← Chapters

အခန်း ၉၃

Vol. 10 Ch. 93

အခန်း ၉၃

Vol. 10 Ch. 93

အခန်း (၉၃) ဧကရီ

မဟာဝူ နိုင်ငံတော်သည် ငြိမ်းချမ်းသော အချိန်ကာလကို ခံစားနေစဉ် သူ၏ဖခင် ချန်ရှုံး အုပ်ချုပ်သော မဟာချီသည် လက်ရှိတွင် ခက်ခဲသော ပြဿနာတစ်ခုနှင့် ရင်ဆိုင်နေရလေ၏။

စောင့်ကြည့်ကြေးမုံရတနာမှတစ်ဆင့် ချန်ရှုံးသည် တော်ဝင်စာကြည့်ဆောင်တွင် ခေါက်တုံ့ခေါက်ပြန်လမ်းလျှောက်နေပြီး ခြေလှမ်းတစ်ဝက် ဧကရာဇ်ကို မည်သို့ ကိုင်တွယ်ရမည်အား စဉ်းစားနေကြောင်း ချန်ချင်း ရှင်းလင်းစွာ မြင်တွေ့ခဲ့ရသည်။

ချန်ချင်းသည် ကြေးမုံမှန်ထဲသို့ လျှောက်လှမ်းဝင်လိုက်ပြီး မျက်စိတစ်မှိတ်အတွင်း မဟာချီရှိ ချန်ရှုံး၏ တော်ဝင်စာကြည့်ဆောင်သို့ ရောက်ရှိသွားသည်။

"အဖေ... ဘာခြေလှမ်းတစ်ဝက် ဧကရာဇ်လဲ..."

ထိုနေရာသို့ ရောက်ရောက်ချင်း ချန်ချင်းက လိုရင်းကိုသာ တိုက်ရိုက်မေးလိုက်သည်။

"ချင်းအာ... မင်း ရောက်လာပြီပဲ..."

ချန်ရှုံးသည် ချန်ချင်း၏အသံကို ကြားလိုက်ရသဖြင့် လှည့်ကြည့်လိုက်ပြီး ကယ်တင်ရှင်တစ်ဦးကို မြင်လိုက်ရသကဲ့သို့၊ ကောက်ရိုးတစ်မျှင်ကို ဆွဲကိုင်လိုက်ရသကဲ့သို့ ဖြစ်သွားသည်။ သူသည် တစ်စုံတစ်ယောက်ကို ထိုင်ခုံတစ်လုံး ယူလာပေးရန် အလျင်အမြန် အမိန့်ပေးလိုက်၏။

ထို့နောက် ချန်ချင်းသည် ဗာမီလီယန်ငှက်နိုင်ငံက အနောက်က ငှက်ဖမ်းသမား အကြောင်းကို မသိဘဲ ပုစဉ်းရင်ကွဲကိုဖမ်းရန် စောင့်နေသော နှံ့ကောင်တစ်ကောင်ကဲ့သို့ ပြုမူရန် ရည်ရွယ်ထားကြောင်း ချန်ရှုံးထံမှ သိရှိလိုက်ရသည်။

မဟာချီက ကျားဖြူ နှင့် လိပ်နက် နိုင်ငံများသို့ တပ်များ မစေလွှတ်မီ ဗာမီလီယန်ငှက်နိုင်ငံသည် သူတို့ကို ကြားဖြတ်တိုက်ခိုက်ရန် တပ်များကို စေလွှတ်ထားပြီးဖြစ်ကာ မြို့ရိုးများ တလျှောက်လုံးတွင် သူတို့၏ အလံများကို စိုက်ထူထားသည်။

ချန်ရှုံးသည် သူ၏ နယ်မြေကို အလွယ်တကူ လက်လွှတ်မည် မဟုတ်သလို သူ့ကိုယ်သူလည်း နှိမ့်ချမည် မဟုတ်ချေ။

သို့သော် ဗာမီလီယန်ငှက် နိုင်ငံတော်အတွက် ခံတပ်များကို ထိန်းချုပ်ထားသော ခြေလှမ်းတစ်ဝက် ဧကရာဇ် ကျွမ်းကျင်သူတစ်ဦး ရှိနေသဖြင့် သူ၏ တပ်ဖွဲ့များနှင့် အရိပ်ရုပ်သေးရုပ်များသည် မည်သို့မျှ ယှဉ်ပြိုင်နိုင်စွမ်း မရှိခဲ့ချေ။

ချန်ချင်းသည် ထျန်းလုံမြို့တွင် ဗာမီလီယန်ငှက် နိုင်ငံမှ မည်သူ့ကိုမျှ မတွေ့ခဲ့ရသဖြင့် အစပိုင်းတွင် သူတို့သည် ပြဿနာကို မနှစ်သက်ဘဲ တိတ်တဆိတ် ဖွံ့ဖြိုးတိုးတက်ရန်သာ ရွေးချယ်ခဲ့သည်ဟု ထင်မှတ်ခဲ့သောကြောင့် သူတို့ကို ရန်စရန် မစီစဉ်ခဲ့ချေ။

ယခုကြည့်ရသည်မှာ သူတို့ကို သူ အထင်ကြီးလွန်းသွားပုံရသည်။

သူတို့သည် ပြဿနာကို ရှောင်လွှဲနေခြင်း မဟုတ်ဘဲ တခြားသူများ၏ ကြိုးပမ်းအားထုတ်မှု ရလဒ်များကို ခိုးယူရန် ပို၍နှစ်သက်နေကြခြင်းပင်။

ခိုးယူခြင်းက တစ်ပိုင်းဖြစ်သော်လည်း အရေးအကြီးဆုံးအပိုင်းမှာ သူတို့သည် သူ့ဆီမှ ခိုးယူနေခြင်းပင်။

ဒါကို သည်းခံရမှာလား... လုံးဝ မရဘူး...

နယ်မြေ ဆုံးရှုံးခြင်းသည် အသေးအဖွဲကိစ္စဖြစ်ပြီး အဓိကအားဖြင့် ချန်ချင်းသည် ဤကဲ့သို့ ပြဿနာငယ်လေးတစ်ခုကြောင့် သူ၏ အတွေးများကို အနှောင့်အယှက် အဖြစ်မခံလိုချေ။

ကျင့်ကြံသူတစ်ဦးအနေဖြင့် အတားအဆီးမရှိသော အတွေးများရှိနေရန်မှာ အလွန်အရေးကြီးလေ၏။

ချန်ချင်းသည် ယမမင်း၏ သေခြင်းရှင်ခြင်းစာအုပ်ကို ထုတ်ယူကာ ထိုခြေလှမ်းတစ်ဝက် ဧကရာဇ်၏ အသက်ကို စုတ်တံတစ်ချက်ဖြင့် တိုက်ရိုက် အဆုံးသတ်ရန် ဟန်ပြင်လိုက်ချိန်မှာပင်...

တော်ဝင်စာကြည့်ဆောင်၏ အပြင်ဘက်မှ အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာသည်။

"အရှင်မင်းကြီး... ဒီငယ်သားမှာ အရေးပေါ် သတင်းပို့စရာ ရှိပါတယ်..."

"ပြောစမ်း..."

ချန်ရှုံးက ပြောလိုက်၏။

တံခါးအပြင်ဘက်မှ တုံ့ပြန်မှုတစ်ခု ချက်ချင်းထွက်ပေါ်လာသည်။

"အရှင်မင်းကြီးကို သတင်းပို့ပါတယ်... ဗာမီလီယန်ငှက်နိုင်ငံရဲ့ ဧကရီ ရောက်လာပြီးတော့ တွေ့ခွင့်တောင်းနေပါတယ်..."

"ကြည့်ရတာ သူတို့က ကျားဖြူနဲ့လိပ်နက် နိုင်ငံတွေရဲ့ နယ်မြေတွေကို လိုချင်ရုံတင် မကဘူး... ငါတို့ရဲ့ မဟာချီကိုတောင် ချမ်းသာပေးဖို့ အစီအစဉ် မရှိတဲ့ပုံပဲ..."

ချန်ရှုံးက သူ၏အတွေးကို ဖွင့်ဟပြောဆိုလိုက်၏။

နိုင်ငံတစ်ခု၏ ဧကရီ တစ်ပါးသည် ကျားဖြူနှင့် လိပ်နက် နိုင်ငံများကို မည်သို့ ကိုင်တွယ်ရမည်အား ဆွေးနွေးရန်အတွက် သက်သက်ဖြင့် ဤမျှ ခရီးဝေးကြီးကို လာလိမ့်မည်ဟု သူ မယုံကြည်ချေ။

သူတို့၏ စစ်ပွဲအလံများကို မြို့ရိုးများပေါ်တွင် စိုက်ထူထားပြီးဖြစ်ရာ ဆွေးနွေးရန် မည်သည့်အကြောင်းအရင်း ကျန်ရှိမည်နည်း။

"ဒီဧကရီက အရမ်းလောဘကြီးတာပဲ..."

ချန်ချင်းက မတ်တတ်ရပ်လိုက်သည်။

"သွားရအောင် အဖေ... သူတို့နဲ့ သွားတွေ့ကြတာပေါ့..."

"ကောင်းပြီလေ..."

မဟာဧကရာဇ်တစ်ပါးသည် သူ့ဘက်တွင် ရှိနေသဖြင့် ချန်ရှုံးသည် မည်သည့်အရာကို ကြောက်ရွံနေရန် လိုအပ်မည်နည်း။

ခြေလှမ်းတစ်ဝက် ဧကရာဇ်လား... ခြေလှမ်းတစ်ဝက် ဧကရာဇ် ဘယ်နှစ်ယောက်ပဲ လာလာ မဟာဧကရာဇ် တစ်ပါးရဲ့ ပြိုင်ဘက် ဖြစ်လာနိုင်မှာ မဟုတ်ဘူး...

ယခင်က လူများစွာသည် ကိုယ့်ကိုယ်ကိုယ် တိုးတက်အောင် လုပ်မည့်အစား မည်သည်ကြောင့် အားကောင်းသည့် နောက်ခံကို ရှာဖွေလိုကြသနည်း ဆိုသည်အား ချန်ရှုံး အပြည့်အဝ နားမလည်ခဲ့ချေ။ သို့သော် ယခုအချိန်၌ ချန်ချင်းနှင့်အတူ ချန်ရှုံး နောက်ဆုံးတွင် နားလည်သွားခဲ့လေပြီ။ သန်မာအားကောင်းသော နောက်ခံရှိနေခြင်းက အမှန်တကယ်ကိုပင် မယုံနိုင်လောက်အောင် စိတ်ကျေနပ်စရာ ကောင်းလှသည်။

တခြားတစ်ဖက်တွင်... ပင်မခန်းမအတွင်း၌...

ပင်မခန်းမထဲသို့ ဖိတ်ခေါ်ခံရပြီးနောက် ဗာမီလီယန်ငှက်နိုင်ငံ၏ ဧကရီလင်းရွမ်ယွီသည် မထိုင်ဘဲ လှေကားထစ်များဆီသို့ တိုက်ရိုက်လျှောက်လှမ်းသွားကာ အထက်သို့တက်သွားပြီး နဂါးပလ္လင်ဆီသို့ ချဉ်းကပ်သွားခဲ့လေ၏။

"ဟေ့..."

ဤအရာကို မြင်သောအခါ မဟာချီအစောင့်သည် စကားပြောဆိုရန်နှင့် သူမကို တားဆီးရန် ကြိုးစားခဲ့သည်။

သို့သော် လင်းရွမ်ယွီ၏နံဘေးရှိ တာအို ကျင့်ကြံသူက အကြည့်တစ်ချက်ဖြင့် သူ့ကို ခြောက်လှန့်လိုက်သည်။

မဟာချီ အစောင့်သည် တိုက်ပွဲအတွေ့အကြုံ ရင့်ကျက်သူ ဖြစ်သော်လည်း ဧရာမ ရက်စက်ကြမ်းကြုတ်သားရဲကြီးတစ်ကောင် သူ၏ရှေ့တွင် မတ်တတ်ရပ်နေသကဲ့သို့ ခံစားလိုက်သည်။ ဤဖိနှိပ်နိုင်သော အရှိန်အဝါကို ရင်ဆိုင်ရသောအခါ သူသည် နောက်ဆုံးတွင် မည်သည့် ခုခံလိုစိတ်ကိုမျှ မမွေးမြူနိုင်ခဲ့ချေ။ သူ မတ်မတ်ရပ်နေနိုင်ခြင်းကပင် အမှတ်တကယ်ကို အထင်ကြီးလောက်စရာ ဖြစ်နေသည်။

မဟာချီအစောင့်သည် သူမကို ဖီဆန်ရန် သတ္တိမရှိကြောင်း အတည်ပြုပြီးနောက် လင်းရွမ်ယွီသည် နောက်လှည့်ကာ သူမ၏လက်နှစ်ဖက်ကို ဖြန့်လိုက်၏။ သူမ၏အင်္ကျီလက်များသည် လိပ်ပြာတောင်ပံများကဲ့သို့ ဝဲသွားပြီးနောက် မဟာချီ၏ နဂါးပလ္လင်ပေါ်တွင် သူမ ထိုင်လိုက်သည်။

"အကြီးအကဲ ကျောက်ယန် ... ဘယ်လိုထင်လဲ..."

လင်းရွမ်ယွီက သူမ၏နံဘေးရှိ ကျင့်ကြံသူကို ကြည့်ကာ မေးလိုက်သည်။

"ဒီနေရာက အရှင်မအတွက် အရမ်းသင့်တော်ပါတယ်... အရှင်မအတွက် အထူးဖန်တီးထားသလိုပါပဲ..."

ကျောက်ယန်က ပြန်ဖြေလိုက်၏။

ဤစကားကို ကြားသောအခါ လင်းရွမ်ယွီက သူမ၏စိတ်ထဲမှ လှိုက်လှိုက်လှဲလှဲ ရယ်မောလိုက်သည်။

"အဲ့ဒီ အားကောင်းတဲ့ ကျွမ်းကျင်သူက ကျားဖြူနဲ့ လိပ်နက်နိုင်ငံတွေကို ဘာလို့ တိုက်ခိုက်ခဲ့လဲ ဆိုတာကို ငါ မသိပေမဲ့... အဲ့ဒါက ငါ အောက်ဘုံကို ပေါင်းစည်းမယ့် အစီအစဉ်ကြီးကို အချိန်မတိုင်ခင် ပြီးမြောက်ဖို့ ငါ့ကို ကူညီပေးခဲ့တာပဲ..."

"အခုတော့... မိုးပြာနဂါးနိုင်ငံပဲ ကျန်တော့တယ်... သူတော်စင် နိုင်ငံလေးခုလုံး ငါ့ရဲ့ ထိန်းချုပ်မှုအောက် ရောက်သွားပြီဆိုရင်... ကျယ်ပြန့်တဲ့ အောက်ဘုံမှာ ဗာမီလီယန်ငှက်နိုင်ငံကို ဆန့်ကျင်နိုင်မယ့်သူ ဘယ်သူမှ ရှိတော့မှာ မဟုတ်ဘူး..."

"အမှားပြင်ပေးပါရစေ... ဒီနေရာကို မိုးပြာနဂါးနိုင်ငံလို့ မခေါ်တော့ဘူး... မဟာချီလို့ ခေါ်တယ်..."

ချန်ရှုံး၏အသံက နံဘေးမှ ထွက်ပေါ်လာသည်။

လင်းရွမ်ယွီသည် မဟာချီကို လုံးဝဂရုမစိုက်ဘဲ အလွန်မောက်မာစွာ ပြုမူနေပြီး သူ၏နဂါးပလ္လင် ပေါ်တွင်ပင် ထိုင်နေသည်ကို မြင်သောအခါ ချန်ရှုံးသည် ဒေါသထွက်သွားပြီး သူမကို ကောင်းမွန်သောအကြည့်ဖြင့် မကြည့်နိုင်ခဲ့ချေ။

လင်းရွမ်ယွီအတွက်မူ သူမသည် ချန်ရှုံး၏နာကြည်းမုန်းတီးမှုကို ကြာမြင့်စွာကတည်းက မျှော်လင့်ထားပြီး ဖြစ်လေ၏။

သို့သော် လင်းရွမ်ယွီသည် ချန်ရှုံး၏ အတွေးများကို ဂရုစိုက်ရန် ရည်ရွယ်ချက် မရှိသလို နဂါးပလ္လင် ပေါ်မှ ထရန်လည်း ရည်ရွယ်ချက် မရှိချေ။

သူမက ဆက်ပြောသည်။

"မိုးပြာနဂါး နိုင်ငံလို့ပဲ ခေါ်ခေါ်... မဟာချီလို့ပဲ ခေါ်ခေါ်... အရေးမကြီးပါဘူး... အရေးကြီးတာက ဒီနေရာက အနာဂတ်မှာ ငါတို့ဗာမီလီယန်ငှက်နိုင်ငံရဲ့ လက်အောက်ကို ရောက်သွားမှာပဲ..."

"တကယ်လို့ နင်က တော်ဝင်တံဆိပ်တုံးကို လိမ်လိမ်မာမာ လွှဲပေးပြီးတော့ အညံ့ခံကြောင်း လောကကြီးကို ကြေညာမယ်ဆိုရင်... နင်ကို ငါ မတရား မဆက်ဆံပါဘူး..."

လင်းရွမ်ယွီ၏ ခြိမ်းခြောက်မှုများနှင့် သွေးဆောင်မှုများကို ရင်ဆိုင်ရသောအခါ ချန်ရှုံးက ရယ်မောလိုက်၏။

"တကယ်လို့ မင်းက ဒီရည်ရွယ်ချက်နဲ့ လာတာဆိုရင်တော့... လက်လျှော့လိုက်တော့... မဟာချီက ဘယ်သူ့ကိုမှ ဘယ်တော့မှ အညံ့ခံမှာ မဟုတ်ဘူး..."

လင်းရွမ်ယွီသည် နောက်ထပ်စကားပြောရန် အလျင်မလိုဘဲ သူမ၏နံဘေးရှိ ကျောက်ယန်ကို ကြည့်လိုက်သည်။

သူတို့၏အကြည့်များ ဆုံသွားသောအခါ ကျောက်ယန်က နားလည်သွားပြီး ရှေ့သို့ ခြေလှမ်းအနည်းငယ် လှမ်းလိုက်သည်။ သူ၏မျက်လုံးများတွင် ရက်စက်ကြမ်းကြုတ်သော အလင်းရောင်များ တောက်ပနေကာ ချန်ရှုံးနှင့် ချန်ချင်းတို့ကို စေ့စေ့စပ်စပ် စစ်ဆေးပြီး အထက်စီးဆန်သောလေသံဖြင့် ပြောလိုက်၏။

"မင်းတို့မှာ ငြင်းပယ်ပိုင်ခွင့် မရှိဘူး..."

သူ စကားပြောနေစဉ် ခြေလှမ်းတစ်ဝက် ဧကရာဇ်နယ်ပယ်၏ ဖိအားသည် ကြီးမားသော မြစ်ကြီးတစ်စင်းအလား ထွက်ပေါ်လာသည်။

ချန်ချင်းက အရိပ်ရုပ်သေးရုပ် တစ်ကောင်ကို ထုတ်လွှတ်လိုက်သည်။

ဤအရာကို မြင်သောအခါ ကျောက်ယန်က လှောင်ပြောင်လိုက်၏။

"ဒီရုပ်သေးရုပ်က တကယ်ကို အံ့အားသင့်စရာကောင်းပါတယ်... ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ စိတ်ဝိညာဉ်ခွဲခြားခြင်းနယ်ပယ် ကျင့်ကြံခြင်းလောက်နဲ့တော့... မင်းက ဒီအရှင်ရဲ့ရှေ့မှာ ကြွားလုံးထုတ်ဖို့ အရည်အချင်း မပြည့်မီဘူး..."

သူသည် ယခင်က အရိပ်ရုပ်သေးရုပ်နှင့် တိုက်ခိုက်ဖူးပြီး ထိုအရာနှင့်ပတ်သက်၍ အခြေခံ နားလည်မှု ရှိနေသည်။

သူသည် ခြေလှမ်းတစ်ဝက်နယ်ပယ် ဧကရာဇ်တစ်ဦးဖြစ်ကြောင်း သိထားသော်လည်း ချန်ချင်းက သူ့ကို ရင်ဆိုင်ရန် စိတ်ဝိညာဉ်ခွဲခြားခြင်းနယ်ပယ် အရိပ်ရုပ်သေးရုပ်ကို အသုံးပြုလိုသေးသည်ကို မြင်သောအခါ သူသည် တစ်ဖက်လူကို ရိုးအလွန်းသည်၊ မိုက်မဲလွန်းသည်ဟု တွေးထင်လိုက်သည်။

သို့သော် နောက်ဆက်တွဲ ဖြစ်ပေါ်လာသောအရာက ကျောက်ယန်၏ မျက်နှာအမူအရာကို အေးခဲတောင့်တင်းသွားစေခဲ့သည်။

အရိပ်ရုပ်သေးရုပ်သည် ထိုနေရာတွင် ရပ်နေရုံသာ ဖြစ်ပြီး သူ၏ခြေလှမ်းတစ်ဝက် ဧကရာဇ် ဖိအားသည် ထိုအရာနှင့် ထိတွေ့မိသောအခါ ချက်ချင်း အပိုင်းပိုင်းအစစ ဆုတ်ဖြဲခံလိုက်ရပြီး လေထဲတွင် ပျောက်ကွယ်သွားခဲ့လေ၏။

အတင်းအကြပ် ဆုတ်ဖြဲခံလိုက်ရခြင်းထက် သူ၏ ခြေလှမ်းတစ်ဝက် ဧကရာဇ် ဖိအားသည် အရိပ်ရုပ်သေးရုပ်ကို ကြောက်ရွံ့ပြီး အလိုအလျောက် ပျောက်ကွယ်သွားခြင်းနှင့် ပို၍တူညီနေခဲ့သည်။

'ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ...'

ကျောက်ယန်က ခေါင်းခါလိုက်ပြီး ဤအတွေးကို သူ၏ စိတ်ထဲမှ အလျင်အမြန် ရှင်းထုတ်လိုက်သည်။ မည်သို့ပင်ဖြစ်စေကာမူ နိမ့်ပါးသော စိတ်ဝိညာဉ်ခွဲခြားခြင်းနယ်ပယ် ရုပ်သေးတစ်ကြောင့် သူ ဒုက္ခရောက်မည် မဟုတ်ဟု ယုံကြည်ထားလေ၏။

ဤအရိပ်ရုပ်သေးရုပ်၏ ဖွဲ့စည်းပုံသည် ယခင် ရုပ်သေးရုပ်များနှင့် ကွာခြားမှု ရှိမရှိ သို့မဟုတ် ထိုအရာတွင် လျှို့ဝှက်ရတနာတချို့ကို တိတ်တဆိတ် ဖုံးကွယ်ထားခြင်း ရှိမရှိ ကြည့်ရှုရန်အတွက် သူ၏ နတ်ဘုရား မျက်လုံးကို ဖွင့်ရန် သူ ကြိုးစားလိုက်သည်။

မကြည့်လျှင် အဆင်ပြေသော်လည်း ကြည့်လိုက်ခြင်းက ကျောက်ယန်၏စိတ်ရှုပ်ထွေးမှုကို ပို၍နက်ရှိုင်းသွားစေခဲ့သည်။

အကြောင်းအရင်းမှာ ဤအရိပ်ရုပ်သေးရုပ်ကို သူ ထွင်းဖောက်မမြင်နိုင်သောကြောင့်ပင်။ သူ သတိပြုမိနိုင်သော တစ်ခုတည်းသောအရာမှာ ထိုအရာ၏ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါသာ ဖြစ်ပေ၏။

ခြေလှမ်းတစ်ဝက် ဧကရာဇ် တစ်ဦးအနေဖြင့် ကျောက်ယန်ပင်လျှင် ဤအရှိန်အဝါအောက်တွင် သူ၏မသိစိတ်မှနေ၍ သေးငယ်ပြီး နိမ့်ကျနေသကဲ့သို့ ခံစားလိုက်ရသည်။

"မဟုတ်ဘူး... ဒါက မမှန်သေးဘူး..."

ကျောက်ယန်သည် မသိလိုက်ဘဲ ထင်ယောင်ထင်မှား တစ်ခုထဲသို့ ကျရောက်သွားပြီဟု ခံစားလိုက်ရသဖြင့် သူ၏ခေါင်းကို ပြင်းပြင်းထန်ထန် ထပ်မံခါယမ်းလိုက်၏။

သူ၏ဆုံးဖြတ်ချက်ကို ခိုင်မာစေပြီးနောက် သူသည် ဤအရိပ်ရုပ်သေးရုပ်၏ အတိမ်အနက်ကို တိုက်ရိုက် စမ်းသပ်ရန် ဆုံးဖြတ်ကာ ပြတ်ပြတ်သားသား တိုက်ခိုက်လိုက်သည်။

ရုပ်သေးရုပ်တစ်ကောင်သည် ခြေလှမ်းတစ်ဝက် ဧကရာဇ်တစ်ဦးဖြစ်သော သူ့ထက် ပို၍အားကောင်းနိုင်မည်လော...

သူ အရိပ်ရုပ်သေးရုပ်၏ ရှေ့တွင် ချက်ချင်းထွက်ပေါ်လာပြီး တိုက်ခိုက်တော့မည့် အချိန်မှာပင်...

မဟာဧကရာဇ်၏ ဖိအားသည် မမြင်နိုင်သော လက်ကြီးတစ်ဖက်အဖြစ် ပြောင်းလဲသွားပြီး ကျောက်ယန်ကို ချက်ချင်း ရက်ရက်စက်စက် ဖိနှိပ်လိုက်ကာ သူ့ကို မြေကြီးပေါ်တွင် မှောက်လျက်သား ဖြစ်သွားစေပြီး လှုပ်ရှား၍မရတော့ချေ။

သူသည် သူ၏ပါးစပ်မှ စကားလုံး အနည်းငယ်ကို ခက်ခက်ခဲခဲ ညှစ်ထုတ်ပြီး ထိတ်လန့်မှုနှင့်စိတ်ရှုပ်ထွေးမှု နှစ်ခုလုံးဖြင့် ပြောလိုက်၏။

"မ... မဟာဧကရာဇ်..."

All Chapters