← Chapters

အခန်း ၅၂

Vol. 6 Ch. 52

အခန်း ၅၂

Vol. 6 Ch. 52

အခန်း (၅၂) အင်အားကို အလွဲသုံးစားလုပ်၍ အနိုင်ကျင့်ခြင်း

"အချိန်မဆွဲသင့်တော့ဘူး ခင်ပွန်း... မြန်မြန် သွားကြစို့..."

ရှားချင်းယွဲ့၏ နှလုံးသားထဲတွင် ကြောက်ရွံ့မှုထက် မျှော်လင့်ချက်များက ပို၍ကြီးမားနေသည်။

သူမသည် တိုက်ပွဲကို ဆာလောင်နေသကဲ့သို့ ခံစားနေရ၏။

စာရေးခြင်း၊ စစ်တုရင်ကစားခြင်း၊ ပန်းချီဆွဲခြင်းနှင့် ပန်းထိုးခြင်းတို့ထက် ကျင့်ကြံခြင်းက အမှန်တကယ်ကို ပို၍စိတ်ဝင်စားစရာ ကောင်းလှသည်။

ချန်ချင်းသည် လက်ဆန့်တန်းကာ ရှားချင်းယွဲ့၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်သည်။

"ခင်ပွန်း..."

ရှားချင်းယွဲ့သည် ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး နားမလည်နိုင်သော အမူအရာဖြင့် ချန်ချင်းကို ကြည့်လိုက်၏။

ချန်ချင်းက စကားပြောရန် အလျင်မခဲ့ချေ။ သူသည် စနစ်သိုလှောင်ခန်းကို ဖွင့်ကာ 【အချိန်နှင့် ဟင်းလင်းပြင် သူတော်စင်ရုပ်ခန္ဓာကိုယ်】ကို ရွေးချယ်ပြီး ချိတ်ဆက်မှုကို အတည်ပြုလိုက်သည်။

【ချိတ်ဆက်နေပါသည်...】

【အချိန်နှင့် ဟင်းလင်းပြင် သူတော်စင်ရုပ်ခန္ဓာကိုယ် ချိတ်ဆက်ခြင်း အောင်မြင်ပါသည်...】

အချိန်နှင့် ဟင်းလင်းပြင် သူတော်စင်ရုပ်ခန္ဓာကိုယ်ကို အောင်မြင်စွာ ချိတ်ဆက်ပြီးကြောင်း အတည်ပြုပြီး သူ၏ ထိပ်တန်း နားလည်နိုင်စွမ်းအမှတ်မှတစ်ဆင့် ထိုအရာ၏ အသုံးပြုပုံကို ချက်ချင်းနားလည်သဘောပေါက်သွားသည်။

ထို့နောက် ချန်ချင်းက သူ၏လက်ကို မြှောက်ကာ ပြောလိုက်သည်။

"ငါ့မှာ ပိုမြန်တဲ့ နည်းလမ်းတစ်ခု ရှိတယ်..."

ချန်ချင်း ပြောသော ပိုမြန်သည့် နည်းလမ်းသည် မည်သည့်အရာနည်းဟု ရှားချင်းယွဲ့ မမေးနိုင်မီမှာပင် သူမတို့ရှေ့ရှိ ဟင်းလင်းပြင်သည် ချန်ချင်း၏ ဖြန့်ကားထားသော လက်ချောင်းများဖြင့် အတင်းအကြပ် ဆွဲဖြဲခံလိုက်ရပြီး ကူးပြောင်းရေးတံခါးတစ်ခုအဖြစ် ပြောင်းလဲသွားသည်ကို သူမ မြင်တွေ့လိုက်ရသည်။

'စိတ်ဝိညာဉ်ကျောက်တုံးတွေ ဝင်္ကပါတွေ ဘာမှမလိုဘဲ ဟင်းလင်းပြင်ကို ဆွဲဖြဲပြီး ကူးပြောင်းရေးတံခါးတစ်ခုကို စိတ်ကြိုက်ဖန်တီးနိုင်တာပဲ... ဒါက မဟာယာနနယ်ပယ် ကျင့်ကြံသူတစ်ယောက်ရဲ့ စွမ်းအားလား...'

ရှားချင်းယွဲ့သည် ချန်ချင်း၏ စွမ်းအားကို အလွန်အမင်း တောင့်တသွားပြီး သူ၏ ခြေလှမ်းများကိုမီအောင် လိုက်ချင်စိတ် ပို၍ပင် ပြင်းပြလာခဲ့သည်။

ချန်ချင်းကို ကျော်တက်ရန် မဟုတ်လျှင်ပင် အနည်းဆုံးအနေဖြင့် အရည်အချင်း မပြည့်မီသူ တစ်ယောက်ကဲ့သို့ မဖြစ်စေဘဲ သူ၏နံဘေးတွင် ယုံကြည်မှုရှိစွာ ရပ်တည်နိုင်ရန်ပင်။

"သွားကြစို့..."

အတွေးထဲတွင် နစ်မျောနေသော ရှားချင်းယွဲ့ကို ချန်ချင်းက တစ်ချက်ကြည့်ကာ ပြောလိုက်၏။

"ကောင်းပါပြီ..."

ရှားချင်းယွဲ့သည် သူမ၏ လွင့်မျောနေသော အတွေးများကို ရပ်တန့်လိုက်ပြီး ပြန်ဖြေကာ ချန်ချင်း၏ နောက်မှ ကူးပြောင်းရေးတံခါးထဲသို့ ဝင်ရောက်သွားခဲ့သည်။

တစ်ချိန်တည်းမှာပင် တခြားတစ်ဖက်တွင် ဝင်္ကပါကို ပူးပေါင်းဖျက်ဆီးရန် ပြင်ဆင်နေကြသော ကျင့်ကြံသူ ရာပေါင်းများစွာသည်လည်း မော့ကြည့်လိုက်ကြပြီး ဆုတ်ဖြဲခံထားရသော ဟင်းလင်းပြင် အက်ကွဲကြောင်းကို သတိပြုမိသွားကြသည်။

ထို့နောက် ချန်ချင်းနှင့် ရှားချင်းယွဲ့တို့ ထိုအထဲမှ ထွက်လာသည်ကို သူတို့ မြင်တွေ့လိုက်ရသည်။

"ဒီလို နည်းလမ်းမျိုးက အရမ်းထူးခြားလွန်းတယ်... အားလုံးပဲ သတိမလွတ်စေနဲ့..."

ဤမြင်ကွင်းကို မြင်သောအခါ အကြီးအကဲများသည် သူတို့၏ တပည့်များကို အလျင်အမြန် သတိပေးလိုက်ကြ၏။ ဤသည်က တခြားအကြောင်းပြချက် မရှိဘဲ သူတို့၏ လက်ရှိ ကျင့်ကြံခြင်း နယ်ပယ်ဖြင့်ပင် ထိုကဲ့သို့သော လုပ်ရပ်မျိုးကို မစွမ်းဆောင်နိုင်သောကြောင့်ပင်။

ဤစကားကို ကြားချိန်တွင် တပည့်များ၏ မျက်နှာအမူအရာများမှာ လေးနက်သွားပြီး သူတို့၏ ဓားရိုးများကို ကိုင်ဆောင်ထားမှုမှာ ပို၍တင်းကျပ်သွားကာ စွမ်းအားအနည်းငယ် ပိုထည့်လိုက်ကြသည်။

"ဇနီးလေး... ဒီလူတွေ အားလုံးက မင်းအတွက်ပဲ... တစ်ယောက်မှ လွတ်သွားမှာ မဟုတ်ဘူး..."

ချန်ချင်းက ရှားချင်းယွဲ့ကို အာမခံလိုက်သည်။

သူ၏ စကားများအရ သူတို့၏အသက်များကို စိတ်ကြိုက် ခြယ်လှယ်ပိုင်ခွင့်ရှိသည်ဟု ထင်ရသဖြင့် လူအုပ်ကြီးကို သဘာဝကျစွာပင် မကျေမနပ် ဖြစ်သွားစေခဲ့၏။

တစ်စုံတစ်ယောက်က ပြန်လည်ချေပရန် ဟန်ပြင်လိုက်ချိန်မှာပင်....

အရိပ်ရုပ်သေးရုပ်များ အမြောက်အများ ထွက်ပေါ်လာပြီး အလွှာသုံးထပ်ပါဝင်သော ဝိုင်းရံမှုကြီးတစ်ခုကို ဖန်တီးကာ ကျင့်ကြံသူရာပေါင်းများစွာကို တင်းကြပ်စွာ ဝန်းရံလိုက်ပြီး ဖောက်ထွက်၍မရသော နံရံကြီးတစ်ခုကို ဖန်တီးလိုက်သည်။

"ဒါ... ဒါက ဘယ်လို လူမျိုးတွေလဲ... သူတို့က ဘယ်ကနေ ရောက်လာတာလဲ..."

"သူတို့က လူတွေဆိုတာ သေချာလို့လား... သူတို့ဆီကနေ ဘယ်လို သက်ရှိစွမ်းအင်မျိုးကိုမှ ငါ မခံစားရဘူး..."

"အရမ်းကို ကြောက်စရာကောင်းတာပဲ..."

အရိပ်ရုပ်သေးရုပ်များသည် မည်ကဲ့သို့သော တည်ရှိမှုမျိုးဖြစ်ကြောင်း သူတို့ အဖြေမရှာနိုင်မီမှာပင် အရိပ်ရုပ်သေးရုပ် ထောင်ပေါင်းများစွာသည် သူတို့၏ ကျင့်ကြံဆင့်နယ်ပယ် ဖိအားများကို တက်တက်ကြွကြွ ထုတ်လွှတ်လိုက်ကြသည်။

'စိတ်ဝိညာဉ်ပိုင်းခြားခြင်းနယ်ပယ် အထွတ်အထိပ်အဆင့်....'

ဤစကားလုံးများသည် လူတိုင်း၏ စိတ်ထဲတွင် ချက်ချင်းထွက်ပေါ်လာသည်။

သူတို့၏ မျက်နှာအမူအရာများသည် ချွင်းချက်မရှိ ထိတ်လန့်သွားကြ၏။

"လူသားမဆန်တဲ့ ဒီတစ္ဆေလိုလို မိစ္ဆာတွေက စိတ်ဝိညာဉ်ပိုင်းခြားခြင်းနယ်ပယ် အထွတ်အထိပ် ကျင့်ကြံခြင်းတွေ တကယ်ကြီး ပိုင်ဆိုင်ထားတာပဲ..."

"ဆိုလိုတာက... စိတ်ဝိညာဉ်ပိုင်းခြားခြင်းနယ်ပယ် အထွတ်အထိပ် ကျင့်ကြံသူ တစ်ထောင်လောက် ရှိတယ်ပေါ့..."

တစ်စုံတစ်ယောက်က မယုံနိုင်သော အမူအရာ မယုံကြည်နိုင်သော လေသံဖြင့် ပြောလိုက်သည်။

"ပြီးပြီ... ငါတို့တော့ အဆုံးသတ်သွားပြီ... သူတို့ဘက်မှာ စိတ်ဝိညာဉ်ပိုင်းခြားခြင်းနယ်ပယ် ကျွမ်းကျင်သူတွေ ဒီလောက်ထိ အများကြီး ရှိတယ်ဆိုတာ မလာခင်က ဘယ်သူမှ ငါ့ကို မပြောခဲ့ပါလား... ငါ... ငါက အခြေခံတည်ဆောက်ခြင်းနယ်ပယ်ပဲ ရှိသေးတာ..."

ချန်ချင်း၏ အင်အားပြသမှုက ဤလူများကို မတိုက်ခိုက်ရသေးမီမှာပင် ရှုံးနိမ့်သွားစေခဲ့သည်။

သူတို့ထဲတွင် အမြင့်ဆုံး ကျင့်ကြံခြင်းမှာ စိတ်ဝိညာဉ်ခွဲထွက်ခြင်းနယ်ပယ် ဒုတိယအဆင့်မျှသာ ရှိလေ၏။

အကယ်၍ အရိပ်ရုပ်သေးရုပ် တစ်ကောင်၊ နှစ်ကောင်သာ ရှိပါက သူတို့၏ အရေအတွက် အားသာချက်ကို အားကိုးပြီး ယှဉ်ပြိုင်ရန် ယုံကြည်မှု ရှိကောင်းရှိနိုင်သည်။

သို့သော် ယခုအချိန်၌ သူတို့သည် စိတ်ဝိညာဉ်ပိုင်းခြားခြင်းနယ်ပယ် အထွတ်အထိပ် ကျင့်ကြံခြင်းရှိသော အရိပ်ရုပ်သေးရုပ် တစ်ထောင်ကို ရင်ဆိုင်နေရပေသည်။ ထိုကြောင့် သူတို့ထံတွင် ယုံကြည်မှုများ ရှိနိုင်တော့မည် မဟုတ်ပေ။

လူအမြောက်အများ၏ခြေထောက်များ ပျော့ခွေသွားပြီး မြေကြီးပေါ်သို့ လဲကျသွားကြ၏။

အသက်ချမ်းသာပေးရန် တောင်းပန်နေသော အသံများ ဆူညံစွာ ထွက်ပေါ်လာသည်။

ချန်ချင်းက သူတို့အားလုံးကို လျစ်လျူရှုထားလိုက်သည်။

သူသည် အတွေးတစ်ချက်ဖြင့် အမိန့်တစ်ခု ပေးလိုက်သည်။ ဤသည်မှာ သူတို့ ဝင်ရောက်တိုက်ခိုက်ရန် မလိုအပ်သော်လည်း အကယ်၍ တစ်စုံတစ်ယောက်က ရှားချင်းယွဲ့ကို သူမ၏ဆံချည်တစ်မျှင်မျှပင် ထိခိုက်အောင် လုပ်ရဲပါက ချက်ချင်းကွပ်မျက်ရမည် ဟူ၍ပင်။

ဇနီးသည်အား အလိုလိုက်ခြင်းက တစ်ပိုင်းဖြစ်သော်လည်း အခြားတစ်ဖက်တွင် ချန်ချင်းသည် သူ၏ ကိုယ်ပိုင်ဇနီးကို ထိခိုက်အောင် မလုပ်ရက်ဘဲ တခြားသူများကိုလည်း လုပ်ခွင့်ပြုမည် မဟုတ်ချေ။

"ဇနီးလေး... လှုပ်ရှားလိုက်တော့..."

ချန်ချင်း၏ စကားတစ်ခွန်းက ရှားချင်းယွဲ့ကို ဆုံးဖြတ်ချက်ချရန် ကူညီပေးလိုက်သည်။

အနည်းငယ် စဉ်းစားပြီးနောက် ရှားချင်းယွဲ့သည် ခေါင်းညိတ်ကာ ရှေ့သို့ လှမ်းလာပြီး သူမ၏ လက်ဝါးထဲတွင် ရေခဲကြာပန်းတစ်ပွင့်ကို ဖန်တီးလိုက်၏။

"ငါတို့ ဘာလုပ်သင့်လဲ..."

"ကြည့်ရတာ သူက ငါတို့ကို အသက်ချမ်းသာပေးမယ့် ရည်ရွယ်ချက် မရှိဘူး... ငါတို့... ငါတို့ တိုက်ခိုက်ရုံပဲ ရှိတော့တယ်..."

"တိုက်ခိုက်မယ်... ဘယ်သူ့ကို တိုက်မှာလဲ... စိတ်ဝိညာဉ်ပိုင်းခြားခြင်းနယ်ပယ် ကျင့်ကြံသူတွေ ထောင်သောင်းချီပြီး ရှိနေတာကို တိုက်ခိုက်မှာလား..."

ထိုအကြောင်းကို တွေးရုံဖြင့်ပင် သူတို့ကို စွမ်းဆောင်ရည်မဲ့သွားသကဲ့သို့ ခံစားရစေသည်။

ဤသည်မှာ လူအုပ်ကြီးထဲမှ စူးရှသော အော်ဟစ်သံတစ်သံ ထွက်ပေါ်လာချိန်အထိပင်။

လူတိုင်း အသံလာရာသို့ ကြည့်လိုက်ကြရာ ထိုလူ၏ ခြေလက်များသည် လိမ်ကောက်နေပြီး သူ၏ မျက်နှာတွင် ထိတ်လန့်မှုများ ပြည့်နှက်နေကာ လှုပ်ရှား၍မရဘဲ နေရာတွင်ပင် လုံးလုံးလျားလျား အေးခဲတောင့်တင်းသွားသည်ကို မြင်တွေ့လိုက်ရသည်။

ထို့နောက် သူ၏ခန္ဓာကိုယ်အတွင်းပိုင်းနှင့် ဒွာရခုနစ်ပေါက်လုံးမှ ရေခဲဆူးများ အဆက်မပြတ် ထိုးထွက်လာပြီး သွေးစွန်းနေသော ရေခဲကြာပန်းများ ဖြစ်ပေါ်လာခဲ့လေ၏။

မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုလူ၏တစ်ကိုယ်လုံးသည် ရေခဲကြာပန်းများဖြင့် လုံးဝ ဖုံးလွှမ်းခံရပြီး အသက်စွမ်းအင် လုံးဝဆုံးရှုံးသွားခဲ့သည်။

ထိုမြင်ကွင်းမှာ အလွန်ကြောက်မက်ဖွယ်ကောင်းပြီး ကျောချမ်းစရာ ကောင်းလှသည်။

ရှားချင်းယွဲ့၏ လက်ချက်ဖြင့် တစ်စုံတစ်ယောက် အသေဆိုးဖြင့် သေဆုံးသွားသည်ကို မြင်သောအခါ ဤှသည်က သေချာပေါက် သေလမ်းမှန်း သိနေသည့်တိုင် သူတို့၏ ဓားများကို ဆွဲထုတ်ကာ ခုခံရုံမှလွဲ၍ တခြားရွေးချယ်စရာ မရှိတော့ချေ။

သေမင်းကို တည်ငြိမ်စွာ ရင်ဆိုင်ရမည်လား...

သူတို့ ထိုသို့ မလုပ်နိုင်ချေ။

ပြန်လည်တိုက်ခိုက်ခြင်းက အနည်းဆုံးအနေဖြင့် သူတို့ အသက်ရှင်သန်ရန် မျှော်လင့်ချက် ရောင်ခြည်လေး တစ်ခုကို ပေးစွမ်းနိုင်သည်။

"ငါ... မင်းတို့ အားလုံးကို တိုက်ခိုက်မယ်..."

"မင်းတို့က လူမဆန်ဘူးဆိုတော့... ငါ့ကို တရားမျှတမှု မရှိဘူးလို့ အပြစ်မတင်နဲ့..."

"မိန်းမယုတ်... ဒီဓားကို ခံယူစမ်း..."

သူတို့၏ အမူအရာများကို ကြည့်ပြီး သူတို့၏ ပါးစပ်မှ ထွက်လာသော စကားများကို နားထောင်ရင်း ချန်ချင်းသည် စကားမပြောနိုင်အောင် ဖြစ်သွားခဲ့လေ၏။ မသိသောသူတစ်ယောက်ဆိုလျှင် သူတို့နှစ်ယောက်က သားကောင်များဟုပင် ထင်မှတ်သွားနိုင်သည်။

ဤသည်မှာ အမှန်တကယ်ကို ဒေါသထွက်စရာပင်။

ချန်ချင်းနှင့်အတူ ဖြတ်သန်းခဲ့ရသော ဤရက်အနည်းငယ်အတွင်း ရှားချင်းယွဲ့သည် သူ၏ သွန်သင်ချက်များကို အမြဲတစေ မှတ်သားထားခဲ့သည်။ ရန်သူများအပေါ် သနားညှာတာခြင်းသည် ကိုယ့်ကိုယ်ကိုယ် ရက်စက်ခြင်းပင်။

ထို့ကြောင့် သူမ လှုပ်ရှားသောအခါ အနည်းငယ်မျှပင် တုံ့ဆိုင်းခြင်းမရှိဘဲ အလွန်ပြတ်သားကာ လျင်မြန်ပြီး အားကောင်းသော နည်းလမ်းများဖြင့် လုပ်ဆောင်ခဲ့သည်။

အကယ်၍ သူမသာ ပို၍အားမကောင်းခဲ့ပါက ဤလူများသည် သေချာပေါက် သနားညှာတာကြမည် မဟုတ်ကြောင်းကို ရှားချင်းယွဲ့ အလွန်ရှင်းလင်းစွာ သိရှိထားသည်။

ရေခဲကြာပန်းများသည် ရှားချင်းယွဲ့၏လက်ထဲ၌ အဆက်မပြတ် ဖြစ်ပေါ်လာပြီး ပျံ့လွင့်သွားခဲ့လေ၏။

ထိုအရာ ထိမှန်ခံရသူများသည် သူတို့၏ သွေးကြောများ ချက်ချင်းအေးခဲသွားပြီး အေးစက်သော အဆိပ်သည် သူတို့၏အတွင်းကလီစာများသို့ ချက်ချင်းဝင်ရောက်သွားကာ ကြီးထွားပွင့်လန်းလာမည့် မျိုးစေ့များအဖြစ်သို့ ပြောင်းလဲသွားကြသည်။

ဤအချိန်အတွင်း ချန်ချင်းသည် တိတ်ဆိတ်နေပြီး သူ၏ ခုနစ်စင်ကြယ်ဓားမြှောင်ပျံကို တိတ်တဆိတ် ထုတ်ယူကာ ဓားကြယ်ပွင့်များကို လင်းစေရန် ထိုလူများထံမှ သွေးချီများကို စုပ်ယူနေခဲ့သည်။

ရှားချင်းယွဲ့၏ သတ်ဖြတ်မှုအမြန်နှုန်းမှာ အလွန် လျှင်မြန်လှသည်။ မကြာမီ မူလက လူရာပေါင်းများစွာ ရှိရာမှ ယခုအချိန်၌ ဆယ်ဂဏန်းခန့်သာ ကျန်ရစ်တော့၏။

သူတို့အနက် အများစုမှာ ဂိုဏ်းမှ အကြီးအကဲများ ဖြစ်ကြပြီး တပည့်များကို လူသားဒိုင်းများအဖြစ် အသုံးပြုကာ ပွတ်ကာသီကာ အသက်ရှင်နေကြခြင်းဖြစ်သည်။

တပည့်များစွာ၏ အသက်များသည် သူတို့၏ စတေးခံရပြီး ဒိုင်းများအဖြစ် အသုံးပြုကာ သေတွင်းသို့ ပို့လွှတ်ခံခဲ့ရလေ၏။

အကြီးအကဲ တစ်ဦးသည် ရေခဲများဖြင့် ပိတ်လှောင်ခံထားရသော အဆုံးမရှိသည့် အလောင်းများကို ကြည့်ကာ မျက်နှာပေါ်တွင် ချွေးစေးများ စီးကျလာခဲ့သည်။ သူတို့သည် တားဆီးရန်အတွက် လက်ကို မြှောက်ကာ ပြောလိုက်သည်။

"နေ... နေပါအုံး... မင်းတို့က လူတွေ အများကြီး သတ်ပြီးသွားပြီပဲ... မင်းတို့ရဲ့ ကြီးမားတဲ့ ဒေါသတွေ ပြေလျော့သင့်ပြီ... ငါတို့ ထိုင်ပြီး သေချာဆွေးနွေးကြတာပေါ့... ဆွေးနွေးလို့မရတဲ့ အရာဆိုတာ မရှိပါဘူး... သေရေးရှင်ရေးတိုက်ပွဲအထိ ဖြစ်ဖို့ မလိုပါဘူး..."

ချန်ချင်းသည် ဤစကားကို လှောင်ပြောင်လိုက်ပြီး သူတို့နှင့် စကားပြောရန်အတွက် အချိန်ဖြုန်းနေရန်ပင် ပျင်းရိနေခဲ့သည်။

ဤအဘိုးကြီးက သူ့ကို ရတနာများဖြင့် လျော်ကြေးပေးချင်နေမည်မှာ သေချာကြောင်း သူ သိထားသည်။

သို့သော် ချန်ချင်းက သူ၏ ရပ်တည်ချက်ကို ထိန်းသိမ်းထားခဲ့၏။ အကယ်၍ သူတို့တွင် ရတနာများ ရှိနေလျှင်ပင် သူတို့ သေသွားသောအခါ ယူသွား၍ မရနိုင်သဖြင့် မည်သို့ပင်ဖြစ်စေကာမူ ထိုအရာအားလုံးသည် သူ၏ပိုင်ဆိုင်မှုများသာ ဖြစ်လာပေမည်။

ဆွေးနွေးမယ်... ဘာ အဓိပ္ပာယ်မရှိတာတွေကို ဆွေးနွေးရမှာလဲ...

ချန်ချင်း တိတ်ဆိတ်နေသည်ကို မြင်သောအခါ ရှားချင်းယွဲ့က နားလည်သွားပြီး သူမ၏ ရေခဲကြာပန်းများဖြင့် နောက်ထပ် အသက်နှစ်ချောင်းကို ထပ်မံ၍ နှုတ်ယူလိုက်သည်။

"မင်း... မင်း အရမ်း လွန်လွန်းနေပြီ... ဒီနေ့ ဒီအဘိုးကြီးက သေရမယ်ဆိုရင်တောင် မင်းကိုပါ ဆွဲခေါ်သွားမယ်..."

All Chapters