← Chapters

အခန်း ၈၂

Vol. 9 Ch. 82

အခန်း ၈၂

Vol. 9 Ch. 82

အခန်း (၈၂) ဆေးဘုရင် ဆေးမီးဖို

လင်းထျန်းလုံ၏ မေးခွန်းထုတ်ခြင်းကို ခံရသူမှာ တခြားသူမဟုတ်ဘဲ ထျန်းလုံမြို့ တွင် ကြီးကြပ်ရန်နှင့် မြို့ကို စစ်ဘေးဒဏ်မှ ကင်းဝေးစေကာ အမြဲတသေ ကြားနေအဖြစ် ထိန်းသိမ်းထားနိုင်ရန် သူ စရိတ်ကြီးကြီးပေး၍ ဖိတ်ခေါ်ထားသော ခြေလှမ်းတစ်ဝက် အင်မော်တယ်ဧကရာဇ်နယ်ပယ် ကျွမ်းကျင်သူ ကျောက်ထုန်ပင်။

"ခြေလှမ်းတစ်ဝက် အင်မော်တယ်ဧကရာဇ် တစ်ယောက်ကို လက်တစ်ချက် ဝှေ့ယမ်းရုံနဲ့ သတ်နိုင်တာ... ပြီးတော့ နတ်ဆိုးဘုရင် စိတ်ဝိညာဉ်သားရဲ ရှိနေတယ်... ဒီကျင့်ကြံခြင်ဆင့်က ဧကရာဇ်နယ်ပယ်နဲ့ အရမ်းနီးစပ်နေတယ်... ဒါမှမဟုတ် သူက ခြေလှမ်းတစ်ဝက် အင်မော်တယ်ဧကရာဇ်နယ်ပယ် အထွတ်အထိပ်အဆင့်ကို ရောက်နေလောက်ပြီ..."

ကျောက်ထုန်က သူ၏အကဲဖြတ်ချက်ကို ပေးလိုက်သည်။

အနည်းဆုံးအနေဖြင့် ဝါရင့်ခြေလှမ်းတစ်ဝက် အင်မော်တယ်ဧကရာဇ်တစ်ဦးဖြစ်သည့်တိုင် သူ၏ ကိုယ်ပိုင်စွမ်းအားဖြင့် ထိုကဲ့သို့ အရာမျိုးကို မလုပ်ဆောင်နိုင်ချေ။

ခြေလှမ်းတစ်ဝက် အင်မော်တယ်ဧကရာဇ်နှစ်ဦးကို မျက်စိတမှိတ်အတွင်း ချက်ချင်းသတ်ဖြတ်ခြင်းကို မဆိုထားနှင့် တစ်ဦးကိုပင် သူ မသတ်နိုင်ချေ။

"ခြေလှမ်းတစ်ဝက် အင်မော်တယ်ဧကရာဇ်နယ်ပယ် အထွတ်အထိပ်အဆင့်လား..."

ဤအချက်ကို နားလည်သဘောပေါက်ပြီးနောက် လင်းထျန်းလုံက အသက်ပြင်းပြင်း ရှူသွင်းလိုက်ရသည်။

သူက ကျေးဇူးတင်စွာဖြင့် ပြောလိုက်၏။

"စောစောက ခင်ဗျားရဲ့ စကားကို နားထောင်ပြီး အဲ့ဒီနိုင်ငံနှစ်နိုင်ငံက မင်းသားတွေကို ကာကွယ်ဖို့ ရှေ့မထွက်ခဲ့တာ တကယ့်ကို ကံကောင်းတာပဲ... မဟုတ်ရင်... အခုလောက်ဆို ထျန်းလုံမြို့ ကို ထျန်းလုံမြို့လို့ ခေါ်လို့ရတော့မှာ မဟုတ်ဘူးလို့ ကျွန်တော် စိုးရိမ်တယ်..."

သေမင်းနှင့် ပခုံးချင်းယှဉ်သွားသကဲ့သို့ ခံစားချက်မျိုး သူ ခံစားလိုက်ရသည်။ မည်သည့်အရာမျှ မဖြစ်ခဲ့သော်လည်း ထိုကိစ္စကို ပြန်လည်အမှတ်ရခြင်းက သူ့အား အရိုးထဲထိ စိမ့်ဝင်သွားမည့် အအေးဒဏ်ကို ခံစားရစေဆဲပင်။

"ဒီလူနဲ့ ဆက်ဆံတဲ့အချိန်မှာ... လေးစားမှုပဲ ပြသလို့ရမယ်... မင်း ဘယ်တော့မှ သူ့ရဲ့ ရန်သူ ဖြစ်လို့မရဘူး... မဟုတ်ရင်... အဲ့ဒါက အသတ်ခံရပြီး မင်းရဲ့ အင်အားစုတစ်စုလုံး အမြစ်ပြတ်သုတ်သင်ခံရတဲ့ ဘေးဒုက္ခဆီကိုပဲ ဦးတည်သွားလိမ့်မယ်..."

ကျောက်ထုန်က သတိပေးလိုက်၏။

"အရာအားလုံးကို ခင်ဗျား ညွှန်ကြားတဲ့အတိုင်း ကျွန်တော် လိုက်နာပါ့မယ်..."

ကျောက်ထုန် မပြောခဲ့လျှင်ပင် လင်းထျန်းလုံသည် ထိုအတိုင်း စဉ်းစားထားပြီး ဖြစ်သည်။

သူသည် မောက်မာသော်လည်း မဟာဧကရာဇ် ၏ အောက်တွင် အားအကောင်းဆုံးသူကို စော်ကားရဲလောက်အောင် မမောက်မာချေ။

ချန်ချင်းကို သတ်နိုင်သူမှာ ဤလောကတွင် ထျန်းရွှမ် မဟာဧကရာဇ်သာ ဖြစ်နိုင်ကြောင်း သူ ယုံကြည်ထားလေ၏။

ထိုအရာကပင် သေချာပေါက် မဟုတ်သေးချေ...

မဟာဧကရာဇ် ခေတ်သစ်တစ်ခု စတင်တော့မည်ဟု လင်းထျန်းလုံတွင် ကြိုတင်ခံစားချက်တစ်ခု ရှိနေခဲ့သည်။

ထျန်းကျီ လေလံမြို့တော်၌...

ချန်ချင်း၏ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို သိရှိပြီးနောက် မြို့သခင်ကျောက်ဝမ်ရွှမ်းသည် ချန်ချင်းအား နံပါတ်တစ် ကောင်းကင်အထူးဧည့်သည်တော် သီးသန့်အခန်းအတွင်းသို့ ဖိတ်ခေါ်ရန် သူကိုယ်တိုင် ထွက်လာခဲ့သည်။

သူ ကိုယ်တိုင်ပင် စိတ်ဝိညာဉ် လက်ဖက်ရည်ကို သွားယူပြီး ဖျော်စပ်ကာ ချန်ချင်းနှင့်ရှားချင်းယွဲ့တို့အား လက်နှစ်ဖက်ဖြင့် ဆက်သခဲ့သည်။

"စွမ်းအားကြီးသူကသာ အမြင့်ဆုံး စိုးစံသည်" ဟူသော စကားလုံးများကို ဤအချိန်တွင် ကျောက်ဝမ်ရွှမ်းက ရှင်းလင်းစွာ သရုပ်ပြခဲ့လေ၏။

ယနေ့ အမြင့်ဆုံးလေလံပွဲက ပံ့ပိုးပေးသော အထွတ်အထိပ် ရတနာ ဆယ်ခုစလုံးသည် ထိပ်တန်း လေလံရုံကြီးဆယ်ခုမှ လာခြင်းဖြစ်ပြီး ကျောက်ဝမ်ရွှမ်းနှင့် များစွာမသက်ဆိုင်ခြင်းက နှမြောစရာပင်။ သူသည် သူ၏နေရာကို ငှားရမ်းပေးရုံသာဖြစ်သည်။

ထိုသို့မဟုတ်ပါက ကျောက်ဝမ်ရွှမ်းသည် ထိုရတနာများကို အလကားပေးပြီး ချန်ချင်းဟူသော ဤသစ်ပင်ကြီးကို တွယ်တက်ရန် သေချာပေါက် ကြိုးစားပေမည်။

ချန်ချင်းကဲ့သို့ ထိပ်တန်းကျွမ်းကျင်သူတစ်ယောက်၏ ပေါ့ပေါ့ပါးပါး စကားတစ်ခွန်းက သူနှင့် ထျန်းကျီ လေလံမြို့တော်တစ်ခုလုံးကို ထာဝရကာကွယ်ပေးနိုင်ကြောင်း သူ ကောင်းစွာသိရှိထားသည်။

သူတို့နှစ်ဦးကို ဧည့်ခံပြီးနောက် သူတို့ထံတွင် တခြား တောင်းဆိုမှုများ မရှိတော့သည်ကို မြင်သောအခါ ကျောက်ဝမ်ရွှမ်းက ပြောဆိုသည်။

"တကယ်လို့ သခင်တို့ တစ်ခုခု လိုအပ်ရင်... အမိန့်ပေးဖို့ ဝန်မလေးပါနဲ့..."

ထို့နောက် သူက အခန်းထဲမှ ထွက်ခွာသွားခဲ့သည်။

"မွှေးလိုက်တဲ့ လက်ဖက်ရည်..."

ရှားချင်းယွဲ့က လက်ဖက်ရည်ကို တစ်ငုံသောက်လိုက်ရာ သူမ၏ပါးစပ်ထဲသို့ ဝင်သွားချိန်၌ အလွန်မွှေးပျံ့နေသည်။

"တကယ်လို့ ဇနီးလေး သဘောကျတယ်ဆိုရင်... သူ့ကို နည်းနည်းပြင်ဆင်ခိုင်းပြီး ခဏနေရင် ငါတို့ ယူသွားဖို့ ထုပ်ပိုးခိုင်းလိုက်မယ်..."

ချန်ချင်းက ပြောလိုက်သည်။

"မလိုပါဘူး... အိမ်က လက်ဖက်ရည်ကလည်း တော်တော်လေး ကောင်းပါတယ်..."

ရှားချင်းယွဲ့က ဒုက္ခမပေးလိုကြောင်း အမူအရာပြသကာ ပြောလိုက်၏။

ချန်ချင်း၏ စေ့စပ်သေချာသော ဂရုစိုက်မှုက သူမကို မြှောက်ပင့်ခံရသကဲ့သို့ ခံစားရစေသ​ည်။

ထို့ထက်ပို၍ မြှောက်ပင့်ခံရသကဲ့သို့ ခံစားရမည့် အဖြစ်အပျက်များ ဆက်လာရန် ရှိသေးကြောင်းကိုမူ သူမ မသိခဲ့ချေ။

သူမအတွက် အထွတ်အထိပ် ရတနာဆယ်ခုကို လေလံဆွဲပေးမည်ဟု ချန်ချင်း ယခင်က ပြောခဲ့ခြင်းမှာ နောက်ပြောင်နေခြင်း မဟုတ်ချေ။

သူ၏ မိသားစု ပိုင်ဆိုင်မှုများအားလုံး ကုန်ခမ်းသွားမည်ဆိုလျှင်ပင် သူသည် ထိုအရာအားလုံးကို လေလံဆွဲရပေမည်။

ရတနာများ ရယူရန် ဤမျှထိ ကောင်းမွန်သော အခွင့်အရေးကို လက်လွတ်မခံသင့်ချေ။

မကြာမီ လေလံမှူးသည် စင်မြင့်ပေါ်သို့ တက်လာပြီး ပွဲကြိုစကားတချို့ကို စတင်၍ ပြောဆိုတော့သည်။

မူလအစီအစဉ်အရ လေလံပွဲကို ခဏနေမှသာ စတင်ရန်ဖြစ်သည်။

သို့သော် ချန်ချင်း၏ထွက်ပေါ်လာမှုက လူတိုင်းကို ပေါ့ဆရန် မဝံ့ရဲစေသဖြင့် သူတို့သည် အချိန်ကိုရှေ့တိုးလိုက်ကြခြင်း ဖြစ်လေ၏။

ငွေကို ရေလို သုံးစွဲနိုင်ပြီး ခြေလှမ်းတစ်ဝက် အင်မော်တယ်ဧကရာဇ် တစ်ပါးကို လက်တစ်ချက် ဝှေ့ယမ်းရုံဖြင့် သတ်နိုင်သည့် ချန်ချင်းကဲ့သို့ အမြင့်ဆုံးကျွမ်းကျင်သူတစ်ဦးကို မျှော်လင့်ခြင်းနှင့် မျက်နှာချိုသွေးခြင်းက တခြားသူများထက် ပို၍တန်ဖိုးရှိသည်မှာ သိသာရှင်းလင်းလှသည်။

ရိုးရှင်းသော စကားအနည်းငယ် ပြောပြီးနောက် ဆယ်နှစ်တစ်ကြိမ် ကျင်းပသော အမြင့်ဆုံး လေလံပွဲကို တရားဝင် စတင်ပြီဖြစ်ကြောင်း လေလံမှူးက ကြေညာလိုက်သည်။

စင်မြင့်ပေါ်တွင် ပထမဆုံး တင်ထားသော ပစ္စည်းမှာ ကောင်းကင်မူလအစမီးဖိုဟု အမည်ရသော ကောင်းကင်အလယ်အလတ်အဆင့် ဆေးမီးဖိုတစ်ခုပင်။ ထိုအရာသည် အရွယ်အစားကြီးမားရုံသာမကထူးခြားသော ကိုယ်ပိုငိမီးတောက်လည်း ပါရှိပြီး ဆေးလုံးများ အောင်မြင်စွာဖော်စပ်နိုင်ခြေကို တိုးတက်စေနိုင်လေ၏။

ဤဆေးမီးဖို ထွက်ပေါ်လာသည်နှင့် တပြိုင်နက် ဆွေးနွေးသံများ ချက်ချင်းဆူညံသွားတော့သည်။

"ဆယ်နှစ်တစ်ကြိမ် ကျင်းပတဲ့ အမြင့်ဆုံး လေလံပွဲဖြစ်ဖို့ တကယ့်ကို ထိုက်တန်တာပဲ... ပထမဆုံး လေလံပစ္စည်းကတင် ကောင်းကင်အလယ်အလတ်အဆင့် ဖြစ်နေပြီ..."

"ဒီကောင်းကင်မူလအစမီးဖိုက ဆေးမီးဖို အဆင့်သတ်မှတ်ချက်ရဲ့ ထိပ်ဆုံးတစ်ရာစာရင်းဝင်ပဲ... ငါ မှတ်မိတာ မှန်တယ်ဆိုရင်... အဆင့် ၇၉ မှာ ရှိနေတယ်..."

"ဒီအဖိုးတန်ဆေးမီးဖိုက နောက်ဆုံးကျရင် ဘယ်သူ့ရဲ့လက်ထဲ ရောက်သွားမလဲ မသိဘူး..."

"ပထမဆုံး ပစ္စည်းကတင် ဒီလောက် စိတ်လှုပ်ရှားစရာ ကောင်းနေပြီဆိုတော့... နောက်လာမယ့် ရတနာတွေကို ငါ ပိုပြီးတောင် မျှော်လင့်နေမိပြီ..."

အထူးသဖြင့် ဆေးပညာရှင်များ၏ မျက်လုံးများ နီရဲနေကြပြီး တစ်ယောက်ထက် တစ်ယောက် ပို၍စိတ်လှုပ်ရှားနေကြသည်။

အကယ်၍ သူတို့သာ ဤကောင်းကင်မူလအစမီးဖိုကို လေလံဆွဲနိုင်ပါက ဆေးပညာရှင်များ လောကတွင် သူတို့၏ အဆင့်အတန်းသည် နောက်တစ်ဆင့်သို့ သေချာပေါက် တက်လှမ်းသွားမည်ဟု သူတို့ ယုံကြည်ထားကြ၏။

ကောင်းကင်မူလအစမီးဖို၏ အံ့အားသင့်စရာများစွာကို မိတ်ဆက်ပြီးနောက် လေလံမှူးက ချက်ချင်းပင် လေလံအဖွင့်စျေးကို ကြေညာလိုက်သည်။

"လေလံအဖွင့်စျေးက အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံး သန်းဆယ်..."

"ငါ သန်းသုံးဆယ် လေလံဆွဲမယ်..."

"ငါက သန်းငါးဆယ်..."

"ငါက ခြောက်ဆယ့်ငါးသန်း..."

ဤလေလံဆွဲမှု၏ အမြန်နှုန်းမှာ ယမန်နေ့ကထက် များစွာပို​၍ ပြင်းထန်နေခဲ့သည်။

လေလံပွဲသို့လာရောက်ကြသော ဧည့်သည်များ၏ ငွေကြေးအင်အားမှာလည်း ယမန်နေ့ကထက် များစွာပို၍ ကြောက်မက်ဖွယ်ကောင်းနေပေ၏။

မျက်စိတစ်မှိတ်အတွင်း စျေးနှုန်းသည် အဖွင့်စျေး အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံးသန်းငါးဆယ်မှ သန်းနှစ်ရာအထိ ရောက်ရှိသွားသည်။

ချန်ချင်းသည် လက်ဖက်ရည်တစ်ခွက် သောက်ပြီးနောက် သူသည် ခွက်ကို ဘေးဖယ်ထားလိုက်ပြီး အချိန်ကိုက်ဖြစ်သည်ဟု ခံစားမိကာ အေးအေးဆေးဆေး ပြောလိုက်သည်။

"အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံး သန်းတစ်ထောင်..."

"သန်းနှစ်ရာ့ငါးဆယ်..."

လူတချို့၏လျှာဖျားတွင် ရှိနေသော စကားလုံးများသည် ရုတ်တရက် ရပ်တန့်သွားပြီး သူတို့၏ အပြုံးများ မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားသည်။

မူလက အကောင်းအဆိုးကို ချိန်ဆကာ သေချာ တွက်ချက်နေကြသော ထိုချမ်းသာသည့် ကုန်သည်များနှင့် ဂိုဏ်းအကြီးအကဲများသည် တပြိုင်နက်တည်း ခေါင်းမော့လိုက်ကြပြီး ဒုတိယထပ်ရှိ နံပါတ်တစ် ကောင်းကင်အထူးဧည့်သည်တော်အခန်းဆီသို့ ကြည့်လိုက်ကြသည်။

"ငါ နားကြားမမှားဘူး မလား... ဘယ်လောက်... စိတ်ဝိညာဉ်ကျောက်တုံးသန်းတစ်ထောင်လား..."

"မင်း တကယ်ပဲ နားကြားမှားသွားတာ..."

"အင်း... ငါ သိသားပဲ... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..."

သူ စကားမဆုံးမီမှာပင် တခြားတစ်ယောက်က ဝင်ပြောလိုက်၏။

"အထင်မလွဲပါနဲ့... မင်း နားကြားမှားသွားတယ်လို့ ငါ ပြောတာက... အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံး တွေကို သာမန်စိတ်ဝိညာဉ်ကျောက်တုံးတွေလို့ မင်း နားကြားမှားသွားတာကို ပြောတာ..."

"..."

လူများအားလုံး တိတ်ဆိတ်သွားပေ၏။

"အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံး သန်းတစ်ထောင် ပထမအကြိမ်..."

"အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံး သန်းတစ်ထောင် ဒုတိယအကြိမ်..."

"အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံး သန်းတစ်ထောင် တတိယအကြိမ်... အခန်းအမှတ်တစ်က အထူးဧည့်သည်တော်ကို ဒီကောင်းကင်မူလအစမီးဖိုကို အောင်မြင်စွာ လေလံဆွဲနိုင်ခဲ့တဲ့အတွက် ထပ်ပြီးတော့ ထပ်ပြီးတော့ ထပ်ပြီးတော့ ဂုဏ်ပြုပါတယ်..."

အမှန်တကယ်ကိုပင် ဤလေလံပွဲကို တာဝန်ယူသော လေလံမှူးမှာ ယမန်နေ့က လူနှင့် အတူတူသာ ဖြစ်ပေ၏။

သူမ အချိန်မီမတုံ့ပြန်နိုင်ခဲ့ဘဲ ယနေ့လေလံပွဲကို ယမန်နေ့က လေလံပွဲနှင့် ရောထွေးသွားခဲ့ခြင်း ဖြစ်သည်။

"ထပ်ပြီးတော့ ထပ်ပြီးတော့ ထပ်ပြီးတော့လား... ဒါက ပထမဆုံးပစ္စည်းပဲ ရှိသေးတာ မဟုတ်လား..." တစ်စုံတစ်ယောက်က နားမလည်နိုင်စွာဖြင့် မေးလိုက်သည်။

ယမန်နေ့က လေလံပွဲသို့ တက်ရောက်ခဲ့သော ဧည့်သည်များထံမှ ယမန်နေ့က ချန်ချင်း၏ ခမ်းနားကြီးကျယ်သော လုပ်ရပ်အကြောင်းကို သူတို့ ချက်ချင်း သိရှိသွားကြသည်။

ဤမျှ ချမ်းသာကြွယ်ဝပြီး သန်မာအားကောင်းကာ စွမ်းရည်ရှိသော လူတစ်ယောက်ကို ရင်ဆိုင်ရသောအခါ သူတို့ မည်သို့ ညည်းတွားရဲမည်နည်း။ သူတို့သည် နှုတ်ဖြင့်သာမက နှလုံးသားထဲမှလည်း လုံးလုံးလျားလျား လက်ခံယုံကြည်သွားကြ၏။

အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံး သန်းတစ်ထောင်ပေးပြီးနောက် ချန်ချင်းက ကောင်းကင်မူလအစမီးဖိုကို ရရှိခဲ့သည်။

ချန်ချင်းသည် ဤကောင်းကင်မူလအစမီးဖိုသည် ရှားချင်းယွဲ့အတွက် လက်ဆောင်တစ်ခုဖြစ်ကြောင်း ချက်ချင်း ပြောဆိုလိုက်သည်။

"ဒါ... ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... ခင်ပွန်း က ဆေးပညာရှင် တစ်ယောက်လေ... ဒီဆေးမီးဖိုက ကျွန်မထက် ရှင့်အတွက် ပိုပြီးသင့်တော်ပါတယ်..."

ရှားချင်းယွဲ့က ယဉ်ကျေးစွာ ငြင်းဆိုလေသည်။

ချန်ချင်းက ချက်ချင်းဆက်ပြောလိုက်၏။

"ဇနီးလေး... ငြင်းစရာ မလိုပါဘူး... ငါ့မှာ ပိုကောင်းတာ ရှိတယ်..."

"နောက်ပြီးတော့... အချိန်တစ်ခု ကြာပြီးရင် မင်းကို ဆေးဖော်စပ်ခြင်းသင်ပေးဖို့ ငါ စီစဉ်ထားတယ်... ဒီလို ဆေးမီးဖိုမျိုး ရှိနေတာက မင်းအတွက် အများကြီးပိုပြီးအဆင်ပြေစေလိမ့်မယ်..."

"ဒါဆိုရင်လည်း... ကောင်းပါပြီ..."

ချန်ချင်းက ဤမျှအထိ ပြောဆိုထားပြီးဖြစ်ရာ ရှားချင်းယွဲ့က တခဏကြာမျှ စဉ်းစားပြီးနောက် ဆက်လက်၍ ငြင်းဆန်မနေတော့ချေ။

သူမသည် ဆေးဖော်စပ်ခြင်းကို အမှန်တကယ်ပင် အလွန်စိတ်ဝင်စားနေခဲ့လေ၏။

ဒုတိယအချက်အနေဖြင့် ချန်ချင်းက သူမအတွက် ဆေးလုံးများစွာကို ကြိုးကြိုးစားစား ဖော်စပ်ပေးခဲ့သည်ကို တွေးမိသောအခါ ဆေးဖော်စပ်ခြင်း သင်ယူပြီးနောက် သူမသည်လည်း သူ့အတွက် ဆေးလုံးများ ဖော်စပ်ပေးချင်ခဲ့သည်။

တစ်ဖက်သတ် ယူနေရုံသက်သက်သည် ရှားချင်းယွဲ့၏ပုံစံ မဟုတ်ချေ။ သူမသည် ကျေးဇူးပြုမှုကို ရေပန်းတစ်ခုကဲ့သို့ ပြန်ဆပ်သင့်ပေ၏။

【ဇနီးသည်ကို အလိုလိုက်ခြင်း အောင်မြင်ပါသည်... အိမ်ရှင်က ကျပန်းဆုလာဘ်အဖြစ် ဆေးဘုရင် ဆေးမီးဖိုကို ရရှိသည့်အတွက် ဂုဏ်ယူပါသည်...】

မူလက ကောင်းကင်မူလအစမီးဖိုထက် ပိုကောင်းသော ဆေးမီးဖိုတစ်ခု သူ့ထံတွင် ရှိသည်ဟု ချန်ချင်း ပြောဆိုခြင်းမှာ ရှားချင်းယွဲ့အား ထိုအရာကို စိတ်အေးချမ်းသာစွာ လက်ခံစေရန် အကြောင်းပြချက်တစ်ခုမျှသာ ဖြစ်သည်။

သို့သော် ယခုအချိန်၌ သူ ထိုအရာကို အမှန်တကယ် ရရှိသွားလေပြီ။

ဆေးဘုရင် ဆေးမီးဖို...

ဤသည်က ကောင်းကင်အဆင့် ထိပ်တန်းဆေးမီးဖို အဆင့်သတ်မှတ်ချက်တွင် နံပါတ်တစ်နေရာ၌ ရှိလေ၏။

ဒဏ္ဍာရီလာဆေးမီးဖိုတစ်ခုအဖြစ် လူသိများပြီး ထိုအရာနှင့် ပတ်သက်သော အချက်အလက် အပိုင်းအစ တချို့ကိုသာ ရှေးဟောင်းစာအုပ်များမှ လေ့လာနိုင်ကာ ထိုဆေးမီးဖို အမှန်တကယ် တည်ရှိမရှိဆိုသည်အား တစ်ချိန်က အငြင်းပွားမှုများ ဖြစ်ပေါ်စေခဲ့သည်။

ချန်ချင်း၏ကျေးဇူးကြောင့် ယခုအချိန်၌ ဤအငြင်းပွားမှု ပျောက်ကွယ်သွားလေပြီ။

All Chapters