← Chapters

အခန်း ၆၂

Vol. 7 Ch. 62

အခန်း ၆၂

Vol. 7 Ch. 62

အခန်း (၆၂) လက်ချောင်းတစ်ချောင်းတည်းဖြင့် စစ်သားတစ်သန်းကို သုတ်သင်ခြင်း

ရှောင်ဟယ်၏အမြင်အရ ထိုကဲ့သို့ အရိပ်ရုပ်သေးရုပ်တစ်ကောင် ပိုင်ဆိုင်ထားခြင်းကပင် အလွန်ပုံမှန်မဟုတ်သော အရာတစ်ခုဖြစ်ပြီး ရရှိရန် ခက်ခဲသော ကြီးမားသည့် အခွင့်အရေးတစ်ခုပင်။

မည်သို့ပင်ဖြစ်စေကာမူ သူကဲ့သို့ ကျင့်ကြံသူ မည်မျှထိများများသည် စိတ်ဝိညာဉ်ပိုင်းခြားခြင်းနယ်ပယ်၏ အထွတ်အထိပ်အဆင့်သို့ မရောက်ရှိဘဲ သူတို့၏ တသက်တာလုံး အချိန်ဖြုန်းနေရသနည်း။

သို့သော် ချန်ချင်း၏အမိန့်အောက်တွင် စိတ်ဝိညာဉ်ပိုင်းခြားခြင်းနယ်ပယ် အထွတ်အထိပ်အဆင့်တွင်ရှိသော ရုပ်သေးရုပ်နှစ်ကောင် ရှိနေသည်။

သူသည် သူ့ကိုယ်သူ မေးခွန်းမထုတ်ဘဲ မနေနိုင်တော့ချေ။ ဆက်လက်ကျင့်ကြံခြင်းနှင့် သူ၏ ကျန်ရှိနေသော အကန့်အသတ်ရှိသည့် အချိန်များကို ထိုအရာပေါ်တွင် ဖြုန်းတီးခြင်းက အမှန်တကယ်ကို မှန်ကန်သော ရွေးချယ်မှု ဟုတ်ပါသလော။

"အဟွတ်... အဟွတ်... အဟွတ်..."

သတိပြန်ဝင်လာသော ရှောင်ဟယ်သည် ချောင်းဟန့်လိုက်ပြီး ရှားချင်းယွဲ့ထံ ချဉ်းကပ်ကာ စမ်းသပ်မေးမြန်းလိုက်၏။

"မင်းသမီး... ဒီအရိပ်ရုပ်သေးရုပ်နှစ်ကောင်အပြင် တခြားကောင်တွေ မရှိတော့ဘူးမလား..."

"ဘယ်နှစ်ကောင် ရှိလဲဆိုတာ သေချာတော့ မသိဘူး... ဒါပေမဲ့ အနည်းဆုံး တစ်သောင်းလောက်တော့ ရှိတယ်..."

ရှားချင်းယွဲ့က စဉ်းစားတွေးတောကာ တုံ့ပြန်ပြောဆိုလိုက်သည်။

"တစ်... တစ်သောင်း..."

ရှောင်ဟယ်၏ လက်ရှိ မျက်နှာအမူအရာသည် ချန်ချင်း မဟာဧကရာဇ်နယ်ပယ်သို့ ဝင်ရောက်သွားကြောင်း သိလိုက်ရချိန်က ရှားချန်၏အမူအရာနှင့် အတိအကျ တူညီနေပေ၏။

ယခင်က ထိုအဖြစ်အပျက်မျိုး ရှိခဲ့ဖူးသော်လည်း ရှားချန်၏အမူအရာသည်လည်း ယခုအချိန်တွင် ရှောင်ဟယ်ထက် များစွာပိုကောင်းမနေခဲ့ချေ။

စိတ်ဝိညာဉ်ပိုင်းခြားခြင်းနယ်ပယ် အထွတ်အထိပ်အဆင့်တွင်ရှိသော ရုပ်သေးရုပ်တစ်သောင်း...

ချန်ချင်း တစ်ယောက်တည်းကပင် ထိပ်တန်း အင်အားစုတစ်ခုနှင့် ညီမျှနေလေ၏။

သူ၏ မဟာဧကရာဇ် ကျင့်ကြံခြင်းနှင့် ပေါင်းစပ်လိုက်သောအခါ ရှားချန်သည် ဤလောကတွင် သူ၏ ရန်သူဖြစ်ရန် အရည်အချင်း ပြည့်မီသူ မည်သူ ရှိသေးသနည်းဟု မတွေးတောဘဲ မနေနိုင်တော့ချေ။

တစ်ချိန်တည်းမှာပင် ချန်ချင်းဘက်တွင် စနစ်မျက်နှာပြင် ချက်ချင်းထွက်ပေါ်လာခဲ့သည်။

[ဇနီးသည်ကို အလိုလိုက်ခြင်း အောင်မြင်ပါသည်... အိမ်ရှင်က ကျပန်းဆုလာဘ်အဖြစ် ကောင်းကင်အဆင့် ဝင်္ကပါဆရာသခင် အတွေ့အကြုံ လက်ဆောင်ထုပ်တစ်ထုပ်ကို ရရှိသည့်အတွက် ဂုဏ်ယူပါသည်...]

"ဝင်္ကပါဆရာသခင် အတွေ့အကြုံ လက်ဆောင်ထုပ် လား..."

ထွက်ပေါ်လာသော ဆုလာဘ် အသိပေးချက်ကို ကြည့်ရင်း ချန်ချင်းသည် ဤအတိုင်းသာ ဆက်သွားပါက သူသည် အရာအားလုံးကို သိပြီး အရာအားလုံးကို စွမ်းဆောင်နိုင်သူတစ်ယောက် ဖြစ်လာရန် အချိန်ကြာမည် မဟုတ်ဟု ခံစားလိုက်ရသည်။

တခြားသူများသည် သူတို့၏တသက်တာလုံး အချိန်ယူ၍ အများဆုံးအနေဖြင့် ကျင့်ကြံခြင်းလမ်းစဥ်တစ်ခုကိုသာ အထွတ်အထိပ်အထိ ကျွမ်းကျင်အောင် လုပ်နိုင်ကြသည်။

သို့သော် သူသည် ကျင့်ကြံခြင်းလမ်းစဥ်အားလုံးကို အထွတ်အထိပ်အထိ ကျင့်ကြံရန် စနစ်၏ ဆုလာဘ်များကို အားကိုးနိုင်လေ၏။

နောက်ထပ် အချိန်မဆွဲတော့ဘဲ သူသည် ဝင်္ကပါဆရာသခင် အတွေ့အကြုံ လက်ဆောင်ထုပ်ကို ရွေးချယ်ပြီး အသုံးပြုမှုကို အတည်ပြုလိုက်သည်။

[ကောင်းကင်အဆင့် ဝင်္ကပါဆရာသခင် အတွေ့အကြုံ လက်ဆောင်ထုပ်ကို အသုံးပြုနေပါသည်...]

[အသုံးပြုခြင်း အောင်မြင်ပါသည်...]

ဆေးပညာရှင်ကဲ့သို့ပင် အတွေ့အကြုံ လက်ဆောင်ထုပ်ကို အောင်မြင်စွာ အသုံးပြုပြီးနောက် ကောင်းကင်မှ မြေကြီးအထိ ရွှမ်မှ ဟွမ်အထိ လောကရှိ မြောက်မြားစွာသော ဝင်္ကပါ များ အားလုံးသည် ကြီးမားသော မှတ်ဉာဏ်တစ်ခုအဖြစ် ပြောင်းလဲသွားပြီး သူ၏စိတ်ထဲသို့ ပေါင်းစပ်ကာ နက်ရှိုင်းစွာ စွဲထင်သွားခဲ့လေ၏။

ချန်ချင်းသည် သူကိုယ်တိုင် မကျွမ်းကျင်သေးသော ဤကဲ့သို့ ဆုလာဘ်များကို အသုံးပြုရန် အမြဲတစေ ဦးစားပေးလေ့ရှိသည်။

အကြောင်းအရင်းမှာ ထိုအရာများကို ဇနီးသည်အား အလိုလိုက်ခြင်း ဆုလာဘ်များ ရယူရန် အသုံးပြုပါက လွဲချော်မှု မရှိနိုင်ဟု မည်သူမျှ အာမမခံနိုင်သောကြောင့်ပင်။

အကယ်၍ ဤတစ်ကြိမ်တွင် လွဲချော်သွားပါက နောက်တစ်ကြိမ် မည်သည့်အချိန်တွင် ကျပန်းထွက်ပေါ်လာမည်ကို မည်သူက သိနိုင်မည်နည်း။

ချန်ချင်းသည် လူတစ်ယောက်သည် သူကိုယ်တိုင် သန်မာအားကောင်းနေရမည်ဟူသော သဘောတရားကို ရှင်းလင်းစွာ နားလည်ထားလေ၏။

ဇာတ်လိုက်သည် ဆယ်စုနှစ်များစွာ တံခါးပိတ်ကျင့်ကြံရန် အချိန်ရှိနေသေးသည်ဟူသော အချက်ကြောင့် သူ၏သတိကို လျှော့ချမည် မဟုတ်ချေ။

ဇာတ်လိုက် တံခါးပိတ်ကျင့်ကြံခြင်းမှ ထွက်လာမည့်နေ့တွင် အရာအားလုံးကို သိပြီး အရာအားလုံးကို စွမ်းဆောင်နိုင်သော သူနှင့် ရင်ဆိုင်ရချိန်၌ ကောင်းကင်တာအို၏ ကံကြမ္မာအကာအကွယ် တစ်ခုတည်းဖြင့် သူ၏လက်ချောင်းငါးချောင်းကိုပင် မှောက်လှန်နိုင်မည်လားဆိုသည်အား ချန်ချင်း ကြည့်ချင်နေခဲ့သည်။

တစ်ချိန်တည်းမှာပင်...

မဟာဝူနိုင်ငံတော်မှ မိုင်ထောင်ချီဝေးသော မိုးပြာနဂါး နိုင်ငံဟုခေါ်သော နေရာတစ်ခုတွင်…

"အရှင်မင်းကြီး... မကောင်းတော့ဘူး... မကောင်းတော့ဘူး... ကောင်းကင်တာအိုကျင့်ကြံသူ ထျန်းယုံရဲ့ စိတ်ဝိညာဉ်မီးအိမ်... အဲ့ဒါ... အဲ့ဒါက ငြိမ်းသွားပြီ..."

"ဘာ... ထပ်ပြောစမ်း..."

မိုးပြာနဂါးနိုင်ငံ၏ ဧကရာဇ် ကျိန့်ထျန်းသည် ဤစကားကို ကြားသောအခါ နဂါးပလ္လင်ပေါ်မှ ခုန်ထလိုက်၏။

"ကောင်းကင်တာအိုကျင့်ကြံသူ ထျန်းယုံက စိတ်ဝိညာဉ်ပိုင်းခြားခြင်းနယ်ပယ် ကျွမ်းကျင်သူ တစ်ယောက်လေ... မဟာဝူ နိုင်ငံတော်လို နိုင်ငံငယ်လေးမှာ ဘယ်သူက သူ့ရဲ့ ရန်သူ ဖြစ်နိုင်မှာလဲ..."

"ကျွန်တော်လဲ မသိပါဘူး... ဒါပေမဲ့ ကောင်းကင်တာအိုကျင့်ကြံသူ ထျန်းယုံရဲ့ စိတ်ဝိညာဉ်မီးအိမ်က တကယ်ကြီး ငြိမ်းသေသွားပါပြီ..."

အမတ်သည် မြေပြင်ပေါ်တွင် ဒူးထောက်နေပြီး ခေါင်းမမော့ရဲဘဲ အမှန်အတိုင်း သတင်းပို့လိုက်၏။

"ဟူး......"

ဧကရာဇ်ကျိန့်ထျန်းက အသက်ပြင်းပြင်း ရှူသွင်းကာ သူ့ကိုယ်သူ တည်ငြိမ်အောင် အတင်းအကြပ် ကြိုးစားလိုက်သ​​ည်။

ဧကရာဇ် ကျိန့်ထျန်းသည် ကြမ်းပြင်ပေါ်တွင် တုန်ရီနေသော အမတ်ကို ကြည့်လိုက်ပြီး အသက်ဆယ်ချောင်း ရှိနေလျှင်ပင် ဤကဲ့သို့ ကိစ္စမျိုးကို သူ့အား လိမ်လည်လှည့်ဖြားရဲမည် မဟုတ်ကြောင်း တခဏမျှ စဉ်းစားလိုက်ရုံဖြင့် နားလည်သွားခဲ့လေ၏။

ထို့ကြောင့် လှံထိပ်သည် မဟာဝူ နိုင်ငံတော်ဘက်သို့ လျှင်မြန်စွာ လှည့်သွားခဲ့သည်။

"ကောင်းတယ်... အရမ်းကောင်းတယ်... ကံကြမ္မာ ရွှေနဂါးကို အမှတ်မထင် ရသွားတဲ့ မဟာဝူနိုင်ငံလို နိုင်ငံငယ်လေးက ငါ့ရဲ့ မိုးပြာနဂါး နိုင်ငံကို ရန်သူအဖြစ် သတ်မှတ်ရဲတယ်ပေါ့... မင်းတို့က အသက်ရှင်ရတာ ငြီးငွေ့နေပြီလို့ ငါထင်တယ်..."

"လာကြစမ်း... စစ်သား တစ်သန်းကို မြန်မြန် စုဆောင်းပြီး တောင်ဘက်ကို ချီတက်စမ်း..."

ဧကရာဇ် ကျိန့်ထျန်း၏ စကားများ ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် သူ၏နံဘေးရှိ ဝန်ကြီးချုပ်က အလျှင်အမြန် ရှေ့သို့ထွက်လာသည်။

"အရှင်မင်းကြီး... မဟာဝူ နိုင်ငံက လက်ရှိမှာ ကံကြမ္မာ ရွှေနဂါးရဲ့ အကာအကွယ်ကို ရနေပါတယ်... အလျင်စလို စစ်တိုက်တာက ကျွန်တော်တို့ နိုင်ငံအတွက် အကျိုးယုတ်စေနိုင်တယ်..."

"ဘာလဲ... ငါ့ရဲ့ စစ်သားတစ်သန်းက မဟာဝူ နိုင်ငံငယ်လေးကို မနိုင်နိုင်ဘူးလို့ ဝန်ကြီးချုပ်က ထင်နေတာလား..."

ဧကရာဇ် ကျိန့်ထျန်းက မေးလိုက်၏。

"ငယ်သား ဆိုလိုတာက ဒီသဘောမဟုတ်ပါဘူး... နဂါးရဲ့ စွမ်းအားက ငါတို့ စိတ်ကူးယဉ်ထားတာထက် ကျော်လွန်နေပြီးတော့ ကောင်းကင်တာအိုကျင့်ကြံသူ ထျန်းယုံရဲ့ သေဆုံးမှုက အဲဒါနဲ့ ဆက်စပ်နေနိုင်ခြေ များပါတယ်... အဲ့ဒါကြောင့် သတိထားတာ အကောင်းဆုံးပဲ..."

ဧကရာဇ်ကျိန့်ထျန်းကို ရန်သူကို အထင်သေးပြီး အလျင်စလို စစ်ချီသဖြင့် စစ်သားတစ်သန်းကို သူစိမ်းမြေတွင် အလဟဿသေဆုံးသွားသည့် အဖြစ်မျိုး သူ ဖြစ်ခွင့်မပြုချင်ခဲ့ချေ။

"ငါ ဆုံးဖြတ်ချက် ချပြီးသွားပြီ... ဝန်ကြီးချုပ်က ထပ်ပြောစရာ မလိုတော့ဘူး..."

"ဒါ့ပြင်... သူတို့က နဂါးကို ထိန်းချုပ်ဖို့ အရည်အချင်းရော ပြည့်မီလို့လား... ဂုဏ်သရေရှိတဲ့ သားရဲတွေအားလုံးရဲ့ ခေါင်းဆောင်က သူတို့ရဲ့ အမိန့်တွေကို ဘယ်လိုလုပ်ပြီး နာခံနိုင်မှာလဲ..."

"နဂါးကို မြန်မြန်ဖမ်းပြီး ငါ့ကို အလုပ်အကျွေးပြုခိုင်းတာက အရေးအကြီးဆုံးပဲ..."

ဧကရာဇ် ကျိန့်ထျန်းသည် ဝန်ကြီးချုပ်၏ စကားများကို အလေးအနက်မထားဘဲ သူ ယုံကြည်ချင်သည့်အရာကိုသာ လုပ်ဆောင်ရန် ရွေးချယ်လိုက်၏။

သူ၏လက်ထဲတွင် ဘိုးဘေးများ၏ မှော်ရတနာ တစ်ခုကို ကိုင်ဆောင်ထားသဖြင့် ကံကြမ္မာ ရွှေနဂါးကို သူ့အား အလုပ်အကျွေးပြုစေနိုင်မည်ဟု သူ ယုံကြည်ချက်အပြည့် ရှိနေခဲ့သည်။

ကံကြမ္မာ ရွှေနဂါးကို လက်အောက်ခံစေပြီး နိုင်ငံတော် ကံကြမ္မာကို မြှင့်တင်လိုက်သရွေ့ မိုးပြာနဂါး နိုင်ငံသည် အောက်ဘုံတစ်ခုလုံးကို မကြာမီ ပေါင်းစည်းနိုင်မည်ဟု သူ သေချာပေါက် ယုံကြည်နေခဲ့လေ၏။

"..."

ဝန်ကြီးချုပ် တုံ့ဆိုင်းသွားပြီး သူ့ဘုရင်၏အကြောင်းကို ကောင်းစွာသိရှိထားသဖြင့် ထပ်ပြောခြင်းက အခြေအနေကို တစ်စက်လေးမျှ ပြောင်းလဲမည် မဟုတ်ဘဲ ပြဿနာကိုသာ ဖိတ်ခေါ်ရာရောက်မည်ကို သဘောပေါက်လိုက်သည်။

ဧကရာဇ် ကျိန့်ထျန်း၏အတွေးများ မှန်ကန်ရန်နှင့် ကံကြမ္မာ ရွှေနဂါးကို မဟာဝူ နိုင်ငံတော်က အပြည့်အဝ မထိန်းချုပ်နိုင်သေးရန်သာ သူ မျှော်လင့်နိုင်တော့သည်။

ဤသို့တွေးတောကြည့်လျှင် ဤသည်မှာ အမှန်တကယ်ကို ကောင်းမွန်သော အခွင့်အရေး တစ်ခု ဖြစ်နိုင်သည်။ မဟာဝူ မြို့တံခါးများကို ချိုးဖောက်ပြီး နဂါးကို ဖမ်းဆီးနိုင်သည်နှင့်တစ်ပြိုင်နက် မိုးပြာနဂါး နိုင်ငအတွက် အကျိုးကျေးဇူးအမြောက်အများ ရရှိပေမည်။

အချိန်များ ကုန်လွန်သွားပြီးနောက်...

နောက်တစ်နေ့ နေထွက်ချိန်၌....

စစ်သားတစ်သန်းသည် ညတွင်းချင်း စုဝေးမှုကို ပြီးစီးသွားခဲ့လေပြီ။

ဧကရာဇ် ကျိန့်ထျန်းသည် ဘိုးဘေးရတနာ အသင့်ဖြစ်နေကြောင်း အတည်ပြုပြီးနောက် သူသည် ရွှေရောင် သံချပ်ကာကို ဝတ်ဆင်လိုက်သည်။ နဂါးကို ဖမ်းဆီးရန်နှင့် မြို့ကို ဝိုင်းရံတိုက်ခိုက်ရန်အတွက် ညွှန်ကြားရန် မဟာဝူနိုင်ငံသို့ တပ်မကို သူကိုယ်တိုင် ဦးဆောင်သွားရန် ဆုံးဖြတ်လိုက်၏။

သူ မသိခဲ့သောအရာမှာ ဤမြင်ကွင်းများကို မဟာဝူ နိုင်ငံရှိ မိုင်ထောင်ချီဝေးသော နေရာရှိ ချန်ချင်းနှင့် ရှားချင်းယွဲ့တို့က သူ၏အချိန်နှင့် ဟင်းလင်းပြင် သူတော်စင်ရုပ်ခန္ဓာကိုယ်မှ ဖန်တီးထားသော ကောင်းကင်ကြည့်မှန်မှတစ်ဆင့် ရှင်းလင်းစွာ မြင်တွေ့ခဲ့ရခြင်းပင်။

"ဒီလူတွေက မကောင်းတဲ့ ရည်ရွယ်ချက်တွေ ထားရှိနေတုန်းပဲ... နဂါးကို လုချင်နေတာ... အရမ်း မုန်းစရာကောင်းတာပဲ..."

ရှားချင်းယွဲ့က ဒေါသတကြီးဖြင့် အံ့ကြိတ်ကာ ပြောလိုက်၏။

ထူထပ်သိပ်သည်းစွာ စုဝေးနေသော သံချပ်ကာဝတ် စစ်သားတစ်သန်း ပါဝင်သည့် ဧရာမစစ်တပ်ကြီးကို ကြည့်လိုက်ရာ သူမကိုယ်တိုင်ပင် မိုးပြာနဂါး နိုင်ငံ၏ အင်အားကို အထင်သေး​၍မရကြောင်း ဝန်ခံခဲ့ရသည်။

"တကယ်လို့ နိုင်ငံနှစ်နိုင်ငံ စစ်တိုက်ကြရင်... တစ်ရက်အတွင်းမှာတင် သေဆုံးသူ တစ်သိန်းကျော် သွားလိမ့်မယ်..."

ရှားချင်းယွဲ့က ထိုအကြောင်းကို တွေးရုံဖြင့်ပင် ထိတ်လန့်နေသည်။

ပေါ့ပါးသည်ဟု ထင်ရသော ထိုဂဏန်းများ၏ နောက်ကွယ်တွင် မိသားစုပေါင်း မည်မျှထိများများ ပျက်စီးသွားမည်နည်း...

မဟာဝူနိုင်ငံ၏ မင်းသမီး တစ်ပါးအနေဖြင့်ဖြစ်စေ၊ မဟာဝူတော်ဝင်မိသားစု၏ မိသားစုဝင်တစ်ဦးအနေဖြင့်ဖြစ်စေ ရှားချင်းယွဲ့သည် ဤကဲ့သို့ အဖြစ်အပျက်မျိုး ဖြစ်လာမည်ကို မလိုလားချေ။

"ဒါက ရိုးရှင်းပါတယ်... သူတို့ကို အမြစ်ပြတမသုတ်သင်ပစ်လိုက်ရုံပေါ့..."

ဤအချိန်တွင် ချန်ချင်းက ပေါ့ပေါ့ပါးပါး ပြောလိုက်၏။

"စစ်တပ် တစ်သန်းလုံးကို သုတ်သင်ပစ်မှာလား..."

ရှားချင်းယွဲ့သည် ချန်ချင်း၏စကားကို သူမ နားလည်မှု လွဲနေသလောဟု ဇဝေဇဝါ ဖြစ်နေခဲ့သည်။

"အမှန်ပဲ..."

ချန်ချင်းက ခေါင်းညိတ်လိုက်သည်။

တစ်ချိန်တည်းမှာပင် သူသည် လက်ကိုမြှောက်ကာ အောက်သို့ ညွှန်ပြလိုက်၏။

မိုးပြာနဂါးနိုင်ငံသို့ ပြန်ကြည့်လိုက်ရာ စစ်သား တစ်သန်း၏ ခေါင်းပေါ်ရှိ တိမ်ကင်းစင်နေသော ကြည်လင်သည့် ကောင်းကင်ကြီးမှာ ရုတ်တရက် ပြောင်းပြန်ဖြစ်သွားပြီး ကမောက်ကမ မြင်ကွင်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

ထို့နောက် ထိုကမောက်ကမအခြေအနေထဲမှ အံ့အားသင့်ဖွယ်ကောင်းအောင် ကြီးမားသော ရွှေရောင် လက်ချောင်းကြီးတစ်ချောင်း ကျဆင်းလာသည်။

လူတစ်သန်းပင်လျှင် ထိုဧရာမလက်ချောင်းကြီး အောက်တွင် ဖုန်မှုန့်လေးများကဲ့သို့ သေးငယ်နေပေ၏။

All Chapters