← Chapters

အခန်း ၃၄

Vol. 4 Ch. 34

အခန်း ၃၄

Vol. 4 Ch. 34

အခန်း (၃၄) ငရဲကိုးထပ် မသေမျိုးနဂါး

ဖြစ်နိုင်ခြေ နည်းပါးလျှင်ပင် ဆုလာဘ်သည် ကောင်းကင်အဆင့် ရတနာတစ်ခု ဖြစ်နေနိုင်သည်။ ထိုအဆင့်ရတနာတစ်ခုကို ရနိုင်ခြေ ရှိနေနိုင်ဟု ချန်ချင်းက တွေးလိုက်သည်။

"သခင်လေးချန်... အဲ့ဒီကျင့်ကြံနည်းစနစ်သုံးခုထဲက ဘယ်တစ်ခုကို ရွေးလိုက်လဲ..."

ချန်ချင်းက 'ရွှေခေါင်းလောင်း အုပ်စိုးသူအရှင် ခန္ဓာကိုယ်နည်းစနစ်'ကို ပြန်ချထားသည်ကို မြင်သောအခါ လီစီဖန်က ရှေ့သို့ လျှောက်လှမ်းလာရင်း မေးလိုက်၏။

"ကျွန်တော်က 'ကောင်းကင်ကိုးလွှာ လျှပ်စီးနည်းစနစ်' ကို ရွေးလိုက်မယ်... အဲ့ဒါက ကျွန်တော့်ရဲ့ စိတ်ဝိညာဉ်အမြှစ်ပါရမီနဲ့ ကိုက်ညီတယ်လေ..."

လီစီဖန်၏ သံသယကို ရှောင်ရှားရန် ချန်ချင်းက 'ကောင်းကင်ကိုးလွှာ လျှပ်စီးနည်းစနစ်' ကို ကောက်ယူရင်း ပြောလိုက်သည်။

'ရေခဲကောင်းကင် နက်နဲသိမ်မွေ့နည်းစနစ်' ကို နောက်ပိုင်းတွင် ရှားချင်းယွဲ့ထံ လွှဲပြောင်းပေးမည့် ကိစ္စနှင့် ပတ်သက်၍ကမူ...

လောကကြီးသည် အလွန်ကျယ်ဝန်းပြီး ထိုကျင့်ကြံနည်းစနစ်က ချင်းချန်ဂိုဏ်းတစ်ခုတည်းမှာပင် ရှိနေသည် မဟုတ်ပေ။ အပြင်၌ တခြားမိတ္တူများရှိမရှိ မည်သူက အာမခံနိုင်မည်နည်း။

အရေးအကြီးဆုံးမှာ သူသ​ည် ထိုအရာကို ကောက်ယူပြီး တစ်ချက်လောက်သာ ကြည့်ရသေးသဖြင့် ခိုးသင်ရန် မည်သို့ အချိန်ရမည်နည်း...

ချန်ချင်းက ရိုးရိုးသားသား ပြောလိုလျှင်ပင် လူတိုင်းက သူ့ကို ယုံကြည်ကြမည် မဟုတ်ချေ။

"ကောင်းပါပြီ... ဒါဆိုရင် သခင်လေးချန်... ကျင့်ကြံဖို့အတွက် လေ့ကျင့်ရေး အခန်းကို ကျွန်တော်ရဲ့နောက်ကနေ လိုက်ခဲ့ပါ..."

လီစီဖန်၏ဆိုလိုရင်းမှာ ရိုးရှင်းသည်။ ချန်ချင်းသည် 'ကောင်းကင်ကိုးလွှာ လျှပ်စီးနည်းစနစ်' ကို ယူဆောင်သွား၍ မရနိုင်ချေ။ ကျင့်ကြံရေးခန်းမဆောင်အတွင်းရှိ လေ့ကျင့်ရေး အခန်းတွင်သာ သူ အလိုရှိသလောက် အချိန်ကြာကြာ ကျင့်ကြံနိုင်ပေ၏။

"ရပါတယ်... အကြီးအကဲလီ... လမ်းပြပါ..."

ချန်ချင်းက ခေါင်းညိတ်လိုက်သည်။ ထိုမြေကမ္ဘာအဆင့် ကျင့်ကြံနည်းစနစ် ဆယ်ပေါင်းများစွာနှင့် ကောင်းကင်အဆင့် ကျင့်ကြံနည်းစနစ်သုံးခုတို့ကို လုံးလုံးလျားလျား ပေါင်းစပ်ကာ သူ၏ကိုယ်ပိုင်ဖြစ်လာစေရန်အတွက် ချင်းချန်ဂိုဏ်း၏ လေ့ကျင့်ရေး အခန်းကို အသုံးပြုခြင်းက ကောင်းမွန်သော အခွင့်အရေးတစ်ခုပင်။

ချန်ချင်းနှင့်အကြီးအကဲလီတို့ စတုတ္ထထပ်မှ ဆင်းလာသည်ကို သတိထားမိသောအခါ ရှားချင်းယွဲ့က အလျင်အမြန် ရှေ့သို့ထွက်လာခဲ့သည်။

သူမသည် 'ပြိုင်ဘက်ကင်း ကြာပန်းကိုးပွင့် ကျမ်းစာ' ဟုခေါ်သော မြေကမ္ဘာ အလယ်အလတ်အဆင့် ကျင့်ကြံနည်းစနစ် တစ်ခုကို ကောက်ယူကာ လီစီဖန်အား ပြောလိုက်၏။

"အကြီးအကဲလီ... ဒါက ကျွန်မ ရွေးထားတဲ့ ကျင့်ကြံနည်းစနစ်ပါ..."

"မင်းသမီးနဲ့ သခင်လေးချန်... ကျင့်ကြံဖို့အတွက် လေ့ကျင့်ရေးအခန်းကို ကျွန်တော်ရဲ့နောက်က လိုက်ခဲ့ကြပါ..."

လီစီဖန်က ဖိတ်ခေါ်ရန် သူ၏လက်ကို ဆန့်တန်းကာ ပြောလိုက်သည်။

"ကောင်းပါပြီ..."

ချန်ချင်းက သဘောတူလိုက်၏။

လမ်းတွင်...

'ပြိုင်ဘက်ကင်း ကြာပန်းကိုးပွင့် ကျမ်းစာ လား...'

ချန်ချင်းသည် ရှားချင်းယွဲ့၏ လက်ထဲရှိ ကျင့်ကြံနည်းစနစ်ကို တစ်ချက်ကြည့်လိုက်၏။ ထိုကျင့်ကြံနည်းစနစ်သည် ရေခဲသဘာဝဖြစ်ပြီး စုစုပေါင်း အဆင့်ကိုးဆင့်ပါဝင်ကာ လူတစ်ယောက်၏ စိတ်ဝိညာဉ် စွမ်းအားကို ဧရာမ ရေခဲကြာပန်းကြီး တစ်ခုအဖြစ် ပြောင်းလဲနိုင်ကြောင်း သူ ရှင်းလင်းစွာ မှတ်မိနေသည်။ အဆင့်တစ်ခုတက်လှမ်းတိုင်း ရေခဲကြာပန်း၏အရွယ်အစားမှာ အဆပေါင်းများစွာ ကြီးမားလာပေမည်။

နဝမအဆင့်ဖြစ်သော ပြီးပြည့်စုံခြင်း နယ်ပယ်အထိ ကျင့်ကြံပြီးပါက ရေခဲကြာပန်း တစ်ပွင့် ကျဆင်းလာရုံဖြင့် ကျန်းတစ်ထောင်ကို ချက်ချင်းအေးခဲသွားစေနိုင်ပြီး သက်ရှိသတ္တဝါ သန်းရာပေါင်းများစွာကို အရှင်လတ်လတ် မြှုပ်နှံနိုင်သည်။

ထိုအရာသည် ရှားချင်းယွဲ့ ကျင့်ကြံရန် အလွန် သင့်လျော်သော ကျင့်ကြံနည်းစနစ်တစ်ခုပင်။

'ငါ့ဇနီးလေးက တကယ့်ကို အမြင်ရှိတာပဲ...'

ချန်ချင်းက သူမကို အလွန်လေးစားသွားသည်။

သို့သော် သူ၏ လက်ထဲရှိ 'ရေခဲကောင်းကင် နက်နဲသိမ်မွေ့စွမ်းရည်' နှင့် နှိုင်းယှဉ်ပါက 'ပြိုင်ဘက်ကင်း ကြာပန်းကိုးပွင့် ကျမ်းစာ' မှာ များစွာနိမ့်ကျနေဆဲပင်။

ထိုနောက် လီစီဖန်၏လမ်းညွှန်မှုဖြင့် သူတို့နှစ်ဦးသည်လေ့ကျင့်ရေးအခန်းများထဲသို့ အသီးသီး ဝင်ရောက်သွားကြ၏။

လီစီဖန်သည် တံခါးအပြင်ဘက်တွင် စောင့်ကြပ်နေပြီး ခြေတစ်လှမ်းမျှ မခွာခဲ့ချေ။

【ဇနီးသည်ကို အလိုလိုက်ခြင်း အောင်မြင်ပါသည်... အိမ်ရှင်က ကျပန်းဆုလာဘ်အဖြစ် နှစ်တစ်သောင်းသက်တမ်း စိတ်ဝိညာဉ်အိမ်မွေးသားရဲဖြစ်တဲ့ ငရဲကိုးထပ် မသေမျိုးနဂါးကို ရရှိသည့်အတွက် ဂုဏ်ယူပါသည်... မှတ်ချက်...စိတ်ဝိညာဉ်အိမ်မွေးတိရစ္ဆာန်သည် အိမ်ရှင်အပေါ် ရာနှုန်းပြည့်သစ္စာရှိပြီး တစ်သက်တာ ချိတ်ဆက်ထားကာ သစ္စာဖောက်၍ မရနိုင်ဘဲ အကြွင်းမဲ့ နာခံမှုရှိသည်...】

"ဘယ်... ဘယ်လောက်..."

သူ၏ ဇနီးနှင့် လေ့ကျင့်ရေး အခန်း တစ်ခန်းတည်းတွင် မရှိဘဲ 'ရေခဲကောင်းကင် နက်နဲသိမ်မွေ့စွမ်းရည်' ကို ရှားချင်းယွဲ့ထံ ချက်ချင်းမလွှဲပြောင်းပေးနိုင်သဖြင့် ဇနီးသည်အား အလိုလိုက်ခြင်း ဆုလာဘ်များ မရရှိနိုင်ခြင်းအတွက် ချန်ချင်းက နောင်တရနေခဲ့သည်။

ထိုအချိန်မှာပင်...

ရှားချင်းယွဲ့အား မြေကမ္ဘာ အလယ်အလတ်အဆင့် ကျင့်ကြံနည်းစနစ်တစ်ခု ရရှိရန် ကူညီပေးခြင်းအတွက် ဇနီးသည်အား အလိုလိုက်ခြင်း ဆုလာဘ်က သူ၏စိတ်အာရုံကို ချက်ချင်းဖမ်းစားသွားလိမ့်မည်ဟု မည်သူက တွေးထင်မိမည်နည်း။

"နှစ်တစ်သောင်းသက်တမ်းရှိတဲ့ စိတ်ဝိညာဉ်အိမ်မွေးသားရဲ..."

ချန်ချင်းသည် အကြိမ်ကြိမ် အတည်ပြုလိုက်ပြီးနောက် သူ အကြည့်မမှားခဲ့ကြောင်း သိလိုက်ရ၏။ ထိုအရာသည် အမှန်တကယ့်ကို နှစ်တစ်သောင်းသက်တမ်းရှိသော စိတ်ဝိညာဉ်အိမ်မွေးသားရဲတစ်ကောင်ပင်။

"ငါ မှတ်မိတာ မှန်ရင်... နှစ်တစ်ထောင်သက်တမ်းရှိတဲ့ နတ်ဆိုးသားရဲ တစ်ကောင်က မြို့တစ်မြို့ကို သတ်ဖြတ်နိုင်ပြီး နှစ်တစ်သောင်းသက်တမ်း နတ်ဆိုးသားရဲ တစ်ကောင်က နိုင်ငံတစ်ခုကိုတောင် ဖျက်ဆီးနိုင်တယ်... နှစ်တစ်သောင်းသက်တမ်းရှိတဲ့ စိတ်ဝိညာဉ်အိမ်မွေးသားရဲ... ပြီးတော့ သူက မသေမျိုးနဂါးမျိုးနွယ်စုကနေလာတာ..."

မယုံနိုင်စရာ ကောင်းလောက်အောင် စိတ်တည်ငြိမ်သော ချန်ချင်းပင်လျှင် သူ၏ စိတ်ကူးယဉ်နိုင်စွမ်း ကန့်သတ်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။

"ကောင်းကင်နဲ့ မြေကြီးကို ဖျက်ဆီးခြင်း" ဟူသော စကားလုံးများသည် သူ၏ စိတ်ထဲတွင် ချက်ချင်း ထွက်ပေါ်လာခဲ့လေ၏။

"ဒီစနစ်က တကယ့်ကို ငါ့အတွက် အံ့သြစရာတွေ ဖန်တီးပေးနိုင်တာပဲ..."

သူ၏ အားသာချက်များ များစွာတိုးလာသဖြင့် ချန်ချင်း အလွန်အမင်း ဝမ်းသာပျော်ရွှင်နေခဲ့သည်။

"ဟူး... ဟူး..."

သူသည် အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး သူ၏ စိတ်ခံစားမှုများကို တည်ငြိမ်စေလိုက်သည်။

ချန်ချင်းသည် ပလ္လင်ခွေထိုင်ပြီး အချိန်မဆွဲရန် ဆုံးဖြတ်လိုက်၏။ သူသည် မြေကမ္ဘာအဆင့် ကျင့်ကြံနည်းစနစ် ဒါဇင်ပေါင်းများစွာနှင့် ကောင်းကင်အဆင့် ကျင့်ကြံနည်းစနစ်သုံးခုတို့ကို ပြီးပြည့်စုံသော နယ်ပယ်အထိ အလျင်အမြန် ဦးစွာနားလည်သဘောပေါက်စေပေမည်။

တစ်ချိန်တည်းမှာပင် ရှားချင်းယွဲ့သည်လည်း ကျင့်ကြံနည်းစနစ်၏ ရှင်းလင်းချက်များအတိုင်း 'ပြိုင်ဘက်ကင်း ကြာပန်းကိုးပွင့် ကျမ်းစာ' ကို ကြိုးကြိုးစားစား ကျင့်ကြံနေခဲ့သည်။

အချိန်များ တဖြည်းဖြည်း ကုန်ဆုံးသွားသည်နှင့်အမျှ…

ချန်ချင်းနှင့် ရှားချင်းယွဲ့တို့ ထိပ်တန်းပါရမီများကို နိုးထလာကြောင်းသတင်းသည် တောမီးပမာ ပျံ့နှံ့သွားသည်။

ကောင်းကင်ဘုံ လျှို့ဝှက်ချက် ခန်းမဆောင်နှင့် အလုံးစုံသိမြင်ပညာရှင်များကဲ့သို့ လူများ၏ ပါးစပ်များမှတစ်ဆင့် မဟာဝူနိုင်ငံတစ်ခုလုံးနှင့် အင်အားစု အသီးသီးထံသို့ ပျံ့နှံ့သွားသည်။

ထိုလူများထဲတွင် ဧကရာဇ် ရှားချန်လည်း သဘာဝကျစွာ ပါဝင်နေသည်။

"မင်း... မင်း ထပ်ပြောစမ်း... ရှားချင်းယွဲ့မှာ ဘယ်လို စိတ်ဝိညာဉ်အမြှစ်ပါရမီ ရှိတယ်..."

ရှားချန်သည် သူ၏စားပွဲခုံရှေ့ရှိ လျှို့ဝှက်အစောင့်ကို ကြည့်ကာ သူ၏မျက်လုံးများ ပြူးကျယ်နေပြီး အတည်ပြုရန် အကြိမ်ကြိမ်မေးမြန်းနေခဲ့လေ၏။

"အရှင်မင်းကြီးကို သတင်းပို့ပါတယ်... မင်းသမီးက ပါရမီ နိုးထခြင်းမှာ ပါဝင်ဖို့ ချင်းချန်ဂိုဏ်းကို သွားခဲ့ပါတယ်... စမ်းသပ်ရေးကျောက်တုံးက ကောင်းကင်အဆင့် အထွတ်အထိပ် ရေခဲစိတ်ဝိညာဉ်အမြှစ်ကို ပြသခဲ့ပါတယ်..."

ဤသည်မှာ လျှို့ဝှက်အစောင့်က တူညီသော အဖြေကို လေးကြိမ်မြောက် ထပ်ခါတလဲလဲ ဖြေဆိုနေခြင်းပင်။

"ကောင်းကင်အဆင့် အထွတ်အထိပ် ရေခဲစိတ်ဝိညာဉ်အမြှစ်... ကောင်းတယ်... ကောင်းတယ်... ငါ့ရဲ့ အဖိုးတန် သမီးလေးက နှစ်တစ်ရာ... မဟုတ်ဘူး... နှစ်တစ်ထောင်မှာ တစ်ကြိမ်တွေ့ရခဲတဲ့ ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ယောက် ဖြစ်နေလိမ့်မယ်လို့ ငါ ထင်မထားခဲ့ဘူး..."

ရှားချန်၏ ပျော်ရွှင်မှုသည် သူ၏ မျက်နှာတပြင်လုံးတွင် အထင်းသား ပေါ်လွင်နေခဲ့ပေ၏။

သူက အကြံပေးဆရာ ရှောင်ဟယ်ထံသို့ လှည့်ကြည့်ကာ မေးလိုက်သည်။

"အကြံပေးဆရာ... ငါက ချန်မိသားစုနဲ့ ရှားချင်းယွဲ့ရဲ့ လက်ထပ်မှုကို အဲ့ဒီလောက်စောစော သဘောမတူခဲ့သင့်ဘူးလို့ ထင်လား..."

ချန်ချင်းသည် ကောင်းကင်ငှက်မွှေးဂိုဏ်းကို တစ်ညတည်းဖြင့် အမြစ်ပြတ်သုတ်သင်ပစ်နိုင်ခဲ့သည်က အထင်ကြီးစရာ ကောင်းသော်လည်း ထိုကောင်းကင်အဆင့် အထွတ်အထိပ် စိတ်ဝိညာဉ်အမြှစ်ကမူ အထွတ်အထိပ် ကျွမ်းကျင်သူတစ်ဦး သေချာပေါက် ဖြစ်လာနိုင်သည့် အလားအလာကို ကိုယ်စားပြုနေသည်။

"ဒါက..."

ရှောင်ဟယ်သည် နှစ်ဖက်လုံးကို မစော်ကားဘဲ မည်သို့ ပြန်ဖြေရမည်ကို မစဉ်းစားနိုင်သေးခင်မှာပင်...

ခန်းမရှေ့တွင် ဒူးထောက်နေသော လျှို့ဝှက်အစောင့်က ထပ်မံ၍ ပြောဆိုလေ၏။

"အရှင်မင်းကြီးကို သတင်းပို့ပါတယ်... တော်ဝင်သမက်တော် ချန်ကလည်း ပါရမီ နိုးထခြင်းမှာ ပါဝင်ဖို့ တက်သွားခဲ့တယ်..."

"သူက အရင်က စမ်းသပ်ပြီးပြီ မဟုတ်ဘူးလား... ငါ မှတ်မိသလောက် သူက မြေကမ္ဘာအဆင့် မဟုတ်ဘူးလား..."

ရှားချန်က အနည်းငယ် မသေချာသလိုဖြစ်ကာ ရှောင်ဟယ်ကို ကြည့်လိုက်၏။

သူ၏ ပါရမီကို ဖြုန်းတီးပြီး တစ်နေကုန် ကာမဂုဏ်ခံစားမှုတွေနှင့်သာ အချိန်ဖြုန်းနေသည့်အတွက် ချန်ချင်းကို သူ တစ်ကြိမ်မက ပြစ်တင်ကြိမ်းမောင်းခဲ့ဖူးသဖြင့် ထိုအရာကို ရှင်းလင်းစွာ မှတ်မိနေသည်။

ထိုစကားကို ကြားသောအခါ ရှောင်ဟယ်က လက်ပူးဆုပ်ကာ ပြောလိုက်သည်။

"အရှင်မင်းကြီး ပြောတာ မှန်ပါတယ်... တော်ဝင်သမက်တော် ချန်က တကယ့်ကို မြေကမ္ဘာ အလယ်အလတ်အဆင့် ရေစိတ်ဝိညာဉ်အမြှစ်ပိုင်ရှင်ပါ..."

"အရှင်မင်းကြီးကို သတင်းပို့ပါတယ်... တော်ဝင်သမက်တော် ချန် တက်သွားပြီးတဲ့နောက်မှာ စမ်းသပ်ရေး ကျောက်တုံးက ကောင်းကင်အဆင့် အထွတ်အထိပ် လျှပ်စီးစိတ်ဝိညာဉ်အမြှစ်ကို ပြသခဲ့ပါတယ်..."

လျှို့ဝှက်အစောင့်က အမှန်အတိုင်း သတင်းပို့လိုက်၏။

"လျှပ်စီး... လျှပ်စီးစိတ်ဝိညာဉ်အမြှစ်... ကောင်းကင်အဆင့် အထွတ်အထိပ်..."

ရှားချန်သည် သူ၏ နဂါးပလ္လင်ပေါ်မှ ချက်ချင်း မတ်တတ်ထရပ်လိုက်သည်။

ရှောင်ဟယ်၏ မျက်နှာအမူအရာလည်း မယုံကြည်နိုင်စွာဖြင့် ပြင်းထန်စွာ ပြောင်းလဲသွားခဲ့လေ၏။

"သတင်းက တိကျတယ်ဆိုတာ မင်း သေချာလား..." ရှားချန်က အကြိမ်ကြိမ်မေးမြန်း၍ အတည်ပြုလိုက်သည်။

"စကားလုံးတိုင်းက အမှန်ဖြစ်တယ်ဆိုတာကို ကျွန်တော်က အသက်နဲ့ ရင်းပြီး ကျိန်ဆိုပါတယ်..."

လျှို့ဝှက်အစောင့်က သူ၏စကားများ မှန်ကန်ကို အာမခံလိုက်၏။

"ကောင်းပြီ... မင်း အရင်ထွက်သွားလို့ရပြီ..."

ရှားချန်က သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။

"ဟုတ်ကဲ့... သွားခွင့်ပြုပါအုံး..."

လျှို့ဝှက်အစောင့် ထွက်သွားပြီးနောက် ရှားချန်၏ အကြည့်က ရှောင်ဟယ်ထံသို့ ပြန်ရောက်သွားသည်။

"အကြံပေးဆရာ... ငါ့ကို ပြောစမ်းပါအုံး... ဘာလို့ မြေကမ္ဘာ အလယ်အလတ်အဆင့် စိတ်ဝိညာဉ်အမြှစ်က ကောင်းကင်အဆင့် အထွတ်အထိပ် ဖြစ်သွားရတာလဲ... ပြီးတော့ ပိုပြီးလွှမ်းမိုးချုပ်ကိုင်နိုင်တဲ့ လျှပ်စီးသဘာဝ စိတ်ဝိညာဉ်အမြှစ်တောင် ဖြစ်နေသေးတယ်..."

ရှားချန်သည် ထိုအရာ၏ နောက်ကွယ်ရှိ အကြောင်းအရင်းကို နားမလည်နိုင်အောင် ဖြစ်နေခဲ့လေ၏။

"အရှင်မင်းကြီး... နှစ်ထပ်ကွမ်း စိတ်ဝိညာဉ်အမြှစ် ပါရမီရှိပြီး စိတ်ဝိညာဉ်အမြှစ်နှစ်ခုလုံးကို တပြိုင်နက်တည်း ကျင့်ကြံနိုင်တဲ့ ပါရမီရှင်တစ်ယောက်အကြောင်းကို ရှေးဟောင်း စာအုပ်တစ်အုပ်မှာ ကျွန်တော် ဖတ်ဖူးပါတယ်..."

ရှောင်ဟယ်က ပြန်လည်၍ ပြောပြလိုက်သည်။

"နှစ်ထပ်ကွမ်း စိတ်ဝိညာဉ်အမြှစ် ပါရမီ... မင်း ဆိုလိုတာက သူက မြေကမ္ဘာ အလယ်အလတ်အဆင့် ရေစိတ်ဝိညာဉ်အမြှစ်ကို ပိုင်ဆိုင်ထားရုံတင်မကဘူး ကောင်းကင်အဆင့် အထွတ်အထိပ် လျှပ်စီးစိတ်ဝိညာဉ်အမြှစ်ကိုပါ ပိုင်ဆိုင်ထားတယ်ပေါ့..."

ရှောင်ဟယ်၏ စကားများကို နားလည်သွားသော ရှားချန်သည် သူ ပါးစပ်အဟောင်းသား ဖြစ်သွားသည်ကို မအောင့်အီးနိုင်တော့ချေ။

သူ့ကိုယ်သူ ဗဟုသုတ ကြွယ်ဝသည်ဟု ယူဆထားသော သူပင်လျှင် ထိပ်တန်းကျင့်ကြံခြင်း ပါရမီနှစ်ခုကို ပိုင်ဆိုင်ထားသော ချန်ချင်း၏အနာဂတ် အောင်မြင်မှုများက မည်မျှထိ ကြောက်မက်ဖွယ်ကောင်းမည်ကို စိတ်ကူးကြည့်နိုင်ရန် ခက်ခဲနေခဲ့သည်။

"ကြည့်ရတာ ငါ သူ့ကို လျှော့တွက်ခဲ့မိတယ်... သူက ရှားချင်းယွဲ့နဲ့ လက်ထပ်လိုက်လို့ အဆင့်အတန်း မြင့်သွားတာ မဟုတ်ဘူး... ရှားချင်းယွဲ့ကသာ သူနဲ့ လက်ထပ်လိုက်လို့ အဆင့်အတန်း မြင့်သွားတာပဲ..."

ရှားချန်သည် ထိုအမှန်တရားကို လက်ခံရန်မှလွဲ၍ တခြားရွေးချယ်စရာ မရှိတော့ချေ။

သူတို့နှစ်ဦးကိုခွဲရန် အတွေးမျိုးကိုပင် သူ အနည်းငယ်မျှ ဆက်လက်၍ မစဉ်းစားရဲတော့ပေ။

အဖြစ်မှန်ကို သူ လက်ခံရပေမည်။

သူ သက်ပြင်းချလိုက်သည်။

"မျိုးဆက်သစ်တွေက တကယ့်ကို ပိုပိုပြီးတော့ ပါရမီရှင်တွေ ဖြစ်လာတာပဲ..."

...

ချင်းချန်ဂိုဏ်းသို့ ပြန်သွားရလျှင်…

ထိုအချိန်တွင် လေ့ကျင့်ရေးကွင်းပေါ်၌ ပြင်းထန်စွာ တိုက်ခိုက်နေကြသော တပည့်များဖြစ်စေ အလုပ်မရှိဘဲ လျှောက်သွားနေသော တပည့်များဖြစ်စေ သို့မဟုတ် ဆရာ မမြင်ချိန်တွင် ဝါးတောထဲ၌ ရည်းစားစာပေးနေကြသော တပည့်များဖြစ်စေ...

ချွင်းချက်မရှိ သူတို့အားလုံးသည် သူတို့ လုပ်ဆောင်နေသောအရာများကို လျစ်လျှူရှုထားပြီး မိုးကောင်းကင်ယံကို မော့ကြည့်လိုက်ကြ၏။

နေရောင်ကိုပင် ဖုံးကွယ်သွားလောက်အောင် ကြီးမားသော ပျံသန်းရေးသင်္ဘောများ သူတို့၏ အထက်မှ ရွက်လွှင့်သွားသည်ကို သူတို့ ကြည့်နေခဲ့ကြသည်။

All Chapters