← Chapters

အခန်း ၂၇

Vol. 3 Ch. 27

အခန်း ၂၇

Vol. 3 Ch. 27

အခန်း (၂၇) မြင့်မြတ်ခန္ဓာကိုယ်

ရိုးရိုးသားသား ပြောရလျှင် ချန်ချင်းသည် ရှားချင်းယွဲ့ကို သတ်ဖြတ်လိုသော လုဝူယန်၊ ကောင်းကင်ငှက်မွှေးဂိုဏ်း ဘိုးဘေးအိုကြီးနှင့် တခြားသူများကို ကျေးဇူးတင်ရပေမည်။ ထိုသို့မဟုတ်ပါက သူသည် ထိုလူများကို သတ်ဖြတ်လျှင်ပင် ဇနီးသည်အား အလိုလိုက်ခြင်း ဆုလာဘ် ရရှိခဲ့မည် မဟုတ်ချေ။ ချန်ချင်းသည် နောက်ထပ် စနစ်အသိပေးချက်ကို ဝင်ရောက်ကြည့်ရှုလိုက်၏။

【ဇနီးသည်ကို အလိုလိုက်ခြင်း အောင်မြင်ပါသည်... အိမ်ရှင်က ကျပန်းဆုလာဘ်အဖြစ် ဓားတစ်သောင်း မြင့်မြတ်ခန္ဓာကိုယ်ကို ရရှိသည့်အတွက် ဂုဏ်ယူပါသည်...】

မြင့်မြတ်ခန္ဓာကိုယ်လား..

အကယ်၍ ချန်ချင်း မှတ်မိသည်မှာ မှန်ကန်ပါက ဤလောကတွင် ရုပ်ခန္ဓာကိုယ်အမျိုးအစား သုံးထောင် ရှိသည်။ ထိုအရာများအနက် တစ်ခုကို ပိုင်ဆိုင်ထားခြင်းက ပါရမီရှင်များအကြား၌ပင် ပါရမီရှင်တစ်ဦး ဖြစ်စေသည်။ ထိုရုပ်ခန္ဓာကိုယ်များသည် ပိုင်ရှင်ဖြစ်သူကို တခြားသူများထက် ပို၍သန်မာအားကောင်းစေရုံသာမက ကျင့်ကြံခြင်းအမြန်နှုန်းကိုလည်း အရှိန်မြှင့်ပေးကာ အားကောင်းသော ပါရမီများကိုလည်း ပေးစွမ်းနိုင်သည်။ မြင့်မြတ်ခန္ဓာကိုယ်ဆိုသည်မှာ ဤရုပ်ခန္ဓာကိုယ်အမျိုးအစား သုံးထောင်၏ ထိပ်ဆုံးရာဂဏန်းစာရင်းတွင် ပါဝင်သော အားကောင်းသည့် ခန္ဓာကိုယ်အမျိုးအစားတစ်ခုပင်။

ချန်ချင်းသည် သူ၏စိတ်ထဲတွင် မမေးမြန်းဘဲ မနေနိုင်တော့ချေ။

"စနစ်... ရုပ်ခန္ဓာကိုယ်အမျိုးအစား သုံးထောင်ထဲမှာ ဓားတစ်သောင်း မြင့်မြတ်ခန္ဓာကိုယ်က အဆင့်ဘယ်လောက်မှာ ရှိလဲ..."

စနစ်က ချက်ချင်းအကြောင်းပြန်လာလေ၏။

"အိမ်ရှင်ကို အကြောင်းပြန်ပါတယ်... ဓားတစ်သောင်း မြင့်မြတ်ခန္ဓာကိုယ်က ရုပ်ခန္ဓာကိုယ်အမျိုးအစား သုံးထောင် စာရင်းမှာ အဆင့်ဆယ့်ခုနစ် နေရာမှာ ရှိပါတယ်... ဓားကျင့်ကြံသူတွေအတွက်တော့ နံပါတ်တစ် မြင့်မြတ်ခန္ဓာကိုယ်ပါပဲ..."

'အဆင့်ဆယ့်ခုနစ်... ဓားကျင့်ကြံသူတွေအတွက် နံပါတ်တစ် မြင့်မြတ်ခန္ဓာကိုယ်လား...'

စနစ်၏ အကြောင်းပြန်ချက်ကို ကြားသောအခါ ချန်ချင်း၏လည်ချောင်း လှုပ်ရှားသွားပြီး တံတွေးမျိုချလိုက်ကာ သူ၏စိတ်နှလုံးသားတွင် ဝမ်းသာပျော်ရွှင်မှုများဖြင့် ပြည့်နှက်သွားသည်။ ယခုအချိန်၌ ဇာတ်လိုက်ကို ရင်ဆိုင်ရန် သူ၏အားသာချက်မှာ နောက်ထပ် တစ်ဆင့် တိုးလာခဲ့လေပြီ။ သူ၏ကျင့်ကြံခြင်းကို မြှင့်တင်ရန် ဓားတစ်သောင်း မြင့်မြတ်ခန္ဓာကိုယ်ကို အသုံးပြုရန် သူ မစောင့်ဆိုင်းနိုင်တော့ချေ။ သူ၏ လက်ရှိ ကြောက်မက်ဖွယ်ကောင်းသော နားလည်နိုင်စွမ်းအမှတ်နှင့်ဆိုလျှင် အားစိုက်ထုတ်မှု တစ်ဝက်ဖြင့် ရလဒ်နှစ်ဆ သေချာပေါက် ရရှိမည်ဟု သူ ယုံကြည်ထားသည်။

ဤအတွေးဖြင့် ချန်ချင်းသည် စနစ်မျက်နှာပြင်ကို ပိတ်လိုက်ပြီး ပို၍မြန်ဆန်သော အမြန်နှုန်းဖြင့် ချန်အိမ်တော်သို့ အလျှင်အမြန် ပြန်သွားခဲ့သည်။ ရှားချင်းယွဲ့သည် ချန်ချင်း အရှိန်မြှင့်လိုက်သည်ကို ခံစားရသောအခါ သူ့ကို ပို၍တင်းကျပ်စွာ ဖက်ထားပြီး သူမ၏ခေါင်းကို သူ၏ ရင်ခွင်ထဲသို့ နက်ရှိုင်းစွာ မြှုပ်နှံထားလိုက်၏။ ချန်ချင်းသည် ရှားချင်းယွဲ့၏ ခေါင်းကို ကာကွယ်ရန် သူ၏လက်ကို မြှောက်လိုက်ပြီး လမ်းခရီးတစ်လျှောက် လေပြင်းများ တိုက်ခတ်ခြင်းမှ ကာကွယ်ပေးလိုက်သည်။

"..."

ဤအရာကို သတိထားမိသောအခါ ရှားချင်းယွဲ့သည် ချိုမြိန်စွာ ပြုံးလိုက်၏။ တစ်ချိန်တည်းမှာပင် ချန်ချင်းသည် သူ လိုချင်သောအရာကို ရရှိခဲ့ပြီး ခဲတစ်လုံးတည်းဖြင့် ငှက်နှစ်ကောင် ပစ်နိုင်ခဲ့သည်။

【ဇနီးသည်ကို အလိုလိုက်ခြင်း အောင်မြင်ပါသည်... အိမ်ရှင်က ကျပန်းဆုလာဘ်အဖြစ် ပဉ္စမအဆင့် ကောင်းကင်ယွမ် ဆေးလုံးအလုံး၅၀ကို ရရှိသည့်အတွက် ဂုဏ်ယူပါသည်...】

တစ်ချိန်တည်းမှာပင်...

ကောင်းကင်ငှက်မွှေးဂိုဏ်း ဖျက်ဆီးခံလိုက်ရကြောင်း သတင်းသည် သူလျှိုအမျိုးမျိုးမှတစ်ဆင့် အရေးကြီးသော ပုဂ္ဂိုလ်များစွာ၏ နားထဲသို့ ရောက်ရှိသွားသည်။ထိုလူများအနက် မဟာဝူနိုင်ငံ၏ ဧကရာဇ်ရှားချန် လည်း ပါဝင်သည်။

"မင်း... မင်း ဘာပြောလိုက်တယ်... ကောင်းကင်ငှက်မွှေးဂိုဏ်းက အစုလိုက်အပြုံလိုက် အသတ်ခံလိုက်ရတာလား..."

ဤစကားကို ကြားသောအခါ ရှားချန်သည် ထိတ်လန့်သွားပြီး နဂါးပလ္လင်ပေါ်မှ ရုတ်တရက် မတ်တတ်ထရပ်လိုက်၏။

"အရှင်မင်းကြီးကို သတင်းပို့ပါတယ်... အောက်ခြေအစေခံတွေကနေ အကြီးအကဲတွေနဲ့ ဂိုဏ်းချုပ်အထိ... ပြီးတော့ ကောင်းကင်ငှက်မွှေးဂိုဏ်းရဲ့ ဘိုးဘေးအိုကြီးအပါအဝင် ဂိုဏ်းတစ်ခုလုံးက လူတစ်သောင်းကျော် အားလုံး... ချွင်းချက်မရှိ အဆိုးရွားဆုံး အဆုံးသတ်နဲ့ ကြုံတွေ့ခဲ့ရပါတယ်... သူတို့ရဲ့ ခေါင်းတွေက ခန္ဓာကိုယ်ကနေ ပြတ်တောက်သွားပါတယ်..."

လျှို့ဝှက်အစောင့်က အသေးစိတ် သတင်းပို့လိုက်သည်။

ရှားချန် တွေဝေတုံ့ဆိုင်းသွားပြီး သူ၏ လက်ကို မြှောက်လိုက်ကာ ပြန်ချလိုက်ပြီးနောက် နဂါးပလ္လင်ပေါ်သို့ ဖြည်းညှင်းစွာ ပြန်ထိုင်လိုက်သည်။ အချိန်တခဏကြာမျှ စဉ်းစားပြီးနောက် ဤကိစ္စ၏ နောက်ကွယ်တွင် မည်သူ၏လက်ချက် ပါဝင်နေသည်ကို သိရှိရန် သူ့အတွက် မခက်ခဲချေ။

"သူပဲ ဖြစ်ရမယ်..."

လျှို့ဝှက်အစောင့်၏ ထူးဆန်းသော အကြည့်ကို သတိထားမိသောအခါ ရှားချန်က သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။

"ဒီငယ်သားကို သွားခွင့်ပြုပါအုံး..."

လျှို့ဝှက်အစောင့်က ချက်ချင်းပျောက်ကွယ်သွားခဲ့သည်။

"ငါတို့ အားလုံး သူ့ကို လျှော့တွက်ခဲ့မိတာပဲ..."

ရှားချန်က သူ၏နံဘေးရှိ အကြံပေးရှောင်ဟယ်ကို ကြည့်၍ ပြောလိုက်၏။

ရှောင်ဟယ်သည် တွေဝေငေးမောနေဆဲဖြစ်ပြီး အချိန်အတော်ကြာမှသာ တုံ့ပြန်နိုင်ခဲ့သည်။

"ဟုတ်ကဲ့... ဟုတ်ကဲ့... ဂိုဏ်းတစ်ဂိုဏ်းလုံးကို တစ်ညတည်းနဲ့ ရှင်းလင်းပစ်နိုင်တာ... ဒီလို နည်းလမ်းတွေက တကယ်ကို အံ့အားသင့်စရာ ကောင်းလွန်းပါတယ်..."

ချန်ချင်းကို အလျင်စလို တိုက်ခိုက်ပြီး ပြဿနာကို အမြှစ်ကနေ ဖြတ်တောက်ပစ်ရန်ဟူသော သူ၏အစောပိုင်း အကြံပြုချက်ကို ရှားချန်က လက်မခံခဲ့သည့်အတွက် ရှောင်ဟယ် အလွန်ဝမ်းသာနေသည်။ ထိုသို့မဟုတ်ပါက မဟာဝူနိုင်ငံသည် ရှားဟူသော မျိုးရိုးအမည်ကို ဆက်လက်၍ ခံယူနိုင်တော့မည် မဟုတ်ဘဲ သူ၏ကိုယ်ပိုင်ကံကြမ္မာကိုလည်း ကြိုတင် ခန့်မှန်းရ လွယ်ကူပေလိမ့်မည်။

"အခုကစပြီး... ငါတို့က သူ့ရဲ့ ရန်သူ မဖြစ်စေရဘူး..."

ရှားချန်က ဤအချက်ကို ပြတ်သားစွာ ဆုံးဖြတ်လိုက်၏။

"အရှင်မင်းကြီးရဲ့ အမိန့်အတိုင်းပါ..."

ရှောင်ဟယ်က ဦးညွှတ်လိုက်သည်။ သူ ဤအချက်ကို အကြွင်းမဲ့ထောက်ခံသည်။

ထိုနောက် ရှားချန်သည် ဒုတိယမင်းသားရှားစဲ့အား တော်ဝင်စာကြည့်ဆောင်သို့ ဆင့်ခေါ်ရန် တစ်စုံတစ်ဦးအား အမိန့်ပေးလိုက်သည်။ ဤအချိန်တွင် ရှားစဲ့သည် ကောင်းကင်ငှက်မွှေးဂိုဏ်းတစ်ခုလုံး အစုလိုက်အပြုံလိုက် အသတ်ခံရကြောင်း သူ၏ ယုံကြည်ရသော သတင်းပေးထံမှ ယခုလေးတင် သိရှိခဲ့ရခြင်းဖြစ်သည်။

"ဒါက ဘယ်လိုလုပ်​ ဖြစ်နိုင်မှာလဲ... ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ..."

ရှားစဲ့သည် သူ၏အခန်းထဲတွင် ဟိုဟိုဒီဒီလမ်းလျှောက်နေပြီး လုံးဝနားမလည်နိုင်အောင် ဖြစ်နေခဲ့လေ၏။

"ဘိုးဘေးကြီးကရော... ငါတို့ ကောင်းကင်ငှက်မွှေးဂိုဏ်းရဲ့ ဘိုးဘေးကြီးကရော..."

ရှားစဲ့သည် ရှေ့သို့ လှမ်းကာ သတင်းပေး၏ရင်ဘတ်ကို ဆုပ်ကိုင်ပြီး အရေးတကြီး မေးလိုက်သည်။

"ဒုတိယမင်းသားကို သတင်းပို့ပါတယ်... ကောင်းကင်ငှက်မွှေးဂိုဏ်းက ဘိုးဘေးအိုကြီးရဲ့ အလောင်းလည်း အဲ့ဒီအထဲမှာ ပါပါတယ်..."

ဤစကားကို ကြားသောအခါ ရှားစဲ့၏ ခန္ဓာကိုယ်သည် ကြောက်ရွံ့မှုကြောင့် ပျော့ခွေသွားပြီး ကုလားထိုင်ပေါ်သို့ ပြိုလဲကျသွားကာ မျက်စိတစ်မှိတ်အတွင်း နှစ်အနည်းငယ်မျှ အသက်ကြီးသွားသကဲ့သို့ ဖြစ်နေခဲ့လေ၏။ သူ၏ ကျောထောက်နောက်ခံအဖြစ် ကောင်းကင်ငှက်မွှေးဂိုဏ်း၏ ပံ့ပိုးမှု မရှိပါက ရာဇပလ္လင်အတွက် ယှဉ်ပြိုင်နိုင်ခြေမှာ များစွာ လျော့ကျသွားကြောင်း သူ ကောင်းစွာသိရှိထားသည်။

ထိုအချိန်တွင် အပြင်ဘက်မှ အသံတစ်သံ ထွက်ပေါ်လာသည်။

"ဒုတိယမင်းသား... အရှင်မင်းကြီးက မင်းသားကို တော်ဝင်စာကြည့်ဆောင်ဆီလာဖို့ အမိန့်ပေးလိုက်ပါတယ်..."

ရှားစဲ့က သဘောတူကြောင်း ပြောလိုက်ပြီး သတင်းလာပို့သော မိန်းမစိုး၏နောက်မှ တော်ဝင်စာကြည့်ဆောင်သို့ တွေဝေထိုင်းမှိုင်းစွာဖြင့် လိုက်ပါသွားသည်။ မကြာမီ မိန်းမစိုးက တံခါးကို စောင့်နေစဉ် ရှားစဲ့ သည် တော်ဝင်စာကြည့်ဆောင်၏ တံခါးကို တစ်ယောက်တည်း တွန်းဖွင့်ကာ ဝင်ရောက်သွားခဲ့ပေ၏။ သူက ညဉ့်နက်သည်အထိ အစီရင်ခံစာများကို စစ်ဆေးနေဆဲဖြစ်သော ရှားချန်ကို တွေ့လိုက်ရသည်။

"သားတော် ခမည်းတော်ကို အရိုအသေပေးပါတယ်..."

ရှားစဲ့က ဦးညွှတ်လိုက်၏။

"အခုကစပြီး ချန်ချင်းကို ဒုက္ခပေးဖို့ ဘယ်သူ့ကိုမှ မလွှတ်နဲ့တော့..."

ရှားချန်သည် ရှားစဲ့ကိုပင် လှည့်မကြည့်ဘဲ ပြောလိုက်သည်။

"ခမည်းတော်... ဘာကို ဆိုလိုတာလဲ... သားတော် နားမလည်ပါဘူး..."

ကောင်းကင်ငှက်မွှေးဂိုဏ်း ဖျက်ဆီးခံလိုက်ရသဖြင့် ရှားစဲ့သည် အလွန်အမင်း စိတ်အနှောင့်အယှက် ဖြစ်နေလေပြီ။ ရှားချန်က သူ့ကို တော်ဝင်စာကြည့်ဆောင်သို့ ညဉ့်နက်မှ ဆင့်ခေါ်ပြီး သစ္စာဖောက်ဝန်ကြီး၏ သားကို ပစ်မှတ်မထားရန် ပြောဆိုခြင်းက သူ့ကို ပို၍ပင် စိတ်အနှောင့်အယှက် ဖြစ်စေခဲ့သည်။

"ဒုန်း..."

ရှားစဲ့သည် ကိုယ့်ကိုယ်ကိုယ် မထိန်းချုပ်နိုင်ရုံသာမက သူ့ကို မေးခွန်းထုတ်ရဲသည်အား မြင်ချိန်၌ ရှားချန်သည် သူ၏လက်ထဲရှိ စုတ်တံကို စားပွဲပေါ်သို့ ပြင်းထန်စွာ ရိုက်ချလိုက်၏။

"မိုက်မဲတဲ့ သား... ကောင်းကင်ငှက်မွှေးဂိုဏ်း တစ်ခုလုံး ပျက်စီးသွားတာကို မင်း မကျေနပ်သေးဘူးလား... မင်း ပျော်ရွှင်ဖို့အတွက် ငါတို့ ရှားမိသားစုကို သေတွင်းထဲ ပို့ချင်နေတာလား..."

"ကောင်းကင်ငှက်မွှေးဂိုဏ်းလား..."

ရှားစဲ့သည် ဤအရာကို သူ၏စိတ်ထဲမှ လျှင်မြန်စွာ စဉ်းစားသုံးသပ်လိုက်ပြီးနောက် သူ၏မျက်လုံးများ ပြူးကျယ်သွားကာ အစမ်းသဘောဖြင့် မေးမြန်းလိုက်သည်။

"ခမည်းတော်... ခမည်းတော် ဆိုလိုတာက... ကောင်းကင်ငှက်မွှေးဂိုဏ်း ဖျက်ဆီးရတာက ချန်မိသားစုနဲ့ ပတ်သက်နေတာလား..."

ရှားချန် မဖြေမီမှာပင် ရှားစဲ့က အလျင်အမြန် ငြင်းဆန်လိုက်သည်။

"ဒါ... ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ... ချန်မိသားစုက မဟာဝူနိုင်ငံမှာ ဩဇာလွှမ်းမိုးမှု နည်းနည်းရှိပေမဲ့... ဂိုဏ်းတစ်ခုလုံးကို ယှဉ်ပြိုင်နိုင်လောက်အောင် အင်အားမကြီးပါဘူး... ကောင်းကင်ငှက်မွှေးဂိုဏ်းကို ဖျက်ဆီးဖို့ဆိုတာ ပိုတောင် မဖြစ်နိုင်သေးတယ်..."

"ဂိုဏ်းကို ဖျက်ဆီးခဲ့တဲ့သူက ချန်ချင်းလို့ ငါ ပြောရင်ရော..."

"..."

ရှားချန်၏ စကားတစ်ခွန်းတည်းက ရှားစဲ့ကို စကားမပြောနိုင်အောင် ဖြစ်သွားစေသည်။ ရှားချန်သည် ဤကဲ့သို့ ကိစ္စမျိုးကို သူ့အား နောက်ပြောင်မည် မဟုတ်ကြောင်း သူ ယုံကြည်ထားသည်။

"တော်တော့... အခုကစပြီး... မင်းရဲ့ အမှားတွေကို ပြန်ပြီးသုံးသပ်ဖို့ မင်းရဲ့ စံအိမ်မှာ တစ်နှစ်တိတိ အကျယ်ချုပ် ချထားမယ်... နန်းတော်ကနေ ထွက်ခွင့်မရှိဘူး... တကယ်လို့ မင်း ဆင်ခြင်တုံတရားမဲ့တဲ့ လုပ်ရပ်တွေကို ထပ်လုပ်ရဲရင်... ငါတို့ရဲ့ သားအဖဆက်ဆံရေးကို လျစ်လျူရှုပြီး မင်းကို မိသားစုကနေ ထုတ်ပယ်လိုက်မှာကို အပြစ်မတင်နဲ့..."

ရှားချန်သည် လက်တစ်ဖက်ဖြင့် သူ၏ နဖူးကို ပွတ်သပ်ကာ တခြားလက်တစ်ဖက်ကို ဝှေ့ယမ်းပြီး ရှားစဲ့ အား အလျင်အမြန် ထွက်သွားရန်နှင့် ထပ်မံဒေါသမဆွရန် ပြောလိုက်၏။

ရှားစဲ့သည် တွေဝေတုံ့ဆိုင်းသွားသော်လည်း ဤအချိန်တွင် ရှားချန်ကို ဆန့်ကျင်ခြင်းက ရာထူးမှ ဖယ်ရှားခံရခြင်းသို့သာ ဦးတည်သွားမည်ကို သိရှိထားသည်။ ထို့ကြောင့် သူက အလျှင်အမြန် တုံ့ပြန်လိုက်သည်။

"ဟုတ်ကဲ့... သားတော်က အမိန့်ကို နာခံပါတယ်..."

သူ လှည့်ထွက်သွားပြီး ဗလာကျင်းနေသော အမူအရာရဗိနေကာ သူတစ်ယောက်တည်းသာ ကြားနိုင်သော အသံဖြင့် ရေရွတ်နေသည်။

"ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ..."

ရှားစဲ့ ထွက်သွားသည်ကို မြင်သောအခါ ရှားချန်သည် စိတ်မအေးနိုင်သေးဘဲ တင်းကျပ်စွာ စောင့်ကြည့်ရန် အမိန့်ပေးခဲ့ပြီး တစ်ခုခု မှားယွင်းသွားပါက ထိုလူ၏မိသားစုမှ မျိုးဆက်ကိုးဆက်လုံးကို အပြစ်ပေးမည်ဟု ခြိမ်းခြောက်လိုက်၏။

ချန်အိမ်တော်၌..

【ဇနီးသည်ကို အလိုလိုက်ခြင်း အောင်မြင်ပါသည်... အိမ်ရှင်က ကျပန်းဆုလာဘ်အဖြစ် နားလည်နိုင်စွမ်းအမှတ် ၅၀ ကို ရရှိသည့်အတွက် ဂုဏ်ယူပါသည်...】

【ဇနီးသည်ကို အလိုလိုက်ခြင်း အောင်မြင်ပါသည်... အိမ်ရှင်က ကျပန်းဆုလာဘ်အဖြစ် နတ်ဘုရားလှုပ်ရှားမှု အဆောင်လက်ဖွဲ့ ၁၀ခုကို ရရှိသည့်အတွက် ဂုဏ်ယူပါသည်...】

...

ချန်ချင်းသည် ရှားချင်းယွဲ့ကို မျက်နှာသစ်ပေးပြီး သူမကို ကုတင်ပေါ်တွင် အိပ်စေကာ မကြာမီ သူ၏ ကျင့်ကြံခြင်းအတွက် အရင်းအမြစ်များနှင့် အားသာချက်များ ပို၍စုဆောင်းရန်အတွက် ဇနီးသည်အား အလိုလိုက်ခြင်း ဆုလာဘ်များကို အဆင်ပြေပြေ ရယူခဲ့ပြီးဖြစ်သည်။

"ရှင် ဘယ်သွားမလို့လဲ..."

ရှားချင်းယွဲ့က မေးလိုက်၏။

"ငါ အနီးအနားမှာ သွားကျင့်ကြံမလို့..."

ချန်ချင်းက ပြန်ဖြေလိုက်သည်။

ရှားချင်းယွဲ့က ခေါင်းညိတ်လိုက်၏။ ထို့နောက် ချန်ချင်းသည် မလှမ်းမကမ်းသို့ လျှောက်သွားကာ ပလ္လငါခွေထိုင်ပြီး ချီစုစည်းခြင်းနှင့်ကျင့်ကြံခြင်း စတင်သည်ကို သူမ တွေ့လိုက်ရသည်။ ရှားချင်းယွဲ့သည် မျက်လုံးများကိုပိတ်ကာ အနားယူရန် ဟန်ပြင်ဆင်လိုက်သည်။

သူမ၏မျက်ခွံများ အနည်းငယ် တုန်ယင်သွားပြီးနောက် တခဏအကြာတွင် သူမ၏ ပါးလျသော နှုတ်ခမ်းများ အနည်းငယ် ပွင့်ဟသွားပြီး သူမက တိုးညှင်းစွာ ပြောလိုက်သည်။

"ရှင် ပင်ပန်းနေရင်... ကုတင်ပေါ် လာအိပ်လေ..."

All Chapters