အခန်း ၁၀၁
Vol. 11 Ch. 101
အခန်း (၁၀၁) ဓားဧကရာဇ် ၏ အခွင့်အရေး
ချန်ချင်း၏ အသံကို ကြားလိုက်ရသဖြင့် ဟန်တျန်းဂိုဏ်းချုပ်သည် ချက်ချင်းဒူးထောက်ပြီး ခေါင်းငုံ့ကာ ပြန်ဖြေလိုက်၏။
"ဟုတ်ကဲ့ပါ... ဒီလို ကိစ္စမျိုး နောက်ဘယ်တော့မှ ထပ်မဖြစ်စေရဘူးလို့ ဒီငယ်သားက အသက်နဲ့ အာမခံပါတယ်..."
ဤအချက်ဖြင့် သူ၏စိတ်နှလုံးသားထဲရှိ သံသယများ ချက်ချင်းပျောက်ကွယ်သွားသည်။
သူ၏ဂိုဏ်းတူဦးလေး မည်သည်ကြောင့် ရုတ်တရက် အသက်ဆုံးရှုံးသွားရသနည်းဆိုသည်ကို သူ နောက်ဆုံးတွင် နားလည်သွားခဲ့သည်။ ဤသည်မှာသခင်မလေး၏ နောက်ကွယ်ရှိ အစွမ်းထက်သော ခင်ပွန်းဖြစ်သူက လှုပ်ရှားခဲ့ခြင်းပင်။
တစ်ဖက်လူအပေါ် ထားရှိသော သူ၏ရိုသေမှုသည် အဆတစ်ရာ တိုးပွားလာပေ၏။
ခြေလှမ်းတစ်ဝက် ဧကရာဇ်နယ်ပယ် အဆင့်သုံး ကျွမ်းကျင်သူတစ်ဦးကို တိတ်တဆိတ် သုတ်သင်ပစ်ခြင်း...
ဒီအကြောင်းပြချက်က မလုံလောက်ဘူးလား...
ဟန်တျန်းဂိုဏ်းချုပ်သည် မဟာယာနနယ်ပယ် ကျင့်ကြံသူတစ်ဦးဖြစ်သော်လည်း အစမှအဆုံး အသေးငယ်ဆုံးသော စိတ်ဝိညာဉ်ချီလှိုင်းခတ်မှုကိုပင် သူ မသိရှိခဲ့ချေ။
သူ၏အမြင်အရ ဤကဲ့သို့ နည်းလမ်းမျိုးသည် အထွတ်အထိပ် ခြေလှမ်းတစ်ဝက် ဧကရာဇ်များနှင့် မဟာဧကရာဇ် ကျွမ်းကျင်သူများသာ လုပ်ဆောင်နိုင်သောအရာပင်။
ထျန်းရွှမ် မဟာဧကရာဇ် ရှိနေသဖြင့် ချန်ချင်းသည် အထွတ်အထိပ် ခြေလှမ်းတစ်ဝက် ဧကရာဇ် တစ်ဦး ဖြစ်မည်ဟု ဟန်တျန်းဂိုဏ်းချုပ်က ခန့်မှန်းလိုက်သည်။
ထျန်းရွှမ်မဟာဧကရာဇ် ကျဆုံးသွားသည်မှာ ကြာမြင့်ပြီဖြစ်ကြောင်း ဟန်တျန်းဂိုဏ်းချုပ် မသိသည့်အပြင် ဤလောကတွင် မဟာဧကရာဇ်များအပြင် အထွတ်အထိပ် မဟာဧကရာဇ်များနှင့် အင်မော်တယ်ဧကရာဇ်များလည်း ရှိနေသေးကြောင်းကို သူ သိမည် မဟုတ်ချေ။
တိုက်ဆိုင်စွာဖြင့် ဤလောကရှိ တစ်ဦးတည်းသော အထွတ်အထိပ် မဟာဧကရာဇ်နှင့် အင်မော်တယ်ဧကရာဇ်တို့သည် လက်ရှိတွင် သူ၏ဟန်တျန်းဂိုဏ်း အတွင်း၌ ရှိနေလေ၏။
တုကျန်း၏အလောင်းနှင့်အတူ ဟန်တျန်းဂိုဏ်းဂိုဏ်းချုပ် ထွက်သွားပြီးနောက် သိပ်မကြာမီမှာပင်....
မေးခွန်းတစ်ခုက ရှားချင်းယွဲ့၏ စိတ်ထဲတွင် ရုတ်တရက် ထွက်ပေါ်လာသည်။
"ခင်ပွန်း... ကျွန်မမှာ ရှင့်ကို မေးစရာ မေးခွန်းတစ်ခု ရှိတယ်..."
"ပြောပါ..."
ချန်ချင်းက သူမကို လွတ်လွတ်လပ်လပ် ပြောဆိုရန် လမ်းဖွင့်ပေးလိုက်၏။
"အထွတ်အထိပ် မဟာဧကရာဇ်နဲ့ အင်မော်တယ် မဟာဧကရာဇ်တွေက မဟာဧကရာဇ် တွေလိုပဲ... ကမ္ဘာတစ်ခုမှာ တစ်ပါးပဲ ရှိနိုင်ဖို့ ကန့်သတ်ထားတာလား..."
ရှားချင်းယွဲ့က သူမ၏စိတ်ထဲတွင် ရှိနေသောအရာကို မေးလိုက်သည်။
"ဟုတ်တယ်..."
ချန်ချင်းက အတည်ပြုသည့်အနေဖြင့် ခေါင်းညိတ်လိုက်၏။
"ငါ သိသလောက်တော့ အဲ့ဒါက အမှန်ပဲ..."
"ဒါဆိုရင်... ခင်ပွန်းက အင်မော်တယ်မဟာဧကရာဇ် ဖြစ်လာလို့ ကျွန်မက အထွတ်အထိပ် မဟာဧကရာဇ် ဖြစ်ဖို့ အခွင့်အရေး ရလာတာလား..."
ရှားချင်းယွဲ့က ထပ်မံ၍ မေးလိုက်သည်။
"အမှန်ပဲ..."
ချန်ချင်းက အတည်ပြုသည့် အဖြေတစ်ခု ပေးလေသည်။
"ဒါဆိုရင်... အခု ကျွန်မက အထွတ်အထိပ် တာအိုကို ရရှိပြီးပြီဆိုတော့... မဟာဧကရာဇ်နေရာက အခု လွတ်နေပြီ မဟုတ်လား..."
ရှားချင်းယွဲ့က ဆက်ပြောလေ၏။
ချန်ချင်း၏မျက်လုံးများမှ အတည်ပြုချက်ကို လေ့လာပြီးနောက် ရှားချင်းယွဲ့သည် စိုးရိမ်ပူပန်သော အမူအရာကို မပြသဘဲ မနေနိုင်တော့ချေ။ "တကယ်လို့ အဲ့ဒီလိုသာဆိုရင်... အထက်ဘုံကြီးက နောက်ပိုင်းမှာ အများကြီး ရှုပ်ထွေးသွားမှာ မဟုတ်ဘူးလား..."
ရှားချင်းယွဲ့က ဤအကြောင်းကို ပြောလာသောအခါ ချန်ချင်းသည် တခဏကြာမျှစဉ်းစားပြီး သူ၏ အမြင်ကို ပြောပြလိုက်သည်။
"ထျန်းရွှမ် မဟာဧကရာဇ်က ထျန်းရွှမ်ကုန်းမြေကို ဖိနှိပ်ထားတာ အချိန်အတော်ကြာပြီ... ဒီကာလအတွင်းမှာ... မဟာဧကရာဇ်နေရာကို စိန်ခေါ်ချင်တဲ့ ကျွမ်းကျင်သူ တော်တော်များများက စုဆောင်းပြီး ပုန်းအောင်းနေခဲ့ကြတာ... ဧကရာဇ်နေရာ လွတ်သွားပြီလို့ သူတို့ သိလိုက်တာနဲ့... ကောင်းကင်နဲ့ မြေကြီးရဲ့ ကံကြမ္မာ ကို လုယူဖို့ ပြင်းပြင်းထန်ထန် တိုက်ခိုက်ကြမှာ သေချာတယ်..."
"မင်း သွားကြည့်ချင်လား..."
ရှားချင်းယွဲ့၏အတွေးများကို ချန်ချင်းက ထွင်းဖောက်မြင်နိုင်သည်။ သူမသည် အရှုပ်အထွေးလေးများကို နှစ်သက်ပေ၏။
"ကြည့်ချင်တာပေါ့..."
ရှားချင်းယွဲ့က ချက်ချင်းရယ်ပြုံးပြီး သဘောတူသည့်အနေဖြင့် ခေါင်းညိတ်လိုက်သည်။
ထို့နောက် သူတို့နှစ်ဦးသည် အဝတ်အစားလဲပြီး မည်သူမျှ မသိစေဘဲ ဟန်တျန်းဂိုဏ်းမှ တိတ်တဆိတ် ထွက်ခွာလာခဲ့ကြကာ ပို၍ကြီးမားသော မြို့တစ်မြို့သို့ သွားရန် ဆုံးဖြတ်လိုက်ကြသည်။
ထိုနေရာသည် အထက်ဘုံရှိ အပြောင်းအလဲများကို သိရှိနိုင်ရန်အတွက် အမြန်ဆုံးနေရာပင်။
လမ်းတလျှောက် လေထဲတွင် ပျံသန်းနေစဉ်..
"ဇနီးလေးက ဓားပျံစီးနင်းတဲ့ နည်းစနစ်ကို မသင်ရသေးဘူးလား..."
ချန်ချင်းက အဖြေကို သိနေသည့်တိုင် ရှားချင်းယွဲ့ကို သူ၏ရင်ခွင်ထဲတွင် ပွေ့ဖက်ထားရင်း မေးလိုက်သည်။
"မ... မသင်ရသေးပါဘူး... နောက်မှ အချိန်ရရင် ကျင့်ကြံလိုက်ပါ့မယ်..."
ဤအရာအပြင် ရှားချင်းယွဲ့ ဘာထပ်ပြောနိုင်အုံးမည်နည်း။ သူမက ချန်ချင်း၏ပွေ့ဖက်ထားခြင်းကို ခံရပြီး ဓားတစ်လက်တည်းကို အတူတကွ မျှဝေစီးရခြင်းအား ပိုနှစ်သက်သည်ဟု သူမ မည်သို့ ပြောထွက်မည်နည်း။
ချန်ချင်းက တခြားတစ်ခုခုကို ဆက်ပြောတော့မည်ကို မြင်သောအခါ ရှားချင်းယွဲ့သည် အကြောင်းအရာကို အလျင်အမြန် ပြောင်းလိုက်၏။
"ခင်ပွန်း... ဟိုဘက်မှာ လူတွေအများကြီး စုနေကြတယ်..."
ဤနည်းဗျူဟာသည် အတော်လေး ထိရောက်ပြီး ချန်ချင်း၏စိတ်အာရုံကို အမှန်တကယ်ပင် လွှဲပြောင်းပေးနိုင်ခဲ့သည်။
ရှားချင်းယွဲ့ ညွှန်ပြသော ဦးတည်ရာသို့ လိုက်ကြည့်လိုက်ရာ ကျောက်တိုင်တစ်ခုရှေ့တွင် လူတစ်စု စုဝေးနေသည်ကို သူ မြင်တွေ့လိုက်ရသည်။
"အဲ့ဒီကျောက်တိုင်ထဲမှာ ပုန်းကွယ်နေတဲ့ အခွင့်အရေးတစ်ခု ရှိပုံရတယ်..."
ချန်ချင်းက ခွဲခြားသိမြင်လိုက်သည်။
"အခွင့်အရေး လား..."
ကျင့်ကြံသူတစ်ဦးဖြစ်သော ရှားချင်းယွဲ့အတွက် "အခွင့်အရေး " ဟူသော စကားလုံး၏ ဆွဲဆောင်မှုမှာ မသေးငယ်လှချေ။
"သွားရအောင်... ငါတို့လည်း သွားကြည့်ကြတာပေါ့..." ချန်ချင်းက အလိုလိုက်သည့်ဟန်ဖြင့် ပြောလိုက်၏။
ထို့နောက် ချန်ချင်းသည် သူ၏ဓားဖြင့် ကျောက်တိုင်ဆီသို့ ပျံသန်းသွားပြီး တည်ငြိမ်စွာ ဆင်းသက်လိုက်သည်။
လူအုပ်ကြီး၏ အပြင်ဘက်တွင် ရှိနေသေးစဉ်မှာပင် ရယ်မောသံများကို သူ ကြားလိုက်ရသည်။
"ဟား ဟား ဟား... ဒီနေ့ ဘယ်နှစ်ယောက်တောင် ကျရှုံးပြီးပြီလဲ..."
"ငါ မှတ်မိတာ မှန်တယ်ဆိုရင်... ဒါ ဆယ့်ခြောက်ယောက်မြောက် ဖြစ်မယ်..."
"ဟူး... ဒီဓားဧကရာဇ် အခွင့်အရေးက ဒီနေရာမှာ ရှိနေတာ နှစ်ပေါင်းရှစ်ရာလောက် ရှိပြီ... ဒါပေမဲ့ အမွေအနှစ် လိုအပ်ချက်တွေနဲ့ ပြည့်မီတဲ့သူဆိုလို့ တစ်ယောက်မှ မရှိသေးဘူး..."
"ဓားဧကရာဇ် ... အဲ့ဒီအဘိုးကြီးရဲ့ တောင်းဆိုချက်တွေ အရမ်းမြင့်မားနေတာကိုပဲ အပြစ်တင်ရမှာပေါ့... ဓားတာအို ပါရမီရှင် ဘယ်နှစ်ယောက်ကများ သူ့ကြောင့် ဒီနေရာမှာ ယုံကြည်မှုတွေ ပျက်စီးခဲ့ရပြီလဲ..."
...
"ခင်ပွန်း... အဲ့ဒါက ဓားဧကရာဇ် အမွေအနှစ်ပဲ..."
ရှားချင်းယွဲ့က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
"ငါက လှံ တာအိုကို ကျင့်ကြံတာဆိုတော့... ဒီဓားဧကရာဇ် အမွေအနှစ်က ငါ့အတွက် သိပ်အသုံးမဝင်ဘူး... ဇနီးလေးကိုပဲ ယူခိုင်းလိုက်မယ်..."
ချန်ချင်းက သူ၏သဘောထားကို ထုတ်ဖော်ပြောဆိုလိုက်သည်။
"အင်း..."
ရှားချင်းယွဲ့က ဝမ်းသာအားရ သဘောတူလိုက်၏။
တခြားသူများသည် သူတို့၏စကားပြောဆိုမှုကို ကြားသောအခါ လှောင်ပြောင်လိုက်သည်။
"ဒါက ဓားဧကရာဇ် အခွင့်အရေးလေ... မင်းတို့က အဲ့ဒီအရာနဲ့ ပတ်သက်ပြီး ယဉ်ကျေးနေကြတာလား... အဲ့ဒါကို ယူနိုင်မယ်လို့ တကယ်ကြီး ထင်နေတာလား..."
ဤစကားကို ကြားသောအခါ ရှားချင်းယွဲ့က သူ့ကို စူးစိုက်၍ ကြည့်လိုက်သည်။
ထိုလူ၏နှုတ်ခမ်းများပေါ်ရှိ စကားလုံးများ ရပ်တန့်သွားပြီး သူသည် အလွန်အမင်း ကြောက်ရွံ့မှုကို ခံစားလိုက်ရကာ အမြှီးကုပ်ပြီး ရေနစ်နေသော ခွေးတစ်ကောင်အလား ချက်ချင်းပြေးထွက်သွားသည်။
ကလေးဘဝမှ အရွယ်ရောက်သည်အထိ သူ ဤမျှထိ မကြောက်ရွံခဲ့ဖူးချေ။
"ကြည့်လိုက်အုံး... နောက်တစ်ယောက်က ဓားဧကရာဇ် အခွင့်အရေးကို စိန်ခေါ်တော့မယ်..."
ရှားချင်းယွဲ့သည် ဓားဧကရာဇ်အခွင့်အရေးကို စိတ်ဝင်စားပုံပေါ်သည်ကို မြင်သောအခါ ပရိသတ်များသည် သီးသန့်လမ်းတစ်ခုကို အလျင်အမြန် ဖယ်ပေးလိုက်ကြပြီး ဓားဧကရာဇ်၏ စမ်းသပ်မှုတွင် သူမ ပါဝင်ရန် အဆင်ပြေစေခဲ့သည်။
"ဒီအမျိုးသမီးက ဓားဧကရာဇ် အမွေအနှစ်ကို ယူဖို့ အခွင့်အရေး ရှိမယ်လို့ မင်းတို့ ထင်လား..."
"သူ့မှာ ဓားဧကရာဇ် အမွေအနှစ်ကို ယူဖို့ အခွင့်အရေး ရှိမရှိတော့ ငါ မသိဘူး... ဒါပေမဲ့ သူက တကယ်ကို လှတာပဲ... သေမျိုးလောကကို ဆင်းသက်လာတဲ့ နတ်မိမယ်လေး တစ်ပါးလိုပဲ..."
"နတ်မိမယ်လေးလိုပဲ ဟုတ်လား... သူက နတ်မိမယ်လေးပါပဲ... အရမ်း လှတာပဲ... ငါ့နှလုံးသားရဲ့ အနက်ရှိုင်းဆုံး နေရာထိ ရောက်သွားအောင်ကို လှတာ... သူရဲ့ တာအိုလက်တွဲဖော် ဖြစ်ဖို့ လူတစ်ယောက်က ဘယ်လောက်တောင် ကံကောင်းရမလဲ..."
"ဒီအမျိုးသမီးရဲ့ အမူအရာက သာမန်မဟုတ်ဘူး... သာမန်လူတစ်ယောက်တော့ သေချာပေါက် မဟုတ်ဘူး... ပြီးတော့ အရေးကြီးဆုံးက သူ့ရဲ့ ကျင့်ကြံခြင်း နယ်ပယ်ကို ငါ မမြင်နိုင်ဘူး..."
"ဘာ... မင်းလည်း သူ့ရဲ့ ကျင့်ကြံခြင်းနယ်ပယ်ကို ထွင်းဖောက်မမြင်နိုင်ဘူးလား... ဒါဆို သူ့မှာ စိတ်ဝိညာဉ်ခွဲခြားခြင်းနယ်ပယ်ထက် မြင့်မားတဲ့ စွမ်းအား ရှိနေနိုင်တယ် မဟုတ်လား..."
"သူက လှလည်း လှတယ်... အစွမ်းလည်း ထက်တယ်... ဘယ်လိုလုပ်ပြီးတော့ သူ့ကို မချစ်ဘဲ နေနိုင်မှာလဲ..."
...
သူ၏ဇနီးအတွက် ဤချီးကျူးစကားများနှင့် အမျိုးမျိုးသောမနာလိုမှု ဝန်တိုမှုနှင့်မုန်းတီးမှုအသံများကို နားထောင်ရင်း သူမ၏ခင်ပွန်းအနေဖြင့် ချန်ချင်းသည် အလွန်စိတ်ကျေနပ်နေခဲ့လေ၏။
ဤဓားဧကရာဇ် အမွေအနှစ် အတွက်ကမူ...
ချန်ချင်း၏အမြင်အရ ရှားချင်းယွဲ့သည် ထိုအရာကို ရယူရန် ရာနှုန်းပြည့် စွမ်းဆောင်နိုင်သည်။
သာမန်ဓားဧကရာဇ်တစ်ပါးသည် အထွတ်အထိပ် မဟာဧကရာဇ်တစ်ပါးကို ငြင်းဆန်နိုင်မည်လော။
သို့သော် ဤအတိုင်းသာဆိုလျှင် သူသည် 'ဇနီးသည်အား အလိုလိုက်ခြင်း' ဆုလာဘ်ကို ရရှိမည် မဟုတ်ချေ။
ထို့ကြောင့် သူ ကူညီပေးရပေမည်။
ချန်ချင်းသည် ကျောက်တိုင်အတွင်း၌ ပုန်းအောင်းနေသော ဓားဧကရာဇ်၏ အကြွင်းအကျန် စိတ်ဝိညာဉ်ထံသို့ ဖိအားလှိုင်းတစ်ခုကို တိတ်တဆိတ် ထုတ်လွှတ်လိုက်၏။
အထွတ်အထိပ် မဟာဧကရာဇ်နယ်ပယ်၏ ဖိအား...
'အဘိုးကြီး... အခွင့်အရေးကို လိမ်လိမ်မာမာနဲ့ လွှဲပေးလိုက်တာ ပိုကောင်းမယ်... တကယ်လို့ ငါ့ရဲ့ဇနီးကို စိတ်မပျော်အောင် လုပ်ရင်... အကျိုးဆက်တွေကို မင်း သိတယ်မလား...'
အမှန်တကယ်ကို သူသည် ဓားဧကရာဇ်ကို ခြိမ်းခြောက်နေခြင်းပင်။
စွမ်းအားကြီးသူကို လေးစားသော ခေတ်တွင် ပို၍မြင့်မားသော နယ်ပယ်ရှိသည့် ကျင့်ကြံသူတစ်ဦးသည် မကျေနပ်ချက်ကြောင့် တခြားကျင့်ကြံသူတစ်ဦးကို သတ်ဖြတ်ခဲ့ပါက ထိုလူထံတွင် နောက်ခံမရှိလျှင် တခြားသူများသည် များများစားစား ပြောဆိုဝံ့ရဲမည် မဟုတ်ချေ။
အထွတ်အထိပ် မဟာဧကရာဇ် တစ်ပါးအနေဖြင့် ချန်ချင်း၏ ဓားဧကရာဇ်အပေါ် ခြိမ်းခြောက်မှုသည် မည်သူ့ကိုမျှ နာကြည်းမှု မဖြစ်စေနိုင်ချေ။
'ဒီ... ဒီနိမ့်ပါးတဲ့သူက နားလည်ပါတယ်...'
ဓားဧကရာဇ်က အလျှင်အမြန် အသံပေးပို့ကာ လိုက်နာရန် ဆန္ဒရှိကြောင်း ပြသခဲ့ပြီး သူ၏အသံ ပြင်းပြင်းထန်ထန် တုန်ရီနေသည်။
သူ၏အထွတ်အထိပ်အချိန်တွင် သူသည် မဟာဧကရာဇ်များကို စိန်ခေါ်ခဲ့ဖူးသော်လည်း ချန်ချင်းနှင့် နှိုင်းယှဉ်ပါက ထိုမဟာဧကရာဇ်များမှာ သနားစရာကောင်းလောက်အောင် အားနည်းလှသည်။
ချန်ချင်းသည် ဒဏ္ဍာရီလာနယ်ပယ်သို့ ဝင်ရောက်သွားပြီဟု သူ ခန့်မှန်းမိလေ၏။
ထို့ကြောင့် သူ၏အကြည့်သည် ရှားချင်းယွဲ့ထံသို့ ရောက်ရှိသွားပြီး ဤအမျိုးသမီးသည် ချန်ချင်းကဲ့သို့သော အမည်မသိ ကျွမ်းကျင်သူတစ်ဦးနှင့် ပတ်သက်နေရခြင်းမှာ မယုံနိုင်လောက်အောင် ကံကောင်းကြောင်း ပြောဆိုရန် ဟန်ပြင်လိုက်သည်။
တစ်ချက်ကြည့်လိုက်ရုံဖြင့် သူ ရုတ်တရက် နားလည်သဘောပေါက်သွားခဲ့လေ၏။
'မဟုတ်ဘူး...'