← Chapters

အခန်း ၆၇

Vol. 7 Ch. 67

အခန်း ၆၇

Vol. 7 Ch. 67

အခန်း (၆၇) ဆရာ... ကျွန်မ နောင်တရတယ်...

ရွှမ်ဟွမ်ကမ္ဘာတစ်ခုတွင် ရှိနေသဖြင့် ကူးပြောင်းလာသော ချန်ချင်းကို မဆိုထားနှင့် ရှားချင်းယွဲ့ပင်လျှင် နှစ်ကိုယ်တူကျင့်ကြံခြင်းနှင့် မီးပြင်းဖို ဆိုသည်မှာ မည်သည့်အရာအား ဆိုလိုကြောင်း သိရှိထားလေ၏။

လုလန်၏ အနောက်တွင် ရပ်နေသော လှပသည့် အမျိုးသမီးကို ထပ်ကြည့်လိုက်ရာ ကျောက်ထျန်းရှန့် ပြောသော 'ရတနာ' မှာ လင်းရော့ရွှယ် ဖြစ်နေကြောင်း ချန်ချင်းနှင့် ရှားချင်းယွဲ့တို့ ရုတ်တရက် နားလည်သဘောပေါက်သွားသည်။

လင်းရော့ရွှယ်သည်လည်း ချန်ချင်း ရှိနေသည်ကို လျင်မြန်စွာ သတိပြုလိုက်မိသည်။

သူမ၏လှပသော မျက်လုံးများတွင် အလင်းရောင် ဖျော့ဖျော့လေးတစ်ခု တောက်ပသွားပေ၏။ ရိုးရိုးသားသား ပြောရလျှင် ​ဤသည်မှာ သူမ အနည်းငယ် ထင်မှတ်မထားသောအရာပင်။

အစပိုင်းတွင် ဂိုဏ်းချုပ်က သူမကို ဆက်သရန် ရည်ရွယ်ထားသူမှာ သေလုမြောပါး စီနီယာအဘိုးကြီး တစ်ယောက် ဖြစ်မည်ဟု သူမ ထင်မှတ်ခဲ့သည်။

မထင်မှတ်ဘဲ တစ်ဖက်လူသည် အလွန်ငယ်ရွယ်ပြီး သူ၏အသွင်အပြင်ကလည်း ချောမောခန့်ညားကာ အလွန်သန့်စင်ပုံရသည်။

ချန်ချင်း၏ အသွင်အပြင်က လင်းရော့ရွှယ်၏ အလှအပ ခံစားမှုကို ဆွဲဆောင်နိုင်ခဲ့ပြီး သူသည် သူမ၏အကြိုက်ဖြစ်သည်ဟု ပြောလျှင် ပုံကြီးချဲ့ရာ မရောက်ချေ။

ထိုသို့ဖြစ်သည့်တိုင် လင်းရော့ရွှယ်သည် သူမကိုယ်သူမ မီးပြင်းဖိုအဖြစ် ဆက်သရန် ရည်ရွယ်ချက်မရှိပေ။

သူမ လင်းရော့ရွှယ်၏ယောက်ျားသည် အနာဂတ်တွင် အထွတ်အထိပ်တစ်ယောက် ဖြစ်လာနိုင်သည့် အလားအလာကို ပိုင်ဆိုင်ထားသော ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ယောက် ဖြစ်ရပေမည်။

လင်းရော့ရွှယ်၏အမြင်အရ ချန်ချင်းက ဂိုဏ်းချုပ်ကို သူမအား ထည့်သွင်းစဉ်းစားစေနိုင်သည့် အကြောင်းအရင်းမှာ သူ၏နောက်ကွယ်ရှိ အင်အားကြောင့် သေချာပေါက် ဖြစ်ပေမည်။

နောက်ခံ မည်မျှပင် ကြီးမားစေကာမူ ထိုအရာကို အမွေဆက်ခံရန်နှင့် ထိန်းသိမ်းရန် လိုက်လျောညီထွေရှိသော ခွန်အား မရှိပါက နောက်ဆုံးတွင် ပျက်စီးခြင်းသို့ ဦးတည်သွားပေမည်။ လင်းရော့ရွှယ်သည် သူမ၏ တစ်သက်တာ ပျော်ရွှင်မှုကို စွန့်လွှတ်ကာ အလောင်းအစားလုပ်ရန် ဆန္ဒမရှိချေ။

"တောင်ထိပ်သခင်မလု... ဒါက ချင်းထန်ဂိုဏ်းတစ်ခုလုံးရဲ့ အနာဂတ်နဲ့ သက်ဆိုင်တယ်... ငါ ဆုံးဖြတ်ချက် ချပြီးသွားပြီ... ထပ်ပြောဖို့ မလိုတော့ဘူး..."

ကျောက်ထျန်းရှန့်က အလေးပေး၍ ပြောလိုက်၏။

"ဒီလို စကားတွေနဲ့ ငါ့ကို လာလှည့်စားဖို့ မကြိုးစားနဲ့... ဆုံးဖြတ်ချက်ချပြီးပြီဆိုတာ ဘာအဓိပ္ပာယ်လဲ... ရော့ရွှယ် က ငါ့ရဲ့ တပည့်ရင်း... ငါ လုလန်ရဲ့ တပည့်ပဲ... သူ့ရဲ့ အနာဂတ်က နင် ဆုံးဖြတ်ဖို့ မဟုတ်ဘူး..."

ရာထူးအဆင့်အရ လုလန်နှင့် ကျောက်ထျန်းရှန့်တို့သည် ဆရာတစ်ယောက်တည်းမှ ဆင်းသက်လာသော စီနီယာအစ်ကိုနှင့်ဂျူနီယာညီမတို့ ဖြစ်ကြသည်။ ယခုအချိန်၌ ကျောက်ထျန်းရှန့်သည် ဂိုဏ်းချုပ်အဖြစ် ရာထူးကြီးတစ်ခုကို ဆုပ်ကိုင်ထားသော်လည်း လုလန်သည် သူ့ကို မကြောက်ပေ။

အဆိုးဆုံးအခြေအနေတွင် သူမသည် ထိုကိစ္စကို ဆရာ့ထံသွားပြီး တိုင်တန်းကာ ဆရာက မည်သူ့ကို ပို၍မျက်နှာသာပေးမည်အား ကြည့်ရပေမည်။

"မင်း..."

ကျောက်ထျန်းရှန့်သည် ဒေါသထွက်သွားပြီး မဟာဧကရာဇ်တစ်ပါးကို မှီခိုရန် အခွင့်အရေးသည် လုလန်ကြောင့် ပျက်စီးသွားသည်အား သူ အမှန်တကယ်ပင် မဖြစ်စေလိုချေ။

သူသည် ချန်ချင်းကို အလျင်အမြန် ကြည့်လိုက်ပြီး သူ့ကို အချိန်အနည်းငယ် ထပ်ပေးနိုင်မည်ဟု မျှော်လင့်နေပေ၏။

သို့သော် ချန်ချင်းက သူ၏လက်ကို အရင်မြှောက်ကာ ကျောက်ထျန်းရှန့်၏ စကားများကို ကြားဖြတ်ပြောဆိုလိုက်သည်။

"ဂိုဏ်းချုပ်ကျောက်... မီးပြင်းဖိုက မလိုပါဘူး... ဒီဧကရာဇ် အဲ့ဒါကို မလိုအပ်ဘူး..."

'ဒီဧကရာဇ် ...'

ချန်ချင်း၏ စကားတစ်ခွန်းတည်းဖြင့် လင်းရော့ရွှယ်သည် ထိုစကားလုံးကို လျင်မြန်စွာ ဖမ်းဆုပ်နိုင်ခဲ့သည်။

သူမ၏ နားလည်မှုအရ ခြေလှမ်းတစ်ဝက် ဧကရာဇ်များနှင့် မဟာဧကရာဇ်တို့သာလျှင် ဤလောကတွင် သူတို့ကိုယ်သူတို့ 'ဒီဧကရာဇ်' ဟု ခေါ်ဆိုရန် အရည်အချင်း ပြည့်မီသည်။

‘သူ့ရဲ့ အသက်အရွယ်နဲ့ ခြေလှမ်းတစ်ဝက် ဧကရာဇ်နယ်ပယ် ကျွမ်းကျင်သူလား... မဖြစ်နိုင်ဘူး... မဟာဧကရာဇ်လား... ဒါက ပိုလို့တောင် မဖြစ်နိုင်သေးတယ်...’

ထိုအကြောင်းကို တွေးကြည့်လျှင် သူမသည် သူ့အပေါ် ပို၍စိတ်ပျက်သွားသလို ခံစားလိုက်ရပြီး သူ့ကိုယ်သူ 'ဒီဧကရာဇ်' ဟု ခေါ်ဆိုရန် သတ္တိကို သူ ဘယ်နေရာကရလာသလဲဟု တွေးမိလေ၏။

သူ၏ ချောမောသော အသွင်အပြင်ကြောင့် ချန်ချင်းအပေါ် သူမ ထားရှိခဲ့သော ကောင်းမွန်သည့် အမြင်သည် အောက်ခြေအထိ ချက်ချင်းထိုးကျသွားတော့သည်။

လင်းရော့ရွှယ်၏မျက်လုံးထဲမှ ရွံရှာမှုကို ချန်ချင်း သတိပြုမိသော်လည်း သူမ ဘာတွေးနေသည်ကို ဂရုမစိုက်ချေ။ သူက လက်လှမ်းကာ ရှားချင်းယွဲ့၏ သေးသွယ်သောခါးကို ဖက်လိုက်ပြီး ဆက်ပြောလိုက်၏။

"ဒီဧကရာဇ် က အိမ်ထောင်ကျပြီးပြီ... ဒီဘဝမှာ သူတစ်ယောက်တည်းကိုပဲ ဇနီးအဖြစ် အသိအမှတ်ပြုတယ်..."

ထိုစကားကို ကြားသောအခါ လင်းရော့ရွှယ်သည် နောက်ဆုံးတွင် ရှားချင်းယွဲ့ကို သေချာစွာ လေ့လာကြည့်ရှုလိုက်၏။

အစပိုင်းတွင် သူမ သိပ်ဂရုမစိုက်ခဲ့သော်လည်း သူမ သေချာကြည့်လိုက်ချိန်၌ ချင်းထန်ဂိုဏ်းတွင် အလှဆုံးအဖြစ် ကျယ်ကျယ်ပြန့်ပြန့် အသိအမှတ်ပြုခံထားရသော သူမပင်လျှင် ရှားချင်းယွဲ့၏ရှေ့တွင် နိမ့်ကျသည်ဟု မခံစားရဘဲ မနေနိုင်တော့ချေ။

ရုတ်တရက် ချန်ချင်းသည် ဤမျှထိ လှပသော ဇနီးတစ်ယောက် ရှိနေသဖြင့် သူမကို ဆွဲဆောင်မှု မရှိဟု တွေးထင်သောကြောင့် သူမကို ငြင်းပယ်ခဲ့ခြင်း ဖြစ်သည်ဟူသော အတွေးတစ်ခု ဝင်လာခဲ့လေ၏။

ထိုအတွေးဖြင့် ဒေါသလှိုင်းတစ်ခုက လင်းရော့ရွှယ်၏ ရင်ဘတ်ထဲတွင် ချက်ချင်းပေါက်ကွဲထွက်လာခဲ့သည်။ သူမက အေးစက်စက် နှာမှုတ်ပြီး ပြောဆိုသည်။

"ဂိုဏ်းချုပ်... ဆရာ... သူက ကျွန်မကို အထင်မကြီးမှတော့... ကျွန်မတို့ ဘာလို့ အတင်းအကျပ် လုပ်နေရမှာလဲ..."

"ဒီလိုဖြစ်နေမှတော့... ငါတို့မှာ တခြား လုပ်စရာ ကိစ္စတွေ ရှိသေးတယ်... ဒါကြောင့် ငါတို့ အရင် သွားနှင့်မယ်..."

ချန်ချင်းသည် လေဟာနယ်တံခါးတစ်ခုကို ပေါ့ပေါ့ပါးပါး ဖွင့်လိုက်ပြီး ကျောက်ထျန်းရှန့် သူတို့ကို ဆက်နေရန် ကြိုးစားလာမည်ကို မစောင့်တော့ဘဲ သူနှင့် ရှားချင်းယွဲ့တို့ အထဲသို့ ဝင်သွားကြ၏။

'သူက လေဟာနယ် တံခါးတစ်ခုကို ပေါ့ပေါ့ပါးပါး ဖွင့်နိုင်တယ်ပေါ့...'

ထိုမြင်ကွင်းကို မြင်သောအခါ လုလန်နှင့် လင်းရော့ရွှယ်တို့ အံ့အားသင့်မသွားဘဲ မနေနိုင်တော့ချေ။

ထို့နောက် လင်းရော့ရွှယ်သည် သူမကိုယ်သူမ ချက်ချင်း နှစ်သိမ့်လိုက်ပြီး ချန်ချင်းသည် ထိုကဲ့သို့ လုပ်ဆောင်နိုင်ရန် မှော်ရတနာ တစ်ခုခုကို အသုံးပြုခဲ့ခြင်းဖြစ်မည်ဟု တွေးတောလိုက်၏။

လေဟာနယ်တံခါးကို ပေါ့ပေါ့ပါးပါး ဖွင့်နိုင်ခြင်းမှာ ထိပ်တန်းအစွမ်းထက်ကျင့်ကြံသူများသာ လုပ်နိုင်သောအရာပင်။

‘ချန်ချင်းလား... သူက အဲဒီလိုပုံ မပေါက်ပါဘူး...’

လေဟာနယ်တံခါး ပိတ်သွားပြီး ချန်ချင်းနှင့် ရှားချင်းယွဲ့တို့ ပျောက်ကွယ်သွားသည်ကို ကြည့်ကာ ကျောက်ထျန်းရှန့်သည် လင်းရော့ရွှယ်နှင့် လုလန်တို့ကို ကြည့်ပြီး သူ၏ပေါင်ကို ရိုက်ပုတ်လိုက်သည်။

"အိုး... မင်းတို့ နှစ်ယောက်ကို ငါ ဘာပြောရမလဲ... ဒီလို အခွင့်အရေးကောင်းကြီးကို အလဟဿ ဖြစ်သွားအောင် လုပ်လိုက်တာပဲ..."

"ဂိုဏ်းချုပ်... ရှင် အဲဒီလို ပြောလို့ မရဘူးလေ... ဒီတပည့်က သူ့ကို အထင်မကြီးတာ မဟုတ်ဘူး... သူက ကျွန်မကို အထင်မကြီးတာပါ..."

လင်းရော့ရွှယ်က ပြန်လည်၍ ချေပလိုက်သည်။

လင်းရော့ရွှယ်၏ စကားများတွင် ပါဝင်သော မကျေနပ်ချက်များကို ကျောက်ထျန်းရှန့် ကြားလိုက်ရချိန်၌ သူ၏နှာခေါင်းမှ လေတစ်ချက် မှုတ်ထုတ်ကာ ပြောလိုက်၏။

"မင်းက သူ့ကို အထင်သေးနေတုန်းပဲလား... သူ့ကို အထင်သေးဖို့ မင်းမှာ ဘာအရည်အချင်း ရှိလို့လဲ..."

"ဆရာ..."

ကျောက်ထျန်းရှန့်က သူမကို ထိုမျှထိ နှိမ့်ချနေသည်ကို မြင်သောအခါ သူ၏ ဂိုဏ်းချုပ် အဆင့်အတန်းကြောင့် လင်းရော့ရွှယ်သည် သူမ၏ဆရာထံမှ အကူအညီတောင်းခံရုံသာ တတ်နိုင်တော့သည်။

"စီနီယာအစ်ကို... ငါ့ရဲ့ ရော့ရွှယ်က နင် ပြောသလောက် မဆိုးပါဘူး... မိုးပြာနဂါးနိုင်ငံ တစ်ခုလုံးကို ကြည့်လိုက်ရင်... ပါရမီနဲ့ စွမ်းအားအရ သူ့ကို ကျော်လွန်နိုင်တဲ့သူ ဘယ်နှစ်ယောက် ရှိလို့လဲ..."

လင်းရော့ရွှယ် မပျော်ရွှင်ရုံသာမက လုလန်သည်လည်း သူမ၏ဆရာတစ်ယောက်အနေဖြင့် ကျောက်ထျန်းရှန့်က သူမ၏တပည့်ကို ထိုမျှ နှိမ့်ချသည်ကို ကြားရသဖြင့် အလွန်မကျေမနပ် ဖြစ်နေခဲ့လေ၏။

"သူ ထူးချွန်တာတော့ ဟုတ်ပါတယ်... ဒါပေမဲ့ မဟာဧကရာဇ် တစ်ပါးနဲ့ နှိုင်းယှဉ်လို့ ရပါ့မလား... မဟာဧကရာဇ် တစ်ပါးကို အလုပ်အကျွေးပြုနိုင်တာက သူ့ရဲ့ ဘဝသုံးဆက်စာ ကံကောင်းမှုပဲ..."

ကျောက်ထျန်းရှန့် ထိုသို့ ပြောလိုက်သည်နှင့်တစ်ပြိုင်နက် လုလန်နှင့်လင်းရော့ရွှယ် ဆရာနှင့် တပည့် နှစ်ဦးလုံး နေရာတွင်ပင် အေးခဲတောင့်တင်းသွားကြသည်။

လုလန်က ပထမဆုံး တုံ့ပြန်လိုက်ပြီး သူ့ကို စိုက်ကြည့်ကာ ​ပြောဆိုသည်။

"နင်က ဘာအဓိပ္ပာယ်မရှိတာတွေ ပြောနေတာလဲ... 'မဟာဧကရာဇ်' ဆိုတဲ့ စကားလုံးကို နင်က ဘယ်လိုလုပ်ပြီး ထုတ်ပြောရဲတာလဲ..."

"ခုဏက သခင်လေးချန်က မဟာဧကရာဇ် တစ်ပါးပဲ... ငါက ချင်းထန်ဂိုဏ်းတစ်ခုလုံးကို ဦးဆောင်ပြီး သူ့ကို ထာဝရ သစ္စာခံပါ့မယ်လို့ မိုးကောင်းကင်တာအို ကျိန်ဆိုခြင်းတောင် ပြုလုပ်ပြီးသွားပြီ..."

ကျောက်ထျန်းရှန့်၏စကားများမှာ အလွန်အံ့အားသင့်တုန်လှုပ်ဖွယ် ကောင်းနေသည်။

"ဘာ... သူ... သူက မဟာဧကရာဇ် လား..."

လင်းရော့ရွှယ်နှင့်လုလန်တို့ တစ်ပြိုင်နက်နီးပါး အံ့အားတသင့် ရေရွတ်လိုက်ကြသည်။

"ငါ ကိုယ်တိုင် မျက်မြင်တွေ့ခဲ့တာ... ဘယ်လိုလုပ်ပြီး အတုဖြစ်နိုင်မှာလဲ..."

ကျောက်ထျန်းရှန့်သည် ထိုမိုက်မဲသော ဆရာတပည့်နှစ်ယောက်ကို စကားဆက်ပြောပြီး အချိန်ဖြုန်းရန် ပျင်းရိနေခဲ့လေ၏။ သူ ခြေတစ်ချက်ဆောင့်လိုက်ပြီး ပျံသန်း၇ာ ထွက်ခွာသွားခဲ့သည်။

လင်းရော့ရွှယ်နှင့် လုလန်တို့ နေရာတွင် မှင်သက်စွာ မတ်တတ်ရပ်၍ ကျန်နေခဲ့ပြီး သူမတို့က တစ်ယောက်ကို တစ်ယောက် စိုက်ကြည့်နေခဲ့သည်။

"ဆရာ... သူ... သူက ဘယ်လိုလုပ် မဟာဧကရာဇ် ဖြစ်နိုင်မှာလဲ... ဂိုဏ်းချုပ်က ကျွန်မတို့ကို လိမ်နေတာ ဖြစ်ရမယ်မလား..."

လင်းရော့ရွှယ်က မျှော်လင့်ချက် ရောင်ခြည်လေး တစ်ခုကို ဆုပ်ကိုင်ထားရင်း မေးလိုက်သည်။

"ငါ သိထားသလောက်... အနည်းဆုံးတော့ စီနီယာအစ်ကိုက ဒီလိုကိစ္စမျိုးကို နောက်ပြောင်မှာ မဟုတ်ဘူး..."

လုလန်က ခေါင်းခါယမ်းပြလေသည်။

"အာ... ဒါဆို... ဒါဆို ကျွန်မက..."

လင်းရော့ရွှယ် ချက်ချင်းနောင်တရသွားခဲ့သည်။

အကယ်၍ ချန်ချင်းသည် မဟာဧကရာဇ် တစ်ပါးဖြစ်ကြောင်း သူမ ကြိုသိခဲ့လျှင် နှစ်ကိုယ်တူကျင့်ကြံခြင်း မီးပြင်းဖိုအဖြစ် သတ်မှတ်ခံရခြင်းကို မဆိုထားနှင့် ချန်ချင်း၏ခြေထောက်အား နွေးပေးရသော အစေခံမလေး ဖြစ်ရမည်ဆိုပင် လင်းရော့ရွှယ်က လိုလိုလားလား ဆန္ဒရှိနေပေမည်။

မည်သို့ပင်ဖြစ်စေကာမူ ထိုလူသည် မဟာဧကရာဇ် တစ်ပါး ဖြစ်နေသည် မဟုတ်လော...

တခြားသူတစ်ယောက်အတွက် ခြေထောက်နွေးပေးရသော အစေခံမလေး ဖြစ်ရခြင်းက ရှက်စရာကောင်းသည်ဟု ထင်ရသော်လည်း မဟာဧကရာဇ် တစ်ပါးအတွက် ခြေထောက်နွေးပေးရသော အစေခံမလေး ဖြစ်ရခြင်းက လောကရှိ လူတိုင်းကို မနာလိုမှု၊ ဝန်တိုမှုနှင့် နာကြည်းမုန်းတီးမှုများကိုသာ ဖြစ်ပေါ်စေပေမည်။

"ဆရာ... ကျွန်မ... ကျွန်မ နောင်တရတယ်... ဆရာ သွားပြီး ဂိုဏ်းချုပ်နဲ့ စကားပြောပေးပါလား... ဒီတပည့်က မီးပြင်းဖို ဖြစ်ဖို့ ဆန္ဒရှိပါတယ်... ဒီတပည့် က သခင်လေးချန်နဲ့ နှစ်ကိုယ်တူကျင့်ကြံခြင်း လုပ်ဖို့ ဆန္ဒရှိပါတယ်..."

လုလန်သည် လုံးဝစိမ်းသက်နေသော လင်းရော့ရွှယ်၏ အသွင်အပြင်ကို ကြည့်ကာ သူမ၏ ဆရာတစ်ယောက်အနေဖြင့် ခံစားချက်ပေါင်းစုံ ဖြစ်ပေါ်နေခဲ့လေ၏။

"ဟူး..."

သူမက သက်ပြင်းချလိုက်သည်။

"ဒီလို ကိစ္စမျိုးက တစ်ခါလွဲချော်သွားရင် လွဲချော်သွားတာပဲ... ပြန်စလို့ မရတော့ဘူး..."

လုလန်သည် မမိုက်မဲပေ။ တစ်ဖက်လူက မဟာဧကရာဇ် တစ်ပါး ဖြစ်နေသဖြင့်အကယ်၍ သူမ ကောင်းစွာမကိုင်တွယ်နိုင်ပါက သူမ၏အသက် ဆုံးရှုံးသွားပေမည်။

ယခင်က သူမ၏ ရိုသေမှုမရှိသော အပြုအမူအတွက် ချန်ချင်းက သူမကို မသတ်ခဲ့ခြင်းအတွက်ပင် သူမ ကျေးဇူးတင်နေလေပြီ။

လုလန်သည် သူမ၏တပည့်ရင်းဖြစ်သော လင်းရော့ရွှယ်ကို အလိုလိုက်သော်လည်း သူမအတွက် မဟာဧကရာဇ် တစ်ပါးကို စော်ကားမည့် အနေအထားအထိတော့ မရောက်ရှိသေးချေ။

All Chapters