← Chapters

အခန်း ၅၀

Vol. 5 Ch. 50

အခန်း ၅၀

Vol. 5 Ch. 50

အခန်း (၅၀) နောက်ထပ် တစ်ပုလင်း

"နှစ်ဆ ကျင့်ကြံခြင်း အတွေ့အကြုံ လက်ဆောင်ထုပ် ကို အသုံးပြုရန် အတည်ပြုပါ..."

"လက်ရှိတွင် နှစ်ဆကျင့်ကြံခြင်း အတွေ့အကြုံ လက်ဆောင်ထုပ်ကို အသုံးပြုနေပါသည်..."

"နှစ်ဆ ကျင့်ကြံခြင်း အတွေ့အကြုံ လက်ဆောင်ထုပ် အသုံးပြုခြင်း အောင်မြင်ပါသည်..."

စနစ်၏အသံ ပျောက်ကွယ်သွားသည်နှင့် ချန်ချင်း၏ ကျင့်ကြံခြင်းနယ်ပယ်သည် ရုပ်ခန္ဓာကိုယ်ပေါင်းစပ်ခြင်းနယ်ပယ်၏ အထွတ်အထိပ်သို့ ချက်ချင်း ရောက်ရှိသွားပြီး မျက်စိတစ်မှိတ်အတွင်း မဟာကပ်ဘေးဒုက္ခ ကျော်ဖြတ်ခြင်းနယ်ပယ်၏ အထွတ်အထိပ်သို့ တက်လှမ်းသွားခဲ့လေ၏။

ဤနှစ်ဆကျင့်ကြံခြင်း အတွေ့အကြုံ လက်ဆောင်ထုပ်သည် ချန်ချင်း၏ ကျင့်ကြံခြင်းနယ်ပယ်ကို အဓိကနယ်ပယ်နှစ်ခုအား တပြိုင်နက်တည်း မြင့်တက်သွားစေခဲ့သည်။

ထိုအရာမှာ ကောင်းမွန်သော အပေးအယူ တစ်ခုမျှသာ မဟုတ်ဘဲ ကြီးမားပြီး ပေါက်ကွဲထွက်လောက်သော အကျိုးအမြတ်တစ်ခုပင်။

​ဤသည်က ရှားချင်းယွဲ့၏ သူအပေါ်ထားရှိသော ချစ်ခင်မှုကို တိုးတက်စေရုံသာမက သူ၏ကျင့်ကြံခြင်း နယ်ပယ်ကိုလည်း သိသိသာသာ မြှင့်တင်ပေးခဲ့ပြီး ခဲတစ်လုံးတည်းဖြင့် ငှက်နှစ်ကောင် ပစ်နိုင်ခဲ့ခြင်းပင်။

ထို့နောက် ချန်ချင်းသည် အစောပိုင်းက အရိပ်ရုပ်သေးရုပ်မှ ထိုတပည့်များကို သတ်ဖြတ်စဉ်က ရရှိခဲ့သော ဇနီးသည်အား အလိုလိုက်ခြင်း ဆုလာဘ်များကို စစ်ဆေးရန် သူ၏ စနစ်သိုလှောင်ခန်းကို ဖွင့်လိုက်၏။

နောက်ဆုံးအကြိမ် သူ စစ်ဆေးစဉ်က သူ မှတ်မိသည်မှာ မှန်ကန်ပါက "နဂါးသွေး" ဟူသော စကားလုံးများကို မြင်တွေ့ခဲ့ရသည်။

ချန်ချင်းသည် ယခင်က အစစ်အမှန် ဖီးနစ်မြင့်မြတ်ရုပ်ခန္ဓာကိုယ်ကို ရှားချင်းယွဲ့အား ပေးအပ်ခဲ့ပြီး ဖြစသည်။ ထိုကြောင့် အစစ်အမှန်ဖီးနစ်သွေးမျိုးဆက် မဟုတ်သော်လည်း မြင့်မြတ်သော သားရဲသွေးတစ်ခု ဖြစ်သည့် နဂါးသွေးကို ရှားချင်းယွဲ့၏ရုပ်ခန္ဓာကိုယ်အား မြှင့်တင်ရန် အသုံးပြုနိုင်ပေမည်။

ဤအရာကို တွေးမိသောအခါ ချန်ချင်းသည် ကြည်လင်သော ဖန်ပုလင်းတစ်ခုတွင် ထည့်ထားသည့် နဂါးသွေး တစ်စိတ်တစ်ပိုင်းကို ထုတ်ယူလိုက်၏။

"ခင်ပွန်း... ဒါက ဘာလဲ..."

ရှားချင်းယွဲ့သည် ပုလင်းထဲတွင် ညင်သာစွာ ယိမ်းနွဲ့နေပြီး ရွှေရောင်ကြိုးမျှင်လေးများ တလက်လက် တောက်ပနေသော သွေးရောင်အရည်ကို ကြည့်ကာ သိချင်စိတ်ဖြင့် မေးလိုက်သည်။

"နဂါးသွေး... မင်းရဲ့ အစစ်အမှန် ဖီးနစ်မြင့်မြတ်ရုပ်ခန္ဓာကိုယ်ကို အဆင့်မြှင့်တင်ဖို့ သုံးလို့ရတယ်..."

ချန်ချင်းက ပြောဆိုလိုက်ပြီးနောက် နဂါးသွေးကို လက်ကမ်းပေးလေသည်။

ရှားချင်းယွဲ့သည် နဂါးသွေးကို ယူလိုက်ပြီး အဖုံးကို ဖွင့်လိုက်ရာ အသံတစ်ချက် မြည်သွားကာ သူမသည် ထိုအရာကို တစ်ကျိုက်တည်းသောက်ရန် ဟန်ပြင်လိုက်သည်။

"ခဏနေအုံး... ဒါက သောက်ဖို့ မဟုတ်ဘူး... မင်းက ဒါကို စုပ်ယူပြီး သန့်စင်ရမှာ..."

ချန်ချင်းက သူမကို တားဆီးရန် အလျင်အမြန် ပြောလိုက်၏။

"အော်... ဒီလိုလား..."

ရှားချင်းယွဲ့က အနေခက်စွာဖြင့် ရယ်မောလိုက်သည်။

ရုတ်ချည်းဆိုသလိုပင် ချန်ချင်း၏ ညွှန်ကြားချက်များအတိုင်း သူမသည် စိတ်ဝိညာဉ်ချီများကို စုပ်ယူသကဲ့သို့ ပုလင်းထဲမှ နဂါးသွေးကို စတင်၍ စုပ်ယူလိုက်သည်။

ချန်ချင်း၏လက်ထဲတွင် နဂါးသွေးများစွာ ကျန်ရှိနေဆဲပင်။ သူသည် ထိုအရာများကို စုပ်ယူရန်နှင့် သန့်စင်ရန် အလျင်စလို မလုပ်ခဲ့ချေ။ ထို့အစား နဂါးသွေး တစ်ပုလင်း ပေးကမ်းခြင်းအတွက် ဆုလာဘ်ကို စစ်ဆေးရန် စနစ်မျက်နှာပြင်ကို ဖွင့်လိုက်၏။

"ဇနီးသည်ကို အလိုလိုက်ခြင်း အောင်မြင်ပါသည်... အိမ်ရှင်က ကျပန်းဆုလာဘ်အဖြစ် အရိပ်ရုပ်သေးရုပ် အဆင့်မြှင့်တင်ရေးကတ်တစ်ကတ်ကို ရရှိသည့်အတွက် ဂုဏ်ယူပါသည်..."

'အရိပ်ရုပ်သေးရုပ်တွေကို အဆင့်မြှင့်တင်လို့ ရသေးတာလား...'

ဤသည်မှာ ချန်ချင်း အနည်းငယ် ထင်မှတ်မထားသောအရာပင်။

'ဒါပေမဲ့... ကတ်တစ်ကတ်တည်းလား... စနစ်... မင်းက နည်းနည်းများ ကပ်စေးနှဲလွန်းမနေဘူးလား...'

ချန်ချင်းသည် သူ၏စိတ်ထဲတွင် မညည်းတွားဘဲ မနေနိုင်တော့ချေ။

သူ သက်ပြင်းချလိုက်ပြီး သူ့ကိုယ်သူ တိတ်တဆိတ် နှစ်သိမ့်လိုက်၏။

'ထားလိုက်ပါတော့... ဘာမှမရှိတာထက်စာရင် တစ်ခုရှိတာက ပိုကောင်းတာပေါ့... ကံမကောင်းတဲ့ အချိန်ဆိုတာ ဘယ်သူ့မှာမဆို ရှိတတ်တာပဲ မလား...'

ထို့နောက် သူသည် အရိပ်ရုပ်သေးရုပ် အဆင့်မြှင့်တင်ရေးကတ်ကို အသုံးပြုရန် နှိပ်လိုက်သည်။

"လက်ရှိတွင် အရိပ်ရုပ်သေးရုပ် အဆင့်မြှင့်တင်ရေးကတ်ကို အသုံးပြုနေပါသည်..."

"အရိပ်ရုပ်သေးရုပ် အဆင့်မြှင့်တင်ရေးကတ်ကို အောင်မြင်စွာ အသုံးပြုပြီးပါပြီ..."

နောက်တခဏတွင် ချန်ချင်း၏ရှေ့ရှိ စနစ်မျက်နှာပြင်ပေါ်၌ စာကြောင်းတချို့ ထွက်ပေါ်လာသည်။

‘သံချပ်ကာဝတ် အရိပ်ရုပ်သေးရုပ်...လုပ်ကြံသူ အရိပ်ရုပ်သေးရုပ်...လေးသမား အရိပ်ရုပ်သေးရုပ်’

ထို့နောက်တွင် ဂဏန်းများစွာ ပါဝင်ပြီး ချန်ချင်း လက်ရှိပိုင်ဆိုင်ထားသော အရိပ်ရုပ်သေးရုပ် စုစုပေါင်း အရေအတွက်အထိ ပေါင်းထည့်လိုက်၏။

'စုပေါင်း အဆင့်မြှင့်တင်မှု...'

ထိုအချိန်မှသာ စနစ်ကို သူ အထင်လွဲခဲ့ကြောင်း ချန်ချင်း နားလည်သဘောပေါက်သွားသည်။

[အဆင့်မြှင့်တင်ရေးကတ်သည် အရိပ်ရုပ်သေးရုပ် များ၏တပ်ဖွဲ့ အမျိုးအစားများကို ကျပန်း ပြောင်းလဲပေးနိုင်သည်။ သံချပ်ကာဝတ် အရိပ်ရုပ်သေးရုပ် များသည် ကာကွယ်ရေးတွင် အထူးကျွမ်းကျင်ပြီး လုပ်ကြံသူ အရိပ်ရုပ်သေးရုပ်များသည် လျင်မြန်ရုံသာမက အံ့မခန်း မြင့်မားသော ပျက်စီးမှုကိုပါ ဖြစ်စေနိုင်ကာ လေးသမား အရိပ်ရုပ်သေးရုပ် များသည် အဝေးပစ် တိုက်ခိုက်မှုတွင် ထူးချွန်ကြ၏...]

"မဆိုးဘူး... မဆိုးဘူး..."

ချန်ချင်းသည် ဤဆုလာဘ်အတွက် အလွန်စိတ်ကျေနပ်နေသည်။

"ခင်ပွန်း..."

နဂါးသွေးကို လုံးဝစုပ်ယူပြီးသွားသော ရှားချင်းယွဲ့သည် သူ့ကို နားမလည်စွာဖြင့် ကြည့်လိုက်လေ၏။

"ငါ ပြောတာက ငါ့ဇနီးလေးရဲ့ ပါရမီက ထူးခြားတယ်လို့ပဲ... နဂါးသွေးတွေအားလုံးကို ဒီလောက်မြန်မြန် သန့်စင်နိုင်ခဲ့တယ်..."

ချန်ချင်းက အလျှင်အမြန် ရှင်းပြလိုက်သည်။

ထို့နောက် သူက မေးလိုက်သည်။

"အခု ဘယ်လို ခံစားရလဲ..."

"ကျွန်မရဲ့ စွမ်းအားက တော်တော်လေး တိုးလာတယ်... ပြီးတော့ ကျွန်မရဲ့ မြင့်မြတ်ရုပ်ခန္ဓာကိုယ် ကလည်း အရည်အသွေးပိုင်းမှာ သိသိသာသာ မြင့်တက်သွားတယ်..."

ရှားချင်းယွဲ့သည် ကျင့်ကြံခြင်းနှင့် ပတ်သက်လာလျှင် အသစ်အဆန်းတစ်ယောက် ဖြစ်နေဆဲပင်။ သူမ၏ ဝေါဟာရများ အကန့်အသတ်ရှိသဖြင့် သူမ ခံစားရသည်ကို သူမ အတတ်နိုင်ဆုံး ဖော်ပြရုံသာ တတ်နိုင်လေ၏။

"ကောင်းတယ်... နောက်ထပ် တစ်ပုလင်း ယူလိုက်အုံး..." ချန်ချင်းက နောက်ထပ် နဂါးသွေးတစ်ပုလင်းကို ထုတ်ယူလိုက်သည်။

ဇနီးသည်အား အလိုလိုက်ခြင်း ဆုလာဘ်များ ရယူရန်အခွင့်အရေးကို သူ မည်သို့ လက်လွတ်ခံနိုင်မည်နည်း။

"အမ်..."

ရှားချင်းယွဲ့အတွက်မူ နဂါးများသည် မြင့်မြတ်သော သားရဲများ ဖြစ်ကြပြီး အောက်ဘုံတွင် မျိုးသုဉ်းပျောက်ကွယ်သွားသည်မှာ ကြာမြင့်နေလေပြီ။

ဒဏ္ဍာရီများအရ နဂါးတစ်ကောင်၏ ခန္ဓာကိုယ် အစိတ်အပိုင်းတိုင်းသည် ရတနာတစ်ခု ဖြစ်သည်ဟု ဆိုကြသည်။ လွန်ခဲ့သော နှစ်ပေါင်းတစ်သောင်းက နဂါးအကြေးခွံ တစ်ခုတည်းကပင် လေလံပွဲတွင် မိုးထိလောက်အောင် မြင့်မားသော ဈေးနှုန်းကို ရရှိခဲ့သည်။

သို့သော် ချန်ချင်းကမူ နဂါးသွေးများကို တစ်ပုလင်းပြီး တစ်ပုလင်း ပေါ့ပေါ့ပါးပါး ထုတ်ယူနိုင်သည်။

ဤအချိန်တွင် ရှားချင်းယွဲ့သည် ချင်းချန်ဂိုဏ်းတွင် ချန်ချင်းက နဂါးစီးကာ ကောင်းကင်သို့ ပျံသန်းသွားသည့် လွှမ်းမိုးချုပ်ကိုင်နိုင်မှုရှိသော မြင်ကွင်းကို ရုတ်တရက် သတိရသွားသည်။

သူမ၏လက်ထဲရှိ နဂါးသွေးပုလင်းကို ဆုပ်ကိုင်ထားရင်း သူမက စမ်းသပ်မေးမြန်းလိုက်၏။

"ခင်ပွန်း... ဒီ နဂါးသွေး က... ရှင့်ရဲ့ အဲဒီ စိတ်ဝိညာဉ်အိမ်မွေးသားရဲဆီကနေ ရတာများလား..."

'စိတ်ဝိညာဉ်အိမ်မွေးတိရစ္ဆာန် လား...'

ရှားချင်းယွဲ့ ရည်ညွှန်းသော စိတ်ဝိညာဉ်အိမ်မွေးတိရစ္ဆာန်သည် ငရဲကိုးထပ် မသေမျိုးနဂါးသာ ဖြစ်မည်ဟု ချန်ချင်း ချက်ချင်းနားလည်သဘောပေါက်သွားသည်။

ရှားချင်းယွဲ့က သူ့အတွက် အကြောင်းပြချက်တစ်ခု ရှာတွေ့သွားပြီးဖြစ်ရာ ချန်ချင်းသည် သံယောင်လိုက်၍ ပြောဆိုလိုက်၏။

"ဟုတ်တယ်... သူက ဒီသွေးနည်းနည်းလောက်နဲ့ ဘူး... လွတ်လွတ်လပ်လပ် သုံးလိုက်ပါ... မလုံလောက်ရင် မင်းရဲ့ ခင်ပွန်းက ထပ်ပြီးသွားထုတ်ပေးပါ့မယ်..."

ရှားချင်းယွဲ့က အချိန်တခဏမျှ စဉ်းစားလိုက်သည်။ ငရဲကိုးထပ် မသေမျိုးနဂါးတွင် အလွန်ကြီးမားသော ခန္ဓာကိုယ်ကြီး ရှိနေသဖြင့် သူမ၏လက်ထဲရှိ နဂါးသွေးပမာဏ အနည်းငယ်ဖြင့် အမှန်တကယ်ကို ပြဿနာရှိမည် မဟုတ်ချေ။

"..."

ငရဲကိုးထပ် မသေမျိုးနဂါး ဆွံ့အသွားသည်။

ချန်ချင်း၏ ကြိုးစားအားထုတ်မှုများနှင့် သူ့ကို ကျေးဇူးဆပ်ရန်အတွက် သူမ၏စွမ်းအားကို အမြန်ဆုံး မြှင့်တင်ရန် အလျင်လိုနေမှုတို့ကြောင့် ရှားချင်းယွဲ့သည် ခေါင်းညိတ်ကာ နဂါးသွေးကို နောက်တစ်ကြိမ် စတင်စုပ်ယူ၍ သန့်စင်လိုက်တော့သည်။

တစ်ချိန်တည်းမှာပင် ရှားချင်းယွဲ့၏ စကားများသည် ချန်ချင်းကိုလည်း အကြံဉာဏ်တစ်ခု ရစေခဲ့သည်။

'ငရဲကိုးထပ် မသေမျိုးနဂါးရဲ့ နဂါးသွေးက စနစ်က ပေးတဲ့ နဂါးသွေးထက် အရည်အသွေး ပိုမြင့်သင့်တယ်မလား... တကယ်လို့ ဒါက တကယ်သာ မှန်ခဲ့ရင်...'

မသေမျိုးနဂါး... မသေမျိုးနဂါး..

ချန်ချင်းက တွေးလိုက်၏။ အကယ်၍ ထိုနဂါးသည် မသေနိုင်ဟုဆိုလျှင် သူသည် နဂါးသွေးကို လိုသလောက် ရရှိနိုင်ပြီလို့ ဆိုလိုခြင်း မဟုတ်လော။

သို့သော် သူ ပြန်စဉ်းစားလိုက်သည်။

'သူက မသေနိုင်တာ မှန်ပေမဲ့... နဂါးသွေးတွေကို အများကြီး ထုတ်ယူလိုက်ရင် သူ့ရဲ့ ကျင့်ကြံဆင့်နယ်ပယ်က သေချာပေါက် ကျဆင်းသွားမှာပဲ...’

သူ ခေါင်းခါလိုက်ပြီး သူ၏အတွေးများကို ဆက်လက်၍ လွင့်မျောခွင့် မပေးတော့ချေ။

ချန်ချင်းသည် ဇနီးသည်အား အလိုလိုက်ခြင်း ဆုလာဘ်များကို စစ်ဆေးရန် စနစ်မျက်နှာပြင်ကို နောက်တစ်ကြိမ် ဖွင့်လိုက်၏။

"ဇနီးသည်ကို အလိုလိုက်ခြင်း အောင်မြင်ပါသည်... အိမ်ရှင်က ကျပန်းဆုလာဘ်အဖြစ် အရိပ်ရုပ်သေးရုပ် ၂၀၀၀၀ ကို ရရှိသည့်အတွက် ဂုဏ်ယူပါသည်... မှတ်ချက်..ဤအရိပ်ရုပ်သေးရုပ်အသုတ်ကို ကျပန်း တပ်ဖွဲ့ အမျိုးအစားများအဖြစ် အလိုအလျောက် သတ်မှတ်ပေးပြီးဖြစ်သည်..."

'အရိပ်ရုပ်သေးရုပ် နှစ်သောင်းလား...'

အကယ်၍ ဤအတိုင်းသာ ဆက်သွားပါက သူသည် မကြာမီ အရိပ်ရုပ်သေးရုပ် တပ်သားတစ်သိန်းကို စုဆောင်းနိုင်တော့မည်ဟု ချန်ချင်း ခံစားမိလေ၏။

အရေးအကြီးဆုံးမှာ အဆင့်မြှင့်တင်ရေးကတ်သည် အရိပ်ရုပ်သေးရုပ်များအတွက် တပ်ဖွဲ့အမျိုးအစား အဆင့်မြှင့်တင်မှုများသာမက သူတို့၏ ကျင့်ကြံခြင်း နယ်ပယ်ကိုလည်း တိုးတက်စေကြောင်း သူ ရုတ်တရက် စစ်ဆေးတွေ့ရှိခဲ့ခြင်းပင်။

ယခုအချိန်၌ အရိပ်ရုပ်သေးရုပ်များ၏ ကျင့်ကြံဆင့်နယ်ပယ်သည် စိတ်ဝိညာဉ်ခွဲထွက်ခြင်းနယ်ပယ် အထွတ်အထိပ်မှ စိတ်ဝိညာဉ်ပိုင်းခြားခြင်းနယ်ပယ် အထွတ်အထိပ်သို့ အဓိကနယ်ပယ်တစ်ခုလုံး တက်လှမ်းသွားခဲ့လေပြီ။

'စိတ်ဝိညာဉ်ပိုင်းခြားခြင်းနယ်ပယ် ရုပ်သေးရုပ် ငါးသောင်း... ပြီးတော့ ရာနှုန်းပြည့် သစ္စာရှိတယ်...'

အကယ်၍ ဤသတင်းသာ ပေါက်ကြားသွားပါက လောကကြီးတခွင်လုံးရှိ နိုင်ငံအသီးသီးနှင့် အင်အားစုများက သူ့ကို မည်သို့ ရှုမြင်ကြမည်အား ချန်ချင်း စိတ်ကူးယဉ်မကြည့်နိုင်အောင် ဖြစ်သွားခဲ့သည်။

သို့သော် သူ မသိခဲ့သောအရာမှာ မကြာမီကမှ ကံကြမ္မာဇာတ်လိုက်ဖြစ်သော ယဲ့ဖုန်းသည် တက်ရောက်စာရင်းသွင်းကာ စိတ်ဝိညာဉ်ခွဲထွက်ခြင်းနယ်ပယ် အထွတ်အထိပ်အဆင့် သေမင်းတမန် တစ်ယောက်ကို ရရှိပြီးနောက် သူသည် ပြိုင်ဘက်ကင်းလုနီးပါးဖြစ်နေပြီဟု စိတ်ကျေနပ်စွာ ကြေညာနေခဲ့ခြင်းပင်။

"ခင်ပွန်း..."

ရှားချင်းယွဲ့၏စကား မဆုံးမီမှာပင် ချန်ချင်းက နောက်ထပ် နဂါးသွေးတစ်ပုလင်းကို သူမအား လက်ကမ်းပေးလိုက်သည်။

"နောက်ထပ် တစ်ပုလင်း... ငါ့ရဲ့ဇနီးလေးက အဆင့်ချိုးဖျက်ဝင်ရောက်တော့မယ့်ပုံပဲ..."

ချန်ချင်းသည် လိမ်ပြောလိုက်ခြင်း ဖြစ်ပေ၏။

သူ အမှန်အားဖြင့် မည်သည့်အရာကိုမှ ထွင်းဖောက်မမြင်ခဲ့ချေ။ သူသည် ဇနီးသည်အား အလိုလိုက်ခြင်း ဆုလာဘ်များ ပို၍ရရှိရန် ကြိုးစားနေခြင်းသာ ဖြစ်သည်​။

"ဟုတ်ကဲ့..."

ရှားချင်းယွဲ့က နဂါးသွေးကို လက်ခံပြီး သူ၏ ညွှန်ကြားချက်များကို လိုက်နာခဲ့သည်။

"ဇနီးသည်ကို အလိုလိုက်ခြင်း အောင်မြင်ပါသည်... အိမ်ရှင်က ကျပန်းဆုလာဘ်အဖြစ် သက်ရှည်သစ်သီး အလုံး၁၀၀ ကို ရရှိသည့်အတွက် ဂုဏ်ယူပါသည်..."

"ခင်ပွန်း... ကျွန်မ..."

"နောက်ထပ် တစ်ပုလင်း..."

ချန်ချင်းက ထပ်မံ၍ ကြားဖြတ်ပြောဆိုလိုက်၏။

"မင်း အဆင့်ချိုးဖျက်ဝင်ရောက်ခါနီးပြီ..."

"အင်း..."

...

ချန်ချင်းသည် ဇနီးသည်အား အလိုလိုက်ခြင်း ဆုလာဘ်များကို တစ်ခုပြီးတစ်ခု ဆက်လက်၍ ရရှိနေခဲ့သည်။

"ဇနီးသည်ကို အလိုလိုက်ခြင်း အောင်မြင်ပါသည်... အိမ်ရှင်က ကျပန်းဆုလာဘ်အဖြစ် ဉာဏ်အလင်းပွင့်ခြင်း ၁၀ကြိမ်ကို ရရှိသည့်အတွက် ဂုဏ်ယူပါသည်..."

"ဇနီးသည်ကို အလိုလိုက်ခြင်း အောင်မြင်ပါသည်... အိမ်ရှင်က ကျပန်းဆုလာဘ်အဖြစ် အထွတ်အထိပ် သူတော်စင်ရုပ်ခန္ဓာကိုယ်ဖြစ်သည့်အချိန်နှင့် ဟင်းလင်းပြင် သူတော်စင်ရုပ်ခန္ဓာကိုယ်ကို ရရှိသည့်အတွက် ဂုဏ်ယူပါသည်... ရုပ်ခန္ဓာကိုယ်အမျိုးအစား သုံးထောင် အဆင့် ...၆..."

'နောက်ထပ် သူတော်စင်ရုပ်ခန္ဓာကိုယ် တစ်ခု... ပြီးတော့ ထိပ်ဆုံးဆယ်ခုစာရင်းဝင် အထွတ်အထိပ် သူတော်စင်ရုပ်ခန္ဓာကိုယ်တစ်ခုလား...'

"အချိန်နှင့် ဟင်းလင်းပြင်" ဟူသော စကားလုံးများကို ကြည့်ရုံဖြင့် ထိုအရာ၏ စွမ်းအားနှင့် အံ့အားသင့်ဖွယ် အသုံးဝင်မှုများကို ချန်ချင်း အလွယ်တကူ တွေးတောကြည့်နိုင်သည်။

သို့သော် မကြာမီ သူ၏စိတ်အာရုံသည် ကျင့်ကြံခြင်းကို အာရုံစိုက်နေသော ရှားချင်းယွဲ့ထံသို့ ရောက်ရှိသွားခဲ့လေ၏။

သူမ၏ခန္ဓာကိုယ် နံဘေးပတ်လည်တွင် မည်သည့် သတိပေးချက်မျှမရှိဘဲ ပြင်းထန်သော မီးတောက်များ ရုတ်တရက် လောင်ကျွမ်းလာသည်ကို သူ မြင်လိုက်ရသည်။

Book 5 end.

All Chapters