← Chapters

အခန်း ၅၆

Vol. 6 Ch. 56

အခန်း ၅၆

Vol. 6 Ch. 56

အခန်း (၅၆) ဧကရာဇ်၏ အမွေအနှစ်

မူလက သူ၏ကျင့်ကြံဆင့်နယ်ပယ် အားသာချက်ကြောင့် အတွေးတစ်ချက်တည်းဖြင့် ချန်ချင်းနှင့် ရှားချင်းယွဲ့တို့၏ အသွေးအသားခန္ဓာကိုယ်များကို ဆုတ်ဖြဲပြီး အစိတ်စိတ်အမွှာမွှာ ဖြစ်သွားစေနိုင်မည်ဟု သူ ထင်မှတ်ထားသည်။

မထင်မှတ်ဘဲ ချန်ချင်းကို လွှမ်းခြုံတော့မည့် ဖိအားသည် သူ၏ဆုတ်ဖြဲခြင်းကို ခံရပြီး ဆုတ်ခွာသွားသည်။

အစမှအဆုံးထိ ဘိုးဘေးထျန်းယန်၏ မျက်လုံးများသည် ချန်ချင်းထံမှ မခွာခဲ့သော်လည်း သူ လက်ချောင်းတစ်ချောင်း လှုပ်ရှားသည်ကိုပင် မမြင်တွေ့ခဲ့ရချေ။

'ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ...'

ဘိုးဘေး ထျန်းယန် နားမလည်နိုင်ခဲ့ချေ။ ချန်ချင်းသည် မဟာယာနနယ်ပယ် အစောပိုင်းအဆင့် ကျင့်ကြံသူတစ်ဦးသာ ဖြစ်ပြီး သူသည် မဟာယာနနယ်ပယ်၏ အထွတ်အထိပ်တွင် ရှိနေသည်။ ချန်ချင်းသည် သူ့ကို မြင်သောအခါ ကျယ်ပြန့်သော ကောင်းကင်ကြီးကို မြင်ရသည့် ခြင်ကောင်လေးတစ်ကောင်ကဲ့သို့ ဖြစ်နေသင့်သည်။

သို့သော် သူ၏စွမ်းအားသည် တစ်ဖက်လူကို မထိခိုက်နိုင်ရုံသာမက ကျိုးပျက်သွားရခြင်းမှာ မည်သည်ကြောင့်နည်း...

'ဒီကောင်လေးက သူ့ရဲ့ ကျင့်ကြံခြင်းကို ဖုံးကွယ်ထားတာများလား...'

ထိုကဲ့သို့အတွေးတစ်ခုက ဘိုးဘေး ထျန်းယန်၏ စိတ်ထဲတွင် ထွက်ပေါ်လာခဲ့သည်။

သူ၏မျက်လုံးသူငယ်အိမ်များ အနည်းငယ် ကျဥ်းမြောင်းသွားပြီး ချန်ချင်း၏ကျင့်ကြံခြင်းကို နောက်တစ်ကြိမ် ထိုးထွင်းသိမြင်ရန် စစ်ဆေးကြည့်ရှုလိုက်သည်။

သူ မကြည့်ခဲ့လျှင် ပိုကောင်းပေမည်။ သူ ကြည့်လိုက်သည်နှင့် တပြိုင်နက် သူ၏မျက်လုံးများ ချက်ချင်း ကျဥ်းမြောင်းသွားပြီး မူလက ဖြူနေသော သူ၏မျက်လုံး အစိတ်အပိုင်းများသည် နီမြန်း​သည့်သွေးရောင်များဖြင့် လျှင်မြန်စွာ ပြည့်နှက်သွားသည်။

ထို့နောက် သူ၏မျက်လုံးထဲမှ သွေးမျက်ရည်နှစ်ကြောင်း စီးကျလာသည်။

"အား... ငါ့မျက်လုံးတွေ... ငါ့ရဲ့မျက်လုံးတွေ..."

ဘိုးဘေးထျန်းယန်သည် သူ၏လက်များကို မြှောက်ကာ မျက်လုံးများကို ဖုံးအုပ်ထားပြီး စူးရှစွာ အော်ဟစ်လိုက်၏။

သူ၏ လက်ချောင်းများကြားမှ သွေးရောင်များ စိမ့်ထွက်လာခဲ့ပေ၏။

ဤမြင်ကွင်းကို မြင်သောအခါ ရှားချင်းယွဲ့၏ နှလုံးသား ကဆုန်စိုင်းခုန်သွားခဲ့သည်။ ဘိုးဘေးထျန်းယန်သည် မည်သည်ကြောင့် ရုတ်တရက် ဤကဲ့သို့ ဖြစ်သွားပြီး သွေးမျက်ရည်များ ကျလာရသနည်း ဆိုသည်ကို သူမ နားမလည်နိုင်ခဲ့ချေ။

သိပ်မကြာမီ ဘိုးဘေးထျန်းယန်ကိုယ်တိုင်ထံမှတဆင့် အဖြေမှန်ကို သူမ သိရှိလိုက်ရသည်။

"မင်း... မင်းက မဟာယာနနယ်ပယ် အစောပိုင်းအဆင့် ကျင့်ကြံသူ မဟုတ်ဘူး... မင်း... မင်းက ခြေလှမ်းတစ်ဝက် ဧကရာဇ်နယ်ပယ်မှာ ရှိနေတာပဲ..."

ဘိုးဘေးထျန်းယန်သည် မှားယွင်းသော လမ်းကြောင်းသို့ မျက်နှာမူကာ လက်ညှိုးထိုးရင်း ပြောလိုက်သည်။

"မဖြစ်နိုင်ဘူး... မင်းရဲ့ အရိုး သက်တမ်းက ဒီလောက်ထိ ငယ်တာကို မင်းက ဘယ်လိုလုပ် ခြေလှမ်းတစ်ဝက် ဧကရာဇ်နယ်ပယ် ကျင့်ကြံခြင်း ရှိနိုင်မှာလဲ... မင်း..."

ချန်ချင်းသည် ဘိုးဘေး ထျန်းယန်၏ အဓိပ္ပာယ်မရှိသော စကားများကို နားထောင်ရန် စိတ်မဝင်စားပေ။ သူသည် သူ၏လက်ကို အနည်းငယ်မြှောက်ပြီး ပြန်ချလိုက်၏။

ဘိုးဘေး ထျန်းယန် ၏ ခေါင်းပေါ်ရှိ ဟင်းလင်းပြင်သည် မမြင်ရသော စွမ်းအားတစ်ခုကြောင့် တွန့်လိမ်သွားသည်ကို ရှားချင်းယွဲ့ ရှင်းလင်းစွာ မြင်တွေ့လိုက်ရသည်။

နောက်တခဏတွင် ဘိုးဘေး ထျန်းယန်သည် ခေါင်းမှ ခြေဖျားအထိ ပြားချပ်သွားခဲ့လေ၏။ သွေးများလွင့်စင်သွားပြီး ကျောက်စင်မြင့်တစ်ခုလုံးကို ဖုံးလွှမ်းသွားကာ ပါးလွှာပြီး စုတ်ပြဲနေသော လူ့အရေခွံတစ်ခုသာ ကျန်ရစ်တော့သ​ည်။

'မဟာယာနနယ်ပယ် အထွတ်အထိပ် ဘိုးဘေး တစ်ယောက်က ခင်ပွန်းရဲ့ လက်ဝါးတစ်ချက်တည်းနဲ့ တကယ်ကြီး သုတ်သင်ခံလိုက်ရတာပဲ...'

ဤမြင်ကွင်းက ရှားချင်းယွဲ့ကို ဖြစ်ပေါ်စေသော တုန်လှုပ်မှုမှာ ဖော်ပြ၍မရနိုင်အောင်ပင်။

ရုတ်ချည်းဆိုသလိုပင် သူမသည် ပို၍ ကြောက်မက်ဖွယ်ကောင်းသော အရာတစ်ခုကို သဘောပေါက်သွားခဲ့သည်။ သူမသည် ချန်ချင်းကို ကြည့်ကာ မျက်ခုံးများ အနည်းငယ် တွန့်ကွေးသွားပြီး တွေးတောလိုက်၏။

'ခင်ပွန်းက မဟာယာနနယ်ပယ် ကျင့်ကြံသူ မဟုတ်ဘူးလား... သူက ဘယ်လိုလုပ် ခြေလှမ်းတစ်ဝက် ဧကရာဇ် ဖြစ်သွားရတာလဲ...'

အသက်ဆယ့်ရှစ်နှစ်အရွယ် ခြေလှမ်းတစ်ဝက် ဧကရာဇ် ကျွမ်းကျင်သူဆိုသည်မှာ သတင်းပျံ့နှံ့သွားပါက မည်သူမျှ ယုံကြည်မည်မဟုတ်သည်ကို မဆိုထားနှင့် ဤအရာအားလုံးကို မျက်မြင်တွေ့ရှိခဲ့သော ရှားချင်းယွဲ့ပင်လျှင် သူမ ထင်ယောင်ထင်မှား ဖြစ်နေသလားဟု မတွေးဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့သည်။

သူမ ဆက်လက်၍ မစဉ်းစားနိုင်မီမှာပင် …

ချန်ချင်းသည် ကျောက်စင်မြင့်ပေါ်ရှိ ဝင်္ကပါကို အသက်သွင်းလိုက်ပြီး ကူးပြောင်းရေးတံခါးကို ဖွင့်ကာ ရှားချင်းယွဲ့အား ပြောလိုက်သည်။

"ဇနီးလေး... အဲဒီနေရာမှာ ရပ်မနေနဲ့... မြန်မြန်ဝင်သွားကြရအောင်..."

ရှားချင်းယွဲ့က သဘောတူသည့်အနေဖြင့် ခေါင်းညိတ်လိုက်သည်။ ချန်ချင်းနှင့် ပတ်သက်၍ မယုံနိုင်စရာ အရာများ အလွန်များပြားလွန်းသဖြင့် သူမသည် ထိုအရာများအပေါ် အာရုံစိုက်၍ အချိန်ဖြုန်းတီးရန် ပျင်းရိနေလေပြီ။

ဂိုဏ်းတစ်ခု၏ ဘိုးဘေးအဆင့် ကျွမ်းကျင်သူတစ်ဦးက အသက်စွန့်၍ ကာကွယ်ရလောက်အောင် ထျန်းယွမ် လျှို့ဝှက်နယ်မြေဟုခေါ်သော နေရာတွင် မည်သို့သော အခွင့်အရေးမျိုး ပုန်းကွယ်နေသနည်း ဆိုသည်ကို သူမ ပို၍သိချင်နေခဲ့သည်။

ဘိုးဘေး ထျန်းယန်သည် ခြေလှမ်းတစ်ဝက် ဧကရာဇ် ဖြစ်ရန် ခြေတစ်လှမ်းသာ လိုတော့သော်လည်း ဤခြေတစ်လှမ်းသည် မရေမတွက်နိုင်သော ကျင့်ကြံသူများ တစ်သက်လုံး ကြိုးစားလျှင်တောင် မဖြတ်ကျော်နိုင်သော ကျော်ဖြတ်၍မရသည့် ချောက်ကမ်းပါးကြီး တစ်ခုပင်။

ခြေလှမ်းတစ်ဝက် ဧကရာဇ်၏ အောက်တွင် လူအားလုံးသည် သာမန် ကျင့်ကြံသူများသာ ဖြစ်သည် ဟူသော စကားမှာ အချည်းနှီး ပြောဆိုခြင်း မဟုတ်ချေ။

ချန်ချင်း လှုပ်ရှားရန် ဆုံးဖြတ်လိုက်သည့် အခိုက်အတန့်တွင် ဘိုးဘေး ထျန်းယန်သည် သေလူ တစ်ယောက် ဖြစ်ရန် သတ်မှတ်ခံလိုက်ရလေပြီ။

ကူးပြောင်းရေး တံခါးမှ ထွက်လာချိန်၌....

သူတို့နှစ်ဦးသည် ထျန်းယွမ် လျှို့ဝှက်နယ်မြေ၏ တည်နေရာသို့ ရောက်ရှိသွားကြသည်။

ကြီးမားသော ကျောက်ခန်းမကြီးသည် အနည်းငယ် ကျယ်ဝန်းပြီး လူသောင်းနှင့်ချီ၍ အလွယ်တကူ ဝင်ဆံ့နိုင်လေ၏။

ကျောက်ခန်းမ၏ အလယ်ဗဟိုတွင် မြင့်မားသော ကျောက်ရုပ်ထုတစ်ခု မတ်မတ်ရပ်တည်နေသည်။ ထိုရုပ်ထုကို ထွင်းထုထားသည်မှာ အသက်ဝင်နေပြီး တာအိုစည်းချက်များဖြင့် ပြည့်နှက်နေသည်။

"ဒါက ထျန်းယွမ် လျှို့ဝှက်နယ်မြေရဲ့ ဖန်တီးရှင် ဖြစ်ရမယ်..."

ချန်ချင်းက သူ၏ကောက်ချက်ကို ထုတ်ဖော်ပြောဆိုလိုက်သည်။

ရှားချင်းယွဲ့သည် ချန်ချင်း၏ စကားကို မငြင်းဆိုခဲ့ချေ။ လျှို့ဝှက်နယ်မြေများကို အမျိုးအစား နှစ်မျိုး ခွဲခြားထားကြောင်း သူမ စာအုပ်များတွင် ဖတ်ဖူးခဲ့သည်။ တစ်မျိုးမှာ ကောင်းကင်နှင့်မြေကြီးမှ သဘာဝအတိုင်း ဖြစ်ပေါ်လာခြင်းဖြစ်ပြီး တခြားတစ်မျိုးမှာ အစွမ်းထပ်သော ကျင့်ကြံသူတစ်ဦး သေဆုံးပြီးနောက် ဖြစ်ပေါ်လာခြင်းပင်။

" မင်း ပြောတာ မှန်တယ်... ဒီဧကရာဇ်က ထျန်းယွမ် လျှို့ဝှက်နယ်မြေရဲ့ ဖန်တီးရှင် အစစ်ပဲ..."

ထူးဆန်းသော အသံတစ်သံက ကျောက်ရုပ်ထုထံမှ ထွက်ပေါ်လာပြီး ရုပ်ထု၏နံဘေးပတ်လည်ရှိ အလင်းရောင်များ ပို၍တောက်ပလာပေ၏။

ရုတ်တရက် ထွက်ပေါ်လာသော အသံကြောင့် ရှားချင်းယွဲ့ လန့်ဖျပ်သွားပြီး မသိစိတ်မှနေ၍ ချန်ချင်း၏ အနောက်သို့ ဝင်ပုန်းလိုက်သည်။

ချန်ချင်းသည် သူ့ကို ဆုပ်ကိုင်ထားသော သူမ၏ လက်ကို ညင်သာစွာပုတ်ပေးပြီး တိုးညှင်းစွာ နှစ်သိမ့်ပေးလေသည်။

"ဘာမှမဖြစ်ပါဘူး... ငါ ရှိတယ်..."

"မင်းတို့ နှစ်ယောက် ထိတ်လန့်နေစရာ မလိုပါဘူး... ဒီဧကရာဇ်က သင့်တော်တဲ့ အမွေဆက်ခံသူ တစ်ယောက် ရှာဖို့အတွက် နတ်ဘုရားစိတ်ဝိညာဉ်တစ်မျှင်ကို ချန်ထားခဲ့တာပါ..."

"တကယ်လို့ မင်းတို့ နှစ်ယောက်က ဒီဧကရာဇ်ရဲ့ စမ်းသပ်မှုကို အောင်မြင်နိုင်ရင်... အမွေအနှစ် ကို ရနိုင်တယ်..."

ကျောက်ရုပ်ထုက ထပ်မံ​၍ ပြောဆိုသည်။

"စမ်းသပ်မှု... တိုက်ရိုက်ပေးလို့ မရဘူးလား..."

ချန်ချင်းသည် အမွေအနှစ်ကို စိတ်ဝင်စားသော်လည်း စမ်းသပ်မှုကို စိတ်မဝင်စားချေ။

ဘိုးဘေး ထျန်းယန်သည် ဍနေရာတွင် အချိန်အတော်ကြာ ရှိနေခဲ့ပြီး သူ၏ရည်ရွယ်ချက်မှာ စမ်းသပ်မှုကို အောင်မြင်ရန်၊ ဧကရာဇ်၏အမွေအနှစ်ကို ရယူရန်နှင့် ခြေလှမ်းတစ်ဝက် ဧကရာဇ်နယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်ရန်ဖြစ်ကြောင်း သူ တွေးမိလေ၏။

ဤကျောက်ရုပ်ထုတွင် အကြွင်းအကျန် စိတ်ဝိညာဉ်တစ်မျှင်သာ ရှိသော်လည်း ထိုအရာအတွင်း၌ ပါဝင်သော ဧကရာဇ်၏စွမ်းအားမှာ ငြင်းဆန်၍ မရနိုင်ချေ။

"ဒါက စည်းမျဉ်းတွေနဲ့ မကိုက်ညီဘူး..."

ကျောက်ရုပ်ထုက တုံ့ပြန်အဖြေပေးသည်။

"စည်းမျဉ်းတွေက ပြောင်းလဲဖို့အတွက် ရှိနေတာပဲ..."

ချန်ချင်းက ပြန်လည်ချေပလိုက်သည်။

"ဒါက..."

ကျောက်ရုပ်ထုသည် တုံ့ဆိုင်းသွားပြီး နောက်ဆုံးတွင် သက်ပြင်းချကာ ဆက်ပြောလိုက်၏။

"ကောင်းပြီလေ... ပြိုင်ဘက်ကင်း ပါရမီရှိတဲ့ အသက်ဆယ့်ရှစ်နှစ်အရွယ် ခြေလှမ်းတစ်ဝက် ဧကရာဇ်တစ်ယောက် ဆိုတော့... ဒီစမ်းသပ်မှု အကြောင်းအရာတွေက မင်းအတွက်လည်း ခက်ခဲမှာ မဟုတ်ဘူးလို့ ငါ ထင်တယ်..."

"ရှေ့ကို တိုးလာခဲ့... ဒီဧကရာဇ်က မင်းကို အမွေအနှစ် ပေးသနားမယ်..."

ကျောက်ရုပ်ထုသည် အမှန်တကယ်ကို အလျှော့ပေးလိုက်ပြီး ဧကရာဇ်အမွေအနှစ်ကို ချန်ချင်းအား တိုက်ရိုက်ပေးသနားရန် ဆန္ဒရှိနေသည်ကို မြင်သောအခါ ရှားချင်းယွဲ့သည် သူ့အတွက် ဝမ်းသာသွားခဲ့လေ၏။

သူမ သက်ပြင်းချလိုက်သည်။

'ဒါက တကယ်ကို အင်အားကြီးသူကို လေးစားတဲ့ ခေတ်ပဲ...လူတစ်ယောက်ရဲ့ လက်သီးက လုံလောက်အောင် မာကျောနေသရွေ့... သူက စည်းမျဉ်းတွေကို ဖျက်ဆီးပြီး ကိုယ်ပိုင်စည်းမျဉ်းတွေကို တည်ဆောက်နိုင်တယ်...'

"ဇနီးလေး... ငါ့ကို ဒီနေရာမှာ ခဏ စောင့်နေနော်..."

"ကောင်းပါပြီ..."

ရှားချင်းယွဲ့၏ အဖြေကို ရရှိပြီးနောက် ချန်ချင်းသည် ရှေ့သို့ ခြေလှမ်းအနည်းငယ်လှမ်းကာ ကျောက်ရုပ်ထု၏ရှေ့သို့ ရောက်ရှိသွားခဲ့လေ၏။

"လာပါ... မင်းရဲ့ အသိစိတ်ပင်လယ်ကို ဖွင့်လိုက်... ဒီဧကရာဇ်က အခု မင်းကို အမွေအနှစ်ပေးမယ်..."

ကျောက်ရုပ်ထု၏ စကားများတွင် အလျင်စလိုဖြစ်မှုနှင့် မျှော်လင့်ချက် အရိပ်အယောင် အနည်းငယ် ပါဝင်နေသည်။

သို့သော် အချိန်များ တဖြည်းဖြည်း ကုန်ဆုံးသွားသော်လည်း ချန်ချင်းသည် သူ ပြောသည့်အတိုင်း မလုပ်ဆောင်ခဲ့ချေ။

"မင်းရဲ့ အသိစိတ်ပင်လယ်ကို မြန်မြန် ဖွင့်လိုက်လေ... ဒီဧကရာဇ်ရဲ့ အမွေအနှစ်ကို မလိုချင်ဘူးလား..."

ကျောက်ရုပ်ထုက နားမလည်နိုင်စွာဖြင့် မေးလိုက်သည်။

"အမွေအနှစ်က အမွေအနှစ် ပဲလေ... ငါ့ရဲ့ အသိစိတ်ပင်လယ်ကို ဘာလို့ ဖွင့်ဖို့ လိုတာလဲ... မင်းက ငါ့ရဲ့ခန္ဓာကိုယ်ကို လုယူချင်နေတာတော့ မဟုတ်ဘူးမလား.."

ချန်ချင်းက ခေါင်းမော့ကာ ကျောက်ရုပ်ထုကို တည့်တည့်ကြည့်ရင်း မေးလိုက်၏။

"..."

ကျောက်ရုပ်ထု ဆွံ့အသွားသည်။

ရုတ်ချည်းဆိုသလိုပင် လေဟာနယ်ထဲမှ သံကြိုးငါးချောင်းထွက်ပေါ်လာပြီး ချန်ချင်း၏ လက်ကောက်ဝတ်များ ခြေကျင်းဝတ်များနှင့် လည်ပင်းတို့ကို အသီးသီး ရစ်ပတ်သွားသည်။

သူသည် မြင်းငါးကောင်ဖြင့် ဆွဲဖြဲခံရမည့် အနေအထားကဲ့သို့ လေထဲတွင် တွဲလောင်းဆွဲခံထားရသည်။

"ခင်ပွန်း..."

ရှားချင်းယွဲ့သည် တစ်စုံတစ်ခု မှားယွင်းနေကြောင်း အာရုံခံမိပြီး သူမ၏အေးစက်လမင်းဓားကို အလျှင်အမြန် ထုတ်ယူကာ ရှေ့သို့တိုးလာပြီး သံကြိုးများကို ခုတ်ဖြတ်ရန် ကြိုးစားလိုက်၏။

သူမ ဓားတစ်ချက် ခုတ်လိုက်သောအခါ သံကြိုးများ လင်းလက်သွားသော်လည်း မည်သည့်ထိခိုက်မှုမျှ မရှိခဲ့ချေ။ ဆန့်ကျင်ဘက်အနေဖြင့် ရိုက်ခတ်မှုကြောင့် ရှားချင်းယွဲ့၏လက်သာ ထုံကျင်သွားသည်။

"အသုံးမဝင်ဘူး... အချိန်မဖြုန်းနဲ့... ဒါတွေက ဒီဧကရာဇ် ကိုယ်တိုင် ဖန်တီးထားတဲ့ ဝိညာဉ်ရတနာ တွေပဲ... မင်းကို မဆိုထားနဲ့... သူ့ရဲ့ ခြေလှမ်းတစ်ဝက် ဧကရာဇ်နယ်ပယ်နဲ့တောင် ယှဉ်နိုင်မှာ မဟုတ်ဘူး..." ကျောက်ရုပ်ထုက အောင်ပွဲခံသည့်ဟန်ဖြင့် ပြောလိုက်သည်။

"ခြေလှမ်းတစ်ဝက် ဧကရာဇ်က မလုပ်နိုင်ရင်... ဧကရာဇ်ကရော..."

ချန်ချင်းက သူ၏ စနစ်မျက်နှာပြင်ကို ဖွင့်ရင်း မေးလိုက်သည်။

"ဧကရာဇ်တစ်ပါးကတော့ အလွယ်တကူ ဖျက်ဆီးနိုင်တာပေါ့... ဒါပေမဲ့ ဒါက မင်းနဲ့ ဘာဆိုင်လို့လဲ..."

All Chapters