အခန်း ၁၀၅
Vol. 11 Ch. 105
အခန်း (၁၀၅) ဧကရီ၏ခမ်းနားမှု
"ကျောက်ဝူထျန်း... သူက တကယ်ကို အဆင်အခြက်မဲ့တဲ့သူ တစ်ယောက်ပဲ..."
ရှားချင်းယွဲ့က ပြောလိုက်သည်။
ရှားချင်းယွဲ့၏ပါးစပ်မှ သူ၏နာမည်ကို ကြားလိုက်ရသောအခါ ကျောက်ဝူထျန်း၏နှလုံးသား ချက်ချင်း အေးစက်သွားသည်။ သူမကို သူ၏နာမည် ပြောပြခဲ့ဖူးသည်ဟု သူ မမှတ်မိချေ။
ထို့ပြင် ရှားချင်းယွဲ့၏ လေသံကို ထောက်ရှုလျှင် သူမသည် သူ၏နာမည်ကို ယခင်ကတည်းက သိနေပုံ မပေါ်ဘဲ ထိုစာအုပ်မှ သိရှိသွားခြင်း ဖြစ်ပုံရသည်။
"ငါ့ရဲ့နာမည်က အဲ့ဒီစာအုပ်ပေါ်မှာ..."
သူ သေချာစဉ်းစားပြီးနောက် ကြောက်မက်ဖွယ်ကောင်းသော အတွေးတစ်ခုက ကျောက်ဝူထျန်း၏ စိတ်ထဲတွင် ထွက်ပေါ်လာခဲ့လေ၏။
လူတစ်ယောက် သေဆုံးသွားတိုင်း ဤသည်မှာ အမြဲတစေ ချန်ချင်းက သူ၏စုတ်တံကို အသုံးပြုပြီးနောက်တွင်ပင်။
သူသည် သူ၏စုတ်တံဖြင့် ထိုစာအုပ်ထဲတွင် မျဉ်းတစ်ကြောင်း ဆွဲလိုက်သရွေ့ သူတို့၏ ကျင့်ကြံဆင့် မည်မျှပင် ရှိစေကာမူ... ခြေလှမ်းတစ်ဝက် ဧကရာဇ် ဖြစ်စေ စိတ်ဝိညာဉ်ခွဲခြားခြင်းနယ်ပယ်ဖြစ်စေ ရုပ်ခန္ဓာကိုယ်ပေါင်းစည်းခြင်းနယ်ပယ်ဖြစ်စေ ကပ်ဘေးဒုက္ခနယ်ပယ် ကျင့်ကြံသူဖြစ်စေ တစ်စုံတစ်ယောက်သည် ချက်ချင်းသေဆုံးသွားပေမည်။
"ဒီလို ကြောက်စရာကောင်းတဲ့ မှော်ရတနာမျိုးက ဒီလောကကြီးမှာ ဘယ်လိုလုပ်ပြီး ရှိနေနိုင်မှာလဲ..."
သူ ယုံကြည်ရန် ခက်ခဲသော်လည်း အမှန်တရားသည် သူ၏မျက်စိရှေ့တွင် ရှိနေသဖြင့် ကျောက်ဝူထျန်းသည် ယုံကြည်ရန်မှလွဲ၍ တခြားရွေးချယ်စရာ မရှိတော့ချေ။
"ငါက ဝန်ခံပါတယ်..."
"အရှုံး" ဟူသော စကားလုံးသည် သူ၏ပါးစပ်မှ မထွက်နိုင်မီမှာပင် ဂိုဏ်းတစ်ဂိုဏ်း၏ ဂိုဏ်းချုပ်က မည်ကဲ့သို့ ဇနီးသည်အား အလိုလိုက်ခြင်း ဆုလာဘ်မျိုး ယူဆောင်လာပေးနိုင်သည်ကို သိချင်နေသော ချန်ချင်းသည် တုံ့ဆိုင်းမှုမရှိဘဲ စုတ်တံကို ကောက်ကိုင်ကာ ယမမင်း၏သေခြင်းရှင်ခြင်းစာအုပ်တွင် ကျောက်ဝူထျန်း၏နာမည်ကို ဖြတ်ပစ်လိုက်လေပြီ။
ကျောက်ဝူထျန်းသည် မျက်ဖြူလန်သွားပြီး သူ၏ အသက်ကို အတင်းအကြပ် ဖယ်ရှားခံလိုက်ရကာ သူ၏ဓားပျံပေါ်မှ ပြုတ်ကျသွားတော့သည်။
နတ်ဘုရားဓားဂိုဏ်း၏ လေးစားအပ်သော ဂိုဏ်းချုပ် သည် ဤသို့ဖြင့် သူ၏နိဂုံးနှင့် ရင်ဆိုင်ခဲ့ရလေ၏။
[ဇနီးသည်ကို အလိုလိုက်ခြင်း အောင်မြင်ပါသည်... အိမ်ရှင်က ကျပန်းဆုလာဘ်အဖြစ် ကောင်းကင်တာအို ဧကရာဇ် လက်နက် တစ္ဆေဘုရင် စည်းတံဆိပ်တစ်ခုကို ရရှိသည့်အတွက် ဂုဏ်ယူပါသည်..."
ခြေလှမ်းတစ်ဝက်ဧကရာဇ်နယ်ပယ် ပဉ္စမအဆင့် ကျွမ်းကျင်သူတစ်ဦးကို ကောင်းကင်တာအို ဧကရာဇ် လက်နက်တစ်ခုနှင့် လဲလှယ်ခြင်းမှာ ချန်ချင်းအတွက် သေချာပေါက် အရှုံးမရှိချေ။
ထို့ထက်ပို၍ ပွင့်လင်းစွာ ပြောရလျှင် ကျောက်ဝူထျန်း၏အသက်သည် သူ့အတွက် အပိုသက်သက်သာဖြစ်သဖြင့် ထိုအရာကို ပထမအဆင့် ဆေးလုံးတစ်လုံးဖြင့်သာ လဲလှယ်ရလျှင်ပင် ချန်ချင်းက အရှုံးဟု သတ်မှတ်မည် မဟုတ်ချေ။
"ဒီယမမင်းရဲ့သေခြင်းရှင်ခြင်းစာအုပ်က တကယ့်ကို ကြောက်စရာကောင်းတာပဲ..."
ဖြစ်စဉ်တစ်ခုလုံးကို မျက်မြင်တွေ့ရှိခဲ့သော ရှားချင်းယွဲ့သည် သက်ပြင်းမချဘဲ မနေနိုင်တော့ချေ။
ရုတ်ချည်းဆိုသလိုပင် သူမသည် အချိန်အတော်ကြာ သူမအား ဒုက္ခပေးနေခဲ့သော မေးခွန်းတစ်ခုကို မေးလိုက်၏။
"ခင်ပွန်း... ရှင်နဲ့ကျွန်မက သေကြေပျက်စီးခြင်းမဲ့ ရုပ်ခန္ဓာကိုယ်နဲ့ ချိတ်ဆက်ထားပြီးပြီဆိုတော့... တကယ်လို့ ဒီယမမင်းရဲ့ သေခြင်းရှင်ခြင်းစာအုပ်က တခြားသူ တစ်ယောက်ရဲ့ လက်ထဲ ရောက်သွားရင်... ကျွန်မတို့ကို ခြိမ်းခြောက်နိုင်မလား..."
"သေချာပေါက် မရဘူးပေါ့..."
ချန်ချင်းသည် ဤမေးခွန်းကို ကြာမြင့်စွာကတည်းက စဉ်းစားထားပြီးဖြစ်ကာ စနစ်နှင့် ကြိုတင်အတည်ပြုထားပြီးဖြစ်သည်။
ယမမင်း၏ သေခြင်းရှင်ခြင်းစာအုပ်ကို တခြားသူများ လုယူသွားနိုင်ခြေမှာ အလွန်နည်းပါးသော်လည်း စနစ်က သင့်လျော်သော အကာအကွယ်များကို ပေးထားဆဲပင်။
ယမမင်း၏ သေခြင်းရှင်ခြင်းစာအုပ်သည် ချန်ချင်း ရရှိထားသော ဆုလာဘ်တစ်ခုဖြစ်ပြီး ထိုအရာ။ ပိုင်ရှင်အနေဖြင့် သူသည် အဖြူရောင်စာရင်းတစ်ခု သတ်မှတ်ရန် အခွင့်အာဏာ ရှိလေ၏။
တစ်စုံတစ်ယောက်သည် စာရင်းတွင် ပါဝင်နေသရွေ့ သူ၏နာမည်ကို ဖြတ်ပစ်လျှင်ပင် မည်သည့် ထိခိုက်မှုမျှ မဖြစ်စေနိုင်ချေ။
သေကြေပျက်စီးခြင်းမဲ့ ရုပ်ခန္ဓာကိုယ်ရှိသော တခြား ရန်သူများကို သတ်နိုင်မသတ်နိုင် ဆိုသည်အတွက်မူ...
အဖြေမှာ 'ရသည်' ဟူ၍ပင်။ ယမမင်း၏ သေခြင်းရှင်ခြင်းစာအုပ်ပေါ်ရှိ မည်သည့် နာမည်မဆို ထိုအရာ၏ စည်းမျဉ်းများစွမ်းအားမှ မလွတ်မြောက်နိုင်ချေ။
"ဒါဆိုရင် တော်သေးတာပေါ့..."
ရှားချင်းယွဲ့သည် သူမ၏ရင်ဘတ်ကို ညင်သာစွာ ပုတ်ကာ သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်၏။
ဤကဲ့သို့သော အထွတ်အထိပ်ရတနာတစ်ခုသည် တစ်နေ့နေ့တွင် အခိုးခံရပြီး သူမနှင့်ချန်ချင်းကို ဆန့်ကျင်ရန် အသုံးပြုခံရမည်ဆိုပါက မည်မျှထိ ကြောက်မက်ဖွယ်ကောင်းမည်ကို စိတ်ကူးယဥ်ကြည့်ရန် ခက်ခဲလှသည်။
ယမမင်း၏သေခြင်းရှင်ခြင်းစာအုပ် အကြောင်း နားလည်ကာ စိတ်အေးသွားပြီးနောက် ရှားချင်းယွဲ့က ထပ်မေးလိုက်လေ၏။
"ဒါဆို... ခင်ပွန်းက နတ်ဘုရား ဓားဂိုဏ်းကို ဘယ်လို ကိုင်တွယ်ဖို့ စီစဉ်ထားလဲ..."
"အင်း..."
ချန်ချင်းက တခဏကြာမျှ စဉ်းစားပြီးနောက် ရှားချင်းယွဲ့ကို ပြန်မေးလိုက်သည်။
"ငါ့ဇနီးလေးက ဒီအထက်ဘုံရဲ့ ဧကရီ ဖြစ်ချင်လား..."
"အထက်ဘုံရဲ့ ဧကရီ ..."
ဤစကားလုံးများကို သူမ လုံးဝစိတ်မဝင်စားဟု ပြောလျှင် သေချာပေါက် လိမ်လည်ရာကျပေမည်။
ထို့နောက် သူမက ချန်ချင်းကို နောက်ပြောင်လိုက်သည်။
"ဒါက ခင်ပွန်းရဲ့ အပါးခိုမယ့် အစီအစဉ်ရဲ့ အစိတ်အပိုင်း တစ်ခုများလား..."
ချန်ချင်းက ရယ်မောလိုက်၏။
"အမှန်ပဲ.. ငါ့ဇနီးလေးရဲ့ ဉာဏ်ပညာမျက်လုံးကနေ ဘာမှ မလွတ်ကင်းနိုင်ဘူး..."
"အဲ့ဒီလို ဖြစ်နေမှတော့... အရာအားလုံးကို ခင်ပွန်းဆီပဲ လွှဲထားလိုက်ပါ့မယ်..."
ချန်ချင်းသည် ဟန်တျန်းဂိုဏ်းကဲ့သို့ပင် နတ်ဘုရား ဓားဂိုဏ်းကိုလည်း သူ၏ အမိန့်အောက်သို့ သွတ်သွင်းပြီး သူ၏ဩဇာလွှမ်းမိုးမှုကို ချဲ့ထွင်လိုကြောင်း ရှားချင်းယွဲ့ ကောင်းစွာသိရှိထားသည်။
ကူးပြောင်းရေးတံခါးထဲသို့ ပုံရိပ်နှစ်ခု ပျောက်ကွယ်သွားသည်ကို ကြည့်ကာ...
မြေကြီးပေါ်တွင် ဒူးထောက်နေဆဲဖြစ်သော ဂိုဏ်းအသီးသီးမှ တပည့်များသည် တံတွေးကို ခက်ခက်ခဲခဲဖြင့် မျိုချလိုက်ကြ၏။ ဤအဖြစ်အပျက် အဆုံးသတ်သွားချိန်တွင် ဓားဧကရာဇ်သည် မည်သဘ်ကြောင့် သူ၏ ဓားဧကရာဇ် အမွေအနှစ်ကို ဤမျှထိ လွယ်လင့်တကူ ပေးအပ်ခဲ့သနည်းဆိုသည်ကို သူတို့ ရုတ်တရက် နားလည်သွားကြသည်။
"ငါတို့က ဓားဧကရာဇ်ကို အထင်လွဲခဲ့တာပဲ... ဒီလို အားကောင်းတဲ့ ပုဂ္ဂိုလ်က သံသယဝင်စရာ မလိုဘဲ ဓားဧကရာဇ် အမွေအနှစ်အတွက် အသင့်တော်ဆုံး ကိုယ်စားလှယ်ပဲ..."
"နတ်ဘုရား ဓားဂိုဏ်းရဲ့ မဟာအကြီးအကဲတွေနဲ့ ဂိုဏ်းချုပ် တောင်မှ သူတို့ရဲ့ရှေ့မှာ ဒီလောက်တောင် ထိခိုက်လွယ်နေတာ..."
"မဟုတ်ရင်... 'ပြိုင်ဘက်ကင်း ကျွမ်းကျင်သူ' ဆိုတဲ့ စကားစုက နောက်ပြောင်စရာ ဖြစ်နေမလားလို့ မင်း ထင်နေတာလား..."
"အရည်အချင်းရှိတဲ့သူနဲ့ လှပတဲ့ အမျိုးသမီးက လိုက်ဖက်အညီဆုံးပဲ... ဒါက သူတို့ကို ပြောနေတာပဲ ဖြစ်မယ်မလား..."
လူတိုင်းက သူ၏အခက်အခဲကို နားလည်ကြောင်း မြင်သောအခါ ဓားဧကရာဇ်ကျောက်တိုင်အတွင်းရှိ ဓားဧကရာဇ်၏ အကြွင်းအကျန်စိတ်ဝိညာဉ်တစ်မျှင်သည် စိတ်သက်သာရာရစွာ ပြုံးလိုက်၏။
...
နတ်ဘုရား ဓားဂိုဏ်း...
ချန်ချင်းနှင့်ရှားချင်းယွဲ့တို့က ကူးပြောင်းရေးတံခါးမှ ထွက်လာခဲ့ကြသည်။
သူတို့ကို လက်နက်များ ကိုင်ဆောင်ထားသော တပည့် ရာပေါင်းများစွာက အလွှာသုံးထပ်ဖြင့် ချက်ချင်းဝိုင်းရံထားပြီး လွတ်မြောက်ရန်အတွက် မဖြစ်နိုင်အောင် ပြုလုပ်ထားလေ၏။
သို့သော် ရှားချင်းယွဲ့က တည်ငြိမ်နေခဲ့သည်။ ထို့နောက် သူမသည် လက်တစ်ချက် ဝှေ့ယမ်းလိုက်ကာ ဟင်းလင်းပြင် အက်ကွဲကြောင်းတစ်ခုကို ဆုတ်ဖြဲလိုက်သည်။
နောက်တခဏတွင် အလောင်းများသည် ထိုအရာထဲမှ အဆက်မပြတ် ပြုတ်ကျလာပြီး တောင်ကုန်းငယ်လေး တစ်ခုအဖြစ် စုပုံသွားခဲ့သည်။ သူတို့အားလုံးသည်ချွင်းချက်မရှိဘဲ နတ်ဘုရားဓားဂိုဏ်း ဝတ်စုံများကို ဝတ်ဆင်ထားကြ၏။
"ဒီကောင်တွေက ငါတို့ဂိုဏ်းက တပည့်တွေ အများကြီးကို တကယ်ကြီးသတ်ခဲ့တာပဲ... တကယ်ကို ယုတ်မာလိုက်တာ.."
"ဒါက လုံးဝကို ဒေါသထွက်စရာပဲ... ဒီနေ့ ငါ မင်းတို့ကို သတ်ပြီး ငါ့ရဲ့ စီနီယာအစ်ကိုတွေနဲ့ စီနီယာ အစ်မ တွေအတွက် ကလဲ့စားချေမယ်လို့ ကျမ်းသစ္စာဆိုတယ်..."
"ငါတို့ နတ်ဘုရား ဓားဂိုဏ်းက တပည့်တွေကို ဘယ်လိုများ သတ်ရဲတာလဲ... မင်းက တကယ်ကို သေချင်..."
စကားတစ်ဝက်တွင် အလောင်းများ ပုံနေသော တောင်ပေါ်မှ ဝတ်စားဆင်ယင်မှု ပို၍ခမ်းနားသော အကြီးအကဲတစ်ဦး လိမ့်ကျလာသည်ကို သူ မြင်တွေ့လိုက်ရသည်။
သေချာ ကြည့်လိုက်သောအခါ သူ၏မျက်လုံးများ အံ့အားသင့်မှုကြောင့် ပြူးကျယ်သွားခဲ့လေ၏။
"အတွင်းစည်းအကြီးအကဲ ရှောင်..."
ချန်ချင်းနှင့် သူ၏အဖော်သည် နတ်ဘုရား ဓားဂိုဏ်း ၏ တပည့်များစွာကို ဒုက္ခပေးနိုင်ခြင်းမှာ သူတို့ မျှော်လင့်ထားသည်ထက် ကျော်လွန်နေလေပြီ။
ဂိုဏ်းအဖွဲ့ဝင်များထဲတွင် အကြီးအကဲများလည်း ပါဝင်နေပြီး တစ်ယောက်တည်းမဟုတ်ဟု မည်သူက ထင်မှတ်ထားမိမည်နည်း။
ဖြောင့်မတ်သော ဒေါသများဖြင့် ပြည့်နှက်နေပြီး သူတို့၏ စီနီယာအစ်ကိုများနှင့် စီနီယာအစ်မများအတွက် ကလဲ့စားချေလိုသော ထိုတပည့်များသည် တစ်ယောက်ပြီး တစ်ယောက် တိတ်ဆိတ်သွားကြ၏။
အကြောင်းအရင်းမှာ ချန်ချင်းနှင့်ရှားချင်းယွဲ့တို့၏ စွမ်းအားသည် သူတို့ စိတ်ကူးယဥ်တွေးတော ထားသည်ထက် များစွာပို၍ ကြီးမားသောကြောင့်ပင်။
ဤအတွင်းစည်းအကြီးအကဲများ၏ သေဆုံးမှုမှ သူတို့ ပြန်လည်၍ မသက်သာနိုင်မီ လူအုပ်ကြီးထဲမှ ထိတ်လန့်တကြား အော်ဟစ်လိုက်သော အသံတစ်သံ ထွက်ပေါ်လာသည်။
"အိုး ဘုရားရေ... အဲ့ဒါ... အဲ့ဒါက မဟာအကြီးအကဲလျှူထျန်း မဟုတ်လား..."
လူတိုင်း အလျင်အမြန် ကြည့်လိုက်ကြပြီး ထိုလူသည် အကြီးအကဲချုပ်လျှူထျန်း အမှန်တကယ် ဖြစ်တေကြောင်း လူအမြောက်အများက အတည်ပြုလိုက်ကြသည်။
အတွင်းစာသင်ဆောင် အကြီးအကဲများကဲ့သို့ပင် သေဆုံးသွားသော မဟာအကြီးအကဲများသည် လျှူထျန်း တစ်ယောက်တည်း မဟုတ်ချေ။
နောက်ပိုင်းတွင် အလောင်းများပုံနေသော တောင်ပေါ်မှ သူတို့ဂိုဏ်းချုပ်၏ အေးစက်သော အလောင်း ပြုတ်ကျလာသည်ကိုပင် သူတို့ မြင်တွေ့မိလေ၏။
ဟင်းလင်းပြင် အက်ကွဲကြောင်း ပိတ်သွားခဲ့သည်။
ဤမြင်ကွင်းကို မြင်တွေ့ပြီးနောက် လူအများသည် သူတို့၏ လက်နက်များကိုပင် မကိုင်နိုင်တော့ဘဲ မြေကြီးပေါ်သို့ ပြုတ်ကျသွားစေသည်။
ရှားချင်းယွဲ့က သူတို့ကို အေးစက်စွာကြည့်ပြီး ပြောလိုက်သည်။
"အသက်ရှင်မလား... အသေခံမလား ဆိုတာက နင်တို့ရဲ့ ကိုယ်ပိုင်ရွေးချယ်မှုအပေါ်မှာပဲ မူတည်တယ်..."
ဤစကားကို ကြားသောအခါ နတ်ဘုရားဓားဂိုဏ်း၏ တပည့်များသည် အချင်းချင်းကြည့်ကာ သူတို့၏ ဆုံးဖြတ်ချက်ကို အလွန်ပြတ်ပြတ်သားသား ချလိုက်ကြ၏။
သူတို့သည် သူတို့၏ဓားများကို စွန့်ပစ်ကာ ဒူးထောက်ပြီး အညံ့ခံလိုက်ကြပေသည်။
ဤအရာအားလုံးကို မျက်မြင်တွေ့ရှိခဲ့သော ချန်ချင်းသည် ရှားချင်းယွဲ့ ဧကရီ ဖြစ်လာမည့် လမ်းကြောင်းကို ယခုအချိန်၌ သတ်မှတ်လိုက်ပြီဖြစ်ကြောင်း သိလိုက်သည်။
ဧကရီ၏ဩဇာအာဏာသည် ပုံပေါ်လာခဲ့လေပြီ။
"ရဲတင်းလိုက်တဲ့ အရူးတွေ... မင်းတို့က ငါတို့နတ်ဘုရား ဓားဂိုဏ်းက တပည့်တွေကို သတ်ပြီး... ဒီနေရာကို သိမ်းပိုက်ချင်သေးတယ်ပေါ့... မင်းတို့ရဲ့ ရည်ရွယ်ချက်တွေက အပြစ်ပေးခံရဖို့ ထိုက်တန်တယ်..."
အားကောင်းသော အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာပြီး ကောင်းကင်အနှံ့အပြားသို့ ပဲ့တင်ထပ်သွားသည်။
ဤအသံသည် ထိုနေရာတွင် ရှိနေသော တပည့်များအတွက် စိမ်းသက်နေခဲ့ပြီး သူတို့ တစ်ကြိမ်တစ်ခါမျှ မကြားဖူးခဲ့ကြချေ။
"မဟာအကြီးအကဲတွေနဲ့ ဂိုဏ်းချုပ်တောင်မှ သူတို့နဲ့ မယှဉ်နိုင်တာ... ဘယ်သူကများ ဒီလောက်ထိ ရဲရဲဝံ့ဝံ့ ခုခံရဲလောက်အောင် သတ္တိရှိနေတာလဲ..."
"ဘယ်သူသိမှာလဲ... ဘယ်လိုပဲဖြစ်ဖြစ်... အဲ့ဒါက ငါတို့နဲ့ မဆိုင်ဘူး... ငါတို့က လိမ်လိမ်မာမာနဲ့ ဒူးထောက်နေရုံပဲ..."
"အမှန်ပါပဲ... ကိုယ့်ကိုယ်ကိုယ် ပြဿနာရှာတဲ့လူတွေက ပျက်စီးမှာပဲ..."
သူတို့သည် တစ်ယောက်ပြီး တစ်ယောက် တီးတိုး စကားပြောနေခဲ့ကြသည်။
ဤအချိန်တွင် တပည့်ရင်းတစ်ဦးသည် အထက်မှ ကျဆင်းလာသော ပြင်းထန်သည့် ဖိအားတစ်ခုကို ခံစားလိုက်ရပြီး သူ၏ခေါင်းကို ဖြည်းညှင်းစွာ မော့ကြည့်လိုက်သည်။
သူ၏မျက်လုံးများ မှေးစင်းသွားကာ အကြိမ်ကြိမ် အတည်ပြုပြီးနောက် သူ၏နှလုံးသား တုန်ယင်သွားပေ၏။
"နတ်ဘုရား ဓားဘိုးဘေး ... သူ အသက်ရှင်နေသေးတာလား..."
တပည့်ရင်းတစ်ဦးအနေဖြင့် ဤဘိုးဘေး မည်ကဲ့သို့ ပုံစံမျိုးရှိသည်ကို သူ ပန်းချီကားတစ်ချပ်တွင် မြင်ဖူးခဲ့သည်။