← Chapters

အခန်း ၄၂

Vol. 5 Ch. 42

အခန်း ၄၂

Vol. 5 Ch. 42

အခန်း (၄၂) ငါ မင်းကို ဘယ်တော့မှ စိတ်ပျက်အောင် လုပ်မှာ မဟုတ်ဘူး

တော်ဝင်စာကြည့်ဆောင်သို့ ဝင်ရောက်လာသည်နှင့်တပြိုင်နက် လျှို့ဝှက်အစောင့်သည် ချက်ချင်း ဒူးထောက်ကာ အရိုအသေပေးလိုက်သည်။

"အရှင်မင်းကြီးကို နှုတ်ခွန်းဆက်သပါတယ်..."

"ဟင်..."

ယခင် လျှို့ဝှက်အစောင့် ထွက်သွားသည်မှာ သိပ်မကြာသေးဘဲ တခြားလျှို့ဝှက်အစောင့်တစ်ဦး ထွက်ပေါ်လာသည်ကို မြင်သောအခါ ဧကရာဇ်ရှားချန်သည် မျက်မှောင်အနည်းငယ်ကြုတ်သွားပြီး အစီရင်ခံစာများကို ပြင်ဆင်နေသော စုတ်တံအား ချထားကာ မေးလိုက်၏။

"ချင်းချန်ဂိုဏ်းမှာ တစ်ခုခု ဖြစ်လို့လား..."

"အရှင်မင်းကြီးကို သတင်းပို့ပါတယ်... တော်ဝင်သမက်တော်ချန်နဲ့ မင်းသမီးတို့က ထိပ်တန်း ပါရမီတွေကို နိုးထစေခဲ့တယ်ဆိုတာ သိပြီးတဲ့နောက်မှာ မဟာဂိုဏ်းကြီးဆယ်ဂိုဏ်းအပါအဝင် အင်အားစု အသီးသီးက သူတို့ကို လုယူဖို့ အလုအယက် ရောက်လာကြပါတယ်..."

လျှို့ဝှက်အစောင့်က သတင်းပို့သည်။

ဤစကားကို ကြားသောအခါ ရှားချန်၏ တွန့်ကွေးနေသော မျက်မှောင်များ ပြေလျော့သွားသည်။ ဤကဲ့သို့ ကိစ္စမျိုးကို သူ ကြာမြင့်စွာကတည်းက မျှော်လင့်ထားခဲ့ပြီး ဖြစ်ပေ၏။

ချန်ချင်းနှင့် ရှားချင်းယွဲ့တို့ ကောင်းကင်အဆင့် ထိပ်တန်းပါရမီများကို နိုးထလာသည့် သတင်းကို လျှို့ဝှက်ထား၍ မရနိုင်ကြောင်း သူ သိထားသည်။ ဤလောကတွင် လေလုံသော နံရံဟူ၍ မရှိချေ။

ထိုဂိုဏ်းအင်အားစုများသည် အမှန်တရားကို သိရှိသွားသည်နှင့် တပြိုင်နက် သူတို့နှစ်ဦးကို သူတို့၏ကိုယ်ပိုင် အင်အားစုထဲသို့ ခေါ်ဆောင်ရန် အသေအလဲ တိုက်ခိုက်ကြမည်မှာ သေချာပေါက်ပင်။

ရှားချန်သည် ချန်ချင်းနှင့် ရှားချင်းယွဲ့တို့ကို ရှားမိသားစု လက်အောက်ရှိ ဂိုဏ်းများသို့ ဝင်ရောက်စေပြီး တော်ဝင်မိသားစုကို အလုပ်အကျွေးပြုစေချင်ခဲ့သော်လည်း မဟာဝူနိုင်ငံအနေဖြင့် သူတို့နှစ်ဦးကို သီးသန့်ထိန်းသိမ်းထားရန် ယုံကြည်မှုမရှိကြောင်းကိုလည်း သူ သိထားသည်။

သူတို့ကို အတင်းအကြပ် ထိန်းသိမ်းထားခြင်းက ချန်ချင်းနှင့် ရှားချင်းယွဲ့တို့၏ ပြိုင်ဘက်ကင်း ပါရမီကို နှောင့်နှေးစေပြီး အလဟဿ ဖြစ်စေရုံသာ ရှိပေလိမ့်မည်။

ထို့ကြောင့် ချန်ချင်းနှင့် ရှားချင်းယွဲ့တို့ကို ထိန်းချုပ်မည့်အစား ရှားချန်က တစ်စုံတစ်ခုကို ပို၍သိချင်နေခဲ့၏။

"ဒါဆို... သူတို့နှစ်ယောက်က နောက်ဆုံးမှာ ဘယ်အင်အားစုကို ဝင်သွားကြလဲ..."

"အရှင်မင်းကြီးကို အကြောင်းပြန်ပါတယ်... တော်ဝင်သမက်တော် ချန်နဲ့ မင်းသမီးတို့က ဘယ်အင်အားစုကိုမှ မဝင်ခဲ့ပါဘူး..."

လျှို့ဝှက်အစောင့်က ပြန်လည်ဖြေကြားလိုက်သည်။

"မဝင်ဘူးလား... ဒီဂိုဏ်းတွေက အလွယ်တကူ လက်လျှော့မှာ မဟုတ်ဘူးမလား..."

ရှားချန်သည် နှစ်ဖက်ကြားတွင် ပဋိပက္ခတစ်ခု ဖြစ်ပွားလာပြီး ရှားချင်းယွဲ့ကို ဒဏ်ရာရသွားစေမည်အား စိုးရိမ်နေခဲ့လေ၏။

ထိုဂိုဏ်းများသည် ဤကဲ့သို့ ပါရမီရှင်များကို ဘယ်သောအခါမျှ လွယ်လင့်တကူ လက်လွှတ်မည် မဟုတ်ကြောင်း သူ ကောင်းစွာသိရှိထားသည်။ အကယ်၍ သူတို့ကို တခြားဂိုဏ်းများက လုယူသွားပါက သူတို့အကြား၌ အချိန်အတော်ကြာ တည်ဆောက်ထားသော ညင်သာသိမ်မွေ့သည့် ချိန်ခွင်လျှာကို သေချာပေါက် ပျက်ပြားသွားစေပေမည်။

"အရှင်မင်းကြီး... တော်ဝင်သမက်တော်ချန်က သူတစ်ယောက်တည်းနဲ့ ရောက်လာတဲ့ ဂိုဏ်းအင်အားစု တွေအားလုံးကို သူ့ရဲ့ အမိန့်အောက် ရောက်အောင် လုပ်ခဲ့ပြီးတော့... ထာဝရ သစ္စာမဖောက်ဘူးလို့ မိုးကောင်းကင်တာအို ကျမ်းသစ္စာဆိုခြင်း ပြုလုပ်စေခဲ့ပါတယ်..."

လျှို့ဝှက်အစောင့်က အမှန်အတိုင်း ထုတ်ဖော်ပြောဆိုလိုက်သည်။

သူ ကိုယ်တိုင် မျက်မြင်တွေ့ရှိခဲ့သော်လည်း ဤစကားလုံးများ သူ၏ပါးစပ်မှ ထွက်လာသောအခါ သူ မယုံကြည်နိုင် ဖြစ်နေဆဲပင်။

"မင်း ငါ့ကို လှည့်စားနေတာ မဟုတ်ဘူး မလား..."

ရှားချန်သည် နဂါးပလ္လင်ပေါ်မှ မတ်တတ်ရပ်လိုက်ပြီး ဤအဖြေကြောင့် အလွန်အမင်း အံ့အားသင့်သွားကာ ဤလျှို့ဝှက်အစောင့်သည် အသက်ရှင်ရသည်မှာ ငြီးငွေ့နေသဖြင့် သူ့ကို ဤကဲ့သို့ နောက်ပြောင်ရဲသည်ဟု သံသယဝင်သွားခဲ့ပေ၏။

"ဒီကိစ္စကို ကျွန်တော်ကိုယ်တိုင် မျက်မြင်တွေ့ခဲ့တာပါ... စကားလုံးတိုင်းက အမှန်ပါ... အလိမ်အညာ တစ်လုံးမှ မပါပါဘူး... ကျေးဇူးပြုပြီး အရှင်မင်းကြီး... ဆုံးဖြတ်ပေးပါ..."

ရှားချန်က သူ၏ စကားများကို ယုံကြည်စေရန်အတွက် လျှို့ဝှက်အစောင့်သည် မိုးကောင်းကင်တာအို ကို တိုင်တည်ကာ ကျမ်းသစ္စာဆိုခဲ့ပြီး အကယ်၍ အလိမ်အညာတစ်လုံး ပါခဲ့ပါက နေရာတွင်ပင် သေဆုံးပါစေဟု ပြောဆိုခဲ့သည်။

လျှို့ဝှက်အစောင့်သည် မိုးကောင်းကင်တာအို ကျမ်းသစ္စာဆိုခြင်းကို ပြုလုပ်ပြီးနောက် ဘာမှမဖြစ်သည်ကို မြင်သောအခါ ရှားချန်သည် မယုံကြည်ချင်လျှင်ပင် မယုံကြည်ဘဲနေ၍ မရတော့ချေ။

ထျန်းရွှမ်ကုန်းမြေတွင် မည်သူကမျှ မိုးကောင်းကင်တာအိုကို နောက်မပြောင်ရဲပေ။ မဟာဧကရာဇ် တစ်ပါးပင်လျှင် ချွင်းချက်မရှိပေ။

မိုးကောင်းကင်တာအို၏ စွမ်းအားသည် ချိုးဖျက်၍ မရနိုင်ချေ။

"မဟာဂိုဏ်းကြီးဆယ်ဂိုဏ်းလုံး သူ့ကို အညံ့ခံသွားတာလား..."

ရှားချန်က ထပ်မံ၍ အတည်ပြုမေးမြန်းလေသည်။

"မဟာဂိုဏ်းကြီးဆယ်ဂိုဏ်းလုံးပါ... တစ်ခုမှ မလျော့ပါဘူး..."

လျှို့ဝှက်အစောင့်က တည်ကြည်လေးနက်စွာ ခေါင်းညိတ်လိုက်၏။

ထို့နောက် ရှားချန်သည် ကိစ္စရပ်တစ်ခုလုံး၏ အသေးစိတ် အချက်အလက်များကို သိရှိရန် လျှို့ဝှက်အစောင့်ကို မေးမြန်းလိုက်သည်။

လျှို့ဝှက်အစောင့်သည် မည်သည့်အရာကိုမျှ ဖုံးကွယ်မထားရဲဘဲ အရာအားလုံးကို အပြည့်အစုံ ရှင်းပြလိုက်သည်။

"ငါ နားလည်ပြီ... မင်း သွားလို့ရပြီ... သတင်းတစ်ခုခု ရှိရင် အချိန်မရွေး ငါ့ကို လာသတင်းပို့စမ်း..."

"ဟုတ်ကဲ့... သွားခွင့်ပြုပါအုံး..."

လျှို့ဝှက်အစောင့် ပျောက်ကွယ်သွားပြီးနောက် ရှားချန်သည် တော်ဝင်စာကြည့်ဆောင်တွင် တစ်ယောက်တည်း ကျန်ရစ်ခဲ့ပြီး သူ၏ စိတ်အခြေအနေ အလွန်အမင်း လေးလံနေသည်။

"နတ်ဆိုးသားရဲဧကရာဇ်အဆင့် စိတ်ဝိညာဉ်အိမ်မွေးသားရဲ ကောင်းကင်အဆင့်မြင့် စိတ်ဝိညာဉ်အမြှစ် အသက်ဆယ့်ရှစ်နှစ်အရွယ် စိတ်ဝိညာဉ်ပိုင်းခြားခြင်းနယ်ပယ်..."

ရှားချန်က ဤစကားစုများကို အဆက်မပြတ် ထပ်ခါတလဲလဲ ရေရွတ်နေခဲ့သည်။

ချန်ချင်းသည် ပုန်ကန်မည် မဟုတ်ကြောင်းနှင့် မဟာဝူနိုင်ငံအပေါ် ရှားမိသားစု၏ ထိန်းချုပ်မှုကို ဖြုတ်ချမည် မဟုတ်ကြောင်း သူ၏ လုပ်ရပ်များဖြင့် သက်သေပြခဲ့ပြီး ဖြစ်သော်လည်း...

သူ ပြသခဲ့သော စွမ်းအားက ရှားချန်ကို အလွန်အမင်း ကြောက်ရွံ့ပြီး စိတ်မသက်မသာ ဖြစ်နေစေဆဲပင်။

အကယ်၍ ချန်ချင်းသာ ဤကဲ့သို့ အကန့်အသတ်မရှိ ဆက်လက်၍ ကြီးထွားနေမည်ဆိုပါက သူသည် ရှားချင်းယွဲ့အပေါ် ယခုကဲ့သို့ သစ္စာရှိနေဦးမည်လောဟု သူ ပို၍ပင် စိုးရိမ်မိလေ၏။

ချန်ရှုံးသည်လည်း ချင်းချန်ဂိုဏ်းအတွင်း ထားရှိသော သူ၏ သတင်းပေးများမှတဆင့် ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို သိရှိခဲ့ရသည်။

ရှားချန်နှင့်မတူဘဲ ချန်ရှုံး၏ ပါးစပ်သည် နားရွက်သို့ တင်ချိတ်လုနီးပါး ပြုံးရွှင်နေပြီး သူ၏ အပြုံးမှာ အလွန်တောက်ပနေကာ သူ၏ပေါင်ကို ရိုက်လိုက်သည်။

"ကောင်းတယ်... အရမ်း ကောင်းတယ်... အသက်ဆယ့်ရှစ်နှစ်အရွယ် စိတ်ဝိညာဉ်ပိုင်းခြားခြင်းနယ်ပယ် ကျွမ်းကျင်သူ... ကောင်းကင်အဆင့်မြင့် လျှပ်စီးစိတ်ဝိညာဉ်အမြှစ်ကို ပိုင်ဆိုင်ထားရုံတင်မကဘူး နတ်ဆိုးသားရဲဧကရာဇ်အဆင့် သားရဲတစ်ကောင်ကိုပါ လက်အောက်ခံစေခဲ့တယ်... ငါ့ရဲ့ အဖိုးတန် သားလေးက တကယ်ကို ပြိုင်ဘက်ကင်းပဲ..."

ချန်ရှုံးသည် ချန်ချင်း၏ ဆုံးဖြတ်ချက်ကို မေးခွန်းမထုတ်တော့ချေ။

အကယ်၍ ချန်မိသားစုက အမှန်တကယ် ပုန်ကန်ချင်တယ်ဆိုရင် ထိုသံချပ်ကာမြင်းတပ်တစ်သိန်းကို မည်သည်ကြောင့် လိုအပ်မည်နည်း...

လက်ရှိအခြေအနေအရ ချန်ချင်းဆီမှ စကားတစ်ခွန်း ထွက်လာရုံဖြင့် ရှားချန်သည် ရာဇပလ္လင်ကို နာခံရို့ကျိုးစွာ လွှဲပြောင်းပေးရမည်ဟု သူ ခန့်မှန်းနိုင်သည်။

အကယ်၍ မလေးမစားလုပ်မှု တစ်ခုခု ရှိခဲ့ပါက ရှားမိသားစုသာမက မဟာဝူနိုင်ငံတစ်ခုလုံးလည်း သူတို့နှင့်အတူ မြှုပ်နှံခံရပေမည်။

ချန်ချင်းသည် မည်သည့်အချိန်ကစ၍ ဤမျှထိ ကြောက်မက်ဖွယ်ကောင်းသော အတိုင်းအတာအထိ ကြီးထွားလာခဲ့သည်ကို သူ မသိသော်လည်း ထိုအရာမှာ အရေးမကြီးပေ။ ချန်ရှုံးသည် သူ၏သားအတွက် ဂုဏ်ယူနေခဲ့လေ၏။

သူ၏ ယခင်ဘဝတွင် ကုသိုလ်ကောင်းမှုများစွာ လုပ်ခဲ့ပြီး အနည်းဆုံး အသက်သန်းရာနှင့်ချီ၍ ကယ်တင်ခဲ့ရမည်ဟု သူ ခံစားမိသည်။ ထိုသို့မဟုတ်ပါက ဤမျှထိ သန်မာအားကောင်းသော သားတစ်ယောက်ကို သူ မည်သို့ မွေးဖွားနိုင်ခဲ့မည်နည်း။

သူ ပို၍တွေးတာလေလေ သူ၏စိတ်နှလုံးသားက ပို၍ ချိုမြိန်လာလေလေပင်။ သူ၏ ဝမ်းသာပျော်ရွှင်မှုကြောင့် သူသည် လက်ကို ဝှေ့ယမ်းကာ စံအိမ်ရှိ လူတိုင်းကို ရက်ရောစွာ ဆုချီးမြှင့်ပြီး အတူတကွ အောင်ပွဲခံလိုက်၏။

ချင်းချန်ဂိုဏ်း၌...

【ဇနီးသည်ကို အလိုလိုက်ခြင်း အောင်မြင်ပါသည်... အိမ်ရှင်က ကျပန်းဆုလာဘ်အဖြစ် ကောင်းကင်အဆင့်မြင့်မှော်ရတနာ နတ်ဘုရားကျောက်တုံးကို ရရှိသည့်အတွက် ဂုဏ်ယူပါသည်...】

ရှားချင်းယွဲ့သည် နောက်ဆုံး ဆဌမအဆင့် ဆေးလုံးကို သန့်စင်ပြီးဖြစ်ကာ သူမ၏ကျင့်ကြံခြင်းမှာ အခြေခံတည်ဆောက်ခြင်းနယ်ပယ် အထွတ်အထိပ် သို့ တက်လှမ်းသွားပြီး ရွှေအမြုတေနယ်ပယ်သို့ ရောက်ရှိရန် ခြေတစ်လှမ်းသာ လိုတော့ပေ၏။

ဤကျင့်ကြံခြင်း အမြန်နှုန်းနှင့် ပတ်သက်၍ ကောင်းကင်အမိန့်တော် ဧကရီတစ်ပါးဖြစ်ရန် အမှန်တကယ်ကို ထိုက်တန်သည်ဟု ချန်ချင်း ပြောနိုင်ရုံသာ ရှိတော့သည်။

အကယ်၍ သူ့ထံတွင် စနစ် မရှိပါက အပြတ်အသတ် ရှုံးနိမ့်မည်မှာ သေချာပေါက်ပင်။

ကံကောင်းထောက်မစွာဖြင့် သူမသည် ရန်သူမဟုတ်ဘဲ သူ၏ဇနီး ဖြစ်နေလေပြီ။

"ဇနီးလေး... ကျင့်ကြံခြင်း တာအိုလမ်းစဉ်ကို စတင်ရတဲ့ ခံစားချက်က ဘယ်လိုလဲ..."

ရှားချင်းယွဲ့သည် ယခက်ထက် ပို၍စူးရှပြီး ပို၍တက်ကြွသော သူမ၏မျက်လုံးတစ်စုံကို ဖွင့်လိုက်သည်အား မြင်သောအခါ ချန်ချင်းက မေးလိုက်သည်။

"အရမ်း ကောင်းပါတယ်... ကျွန်မရဲ့တစ်ကိုယ်လုံး အသစ်ပြန်မွေးဖွားလာသလို ခံစားရတယ်... ကျွန်မရဲ့ ကျင့်ကြံခြင်းက ဒီလောက်ထိ မြန်မြန်ဆန်ဆန် တိုးတက်လာနိုင်တာ ခင်ပွန်းရဲ့ ဆေးလုံးတွေကြောင့်ပါ..."

ရှားချင်းယွဲ့သည် ယဉ်ကျေးနေခြင်း မဟုတ်ဘဲ ချန်ချင်းကို အမှန်တကယ် ကျေးဇူးတင်နေခဲ့ခြင်းပင်။

ထိုဆေးလုံး ခုနစ်လုံးက ပေးစွမ်းနိုင်သောအရာထက် ချန်ချင်း ရရှိခဲ့သော အကျိုးကျေးဇူးများက များစွာပို၍ကြီးမားကြောင်း သူမ မသိခဲ့ချေ။

"ကျင့်ကြံခြင်း ရှိရုံနဲ့တင် မလုံလောက်ဘူး... ကျင့်ကြံသူတွေကြားမှာ ကိုယ့်ကိုယ်ကိုယ် တည်ဆောက်နိုင်ဖို့အတွက် ဇနီးလေးက အားကောင်းတဲ့ ကျင့်ကြံနည်းစနစ်တစ်ခု လိုအပ်သေးတယ်..."

ရှားချင်းယွဲ့ထံသို့ 'ရေခဲကောင်းကင် နက်နဲသိမ်မွေ့စွမ်းရည်' ကို လွှဲပြောင်းပေးရမည့် အချိန်ရောက်ပြီဟု ချန်ချင်း ခံစားလိုက်ရလေ၏။

ကောင်းကင်အဆင့် ကျင့်ကြံနည်းစနစ် တစ်ခုကို ပေးကမ်းခြင်းအတွက် မည်ကဲ့သို့ အရည်အသွေးမျိုးရှိသည့် ဇနီးသည်အား အလိုလိုက်ခြင်း ဆုလာဘ်မျိုး ရရှိမည်ကို သူ အမှန်တကယ် သိချင်နေခဲ့သည်။

"အားကောင်းတဲ့ ကျင့်ကြံနည်းစနစ် တစ်ခုလား..." ရှားချင်းယွဲ့က ပြောလိုက်၏။

"ကျွန်မက 'ပြိုင်ဘက်ကင်း ကြာပန်းကိုးပွင့် ကျမ်းစာ' ကို ပထမအဆင့်အထိ ကျင့်ကြံပြီးပြီလေ..."

"မလုံလောက်သေးဘူး..."

ချန်ချင်းသည် သူ၏လက်ကိုမြှောက်ကာ ရှားချင်းယွဲ့၏ မျက်ခုံးနှစ်ခုကြားကို လက်ချောင်းထိပ်ဖြင့် ညင်သာစွာ ထိတွေ့လိုက်သည်။

'မလုံလောက်သေးဘူးလား...'

ချန်ချင်း၏စကားများမှ အဓိပ္ပာယ်ကို ရှားချင်းယွဲ့ နားမလည်မီမှာပင် သူမ၏ ကိုယ်ပိုင်မဟုတ်သော ထူးဆန်းသည့် မှတ်ဉာဏ်တစ်ခု သူမ၏စိတ်ထဲသို့ ဝင်ရောက်လာသည်ကို ခံစားလိုက်ရသည်။

ထိုအရာမှာ "ရေခဲကောင်းကင် နက်နဲသိမ်မွေ့စွမ်းရည်" ဟု အမည်ရသော ကောင်းကင်အဆင့်နိမ့် ကျင့်ကြံနည်းစနစ်တစ်ခုပင်။

"ကောင်းကင်အဆင့် ကျင့်ကြံနည်းစနစ်လား..."

ရှားချင်းယွဲ့သည် မယုံနိုင်အောင် ဖြစ်နေပြီး ချန်ချင်းက သူမကို ဤကဲ့သို့ အဖိုးတန်သော ကျင့်ကြံနည်းစနစ်ကို ပေးအပ်လိမ့်မည်ဟု မယုံကြည်နိုင်ခဲ့ချေ။

မည်မျှထိ အပြောချိုပါစေ လုပ်ဆောင်ချက်များလောက် ဘယ်တော့မှ မစစ်မှန်ဟု ဆိုကြသည်။

"..."

ချန်ချင်းက ရှားချင်းယွဲ့အပေါ် ပိုကောင်းလေလေ သူမည် သူ့အပေါ် အပြစ်ရှိစိတ်ကို ပို၍ခံစားရလေလေပင်။

သူမ များစွာတွေးတောပြီးနောက်တွင်…

ရှားချင်းယွဲ့သည် သူမ၏ လက်သီးများကို ရုတ်တရက် ဆုပ်လိုက်ပြီး ပြတ်သားသော အမူအရာဖြင့် သူမ၏ နှလုံးသားအောက်ခြေမှလာသော စကားကို စိတ်လှုပ်ရှားစွာ ပြောလိုက်၏။

"ရှားချင်းယွဲ့က ဒီဘဝမှာ ရှင့်ကို ဘယ်တော့မှ စိတ်ပျက်အောင် လုပ်မှာ မဟုတ်ဘူး... တကယ်လို့ အနာဂတ်မှာ တစ်ယောက်ယောက်က ကျွန်မရဲ့ ခင်ပွန်းကို အနိုင်ကျင့်ရဲရင်... ကျွန်မက ပထမဆုံး ကန့်ကွက်မယ့်သူ ဖြစ်လာမယ်..."

"ဒါဆိုရင် အခုကစပြီး ငါ့ကို ကာကွယ်ပေးဖို့ ဇနီးလေးကို ဒုက္ခပေးရတော့မယ်... မင်း မြန်မြန်အားကောင်းလာဖို့ လိုတယ်နော်..."

သိုင်းပညာဧကရာဇ် ကျင့်ကြံခြင်းဆီသို့ ကြီးမားသော ခြေလှမ်းတစ်လှမ်း ပို၍နီးကပ်သွားပြီဟု ခံစားရသဖြင့် ချန်ချင်းက အပြုံးနှင့် ပြောလိုက်သည်။

"ကောင်းပြီလေ... ကျွန်မ အခုချက်ချင်း ကျင့်ကြံမယ်..."

နောက်ထပ် စကားမပြောတော့ဘဲ ရှားချင်းယွဲ့သည် ချန်ချင်းက သူမအား ပေးအပ်ခဲ့သော 'ရေခဲကောင်းကင် နက်နဲသိမ်မွေ့စွမ်းရည်' ကို လေ့လာဆင်ခြင်ရန် သူမ၏မျက်လုံးများကို ချက်ချင်းစုံမှိတ်လိုက်၏။

ထို့နောက် ချန်ချင်းသည် သူ၏ ဆုလာဘ်ကို တောင်းခံရန် အသင့်ဖြစ်နေကာ စနစ်မျက်နှာပြင်ကို ဆင့်ခေါ်လိုက်တော့သည်။

All Chapters