အခန်း ၈၇
Vol. 9 Ch. 87
အခန်း (၈၇) မဟာဧကရာဇ် နှင့် တွေ့ဆုံခြင်း
နိုင်ငံကာကွယ်ရေး နတ်ဘုရားရတနာတစ်ခုအနေဖြင့် ဤကျားဖြူ အကြွင်းအကျန်စိတ်ဝိညာဉ်သည် ယခင်က မိုးပြာနဂါးနိုင်ငံမှ နဂါးဝိညာဉ်နှင့် ဆင်တူလေ၏။ ထိုအရာနှစ်ခုလုံးသည် ရှေးခေတ်က သူတော်စင်သားရဲများ ချန်ရစ်ခဲ့သော အကြွင်းအကျန်စိတမဝိညာဉ်တစ်မျှင်ဖြစ်သည်။ ထိုအရာများသည် မိုးပြာနဂါး၊ ကျားဖြူ၊ ဗာမီလီယန်ငှက်နှင့် လိပ်နက်နိုင်ငံလေးခု၏ မူလအစနှင့် အခြေခံအုတ်မြစ်များလည်း ဖြစ်ကြသည်။
နိုင်ငံကာကွယ်ရေး နတ်ဘုရားရတနာတစ်ခုအနေဖြင့် အကြွင်းအကျန်ရစ် စိတ်ဝိညာဉ်တစ်မျှင်မျှသာ ဖြစ်သော်လည်း ထိုအရာ၏ စွမ်းအားကို အထင်မသေးသင့်ချေ။
သို့သော် ဤစွမ်းအားသည် အထွတ်အထိပ် မဟာဧကရာဇ်တစ်ပါးဖြစ်သော ချန်ချင်း၏ရှေ့တွင် လုံလောက်စွာ အားမကောင်းခဲ့ချေ။ ထိုအရာသည် "အားကောင်းသည်" ဟူသော စကားလုံးနှင့်ပင် မထိုက်တန်ချေ။
"ဘယ်လို... ဘယ်လိုလုပ်ပြီး ဒီလို ဖြစ်နိုင်မှာလဲ..."
ရှောင်ထျန်းကျွင်းသည် သူ၏လက်ထဲရှိ အက်ကွဲနေသော တော်ဝင်စည်းတံဆိပ်ကိုကြည့်ကာ လုံးလုံးလျားလျား ဆွံ့အသွားပေ၏။
သူသည် ခေါင်းကို ခါယမ်းပြီး ထိုထင်ယောင်ထင်မှား ဖြစ်မှုကို အဆုံးသတ်ရန် မျက်တောင် အကြိမ်ကြိမ် ခတ်လိုက်သည်။
သို့သော် သူ၏မျက်လုံးများကို ပြန်ဖွင့်လိုက်သည်နှင့်တပြိုင်နက် သူ၏လက်ထဲရှိ တော်ဝင်စည်းတံဆိပ်သည် အစိတ်စိတ်အမွှာမွှာ ကွဲအက်သွားပြီး မြေကြီးပေါ်သို့ ပြုတ်ကျသွားတော့သည်။
"နှစ်တစ်ထောင် နိုင်ငံတော် ကံကြမ္မာ နဲ့ ပြုစုပျိုးထောင်ထားတဲ့ သူတော်စင်သားရဲတစ်ကောင်ရဲ့ စိတ်ဝိညာဉ်က တကယ်ပဲ ဒီလောက်ထိ လွယ်လွယ်ကူကူ ဖျက်ဆီးခံလိုက်ရတာလား..."
လင်းထျန်းလုံအတွက် ဤအရာသည် ဝမ်းသာဖွယ်ကောင်းသော အံ့အားသင့်မှုတစ်ခု မဟုတ်တော့ဘဲ ထိတ်လန့်မှုတစ်ခု ဖြစ်လာခဲ့သည်။
လင်းထျန်းလုံ၏အကြည့်ကို ခံစားရသဖြင့် ခြေလှမ်းတစ်ဝက် အင်မော်တယ်ဧကရာဇ် ကျွမ်းကျင်သူ ကျောက်ထုန်က ခေါင်းခါပြပြီး ပြောလိုက်၏။
"ငါ့ကို မကြည့်နဲ့... ငါ အဲ့ဒီလိုမျိုး မလုပ်နိုင်ဘူး..."
အကယ်၍ သူ့ထံတွင် ဤစွမ်းရည်မျိုး အမှန်တကယ် ရှိခဲ့ပါက သူသည် ကျားဖြူနိုင်ငံသို့ သူတစ်ယောက်တည်း သွားရောက်ကာ နယ်မြေကို သိမ်းပိုက်ပြီး ဘုရင်တစ်ပါး ဖြစ်နေလောက်လေပြီ။ ဤမျှထိသေးငယ်သော ထျန်းလုံမြို့ တွင် သူ မည်သည်ကြောင့် တွယ်ကပ်နေမည်နည်း။
"ငါ့ရဲ့ခင်ပွန်း ပီသပါပေတယ်... အရမ်းသန်မာအားကောင်းတာပဲ..."
ချန်ချင်း၏ကျောပြင်ကို ကြည့်နေသော ရှားချင်းယွဲ့၏ အကြည့်တွင် မြတ်နိုးမှုများဖြင့် ပြည့်နှက်နေသည်။
ယခုအချိန်၌ သူမ အနိုင်မယူနိုင်သော အားကောင်းသည့် ရန်သူကို ချန်ချင်းက လက်တစ်ချက်ဝှေ့ယမ်းရုံဖြင့် လွယ်လင့်တကူ ဖယ်ရှားနိုင်ပေ၏။ ကျင့်ကြံသူ အချင်းချင်းအနေဖြင့် သူမသည် သူ့ကို မည်သို့ မလေးစားဘဲ နေနိုင်မည်နည်း။
"မင်း... မင်း..."
ရှောင်ထျန်းကျွင်းကို သွေးရူးသွေးတန်း ဖြစ်ရန် အခွင့်အရေး ချန်ချင်းက မပေးခဲ့ချေ။ အတွေးတစ်ချက်ဖြင့် မမြင်ရသော စွမ်းအားတစ်ခုသည် လက်ဝါးပုံရိပ်ယောင်ကြီးတစ်ဖက်အဖြစ် ပြောင်းလဲသွားပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို ဆုပ်ကိုင်ကာ ခြေမွှလိုက်သည်။ သူ၏အသွေးအသားများအပြင် သူ၏ ပေါက်ကွဲသွားသော အလောင်းမှာ နေရာအနှံ့အပြားသို့ လွင့်စင်သွားတော့သည်။
သူတော်စင်သားရဲနှင့် ဧကရာဇ်တို့ ဆက်တိုက်သေဆုံးသွားသဖြင့် ကျားဖြူနိုင်ငံသည် နာမည်ခံမျှသာ လုံးလုံးလျားလျား ဖြစ်သွားခဲ့လေ၏။
ချန်ချင်းသည် သူ၏ ဖခင်ချန်ရှုံးကို တပ်များ စေလွှတ်ကာ ကျားဖြူနိုင်ငံ၏ နယ်မြေများကို သိမ်းပိုက်ပြီး မဟာချီတွင် ထည့်သွင်းရန် စီစဉ်ထားခဲ့သည်။
ပြင်ပလူများကို အကျိုးပြုမည့်အစား ကိုယ်ပိုင်လူများကို အကျိုးပြုခြင်းက ပို၍ကောင်းမွန်သည်။
[ဇနီးသည်ကို အလိုလိုက်ခြင်း အောင်မြင်ပါသည်... အိမ်ရှင်က ကျပန်းဆုလာဘ်အဖြစ် ဆယ်ဆ ကျင့်ကြံခြင်းအမြန်နှုန်း တစ်ရက်စာ အတွေ့အကြုံ ကတ်၁၀ကတ်ကို ရရှိသည့်အတွက် ဂုဏ်ယူပါသည်...]
'ဆယ်ဆ ကျင့်ကြံခြင်း အမြန်နှုန်း...'
ဤဆုလာဘ်ကို မြင်လိုက်ရသည့် အခိုက်အတန့်တွင် ချန်ချင်းသည် အဆတစ်ရာ ကျင့်ကြံခြင်း ဟင်းလင်းပြင်ကို ချက်ချင်း သတိရသွားပြီး ထိုအရာနှစ်ခုကို တွဲသုံး၍ရမရ တွေးတောလိုက်မိသည်။
အကယ်၍ တွဲဖက်၍အသုံးပြု၍ ရပါက ဤသည်က အဆတစ်ထောင် ကျင့်ကြံခြင်းအမြန်နှုန်း တိုက်ရိုက် ဖြစ်သွားမည် မဟုတ်လော။
ဤကိစ္စနှင့် ပတ်သက်၍ စနစ်၏အဖြေမှာ အတည်ပြုချက်ပင်။
'ကောင်းတယ်... ကောင်းတယ်... အရမ်းကောင်းတယ်... ကြည့်ရတာ ငါ့ရဲ့အပါးခိုရမယ့် နေ့ရက်တွေက ပိုပိုပြီးနီးကပ်လာပြီပဲ...'
အကယ်၍ သူ ဤကဲ့သို့ ဆက်လက် စုဆောင်းနေပါက ရှားချင်းယွဲ့သည် တစ်ရက်အတွင်း ဧကရာဇ်တာအိုကို အောင်မြင်ရန် မဖြစ်နိုင်စရာမရှိဟု ချန်ချင်းက ခံစားလိုက်ရသည်။
"ခင်ပွန်း... လူအုပ်ကြီးက ဒီဘက်ကို ထပ်လာနေပြန်ပြီ..."
ရှားချင်းယွဲ့က ချန်ချင်း၏နံဘေးသို့ ရောက်လာကာ သတိပေးလိုက်သည်။
ချန်ချင်းသည် စနစ်မျက်နှာပြင်ကိုပိတ်ကာ မော့ကြည့်လိုက်ချိန်၌ မြေကြီးပေါ်ရှိ ကျိုးပဲ့နေသော ရေခဲများကို ကျော်လွန်၍ ဒီရေတစ်ခုအလား သူတို့ဆီသို့ အုံနှင့်ကျင်းနှင့် ရောက်လာသော လူအုပ်ကြီးကို သူ အမှန်တကယ် မြင်တွေ့လိုက်ရသည်။
သူ၏မျက်လုံးများ အနည်းငယ် ပြောင်းလဲသွားပြီး ချန်ချင်း၏အမြင်အာရုံသည် မီတာရာပေါင်းများစွာအထိ ချက်ချင်းဆန့်တန်းသွားသည်။ ထိုလူများ ဝတ်ဆင်ထားသော သံချပ်ကာများသည် ယခင်ကျားဖြူစစ်တပ်နှင့် ကွာခြားကြောင်း သူ ရှင်းလင်းစွာ မြင်တွေ့လိုက်ရသည်။ ထိုသံချပ်ကာများသည် ပို၍လေးလံပြီး လိပ်နက်ပုံစံများ ထွင်းထုထားလေ၏။
"လိပ်နက်နိုင်ငံ ..."
ယခုလာနေသူများ၏ အထောက်အထားကို ချန်ချင်းထံမှ သိရှိပြီးနောက် ရှားချင်းယွဲ့၏ချီများသည် များစွာ ပြန်လည်မသက်သာသေးသော်လည်း သူမ၏ မျက်လုံးများမှာ ပြတ်သားနေပြီး သူမ၏ဓားကို ဆွဲထုတ်ကာ ရန်သူစစ်သားတစ်သန်းကို သူနှင့်အတူ ရင်ဆိုင်ရန် ဆန္ဒရှိနေခဲ့သည်။
သူ၏မျက်လုံးများ ရောက်နိုင်သော နေရာတိုင်းသို့ သူ၏နားများကလည်း သဘာဝကျစွာပင် ရောက်ရှိနိုင်ပေ၏။
ချန်ချင်းသည် နဂါးရထားအတွင်းရှိ လိပ်နက် ဧကရာဇ် ဆူးကျောက်ကို ပစ်မှတ်ထားလိုက်သည်။
"ဘိုးဘေး... ဒီကောင်လေးရဲ့ စွမ်းအားက သာမန် မဟုတ်ဘူး... အစက သူ့ရဲ့ စိတ်ဝိညာဉ်စွမ်းအားတချို့ကို အရင်ကုန်ဆုံးသွားစေဖို့ ကျားဖြူနိုင်ငံကို အသုံးပြုပြီးတော့မှ အကျိုးအမြတ်တွေကို ရယူဖို့ ရည်ရွယ်ခဲ့တာ... ဒါပေမဲ့ ကျားဖြူနိုင်ငံက လူတွေက သူ့ရဲ့ အလွယ်တကူ သတ်ဖြတ်တာကို ခံရလိမ့်မယ်လို့ ကျွနါတော် ထင်မထားခဲ့ဘူး..."
ဆူးကျောက် ပြောဆိုပြီးနောက် ချက်ချင်းဆိုသလိုပင် အဘိုးအိုတစ်ဦး၏အသံ ထွက်ပေါ်လာသည်။
"အဲ့ဒီလို ဖြစ်နေမှတော့... သူ့ကို ငါတို့ လိပ်နက်နိုင်ငံရဲ့ အမိန့်အောက်မှာ အမှုထမ်းဖို့ ဘာလို့ မခေါ်ယူတာလဲ..."
"ဒီကောင်လေးက အရမ်းငယ်ငယ်ရွယ်ရွယ်နဲ့ ဒီလို ခွန်အားမျိုး ရှိနေတာဆိုတော့... သူ့ရဲ့ ရည်မှန်းချက်က ကောင်းကင်ထက်တောင် မြင့်မားနေလောက်တယ်... သူ့ကို အညံ့ခံအောင် လုပ်ဖို့ ခက်ခဲလိမ့်မယ်..."
ဆူးကျောက်က သူ၏ စိုးရိမ်ပူပန်မှုများကို ထုတ်ဖောပြောဆိုသည်။
တခြားတစ်ဖက်တွင်လည်း သူသည် ဘိုးဘေးထံမှ အဖြေတစ်ခုကို တောင်းဆိုလိုခဲ့လေ၏။
"ပထမဆုံး သူ့ကို အကျိုးကျေးဇူးတွေနဲ့ ဆွဲဆောင်မယ်... အဲ့ဒါက အလုပ်မဖြစ်ရင်... သူ့ကို အတင်းအကြပ် ဖိနှိပ်မယ်..."
ကျားဖြူဘိုးဘေးက ဆက်ပြောသည်။
"ဒါက လျှို့ဝှက်နယ်မြေတစ်ခုမှာ ငါ အမှတ်မထင် ရခဲ့တဲ့ နတ်ဘုရားရတနာတစ်ခုပဲ... ဒီကျိန်စာကို အောင်မြင်စွာ အသုံးပြုပြီးတာနဲ့ ကျိန်စာတိုက်ခံရတဲ့သူက တစ်သက်လုံး သစ္စာဖောက်လို့ မရတော့ဘဲ ရုပ်သေးရုပ်တစ်ရုပ် ဖြစ်သွားလိမ့်မယ်..."
ထိုလူနှစ်ဦးသည် သူတို့၏အစီအစဉ်ကို ပြီးပြည့်စုံသည်ဟု တွေးထင်နေကြသော်လည်း ဤအရာအားလုံးသည် ချန်ချင်း၏ စောင့်ကြည့်မှုအောက်တွင် ရှိနေပြီး သူတို့၏ စကားလုံးတိုင်းနှင့် လုပ်ရပ်တိုင်းသည် သူ၏ အကဲဖြတ်မှုမှ မလွတ်ကင်းနိုင်ကြောင်း သူတို့ မသိရှိခဲ့ကြချေ။
အဲ့ဒီလိုဖြစ်နေမှတော့ ဘာပြောစရာ ရှိသေးလို့လဲ...
ခုနစ်စင်ကြယ်ဓားမြှောင်၏ နောက်ဆုံးဓားကြယ် လုံးဝ ပွင့်သွားပြီး စစ်မှန်သော နတ်ဘုရားရတနာတစ်ခုအဖြစ် အဆင့်မြှင့်တင်ခံရရန် သွေးချီစွမ်းအား အနည်းငယ်သာ လိုအပ်တော့သည်။
ချန်ချင်းသည် သူ၏လက်ကိုမြှောက်ကာ သူ၏ လက်ချောင်းငါးချောင်းကို ကျားလက်သည်းကဲ့သို့ ဆုပ်ထားပြီး လေထဲတွင် ဖမ်းဆုပ်လိုက်၏။
သူသည် လေဟာနယ်ထဲမှနေ၍ အရောင်အသွေးစုံလင်သော ဇီသာကြိုးတချို့ကို ဖန်တီးလိုက်သည်။
ထို့နောက် သူ၏လက်ချောင်းထိပ်များဖြင့် ဇီသာကြိုးများကို တီးခတ်လေသည်။
ဇီသာသံ ထွက်ပေါ်လာသည်နှင့်အမျှ မမြင်နိုင်သော ဓားတစ်လက် ချက်ချင်းထွက်ပေါ်လာခဲ့သည်။
ကြီးမားကျယ်ပြန့်သော စစ်တပ်ကြီးအပြင် လိပ်နက် နိုင်ငံ၏ ဧကရာဇ်နှင့်ဘိုးဘေးတို့သည် ဤဇီသာသံအောက်တွင် ဓားတစ်ချက်တည်းဖြင့် တစ်စစီပိုင်းဖြတ်ခံလိုက်ရလေ၏။
ခေါင်းပြတ်အမြောက်အများ လွင့်စင်သွားပြီး သွေးများ ပန်းထွက်လာသည်။
"မျက်စိတမှိတ်အတွင်း မိုင်ထောင်ချီ အကွာအဝေးကနေ သတ်ဖြတ်နိုင်တာပဲ... ဒါက အထွတ်အထိပ် ခြေလှမ်းတစ်ဝက် ဧကရာဇ်တစ်ယောက်ပဲ လုပ်နိုင်တဲ့ အရာပဲ..."
မြို့ရိုးပေါ်တွင် ဤအရာအားလုံးကို မျက်မြင်တွေ့ရှိခဲ့သော ကျောက်ထုန်သည် သူ၏ထိတ်လန့်တုန်လှုပ်မှုကို ဖုံးကွယ်မထားနိုင်ခဲ့ချေ။
မျက်စိတမှိတ်အတွင်း မိုင်ထောင်ချီ အကွာအဝေးကနေ သတ်ဖြတ်နိုင်တာ...
အမှန်တရားသည် သူ၏ ရှေ့တွင် ပေါ်လွင်နေပြီးသားဖြစ်ရာ လင်းထျန်းလုံ မည်သို့ သံသယဝင်နိုင်မည်နည်း။
လိပ်နက်နိုင်ငံ၏ စစ်သားတစ်သန်းသာမက သူတို့၏နောက်ရှိ မြင့်မားသောတောင်နှစ်လုံးပင်လျှင် အများစု ခုတ်ဖြတ်ခံလိုက်ရပြီး ဝုန်းခနဲ အသံဖြင့် ပြိုကျကာ ဖုန်မှုန့်အမြောက်အများ ထွက်ပေါ်လာသည်။
'ငါ့ခင်ပွန်းက ဧကရာဇ်တစ်ယောက် လည်း ဖြစ်နေတာပဲ... ပြီးတော့ အမြင့်ဆုံးအဆင့် အထွတ်အထိပ် ဧကရာဇ်တောင် ဖြစ်နေသေးတယ်...'
ဤအချိန်တွင် ဤအချက်ကို သိရှိပြီးနောက် ချန်ချင်းအပေါ် ရှားချင်းယွဲ့၏ မြတ်နိုးမှုသည် ဒီရေလှိုင်းတစ်ခုကဲ့သို့ အဆုံးအစမရှိ ဖြစ်လာခဲ့သည်။
လိပ်နက်နိုင်ငံမှ ကျူးကျော်သူများအားလုံးကို သတ်ဖြတ်ပြီးနောက် ချန်ချင်းသည် ခုနစ်စင်ကြယ်ဓားမြှောင်ပျံကို ထုတ်လွှတ်ကာ သွေးချီစွမ်းအား များ အားလုံးကို လုံးဝကုန်ခမ်းသွားသည်အထိ စုပ်ယူစေပြီး သတ္တမမြောက် ဓားကြယ်ကို လင်းလက်စေခဲ့သည်။
သတ္တမမြောက် ဓားကြယ် လင်းလက်လာသောအခါ ခုနစ်စင်ကြယ်ဓားမြှောင်ပျံသည် ပြောင်းလဲသွားပြီး အတွင်းပိုင်းမှ အရည်အသွေးပိုင်း ပြောင်းလဲမှုတစ်ခုကို ဖြစ်ပေါ်စေပေ၏။
အားကောင်းသော ဓားချီများသည် အရပ်မျက်နှာ အားလုံးသို့ ဖိအားပေးလာသည်။
လင်းထျန်းလုံကို မဆိုထားနှင့် ကျောက်ထုန်ကဲ့သို့ ခြေလှမ်းတစ်ဝက် အင်မော်တယ်ဧကရာဇ်နယ်ပယ် ကျင့်ကြံသူပင်လျှင် သူ၏ခန္ဓာကိုယ် လေးလံလာပြီး သူ၏ဒူးများ ညွှတ်ကျသွားသည်ကို မခံစားဘဲ မနေနိုင်ခဲ့ချေ။
အချိန်အတော်ကြာပြီးနောက် ကျောက်ထုန်သည် ခက်ခက်ခဲခဲအားယူ၍ ပြောလိုက်သည်။
"ဒါ... ဒါက ဧကရာဇ်လက်နက်ရဲ့ စွမ်းအားပဲ... သူ... သူက တကယ်ကြီး ဧကရာဇ် လက်နက်တစ်ခုကို ပိုင်ဆိုင်ထားတာပဲ..."
'ဧကရာဇ် လက်နက်လား...'
လင်းထျန်းလုံက တွေးလိုက်သည်။ ဤသည်မှာ ယုတ္တိရှိပေ၏။ အကယ်၍ ထိုအရာသည် သာမန်ကောင်းကင်အဆင့် လက်နက်တစ်ခုသာ ဖြစ်နေပါက ဤမျှထိ အံ့အားသင့်ဖွယ်ကောင်းသော စွမ်းအားမျိုး မည်သို့ရှိနိုင်မည်နည်း။
သို့သော် နောက်စက္ကန့်တွင် တစ်စုံတစ်ခုမှားယွင်းနေပြီဟု သူ ရုတ်တရက် နားလည်သဘောပေါက်သွားသည်။
မဟုတ်ဘူး... မှားယွင်းနေရုံသာ မကဘဲ အလွန်အမင်း မှားယွင်းနေခြင်းပင်။
အကယ်၍ သူ၏မှတ်ဉာဏ်များ မှန်ကန်ပါက ဧကရာဇ် လက်နက်များသည် မဟာဧကရာဇ်များသာ ကိုင်ဆောင်ရန် အရည်အချင်း ပြည့်မီသော ကောင်းကင်တာအို နတ်ဘုရားရတနာများပင်။
ထို့ပြင် မဟာဧကရာဇ်တစ်ပါးအဖြစ် အမှန်တကယ် တက်လှမ်းနိုင်လျှင်တောင် ကောင်းကင်တာအို ဧကရာဇ် လက်နက်တစ်ခုကို နိုးထလာနိုင်ခြင်း ရှိမရှိ ဆိုသည်မှာ ကံကြမ္မာအပေါ်တွင်သာ မူတည်ပြီး ရာနှုန်းပြည့် သေချာမှု မရှိချေ။
'အဲ့ဒီသခင်က အထွတ်အထိပ် ခြေလှမ်းတစ်ဝက် အင်မော်တယ်ဧကရာဇ် တစ်ယောက် မဟုတ်ဘူးလား... သူက ဘာလို့ ကောင်းကင်တာအို နတ်ဘုရား ရတနာ တစ်ခုကို ပိုင်ဆိုင်ထားရတာလဲ...'
ရုတ်ချည်းဆိုသလိုပင် ကြောက်မက်ဖွယ်ကောင်းသော အတွေးတစ်ခုက လင်းထျန်းလုံ၏စိတ်ထဲ၌ ထွက်ပေါ်လာသည်။
"ဖြစ်နိုင်မလား..."
သူ၏ အကြည့်သည် ကျောက်ထုန်ဆီသို့ ချက်ချင်းကျရောက်သွားသည်။
ဤအချက်ကို အတည်ပြုရန် သူ စိတ်အားထက်သန်နေပေ၏။
သူ အံ့အားသွားသည်မှာ ကျောက်ထုန်၏ မျက်နှာပေါ်ရှိ အမူအရာကို သူ ရှင်းလင်းစွာ မမြင်တွေ့ရမီမှာပင် တစ်ဖက်လူသည် ဧကရာဇ်လက်နက်၏ စွမ်းအားကို ဆက်လက်၍ မခုခံတော့ဘဲ ဝုန်းခနဲ အသံဖြင့် သူ၏ဒူးလိုလိုလားလား ဒူးထောက်သည်ကို သူ မျက်မြင်တွေ့ရှိလိုက်ရခြင်းပင်။
သူက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
"ကျောက်ထုန်က မျက်စိကန်းခဲ့ပါတယ်... မဟာဧကရာဇ်ကို အရိုအသေပြုပါတယ်..."