်က ကျပန်းဆုလာဘ်အဖြစ် နက်နဲသိမ်မွေ့ အဆင့်နိမ့် ဝိညာဉ်ရတနာ 'ယန်ဝမ် ဆင့်ခေါ်အပ်' ငါးချောင်းကို ရရှိသည့်အတွက် ဂုဏ်ယူပါသည်...】

ယန်ဝမ် ဆင့်ခေါ်အပ်... ဤအပ်ထိမှန်သူ မည်သူမဆိုယမမင်းထံမှ ဆင့်ခေါ်စာကို ရရှိပေမည်။

ဤသည်မှာ စကားလုံး အနည်းငယ်မျှသာ ဖြစ်သော်လည်း တိုတိုနှင့် လိုရင်းကို ထိမိသည်။ ယမမင်းယန်ဝမ်ကိုယ်တိုင် ထုတ်ပြန်သော ဆင့်ခေါ်စာကို ဤလောကတွင် ငြင်းဆန်ရန် စွမ်းအားနှင့်သတ္တိ မည်သူ့ထံ၌ ရှိမည်နည်း။ ချန်ချင်း၏အမြင်တွင် ဤအရာသည် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရန်အတွက် ကောင်းမွန်သော မှော်ရတနာတစ်ခုပင်။ စနစ်မျက်နှာပြင်ကို ပိတ်လိုက်ပြီးနောက်မှသာ ရှားချင်းယွဲ့ ပျောက်သွားကြောင်းကို ချန်ချင်း သတိပြုမိသွားသည်။

သူမ ထွက်ပြေးသွားခြင်းမှာမူ လုံးဝမဖြစ်နိုင်ချေ။

ချန်ချင်းသည် ရှားချင်းယွဲ့ကို အလျင်အမြန် ရှာဖွေတွေ့ရှိခဲ့၏။ သူမသည် အဝတ်အစား စုတ်ပြတ်သတ်ကာ ဆံပင်ဖရိုဖရဲ ဖြစ်နေပြီး လမ်းကြားများထဲတွင် ပုန်းအောင်းနေသော သူတောင်းစား ကလေးငယ်များကို သကြားကပ် ရှန်းကျာသီးများ သွားရောက်ဝေငှပေးနေခြင်းပင်။ ထိုမိန်းမပျိုသည် ကောင်းကင်အမိန့်တော် ဧကရီဟူသော ဂုဏ်ပုဒ်နှင့် အမှန်တကယ်ပင် ထိုက်တန်လှသည်။ သူမ၏ နှလုံးသားသည် ကြင်နာတတ်လှသည်ဟု ချန်ချင်းက စိတ်ထဲမှ တွေးတောကာ သက်ပြင်းချလိုက်မိသည်။

သကြားကပ် ရှန်းကျာသီးများအားလုံးကို ဝေငှပြီးနောက် ရှားချင်းယွဲ့သည် ချန်ချင်း၏ အကြည့်နှင့် ဆုံတွေ့သွားရာ သူ့ထံသို့ အလျင်အမြန် ပြန်လာပြီး ရှင်းပြလိုက်သည်။

"ကျွန်မ တစ်ယောက်တည်း အဲ့ဒီလောက် အများကြီး မစားနိုင်လို့ပါ... သူတို့ကို အပြစ်မတင်ပါနဲ့နော်..."

ဤစကားကို ကြားသောအခါ ချန်ချင်းသည် ခါးသက်စွာ ခံစားလိုက်ရလေ၏။ ပုံသေကားချပ် အမြင်တစ်ခုကို ပြောင်းလဲရန်က အမှန်တကယ်ကို ခက်ခဲလှသည်။ သူ စောစီးစွာ နိုးထလာခဲ့ခြင်းက ကောင်းမွန်သောအရာပင်။ ထိုသို့မဟုတ်ပါက နတ်ဆိုးဘုရင်ဟူသော ဂုဏ်ပုဒ်သည် အမှန်တကယ်ကို ခိုင်မာသွားပေမည်။ သူ ပြောင်းလဲရမည်လော။ ထိုအချိန်ရောက်လျှင် သူ ပြောင်းလဲရန် အခွင့်အရေး မည်သည့်နေရာမှ ရရှိနိုင်မည်နည်း။ သူသည် ဇာတ်ညွှန်းအတိုင်းသာ လိုက်နာရမည်ဖြစ်ပြီး ဇာတ်လိုက်၏ ဓားဖြင့် အသတ်ခံရကာ ဗီလိန်၏ တာဝန်ကို ပြီးမြောက်စေရုံသာ ရှိတော့ပေမည်။

"ဇနီးလေးက ဒီလိုပြောမှတော့ မင်းရဲ့ ခင်ပွန်းက သဘောတူရမှာပေါ့..."

သူက သူမကို ဇနီးလေးဟု ခေါ်လိုက်သည်ကို ကြားသောအခါ ရှားချင်းယွဲ့က တုံ့ဆိုင်းစွာဖြင့် ပြန်လည်ဖြေကြားလိုက်သည်။

"ကျေးဇူးတင်ပါတယ်... ခင်... ခင်ပွန်း..."

【ဇနီးသည်ကို အလိုလိုက်ခြင်း အောင်မြင်ပါသည်... အိမ်ရှင်က ကျပန်းဆုလာဘ်အဖြစ် အလယ်အလတ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံး ၁၀၀ ကို ရရှိသည့်အတွက် ဂုဏ်ယူပါသည်...】

ဤစနစ်သည် သူ့ကဲ့သို့ပင် အချစ်ရေး၌ စာရွက်အလွတ်တစ်ရွက်ဖြစ်နေသော အပျိုစင်တစ်ဦး ဖြစ်မည်ဟု ချန်ချင်း ပြင်းပြင်းထန်ထန် သံသယဝင်မိလေ၏။ ကံကောင်းထောက်မစွာဖြင့် ဤသို့ဖြစ်နေသောကြောင့်သာ သူသည် အားစိုက်ထုတ်မှု သို့မဟုတ် ချွေးထွက်မှု များများစားစား မရှိဘဲ ကြီးမားသော ဆုလာဘ်များကို ရရှိနိုင်ခြင်းပင်။ စနစ်အနေဖြင့် ဤအတိုင်း ဆက်လက် လုပ်ဆောင်သွားရန် သူ မျှော်လင့်မိပေ၏။

【ဇနီးသည်ကို အလိုလိုက်ခြင်း အောင်မြင်ပါသည်... အိမ်ရှင်က ကျပန်းဆုလာဘ်အဖြစ် မီးတောက်အဆောင်လက်ဖွဲ့ ၅ ခု ကို ရရှိသည့်အတွက် ဂုဏ်ယူပါသည်...】

【ဇနီးသည်ကို အလိုလိုက်ခြင်း အောင်မြင်ပါသည်... အိမ်ရှင်က ကျပန်းဆုလာဘ်အဖြစ် ဆွဲဆောင်မှု စွမ်းရည်အမှတ် ၁၀မှတ်ကို ရရှိသည့်အတွက် ဂုဏ်ယူပါသည်...】

ထို့နောက် ချန်ချင်းသည် ရှားချင်းယွဲ့ကို နဂါးမုတ်ဆိတ်မွှေး သကြားလုံး၊ နှမ်းမုန့်၊ ရေအယ်သီးမုန့် စသည့် ရိုးရာသရေစာအမျိုးမျိုးကို မြည်းစမ်းကြည့်ရန် ခေါ်ဆောင်သွားခဲ့သညိ။ ရှားချင်းယွဲ့အတွက် ထိုအရာအားလုံးက အရသာရှိနေသော်လည်း သူမ၏စိတ်အတွင်း၌မူ ဤအရာများကို သူမ၏ အစ်ကိုဖုန်းနှင့်အတူ လုပ်ဆောင်ခွင့်ရရန် ဆန္ဒရှိနေဆဲပင်။ ချန်ချင်းသည် ဤအရာကို သိမြင်သော်လည်း ထုတ်မပြောခဲ့ချေ။ အနာဂတ် ကောင်းကင်အမိန့်တော် ဧကရီဖြစ်သော ရှားချင်းယွဲ့သည် အလွန်ဖြူစင်လွန်းနေသေးပြီး မနိုးထသေးသဖြင့် သူမ၏အတွေးများကို မျက်နှာပေါ်တွင် မဖုံးကွယ်နိုင်ခြင်းဟုသာ ချန်ချင်း အပြစ်တင်နိုင်တော့၏။

ချန်ချင်းအနေဖြင့် စိုးရိမ်ပူပန်နေရန် မလိုအပ်ချေ။ တောင်တန်းများထဲ၌ ပုန်းအောင်းကာ တံခါးပိတ်ကျင့်ကြံနေသောလူပင် မစိုးရိမ်ဘဲ ရှိနေလေရာ အခြားသူတစ်ဦး၏ ဇနီးကို ဖောက်ပြန်အောင် လုပ်ဆောင်နေသော သူက မည်သည်ကြောင့် စိုးရိမ်ရမည်နည်း။

ထိုအရာနှင့် နှိုင်းယှဉ်ပါက ယခုအချိန်တွင် ချန်ချင်း အာရုံစိုက်ရန် ပို၍အရေးကြီးသော ကိစ္စတစ်ခု ရှိနေခဲ့ပေသည်။ တစ်စုံတစ်ယောက်က သူ့ကို လျှို့ဝှက်စွာ စောင့်ကြည့်နေသည်ဟု သူ ခံစားလိုက်ရပြီး ဤအကြည့်သည် တာအိုအစောင့်အရှောက်၏ အကြည့်နှင့် လုံးဝကွာခြားနေခဲ့ပေ၏။

All Chapters