← Chapters

အခန်း ၆၈

Vol. 7 Ch. 68

အခန်း ၆၈

Vol. 7 Ch. 68

အခန်း (၆၈) ဓားတစ်သောင်း

"ဆရာ... တကယ်လို့ ဒါကို ပြန်ပြင်လို့ရမယ့် အခွင့်အရေး ရှိနေသေးရင်ကော... ကျွန်မတို့ မကြိုးစားကြည့်ရင် ဘယ်လိုလုပ် သိနိုင်မှာလဲ..."

လင်းရော့ရွှယ်သည် သူမ၏ ပုံမှန် အေးစက်သော ပုံရိပ်ကို လုံးဝစွန့်လွှတ်လိုက်ပြီး သူမကိုယ်စား သွားရောက် ပြောပေးရန် လုလန်အား ခါးသီးစွာ တောင်းပန်နေခဲ့လေ၏။

ချန်ချင်းက သူမ၏ ခံစားချက်များကို သိရှိပြီး သူ၏ စိတ်ကို ပြောင်းလဲပေးရန်သာ သူမ မျှော်လင့်နေခဲ့သည်။

"တော်တော့... ဒီကိစ္စက ဒီမှာတင် ပြီးပြီ... ထပ်မဆွေးနွေးနဲ့တော့... မင်းက... သူနဲ့ မထိုက်တန်ဘူး... ဒါက အနာဂတ်မရှိတဲ့ ဆက်ဆံရေးတစ်ခု ဖြစ်ဖို့ ဖန်တီးထားတာပဲ..."

လုလန်သည် ထိုမျှထိ ပြင်းထန်စွာ ပြောဆိုလိုခြင်း မဟုတ်ချေ။ သူမသည် လင်းရော့ရွှယ်ကို အမှန်တရားကို နားလည်စေချင်ပြီး ပြဿနာများကို မဖန်တီးစေလိုခြင်းမျှသာ ဖြစ်ပေ၏။

နောက်ဆုံးတွင် ဤသည်က သူမကိုယ်သူမနှင့် သူမ၏ ပတ်ဝန်းကျင်ရှိ လူတိုင်းကို ထိခိုက်စေပေမည်။

'မင်းက သူနဲ့ မထိုက်တန်ဘူး...'

လုလန် ပျောက်ကွယ်သွားပြီဖြစ်သော်လည်း သူမ၏ စကားများသည် လင်းရော့ရွှယ်၏ နှလုံးသားထဲတွင် ရှင်းလင်းစွာနှင့် အဆက်မပြတ် ပဲ့တင်ထပ်နေခဲ့သည်။

အကယ်၍ ထိုစကားများကို ယခင်က ပြောခဲ့မည်ဆိုပါက လင်းရော့ရွှယ်သည် သေချာပေါက် ပြန်လည်ချေပပြီး အကြောင်းပြချက်ပေးကာ ငြင်းခုံမိပေမည်။

သို့သော် ယခုအချိန်၌ ချန်ချင်းသည် အထွတ်အထိပ် ကျင့်ကြံခြင်းကို ပိုင်ဆိုင်ထားပြီး ဧကရာဇ် တစ်ပါးဖြစ်ကြောင်း သိရှိပြီးနောက် သူမထံတွင် စကားပြောဆိုရန် ယုံကြည်မှု မည်သို့ ရှိနိုင်တော့မည်နည်း။

သူမ၏ခြေထောက်များ ပျော့ခွေသွားပြီး မြေကြီးပေါ်သို့ ခွေကျသွားကာ ထိုအချိန်က သူမ၏လုပ်ရပ်များအတွက် နောင်တရနေခဲ့သည်။

တစ်ချိန်တည်းမှာပင် တခြားတစ်ဖက်တွင်...

【ဇနီးသည်ကို အလိုလိုက်ခြင်း အောင်မြင်ပါသည်... အိမ်ရှင်က ကျပန်းဆုလာဘ်အဖြစ် ကောင်းကင်ဓားနယ်ပယ်ကို ရရှိသည့်အတွက် ဂုဏ်ယူပါသည်...】

'ကောင်းကင်ဓားနယ်ပယ် ...'

ဤသည်မှာ မည်ကဲ့သို့ ဆုလာဘ်မျိုးဖြစ်ကြောင်း ချန်ချင်း ချက်ချင်းနားမလည်ခဲ့ချေ။

သို့သော် ထိုအရာည် မထင်မှတ်ထားသော ဆုလာဘ်တစ်ခု ဖြစ်သဖြင့် အရည်အသွေး အလွန်မြင့်မားမည်ဟု ချန်ချင်း မျှော်လင့်မထားခဲ့ပေ။

ရိုးရိုးသားသား ပြောရလျှင် ရှားချင်းယွဲ့အတွက် တခြား အမျိုးသမီးများကို ငြင်းပယ်ခြင်းက ဇနီးသည်အား အလိုလိုက်ခြင်း စံနှုန်းများနှင့် ကိုက်ညီလိမ့်မည်ဟု သူ အမှန်တကယ်ကို ထင်မှတ်မထားချေ။

"ခင်ပွန်း... သူတော်စင်မိန်းမပျိုလင်းက အရမ်းလှပပြီးတော့ နှစ်ကိုယ်တူကျင့်ကြံခြင်း ရတနာရုပ်ခန္ဓာကိုယ် ကိုလည်း ပိုင်ဆိုင်ထားတယ်... အဲ့ဒါက ကျင့်ကြံခြင်း ကို တိုးတက်စေဖို့ အများကြီး အကျိုးရှိတယ်ဆိုတာ ကျွန်မ မြင်တယ်... ခင်ပွန်းက ဘာလို့ သူ့ကို ငြင်းလိုက်တာလဲ..."

ချန်ချင်းအတွက် လက်ဖက်ရည် ငှဲ့ပေးရင်း သူမ၏ စိတ်ထဲတွင် ရှိနေသောအရာကို ရှားချင်းယွဲ့က မေးလိုက်၏။

ဤအချိန်တွင် ထိုဆရာနှင့်တပည့်သည် သူမ၏ ခင်ပွန်းက ဧကရာဇ်အဆင့် ကျွမ်းကျင်သူ တစ်ဦးဖြစ်ကြောင်း ကျောက်ထျန်းရှန့်ထံမှ သိရှိသွားလောက်ပြီဖြစ်ပြီး ယခုအချိန်၌ နောင်တများဖြင့် ပြည့်နှက်နေမည်ကို သူမ အကြမ်းဖျင်း စိတ်ကူးကြည့်နိုင်သည်။

"အားနည်းတဲ့ ရေစီးကြောင်းက သုံးထောင် ရှိပေမဲ့... ငါက ငါ့ရဲ့ဇနီးအတွက် တစ်ခွက်ပဲ ယူမှာပါ..."

ချန်ချင်း၏ သဘောထားမှာ ခိုင်မာနေဆဲပင်။

"ဒါ့ပြင်... ငါ့ရဲ့ ကျင့်ကြံခြင်းကို တိုးတက်စေဖို့ နှစ်ကိုယ်တူကျင့်ကြံခြင်း လိုအပ်တဲ့အထိ ငါ မနိမ့်ကျသေးပါဘူး... တကယ်လို့ ငါက သူနဲ့ နှစ်ကိုယ်တူကျင့်ကြံခြင်း လုပ်ခဲ့ရင်တောင်... အကျိုးကျေးဇူးတွေက ကံကြမ္မာ ရွှေနဂါးဆီကနေ ကျပန်းနဂါးချီ ရတာလောက် မကြီးမားဘူး..."

"သူ ဘယ်လောက်ပဲ လှလှ... ငါ့ရဲ့မျက်လုံးထဲမှာတော့ သူက ငါ့ဇနီးရဲ့ လက်ချောင်းတစ်ချောင်းနဲ့ ယှဥ်ဖို့တောင် မတန်ပါဘူး..."

ချန်ချင်းက အမှန်အတိုင်း ပြောလိုက်သည်။

လင်းရော့ရွှယ်၏ အလှတရားမှာ လောကီဆန်ပြီး ရှားချင်းယွဲ့၏ အလှတရားမှာ လောကီကို ကျော်လွန်ကာ သေမျိုးလောကသို့ ဆင်းသက်လာသော ကောင်းကင်နတ်မိမယ်တစ်ပါးအလားပင်။

"သောက်... ရှင် လက်ဖက်ရည်သောက်တော့..."

ရှားချင်းယွဲ့သည် ခေါင်းငုံ့ကာ လက်ဖက်ရည်ခွက်ကို ချန်ချင်းဘက်သို့ တွန်းပို့လိုက်၏။

သူမက ပေါ့ပေါ့ပါးပါး မေးလိုက်ခြင်း ဖြစ်သော်လည်း ချန်ချင်း၏အဖြေက သူမ၏ ပါးပြင်များကို နီရဲသွားစေခဲ့သည်။

သူမက ရုတ်တရက် မတ်တတ်ရပ်လိုက်ပြီး နေရာမှ ထွက်ခွာသွားရန် အကြောင်းပြချက် ရှာလိုက်သည်။

"ကျွန်မ... ကျွန်မ ရုတ်တရက် တစ်ခုခုကို ဉာဏ်အလင်းပွင့်သွားတယ်... ကျွန်မ အရင် သွားပြီး ကျင့်ကြံလိုက်ဦးမယ်... ခင်ပွန်း... ရှင် ဖြည်းဖြည်း သောက်ပါ..."

ချန်ချင်း၏အဖြေကို မစောင့်တော့ဘဲ ရှားချင်းယွဲ့၏ ခြေထောက်များသည် ဆီသုတ်ထားသည့်အလား အလွန်လျှင်မြန်စွာဖြင့် မျက်စိတစ်မှိတ်အတွင်း အိပ်ခန်းထဲသို့ ဝင်သွားခဲ့သည်။

ချန်ချင်းက ခပ်ဖျော့ဖျော့ပြုံးပြီး လက်ဖက်ရည်ခွက်ကို ယူကာ တစ်ငုံသောက်လိုက်၏။

ထို့နောက် "ကောင်းကင်ဓားနယ်ပယ် " ဆုလာဘ်ကို စစ်ဆေးရန် အခွင့်အရေးကို သူ ဆုပ်ကိုင်လိုက်သည်။

ထိုအရာသည် အတိအကျ ဘာလဲဆိုသည်ကို သူ အလွန် သိချင်နေခဲ့သည်။

သူ ကြည့်ရှုရန်ကို နှိပ်လိုက်ရာ စနစ်အသိပေးချက်တစ်ခု ချက်ချင်းထွက်ပေါ်လာသည်။

【ကောင်းကင်ဓားနယ်ပယ်သို့ ဝင်ရောက်လိုပါသလား...】

အချိန်တခဏကြာမျှ စဉ်းစားပြီးနောက် ချန်ချင်းသည် သူ၏လက်ထဲရှိ လက်ဖက်ရည်ခွက်ကို ချထားကာ 【ဝင်ရောက်ရန် အတည်ပြုသည်】ကို နှိပ်လိုက်၏။

ရုတ်ချည်းဆိုသလိုပင် သူ၏အမြင်အာရုံသည် အဖြူရောင်သို့ ပြောင်းလဲသွားခဲ့သည်။

နောက်တခဏတွင် မြင်ကွင်းပြောင်းလဲသွားပြီး သူသည် တခြားကမ္ဘာတစ်ခုသို့ ရောက်ရှိသွားတော့သည်။

ထိုနေရာသည် သက်ရှိကင်းမဲ့ပြီး သဲကန္တာရများနှင့် မြေကြီးထဲသို ပုံစံအတည်တကျမရှိဘဲ ဖရိုဖရဲ စိုက်ဝင်နေသော ဓားများသာ ရှိသည့် လူသူကင်းမဲ့သော နေရာတစ်ခုပင်။

ဤနေရာသည် မျက်စိတစ်ဆုံး ကြီးမားကျယ်ပြန့်လှသည်။

ချန်ချင်းသည် အတွေးတစ်ချက်ဖြင့် ထိုဧရိယာကို လွှမ်းခြုံရန် သူ၏ နတ်ဘုရားစိတ်အာရုံကို ထုတ်လွှတ်လိုက်၏။

ထိုနေရာကို မည်သည်ကြောင့် ဓားနယ်ပယ်ဟု ခေါ်ဆိုရသနည်းဆိုသည်ကို ချန်ချင်း ချက်ချင်းနားလည်သွားသည်။

ထိုကောင်းကင်ဓားနယ်ပယ် အတွင်းတွင် ဓားပေါင်း နှစ်သိန်းတိတိ ရှိနေလေ၏။

ထိုဓားများ၏ အနိမ့်ဆုံးအရည်အသွေးမှာ အဝါရောင်အဆင့်မြင့်ဖြစ်ပြီး အမြင့်ဆုံးမှာ ကောင်းကင်အဆင့် အထိ ရှိနေသည်။

ဤသည်က ချန်ချင်းအား ဓားကမ္ဘာတစ်ခု ဆုချီးမြှင့်ခြင်းနှင့် ညီမျှသည်။

"ဒါက ဆုလာဘ်ကောင်းတစ်ခုပဲ... ဓားတစ်သောင်း သူတော်စင်ရုပ်ခန္ဓာကိုယ်နဲ့တွဲပြီး ကျင့်ကြံဖို့ သုံးလို့ရတယ်..."

ဓားတစ်သောင်း သူတော်စင်ရုပ်ခန္ဓာကိုယ်သည် ဓားတစ်သောင်းကို ထိန်းချုပ်နိုင်သော်လည်း အမိန့်ပေးရန် ထိုဓားတစ်သောင်းကို ရှာဖွေခြင်းက ချန်ချင်းအတွက် အမြဲတစေ ပြဿနာတစ်ခု ဖြစ်နေခဲ့သည်။

သာမန်လက်နက်များကို ရှာဖွေရန် လွယ်ကူသော်လည်း အရည်အသွေးမီသော လက်နက်တစ်သောင်းကို စုဆောင်းရန်မှာ မဟာဝူနိုင်ငံ၏ ဘဏ္ဍာတိုက်ကို ပြောင်သလင်းခါအောင် လုပ်လိုက်လျှင်ပင် လုံလောက်မည် မဟုတ်ပေ။

သာမန်လက်နက်များအတွက်ကမူ အရေအတွက် ဘယ်လောက်ထိ များပြားနေပါစေ အဆင့်မြင့်ကျင့်ကြံသူများကို ရင်ဆိုင်ရန် မသင့်တော်ချေ။ အကယ်၍ သူက သာမန်လူများကို ရင်ဆိုင်နေရပါက ဓားတစ်သောင်း သူတော်စင်ရုပ်ခန္ဓာကိုယ်ကို အသုံးပြုရန် မည်သည်ကြောင့် လိုအပ်မည်နည်း။

ထို့ကြောင့် သူသည် အကျပ်အတည်းတစ်ခုနှင့် ရင်ဆိုင်နေရလေ၏။ ကံကောင်းထောက်မစွာဖြင့် စနစ်က ချန်ချင်းအား နက်နဲသိမ်မွေ့သည့် လက်နက် နှစ်သိန်းကျော်ကို အလေးထား၍ ပေးအပ်ခဲ့သည်။

ထိုဓားနှစ်သိန်းဖြင့် ဓားတစ်သောင်း သူတော်စင်ရုပ်ခန္ဓာကိုယ်ကိုယ် ပေါင်းစပ်လိုက်ပါက ချန်ချင်းသည် လက်တစ်ချက် ဝှေ့ယမ်းရုံဖြင့် မည်သည့်အချိန် မည်သည့်နေရာတွင်မဆို ဓားများ၏ကြီးကျယ်ခမ်းနားသော စုဝေးမှုကို အောင်မြင်နိုင်ပေမည်။

ထိုဓားနယ်ပယ်သည် ချန်ချင်းနှင့် ချိတ်ဆက်ပြီးဖြစ်သဖြင့် သူ အလိုရှိသည့်အချိန်တိုင်း ဆင့်ခေါ်နိုင်သည်။

သူသည် လက်ချောင်းနှစ်ချောင်းကိုပူးကာ လေထဲတွင် ဝှေ့ယမ်းလိုက်၏။

ဓားနှစ်သိန်းသည် ဆင့်ခေါ်မှုကို ချက်ချင်းတုံ့ပြန်ပြီး မြေကြီးထဲမှ အလိုအလျောက် ထွက်ပေါ်လာကာ ဓားရေစီးကြောင်းတစ်ခုအဖြစ် ပြောင်းလဲပြီး ချန်ချင်းဆီသို့ စုစည်းလာကြသည်။

အဝေးမှကြည့်လျှင် ဓားနှစ်သိန်းသည် ကောင်းကင်တွင် ပျံသန်းနေသော ငွေရောင်နဂါးတစ်ကောင်နှင့် တူပြီး အေးစက်သော ဓားအလင်းရောင်များက အကြေးခွံများအဖြစ် ဖန်တီးကာ ကြီးမားသော ခြိမ်းခြောက်နိုင်မှု စွမ်းအားကို ထုတ်လွှတ်နေခဲ့လေ၏။

ချန်ချင်းသည် အချိန်တခဏကြာမျှ ကစားပြီးနောက် သူ၏လက်ချောင်းနှစ်ချောင်းကို ချလိုက်သည်။

ဓားနဂါးသည် မိုးကောင်းကင်ယံသို့ တည့်မတ်စွာ ပျံတက်သွားပြီး မီးရှူးမီးပန်းများကဲ့သို့ ပေါက်ကွဲသွားကာ ဓားနှစ်သိန်းသည် မူလနေရာများသို့ လျှင်မြန်စွာ ပြန်လည်ရောက်ရှိသွားသည်။

"မဆိုးဘူး... တကယ့်ကို မဆိုးဘူး..."

ချန်ချင်းက စိတ်ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်သည်။

သူသည် မျက်လုံးများကို မှိတ်လိုက်ပြီးနောက် ပြန်ဖွင့်လိုက်ရာ သူ၏အသိစိတ်သည် ပင်မခန္ဓာကိုယ်သို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။

သူသည် နွေးနေသေးသော လက်ဖက်ရည်ခွက်ကို ကောက်ကိုင်ကာ ဆက်သောက်လိုက်၏။

လက်ဖက်ရည် သောက်နေစဉ် အခန်းထဲရှိ ရှားချင်းယွဲ့၏ ကျင့်ကြံခြင်း တိုးတက်မှုကို သူ အာရုံစိုက်နေခဲ့သည်။

သူမ၏တိုးတက်မှုကို လျင်မြန်သည်ဟု ဖော်ပြနိုင်သည်။

လက်ဖက်ရည်တစ်ခွက် သောက်ပြီးနောက်…

ချန်ချင်းသည် ခုနစ်စင်ကြယ်ဓားမြှောင်ပျံကို ထုတ်ယူလိုက်သည်။ မိုးပြာနဂါးနိုင်ငံ၏ ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးသည့် လုပ်ရပ်များကြောင့် သူ၏ဓားကို အားဖြည့်ရန် သန်းနှင့်ချီသောစစ်သားများက ထောက်ပံ့ပေးခဲ့သည်။

ယခုအချိန်၌ ခုနစ်စင်ကြယ်ဓားမြှောင်ပျံ၏ ဓားကြယ် ခုနစ်ပွင့်အနက် ငါးပွင့်မှာ လင်းလက်နေလေပြီ။

နောက်ဆုံးနှစ်ပွင့်သာ လင်းရန် ကျန်ရှိတော့သည်။

အတွေးတစ်ချက်ဖြင့် ချန်ချင်း၏ခုနစ်စင်ကြယ်ဓားမြှောင်ပျံသည် ငါးလက်အဖြစ် ချက်ချင်းကွဲထွက်သွားပြီး လေထဲတွင် လွင့်မျောနေပေ၏။

ဧကရာဇ်အဆင့် စိတ်ဝိဉာဉ်စွမ်းအားအောက်တွင် ထို ခုနစ်စင်ကြယ်ဓားမြှောင်ငါးလက်ကို ထိန်းချုပ်ခြင်းက သူ့အတွက် အလွန်လွယ်ကူလှသည်။

အကယ်၍ ရှားချင်းယွဲ့သာ ဖြစ်ပါက သူမ၏အတွေးများ ကမောက်ကမ မဖြစ်မီ အမွှေးတိုင်တစ်တိုင်လောင်ကျွမ်းချိန်စာ အချိန်ခန့်ပင် တောင့်ခံနိုင်မည် မဟုတ်ချေ။

ခုနစ်စင်ကြယ်ဓားမြှောင်ပျံ၏ စွမ်းအားမှာ လူတစ်ယောက်၏ စိတ်ဝိဉာဉ်စွမ်းအား လုံလောက်စွာ အားကောင်းနေသရွေ့ ဓားမြှောင်ပျံခုနစ်လက်သည် လွတ်လပ်စွာ တိုက်ခိုက်နိုင်ပြီး ရန်သူများကို ကစဉ့်ကလျား ဖြစ်သွားစေနိုင်ခြင်းပင်။

"ဒီနောက်ဆုံး ဓားကြယ်နှစ်ပွင့်က ဘယ်တော့များမှ လင်းလာမလဲ မသိဘူး..."

ချန်ချင်းက သူ၏ လက်ထဲတွင် တစ်လက်တည်းအဖြစ် ပြန်လည်ပေါင်းစည်းသွားသော ခုနစ်စင်ကြယ်ဓားမြှောင်ပျံကို ကြည့်ကာ သက်ပြင်းချလိုက်၏။

ထိုအချိန်မှာပင် ခြံဝင်းအပြင်ဘက်မှ အသံတစ်သံ ထွက်ပေါ်လာသည်။

"သခင်လေး... အပြင်မှာ ကျန်းယီဂိုဏ်းရဲ့ ဂိုဏ်းချုပ်ဆိုတဲ့ လူတစ်ယောက်က သခင်လေးကို တွေ့ချင်လို့တဲ့..."

"ကျန်းယီဂိုဏ်းလား..."

ချန်ချင်း မှတ်မိသည်မှာ ကျန်းယီဂိုဏ်းသည် မဟာဝူ နိုင်ငံမှ မဟာဂိုဏ်းကြီးဆယ်ဂိုဏ်း၏ ခေါင်းဆောင်ပင်။

"ကျန်းယီဂိုဏ်းရဲ့ ဂိုဏ်းချုပ်က ညသန်းခေါင်ကြီး ငါ့ကို လာရှာဖို့အတွက် ဘာလို့ ဒီလောက် ခရီးဝေးကြီး နှင်လာရတာလဲ..."

ချန်ချင်းသည် ထိုကိစ္စကို အဖြေမရှာနိုင်ခဲ့ချေ။

သူ ဆက်လက်၍ တွေးတောမနေတော့ဘဲ ထိုလူကို ပင်မခန်းမသို့ ခေါ်လာရန် အစေခံအား ညွှန်ကြားလိုက်၏။

တစ်ချိန်တည်းမှာပင် ချန်ချင်းသည် ချန်အိမ်တော်၏ ပင်မခန်းမတွင် ချက်ချင်းထွက်ပေါ်လာခဲ့သည်။

"ထိပ်တန်းဆယ်ခုစာရင်းဝင် အထွတ်အထိပ် သူတော်စင်ရုပ်ခန္ဓာကိုယ်တွေထဲက တစ်ခုလို့ မပြောရဘူး... အချိန်လေဟာနယ်ခန္ဓာကိုယ်က တကယ့်ကို အသုံးဝင်တာပဲ..."

ချန်ချင်းက ပြုံးလိုက်သည်။

အချိန်တခဏအကြာတွင်....

ကျန်းယီဂိုဏ်းချုပ်သည် အစေခံတစ်ဦး၏ ဦးဆောင်မှုဖြင့် ပင်မခန်းမသို့ ရောက်ရှိလာသည်။

ချန်ချင်းကို မြင်တွေ့သည်နှင့် တပြိုင်နက် သူသည် ချက်ချင်းဒူးထောက်ကာ အရိုအသေပေးလိုက်၏။

"ဝမ်ဟိုင်ဖုန်း... ကျန်းယီဂိုဏ်း ရဲ့ ဂိုဏ်းချုပ်က သခင် ကို နှုတ်ခွန်းဆက်သပါတယ်..."

"ထပါ..."

စကားပြောပြီးနောက် သူသည် အစေခံအား လက်ဖက်ရည် တည်ခင်းရန် အချက်ပြလိုက်သည်။

"ထိုင်ပါအုံး..."

"ကျေးဇူးတင်ပါတယ် သခင်..."

ဝမ်ဟိုင်ဖုန်းသည် အနီးအနားရှိ ထိုင်ခုံတစ်ခုဆီသို့ သတိထားကာ လျှောက်သွားပြီး ထိုင်ချကာ လက်ဖက်ရည်ခွက်ကို လက်ခံလိုက်သည်။

"ငါ့ကို လာတွေ့တာ ဘာကိစ္စ ရှိလို့လဲ..."

ချန်ချင်းက တိုက်ရိုက်မေးမြန်းသည်။

"သခင့်ကို အကြောင်းပြန်ပါတယ်... ဒီလက်အောက်ခံ က ဖိတ်စာတစ်စောင် ဆက်သဖို့ လာတာပါ..."

ဝမ်ဟိုင်ဖုန်းက လက်ဖက်ရည်ခွက်ကို အလျှင်အမြန် ဘေးဖယ်ထားလေ၏။

ထို့နောက် သူသည် သူ၏ဝတ်ရုံထဲသို့ လက်နှိုက်ကာ ဖိတ်စာတစ်စောင်ကို ထုတ်ယူလိုက်သည်။

'ဖိတ်စာလား...'

All Chapters