အခန်း ၉၇
Vol. 10 Ch. 97
အခန်း (၉၇) စောင့်ကြည့်ကြေးမုံရတနာ နယ်ပယ် တိုးတက်လာခြင်း
"ငါက ကောင်းကင်အဆင့် ကျင့်ကြံနည်းစနစ်တွေကို အထင်သေးနိုင်တဲ့ အဆင့်ထိ မရောက်သေးပါဘူး..."
ချန်ချင်းက ခေါင်းခါလိုက်၏။
သူ စကားပြောဆိုနေစဉ် သူ၏လက်ထဲရှိ ကျင့်ကြံနည်းစနစ်ကို အကြိမ်အနည်းငယ် လှန်လှောကြည့်ပြီးနောက် စာအုပ်စင်ပေါ်သို့ ပြန်တင်လိုက်သည်။
ဤအရာကို မြင်သောအခါ ရှားချင်းယွဲ့၏ မျက်ခုံးများ အနည်းငယ် တွန့်ကွေးသွားပြီး မေးလိုက်သည်။
"အဲ့ဒီလို ဖြစ်နေမှတော့... ခင်ပွန်းက ဘာလို့ ခဏလေးပဲ ကြည့်ပြီး ပြန်ထားလိုက်ရတာလဲ..."
"ဘာလို့လဲဆိုတော့ ငါက အဲ့ဒါတွေကို ပြီးပြည့်စုံတဲ့ နယ်ပယ်အထိ နားလည်ပြီးသွားပြီလေ..."
ချန်ချင်းက စကားပြောနေစဉ် ရပ်တန့်လိုက်ပြီး သူ၏ ကောင်းကင်ကို အန်တုသော နားလည်နိုင်စွမ်းအမှတ် အကြောင်း ရှားချင်းယွဲ့ကို မပြောရသေးကြောင်း ရုတ်တရက် သတိရသွားခဲ့လေ၏။
ထိုစကားတစ်ဝက်တစ်ပျက်ကို ကြားသောအခါ ရှားချင်းယွဲ့က အံ့သြသွားပုံရပြီး ထပ်မံ၍ မေးမြန်းသည်။
"ခင်ပွန်းက ကောင်းကင်အဆင့် ကျင့်ကြံနည်းစနစ် တွေကို တစ်ချက်ကြည့်လိုက်ရုံနဲ့တင် ပြီးပြည့်စုံတဲ့ နယ်ပယ်အထိ နားလည်နိုင်တယ်ပေါ့..."
ဤသည်မှာ သူမ သံသယဝင်ခြင်း မဟုတ်ဘဲ မယုံကြည်နိုင်လောက်အောင် ဖြစ်နေခြင်းပင်။
ဧကရာဇ်နယ်ပယ်ကို အောင်မြင်စွာ သက်သေပြခဲ့သော သူမပင်လျှင် နှစ်တစ်ရာအတွင်းတွင် ထိုကဲ့သို့အရာမျိုးကို လုပ်ဆောင်နိုင်မည် မဟုတ်ချေ။
"အမှန်ပဲ..."
ချန်ချင်းက ခေါင်းညိတ်ပြကာ အတည်ပြုလိုက်၏။
ရုတ်ချည်းဆိုသလိုပင် သူသည် လက်ဆန့်တန်းကာ "ရေခဲလမင်းဓား" ဟု အမည်ရသော အခြား ကောင်းကင်အဆင့် ထိပ်တန်းကျင့်ကြံနည်းစနစ် တစ်ခုကို ယူလိုက်ပြီး အကြိမ်အနည်းငယ် လှန်လှောကြည့်ကာ စာအုပ်စင်ပေါ်သို့ ပြန်တင်လိုက်သည်။
ထို့နောက် သူ ရှေ့သို့ ခြေတစ်လှမ်း တိုးလာကာ ရှားချင်းယွဲ့၏ သေးသွယ်သောခါးကို ဖက်လိုက်ပြီး ပြောဆိုသည်။
"ဇနီးလေး... တင်းတင်းကိုင်ထားနော်..."
"အင်း..."
ရှားချင်းယွဲ့က လုံးဝမခုခံဘဲ ချန်ချင်းကို ဖက်ထားလိုက်၏။
မျက်စိတစ်မှိတ်အတွင်း သူတို့နှစ်ဦးသည် ကျင့်ကြံနည်းစနစ် စာကြည့်ဆောင်၏ ခေါင်မိုးပေါ်တွင် ချက်ချင်းထွက်ပေါ်လာသည်။
ချန်ချင်းက သူ၏လက်ကို မြှောက်လိုက်ရာ သူ၏ ခေါင်းပေါ်ရှိ ငွေရောင်အလင်းတန်း တောက်ပလာပြီး မိုးကောင်းကင်ယံတွင် လမင်း တစ်စင်းတည်းမှနေ၍ မည်သည့်အချိန်ကတည်းကမှန်း မသိရဘဲ လမင်းနှစ်စင်း ဖြစ်သွားခဲ့သည်။
'မဟုတ်ဘူး... အဲ့ဒါ မမှန်ဘူး...'
ရှားချင်းယွဲ့ သေချာကြည့်လိုက်မှသာ လမင်း နှစ်စင်းထဲမှ တစ်စင်းသည် ချန်ချင်းက "ရေခဲလမင်းဓား" ကျင့်ကြံနည်းစနစ်ကို အသက်သွင်းခြင်းဖြင့် ဖန်တီးထားခြင်းဖြစ်ကြောင်း သဘောပေါက်သွားခဲ့လေ၏။
ဤသို့ လုပ်ဆောင်နိုင်ရန် သူသည် ထိုနည်းစနစ်ကို ပြီးပြည့်စုံခြင်းနယ်ပယ်အထိအထိ ကျင့်ကြံထားပြီး ဖြစ်မည်မှာ သေချာပေါက်ပင်။
"ခင်ပွန်းရဲ့ နားလည်နိုင်စွမ်းက တကယ်ကို ကောင်းကင်ကို အန်တုတာပဲ..."
ရှားချင်းယွဲ့က သူမ၏စိတ်ထဲမှ အံ့အားတသင့် ရေရွတ်လိုက်သည်။
ဤမြင်ကွင်းကို ဂိုဏ်းချုပ်အသစ်လည်း မျက်မြင်တွေ့ရှိခဲ့ရသည်။
ဤမျှ တိုတောင်းသော အချိန်အတွင်း၌ ချန်ချင်းသည် ဂိုဏ်း၏ အထွတ်အမြတ် ကျင့်ကြံနည်းစနစ်ကို ယခင် ဂိုဏ်းချုပ်ပင်လျှင် အနှစ်တစ်ရာ ကြာပြီးနောက် မဝင်ရောက်နိုင်ခဲ့သော နက်နဲသည့် နယ်ပယ်တစ်ခုအထိ နားလည်သွားလိမ့်မည်ဟု သူ တစ်ကြိမ်တစ်ခါမျှ ထင်မှတ်မထားခဲ့ချေ။
တခြားသူများကို ရင်ဆိုင်ရာတွင် ရေခဲကဲ့သို့ အေးစက်သော ထိပ်တန်းကျွမ်းကျင်သူ ရှားချင်းယွဲ့သည် ချန်ချင်းကို မည်သည်ကြောင့် သူမ၏ နူးညံ့ကြင်နာမှု အားလုံးကို ထိုလူငယ်လေးအား ခြွင်းချက်မရှိ ပြသနေသနည်းဆိုသည်ကို အစပိုင်းတွင် သူ အံ့အားသင့်နေခဲ့လေ၏။
ထိုလူငယ်လေးထံတွင် ဤအရည်အချင်းမျိုးရှိရန် မည်သည်ကြောင့် အခွင့်အရေး ရခဲ့သနည်းဆိုသည်ကို သူ နားမလည်ခဲ့ပေ။
ယခုအချိန်၌ ဂိုဏ်းချုပ်အသစ်သည် ဤပဟေဠိကို နောက်ဆုံးတွင် ဖြေရှင်းနိုင်ခဲ့လေပြီ။
တခြားဘာအကြောင်းပြချက် ရှိအုံးမည်နည်း။ ဤသည်မှာ ချန်ချင်း၏စွမ်းအားသည် ပို၍ကြောက်မက်ဖွယ်ကောင်းနေသောကြောင့်ပင်။
"ကောင်းကင်အဆင့် ထိပ်တန်း ကျင့်ကြံနည်းစနစ်ကို ပြီးပြည့်စုံတဲ့ နယ်ပယ်အထိ အမွှေးတိုင်လောင်ကျွမ်းချိန် တစ်ဝက်စာ အချိန်လေးအတွင်း နားလည်နိုင်တာ... ဒီလို ကိစ္စမျိုးကို အထွတ်အထိပ် ဧကရာဇ်တွေနဲ့ အင်မော်တယ် ဧကရာဇ်အဆင့် ကျွမ်းကျင်သူတွေလောက်ပဲ လုပ်နိုင်လိမ့်မယ်..."
ဂိုဏ်းချုပ်အသစ်က ခံစားချက်အပြည့်ဖြင့် သက်ပြင်းချလိုက်၏။
ထို အမွှေးတိုင်လောင်ကျွမ်းချိန် တစ်ဝက်စာအချိန်အတွင်း ချန်ချင်း ပြီးပြည့်စုံသော နယ်ပယ်အထိ နားလည်သွားသော ကောင်းကင်အဆင့် ကျင့်ကြံနည်းစနစ်များမှာ "ရေခဲလမင်း ဓား" တစ်ခုတည်း မဟုတ်ကြောင်းကို သူ မသိခဲ့ချေ။
ချန်ချင်းကို အချိန်အနည်းငယ် ထပ်ပေးပါက ဟန်တျန်းဂိုဏ်း၏ ကျင့်ကြံနည်းစနစ် စာကြည့်ဆောင်တစ်ခုလုံးရှိ ကောင်းကင်အဆင့် ကျင့်ကြံနည်းစနစ်အားလုံးကို သူ လုံးလုံးလျားလျား ကျွမ်းကျင်သွားပေမည်။
တခြားတစ်ဖက်တွင်မူ...
သူ၏ ကောင်းကင်ကို အန်တုသော နားလည်နိုင်စွမ်းကို ရှားချင်းယွဲ့အား ပြသပြီးနောက် သူတို့နှစ်ဦးသည် ကျင့်ကြံနည်းစနစ် စာကြည့်ဆောင်သို့ ပြန်သွားကြလေ၏။
ထို့ပြင် အတွေးတစ်ခုက သူ၏စိတ်ထဲသို့ ရုတ်တရက် ဝင်လာပြီး ဆုလာဘ်များ ရယူရန် နည်းလမ်းသစ်တစ်ခုကို သူ စဉ်းစားမိသွားသည်။
ကျင့်ကြံခြင်းစွမ်းအားတွေကို လွှဲပြောင်းပေးနိုင်မှတော့... ကျင့်ကြံနည်းစနစ်တွေကို ဘာလို့ လွှဲပြောင်းပေးလို့ မရရမှာလဲ...
ချန်ချင်းသည် စမ်းကြည့်ရန် ဆုံးဖြတ်လိုက်ပြီး ရှားချင်းယွဲ့အားကြည့်ကာ မေးမြန်းသည်။
"ဇနီးလေး... ဒီကောင်းကင်အဆင့် ကျင့်ကြံနည်းစနစ် တွေကို ပိုပြီးမြန်မြန် ကျွမ်းကျင်ချင်လား..."
"ကျွမ်းကျင်ချင်တာပေါ့... သေချာပေါက် ကျွမ်းကျင်ချင်တာပေါ့... ဒါပေမဲ့ ကျွန်မက ခင်ပွန်းလို ပါရမီရှင် ဆန်တဲ့ နားလည်နိုင်စွမ်းမျိုးမှ မရှိတာ... ဒါတွေအားလုံးကို ကျွမ်းကျင်အောင်လုပ်ဖို့က အချိန်နည်းနည်း ယူရလိမ့်မယ်..."
ရှားချင်းယွဲ့က ပြန်ဖြေလိုက်သည်။
"ဇနီးလေး ဆန္ဒရှိသရွေ့... မင်းရဲ့ ခင်ပွန်းက မင်းအတွက် ဖြစ်အောင် လုပ်ပေးနိုင်တယ်..."
ချန်ချင်းက ပြောဆိုလိုက်ပြီး လက်ကိုမြှောက်ကာ သူ၏ လက်ချောင်းထိပ်ဖြင့် ရှားချင်းယွဲ့၏နဖူးကို ထိလိုက်၏။
သူသည် ကျင့်ကြံခြင်းစွမ်းအား လွှဲပြောင်းပေးသည့် နည်းလမ်းကို ကျင့်ကြံနည်းစနစ်များ ပေးအပ်သည့် နည်းလမ်းအဖြစ် ပြောင်းလဲရန် ရည်ရွယ်ထားလေ၏။
သို့သော် လက်တွေ့လုပ်ဆောင်မှုမှာ ချန်ချင်း ထင်မှတ်ထားသည်ထက် များစွာပို၍ ရှုပ်ထွေးနေကြောင်း တွေ့ရှိရသည်။
ဖြည်းဖြည်းချင်း ကျော်လွှားရမလား...
ချန်ချင်းတွင် ထိုကိစ္စအတွက် စိတ်ရှည်သည်းခံမှု မရှိသဖြင့် ဉာဏ်အလင်းပွင့်ခြင်း အခွင့်အရေးတစ်ခုကို အသုံးပြုရန် တိုက်ရိုက်ရွေးချယ်လိုက်၏။
【ဉာဏ်အလင်းပွင့်ခြင်း အခွင့်အရေးကို အသုံးပြုနေပါသည်...】
【ဉာဏ်အလင်းပွင့်ခြင်း အောင်မြင်ပါသည်... အိမ်ရှင်... သီးသန့် ကျင့်ကြံနည်းစနစ်တစ်ခုကို နားလည်သွားတဲ့အတွက် ဂုဏ်ယူပါသည်...】
ဉာဏ်အလင်းပွင့်ခြင်း အခွင့်အရေး တစ်ကြိမ်က ချန်ချင်းအား ကျင့်ကြံနည်းစနစ်များကို တခြားသူများထံ လွှဲပြောင်းပေးနိုင်စွမ်းကို ချက်ချင်းပေးအပ်လိုက်ပြီး ဤသည်မှာ ပြီးပြည့်စုံသော လွှဲပြောင်းပေးမှုတစ်ခုပင်။
လွှဲပြောင်းပေးပြီးနောက် တစ်ဖက်လူသည် ထိုအရာကို ဖြည်းဖြည်းချင်း လေ့လာဆင်ခြင်ရန် မလိုအပ်တော့ချေ။ ဤသည်က အတွေးတစ်ချက်တည်းဖြင့် ပြီးပြည့်စုံခြင်းနယ်ပယ်သို့ ရောက်ရှိသွားပေမည်။
"ခင်ပွန်း..."
ချန်ချင်း စကားမပြောဘဲ အချိန်အတော်ကြာ မှင်သက်နေသည်ကို မြင်ချိန်၌ ရှားချင်းယွဲ့က ခေါင်းအနည်းငယ် မော့ကြည့်လိုက်ရာ သူမ၏ ကြီးမားပြီး ရွှန်းလဲ့နေသော မျက်လုံးများတွင် ဇဝေဇဝါဖြစ်မှုများ ပြည့်နှက်နေသည်။
"ငါ ခုဏက အဆင်သင့် မဖြစ်သေးလို့ပါ... အခုတော့ အဆင်သင့် ဖြစ်ပါပြီ..."
ချန်ချင်းသည် စနစ်မျက်နှာပြင်ကို ပိတ်လိုက်ပြီး သတိပြန်ဝင်လာကာ ရှားချင်းယွဲ့အား ကျင့်ကြံနည်းစနစ် များကို ဆက်လက်၍ လွှဲပြောင်းပေးနေခဲ့လေ၏။
သူမအား သူ ပထမဆုံး လွှဲပြောင်းပေးခဲ့သောအရာမှာ သူ ယခုလေးတင် ပြသခဲ့သော "ရေခဲလမင်း ဓား" ပင်။
ရှားချင်းယွဲ့သည် ချန်ချင်း ဤကျင့်ကြံနည်းစနစ်ကို အသုံးပြုသည်အား မကြာမီကမှ မြင်တွေ့ခဲ့ရသဖြင့်သူမ၏ နှလုံးသားထဲရှိ တုန်လှုပ်မှုကို မဖုံးကွယ်နိုင်ဘဲ ပြောဆိုသည်။
"ခင်ပွန်း... ကျွန်မ... ကျွန်မလည်း ဒီ 'ရေခဲလမင်း ဓား' ကျင့်ကြံနည်းစနစ်ရဲ့ ပြီးပြည့်စုံတဲ့ နယ်ပယ်ကို ရောက်သွားပြီလား..."
သူမထံ၌ အံ့အားသင့်မှုအပြင် စိတ်ရှုပ်ထွေးမှုများက ပိုများနေသည်။
【ဇနီးသည်ကို အလိုလိုက်ခြင်း အောင်မြင်ပါသည်... အိမ်ရှင်က ကျပန်းဆုလာဘ်အဖြစ် အဆုံးမဲ့ သိုလှောင်မှု ဟင်းလင်းပြင်ကို ရရှိသည့်အတွက် ဂုဏ်ယူပါသည်...】
"မလောပါနဲ့... ရှိသေးတယ်..."
ချန်ချင်းသည် ဇနီးသည်အား အလိုလိုက်ခြင်း ဆုလာဘ်ကို လက်ခံလိုက်ပြီး လက်ရှိ ကောင်းကင်အဆင့် ကျင့်ကြံနည်းစနစ်ငါးရာကျော်လုံးကို ရှားချင်းယွဲ့အား လွှဲပြောင်းပေးရန် ကြံရွယ်လိုက်သည်။ ဤဿည်က သူမကို ပို၍လျင်မြန်စွာ အားကောင်းလာစေရန် ကူညီပေးရုံသာမက သူ့အတွက် ဆုလာဘ်များကိုလည်း ရရှိစေမည်ဖြစ်ရာ ခဲတစ်လုံးတည်းဖြင့် ငှက်နှစ်ကောင်ပစ်ခြင်းပင်။
"ဒီတစ်ခါတော့ ကြယ်တာရာ စိတ်ဝိညာဉ် သန့်စင်ခြင်း နည်းလမ်း..."
သူ စကားပြောနေစဉ် ရှားချင်းယွဲ့သည် တခြား ကောင်းကင်အဆင့် ကျင့်ကြံနည်းစနစ်တစ်ခုကို ကျွမ်းကျင်သွားခဲ့လေ၏။
【ဇနီးသည်ကို အလိုလိုက်ခြင်း အောင်မြင်ပါသည်... အိမ်ရှင်က ကျပန်းဆုလာဘ်အဖြစ် ကောင်းကင်အဆင့် ထိပ်တန်းလက်နက် နတ်ဘုရား သတ်ဖြတ်ခြင်းလေးကို ရရှိသည့်အတွက် ဂုဏ်ယူပါသည်...】
"အလှည့်ကိုးကြိမ် ဖန်ဆင်းခြင်း ကျမ်းစာ..."
【ဇနီးသည်ကို အလိုလိုက်ခြင်း အောင်မြင်ပါသည်... အိမ်ရှင်... ကျပန်းဆုလာဘ်အဖြစ် အင်မော်တယ်ဝိုင်အိုးတစ်ရာကို ရရှိသည့်အတွက် ဂုဏ်ယူပါသည်...】
"ရှေးဟောင်း အထီးကျန်အရှင်သခင် ရုပ်ခန္ဓာကိုယ်..."
【ဇနီးသည်ကို အလိုလိုက်ခြင်း အောင်မြင်ပါသည်... အိမ်ရှင်က ကျပန်းဆုလာဘ်အဖြစ် နတ်ဆိုးဘုရင် သွေးမျိုးဆက်ကို ရရှိသည့်အတွက် ဂုဏ်ယူပါသည်...】
...
ဤသို့ဖြင့် ချန်ချင်းသည် ဇနီးသည်အား အလိုလိုက်ခြင်း ဆုလာဘ် ငါးရာကျော်ကို စုဆောင်းနိုင်ခဲ့လေ၏။
သူနှင့်ရှားချင်းယွဲ့တို့သည် အချင်းချင်း ရင်ဖွင့်ထားကြသဖြင့် သူတို့၏နှစ်သက်မှုမှာ အမြင့်ဆုံးသို့ ရောက်ရှိနေပြီး ဤဆုလာဘ်များ၏ အရည်အသွေးမှာလည်း အမြင့်ဆုံးသို့ ရောက်ရှိနေခဲ့သည်။
အကယ်၍ ဤအတိုင်းသာ ဆက်သွားပါက ပင်မတာဝန် မပြီးဆုံးမီ သူသည် အင်မော်တယ်ဧကရာဇ် ကျင့်ကြံခြင်းကို ကြိုတင်၍ သက်သေပြနိုင်လိမ့်မည်ဟု ချန်ချင်း ခံစားမိလေ၏။
သူက ရှားချင်းယွဲ့ကို ကြည့်လိုက်ရာ သူမသည် လုံးလုံးလျားလျား ဆွံ့အနေသော အမူအရာဖြင့် နေရာတွင် ထုံထိုင်းစွာ မတ်တတ်ရပ်နေသည်။
ဤသည်မှာ သူမ၏လောကအမြင်အပေါ် ပြင်းထန်စွာ ရိုက်ခတ်ခံလိုက်ရသောကြောင့်ပင်။
အမွှေးတိုင်လောင်ကျွမ်းချိန် တစ်ဝက်စာ အချိန်အတွင်း လူတစ်ယောက်သည် ကောင်းကင်အဆင့် ကျင့်ကြံနည်းစနစ် ငါးရာကျော်ကို နားလည်နိုင်ပြီး ထိုအရာ တစ်ခုစီတိုင်းသည် ပြီးပြည့်စုံခြင်းနယ်ပယ်သို့ ရောက်ရှိနိုင်လိမ့်မည်ဟု သူမ တစ်ခါမျှ ထင်မှတ်မထားခဲ့ချေ။
ဤအရာသည် သူမကိုယ်တိုင် အမှန်တကယ် ကြုံတွေ့ခဲ့ရသော်လည်း ရှားချင်းယွဲ့သည် ယုံကြည်ရန် ခက်ခဲနေဆဲပင်။
ချန်ချင်းကမူ များစွာမတွေးတောခဲ့ချေ။ ဆုလာဘ်များကို စုဆောင်းပြီးနောက် သူသည် သူ၏ ဧကရီ ဇနီးသည်ကို လောကတွင် ပို၍ပင် ပြိုင်ဘက်ကင်း ဖြစ်စေရန် မည်သည့်အရာများကို သိမ်းဆည်းထားမည်နှင့် မည်သည့်အရာများကို ရှားချင်းယွဲ့အပေါ် အသုံးပြုမည်ကို ရွေးချယ်ရာတွင် အလုပ်ရှုပ်နေခဲ့လေ၏။
တစ်ချိန်တည်းမှာပင်...
တာ့မန်တောင်တန်း၌...
ဝုန်း...
အားကောင်းသော အရှိန်အဝါတစ်ခု ထွက်ပေါ်လာသည်နှင့်အမျှ ယဲ့ဖုန်းသည် မျက်လုံးများကို ဖွင့်ကာ လက်သီးများကို ဆုပ်ပြီး စိတ်လှုပ်ရှားစွာ ကြေညာလိုက်၏။
"အရမ်းကောင်းတယ်... ငါက နောက်ဆုံးတော့ ရုပ်ခန္ဓာကိုယ်ပေါင်းစပ်ခြင်းနယ်ပယ်ကို ချိုးဖျက်ဝင်ရောက်နိုင်ခဲ့ပြီ..."
ရုပ်ခန္ဓာကိုယ်ပေါင်းစပ်ခြင်းနယ်ပယ် သို့ ချိုးဖောက်ဝင်ရောက်ရန် သူ့အတွက် အချိန်အနည်းငယ် ပိုကြာခဲ့သဖြင့် ယခင်ကဲ့သို့ နေ့စဉ်တက်ရောက်စာရင်းသွင်းခြင်းကို အချိန်မီ မလုပ်ဆောင်နိုင်ခဲ့ချေ။
ကံကောင်းထောက်မစွာဖြင့် အချိန်နောက်ကျသွားရုံဖြင့် တက်ရောက်စာရင်းသွင်းရန် အခွင့်အရေး ပျောက်ကွယ်သွားမည် မဟုတ်ချေ။ ထိုအရာကို တစ်ရက်အတွင်း အသုံးပြုရန်သာ လိုအပ်လေ၏။
"ကောင်းကင်ဘုံက ငါ့ကို ကောင်းချီးပေးပါစေ... ကောင်းကင်ကို ခြေတစ်လှမ်းတည်းနဲ့ တက်လှမ်းနိုင်မယ့် အားကောင်းတဲ့ ဆုလာဘ်တစ်ခု ငါ့ကို ပေးပါ..."
ယဲ့ဖုန်းက သူ၏လက်ကိုပူးဆုပ်ကာ ရိုးသားစွာ ဆုတောင်းလိုက်သည်။
【နေ့စဉ် တက်ရောက်စာရင်းသွင်းခြင်းကို ပြုလုပ်နေပါသည်...】
【နေ့စဉ် တက်ရောက်စာရင်းသွင်းခြင်း အောင်မြင်ပါသည်... အိမ်ရှင်က ခြေလှမ်းတစ်ဝက် ဧကရာဇ် ကျင့်ကြံခြင်း အတွေ့အကြုံ လက်ဆောင်ထုပ်ကို ရရှိသည့်အတွက် ဂုဏ်ယူပါသည်...】"
"ခြေလှမ်းတစ်ဝက် ဧကရာဇ်နယ်ပယ် ကျင့်ကြံခြင်း အတွေ့အကြုံ လက်ဆောင်ထုပ်လား..."
ယဲ့ဖုန်းသည် အသေးစိတ် ဖော်ပြချက်ကို အလျင်အမြန် နှိပ်ကြည့်လိုက်၏။
【ခြေလှမ်းတစ်ဝက် ဧကရာဇ် ကျင့်ကြံခြင်း အတွေ့အကြုံ လက်ဆောင်ထုပ်...အသုံးပြုပြီးနောက်... အိမ်ရှင်သည် ခြေလှမ်းတစ်ဝက် ဧကရာဇ်နယ်ပယ်သို့ တိုက်ရိုက် ရောက်ရှိနိုင်သည်...】
"ဒါက..."
ဆုလာဘ် ဖော်ပြချက်ကို ရှင်းလင်းစွာ မြင်လိုက်ရသောအခါ ယဲ့ဖုန်းသည် စိတ်လှုပ်ရှားစွာဖြင့် မြေကြီးပေါ်မှ ခုန်ထလိုက်၏။
သူ အကြည့်မမှားကြောင်း အကြိမ်ကြိမ် အတည်ပြုပြီးနောက် သူ၏ နှုတ်ခမ်းများသည် စိတ်လှုပ်ရှားမှုကြောင့် သူ၏ နားရွက်များအထိ တက်ချိတ်လုနီးပါး ကွေးတက်သွားသည်။
နောက်ထပ် အချိန်မဆွဲတော့ဘဲ သူ ထိုအရာကို ချက်ချင်းအသုံးပြုလိုက်သည်။
【ခြေလှမ်းတစ်ဝက် ဧကရာဇ် ကျင့်ကြံခြင်း အတွေ့အကြုံ လက်ဆောင်ထုပ်ကို အသုံးပြုနေပါသည်...】
【အသုံးပြုခြင်း အောင်မြင်ပါသည်... အိမ်ရှင်၏ လက်ရှိ ကျင့်ကြံခြင်း နယ်ပယ် ... ခြေလှမ်းတစ်ဝက် ဧကရာဇ်နယ်ပယ် ပထမအဆင့်...】
"ခြေလှမ်းတစ်ဝက် ဧကရာဇ်လား... ငါက ဒီအတိုင်းပဲ ခြေလှမ်းတစ်ဝက် ဧကရာဇ် ဖြစ်သွားတာလား..."
ယဲ့ဖုန်းသည် သူ၏ရှေ့ရှိ အရာအားလုံး အစစ်အမှန် ဟုတ်မဟုတ် သံသယမဝင်ဘဲ မနေနိုင်တော့ချေ။
သူ၏ကိုယ်ပိုင် အရည်အချင်းမျက်နှာပြင်ကို အကြိမ်ကြိမ် ပြန်လည်စစ်ဆေးကာ ကျင့်ကြံခြင်းစာမျက်နှာတွင် "ခြေလှမ်းတစ်ဝက် ဧကရာဇ်နယ်ပယ် ပထမအဆင့်"ဟု ရေးသားထားကြောင်း အကြိမ်ကြိမ် အတည်ပြုပြီးနောက်...
ထိုအချိန်မှသာ ယဲ့ဖုန်းသည် သူ ခြေလှမ်းတစ်ဝက် ဧကရာဇ်အဖြစ် တက်လှမ်းမှုသည် အတုအယောင် မဟုတ်ကြောင်း သူ ယုံကြည်သွားသည်။
သူသည် ခါးထောက်ကာ ရူးသွပ်စွာ ရယ်မောလိုက်၏။
"အသက်ဆယ့်ရှစ်နှစ်အရွယ် ခြေလှမ်းတစ်ဝက် ဧကရာဇ်... တခြား ဘယ်သူရှိသေးလဲ... တခြား ဘယ်သူရှိသေးလဲလို့ ငါ မေးနေတယ်... ပါရမီရှင်ဆိုရင်တောင် ငါ့ရဲ့ရှေ့မှာ ခေါင်းငုံ့ရမှာပဲ..."
စိတ်လှုပ်ရှားပြီးနောက် တခဏအကြာတွင် တည်ငြိမ်သွားသော ယဲ့ဖုန်းသည် ကျင့်ကြံရန် အလျင်စလို မလုပ်ခဲ့ချေ။
သူက ပလ္လင်ခွေထိုင်ရင်း တိုးညှင်းစွာ ရေရွတ်လိုက်သည်။
"ငါ့ရဲ့ လက်ရှိ ကျင့်ကြံခြင်းနဲ့ဆိုရင်... စောင့်ကြည့်ကြေးမုံရတနာရဲ့ စောင့်ကြည့်နိုင်တဲ့ အကွာအဝေး က မဟာဝူနိုင်ငံကို လွှမ်းခြုံနိုင်လောက်ပြီ... အဖေနဲ့ ညီမလေး ဘယ်လိုနေလဲ မသိဘူး..."
"ရှားချင်းယွဲ့... မင်း အဆင်ပြေရဲ့လား..."