← Chapters

အခန်း ၁၀၂

Vol. 11 Ch. 102

အခန်း ၁၀၂

Vol. 11 Ch. 102

အခန်း (၁၀၂) ဓားသမားများအနက် အကောင်းဆုံး

ဓားဧကရာဇ်၏ မျက်လုံးထဲတွင် ရှားချင်းယွဲ့သည် နားလည်ရခက်သော ပုဂ္ဂိုလ်တစ်ဦး ဖြစ်နေခဲ့သည်။

ဤသည်မှာ တွင်းနက်ကြီးတစ်ခုကို စိုက်ကြည့်နေရသကဲ့သို့ ဖြစ်ပြီး နောက်ထပ်တစ်ချက် ကြည့်လိုက်ပါကထိုအရာထဲသို့ ကျသွားမည့် ခံစားချက်မျိုး ပေါက်ဖွားလာပေမည်။

စကားလုံးထောင်ပေါင်းများစွာသည် နောက်ဆုံးတွင် သူ၏နှလုံးသားထဲ၌ အတွေးတစ်ခုတည်းအဖြစ် စုစည်းသွားပေ၏။

'သူတို့က တကယ်ကို ကြောက်စရာကောင်းတဲ့ ပါရမီရှင်စုံတွဲပဲ...'

ဤ'ကြောက်မက်ဖွယ်ကောင်းသော' ဆိုသည်မှာ ဤနေရာတွင် ရှုတ်ချသော စကားလုံး မဟုတ်ဘဲ သူတို့၏ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို ဖော်ပြခြင်းဖြစ်သည်။

ယခုအချိန်၌ ဓားဧကရာဇ်တွင် ဆက်လက် ပုန်းအောင်းနေရန်နှင့် သူ ဂုဏ်ယူသော ဓားကျင့်ကြံခြင်း အမွေအနှစ်ကို လွှဲပြောင်းပေးရန်အတွက် ငြင်းဆိုရန် အကြောင်းပြချက် ပို၍ပင် မရှိတော့ချေ။

တစ်နည်းဆိုရလျှင် သူ တသက်လုံး အချိန်ယူ၍ စုစည်ူခဲ့သော ဓားနည်းစနစ်များကို ဤကဲ့သို့ ထိပ်တန်းအားကောင်းသူများက ယူဆောင်ပြီး လက်ဆင့်ကမ်းနိုင်ခြင်းမှာ သူ၏ဂုဏ်ကျက်သရေပင်။

ဤအရာများကို မသိရှိသော ရှားချင်းယွဲ့သည် ဓားဧကရာဇ် ကျောက်တိုင်ရှေ့သို့ ရောက်ရှိနေပြီဖြစ်ပြီး သူမ၏လက်ကို မြှောက်ကာ ကျောက်တိုင်ကို သူမ၏ လက်ချောင်းငါးချောင်းဖြင့် ထိလိုက်၏။

သူမသည် ဓားဧကရာဇ်၏ စမ်းသပ်မှုကို ခံယူရန် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားခဲ့သည်။

မထင်မှတ်ဘဲ မျှော်လင့်ထားသော ဓားဧကရာဇ်၏ စမ်းသပ်မှု ဖြစ်မလာခဲ့ဘဲ သူမ၏ လက်ချောင်းငါးချောင်းမှ သန့်စင်သော ရွှေရောင်အလင်းတန်းတစ်တန်ူ ထွက်ပေါ်လာပြီး သူမ၏လက်တစ်ဖက်လုံးကို လွှမ်းခြုံသွားသည်။

ဤအရာကို မြင်သောအခါ အစပိုင်းက စိတ်ဝင်တစား ကြည့်ရှုနေကြသော ဂိုဏ်းအသီးသီးမှ တပည့်များအားလုံး အလွန်အံ့အားသင့်သွားကြသည်။

"နေအုံး... သူမ ဓားဧကရာဇ်ရဲ့ စမ်းသပ်မှုကို အောင်မြင်ပြီးတော့ အခွင့်အရေးဖြစ်တဲ့ အမွေအနှစ်ကို ရယူနေတာလား..."

"ဒီလို အားကောင်းတဲ့ တာအို စည်းချက်နဲ့ဆိုရင်... ဓားဧကရာဇ်ရဲ့ အမွေအနှစ် မဟုတ်ဘဲ တခြား ဘာဖြစ်နိုင်ဦးမှာလဲ..."

"ဒါ... ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ... သူ စမ်းသပ်မှု ခံယူနေတာကို မင်းတို့ထဲက တစ်ယောက်ယောက် မြင်လိုက်လား..."

"ဓားဧကရာဇ်က သူ့ရဲ့ လှပတဲ့ မျက်နှာလေးကို သဘောကျသွားတာများလား..."

...

လူအများထံမှ အမျိုးမျိုးသော မှတ်ချက်များ ရှိနေခဲ့သည်။

လူတချို့က ရှားချင်းယွဲ့သည် ဓားဧကရာဇ်၏ အမွေအနှစ်ကို အမှနိတကယ် ရရှိခဲ့ခြင်း ဟုတ်မဟုတ် ကိုပင် သံသယဝင်နေကြ၏။ နောက်တခဏတွင် အားကောင်းသော ဓားအရှိန်အဝါတစ်ခုက မုန်တိုင်းတစ်ခုအလား တိုက်ခတ်လာကာ သူတို့ကို ခြေလှမ်းပေါင်းများစွာ နောက်ဆုတ်သွားစေမှသာ ဤသံသယများ လုံးဝပျောက်ကွယ်သွားခဲ့သည်။

ရှားချင်းယွဲ့သည် ဓားဧကရာဇ်၏ အမွေအနှစ်ကို အမှန်တကယ် ရရှိခဲ့ကြောင်း သူတို့ ကောက်ချက်ချလိုက်ကြသည်။

"မတရားဘူး... ဒါက မတရားဘူး..."

"ဟုတ်တယ်... ဓားဧကရာဇ်ရဲ့ အမွေအနှစ်ကို ရဖို့ ငါတို့ အရမ်းဒုက္ခခံခဲ့ရတာတောင်... နောက်ဆုံးမှာ ကျရှုံးသွားခဲ့တယ်... သူက ဘာလို့ စမ်းသပ်မှု မခံယူဘဲ အခွင့်အရေးကို ရနိုင်တာလဲ..."

"ဓားဧကရာဇ် ... ရှင်က အရမ်းဘက်လိုက်လွန်းမနေဘူးလား... ဒီလိုလုပ်တာက ဓားဧကရာဇ်ဆိုတဲ့ ရှင့်ရဲ့ ဂုဏ်သိက္ခာကို ညစ်နွမ်းစေတယ်..."

...

သူ့အပေါ် မကျေမနပ် စောဒကတက်နေသော ဤစကားများကို ကြားသောအခါ ဓားဧကရာဇ်၏ အကြွင်းအကျန်ရစ်စိတ်ဝိညာဉ်သည် လုံးလုံးလျားလျား ကူကယ်ရာမဲ့နေသကဲ့သို့ ခံစားရလေ၏။

မဟာဧကရာဇ်နယ်ပယ်အထက်ရှိ အစွမ်းထက်သူနှစ်ဦးက သူ့ထံမှ အမွေအနှစ်ကို တောင်းဆိုနေကြရာ သူ ငြင်းဆန်ရဲမည်လော။

သူသည် ပေါ့ပေါ့ပါးပါး ကိုယ်ထင်ပြရန်ကိုပင် ဖီဆန်မှုဟု ထင်မြင်ခံရမည်ကို စိုးရိမ်သဖြင့် ချန်ချင်းနှင့် ရှားချင်းယွဲ့တို့အကြောင်း တစ်စုံတစ်ရာ ဖော်ထုတ်ရန် မဝံ့ရဲခဲ့ချေ။

ရှားချင်းယွဲ့သည် သူတို့၏အတွေးများကို ဂရုမစိုက်ချေ။ သူမသည် ဓားဧကရာဇ်၏ အမွေအနှစ်ကို ရရှိနိုင်ခဲ့ခြင်းကပင် လုံလောက်နေလေပြီ။

ဤဓားဧကရာဇ်၏ အမွေအနှစ်ကို သူမ လုံးဝစုပ်ယူပြီး သန့်စင်လိုက်သည်နှင့်တပြိုင်နက် သူမ၏စွမ်းအားသည် ပို၍မြင့်မားသော နယ်ပယ်သို့ သေချာပေါက် တက်လှမ်းသွားမည်ဖြစ်ကြောင်း သူမ ခံစားနိုင်လေ၏။

တစ်ချိန်တည်းမှာပင် ချန်ချင်းသည် ရှားချင်းယွဲ့ကို ဓားဧကရာဇ်၏ အမွေအနှစ် ရရှိရန် ကူညီပေးခြင်းဖြင့် သူ လိုချင်သောအရာကိုလည်း ရရှိခဲ့သည်။

【ဇနီးသည်ကို အလိုလိုက်ခြင်း အောင်မြင်ပါသည်... အိမ်ရှင်က ကျပန်းဆုလာဘ်အဖြစ် အမြင့်ဆုံးအဆင့် ဓားတာအို အတွေ့အကြုံ လက်ဆောင်ထုပ်ကို ရရှိသည့်အတွက် ဂုဏ်ယူပါသည်...】

အမြင့်ဆုံးအဆင့် ဓားတာအို အတွေ့အကြုံ လက်ဆောင်ထုပ်တစ်ခုအတွက် ဓားဧကရာဇ်၏ အမွေအနှစ်ကို စွန့်လွှတ်လိုက်ခြင်း...

ဤအရာထက် ပို၍အကျိုးအမြတ်များသောအရာကို ချန်ချင်း အမှန်တကယ်ပင် မတွေးတောနိုင်ခဲ့ချေ။

သူသည် အသုံးပြုရန်ကို ချက်ချင်းနှိပ်လိုက်၏။

【အမြင့်ဆုံးအဆင့် ဓားတာအို အတွေ့အကြုံ လက်ဆောင်ထုပ်ကို အသုံးပြုနေပါသည်...】

【အမြင့်ဆုံးအဆင့် ဓားတာအို အတွေ့အကြုံ လက်ဆောင်ထုပ် အသုံးပြုခြင်း အောင်မြင်ပါသည်...】

မျက်စိတစ်မှိတ်အတွင်း ဓားတာအို လမ်းကြောင်းပေါ်ရှိ ချန်ချင်း၏ အောင်မြင်မှုများသည် ယခင်က မည်သူမျှ မရောက်ဖူးခဲ့ကာ သူ့နောက်တွင်လည်း မည်သူမျှ လိုက်မမီနိုင်မည့် နယ်ပယ်တစ်ခုသို့ ရောက်ရှိသွားခဲ့သည်။

အကယ်၍ သူသာ ဓားတာအိုတွင် နံပါတ်တစ်ဟု ကြွေးကြော်ပါက မည်သူမျှ စိန်ခေါ်ဝံ့မည် မဟုတ်သလို မည်သူမျှ မေးခွန်းထုတ်ရန် အရည်အချင်းလည်း ပြည့်မီမည် မဟုတ်ချေ။

လက်ရှိ ဓားဧကရာဇ် ရောက်လာလျှင်ပင် ထိုလူသည် ခေါင်းငုံ့နေရပေမည်။

"ရပ်လိုက်စမ်း... ဓားဧကရာဇ်ရဲ့ အခွင့်အရေး ကို လွှဲပေးလိုက်... မင်းလိုလူက အဲ့ဒါနဲ့ လုံးဝမထိုက်တန်ဘူး..."

သူ၏ ရှေ့မှ အသံများကို ကြားလိုက်ရသဖြင့် ချန်ချင်းသည် စနစ်မျက်နှာပြင်ကိုပိတ်ပြီး မော့ကြည့်လိုက်ရာ ရှားချင်းယွဲ့၏လမ်းကို လူတစ်စုက ပိတ်ဆို့ထားသည်ကို မြင်တွေ့လိုက်ရသည်။

ထိုလူများသည် သူတို့၏ ဓားများကို ဆွဲထုတ်ထားပြီးဖြစ်ကာ သူတို့၏မျက်နှာအမူအရာများ ရက်စက်ကြမ်းကြုတ်နေကာ ဓားဧကရာဇ်၏ အခွင့်အရေးကို လွှဲပြောင်းပေးရန် ရှားချင်းယွဲ့ကို ခြိမ်းခြောက်နေကြသည်။

'ကြည့်ရတာ အမျိုးသမီး ဇာတ်လိုက်က အမျိုးသား ဇာတ်လိုက်လိုပဲ... အမုန်းတရားတွေကို အလွယ်တကူ ဆွဲဆောင်နိုင်ပြီး ပစ်မှတ်တစ်ခု ဖြစ်လာတတ်တာပဲ...'

ချန်ချင်းက သူ၏စိတ်ထဲမှ သက်ပြင်းချလိုက်၏။

ထိုကဲ့သို့သော ပြဿနာငယ်လေးအတွက် သူ ကိုယ်တိုင် လှုပ်ရှားရန် မလိုအပ်ချေ။

ချန်ချင်း ထင်ထားသည့်အတိုင်းပင် ရှားချင်းယွဲ့သည် ဤလူစုနှင့် စကားပြောဆိုပြီး အချိန်ဖြုန်းလိုသည့် ရည်ရွယ်ချက် မရှိချေ။ သူမသည် သူမ၏ လက်ချောင်းများကို ဓားအဖြစ် အသုံးပြုကာ သူမ၏လက်ကို ဝှေ့ယမ်းလိုက်ပြီး မျက်စိတစ်မှိတ်အတွင်း သူတို့၏ခေါင်းများကို ခန္ဓာကိုယ်မှ ခွဲထုတ်လိုက်၏။

သူတို့၏မျက်နှာအမူအရာများ မပြောင်းလဲနိုင်မီမှာပင် ခေါင်းများ ကောင်းကင်သို့ လွင့်စင်သွားကာ သွေးများ ပန်းထွက်လာသည်။

ရှားချင်းယွဲ့၏ ပြတ်သားပြီး ရက်စက်သော လုပ်ရပ်ကို မြင်သောအခါ အခွင့်အရေး ကို လုယူရန် ရည်ရွယ်ထားသော တခြားဂိုဏ်းအသီးသီးမှ တပည့်များအားလုံး ကြောက်ရွံ့သွားကြသည်။

အဘယ်ကြောင့်ဆိုသော် ရှားချင်းယွဲ့ သတ်လိုက်သော လူသုံးယောက်သည် အသေးအဖွဲနောက်ခံရှိသူများ မဟုတ်သောကြောင့်ပင်။ သူတို့သည် နတ်ဘုရား ဓားဂိုဏ်း၏ တပည့်များဖြစ်ပြီး သူတို့၏စွမ်းအားမှာ လက်ရှိနေရာတွင်ရှိနေသူ အများစုထက် သာလွန်လေ၏။

ထိုကဲ့သို့ ပါရမီရှင်များကို ရှားချင်းယွဲ့က ချက်ချင်း ခုတ်ပိုင်းလိုက်ရာ သူမကို ရှေ့ထွက်ပြီး ဆန့်ကျင်ရန် သူတို့ထံ၌ ယုံကြည်မှု မည်သို့ ရှိနိုင်မည်နည်း။

ရှားချင်းယွဲ့ ချဉ်းကပ်လာသည်ကို မြင်သောအခါ သူတို့ အားလုံး အလျင်အမြန် ရှောင်ဖယ်သွားကြပြီး သီးသန့် လမ်းတစ်ခုကို ချက်ချင်းဖယ်ပေးလိုက်ကြသည်။

ရှားချင်းယွဲ့သည် သူတို့ အသိဉာဏ်ရှိကြောင်း မြင်သောအခါ သတ်ဖြတ်ခြင်းကို ဆက်လက်၍ မလုပ်ဆောင်တော့ဘဲ တင့်တယ်လှပသော ခြေလှမ်းများဖြင့် ချန်ချင်းထံသို့ လျှောက်လှမ်းသွားလေ၏။

ယခင်က သူမ၏ရေခဲကဲ့သို့ အေးစက်သော အမူအရာမှ ပြောင်းလဲသွားပြီး သူမက တောက်ပသော အပြုံးဖြင့် ပြောလိုက်သည်။

"ခင်ပွန်း... ဘာတွေဖြစ်သွားလဲဆိုတာ ကျွန်မ မသိပေမဲ့... ကျွန်မ ဓားဧကရာဇ်ရဲ့ အမွေအနှစ်ကို ရခဲ့တယ်..."

သနားညှာတာမှု ကင်းမဲ့သော အမျိုးသမီး မိစ္ဆာ ခေါင်းဆောင်တစ်ယောက် ဖြစ်ခဲ့သော အမျိုးသမီးသည် ယခုအချိန်၌ ချန်ချင်း၏ရှေ့တွင် မိန်းကလေးငယ်တစ်ယောက်လို ပြုမူနေသည်အား မြင်သောအခါ လူတိုင်း၏မျက်ခုံးများသည် တင်းကျပ်စွာ တွန့်ကွေးသွားပြီး ကြီးမားသော 'ရှီချွမ်' စာလုံးတစ်လုံးကို ဖြစ်ပေါ်စေခဲ့လေ၏။

(ရှီချွမ်=川 လူတစ်ယောက် မျက်မှောင်ကြုတ်တဲ့ အချိန်မှာဖြစ်လာတဲ့ အရေးအကြောင်း ၃ခုကို တင်စားထားတာပါ)

ရှားချင်းယွဲ့ကဲ့သို့ အမျိုးသမီး မိစ္ဆာခေါင်းဆောင်ကို အနိုင်ယူနိုင်စွမ်းရှိသော ချန်ချင်းသည် မည်သူဖြစ်ကြောင်းနှင့် သူ၏စွမ်းအားမှာ မည်သို့ရှိကြောင်း သူတို့ ပို၍သိချင်လာကြသည်။

ထို့ပြင် သူသည် သူမ၏ခေါင်းကို ပုတ်ပြီး ချီးကျူးနိုင်သေးလေ၏။

အရေးအကြီးဆုံးမှာ ရှားချင်းယွဲ့ကိုယ်တိုင်က ဤအပြုအမူကို အပြည့်အဝ နှစ်သက်နေပုံရခြင်းပင်။

ဤသည်က စောင့်ကြည့်နေသူများကို သူတို့ ထင်ယောင်ထင်မှား ဖြစ်နေသလောဟု အချိန်တခဏကြာမျှ တွေးတောမိစေခဲ့သည်။

ဤလောကကြီးနှင့် ပတ်သက်သော သူတို့၏ နားလည်မှုအရ ကျင့်ကြံသူတစ်ဦးသည် ပို၍သန်မာအားကောင်းလေလေ သူတို့၏ ကိုယ့်ကိုယ်ကိုယ် လေးစားမှု ပို၍အားကောင်းလေလေပင်။ သူတို့သည် တခြားသူများ၏ရှေ့တွင် ဤကဲ့သို့ အားနည်းမှုမျိုးကို ဘယ်သောအခါမျှ ထုတ်ဖော်ပြသမည် မဟုတ်ချေ။

ထိုလူ၏စွမ်းအား အမျိုးသမီးထက် ပို၍အစွမ်းထက်နေသလော....

အကြောင်းအရင်းကို သူတို့ အဖြေမရှာနိုင်မီမှာပင်..

ဝုန်း...

ကြောက်မက်ဖွယ်ကောင်းသော ဖိအားတစ်ခု အထက်မှနေ၍ ကျဆင်းလာသည်။

သူတို့၏ဒူးများသည် တုံ့ပြန်ရန် အချိန်မရမီ မြေကြီးပေါ်သို့ ကျသွားခဲ့လေ၏။

ထို့နောက် သူတို့၏ခန္ဓာကိုယ်များသည်လည်း ပြိုလဲကျသွားပြီး မှောက်လျက်သား ဖြစ်သွားကြသည်။ ဤမျှ ထိ ကြီးမားသော စွမ်းအားကို ရင်ဆိုင်ရသောအခါ မည်သည့် ခုခံမှုမျိုးမျှ ပြုလုပ်ရန် သူတို့ထံ၌ အခွင့်အရေး မရှိခဲ့ချေ။

မော့မကြည့်ဘဲနှင့်ပင် ဤလူများသည် နတ်ဘုရား ဓားဂိုဏ်းမှ တစ်စုံတစ်ယောက် လာရောက်၍ ပြဿနာရှာခြင်းဖြစ်ကြောင်း ကောင်းစွာသိရှိထားသည်။

သူတို့၏ လက်ရွေးစင် အတွင်းစည်းတပည့်များ ကြေကွဲဖွယ်ရာ သေဆုံးသွားသောအခါ မဟာဂိုဏ်းတစ်ခုအနေဖြင့် သူတို့ မည်သည်ကြောင့် ငြိမ်ငြိမ်လေး ထိုင်နေနိုင်မည်နည်း။

ချန်ချင်းနှင့် ရှားချင်းယွဲ့တို့သည် ဤဖိအား၏ သက်ရောက်မှုကို မခံရဘဲ လုံးဝလျစ်လျူရှုထားခဲ့ကြသည်။

သူတို့သည် လေထဲတွင် ဓားပျံစီးနင်းလာသူကို မော့ကြည့်လိုက်ကြ၏။

"ခြေလှမ်းတစ်ဝက် ဧကရာဇ် တတိယအဆင့်..."

ရှားချင်းယွဲ့က တစ်ဖက်လူ၏ကျင့်ကြံဆင့်နယ်ပယ်ကို ပြောဆိုလိုက်သည်။

ယခုရောက်ရှိလာသော ဓားကျင့်ကြံသူသည် ဤကိစ္စအတွက် အံ့အားသင့်မသွားခဲ့ချေ။ သူသည် ကိုယ့်ကိုယ်ကိုယ် ဓားကျင့်ကြံခြင်းတာအိုတွင် အလွန်နာမည်ကြီးသူဟု မှတ်ယူထားရာ ဂျူနီယာ တစ်ယောက်အနေဖြင့် ရှားချင်းယွဲ့က သူ့ကို မှတ်မိခြင်း သို့မဟုတ် သူ့ကို လေးစားကြည်ညိုခြင်းသ​ည် သဘာဝကျပေ၏။

ဓားကျင့်ကြံသူသည် ခေါင်းမရှိသော အလောင်းသုံးလောင်းကို ကြည့်လိုက်ပြီး မျက်မှောင်အနည်းငယ် တွန့်ကွေးသွားသည်။ သူတို့၏သေဆုံးမှုသည် ဤမျှထိ ကြေကွဲဖွယ် ကောင်းလိမ့်မည်ဟု သူ ထင်မှတ်မထားခဲ့ချေ။

"ဘယ်သူ လုပ်တာလဲ..."

သူက အသံနက်ကြီးဖြင့် မေးလိုက်သည်။

ရှားချင်းယွဲ့က ရှေ့သို့ထွက်လာသည်။

"ကောင်းတယ်... မင်းက သတ္တိရှိသားပဲ..."

တာဝန်ယူလိုသော ရှားချင်းယွဲ့၏ဆန္ဒသည် ဓား ကျင့်ကြံသူထံမှ လေးစားမှုကို ရရှိသွားပေ၏။

ထို့ကြောင့် သူက ပြောလိုက်သည်။

"မင်းရဲ့ ပါရမီ ကောင်းတာကို ငါ မြင်တယ်... မင်းက ငါ့ရဲ့ နတ်ဘုရားဓားဂိုဏ်းထဲကို ဝင်ပြီး... ငါ့ရဲ့တပည့်ရင်းအဖြစ် ငါ့ရဲ့လက်အောက်မှာ အမှုထမ်းဖို့ ဆန္ဒရှိလား..."

သူသည် ပါရမီရှင်များကို မြတ်နိုးပုံပေါ်သော်လည်း ရှားချင်းယွဲ့အပေါ် ဓားကျင့်ကြံသူ၏အကြည့်တွင် မသိသာသော ရမ္မက်ဆန္ဒတစ်ခုကို ချန်ချင်းက သတိပြုမိသွားသည်။

All Chapters