← Chapters

အခန်း ၄၀

Vol. 4 Ch. 40

အခန်း ၄၀

Vol. 4 Ch. 40

အခန်း (၄၀) ပထမဆုံးအကြိမ် ဆေးဖော်စပ်တာ ဟုတ်ရဲ့လား

ချန်ချင်းက ချင်းချန်ဂိုဏ်း၏ ဆေးခန်းမဆောင်သို့ ရောက်ရှိလာခဲ့သည်။

လျှူဝူသည် ချင်းချန်ဂိုဏ်းရှိ အကောင်းဆုံး ဆေးပညာရှင် တုယွမ်ဆိုသူကို ရှာဖွေခဲ့လေ၏။ ချန်ချင်းကလျှူဝူမှတစ်ဆင့် တုယွမ်သည် ပဉ္စမအဆင့် ဆေးပညာရှင် တစ်ဦးဖြစ်ပြီး ဆေးခန်းမဆောင်အတွင်းရှိ အရာအားလုံးကို စီမံခန့်ခွဲရန် တာဝန်ရှိကြောင်း သိရှိခဲ့ရသည်။

"သခင်... လိုအပ်တာရှိရင် သူ့ကို ခိုင်းစေနိုင်ပါတယ်..."

"တုယွမ်က သခင်လေးချန်ကို နှုတ်ခွန်းဆက်သပါတယ်..."

တုယွမ်သည် အစောပိုင်းက ချင်းချန်ဂိုဏ်းအတွင်းတွင် ဖြစ်ပွားခဲ့သော ကြီးမားသည့် အဖြစ်အပျက်ကြီး အကြောင်းကို ကြားသိထားပြီး ဖြစ်ပေသည်။ လျှူဝူက ချန်ချင်းကို သခင်ဟု လေးစားစွာ ခေါ်ဆိုသည်ကို မြင်သောအခါ လက်ရှိ ချင်းချန်ဂိုဏ်းသည် ချန်ချင်းကို လက်အောက်ခံနေပြီဖြစ်ကြောင်း သူ သိလိုက်၏။

သူ၏ ဂိုဏ်းချုပ်ပင်လျှင် အညံ့ခံခဲ့သဖြင့် တုယွမ်သည် အရိုအသေ မပေးဘဲ မနေရဲပါချေ။

"အရာအားလုံးအတွက် ကူညီပေးပါအုံးဆေးပညာရှင်တု..."

ချန်ချင်းက ယဉ်ကျေးစွာ ပြောလိုက်သည်။

"ရပါတယ်... အဲ့ဒါက ကျွန်တော့်ရဲ့ ဂုဏ်ယူစရာပါ..." တုယွမ်က စကားများများ မပြောဘဲ ချန်ချင်းကို ဆေးခန်းမဆောင်ထဲသို့ ဖိတ်ခေါ်လိုက်၏။

ရှားချင်းယွဲ့နှင့်လျှူဝူတို့က ထပ်ချပ်မကွာ လိုက်ပါလာခဲ့ကြသည်။

လျှူဝူ လိုက်ပါလာရခြင်းမှာ ဆေးခန်းမဆောင်ထဲမှ တစ်စုံတစ်ယောက်က အဆင်အခြင်မဲ့ပြီး ချန်ချင်းကို စော်ကားမိပါက ချင်းချန်ဂိုဏ်းကို ဘေးဒုက္ခ ကျရောက်စေမည်ကို စိုးရိမ်သောကြောင့်ပင်။ ဤသည်က အပုံတစ်သောင်းတွင် တစ်ပုံလောက်သာ ဖြစ်နိုင်ခြေ ရှိလျှင်ပင် လျှူဝူသည် ထိုအန္တရာယ်ကို မစွန့်စားရဲချေ။

ရှေးဆိုရိုးစကားတွင် သတိထားခြင်းသည် ဘေးကင်းခြင်း၏ မိခင်ဖြစ်သည်ဟု ဆိုထားသည်။

မကြာမီ တုယွမ် ဦးဆောင်ခေါ်သွားသော ချန်ချင်းသည် သူ၏ သီးသန့်ဆေးဖော်စပ်ခန်းသို့ ရောက်ရှိသွားပေ၏။

ချန်ချင်းသည် ပတ်ဝန်းကျင်ကို လေ့လာကြည့်လိုက်ရာ ဆေးပင်ထည့်ထားသော စင်များသည် နံရံများနံဘေး၌ ပြည့်နှက်နေပြီး အနည်းဆုံး ဆေးပင်အမျိုးအစား ထောင်ပေါင်းများစွာ ရှိနေလေ၏။

ထို့ပြင် ဆေးဖော်စပ်ခန်း၏ အလယ်ဗဟိုတည့်တည့်တွင် လူနှစ်ယောက်စာအမြင့်ရှိသော ဧရာမ ဆေးမီးဖိုကြီး တစ်ခုကို ထားရှိထားပြီး ထိုဆေးမီးဖိုပေါ်တွင် 'လောင်ကျွမ်းမီးတောက် ဆေးမီးဖို' ဟု ထွင်းထုထားသည်။ ချန်ချင်းသည် ထိုဆေးမီးဖိုမှာ မြေကမ္ဘာအဆင့်နိမ့် မှော်ရတနာတစ်ခုဖြစ်ကြောင်း ချက်ချင်းသိလိုက်၏။

"ဒီဆေးမီးဖိုက ကျွန်တော် အမှတ်မထင် ရခဲ့တာပါ... သခင်လေးချန်က ဒီဆေးဖော်စပ်ခန်းထဲက ဆေးပင်တွေအားလုံး အပါအဝင် အရာအားလုံးကို လွတ်လွတ်လပ်လပ် သုံးနိုင်ပါတယ်..."

တုယွမ်က ရက်ရောစွာ ပြောလိုက်သည်။

"ကျေးဇူးတင်ပါတယ်..."

ချန်ချင်းက တုံ့ပြန်လေသည်။

ထို့နောက် သူသည် ဆေးမီးဖိုဆီသို့ လျှောက်သွားပြီး သူ၏စိတ်ထဲရှိ သန်းရာပေါင်းများစွာသော ဆေးညွှန်းများထဲမှ ဆဌမအဆင့်ဆေးညွှန်းတစ်ခုကို ရွေးချယ်လိုက်သည်။

ချန်ချင်းသည် စနစ်ကို မယုံကြည်၍ သို့မဟုတ် ဘေးကင်းအောင် ကစားလို၍ မဟုတ်ချေ။ သူ၏နတ်ဘုရားစိတ်အာရုံက အခန်းတစ်ခုလုံးကို လွှမ်းခြုံသွားပြီးနောက် ဤဆေးဖော်စပ်ခန်းရှိ ဆေးပင်များ၏ အရည်အသွေးမှာ အများဆုံး ဆဌမအဆင့် ဆေးလုံးများကို ဖော်စပ်ရန်သာ လုံလောက်ကြောင်း သူ သဘောပေါက်သွားသောကြောင့်ပင်။

ချန်ချင်းသည် ဆေးပင်စင်များစွာကို အဝေးမှ တပြိုင်နက်တည်း ဖွင့်ကာ ဆေးပင်အများအပြားကို ထုတ်ယူနေသည်အား မြင်သောအခါ ပဉ္စမအဆင့် ဆေးပညာရှင် တစ်ဦးဖြစ်သော တုယွမ်သည် အံ့အားသင့်မသွားဘဲ မနေနိုင်တော့ချေ။

"သခင်လေးချန် ယူနေတဲ့ ဆေးပင်တွေကို ကြည့်ရတာ... သူက ပဉ္စမအဆင့် ဆေးလုံးတွေကို ဖော်စပ်ချင်နေတာပဲ..."

'ပဉ္စမအဆင့် ဆေးလုံးတွေကို ဖော်စပ်မယ်...'

ရှားချင်းယွဲ့၏ လှပသော မျက်ခုံးများ အနည်းငယ် တွန့်ကွေးသွားခဲ့လေ၏။ ချန်ချင်းက ဆေးလုံးများ ဖော်စပ်ခြင်းမှာ သူ၏ ပထမဆုံးအကြိမ် ဖြစ်သည်ဟု မကြာမီကမှ ပြောခဲ့သည်ကို သူမ ရှင်းလင်းစွာ မှတ်မိနေသည်။

မည်ကဲ့သို့ လူမျိုးက ပထမဆုံးအကြိမ် ဆေးဖော်စပ်ရာတွင် ပဉ္စမအဆင့် ဆေးလုံးများကို စတင်၍ ဖော်စပ်နိုင်မည်နည်းဟု သူမ တွေးတောမိသည်။

ရှားချင်းယွဲ့သည် ချန်ချင်း၏အတွေးများကို လုံးဝနားမလည်နိုင်တော့ချေ။

ဆန့်ကျင်ဘက်အနေဖြင့် လျှူဝူကမူ စကားများများ မပြောရဲချေ။ ဤသည်က ဆေးပင်အနည်းငယ် အလဟဿ ဖြစ်သွားရုံသာဖြစ်ပြီး အရေးမကြီးချေ။ သခင်ဖြစ်သော ချန်ချင်း ပျော်ရွှင်ပြီး စိတ်ကျေနပ်နေသရွေ့ လုံလောက်ပေ၏။

ပွင့်ပွင့်လင်းလင်း ပြောရလျှင် ချင်းချန်ဂိုဏ်းရှိ အရာအားလုံးသည် ယခုအချိန်၌ ချန်ချင်း ပိုင်ဆိုင်သွားလေပြီ။ အကယ်၍ သူက ဆေးခန်းမဆောင်ကို မီးရှို့ပစ်လျှင်ပင် လျှူဝူသည် မကျေနပ်သော စကားတစ်ခွန်းမျှ ပြောမည်မဟုတ်ဘဲ ကောင်းကောင်းနှင့် ပြင်းပြင်းထန်ထန် မီးရှို့လိုက်သ​ည်ဟုပင် ချီးကျူးမိပေလိမ့်မည်။

ချန်ချင်းသည် စိတ်ဝိညာဉ်သစ်သားကို မီးညှိကာ ဆေးဖော်စပ်ရန် စတင်ပြင်ဆင်နေပြီဖြစ်ကြောင်း မြင်သောအခါ…

ရှားချင်းယွဲ့သည် တုယွမ်၏ဘေးသို့ တက်တက်ကြွကြွ လျှောက်လှမ်းသွားပြီး တီးတိုးမေးမြန်းလိုက်၏။

"ဆေးပညာရှင်တု... တစ်ယောက်ယောက်က သူတို့ရဲ့ ပထမဆုံး ဆေးဖော်စပ်တဲ့ အကြိမ်မှာ ပဉ္စမအဆင့် ဆေးလုံးကို ရွေးချယ်ရင် အကျိုးဆက်တွေ ရှိလာနိုင်လား..."

"ဆေးဖော်စပ်တာက ရိုးရှင်းတယ်လို့ ထင်ရပေမဲ့ တကယ်တမ်းကျတော့ ဗဟုသုတ အများကြီး ပါဝင်တယ်... အမှားလေး တစ်ခုက ဆေးမီးဖိုပေါက်ကွဲခြင်း ကို ဖြစ်စေနိုင်ပြီး ဆေးလုံးရဲ့ အဆင့် ပိုမြင့်လေလေ ပေါက်ကွဲမှုရဲ့ စွမ်းအားက ပိုကြောက်စရာကောင်းလေလေပဲ..."

"ပဉ္စမအဆင့် ဆေးလုံးတစ်လုံး ပေါက်ကွဲသွားပြီဆိုရင် ဆေးခန်းမဆောင်တစ်ခုလုံး မြေကြီးနဲ့ တညီတည်းဖြစ်တဲ့အထိ ပြားချပ်သွားလောက်တယ်..."

သူ၏စကားပြောပြီးသည်နှင့်တစ်ပြိုင်နက် တုယွမ်သည် ရုတ်တရက် အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး အချက်အလက်များကို ဆက်စပ်ကြည့်လိုက်၏။

'ပထမဆုံးအကြိမ် ဆေးဖော်စပ်တာက ပဉ္စမအဆင့်...' သူ တံတွေးမျိုချလိုက်ပြီး ရှားချင်းယွဲ့ကို စမ်းသပ်မေးမြန်းလိုက်သည်။

"မင်းသမီး... ခင်ဗျား ပြောနေတာက သခင်လေးချန် အကြောင်း မဟုတ်ဘူးမလား..."

ရှားချင်းယွဲ့သည် သူမ၏ပါးလျသော နှုတ်ခမ်းများကို ကိုက်ထားပြီး ခေါင်းညိတ်ပြလိုက်၏။

"ဒါ..."

တုယွမ်၏ခန္ဓာကိုယ် တုန်ယင်သွားပြီး လျှူဝူ၏နံဘေးသို့ အလျင်အမြန် သွားကာ ပြောလိုက်သည်။

"ဂိုဏ်းချုပ်... ဒီအရာက မဖြစ်ဘူး... အရမ်း အန္တရာယ်များတယ်..."

"ကိစ္စမရှိပါဘူး... ငါ ဒီနေရာမှာ ရှိတယ်..."

လျှူဝူက လက်ကိုမြှောက်ကာ တုယွမ်ကို ကြားဖြတ်ပြောဆိုလိုက်ပြီး ချန်ချင်း၏ စိတ်အားထက်သန်မှုကို သူ မလျော့ကျစေချင်ခဲ့ချေ။

တစ်ချိန်တည်းမှာပင် သူသည် မည်သည့်အချိန်တွင်မဆို ဆေးမီးဖိုပေါက်ကွဲမည့် အန္တရာယ်ကို ခံနိုင်ရည်ရှိရန်အတွက် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားလိုက်လေ၏။ ဆေးခန်းမဆောင်သည် အမှန်တကယ်ကို မြေကြီးနှင့်တပြေးညီ ပြားချပ်သွားမည်ကိုမူ သူ သေချာပေါက် မလိုလားချေ။

သူတို့သုံးဦး၏ စိုးရိမ်ပူပန်မှုများကို ချန်ချင်းက သိရှိနေပေသည်။ လုပ်ဆောင်ချက်များက စကားလုံးများထက် ပို၍အသံကျယ်ကျယ် ထွက်သည်ဟု ခိုင်မာစွာ ယုံကြည်ထားသဖြင့် သူ အလျင်စလို ငြင်းခုံမနေခဲ့ပေ။

သူသည် ဆေး၆င်များကို ဆေးမီးဖိုထဲသို့ အစီအစဉ်အလိုက် ထည့်သွင်းလိုက်ပြီး တောက်လောင်နေသော စိတ်ဝိညာဉ်သစ်သား၏ မီးတောက်ကို သူ၏စိတ်ဝိညာဉ် စွမ်းအားဖြင့် လမ်းညွှန်ကာ ဆေးပင်များကို စတင်၍ အရည်ပျော်စေခဲ့သည်။

အစပိုင်းတွင် တုယွမ်သည် ရှားချင်းယွဲ့နှင့် လျှူဝူတို့ကဲ့သို့ပင် ချန်ချင်း၏ ပထမဆုံး ဆေးဖော်စပ်မှုက မတော်တဆမှုတစ်ခု ဖြစ်စေမည်ကို စိုးရိမ်နေခဲ့သည်။

သို့သော် တဖြည်းဖြည်းနှင့် တုယွမ်သည် တစ်ခုခု မှားယွင်းနေကြောင်း သတိပြုမိသွားသည်။ ချန်ချင်း၏ ဆေးဖော်စပ်သည့် နည်းစနစ်သည် ပထမဆုံးအကြိမ် ဆေးဖော်စပ်သော အတွေ့အကြုံမရှိသူတစ်ဦး၏ နည်းစနစ်နှင့် လုံးဝမတူညီပေ။ ထိုအရာမှာ အလွန် ကျွမ်းကျင်လွန်းနေပြီး ကျွမ်းကျင်မှုအဆင့်ထက်ပင် သာလွန်နေပေ၏။

သူ၏နည်းစနစ်သည် နက်နဲသိမ်မွေ့ပြီး မီးအပူချိန်နှင့် အချိန်ကိုက်ထိန်းချုပ်မှုမှာ ပြီးပြည့်စုံစွာ တိကျလှသည်။

သူ့ကို ကြည့်ရုံသက်သက်ဖြင့် တုယွမ်အတွက် အလွန် အကျိုးရှိစေပြီး နှစ်ပေါင်းများစွာ သူ့ကို ဒုက္ခပေးနေခဲ့သော အတားအဆီးသည် ချိုးဖျက်ဝင်ရောက်နိုင်မည့် လက္ခဏာများကို ပြသနေသည်ဟု ခံစားရစေခဲ့သည်။

"အံ့သြစရာပဲ... တကယ်ကို အံ့သြစရာပဲ..."

တုယွမ်သည် အံ့အားတသင့် မရေရွတ်ဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့သည်။

'အံ့သြစရာပဲ...'

'အံ့သြစရာပဲ' ဟူသော စကားလုံး တစ်လုံးတည်းက ဆေးဖော်စပ်ခြင်းကို နားမလည်သော ရှားချင်းယွဲ့နှင့် လျှူဝူတို့ကို စိတ်ရှုပ်ထွေးသွားစေပြီး မည်သည့်အရာက အံ့သြစရာ ကောင်းသနည်း ဆိုသည်ကို သူတို့ မသိကြချေ။

ရှားချင်းယွဲ့ မတုံ့ပြန်နိုင်မီမှာပင် တုယွမ်သည် နံဘေးသို့လှည့်လာပြီး သူ၏ မျက်လုံးများတွင် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေကာ အတည်ပြုလိုက်သည်ကို သူမ မြင်တွေ့လိုက်ရ၏။

"မင်းသမီး... သခင်လေးချန်က တကယ်ပဲ ပထမဆုံးအကြိမ် ဆေးဖော်စပ်နေတာဆိုတာ မင်း သေချာလား..."

"ဟုတ်ပါတယ်... သူ ကိုယ်တိုင်ပြောခဲ့တာပါ... အရင်က သူ တစ်ခါမှ ဆေးမဖော်စပ်ဖူးဘူးတဲ့..."

ရှားချင်းယွဲ့က ချန်ချင်း သူမကို လိမ်မည်ဟု မယုံကြည်သဖြင့် ခေါင်းညိတ်ပြပြီး အတည်ပြုလိုက်သည်။

ထို့နောက် သူမက မေးလိုက်သည်။

"ပြဿနာ တစ်ခုခု ရှိလို့လား..."

"ကျွန်တော့်ကို ပွင့်ပွင့်လင်းလင်း ပြောခွင့်ပြုပါ... သခင်လေးချန်ရဲ့ ဆေးဖော်စပ်ခြင်းဆိုင်ရာ အောင်မြင်မှုတွေက ကျွန်တော့်ထက် အဆပေါင်းများစွာ သာလွန်နေလောက်ပြီ... သူက ပထမဆုံးအကြိမ် ဆေးဖော်စပ်သူ မဟုတ်ဘူး... သူက ဆေးတာအိုရဲ့ အထွတ်အထိပ်မှာရှိတဲ့ ဆရာသခင်တစ်ယောက်ဆိုတာ အသိသာကြီးပဲ..."

တုယွမ်က ပြောလိုက်သည်။

ဆေးတာအို၏ အထွတ်အထိပ် ဆရာသခင်...

ပဉ္စမအဆင့် ဆေးပညာရှင်တစ်ဦး၏ ပါးစပ်မှ ထွက်လာသော ဤကဲ့သို့ စကားရပ်မျိုးသည် မည်မျှထိတန်ဖိုးမြင့်မားကြောင်း ရှားချင်းယွဲ့က သိရှိထားပေသည်။

ထို့ပြင် ဂိုဏ်းချုပ်ဖြစ်သော လျှူဝူသည် တုယွမ်က တစ်စုံတစ်ယောက်ကို ဤမျှထိ မြင့်မြင့်မားမား အကဲဖြတ်သည်ကို တစ်ကြိမ်တစ်ခါမျှ မမြင်ဖူးခဲ့ချေ။

ချန်ချင်းသည် သူတို့၏ စကားပြောဆိုမှု အကြောင်းအရာကို ဂရုမစိုက်ပါချေ။

ဆေးမီးဖိုထဲရှိ အညစ်အကြေးများသည် လုံးဝပြာကျသွားပြီး အရည်ပျော်နေသော ရွှေကဲ့သို့ ရွှေရောင်စိတ်ဝိညာဉ်အရည်တချို့သာ ကျန်ရစ်တော့သည်ကို သူ တွေ့လိုက်ရလေ၏။

ချန်ချင်းသည် စိတ်ဝိညာဉ်သစ်သားကို ပြတ်ပြတ်သားသား ထပ်ထည့်လိုက်ပြီး မီးဖို၏ အပူရှိန်ကို ပြင်းထန်စေလိုက်သည်။

အကောင်းဆုံး အချိန်ကိုက်တွင် သူ အော်ဟစ်လိုက်သည်။

"စုစည်းစမ်း..."

နောက်တခဏတွင် လောင်ကျွမ်းနေသော အဖြူရောင် ချီလှိုင်းလုံးတစ်ခုသည် ဆေးမီးဖိုထဲမှ ပေါက်ကွဲထွက်လာပြီး ကြွယ်ဝသော ဆေးရနံ့ကို သယ်ဆောင်လာခဲ့သည်။

ထိုရနံ့ကိုအနည်းငယ် ရှူရှိုက်လိုက်ရုံဖြင့် လန်းဆန်းပြီး တက်ကြွသွားသကဲ့သို့ ခံစားရစေကာ သူ၏ချီပင်လယ်မှာ လှိုင်းထသွားခဲ့ပေ၏။

"ပြီးသွားပြီ... ဒါက ပြီးသွားပြီ... ဆေးလုံးသိပ်သည်းမှု အောင်မြင်တယ်..."

တုယွမ်၏ စိတ်လှုပ်ရှားမှုမှာ သူကိုယ်တိုင် ပဉ္စမအဆင့် ဆေးလုံးတစ်ခုကို အောင်မြင်စွာ ဖော်စပ်နိုင်ခဲ့လျှင် ဖြစ်ပေါ်လာမည့် စိတ်လှုပ်ရှားမှုထက်ပင် ပို၍ကြီးမားနေသည်။

မည်သို့ပင်ဖြစ်စေကာမူ သူသည် သမိုင်းတွင်မည့် ဒဏ္ဍာရီတစ်ခု မွေးဖွားလာခြင်းကို ယခုလေးတင် မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရခြင်းပင်။

ဤမျှထိ ငယ်ရွယ်သော ပဉ္စမအဆင့် ဆေးပညာရှင် ဆိုသည်ကို သူ ကြားလည်းမကြားဖူးသလို မြင်လည်းမမြင်ဖူးချေ။

"ဆေးလုံးသိပ်သည်းမှု အောင်မြင်တာလား..."

ရှားချင်းယွဲ့ မယုံနိုင်အောင် ဖြစ်နေခဲ့သည်။

ပထမဆုံးအကြိမ် ကြိုးစားမှုတွင် ပဉ္စမအဆင့် ဆေးလုံးတစ်ခုကို အောင်မြင်စွာ ဖော်စပ်နိုင်ခြင်းမှာ ဆေးပညာရှင်များ၏ လောကတွင် မည်ကဲ့သို့ ပါရမီမျိုးအဖြစ် သတ်မှတ်ခံရမည်နည်းဟု သူမ တွေးတောမိသည်။

မီးခိုးများ ရှင်းလင်းသွားသည်နှင့် တုယွမ်သည် တခြားမည်သူ့ထက်မဆို ပို၍မြန်ဆန်စွာ ရှေ့တိုးသွားပြီး ချန်ချင်း၏ရှေ့တွင် ချက်ချင်းထွက်ပေါ်လာသည်။

သူက အလျင်အမြန် မေးလိုက်၏။

"သခင်လေးချန် ဆေးလုံး ဘယ်နှစ်လုံး ဖော်စပ်နိုင်ခဲ့လဲလို့ မေးလို့ရမလား..."

တုယွမ်၏ ခန့်မှန်းချက်အရ ထိုဆေးပင်များဖြင့်ဆိုလျှင် အကယ်၍ သူသာဆိုပါက အနည်းဆုံး ပဉ္စမအဆင့် ဆေးလုံးသုံးလုံးကို ဖော်စပ်နိုင်ပေမည်။

ချန်ချင်းသည် သူ၏ လက်ချောင်းငါးချောင်းကို ဖြန့်လိုက်ရာ ရွှေရောင်အလင်းတန်းများဖြင့် တလက်လက် တောက်ပနေသော ဆေးလုံးခုနစ်လုံးသည် သူ၏ လက်ဝါးထဲတွင် မျောလွင့်နေသည်။

"ဒါ... ဒါက ဆေးလုံး အမှတ်အသားတွေလား..."

တုယွမ်သည် ဆေးလုံးများပေါ်တွင် စီးဆင်းနေသော ရွှေရောင် ပုံစံများကို ရှင်းလင်းစွာ မြင်လိုက်ရချိန်တွင် သူ၏မျက်လုံးများသည် ကြေးခေါင်းလောင်းများကဲ့သို့ ပြူးကျယ်သွားပေ၏။

အကြိမ်ကြိမ် အတည်ပြုပြီးနောက် ထိုအရာများမှာ ဆေးလုံးအမှတ်အသားများ ဖြစ်ကြောင်း တုယွမ် သေချာသွားသည်။

ဆေးလုံးများ၏ အရည်အသွေးကို များသောအားဖြင့် အဆင့်နိမ့်၊ အလယ်အလတ်၊ အဆင့်မြင့်နှင့် အထွတ်အထိပ် ဟူ၍ အဆင့်လေးဆင့် ခွဲခြားထားသော်လည်း ထိုအရာများအပြင် ဆေးလုံး အမှတ်အသားများဟုခေါ်သော တခြားအဆင့်တစ်ခုလည်း ရှိနေသည်။

ဆေးလုံး အမှတ်အသားများသည် ဆေးလုံးတစ်လုံး ရရှိနိုင်သော အမြင့်ဆုံးအရည်အသွေးကို မကြာခဏ ကိုယ်စားပြုသည်။

"တူညီတဲ့ ဆေးပင်ပမာဏနဲ့... ဖြစ်ပေါ်လာတဲ့ ဆေးလုံး အရေအတွက်က ကျွန်တော် လုပ်နိုင်တာထက် နှစ်ဆပိုများရုံတင်မကဘူး...​ဒါတွေအားလုံးက ဆေးလုံး အမှတ်အသားတွေပါတဲ့ အဆင့်တွေ ဖြစ်နေတယ်..."

ဆေးပညာရှင် တစ်ဦးအနေဖြင့် တုယွမ်၏ ဂုဏ်ယူဝံ့ကြွားမှုအနည်းငယ်သည် ရက်စက်စွာ နင်းခြေခံလိုက်ရသကဲ့သို့ ခံစားလိုက်ရလေ၏။

'လူတွေရဲ့ အထက်မှာ လူတွေ အမြဲရှိသလို ကောင်းကင်ရဲ့ အထက်မှာလည်း ကောင်းကင်တွေ ရှိတယ်'

ထိုဆိုရိုးစကား၏ အဓိပ္ပာယ်ကို သူ နက်နက်ရှိုင်းရှိုင်း သဘောပေါက်သွားခဲ့သည်။

သူ သက်ပြင်းချလိုက်၏။

"ဒါက အမှန်ပဲ... မျိုးဆက်တစ်ခုပြီးတစ်ခု ပါရမီရှင် အသစ်တွေ ပေါ်ထွက်လာပြီး တစ်ယောက်စီက ရာစုနှစ်တွေချီပြီး ဦးဆောင်သွားကြတာပဲ..."

သူ စကားပြောနေစဉ်မှာပင် တုယွမ်သည် ရုတ်တရက် အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး သူ၏ခန္ဓာကိယ်ကို ကိုင်းညွတ်ကာ ချန်ချင်း၏ လက်ထဲရှိ ဆေးလုံးများကို စစ်ဆေးရန် ချဥ်းကပ်သွားခဲ့သည်။

ထို့နောက် သူက အံ့အားတသင့် အော်ဟစ်လိုက်၏။

"မဟုတ်သေးဘူး..."

Book 4 end.

All Chapters