အခန်း ၇၇
Vol. 8 Ch. 77
အခန်း (၇၇) မဟာဧကရာဇ်
'အဆုံးမဲ့ ချီပင်လယ် လား...'
ချန်ချင်းသည် စနစ်က ပြောပြလိုသောအရာကို သူ နားလည်မှု လွဲနေမည်အား စိုးရိမ်သဖြင့် အသေးစိတ် မိတ်ဆက်ကို ချက်ချင်းနှိပ်ကြည့်လိုက်၏။
သူ စစ်ဆေးကြည့်ပြီးနောက် စိတ်အေးသွားတော့သည်။
သူ နားလည်မှုလွဲခြင်း မဟုတ်ချေ။ အဆုံးမဲ့ချီပင်လယ် ၏အဓိပ္ပာယ်မှာ အဆုံးမဲ့စိတ်ဝိညာဉ်စွမ်းအားများပင်။
ဆိုလိုသည်မှာ ယခုချိန်မှစ၍ ချန်ချင်းသည် စိတ်ဝိညာဉ်စွမ်းအားများအတွက် စိတ်ပူရန် မလိုတော့ခြင်းပင်။ ကောင်းကင်အဆင့် အထွတ်အထိပ် လှုပ်ရှားမှုများကို အကြိမ်ရာပေါင်းများစွာ သို့မဟုတ် ထောင်ပေါင်းများစွာ အသုံးပြုခြင်းက သူ့ကို အနည်းငယ်မျှပင် ထိခိုက်စေမည် မဟုတ်ချေ။
တခြားသူများကမူ ကွာခြားလေ၏။ သူတို့၏စိတ်ဝိညာဉ်စွမ်းအားများ ကုန်ခမ်းသွားသည်နှင့်တပြိုင်နက် သူတို့သည် လှုပ်ရှားနိုင်စွမ်း ဆုံးရှုံးသွားပေမည်။ သူတို့သည် ဆက်လက်တိုက်ခိုက်ရန် မဆိုထားနှင့် သူတို့တည်ငြိမ်စွာ မတ်တတ်ရပ်နိုင်ခြင်းရှိမရှိ ဆိုသည်ကပင် ပြဿနာတစ်ခု ဖြစ်လာပေမည်။
လက်ရှိ ချန်ချင်းအတွက်ပင်လျှင် ဤမျှထိ ကောင်းကင်ကို အန်တုသော ဆုလာဘ်မျိုး ရရှိရန် အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံး သန်းတစ်ရာမျှသာ သုံးစွဲလိုက်ရခြင်းမှာ တည်ငြိမ်သော အမြတ်တစ်ခုမျှသာ မဟုတ်ဘဲ ပေါက်ကွဲထွက်လောက်သော အမြတ်တစ်ခုပင်။
ထိုအရာကို ဘေးဖယ်ထားလျှင်ပင် အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံး သန်းတစ်ရာကို သုံးစွဲပြီးသည့်တိုင် သူ့ထံတွင် သန်းထောင်သောင်းပေါင်းများစွာ ကျန်ရှိနေဆဲပင်။
[ဇနီးသည်ကို အလိုလိုက်ခြင်း အောင်မြင်ပါသည်... အိမ်ရှင်က ကျပန်းဆုလာဘ်အဖြစ် အဆင့်မြင့်စိတ်ဝိညာဉ်ကျောက်တုံး သန်းတစ်ထောင်ကို ရရှိသည့်အတွက် ဂုဏ်ယူပါသည် ]
[ဇနီးသည်ကို အလိုလိုက်ခြင်း အောင်မြင်ပါသည်... အိမ်ရှင်က ကျပန်းဆုလာဘ်အဖြစ် အထွတ်အထိပ် မဟာဧကရာဇ် အတွေ့အကြုံ လက်ဆောင်ထုပ်တစ်ထုပ်ကို ရရှိသည့်အတွက် ဂုဏ်ယူပါသည် ]
[ဇနီးသည်ကို အလိုလိုက်ခြင်း အောင်မြင်ပါသည်... အိမ်ရှင်က ကျပန်းဆုလာဘ်အဖြစ် ကောင်းကင်အဆင့်မြင့် မီးစိတ်ဝိညာဉ်အမြှစ်တစ်ခုကို ရရှိသည့်အတွက် ဂုဏ်ယူပါသည် ]
ထို့နောက် ချန်ချင်းသည် လေလံပွဲကို လက်ဝါးကြီးအုပ်လုနီးပါး လုပ်ဆောင်ပြီး အဆင့်မြင့် ဆုလာဘ်များစွာကို ရယူနိုင်ခဲ့လေ၏။
သူသည် မဟာဧကရာဇ်တစ်ယောက်၏ လမ်းကြောင်းတွင် အထွတ်အထိပ်အဆင့်သို့ ချက်ချင်းရောက်ရှိရန် အတွေ့အကြုံ လက်ဆောင်ထုပ်ကို အသုံးပြုခဲ့ပြီးနောက် ကောင်းကင်အဆင့်မြင့် မီးစိတ်ဝိညာဉ်အမြှစ်ကို သူ၏ခန္ဓာကိုယ်ထဲသို့ ပေါင်းစပ်လိုက်သည်။
ချန်ချင်း တွက်ချက်ကြည့်လိုက်ရာ အဆင့်မြင့် မီးစိတ်ဝိညာဉ်အမြှစ်အပြင် ယခုအချိန်၌ သူသည် ကောင်းကင်အဆင့်မြင့် လျှပ်စီးမိုးကြိုးစိတ်ဝိညာဉ်အမြှစ်နှင့် ရေခဲစိတ်ဝိညာဉ်အမြှစ်တို့ကိုလည်း ပိုင်ဆိုင်ထားပြီးဖြစ်သည်။
အကယ်၍ သူ ဤအမြန်နှုန်းအတိုင်း ဆက်သွားပါက သဘာဝဒြပ်စင်အားလုံး၏ အဆင့်မြင့် စိတ်ဝိညာဉ်အမြှစ်များကို ရရှိမည့်နေ့မှာ သိပ်မဝေးတော့ဟု သူ ခံစားလိုက်ရသည်။
ချန်ချင်း၏ ထွက်ပေါ်လာမှုကြောင့် လေလံပွဲတစ်ခုလုံးသည် လူအများ မျှော်လင့်ထားသည်ထက် ပို၍မြန်ဆန်စွာ ပြီးဆုံးသွားခဲ့လေ၏။
အကြောင်းအရင်းမှာ ပြိုင်ဆိုင်မှု လုံးလုံးလျားလျား မရှိတော့သောကြောင့်ပင်။
ဘယ်သူက သူ့ကို ယှဉ်နိုင်မှာလဲ...
သူက ပါးစပ်ဟလိုက်တာနဲ့ အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံး သန်းတစ်ရာလို့ ပြောလိုက်တာဆိုတော့…
ချမ်းသာတဲ့ ကုန်သည်တွေနဲ့ အစွမ်းထက်ကျင့်ကြံသူတွေကို ပြန်ပြောခွင့် တစ်စက်လေးတောင် မပေးခဲ့ဘူး...
လေလံပွဲတစ်ခုလုံးသည် သံသယဝင်စရာ မလိုဘဲ ချန်ချင်း၏ ကိုယ်ပိုင်စင်မြင့်တစ်ခုအဖြစ် လုံးလုံးလျားလျား ပြောင်းလဲသွားခဲ့လေ၏။
"သူ့ဆီမှာ စိတ်ဝိညာဉ်ကျောက်တုံး ဘယ်လောက်တောင် ရှိနေလဲဆိုတာ ဘယ်သူများ ငါ့ကို ပြောပြနိုင်မလဲ... သူ သန်းရာကျော် သုံးပြီးသွားပြီ... ပြီးတော့ အဲ့ဒါတွေအားလုံးက အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံး တွေချည်းပဲ..."
"သူနဲ့ ယှဉ်လိုက်ရင်... ဒီနိုင်ငံရဲ့ အချမ်းသာဆုံးလူ ဖြစ်တဲ့ ငါက တကယ်ပဲ ချမ်းသာတယ်လို့ သတ်မှတ်လို့ ရနိုင်အုံးမလား..."
"ဒီလောက်တောင် တရားလွန်လွန်းတယ်... ဒီလောက် ဖြုန်းတီးနိုင်ဖို့အတွက် သူ့မှာ စိတ်ဝိညာဉ် သွေးကြော အနည်းဆုံး ရာနဲ့ချီပြီး ရှိနေရမယ်မလား..."
ယခုချိန်မှစ၍ 'ငွေကို ရေလို သုံးသည်' ဟူသော စကားစုကို ထျန်းရွှမ်ကုန်းမြေ တစ်ခုလုံးတွင် ချန်ချင်းတစ်ယောက်တည်းသာ အသုံးပြုရန် ထိုက်တန်ပေလိမ့်မည်။
မရေမတွက်နိုင်သော မျက်လုံးများသည် လှေကားထစ်ပေါ်တွင် စိုက်ကြည့်နေကြပြီး ချန်ချင်း ဒုတိယထပ်မှ ဆင်းလာကာ သူ့ကို မျက်နှာချိုသွေးရန် စောင့်ဆိုင်းနေကြ၏။
ကံမကောင်းစွာဖြင့် သူတို့သည် ခြေတစ်လှမ်း နောက်ကျနေဆဲပင်။ ချန်ချင်းနှင့်ရှားချင်းယွဲ့တို့ သီးသန့်ခန်းမှ ထွက်လာသည်နှင့်တပြိုင်နက် သူတို့ကို ထျန်းကျီလေလံမြို့တော်၏ မြို့တော်ဝန်က အထူးသီးသန့်ခန်းတစ်ခုသို့ ချက်ချင်းဖိတ်ခေါ်သွားခဲ့သည်။
"ထျန်းကျီ လေလံမြို့တော်က လေးစားအပ်တဲ့ ဧည့်သည်တော် တွေကို ကြိုဆိုပါတယ်... ကျွန်တော်က ဒီလေလံမြို့တော်ရဲ့ ပိုင်ရှင် မြို့တော်ဝန်ကျောက်ဝမ်ရွှမ်းပါ..."
ချန်ချင်းနှင့်ရှားချင်းယွဲ့တို့ ရောက်လာသည်ကို မြင်သောအခါ ထိုအမျိုးသားက တက်တက်ကြွကြွ နှုတ်ခွန်းဆက်သပြီး အလွန်စိတ်အားထက်သန်စွာဖြင့် သူတို့ကို ထိုင်ရန် ဖိတ်ခေါ်လိုက်၏။
ထို့နောက် သူသည် ချက်ချင်းဆိုသလိုပင် တစ်စုံတစ်ယောက်ကို လက်ဖက်ရည် ပြင်ဆင်ခိုင်းပြီး အကောင်းဆုံး အရည်အသွေးရှိသော စိတ်ဝိညာဉ် လက်ဖက်ရည်ကို တည်ခင်းပေးကာ အနည်းငယ်မျှ ပေါ့ဆမှုရှိမည်ကိုပင် စိုးရိမ်နေခဲ့သည်။
"မေးခွန်းတစ်ခုလောက် မေးလို့ ရမလား... ခင်ဗျား ဖိတ်ခေါ်တဲ့ ရည်ရွယ်ချက်က ဘာလဲ..."
မြို့တော်ဝန်ကျောက်ဝမ်ရွှမ်းနှင့် အချိန်များစွာဖြုန်းတီးရန် ဆန္ဒမရှိသဖြင့် ချန်ချင်းက လိုရင်းကိုသာ တိုက်ရိုက်မေးမြန်းလိုက်၏။
ဤအချိန်များကို ရှားချင်းယွဲ့နှင့်အတူ ထျန်းလုံမြို့ကို လည်ပတ်ရာတွင် အသုံးပြုခြင်းက ပိုကောင်းမည်ဟု သူ တွေးတောလိုက်မိသည်။
"သခင်တို့နှစ်ယောက်က ကျွန်တော့်ရဲ့ ထျန်းကျီ လေလံမြို့တော်မှာ ရတနာတွေ ရယူဖို့ ငွေအများကြီး သုံးစွဲခဲ့တယ်... ကျွန်တော့်ရဲ့ ကျေးဇူးတင်မှုကို ပြသတဲ့အနေနဲ့ ပေးစရာ လက်ဆောင်လေး တစ်ခု ရှိပါတယ်... ကျေးဇူးပြုပြီး မငြင်းပါနဲ့..."
ထိုသို့ပြောဆိုပြီးနောက် သူသည် လက်အောက်ငယ်သားတစ်ဦးအား အချက်ပြလိုက်၏။
လက်အောက်ငယ်သားက နားလည်သွားကာ ခေါင်းညိတ်ပြပြီး ချန်ချင်း၏ရှေ့သို့ ရောက်လာကာ အနီရောင် စန္ဒကူးသားဖြင့် ပြုလုပ်ထားသော သေတ္တာတစ်ခုကို ဆက်သလိုက်သည်။
သူ ဖွင့်ကြည့်လိုက်ချိန်၌ အလွန်သေသပ်လှပစွာ ဖန်တီးထားသော လက်စွပ်နှစ်ကွင်းသည် ထိုအရာထဲတွင် ရှိနေခဲ့လေ၏။
"သိုလှောင်လက်စွပ်တွေလား..."
ထိုအရာများသည် သိုလှောင်လက်စွပ်များဖြစ်ကြောင်း ချန်ချင်း မှတ်မိသော်လည်း မြို့တော်ဝန်ကျောက်ဝမ်ရွှမ်း က သူ့ကို မည်သည်ကြောင့် ဤကဲ့သို့သောအရာမျိုး ပေးသည်ကို သူ နားမလည်ခဲ့ချေ။
ကျောက်ဝမ်ရွှမ်းသည် သူ့ကို ဆက်လက်၍ မစဉ်းစားခိုင်းတော့ဘဲ ရှင်းပြလိုက်၏။
"ဒီအရာတွေကို စုံတွဲလက်စွပ်လို့ခေါ်တယ်... ဝတ်ဆင်သူတွေက တူညီတဲ့ သိုလှောင်မှုနေရာကို မျှဝေသုံးစွဲနိုင်ပါတယ်... ကျွန်တော်က ဒါတွေကို အမှတ်မထင် ရခဲ့တာပါ... အခုအချိန်အထိတော့ လောကကြီးတခွင်လုံးမှာ ဒီလက်စွပ်နှစ်ကွင်းပဲ ရှိပါသေးတယ်..."
ချန်ချင်းနှင့် ရှားချင်းယွဲ့တို့သည် တာအိုလက်တွဲဖော် များ ဖြစ်ရုံသာမက နက်နက်ရှိုင်းရှိုင်း ချစ်မြတ်နိုးနေကြကြောင်း သူ မြင်တွေ့ခဲ့ရသဖြင့် ဤကဲ့သို့ လက်ဆောင်မျိုးကို သူ အထူးရွေးချယ်ခဲ့ခြင်းဖြစ်သည်။
လေလံပွဲတစ်ခုတည်းတွင် အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံးသန်းတစ်ထောင်ကျော် သုံးစွဲနိုင်သူ တစ်ယောက်သည် ရတနာများ မည်သည်ကြောင့် လိုအပ်မည်နည်း။
စုံတွဲလက်စွပ်သည် တခြားနတ်ဘုရားရတနာများနှင့် မယှဉ်နိုင်သော်လည်း ထိုအရာ၏မူလတန်ဖိုးမှာ မယုံနိုင်လောက်အောင် အဖိုးတန်လှသည်။
ဤစုံတွဲလက်စွပ်နှစ်ကွင်းအပြင် မြို့တော်ဝန်ကျောက်ဝမ်ရွှမ်းသည် ချန်ချင်းကို ကျောက်စိမ်းတံဆိပ်ပြားတစ်ခုလည်း ပေးအပ်ခဲ့လေ၏။
ဤကျောက်စိမ်းတံဆိပ်ပြားကို ပိုင်ဆိုင်သော မည်သူမဆို ထျန်းကျီလေလံမြို့တော်၏ အမြင့်ဆုံး အဆင့်ရှိ ဂုဏ်ထူးဆောင် ဧည့်သည်တော်တစ်ဦး ဖြစ်လာမည်ဖြစ်ပြီး အမြင့်ဆုံးအဆင့်ရှိသည့် ဂရုစိုက်မှုကို ခံစားရပေမည်။
ယနေ့အထိ ထျန်းကျီလေလံမြို့တော်သည် နှစ်ပေါင်း ရာနှင့်ချီ၍ တည်ရှိခဲ့သည့်တိုင် ထိုတံဆိပ်ပြားမျိုး ဆယ်ခုကျော်ခန့်သာ ထုတ်ပေးခဲ့သည်။
"ဒါဆိုရင်... လက်မခံတာက ရိုင်းရာကျမှာပေါ့..."
မြို့တော်ဝန်ကျောက်ဝမ်ရွှမ်းသည် ကောင်းမွန်သော ရည်ရွယ်ချက်ဖြင့် ဖြစ်သဖြင့် ချန်ချင်းသည် ငြင်းဆန်မနေတော့ဘဲ လက်ခံလိုက်၏။
သူ သုံးစွဲခဲ့သော စိတ်ဝိညာဉ်ကျောက်တုံး များနှင့် နှိုင်းယှဉ်ပါက ဤအရာများသည် အမှန်တကယ်ကို အရေးမပါလှချေ။
မြို့တော်ဝန်ကျောက်ဝမ်ရွှမ်းသည် သူ့ကို မျက်နှာချိုသွေးလိုကြောင်း ချန်ချင်း သိထားပြီး ငြင်းဆန်ခြင်းက တစ်ဖက်လူအတွက် အခြေအနေကို ပို၍ခက်ခဲစေရုံသာ ရှိပေမည်။
မနက်ဖြန် ကျင်းပမည့် အမြင့်ဆုံးလေလံပွဲသို့ တက်ရောက်ရန် သဘောတူပြီးနောက် ချန်ချင်းနှင့် ရှားချင်းယွဲ့တို့သည် မြို့တော်ဝန်ကျောက်ဝမ်ရွှမ်းကို နှုတ်ဆက်ကာ ထျန်းကျီ လေလံမြို့တော်မှ ထွက်ခွာလာခဲ့ကြသည်။
လေလံမြို့တော်၏တံခါးဝမှ ထွက်လာသည်နှင့်တပြိုင်နက် ချန်ချင်းသည် ရှားချင်းယွဲ့၏လက်ကို ကိုင်ကာ စုံတွဲလက်စွပ်ကို ဝတ်ဆင်ပေးလိုက်သည်။
"ငါ့ဇနီးလေးရဲ့ လက်တွေက တကယ့်ကို လှတာပဲ... ဘာဝတ်ဝတ် လိုက်ဖက်တယ်..."
ရှားချင်းယွဲ့ကို လက်စွပ် ဝတ်ပေးပြီးနောက် ချန်ချင်းသည် သူမ၏လက်ကို ဆက်လက်ဆော့ကစားကာ ငေးမောမကြည့်ဘဲ မနေနိုင်ခဲ့ချေ။
"လက်တစ်ဖက်တည်းကိုပဲ... ဘာတွေကများ အဲ့လောက်တောင် ကောင်းနေလို့လဲ..."
ရှားချင်းယွဲ့က ရှက်ရွံ့စွာ ပြောလိုက်သော်လည်း သူမ၏ လက်ကို ပြန်မရုတ်ဘဲ ချန်ချင်းကို ဆော့ကစားခွင့်ပေးထားလေသည်။
"တချို့ နေရာတွေမှာ... ဇနီးမောင်နှံတွေက သူတို့ရဲ့ အိမ်ထောင်ရေးကို ကိုယ်စားပြုဖို့ လက်စွပ်တွေ ဝတ်ကြတယ်ဆိုတာကို ငါ့ဇနီးလေး ကြားဖူးလား..."
ချန်ချင်းက မေးလိုက်၏။
"ကျွန်မ မကြားဖူးဘူး..."
ရှားချင်းယွဲ့က ခေါင်းခါပြလေသည်။
"ဒါပေမဲ့... အိမ်ထောင်ရေးရဲ့ သင်္ကေတ တစ်ခုအနေနဲ့... စုံတွဲလက်စွပ် တွေ... ဒါကလည်း ကောင်းပါတယ်..."
သူမသည် ချန်ချင်းကိုယ်တိုင် သူမ၏လက်ချောင်းပေါ်တွင် ဝတ်ဆင်ပေးခဲ့သော စုံတွဲလက်စွပ်ကို ကြည့်ကာ အတွေးထဲတွင် အနည်းငယ် နစ်မြောနေတော့သည်။
"ငါ့ရဲ့ဇနီးလေး သဘောကျသရွေ့ အဆင်ပြေပါတယ်..."
သူမ၏အတွေးများကို အသံထွက်၍ ပြောမိသွားကြောင်း သတိပြုမိသွားသောအခါ ရှားချင်းယွဲ့၏ မျက်နှာသည် ပို၍ပင် နီရဲသွားပေ၏။
ချန်ချင်းသည် သူမကို ဆက်မစတော့ဘဲ စနစ်မှ ဆုလာဘ်များအဖြစ် ရရှိထားသော ဆေးလုံးတချို့ကို ထုတ်ယူကာ သိုလှောင်လက်စွပ်ထဲသို့ ထည့်လိုက်ပြီး ရှားချင်းယွဲ့အား ပြောလိုက်သည်။
"တကယ်လို့ ငါ့ရဲ့ဇနီးလေးက ဒီဆေးလုံးတွေကို လိုအပ်ရင်... လွတ်လွတ်လပ်လပ် ယူသုံးလိုက်ပါ..."
[ဇနီးသည်ကို အလိုလိုက်ခြင်း အောင်မြင်ပါသည်... အိမ်ရှင်က ကျပန်းဆုလာဘ်အဖြစ် နားလည်နိုင်စွမ်းအမှတ် ၂၀၀ ကို ရရှိသည့်အတွက် ဂုဏ်ယူပါသည်]
'ကျင့်ကြံခြင်း အရင်းအမြစ်တွေကို လက်စွပ်ထဲ ထည့်တာက ဇနီးသည်ကို အလိုလိုက်တာအဖြစ် ရေတွက်လို့ ရတာပဲ...'
ချန်ချင်းသည် သူ၏အတွေးများ မှန်ကန်ကြောင်းသက်သေပြနိုင်ခဲ့သည်။
ထို့နောက် တူညီသော အတွေးဖြင့် သူသည် ကျင့်ကြံနည်းစနစ်စာအုပ်များကို ထိုအရာအတွင်း၌ သိမ်းဆည်းလိုက်၏။
[ဇနီးသည်ကို အလိုလိုက်ခြင်း အောင်မြင်ပါသည်... အိမ်ရှင်က ကျပန်းဆုလာဘ်အဖြစ် ကောင်းကင်အဆင့်မြင့် ကျင့်ကြံနည်းစနစ် အဆိပ်ဧကရာဇ် ကျမ်းစာကို ရရှိသည့်အတွက် ဂုဏ်ယူပါသည်]
'ဒါက တကယ်ကြီး အလုပ်ဖြစ်တာပဲ...'
'ဆိုလိုတာက သူ့ကို အကျိုးပြုဖို့ ရည်ရွယ်ချက်နဲ့ အရင်းအမြစ်တွေကို ဒီထဲ ထည့်ထားသရွေ့... ငါ ဆုလာဘ်တွေ ရနိုင်တယ်ပေါ့...'
ထို့ကြောင့် သူက ဆက်ပြောလိုက်၏။
"ဇနီးလေး... မင်း အပြင်ထွက်တဲ့အချိန်မှာစိတ်ဝိညာဉ်ကျောက်တုံးတွေ သယ်သွားလေ့မရှိဘူးမလား... ငါ အဲ့ဒီအထဲမှာ အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံးသန်းတစ်ရာလောက် ထည့်ထားတယ်... တကယ်လို့ မင်း သဘောကျတဲ့ အရာတစ်ခုခု တွေ့ရင်... လွတ်လွတ်လပ်လပ် ဝယ်လိုက်ပါ..."
"အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံး သန်းတစ်ရာလား..."
ရှားချင်းယွဲ့၏မျက်နှာတွင် ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေသည်။ ချန်ချင်းသည် အစောပိုင်းက လေလံပွဲ တွင် သူ၏ငွေများကို လုံးဝနီးပါး သုံးစွဲပြီးသွားပြီဟု သူမ ထင်မှတ်ခဲ့သည်။ သို့သော် သူသည် သူမအတွက် စုံတွဲလက်စွပ်ထဲသို့ နောက်ထပ်အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံး သန်းတစ်ရာကို ပေါ့ပေါ့ပါးပါး ထည့်ပေးလိမ့်မည်ဟု သူမ တစ်ကြိမ်တစ်ခါမျှ ထင်မှတ်မထားခဲ့ချေ။
သူမသည် ကျင့်ကြံသူတစ်ဦးဖြစ်သည်မှာ မကြာသေးသည့်တိုင် အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံး သန်းတစ်ရာဆိုသည်မှာ မည်သည့်အရာကို ဆိုလိုကြောင်း ရှားချင်းယွဲ့ အလွယ်တကူ နားလည်နိုင်သည်။
ထိုအရာများသည် အားကောင်းသော အင်အားစု တစ်ခု သို့မဟုတ် နိုင်ငံတစ်နိုင်ငံကိုပင် တည်ထောင်ရန် လုံးဝလုံလောက်လေ၏။
ဤအရာမှတဆင့် ချန်ချင်း၏ သူမအပေါ်ထားရှိသော အချစ်သည် မည်မျှထိ ကိုယ်ကျိုးမဖက်ကြောင်းကို သူမ နောက်တစ်ကြိမ် နားလည်သဘောပေါက်သွားတော့သည်။
သူမ စိတ်မလှုပ်ရှားဘဲနေရန် ခက်ခဲလှပေ၏။
ရှားချင်းယွဲ့၏အမြင်အရ အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံး သန်းတစ်ရာကို ချထားပေးပါက နိုင်ငံငယ်လေးတစ်ခု၏ မင်းသမီးကို မဆိုထားနှင့် အင်မော်တယ်ဂိုဏ်းတစ်ဂိုဏ်း၏ သူတော်စင်မိန်းမပျိုပင်လျှင် ငြင်းဆန်နိုင်မည် မဟုတ်ချေ။
သူ့အပေါ် ရှားချင်းယွဲ့၏အကြည့် ပြောင်းလဲသွားသည်ကို သတိပြုမိသဖြင့် သူတို့ကြားရှိ အကွာအဝေးမှာ သိသိသာသာ ကျဉ်းမြောင်းသွားပြီဖြစ်ကြောင်း ချန်ချင်း သိလိုက်သည်။
အရာအားလုံးသည် ချန်ချင်း မျက်နှာသာပေးခံရမည့်ဘက်သို့ ဖွံ့ဖြိုးတိုးတက်နေပေ၏။
ကျန်ရှိနေသောအရာမှာ ဤအဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံး သန်းတစ်ရာက မည်ကဲ့သို့ ဇနီးသည်အား အလိုလိုက်ခြင်း ဆုလာဘ်မျိုးကို ယူဆောင်လာပေးမည်ကို သူ မျှော်လင့်ရန်သာ ဖြစ်ပေ၏။