အခန်း ၇၃
Vol. 8 Ch. 73
အခန်း (၇၃) ဒီဧကရာဇ်က မျက်နှာချိုသွေးတဲ့ကောင် လား
"ပြီးပြီ... အခုတော့ လုံးဝပြီးသွားပြီ..."
ဝမ်ဟိုင်ဖုန်း၏အမြင်တွင် ဤသေးငယ်သော အောက်ဘုံအတွက် ခြေလှမ်းတစ်ဝက် ဧကရာဇ်နယ်ပယ် ကျင့်ကြံသူတစ်ဦးသည် ပြိုင်ဘက်ကင်း တည်ရှိမှုနှင့် အနီးစပ်ဆုံးပင်။
ချန်ချင်း၏ ယခင် လှုပ်ရှားမှုဖြစ်သော ဓားတစ်သောင်း တစ်ပြိုင်နက်တည်း ပေါ်ထွက်လာခြင်းနှင့် ဂိုဏ်းချုပ် ချင်ဝူရှင်း ၏ အသက်ကို လုယူပြီး ခန်းခြောက်သွားစေနိုင်သော ကောင်းကင်ဝါးမြို နတ်ဆိုးကျင့်စဉ် နှစ်ခုစလုံးမှာ အံ့အားသင့်ဖွယ်ကောင်းကြောင်း သူ ဝန်ခံရပေမည်။
သို့သော် ခြေလှမ်းတစ်ဝက် ဧကရာဇ် တစ်ပါးကို ယှဉ်ပြိုင်ရန် ဤအရာများကိုသာ အားကိုးခြင်းမှာ ကောင်းကင်သို့ တက်လှမ်းရသကဲ့သို့ ခက်ခဲပေမည်။
"ဒီနေ့... ဒီဧကရာဇ်က မင်းတို့ ဂိုဏ်းတစ်ဂိုဏ်းလုံးမှာ တစ်ယောက်မှ အသက်မရှင်စေရဘူးလို့ အာမခံတယ်..."
နတ်ဆိုးဘိုးဘေး၏ သတ်ဖြတ်လိုခြင်း အရှိန်အဝါသည် အလွန်ပြင်းထန်နေပေ၏။
သို့သော် ချန်ချင်း၏မျက်လုံးထဲတွင် ကောင်းကင်နှင့် မြေကြီးကို ပြောင်းလဲစေသော သူ၏နည်းလမ်းများသည် လုံးလုံးလျားလျား ကလေးဆန်လှသည်။
ချန်ချင်းသည် လေထဲတွင် သူ၏ လက်ချောင်းငါးချောင်းကို ဖမ်းဆုပ်လိုက်ရာ ကျန်းတစ်ရာရှိသော လက်ကြီးတစ်ဖက်သည် လေဟာနယ်ကို တိုက်ရိုက် ဖျက်ဆီးလိုက်ပြီး နတ်ဆိုးဘိုးဘေးကို အထဲတွင် လှောင်ပိတ်ထားသော လှောင်ချိုင့်တစ်ခုအဖြစ် ထွက်ပေါ်လာကာ အဆက်မပြတ် တင်းကြပ်လာသည်။
"အသေးအဖွဲ လှည့်ကွက်တွေ..."
နတ်ဆိုးဘိုးဘေးသည် အစပိုင်းတွင် ဤလှုပ်ရှားမှုကို အလေးအနက် မထားခဲ့ဘဲ သူ၏ခြေလှမ်းတစ်ဝက် ဧကရာဇ်စွမ်းအားကို အသုံးပြု၍ ခုခံရန် ကြိုးစားလိုက်သည်။ သို့သော် သူ၏ဧကရာဇ် စွမ်းအားနှင့် ချီ များသည် သူ၏အမိန့်ကို မတုံ့ပြန်ကြောင်း တွေ့ရှိလိုက်ရကာ သူ အံ့အားသင့်သွားပြီးနောက် ထိတ်လန့်တကြား တုံ့ပြန်လိုက်၏။
"ဒါ... ဒါက ဧကရာဇ်စွမ်းအားလား... မင်းလည်း ခြေလှမ်းတစ်ဝက် ဧကရာဇ် တစ်ယောက်ပဲ..."
နတ်ဆိုးဘိုးဘေး အစပိုင်းတွင် ဤသို့ တွေးတောရခြင်း၏ အကြောင်းအရင်းမှာ ရိုးရှင်းလှသည်။ လောကတွင် မဟာဧကရာဇ်တစ်ပါးသာ ရှိနိုင်ကြောင်း သူ သိထားပြီး ထျန်းရွှမ်မဟာဧကရာဇ် သေဆုံးသွားပြီကို သူ မကြားခဲ့ချေ။
ပန်းချီကားများတွင် မြင်ဖူးသဖြင့် ထျန်းရွှမ် မဟာဧကရာဇ် မည်ကဲ့သို့ ပုံပန်းသွင်ပြင်မျိုးရှိသည်ကိုလည်း သူ သိထားလေ၏။
'သခင် ကလည်း ခြေလှမ်းတစ်ဝက် ဧကရာဇ် ကျွမ်းကျင်သူ တစ်ယောက်လား... ပြီးတော့ သူ့ရဲ့ အခြေခံအုတ်မြစ်က ဒီနတ်ဆိုးဂိုဏ်းဘိုးဘေးထက်တောင် ပိုမြင့်သေးတယ်...'
နတ်ဆိုးဘိုးဘေး၏ စကားများကို ကြားသောအခါ ဝမ်ဟိုင်ဖုန်း၏အကြည့်သည် ချန်ချင်းထံသို့ ချက်ချင်း ရောက်ရှိသွားတော့သည်။
သူ မတုံ့ပြန်နိုင်မီမှာပင် နတ်ဆိုးဘိုးဘေး၏ ပို၍ မျှော်လင့်ချက်မဲ့နေသော အသံကို သူ ကြားလိုက်ရသည်။
"မဟုတ်ဘူး... ဒါက ခြေလှမ်းတစ်ဝက် ဧကရာဇ် တစ်ယောက်ရဲ့ စွမ်းအား မဟုတ်ဘူး... ဒါက မဟာဧကရာဇ် တစ်ပါးရဲ့ စစ်မှန်တဲ့ စွမ်းအားပဲ..."
သူ၏စွမ်းအားများအားလုံးကို အသုံးပြုပြီးနောက် ချန်ချင်း၏လှုပ်ရှားမှုအောက်တွင် သူ လှုပ်ရှားမှုတစ်ခုပင် မလုပ်နိုင်ကြောင်း နားလည်သဘောပေါက်သွားချိန်၌ ဤအဖြစ်မှန်ကို သူ လက်မခံဘဲ မနေနိုင်တော့ချေ။
သူက နားမလည်စွာဖြင့် ပြောလိုက်၏။
"မဟုတ်ဘူး... မဖြစ်သင့်ဘူး... ထျန်းရွှမ် မဟာဧကရာဇ်က မသေဆုံးသေးဘူးလေ... မင်း... မင်းက ဘယ်လိုလုပ် မဟာဧကရာဇ် ဖြစ်နိုင်မှာလဲ... ဒါက ကောင်းကင်တာအိုရဲ့ ဥပဒေသနဲ့ မကိုက်ညီဘူး..."
ကံမကောင်းစွာဖြင့် နတ်ဆိုးဘိုးဘေးသည် ဤကိစ္စ၏ နောက်ကွယ်ရှိ အကြောင်းအရင်းကို မည်သို့မျှ နားလည်နိုင်မည် မဟုတ်ချေ။
ကျန်းတစ်ရာရှိသော လက်သီးကြီး ဆုပ်လိုက်သည့် အခိုက်အတန့်တွင် သူ၏ရုပ်ခန္ဓာကိုယ်သည် သူ၏စိတ်ဝိညာဉ်သုံးခုနှင့် စိတ်ဆန္ဒခုနစ်ပါးတို့နှင့်အတူ တည်ရှိမှုမှ လုံးဝဖျက်ဆီးခံလိုက်ရသည်။
သူ တစ်ကြိမ်တစ်ခါမှ ထွက်ပေါ်လာခဲ့ခြင်း မရှိသလောဟု တစ်စုံတစ်ယောက်ကို သံသယဝင်သွားစေလောက်အောင် မည်သည့်အကြွင်းအကျန်မျှ မကျန်ရှိခဲ့ချေ။
"ဘိုးဘေး..."
ဂိုဏ်းချုပ် ချင်ဝူရှင်းသည်လည်း နတ်ဆိုးဂိုဏ်း၏ဂိုဏ်းချုပ်တစ်ယောက်ဖြစ်သည့်တိုင် အလွန်အမင်း မျှော်လင့်ချက်မဲ့မှုထဲတွင် ကျင့်ကြံခြင်း နှင့်သက်ရှိစွမ်းအင်များကို စုပ်ယူခြင်းခံလိုက်ရတော့သည်။
ကောင်းကင်ဝါးမြို နတ်ဆိုးကျင့်စဉ်၏ အားအကောင်းဆုံး အချက်မှာ ချန်ချင်းသည် သူ၏ ကျင့်ကြံခြင်းထက် နိမ့်ကျသော မည်သူ့ကိုမဆို ချွင်းချက်မရှိ ဝါးမြိုနိုင်ခြင်းပင်။
စနစ်၏မိတ်ဆက်ကို ဖတ်ပြီးနောက် သူ ကိုယ်တိုင်ပင် ဤကောင်းကင်ဝါးမြို နတ်ဆိုးကျင့်စဉ်သည် နတ်ဆိုးဂိုဏ်းများထက်ပင် ပို၍နတ်ဆိုးဆန်ကြောင်း ရေရွတ်ခဲ့ရလေ၏။
ဤနည်းစနစ်ကြောင့် နတ်ဆိုးဂိုဏ်းများပင် ရှက်ရွံ့သွားပြီး သူတို့၏အသက်နှင့် ကျင့်ကြံခြင်းစွမ်းအားများအားလုံးကို ချန်ထားခဲ့ပေမည်။
နတ်ဆိုးဂိုဏ်း၏ တိုက်ခိုက်မှု အကျပ်အတည်းကို ဖြေရှင်းပြီးနောက် ချန်ချင်းသည်လည်း ကောင်းကင်ဝါးမြို နတ်ဆိုးကျင့်စဉ်ကို အသုံးပြုခြင်းအား ရပ်တန့်လိုက်ပြီး အပြာရောင် ကောင်းကင်ကြီးကို ပြန်လည်၍ ပေါ်လွင်သွားစေသည်။
'ဂုဏ်သရေရှိတဲ့ နတ်ဆိုးဂိုဏ်းရဲ့ ခေါင်းဆောင် ဂိုဏ်းချုပ် ချင်ဝူရှင်းနဲ့ နတ်ဆိုးဘိုးဘေးတို့က တကယ်ကြီး သခင့်ရဲ့ တစ်ဖက်သတ် သတ်ဖြတ်ခြင်းကို ခံလိုက်ရတာပဲ...'
နတ်ဆိုးဂိုဏ်း၏ ဂိုဏ်းချုပ်နှင့် ဘိုးဘေး တို့သည် ချန်ချင်း၏လက်ထဲတွင် အသတ်ခံရခြင်းနှင့် ပတ်သက်၍ ယခင်က နတ်ဆိုးဂိုဏ်းတပည့်များနှင့် အကြီးအကဲများနှင့် ကွာခြားမှုမရှိကြောင်း ဝမ်ဟိုင်ဖုန်း ခံစားလိုက်ရသည်။
ထိုအရာအားလုံးက တစ်ဖက်သတ် သတ်ဖြတ်ခြင်းဖြစ်ပြီး တစ်ဖက်လူများသည် ပြန်လည်တိုက်ခိုက်ရန် အခွင့်အရေး မရှိခဲ့ချေ။
မည်သည့်အရာများ ကွာခြားနေသနည်း...
ဤသည်မှာ ကျင့်ကြံဆင့်နယ်ပယ် ကွာခြားမှုမျှသာ ဖြစ်သော်လည်း တူညီသောအချက်မှာ သူတို့၏ ကျင့်ကြံခြင်း နယ်ပယ်များသည် မဟာဧကရာဇ် တစ်ပါးဖြစ်သော ချန်ချင်း၏ရှေ့တွင် ကြွားလုံးထုတ်ရန် မလုံလောက်ခြင်းပင်။
သူ ထိုအကြောင်းကို တွေးတောလေလေ ဝမ်ဟိုင်ဖုန်း၏ ချန်ချင်းအပေါ် သစ္စာရှိမှုသည် အဆပေါင်းများစွာ တိုးပွားလာလေလေပင်။
ဤဘဝတွင် သူသည် ချန်ချင်းကို သူ၏သခင်အဖြစ် သစ္စာစောင့်သိရန် စိတ်ပိုင်းဖြတ်လိုက်သည်။
နတ်ဆိုးဂိုဏ်းနှင့် ပတ်သက်သော ကိစ္စများ ပြီးဆုံးသွားပြီးနောက် ချန်ချင်းသည် ကျန်းယီဂိုဏ်းတွင် များစွာအချိန်ဆွဲမနေတော့ချေ။
သူ ရှေ့သို့ ခြေတစ်လှမ်းလှမ်းလိုက်ရာ လေဟာနယ်ကို အက်ကွဲသွားစေပြီး သူ၏ခြေထောက်များ အောက်သို့ ကျဆင်းသွားချိန်၌ သူသည် ချန်အိမ်တော်သို့ ပြန်ရောက်နေလေပြီ။
ထိုအချိန်မှာပင်...
ရှားချင်းယွဲ့က စိတ်ဝိညာဉ်ခွဲခြားခြင်းနယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်နေသည်ကို သူ အမှတ်မထင် ကြုံတွေ့လိုက်ရသည်။
"သူက စိတ်ဝိညာဉ်ခွဲခြားခြင်းနယ်ပယ်ကို ရောက်နေပြီလား..."
အကယ်၍ သူ ကိုယ်တိုင်သာ စနစ်ဖြင့်လှည့်စားမှုတစ်ခု မဟုတ်ခဲ့ပါက ချန်ချင်းသည် ရှားချင်းယွဲ့ကို လှည့်စားမှုဖြင့် ကောင်းကင်တာအိုထံ သေချာပေါက် တိုင်ကြားပေမည်။
တစ်ချိန်တည်းမှာပင် ရှားချင်းယွဲ့သည်လည်း ခြံဝင်းအတွင်းရှိ အရှိန်အဝါကို သတိပြုမိသွားသည်။
သူမ၏ခင်ပွန်း ချန်ချင်း ဖြစ်ကြောင်း အတည်ပြုပြီးမှသာ သူမ၏ တင်းကျပ်စွာ တွန့်ကွေးနေသော မျက်ခုံးများ ပြေလျော့သွားခဲ့လေ၏။
သူမ တံခါးကို ဖွင့်ကာ အခန်းထဲမှ အလျင်အမြန် ထွက်လာပြီး သူမ၏ မျက်လုံးများတွင် ပျော်ရွှင်မှု အရိပ်အယောင် ထင်ဟပ်နေကာ ပြောဆိုသည်။
"ခင်ပွန်း... ကျွန်မ စိတ်ဝိညာဉ်ခွဲခြားခြင်းနယ်ပယ်ကို ချိုးဖျက်ဝင်ရောက်နိုင်ခဲ့ပြီ..."
ဤသတင်းကောင်းကို ချန်ချင်းနှင့် မျှဝေရန် သူမ မစောင့်ဆိုင်းနိုင်တော့ချေ။
"အံ့အားသင့်စရာပဲ... ငါ့ရဲ့ဇနီးလေး ပီသပါပေတယ်..."
ဤကဲ့သို့သော အချိန်မျိုးတွင်ပင် ချန်ချင်းသည် ရှားချင်းယွဲ့ကို ပေါ့ပေါ့ပါးပါး လူပျိုလှည့်ရန် မမေ့လျော့သေးချေ။
"ယောကျာ်း... ရှင် ကျွန်မကို ထပ်စနေပြန်ပြီ..."
ရိုးရိုးသားသား ပြောရလျှင် မြင့်မြတ်ပြီး အလွန် ဩဇာလွှမ်းမိုးမှု ရှိလာမည့် အနာဂတ် ကောင်းကင်အမိန့်တော် ဧကရီသည် ယခုအချိန် သူ၏ စကားအနည်းငယ်ကြောင့် မျက်နှာနီရဲနေသည်ကို မြင်ရခြင်းမှာ အမှန်တကယ်ကို အတော်လေး ရယ်စရာကောင်းလှသည်။
ရှားချင်းယွဲ့၏ နှလုံးသားတစ်ခုလုံးနှင့် သူမ၏ တည်ရှိမှု တစ်ခုလုံးကို သူ လုံးလုံးလျားလျား သိမ်းပိုက်ထားနိုင်ကြောင်း သိလိုက်ရသောအခါ မူလက လိုက်ဖက်သော စုံတွဲဖြစ်သည့် ဇာတ်လိုက်ယဲ့ဖုန်း မည်သို့ တွေးနေမည်ကို သူ အလွန်ကြည့်ချင်နေခဲ့သည်။
တစ်ဖက်လူသည် ဇာတ်ညွှန်းအတိုင်း သူ့ကို အသေအလဲ သတ်ရန် ကြိုးစားမည်လော သို့မဟုတ် သူ၏တာအို နှလုံးသား ပျက်စီးပြီး ချီသွေဖည်ခြင်းသို့ ဦးတည်သွားမည်လော...
မည်သည့်အချိန်၌ ရပ်ရမည်ကို သိထားသဖြင့် ချန်ချင်းသည် အစောပိုင်းက သူ ဖော်စပ်ထားသော နဝမအဆင့် ဆေးလုံးတစ်ရာကို ထုတ်ယူကာ ရှားချင်းယွဲ့၏ လက်ကို ကိုင်ပြီး သူမ၏လက်ဝါးထဲသို့ ထည့်ပေးလိုက်၏။
"ဒါတွေက ငါ အခုလေးတင် ဖော်စပ်ထားတဲ့ ဆေးလုံး တွေပဲ... မင်းရဲ့ ကျင့်ကြံခြင်းကို တိုးတက်ဖို့ ကူညီပေးနိုင်တယ်..."
ရှားချင်းယွဲ့ လက်ခံရန် ဟန်ပြင်လိုက်သော်လည်း ပုလင်းအဖုံးကို ဖွင့်လိုက်သောအခါ ထိုအရာအားလုံးမှာ နဝမအဆင့် ဆေးလုံးများဖြစ်ပြီး ဆေးလုံးအမှတ်အသား အဆင့်များ ဖြစ်နေကြောင်း တွေ့ရှိလိုက်ရသည်။
"ဒါ... ဒါက အရမ်းအဖိုးတန်လွန်းတယ်... ကျွန်မ လက်မခံနိုင်ဘူး..."
နဝမအဆင့် ဆေးလုံးအမှတ်အသားပါသေယ ဆေးလုံး တစ်ရာကို မဟာဝူနိုင်ငံတွင် မဆိုထားနှင့် ထျန်းရွှမ်ကုန်းမြေတစ်ခုလုံးတွင်ပင် မရေမတွက်နိုင်သော ထိပ်တန်း အင်အားစုများသည် အလွယ်တကူ ထုတ်လုပ်နိုင်မည် မဟုတ်ချေ။
"ဘာလို့ လက်မခံနိုင်ရမှာလဲ... ငါ့ရဲ့ဇနီးလေးက ငါ့ကို မိသားစုလို့ မသတ်မှတ်လို့လား..."
"မဟုတ်ပါဘူး... ဒါပေမဲ့... ဒါပေမဲ့..."
ရှားချင်းယွဲ့က အလျင်အမြန် ငြင်းဆိုလိုက်သော်လည်း သူမ၏စကားလုံးများ လည်ချောင်းတွင် တစ်ဆို့သွားပြီး မည်သို့ ရှင်းပြရမည်ကို မသိတော့ချေ။
"ကောင်းပြီ... ယူထားလိုက်ပါ... မင်းရဲ့ ခင်ပွန်းက မဟာဧကရာဇ်နယ်ပယ်ကို ရောက်နေပြီလေ... ဒီ ဆေးလုံးတွေက ငါ့အတွက် သိပ်ပြီးမတိုးတက်စေတော့ဘူး... ပြီးတော့ ငါက နဝမအဆင့် ဆေးပညာရှင် တစ်ယောက် ဖြစ်နေပြီပဲ... ဒီဆေးလုံးတွေကို ငါက ဘယ်အချိန်ပဲဖြစ်ဖြစ် ထပ်ပြီးဖော်စပ်နိုင်တယ်.."
"ငါ့ရဲ့ဇနီးလေး ဧကရာဇ်နယ်ပယ်ကို မြန်မြန်ရောက်ဖို့ ငါ မျှော်လင့်နေတုန်းပဲ... ဒါမှ ငါ့ဇနီးလေးရဲ့ ခြေထောက်ကိုဖက်ပြီး ငါ အပါးခိုလို့ရမှာပေါ့..."
ချန်ချင်းက နောက်ပြောင်လိုက်၏။
"မဟာဧကရာဇ်တစ်ပါးက ဘယ်လိုလုပ်ပြီး သူ့ရဲ့ဇနီးကြောင့် အပါးခိုလို့ ရမှာလဲ..."
ရှားချင်းယွဲ့သည် ချန်ချင်း၏စကားကြောင့် ရယ်မောပြီး နောက်ဆုံးတွင် နဝမအဆင့် ဆေးလုံးပုလင်းကို လက်ခံလိုက်သည်။
သူမ ထိုသို့ ပြောဆိုခဲ့သော်လည်း ရှားချင်းယွဲ့သည် သူမ၏ခွန်အားဖြင့် သူမ၏ ခင်ပွန်းကို အားကောင်းစွာ ကာကွယ်ပေးရသည့် ခံစားချက်မျိုးကို အမှန်တကယ် ခံစားကြည့်ချင်ခဲ့သည်။
ယခုအချိန်တွင် သူမသည် အားနည်းလွန်းသေးသည်ဟု ခံစားရပြီး အားကောင်းသော ရန်သူများကို ရင်ဆိုင်ရသောအခါ သူမသည် ချန်ချင်း၏နောက်တွင်သာ ပုန်းအောင်းနေနိုင်ပြီး ဘာမှ မကူညီနိုင်ခဲ့ချေ။
"တခြားမဟာဧကရာဇ်တွေကိုတော့ ငါ ဂရုမစိုက်ဘူး... ဘယ်လိုပဲဖြစ်ဖြစ် ငါ ချန်ချင်းက ငါ့ရဲ့ဇနီးနောက်ကနေ အပါးခိုဖို့ ဆုံးဖြတ်ထားတယ်..."
ချန်ချင်းက ရှက်ရွံ့ခြင်းမရှိဘဲ ဂုဏ်ယူဝံ့ကြွားစွာ ပြောလိုက်သည်။
သူ၏ တည်ကြည်လေးနက်သော အမူအရာကို မြင်သောအခါ ရှားချင်းယွဲ့က ပြုံးလိုက်ပြီး အလိုလိုက်သည့်ဟန်ဖြင့် ပြောလိုက်သည်။
"ကောင်းပါပြီ... ကောင်းပါပြီ... ကျွန်မ သေချာပေါက် မြန်မြန် အားကောင်းလာအောင် ကြိုးစားပါ့မယ်... ဒါမှ ကျွန်မ ခင်ပွန်းက ကျွန်မရဲ့နောက်ကနေ အပါးခိုလို့ ရမှာပေါ့..."
သူမ၏ အစွမ်းထက်ပြီး အလိုလိုက်သော ခင်ပွန်းသည် ပြင်ပလူများအပေါ် အလွန်လွှမ်းမိုးမှုရှိသော်လည်း သူမ၏ ရှေ့တွင် တစ်ခါတစ်ရံ ကလေးဆန်သော အသွင်အပြင်ကို ပြသတတ်သည်ဟု သူမ အမြဲတစေ ခံစားရလေ၏။
ရှားချင်းယွဲ့ လုံးဝစိတ်မဆိုးချေ။ ဆန့်ကျင်ဘက်အနေဖြင့် ဤကိစ္စကို အလွန်စိတ်ဝင်စားစရာကောင်းသည်ဟု သူမ ထင်မြင်ပြီး နှစ်သက်နေသည်။
သူမ အနည်းငယ် ဂုဏ်ယူဝံ့ကြွားသကဲ့သို့ပင် ခံစားမိသည်။
အဘယ်ကြောင့်ဆိုသော် ယခုအချိန်အထိ ချန်ချင်းသည် သူမ တစ်ယောက်တည်းကိုသာ ဤကဲ့သို့ အသွင်အပြင်မျိုး ပြသခဲ့ဖူးသောကြောင့်ပင်။
အရေးအကြီးဆုံးမှာ ချန်ချင်းသည် အမြင့်ဆုံး အာဏာရှိသော မဟာဧကရာဇ် တစ်ပါးဖြစ်သော်လည်း တခြားအစွမ်းထက်သူများကဲ့သို့ အဟောင်းကို ငြီးငွေ့ပြီး ဇနီးများနှင့် ကိုယ်လုပ်တော်အများအပြားကို မယူခဲ့ခြင်းပင်။
သူမအတွက် ဂိုဏ်းတစ်ခု၏ သူတော်စင်မိန်းမပျိုတစ်ဦးကိုပင် သူ ငြင်းပယ်ခဲ့ဖူးလေ၏။
ထိုသူတော်စင်မိန်းမပျိုအပြင် မကြာသေးမီက ချန်ချင်းသည် နတ်ဆိုးဂိုဏ်းချုပ် ချင်ဝူရှင်း၏ တာအိုလက်တွဲဖော်လုပ်ရန် ကမ်းလှမ်းမှုကို ရှားချင်းယွဲ့အတွက် သူ ငြင်းပယ်ခဲ့ကြောင်း သူမ မသိခဲ့ချေ။
'သူတော်စင်မိန်းမပျိုလား...'
ရှားချင်းယွဲ့သည် ချန်ချင်းကို ကြည့်လိုက်၏။
'ငါ့ရဲ့ခင်ပွန်းက အရမ်းပြီးပြည့်စုံတာပဲ... အနာဂတ်မှာ ချင်းထန်ဂိုဏ်း သူတော်စင်မိန်းမပျိုလို ကိစ္စမျိုးတွေ... ပိုပြီး မကြာခဏ ဖြစ်လာတော့မှာမလား... ချင်းထန်ဂိုဏ်းက သူတော်စင်မိန်းမပျိုထက် ပိုပြီးထူးချွန်တဲ့ အမျိုးသမီးတွေလည်း ပိုပြီးထွက်ပေါ်လာတော့မှာပဲ...'
ချန်ချင်းသည် စိတ်ကို ဖတ်တတ်သူ မဟုတ်သဖြင့် ထိုအချိန်တွင် ရှားချင်းယွဲ့ ဘာတွေးနေသည်ကို သူ မသိနိုင်ခဲ့ချေ။
ဤအချိန်တွင် သူ၏စိတ်အာရုံသည် စနစ်မျက်နှာပြင်ပေါ်တွင်သာ လုံးလုံးလျားလျား ရှိနေသည်။
သူ တွေးနေသမျှမှာ နဝမအဆင့် ဆေးလုံး ရာပေါင်းများစွာကို အသုံးပြုခြင်းဖြင့် မည်ကဲ့သို့ ဆုလာဘ်မျိုး ရနိုင်မည်နည်း ဟူ၍သာ ဖြစ်ပေ၏။