← Chapters

အခန်း ၂၉

Vol. 3 Ch. 29

အခန်း ၂၉

Vol. 3 Ch. 29

အခန်း (၂၉) ဧကရီဖြစ်လာမည့် လမ်းကြောင်းကို ကြိုတင်၍ စတင်ခြင်း

"သခင်မလေး... မင်းရဲ့ကိုယ်သင်းနံ့လေးက အရမ်းမွှေးတာပဲ... ဘယ်လို နံ့သာထုပ်မျိုး သုံးထားတာလဲ..."

ချန်ချင်းက ရှားချင်းယွဲ့၏ လည်ပင်းနားသို့ သူ၏နှာခေါင်းကို တိုးကပ်ကာ ရုတ်တရက် မေးမြန်းလိုက်သည်။

"ကျွန်မ ရှင့်ကို နှိုးလိုက်မိလို့လား..."

ရှားချင်းယွဲ့က ပြန်မေးလိုက်၏။

"သခင်မလေးက ကိုယ့်ကိုယ်ကိုယ် အပြစ်တင်ဖို့ မလိုပါဘူး..."

ချန်ချင်းက ရှင်းပြသည်။

"ငါက တခြားလူတွေထက် ပိုပြီးနှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်တတ်တော့ အချိန်အကြာကြီး မအိပ်ဘူး..."

ဤစကားကို ကြားသောအခါ ရှားချင်းယွဲ့ စိတ်သက်သာရာ ရသွားသည်။ သူမ၏ မသိမသာလှုပ်ရှားမှုများက ချန်ချင်းကို နှိုးလိုက်မိသည်ဟု သူမ ထင်မှတ်ထားခဲ့ခြင်း ဖြစ်သည်။

"သခင်မလေးက ငါ့ရဲ့မေးခွန်းကို မဖြေရသေးဘူး..."

ချန်ချင်းက ယခင်အကြောင်းအရာကို ဆက်ပြောလိုက်၏။

"ကျွန်မက ဘယ်နံ့သာထုပ်မှ မသုံးပါဘူး..."

ရှားချင်းယွဲ့က ငြင်းဆိုလိုက်သည်။

"နံ့သာထုပ် မသုံးဘူးလား... ဒါဆိုရင် မင်းရဲ့ သဘာဝ ကိုယ်သင်းနံ့ ဖြစ်ရမယ်... ဒီလောက် မွှေးနေတာ အံ့အားသင့်စရာ မရှိပါဘူး..."

"ယားတယ်... မနမ်းနဲ့တော့..."

ရှားချင်းယွဲ့သည် ထူးဆန်းသလို ခံစားရပြီး တွန့်လိမ်သွားခဲ့လေ၏။

ချန်ချင်းသည် ထိုနေရာတွင် ရပ်တန့်လိုက်ပြီးနောက် ပြောလိုက်သည်။

"သခင်မလေးရဲ့ သဘာဝ ကိုယ်သင်းနံ့က လိပ်ပြာတွေ ထွက်ပေါ်လာမယ့် ရာသီရောက်ရင် သူတို့က ပန်းဝတ်ရည်စုပ်ဖို့တောင် အားထုတ်တော့မှာ မဟုတ်ဘဲနဲ့ မင်းဆီရောက်လာမယ်လို့ ငါ ထင်တယ်..."

"ရှင်ပြောသလောက်လည်း မပိုပါဘူး..."

ထိုစကားကို ပြောဆိုပြီးသည်နှင့် ရှားချင်းယွဲ့က သေချာပြန်စဉ်းစားကြည့်လိုက်သည်။ အမှန်တကယ်ကိုပင် ရာသီချိန်ရောက်သည်နှင့် လိပ်ပြာများသည် သူမ၏အနီးတဝိုက်တွင် မကြာခဏ ပျံဝဲနေတတ်ပြီး သူမ၏ခန္ဓာကိုယ်ပေါ်တွင် လာနားတတ်ကြသည်။

သူတို့နှစ်ယောက်သား ပေါ့ပေါ့ပါးပါး စကားအနည်းငယ် ပြောဆိုပြီးနောက် ရှားချင်းယွဲ့သည် ချန်ချင်းဘက်သို့ လှည့်လိုက်၏။

အနီးကပ် မျက်လုံးချင်း ဆုံတွေ့သွားချိန်တွင် ရှားချင်းယွဲ့ တွေဝေတုံ့ဆိုင်းသွားပြီး ချန်ချင်း၏အကြည့်အောက်တွင် ရှက်ရွံ့မှုကို ခံစားလိုက်ရသည်။

"ဘာဖြစ်လို့လဲ သခင်မလေး..."

ချန်ချင်းက မသိချင်ယောင်ဆောင်ကာ မေးလိုက်သည်။

ရှားချင်းယွဲ့သည် သူမကိုယ်သူမ တည်ငြိမ်အောင် ထိန်းချုပ်လိုက်ပြီးနောက် စကားလမ်းကြောင်း ပြောင်းကာ တည်ကြည်လေးနက်စွာ ပြောလိုက်သည်။

"ခင်ပွန်း... ကျွန်မမှာ ရှင်နဲ့ဆွေးနွေးချင်တဲ့ ကိစ္စတစ်ခု ရှိနေတယ်..."

"သခင်မလေး လွတ်လွတ်လပ်လပ် ပြောပါ... မင်းနဲ့ ပတ်သက်နေသရွေ့ မင်းရဲ့ ခင်ပွန်းက အစွမ်းကုန် ကြိုးစားပေးမှာပါ..."

ချန်ချင်း၏သဘောထားမှာ ပြတ်သားနေခဲ့ပေ၏။

ဤစကားကို ကြားသောအခါ ရှားချင်းယွဲ့၏နှလုံးသား ထိရှသွားသည်။ ရှားချင်းယွဲ့သည် ချန်ချင်း၏ သူမအပေါ်ထားရှိသော ကြင်နာမှုကို အမှန်တကယ်ပင် ခံစားမိလေ၏။

"ရိုးရိုးသားသား ပြောရရင် ခင်ပွန်း... ကျွန်မလည်း ကျင့်ကြံချင်တယ်..."

ဤရက်များအတွင်းရှိ ဖြစ်ရပ်များကို ကြုံတွေ့ပြီးနောက် ရှားချင်းယွဲ့၏ ကျင့်ကြံလိုစိတ်သည် ပို၍အားကောင်းလာပြီး ပို၍ပြတ်သားလာသည်။

အထူးသဖြင့် ချန်ချင်းနှင့် ကောင်းကင်ငှက်မွှေးဂိုဏ်းတို့၏ တိုက်ပွဲကို မျက်မြင်တွေ့ရှိပြီးနောက် စွမ်းအားကြီးသူကို လေးစားသော ဤခေတ်ကြီးတွင် နောက်ခံနှင့် ဉာဏ်ရည်ဉာဏ်သွေးကိုသာ အားကိုးနေ၍ မလုံလောက်ဘဲ ကိုယ်ကိုယ်တိုင် အားကောင်းနေမှသာ စကားပြောဆိုခွင့် ရှိမည်ဖြစ်ကြောင်း ရှားချင်းယွဲ့ ပို၍ရှင်းလင်းစွာ သဘောပေါက်သွားခဲ့သည်။

ရှားချင်းယွဲ့သည် ငယ်စဉ်ကတည်းက အလိုလိုက်ခံခဲ့ရပြီး ရှားဧကရာဇ်က သူမကို အထူးချစ်ခင်ယုယကာ တိုက်ခိုက်သတ်ဖြတ်မှု ပဋိပက္ခများတွင် သူမ ပါဝင်ပတ်သက်မည်ကို မလိုလားခဲ့ချေ။ ထိုကြောင့် သူမသည် ကျင့်ကြံခြင်းနှင့် ပတ်သက်သည့် ကိစ္စရပ်များကို မထိတွေ့ခဲ့ရပေ။

ကျင့်ကြံခြင်းကို မဆိုထားနှင့် ရှားချင်းယွဲ့သည် သူမ၏ ပါရမီကို တစ်ကြိမ်တစ်ခါမျှ မစမ်းသပ်ဖူးသဖြင့် သူမထံတွင် စိတ်ဝိညာဉ်အမြှစ်ရှိမရှိကိုပင် မသိခဲ့ချေ။

ထို့ကြောင့် သူမ၏ စိတ်ဝိညာဉ်အမြှစ် ပါရမီကို စမ်းသပ်ရန် ချန်ချင်းအား ခေါ်ဆောင်သွားစေလိုခဲ့သည်။

'ဒါက အနာဂတ်မှာ သူ ကောင်းကင်အမိန့်တော် ဧကရီအဖြစ် ပလ္လင်ပေါ် တက်ဖို့အတွက် လမ်းခင်းပေးတာပဲ'

ချန်ချင်းသည် သူ၏စိတ်ထဲမှ တွေးလိုက်ပြီး နှုတ်ကလည်း သဘောတူလိုက်သည်။

"ပြဿနာ မရှိပါဘူး..."

"ကျေးဇူးတင်ပါတယ် ခင်ပွန်း..."

ရှားချင်းယွဲ့က ဝမ်းသာအားရ ပြုံးလိုက်သည်။

"ဒါပေမဲ့..."

ချန်ချင်းက တုံ့ဆိုင်းသွားပြီး သူမ တမင်သက်သက် စိတ်လှုပ်ရှားစေရန် ဆိုင်းငံ့ထားလိုက်၏။

"ဒါပေမဲ့ ဘာဖြစ်လဲ..."

ရှားချင်းယွဲ့၏အပြုံး ပျောက်ကွယ်သွားပြီး ဇဝေဇဝါဖြင့် မေးလိုက်သည်။

"တကယ်လို့ သခင်မလေးက နှစ်တစ်သန်းမှာ တစ်ကြိမ်ထွက်ပေါ်တဲ့ ကျင့်ကြံခြင်း ပါရမီရှင် ဖြစ်လာပြီးတော့ အနာဂတ်ကျရင် ကျင့်ကြံခြင်းအပိုင်းမှာ ငါ့ကို ကျော်တက်သွားမယ်ဆိုရင်... မင်းက မင်းရဲ့ ခင်ပွန်းကို ရက်ရက်စက်စက် စွန့်ပစ်သွားမှာ မဟုတ်ဘူးမလား..."

ချန်ချင်း၏ သနားစရာကောင်းပြီး နစ်နာနေပုံရသော အမူအရာကို မြင်သောအခါ ရှားချင်းယွဲ့သည် သူ ဟန်ဆောင်နေမှန်း သဘာဝကျကျ သိရှိသွားပြီး သူမ၏ရယ်မောချင်စိတ်ကို မထိန်းနိုင်လုနီးပါး ဖြစ်သွားခဲ့ပေ၏။

အဓိကအားဖြင့် သူမသည် မနေ့ညကမှ ချန်ချင်းက ဂိုဏ်းတစ်ခုလုံးကို လွှမ်းမိုးချုပ်ကိုင်နိုင်စွာဖြင့် တစ်ကိုယ်တော် ဖျက်ဆီးပစ်ခဲ့သည်ကို သူမကိုယ်တိုင် မျက်မြင်တွေ့ရှိခဲ့ရသည်။ သူမနှင့်သူအကြားရှိ ကွာခြားချက်မှာ ကြီးမားလွန်းလှသည်။

အကြောင်းမသိသောသူများကမူ ချန်ချင်းသည် အန္တရာယ်မရှိသော သနားစရာ လူငယ်လေးတစ်ယောက်ဟု အမှန်တကယ် ထင်မှတ်ကြပေလိမ့်မည်။

"တကယ်လို့ ခင်ပွန်းက ကျွန်မကို မယုံဘူးဆိုရင် ရှားချင်းယွဲ့​က ကျိန်ဆိုရဲပါတယ်... တကယ်လို့ အနာဂတ်မှာ ခင်ပွန်းကို သစ္စာဖောက်မယ့် ကိစ္စမျိုး လုပ်မိရင်... မိုးကြိုးငါးစင်း ပစ်ချခံရပါစေ..."

"အမ်..."

ဤအရာကို မြင်သောအခါ ချန်ချင်းက ရှားချင်းယွဲ့၏ ပါးလျသော နှုတ်ခမ်းများပေါ်တွင် သူ၏လက်ချောင်းကို ညင်သာစွာ ဖိထားပြီး အပြုံးနှင့် ပြောလိုက်သည်။

"သခင်မလေးက ဒီလို စိတ်နှလုံးသားမျိုး ရှိနေတာနဲ့တင် မင်းရဲ့ ခင်ပွန်းအတွက် လုံလောက်ပါပြီ... အဆိပ်ပြင်းတဲ့ ကျမ်းသစ္စာတွေ ကျိန်ဆိုနေဖို့ မလိုပါဘူး..."

ထိုနောက် ချန်ချင်းနှင့် ရှားချင်းယွဲ့တို့သည် ကုတင်ပေါ်မှ အသီးသီး ဆင်းလာကြ၏။

【ဇနီးသည်ကို အလိုလိုက်ခြင်း အောင်မြင်ပါသည်... အိမ်ရှင်က ကျပန်းဆုလာဘ်အဖြစ် စတုတ္ထအဆင့် အလှအပဆေးလုံးအလုံး ၅၀ ကို ရရှိသည့်အတွက် ဂုဏ်ယူပါသည်...】

ချန်ချင်းသည် ဆုလာဘ်များ ရယူရန် အခွင့်အရေးကို သဘာဝကျစွာပင် လက်လွတ်မည် မဟုတ်သဖြင့် ရှားချင်းယွဲ့ကို အဝတ်အစား လဲလှယ်ရန်အတွက် သူကိုယ်တိုင် ကူညီပေးလိုက်၏။

ရှားချင်းယွဲ့သည်လည်း ချန်ချင်းကို အဝတ်အစား လဲလှယ်ရန် ကူညီပေးခြင်းဖြင့် တုံ့ပြန်ခဲ့သော်လည်း ကွာခြားချက်မှာ သူမထံတွင် စနစ်မရှိသဖြင့် ခင်ပွန်းသည်အား အလိုလိုက်ခြင်း ဆုလာဘ်များကို မရရှိနိုင်ခြင်းပင်။

"သခင်မလေး... ငါ အရင်က အလှအပဆေးလုံး တစ်ပုလင်း အမှတ်မထင် ရခဲ့တာကို ရုတ်တရက် သတိရသွားလို့... မင်း စိတ်ဝင်စားမလား မသိဘူး..."

ချန်ချင်းက မေးလိုက်သည်။

'အလှအပဆေးလုံးလား...'

ဤဆေးလုံးသည် မည်မျှထိ တန်ဖိုးကြီးကြောင်း ရှားချင်းယွဲ့ ကောင်းစွာသိရှိထားသည်။ ဤသည်မှာ နန်းတော်တွင်းရှိ နန်းတွင်းသူများက အပြိုင်အဆိုင် လုယူကြပြီး ရရှိရန်အတွက် ငွေအမြောက်အမြား အကုန်အကျခံကာ ရွှေတစ်ထောင်ဖြင့်ပင် ရှာဖွေရခက်ခဲသော ရတနာတစ်ခုပင်။

အကယ်၍ ရှားချင်းယွဲ့ မှတ်မိသည်မှာ မှန်ကန်ပါက ပထမအဆင့် အလှအပဆေးလုံး တစ်လုံးသည် နုပျိုမှုကို တစ်နှစ်ကြာ ထိန်းသိမ်းထားနိုင်ပြီး လေလံတင်ရောင်းချပါက အနည်းဆုံး စိတ်ဝိညာဉ်ကျောက်တုံး သောင်းနှင့်ချီ၍ တန်ဖိုးရှိသည်။

ဒုတိယအဆင့် အလှအပဆေးလုံးများမှာ ပို၍ရှားပါးပြီး ဆေးပညာရှင်၏ ဆေးဖော်စပ်မှုစွမ်းရည် မြင့်မားရန် လိုအပ်ရုံသာမက ကုန်ကြမ်းများမှာလည်း ရှားပါးပြီး ရရှိရန် ခက်ခဲလှသည်။ ထိုဆေးလုံးကို စားသုံးပြီးနောက် နုပျိုမှုကို ငါးနှစ်ကြာ ထိန်းသိမ်းထားနိုင်ပြီး အသက်ရှစ်ဆယ် သို့မဟုတ် ကိုးဆယ်အရွယ်တွင် ရှိနေသူ၏ အရေပြားပင်လျှင် တင်းရင်းမှုကို ပြန်လည်ရရှိနိုင်ပေ၏။

"တကယ်လို့ ခင်ပွန်းဆီမှာ အလှအပဆေးလုံး အပိုရှိနေရင်..."

ရှားချင်းယွဲ့သည် စကားတစ်ဝက်တစ်ပျက်သာ ပြောပြီး ဆက်ပြောရန် ရှက်ရွံ့နေသည်။

အမျိုးသမီးတစ်ဦးအနေဖြင့် သူမသည်လည်း ထာဝရ နုပျိုနေရန် မျှော်လင့်မိသည်။

ချန်ချင်းသည် သူ၏စနစ်သိုလှောင်ခန်းထဲမှနေ၍ သူ ယခုလေးတင် ရရှိခဲ့သော အဖြူရောင်ကျောက်စိမ်း ဆေးပုလင်းထဲတွင် ထည့်ထားသည့် အလှအပဆေးလုံးများကို ချက်ချင်းထုတ်ယူလိုက်၏။

သူသည် ဆေးလုံးများအားလုံးကို ရှားချင်းယွဲ့ထံ ပေးလိုက်သည်။

ချန်ချင်း၏ သေကြေပျက်စီးခြင်းမဲ့ ခန္ဓာကိုယ်တွင် သဘာဝအလျောက် ထာဝရ နုပျိုခြင်း ပါဝင်နေသဖြင့် သူသည် ဤဆေးလုံးများကို မလိုအပ်ချေ။

ဇနီးသည်အား အလိုလိုက်ခြင်း ဆုလာဘ်များကို တစ်ကြိမ်ရယူပြီးနောက် ပို၍များပြားကာ ပို၍အားကောင်းသော မှော်ရတနာများဖြင့် လဲလှယ်ရန် အသုံးပြုခြင်းက ပိုကောင်းပေ၏။

ရှားချင်းယွဲ့သည် အလှအပဆေးလုံးပုလင်းကို လက်နှစ်ဖက်ဖြင့် ဂရုတစိုက် ယူလိုက်ပြီး ဖွင့်ကြည့်လိုက်ရာ အနည်းဆုံး ဆေးလုံးသုံးဆယ် သို့မဟုတ် လေးဆယ်ခန့် ရှိနေသည်ကို တွေ့လိုက်ရသည်။

"ဒီလောက်တောင် များတာလား..."

သူမက အံ့အားတသင့် ရေရွတ်လိုက်၏။

"ခင်ပွန်း... ဒီအလှအပဆေးလုံးတွေက ဘယ်အဆင့်လဲလို့ မေးလို့ရမလား..."

ရှားချင်းယွဲ့က ချန်ချင်းကို မော့ကြည့်ပြီး မေးမြန်းသည်။

"စတုတ္ထအဆင့်..."

ချန်ချင်းက ပြန်ဖြေလိုက်၏။

"စတုတ္ထအဆင့်..."

ရှားချင်းယွဲ့ အလွန်လန့်ဖျပ်သွားပြီး သူမ၏လက်များ တုန်ယင်သွားကာ ဆေးပုလင်း လွတ်ကျလုနီးပါး ဖြစ်သွားခဲ့သော်လည်း ကံကောင်းထောက်မစွာဖြင့် သူမ အချိန်မီ ပြန်လည်၍ ဆုပ်ကိုင်နိုင်ခဲ့သည်။

စတုတ္ထအဆင့် အလှအပဆေးလုံး တစ်လုံးသည် အနည်းဆုံး အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံး တစ်သိန်း တန်ဖိုးရှိပြီး နုပျိုမှုကို နှစ်တစ်ရာကြာ ထိန်းသိမ်းထားနိုင်ကြောင်း ရှားချင်းယွဲ့က စိတ်ထဲတွင် အကြမ်းဖျင်း တွက်ချက်လိုက်မိသည်။

မြို့တော်ရှိ လေလံရုံများတွင်ပင် ထိုအရာများကို လွယ်လင့်တကူ မြင်တွေ့နိုင်မည် မဟုတ်ချေ။

ထို့နောက် ထိုဆေးလုံးမျိုး ဆယ်ပေါင်းများစွာကို ပေါ့ပေါ့ပါးပါး ထုတ်ပေးနိုင်သော ချန်ချင်းကို သူမ ကြည့်လိုက်၏။

မနေ့ညက ငါ မြင်ခဲ့တဲ့ အရာအားလုံးက သူ့ရဲ့ အရည်အချင်းတွေထဲက ရေခဲတောင် ထိပ်ဖျားလေးပဲ ရှိသေးတာကိုး...

သူမက တွေးတောမိလေသည်။

ချန်ချင်း အမှန်တကယ် မည်မျှထိ သန်မာအားကောင်းသည်ကို ရှားချင်းယွဲ့ ဆက်မတွေးရဲတော့ချေ။ အကြောင်းအရင်းမှာ ထိုအရာသည် သူမ၏ စိတ်ကူးနိုင်စွမ်းထက် ကျော်လွန်နေပြီဖြစ်သောကြောင့်ပင်။

"ကျွန်မက တစ်လုံးပဲ လိုပါတယ်... ကျန်တာတွေက..."

ရှားချင်းယွဲ့၏စကားများကို ချန်ချင်းက ကြားဖြတ်ပြောလိုက်၏။

"တကယ်လို့ သခင်မလေးက ငါ့ကို ခင်ပွန်းလို့ တကယ် သတ်မှတ်တယ်ဆိုရင်... မိသားစုလို့ သတ်မှတ်တယ်ဆိုရင်...ဒါတွေအားလုံးကို လက်ခံလိုက်ပါ..."

နောက်နေတာလား..

ဇနီးသည်အား အလိုလိုက်ခြင်း ဆုလာဘ်က သူ၏လက်ထဲ ရောက်လာတော့မည် ဖြစ်ရာ ချန်ချင်းက ထိုအရာကို လွတ်ထွက်သွားအောင် မည်သို့ ရပ်ကြည့်နေမည်နည်း။

"ဒါက... အင်း... ကောင်းပြီလေ..."

ချန်ချင်းက ဤမျှထိ ပြောဆိုနေသဖြင့် ရှားချင်းယွဲ့သည် လက်ခံရုံမှလွဲ၍ တခြားရွေးချယ်စရာ မရှိတော့ချေ။

သူမသည် အလှအပဆေးလုံး တစ်လုံးကို အရင်ထုတ်ယူကာ စားသုံးလိုက်ပြီး အနှစ်တစ်ရာ နုပျိုမှုကို ရရှိလိုက်၏။

ထို့နောက် သူမက ချန်ချင်းကို မေးလိုက်သည်။

"ခင်ပွန်း... ရှင် တစ်လုံး ယူမလား..."

"မလိုပါဘူး... ဒီအလှအပဆေးလုံးတွေ အားလုံးက သခင်မလေး တစ်ယောက်တည်းအတွက်ပဲ..."

ချန်ချင်းက ယဉ်ကျေးစွာ ငြင်းဆိုလိုက်သည်။

အကယ်၍ ဆေးလုံးတစ်လုံး လျော့သွားပါက သူ နောက်ထပ်ရရှိမည့် ဇနီးသည်အား အလိုလိုက်ခြင်း ဆုလာဘ်၏ အရည်အသွေး ကျဆင်းသွားနိုင်ပြီး အရေအတွက်လည်း လျော့ကျသွားနိုင်သည်။

ရှားချင်းယွဲ့သည် အတင်းအကြပ် မတောင်းဆိုတော့ဘဲ ချန်ချင်းသည် ဤမတိုင်မီက ဆေးလုံးချို့ကို စားသုံးပြီး ဖြစ်ရမည်ဟု တွေးတောလိုက်၏။

ရှားချင်းယွဲ့က အလှအပဆေးလုံးများကို သူမ၏ သိုလှောင်လက်စွပ်ထဲသို့ ထည့်လိုက်သည်အား မြင်သောအခါ ချန်ချင်းသည် ဤစတုတ္ထအဆင့် ဆေးလုံး ငါးဆယ်ကို ပေးကမ်းခြင်းအတွက် မည်သို့သော အရည်အသွေးရှိသည့် ဇနီးသည်အား အလိုလိုက်ခြင်း ဆုလာဘ်ကို ရရှိမည်ကို သိချင်စိတ်ဖြင့် သူ၏ စနစ်မျက်နှာပြင်ကို စိတ်အားထက်သန်စွာ ဖွင့်လိုက်သည်။

စနစ်မျက်နှာပြင်က သူ၏ မျက်စိရှေ့တွင် ပွင့်လာပြီး စာကြောင်းတစ်ကြောင်း အလိုအလျောက် ထွက်ပေါ်လာခဲ့၏။

【ဇနီးသည်ကို အလိုလိုက်ခြင်း အောင်မြင်ပါသည်... အိမ်ရှင်က ကျပန်းဆုလာဘ်အဖြစ် ကောင်းကင်အဆင့်မြင့် လျှပ်စီးစိတ်ဝိညာဉ်အမြှစ်တစ်ခုကို ရရှိသည့်အတွက် ဂုဏ်ယူပါသည်...】

All Chapters