← Chapters

အခန်း ၉၄

Vol. 10 Ch. 94

အခန်း ၉၄

Vol. 10 Ch. 94

အခန်း (၉၄) အထက်ဘုံ

ထိုမေးခွန်းအတွက် အဖြေကို ကျောက်ယန် အဖြေမရှာနိုင်မီမှာပင် သူ၏တစ်ကိုယ်လုံးသည် မီးခိုးငွေ့တစ်မျှင်ကဲ့သို့ ပျောက်ကွယ်သွားပြီး မည်သည့်အရာမျှ မကျန်ရစ်တော့ချေ။

သူသည် မည်သည့် နာကျင်မှုမျှ မရှိဘဲ လွယ်ကူစွာ ထွက်ခွာသွားခဲ့သည်။ သို့ရာတွင် ခြေလှမ်းတစ်ဝက် ဧကရာဇ်တစ်ယောက် သူမ၏ မျက်စိရှေ့တွင် ရက်ရက်စက်စက် ဖျက်ဆီးခံလိုက်ရသည်ကို မျက်မြင်တွေ့ရှိခဲ့ရသော လင်းရွမ်ယွီသည် သူမ၏စိတ်ခံစားချက်များ အောက်ခြေအထိ ထိုးကျသွားသည်ကို ခံစားလိုက်ရသည်။ သူမသည် ပြုံးရယ်၍ပင် မရနိုင်တော့ချေ။

မဟာချီကို ဆန့်ကျင်ရန် မဆုံးဖြတ်မီ သူမသည် သေချာစွာ စုံစမ်းစစ်ဆေးခဲ့ပြီး မဟာချီ၏နယ်နိမိတ်အတွင်း၌ ခြေလှမ်းတစ်ဝက်ဧကရာဇ်နယ်ပယ် အစွမ်းထက်သူများ နေထိုင်ကြောင်းကို သူမ မကြားဖူးခဲ့ချေ။

အကယ်၍ ထိုအဆင့်ကျင့်ကြံသူများ ရှိခဲ့လျှင်မဟာချီ သည် မကြာသေးမီကမှ တည်ထောင်ခဲ့ခြင်းဖြစ်သည်။ ထိုကြောင့် နှစ်ဖက်လုံးတွင် ခြေလှမ်းတစ်ဝက် ဧကရာဇ်နယ်ပယ် ကျွမ်းကျင်သူများ ရှိနေလျှင်ပင် ဗာမီလီယန်ငှက်နိုင်ငံ၏ နှစ်တစ်ထောင် အခြေခံအုတ်မြစ်ကို မဟာချီက ယှဉ်နိုင်မည် မဟုတ်ဟု လင်းရွမ်ယွီက တွေးတောခဲ့လေ၏။

ဂုဏ်သရေရှိသော ခြေလှမ်းတစ်ဝက် ဧကရာဇ်နယ်ပယ် ကျင်ကြံသူတစ်ဦးသည် ပြိုင်ဘက်၏ လှုပ်ရှားမှု တစ်ချက်တည်းဖြင့် ချက်ချင်းသတ်ဖြတ်ခံရလိမ့်မည်ဟု မည်သူက ထင်မှတ်ထားခဲ့မည်နည်း။

မဟုတ်ဘူး... ဒါက မမှန်ဘူး...

သူသည် လှုပ်ရှားရန် အခွင့်အရေးပင် မရမီ လွယ်လင့်တကူ အသတ်ခံလိုက်ရခြင်းဖြစ်သည်။

'ခဏလေး...'

ဤအချိန်အခိုက်အတန့်တွင် သူမ၏ ထိတ်လန့်မှုကြားမှ လင်းရွမ်ယွီသည် ကျောက်ယန် မသေဆုံးမီ ပြောဆိုခဲ့သော စကားလုံးနှစ်လုံးကို ရုတ်တရက် သတိရသွားသည်။

မဟာဧကရာဇ် ...

'ဘယ်သူက မဟာဧကရာဇ်လဲ... မဟာဧကရာဇ် တစ်ပါး ရှိနေတာလား...'

မေးခွန်းတစ်ခုပြီးတစ်ခုက လင်းရွမ်ယွီ၏စိတ်ထဲတွင် ထွက်ပေါ်လာသည်။

အကယ်၍ မဟာဧကရာဇ်တစ်ပါး အမှန်တကယ် ရှိနေခဲ့ပါက အရာအားလုံးက ယုတ္တိရှိသွားလေပြီ။ မဟာဧကရာဇ်နယ်ပယ် ကျွမ်းကျင်သူတစ်ယောက်သည် ခြေလှမ်းတစ်ဝက် ဧကရာဇ်နယ်ပယ် တစ်ဦးကို လွယ်လင့်တကူ သတ်ဖြတ်နိုင်ပေ၏။

သို့သော် သူမ ပြန်စဉ်းစားလိုက်သောအခါ တစ်စုံတစ်ခု မှားနေသည်ဟု ခံစားလိုက်ရသည်။ မဟာဧကရာဇ်အဆင့် အားကောင်းသူတစ်ယောက်သည် အောက်ဘုံတွင် မည်သို့ ထွက်ပေါ်လာပြီး သေးငယ်ပြီး အရေးမပါသော နိုင်ငံလေးတစ်ခု၌ နေထိုင်နေမည်နည်း။

ဒီအရာက မှားနေတယ်...

ငါ ဘယ်လိုပဲ တွေးတွေး မှားနေတယ်...

ထိုမေးခွန်းအတွက် အဖြေကို အဖြေရှာရန် လင်းရွမ်ယွီအား အခွင့်အရေး မပေးဘဲ အရိပ်ရုပ်သေးရုပ် သည် တစ္ဆေတစ်ကောင်အလား သူမ၏ရှေ့တွင် ထွက်ပေါ်လာသည်။

ဧကရာဇ်၏ဖိအားက လင်းရွမ်ယွီကို ရှင်းလင်းစွာ ဖိနှိပ်ထားစဉ် သူမ မော့ကြည့်လိုက်ရာ အရိပ်ရုပ်သေးရုပ် ၏ ရှည်လျားသော ပုံရိပ်နောက်တွင် မဟာဧကရာဇ် နတ်ဘုရား ရောင်ဝါစက်ဝန်း ထွက်ပေါ်လာသည်ကို ရှင်းလင်းစွာ မြင်တွေ့လိုက်ရသည်။

ထိုအချိန်မှသာ ကျောက်ယန် နောက်ပြောင်နေခြင်း မဟုတ်ကြောင်း လင်းရွမ်ယွီ အတည်ပြုနိုင်ခဲ့လေ၏။ ဤနေရာတွင် မဟာဧကရာဇ်တစ်ပါး အမှန်တကယ်ကို ရှိနေခဲ့သည်။

ထို့ပြင် ဤမဟာဧကရာဇ်သည် ရုပ်သေးရုပ်တစ်ကောင်ပင်။

'မဟာဧကရာဇ်နယ်ပယ် ရုပ်သေးရုပ် တစ်ကောင်... ဒါက... ဖြစ်နိုင်လို့လား...'

လင်းရွမ်ယွီ၏စိတ်နှလုံးသားတွင် နက်နဲသော မေးခွန်းများဖြင့် ပြည့်နှက်နေသည်။

သို့သော် ထိုအရာများနှင့် နှိုင်းယှဉ်ပါက အသက်ရှင်သန်ရန် အခွင့်အရေးတစ်ခု ရှာဖွေခြင်းက ယခုအချိန်တွင် သူမအတွက် ပိုအရေးကြီးလေ၏။

"မဟုတ်ဘူး... နင် ငါ့ကို သတ်လို့ မရဘူး... ငါ့မှာ နောက်ခံ ရှိတယ်..."

ချန်ချင်းသည် လင်းရွမ်ယွီက သူ့ကို အဓိပ္ပာယ်မရှိသော စကားများဖြင့် ခြိမ်းခြောက်နေသည်အား နားထောင်ရန် စိတ်မဝင်စားချေ။ မဟာဧကရာဇ် အရိပ်ရုပ်သေးရုပ်၏ ကျန်ရစ်သော လက်ဝါးစွမ်းအား တစ်ခုတည်းကပင် သူမ၏ရုပ်ခန္ဓာကိုယ်ကို အစိတ်စိတ်အမွှာမွှာ ဖြစ်သွားစေပြီး သူမကို သွေးမြူ တစ်ခုအဖြစ် ပြောင်းလဲသွားစေပေ၏။

"ဒီအရိပ်ရုပ်သေးရုပ်က မဟာဧကရာဇ်တစ်ပါးရဲ့ စွမ်းအား တကယ်ကြီး ရှိနေတာလား..."

အချိန်အတော်ကြာပြီးနောက် ဖြစ်စဉ် တစ်ခုလုံးကို မျက်မြင်တွေ့ရှိခဲ့သော ချန်ရှုံးသည် သူ၏တုန်လှုပ်မှုမှ ပြန်လည်သက်သာလာပြီး ချန်ချင်းအား မေးလိုက်သည်။

ချန်ချင်းက ခေါင်းညိတ်လိုက်သည်။

"အမှန်ပါတယ်... ဒီအရိပ်ရုပ်သေးရုပ်ရဲ့စွမ်းအားက မဟာဧကရာဇ်တစ်ပါးနဲ့ ညီမျှတယ်... သာမန်မဟာဧကရာဇ်တစ်ပါးထက်တောင် တော်တော်လေး ပိုပြီး သန်မာအားကောင်းတယ်..."

သူ၏ရှေ့သို့ ပြန်ရောက်လာသော မဟာဧကရာဇ် အရိပ်ရုပ်သေးရုပ်ကို ကြည့်ကာ ချန်ချင်းက ရုတ်တရက် အကြံဉာဏ်တစ်ခု ရသွားပြီး ချန်ရှုံးကို ကြည့်လိုက်၏။

"အဖေ... ကျွန်တော်တို့ မဟာချီကို စောင့်ကြပ်ပေးဖို့ အားကောင်းတဲ့သူ တစ်ယောက် တကယ်ကြီး လိုအပ်တယ်... ဒီအရိပ်ရုပ်သေးရုပ်ကို ဘယ်လိုထင်လဲ..."

အကယ်၍ သူသည် မဟာဧကရာဇ် အရိပ်ရုပ်သေးရုပ် ကို မဟာချီတွင် ချန်ထားခဲ့ပါက ပြဿနာ တစ်စုံတစ်ရာ ပေါ်ပေါက်လာပါက သူကိုယ်တိုင် လာရန် မလိုအပ်တော့ချေ။

အကြောင်းအရင်းမှာ ရိုးရှင်းလှသည်။ လက်ရှိတွင် ထျန်းရွှမ်ကုန်းမြေတစ်ခုလုံးရှိ မဟာဧကရာဇ်များ အားလုံးသည် သူ့ဘက်တွင် ရှိနေလေ၏။

တခြားသူများသည် မည်မျှပင် ကြိုးစား၍ ကျင့်ကြံစေကာမူ ခွန်အားကွာဟချက်ကို သူတို့ ကျော်ဖြတ်နိုင်မည်မဟုတ်ချေ။

"မဖြစ်ဘူး... မဖြစ်ဘူး... မဖြစ်ဘူး... မင်းရဲ့ လက်ရှိစွမ်းအားနဲ့ဆိုရင် အနာဂတ်မှာ ရန်သူတွေ အများကြီးကို ဖန်တီးမိလောက်တယ်... ဒီမဟာဧကရာဇ်နယ်ပယ် အရိပ်ရုပ်သေးရုပ်ကို မင်းကို ကူညီဖို့ မင်းရဲ့ဘေးမှာထားတာ ပိုကောင်းတယ်..."

ချန်ရှုံးသည် သူ့ထက် ချန်ချင်း၏ဘေးကင်းလုံခြံညရေးကို ပို၍စိုးရိမ်နေခဲ့သည်။

သူ သေသွားလျှင်ပင် ပြဿနာမရှိသော်လည်း ချန်ချင်းကမူ လုံးဝအထိခိုက်ခံ၍ မရချေ။

"အဖေ စိတ်ပူစရာ မလိုဘူး... ကျွန်တော်ဆီမှာ ဒီလို အရိပ်ရုပ်သေးရုပ်တွေ အများကြီး ရှိသေးတယ်..."

သူ စကားပြောဆိုနေစဉ် အရိပ်ရုပ်သေးရုပ်များသည် သူ၏နံဘေးတွင် တစ်ကောင်ပြီး တစ်ကောင် ထွက်ပေါ်လာသည်။ ထိုရုပ်သေးရုပ်တစ်ကောင်စီတိုင်း၏ အနောက်တွင် မဟာဧကရာဇ် နတ်ဘုရားရောင်ဝါစက်ဝန်းတစ်ခုက ဖြည်းညှင်းစွာ လည်ပတ်နေပေ၏။

"အမ်... ဒါက..."

ချန်ရှုံးသည် သူ၏ဘဝတွင် ဤမျှထိများပြားသော မဟာဧကရာဇ်များကို တစ်ကြိမ်တစ်ခါမျှ မမြင်ဖူးခဲ့သဖြင့် အံ့အားသင့်မသွားဘဲ မနေနိုင်တော့ချေ။ သူသည် တခဏကြာသည်အထိ စကားတစ်ခွန်းကိုပင် အပြည့်အစုံ မပြောနိုင်တော့ချေ။

အချိန်အတော်ကြာပြီးနောက် သူသည် နောက်ဆုံးတွင် စိတ်သက်သာရာရသွားပြီး ပြုံးလိုက်သည်။

"ကောင်းပါပြီ... အဖေက မင်းရဲ့စကားကို နားထောင်ပါ့မယ်..."

ချန်ရှုံး၏ သဘောထားကို အတည်ပြုပြီးနောက် ချန်ချင်းက အကြည့်တစ်ချက် ပေးလိုက်ရာ မဟာဧကရာဇ် အရိပ်ရုပ်သေးရုပ်သည် အရိပ်တစ်ခုအဖြစ် ပြောင်းလဲသွားပြီး ချန်ရှုံး၏ခြေဖဝါးအောက်ရှိ အရိပ်နှင့် ပေါင်းစပ်သွားသည်။

ထို့နော​က် သူ၏နံဘေးပတ်လည်ရှိ မဟာဧကရာဇ်အဆင့် အရိပ်ရုပ်သေးရုပ် ဆယ်ကောင်သည်လည်း သူတို့ လာရာလမ်းသို့ ပြန်သွားကြပြီး အမှောင်ကမ္ဘာထဲ၌ တိတ်တဆိတ် ပုန်းအောင်းကာ ချန်ချင်း၏ နောက်ထပ်အမိန့်ကို စောင့်ဆိုင်းနေကြ၏။

"ဒါနဲ့ စကားမစပ်... အဲ့ဒီဧကရီက မသေခင်လေးမှာ ခြေလှမ်းတစ်ဝက် ဧကရာဇ်အပြင်... သူ့မှာ နောက်ခံ ရှိသေးတယ်လို့ ပြောချင်ပုံရတယ်..."

ချန်ရှုံး၏ ပြောမထွက်သော အဓိပ္ပာယ်မှာ ပြဿနာကို အမြစ်ဖြတ်ပြီး အစပျိုးလှုပ်ရှားမှု လုပ်ချင်သလောဟု ချန်ချင်းအား မေးမြန်းလိုခြင်းပင်။

တခြားလူများ ပြဿနာလာရှာသည်ကို စောင့်နေမည့်အစား သူတို့ထံ အရင်သွားပြီး ဖယ်ရှားပစ်ခြင်းက ပိုကောင်းပေမည်။

"အဖေက ကျားဖြူ လိပ်နက်နဲ့ ဗာမီလီယန်ငှက် နိုင်ငံသုံးခုကို သိမ်းပိုက်ဖို့ တပ်တွေ အရင် လွှတ်ပြီး... သူတို့ အားလုံးကို မဟာချီထဲ ထည့်သွင်းလိုက်ဖို့ပဲ လိုတယ်... အဲ့ဒါက အခုလက်ရှိ အရေးအကြီးဆုံး ကိစ္စပဲ... ကျန်တာတွေကို ကျွန်တော် ကိုင်တွယ်ပါ့မယ်..."

ချန်ချင်းက သူ၏ အစီအစဉ်ကို ပြောဆိုလိုက်၏။

"ကောင်းပြီ... အဖေက တော်ဝင်အမိန့်တော်ကို အခုချက်ချင်း သွားရေးလိုက်မယ်..."

ချန်ရှုံးသည် ချန်ချင်းကို ရာနှုန်းပြည့်ယုံကြည်ပြီး သူပြောသည့်အတိုင်း လုပ်ဆောင်ရန် ဆန္ဒရှိသည်။

ချန်ချင်းသည် ဤနေရာ၌ ဆက်မနေတော့ချေ။ သူသည် နှုတ်ဆက်ပြီး ထွက်ခွာသွားကာ ချန်အိမ်တော် သို့ ပြန်ရန် ဆုံးဖြတ်လိုက်ပြီး ရှားချင်းယွဲ့ နိုးနေလောက်ပြီဟု တွေးတောလိုက်၏။

ကူးပြောင်းရေးတံခါး ပွင့်သွားသည်နှင့် တပြိုင်နက် ချန်ချင်းသည် ထိုအရာထဲမှ အပြည့်အဝ မထွက်ရသေးမီမှာပင် နူးညံ့သော ပုံရိပ်တစ်ခု၏ ပွေ့ဖက်ခြင်းကို ခံလိုက်ရသည်။

သူ ငုံ့ကြည့်လိုက်ရာ သူ့ကို တင်းကျပ်စွာ တွယ်ကပ်နေသူမှာ တခြားသူမဟုတ်ဘဲ ရှားချင်းယွဲ့သာ ဖြစ်နေသည်။

"ဘာဖြစ်လို့လဲ ဇနီးလေး..."

ချန်ချင်းသည် လက်ကို မြှောက်ကာ ရှားချင်းယွဲ့ကို ပြန်လည်ပွေ့ဖက်လိုက်ပြီး သူ၏ မျက်လုံးများတွင် အလိုလိုက်သည့် ချစ်ခင်ယုယမှုများဖြင့် ပြည့်နှက်နေသည်။

ရှားချင်းယွဲ့ စကားမပြောဘဲ သူနှင့်ပေါင်းစပ်သွားချင်သည့်အလား သူ၏ ရင်ခွင်ထဲသို့ တိုးဝင်နေသည်ကို မြင်သောအခါ ချန်ချင်းက နောက်ပြောင်လိုက်၏။

"ငါ့ရဲ့ဇနီးလေးက ငါက ပျော်စရာကောင်းတာတွေ ပြီးသွားရင် စိတ်ဝင်စားမှု ပျောက်သွားပြီး ဇနီးနဲ့ ကလေးကို စွန့်ပစ်တတ်တဲ့ နှလုံးသားမဲ့တဲ့ ယောက်ျားမျိုးလို့များ ထင်နေတာလား..."

ရှားချင်းယွဲ့၏ နူးညံ့သော ခန္ဓာကိုယ်လေး တုန်ယင်သွားသည်ကို ခံစားလိုက်ရသဖြင့် ချန်ချင်းက ရယ်မောလိုက်သည်။

"ကြည့်ရတာတော့ ငါပြောတာ မှန်သွားပြီ ထင်တယ်..."

"ငါ့ရဲ့ဇနီးလေးက ငါ့အကြောင်း အရမ်းဆိုးဆိုးရွားရွားတွေ တွေးနေတာပဲမလား..."

ချန်ချင်းက ရှားချင်းယွဲ့ကို ညင်သာစွာ တွန်းဖယ်လိုက်သည်။

"ကျွန်မ... ကျွန်မ အဲ့ဒီလို မတွေးပါဘူး..."

ရှားချင်းယွဲ့က ခိုင်မာမှုမရှိသော လေသံဖြင့် ပြောလိုက်၏။

"ငါ မယုံဘူး..."

ချန်ချင်းသည် နောက်လှည့်ကာ ထွက်သွားပြီး ရှားချင်းယွဲ့ကို ကျောခိုင်း၍ ကျောက်ထိုင်ခုံတစ်ခုပေါ်တွင် ထိုင်ကာ သက်ပြင်းချပြီး နာကြည်းဟန်ဆောင်ကာ ပြောလိုက်သည်။

"ငါ ချန်ချင်းရဲ့ နက်ရှိုင်းတဲ့ ချစ်မြတ်နိုးမှုက ငါ့ဇနီးလေးရဲ့ မျက်လုံးထဲမှာ တစ်ကိုယ်ကောင်းဆန်တဲ့ ဗီလိန် တစ်ယောက်အဖြစ် မြင်ခံရလိမ့်မယ်လို့ ငါ တစ်ခါမှ မထင်ထားခဲ့ဘူး... ဟူး..."

ဤအရာကို မြင်သောအခါ ရှားချင်းယွဲ့သည် အနေခက်နေပုံ ပေါက်သွားပြီး ရှေ့သို့ အလျင်အမြန် လျှောက်သွားကာ ချန်ချင်း၏ပခုံးကို ညင်သာစွာ တွန်းပြီး အချိုသတ်ကာ ပြောလိုက်သည်။

"ခင်ပွန်း... ကျွန်မ မှားသွားပါတယ်... ဒါက ကျွန်မရဲ့ ကိုယ်ပိုင် အသေးအဖွဲ စံနှုန်းတွေနဲ့ လူကြီးလူကောင်း တစ်ယောက်ကို ဆုံးဖြတ်မိတာပါ... ကျေးဇူးပြုပြီး စိတ်မဆိုးပါနဲ့ ခင်ပွန်း..."

ဂုဏ်သရေရှိသော မဟာဧကရာဇ်တစ်ပါးက အလိုလိုက်ခံရန် ကြိုးစားနေပြီး ခွင့်လွှတ်မှု တောင်းခံနေခြင်း...

အကယ်၍ အပြင်လူများကသာ ဤမြင်ကွင်းကို မြင်ခဲ့ပါက သူတို့ သေချာပေါက် ဆွံ့အသွားပေမည်။

ရှားချင်းယွဲ့သည် ထိုအရာများအနက် တစ်ခုကိုမျှ ဂရုမစိုက်ချေ။ မဟာဧကရာဇ်တစ်ပါးကို မဆိုထားနှင့် အင်မော်တယ်ဧကရာဇ် တစ်ပါးပင်လျှင် ချန်ချင်း၏ အရေးပါမှုနှင့် ယှဉ်နိုင်မည် မဟုတ်ချေ။

"ငါ့ရဲ့ပခုံးတွေ နည်းနည်း ညောင်းနေတယ်... တစ်ယောက်ယောက်ကများ ငါ့ကို နှိပ်နယ်ပေးရင် သိပ်ကောင်းမှာပဲ..."

"ကျွန်မ လုပ်ပေးမယ်... ကျွန်မ လုပ်ပေးမယ်..."

ချန်ချင်း စကားပြောဆိုပြီးသည်နှင့် တပြိုင်နက် ရှားချင်းယွဲ့သည် ချန်ချင်း၏ ပခုံးများကို အားပြင်းပြင်းဖြင့် စတင်၍ နှိပ်နယ်ပေးတော့သည်။

တစ်ခါတစ်ရံ သူမသည် ခေါင်းငုံ့ကာ "ဘယ်လိုလဲ ခင်ပွန်း... အားက အဆင်ပြေရဲ့လား..." ဟု မေးနေသည်။

"ကောင်းတယ်... အရမ်း ကောင်းတယ်..."

ချန်ချင်းသည် လုံးလုံးလျားလျား ဝမ်းသာကြည်နူးနေပုံ ပေါက်နေပေ၏။

"ဒါဆိုရင် ခင်ပွန်းက အခု ကျွန်မကို ခွင့်လွှတ်ပေးနိုင်ပြီလား..."

ရှားချင်းယွဲ့က အပြုံးနှင့် မေးလိုက်သည်။

"အင်း...ဒါက..."

ချန်ချင်းသည် လက်ပိုက်ကာ တွေဝေတုံ့ဆိုင်းနေသည်။

ထို့နောက် ရှားချင်းယွဲ့က ချိုသာပြီး ဆွဲဆောင်မှုရှိသော အသံဖြင့် ပြောလိုက်၏။

"ခွင့်လွှတ်ပေးပါနော်...ခင်ပွန်းက လူကောင်းပဲ... လောကမှာ အနူးညံ့ဆုံး ခင်ပွန်းလေ..."

ဤစကားများက ချန်ချင်းအပေါ် အလွန်အကျိုးသက်ရောက်မှု ရှိသည်။ သူသည် သူ၏ ပေါင်ကို ရိုက်ကာ ပြောလိုက်သည်။

"ကောင်းပြီ... ငါ မင်းကို ခွင့်လွှတ်တယ်..."

"ရှင့်ရဲ့သဘောထားကြီးမှုအတွက် ကျေးဇူးတင်ပါတယ် ခင်ပွန်း..."

ရှားချင်းယွဲ့က တခစ်ခစ် ရယ်မောလိုက်ပြီး ချန်ချင်းကို အနောက်မှ ဖက်ကာ သူ၏ပါးပြင်ကို စိတ်လှုပ်ရှားစွာဖြင့် အကြိမ်အနည်းငယ် နမ်းလိုက်သည်။

သေးငယ်သော ကြားဖြတ်ဇာတ်လမ်းလေးပြီးနောက် ချန်ချင်းသည် ချန်အိမ်တော်မှ ထွက်ခွာကာ မဟာချီသို့ သွားခဲ့ပြီးနောက် ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို ရှားချင်းယွဲ့အား ပြောပြလိုက်သည်။

ထိုစကားများကို နားထောင်ပြီးနောက် ရှားချင်းယွဲ့က မကျေမနပ်ဖြင့် ပြောလိုက်၏။

"ဒီဗာမီလီယန်ငှက်နိုင်ငံရဲ့ ဧကရီက တကယ့်ကို သေလမ်းရှာတာပဲ... ရန်စစရာ လူတွေ အများကြီး ရှိတဲ့အထဲကနေ... သူက ခင်ပွန်းကို ရန်စပြီး ရန်သူ ဖြစ်လာရတယ်လို့...ဒါက သူ့အပြစ်နဲ့သူပဲ... သူ့အတွက် အသက်ရှင်ဖို့ လမ်းမရှိဘူး..."

"အဲ့ဒါနဲ့ နှိုင်းယှဉ်ရင်... ရှင့်ရဲ့ အဖေ ပြောတာက တကယ်ကို မှန်တယ်... တကယ်လို့ ဗာမီလီယန်ငှက် နိုင်ငံမှာ နောက်ခံ မရှိခဲ့ရင်...သူတို့က ဒီလောက် မဆင်မခြင် ပြုမူမှာ မဟုတ်ဘူး... ကျွန်မတို့ စောစောစီးစီး အစီအစဉ်တွေ ဆွဲထားဖို့ လိုတယ်..."

ထို့နောက် သူမသည် ချန်ချင်း၏ရှေ့သို့ လျှောက်သွားကာ သူမ၏လက်ကို သူ၏ ရင်ဘတ်ပေါ် တင်လိုက်ပြီး ဆက်ပြောလေ၏။

"ဗာမီလီယန်ငှက် နိုင်ငံရဲ့ အနောက်က အင်အားစုတွေကို သွားပြီး အမြစ်ပြတ် ရှင်းလင်းဖို့ ကျွန်မ ဆန္ဒရှိတယ်... ဒါက မဟာချီကို တည်တည်ငြိမ်ငြိမ်နဲ့ ဖွံ့ဖြိုးတိုးတက်ခွင့် ရဖို့အတွက်ပဲ..."

ရှားချင်းယွဲ့သည် မဟာဧကရာဇ်နယ်ပယ်သို့ တက်လှမ်းပြီးနောက် သူမ၏ လက်ရှိခွန်အားကို စမ်းသပ်ရန် အခွင့်အရေးတစ်ခု ရှာနေခဲ့သည်။

သူမထံတွင် ဤကဲ့သို့ ရည်ရွယ်ချက်မျိုး ရှိနေသဖြင့် ချန်ချင်းသည် ငြင်းဆန်မည် မဟုတ်ချေ။

သူသည် လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ ကောင်းကင်ကြည့်မှန် အသက်ဝင်လာပေ၏။

ဂိုဏ်းတစ်ဂိုဏ်း၏မြင်ကွင်းက မှန်ထဲတွင် ဖြည်းညှင်းစွာ ထွက်ပေါ်လာသည်။ ထို့နောက် မြင်ကွင်းသည် ကျယ်ပြန့်သွားပြီး ဂိုဏ်း၏ပင်မခန်းမသို့ ရောက်ရှိသွားသည်။

"ဂိုဏ်းချုပ်... ဗာမီလီယန်ငှက်နိုင်ငံ ကျူးကျော်ခံလိုက်ရပြီး... ကျွန်တော်ရဲ့သမီး သေလားရှင်လားဆိုတာကို မသိရဘူး... အောက်ဘုံကို လူတွေ ဦးဆောင်သွားဖို့ ကျွန်တော့်ကို ခွင့်ပြုပါ..."

မဟာအကြီးအကဲ ဝတ်စုံဝတ်ဆင်ထားသူ တစ်ဦးသည် ဂိုဏ်းချုပ်၏ရှေ့သို့ ရောက်လာပြီး သူ၏လက်ကိုပူးဆုပ်ကာ တောင်းဆိုလိုက်၏။

စင်မြင့်ပေါ်ရှိ ဂိုဏ်းချုပ် ပြန်မဖြေမီမှာပင် ခန်းမအပြင်ဘက်မှ တခြားအသံတစ်သံ ထွက်ပေါ်လာသည်။

ဤတစ်ကြိမ်တွင် တပည့်ဝတ်စုံဝတ်ဆင်ထားသော လူငယ်လေးတစ်ဦး ဖြစ်နေသည်။

"ဂိုဏ်းချုပ် ကို သတင်းပို့ပါတယ်... မကောင်းတော့ဘူး... အခြေအနေက ဆိုးရွားနေပါပြီ..."

"ဘာဖြစ်ပြန်ပြီလဲ..."

ဂိုဏ်းချုပ်က မေးလိုက်၏။

"မဟာအကြီးအကဲ ကျောက်ယန်ရဲ့ စိတ်ဝိညာဉ်မီးအိမ်... ငြိမ်းသေသွားပါပြီ..."

တပည့်က အမှန်အတိုင်း ပြန်ဖြေလိုက်သည်။

"ဘာ..."

ဤစကားကို ကြားသောအခါ ဂိုဏ်းချုပ်သည် မဟာအကြီးအကဲ၏သမီးဖြစ်သူ မသေချာသော ကံကြမ္မာ သို့မဟုတ် ဗာမီလီယန်ငှက်နိုင်ငံ၏ အန္တရာယ်ရှိနေသည့် အခြေအနေကို ကြားရသည်ထက် ပို၍စိတ်လှုပ်ရှားသွားသည်။ သူသည် သူ၏ထိုင်ခုံမှ ချက်ချင်း မတ်တတ်ထရပ်လိုက်၏။

မဟာအကြီးအကဲကျောက်ယန်၏ စိတ်ဝိညာဉ်မီးအိမ် ငြိမ်းသေသွားကြောင်း သိလိုက်ရသောအခါ တခြားမဟာအကြီးအကဲတစ်ဦးဖြစ်သော လင်းကျန်းသည် သူ၏ နှလုံးသား ပြာကျသွားသည့်အလား ချက်ချင်းခံစားလိုက်ရသည်။

အလွန်အရေးကြီးသော ကိစ္စတစ်ခု မဟုတ်ပါက ကျောက်ယန်သည် သူ၏သမီးကို လွယ်လင့်တကူ စွန့်ခွာသွားမည် မဟုတ်ကြောင်း သူ ကောင်းစွာသိရှိထားသည်။

ယခုချိန်၌ ကျောက်ယန် သေသွားပြီဖြစ်သဖြင့် သူ၏ အဖိုးတန်သမီးလေးသည်လည်း ထိုကံကြမ္မာမှ လွတ်မြောက်နိုင်ရန် မလွယ်ကူချေ။

"ကြည့်ရတာ အောက်ဘုံမှာ မငြိမ်မသက်မှုတွေ ဖြစ်တော့မယ့်ပုံပဲ..."

ဟန်တျန်းဂိုဏ်း၏ ဂိုဏ်းချုပ် လီရွေ့က ပြောလိုက်သည်။

"ကျွန်တော့်ရဲ့အမြင်အရတော့... အောက်ဘုံ မှာ ရတနာကြီးတစ်ခု ထွက်ပေါ်လာတာ သေချာတယ်... မဟုတ်ရင်... အဲ့ဒီအရိုင်းအစိုင်းတွေက ကျွန်တော့်တို့ ဟန်တျန်းဂိုဏ်းက လူတစ်ယောက်ကို တိုက်ခိုက်ရဲမှာ မဟုတ်ဘူး... ဂိုဏ်းချုပ်... ကျေးဇူးပြုပြီး မြန်မြန် ဆုံးဖြတ်ချက် ချပေးပါ..."

ရတနာအခွင့်အရေးတစ်ခု ထွက်ပေါ်လာခြင်း ရှိမရှိကို လင်းကျန်း မသိသော်လည်း လီရွေ့၏အကြောင်းကို သူ ကောင်းစွာသိရှိထားလေ၏။ သူ့ကို တစ်စုံတစ်ခု လုပ်ခိုင်းရန် လုံလောက်သော လှုံ့ဆော်မှု ပေးရပေမည်။

လီရွေ့ သေချာ စဉ်းစားကြည့်ရာ လင်းကျန်း၏ စကားများက အလွန်ယုတ္တိရှိသည်ဟု ခံစားလိုက်ရသည်။

"ငါ့ရဲ့အမိန့်ကို ထုတ်ပြန်လိုက်... ဟန်တျန်းဂိုဏ်း ရဲ့ တပည့်တွေ အားလုံး... အောက်ဘုံကို ချက်ချင်း ထွက်ခွာကြစမ်း..."

အနည်းငယ် စဉ်းစားပြီးနောက် လီရွေ့သည် လင်းကျန်း၏ အကြံပြုချက်ကို နောက်ဆုံးတွင် သဘောတူလိုက်၏။

သူတို့ မသိလိုက်သည်မှာ ဤအရာအားလုံးကို ကောင်းကင်ကြည့်မှန်၏နောက်မှနေ၍ ချန်ဇနီးမောင်နှံက မြင်တွေ့ခဲ့ရခြင်းပင်။

"အထက်ဘုံဂိုဏ်း..."

ရှားချင်းယွဲ့က ထိုစကားလုံးများကို တီးတိုးရေရွတ်လိုက်သည်။

"အထက်ဘုံကို စိတ်ဝင်စားလို့လား ဇနီးလေး..."

ချန်ချင်းက မေးလေသည်။

"နည်းနည်းပါ..."

ရှားချင်းယွဲ့က ခေါင်းညိတ်ပြသည်။

သူမသည် အထက်ဘုံနှင့် ပတ်သက်သော ကိစ္စအချို့ကို ကြားဖူးခဲ့သဖြင့် အထက်ဘုံနှင့် အောက်ဘုံကြားရှိ ကွာဟချက်သည် ကောလာဟလများကဲ့သို့ အမှန်တကယ်ပင် ပုံကြီးချဲ့ထားခြင်း ရှိမရှိသိရန် စူးစမ်းလေ့လာချင်ခဲ့သည်။

"ဒါဆို သွားကြည့်ကြတာပေါ့..."

ချန်ချင်းက မတ်တတ်ထရပ်ကာ ပြောလိုက်၏။

All Chapters