← Chapters

အခန်း ၁၀၈

Vol. 11 Ch. 108

အခန်း ၁၀၈

Vol. 11 Ch. 108

အခန်း (၁၀၈) ထပ်မံ စောင့်ကြည့်ခြင်း... တည်ငြိမ်မှုမရှိသော တာအို နှလုံးသား

ဤစကားများသည် ပုံကြီးချဲ့ပြောဆိုခြင်း မဟုတ်ချေ။ မည်သို့ပင်ဖြစ်စေကာမူ ကမ္ဘာတစ်ခုတွင် မဟာဧကရာဇ်တစ်ပါးသာ ရှိနိုင်သည်ဟူသည်မှာ ကောင်းကင်တာအို၏ သံမဏိစည်းမျဉ်းတစ်ခုပင်။

မရေမတွက်နိုင်သော ကျင့်ကြံသူများသည် ထိုတစ်ဦးတည်းသောသူ ဖြစ်လာရန် အပြင်းအထန် ကြိုးစားနေကြ၏။

သို့သော် ချန်ချင်းကမူ ဤထူးခြားသော ပုဂ္ဂိုလ်တစ်ရာကျော်ကို သူ၏ထိန်းချုပ်မှုအောက်တွင် ထားရှိနိုင်ခဲ့လေပြီ။

ထျန်းရွှမ်ကုန်းမြေတွင် ဧကရာဇ် အဆင့်ကျင့်ကြံသူများကို ကန့်သတ်ထားသဖြင့် ချန်ချင်းသည် သူ့ကိုယ်သူ ပြိုင်ဘက်ကင်းဟု ကြွေးကြော်ရဲပြီး မည်သူကမျှ သူ့ကို မေးခွန်းထုတ်ပိုင်ခွင့် မရှိချေ။

လူအများစု၏အမြင်အရ မဟာဧကရာဇ်တစ်ပါးသည် ပြိုင်ဘက်ကင်း တည်ရှိမှုတစ်ခု ဖြစ်နေလေပြီ။ ချန်ချင်းကိုယ်တိုင် မလှုပ်ရှားလျှင်ပင် သူ အမိန့်ပေးနိုင်သော မဟာဧကရာဇ်တစ်ရာကို အားကိုးခြင်းဖြင့် သူသည် အကြွင်းမဲ့အာဏာကို ဆုပ်ကိုင်နိုင်သည်။

ကောင်းကင်တာအို၏ ကန့်သတ်ချက်များသည် တခြားသူများအတွက် ဖြစ်ပြီး သူ့အတွက် မဟုတ်ချေ။ ဆန့်ကျင်ဘက်အနေဖြင့် ထိုအရာများက သူ့ကို ပြိုင်ဘက်ကင်း ဖြစ်လာစေရန် ပို၍ပင် လွယ်ကူစေခဲ့ပေ၏။

မကြာမီမှာပင် ရှားချင်းယွဲ့သည် ကောင်းကင်အဆင့် ကျင့်ကြံနည်းစနစ်တစ်ထောင်လုံးကို ကျွမ်းကျင်သွားသည်။

ဤအရာကို မြင်သောအခါ ချန်ချင်းသည် သူ၏စနစ်မျက်နှာပြင်ကို ပိတ်လိုက်ပြီး ရှားချင်းယွဲ့ကို မတ်တတ်ထရန်အတွက် ကူညီပေးရန် သူ၏လက်ကို ဆန့်တန်းလိုက်သည်။

သူတို့နှစ်ဦးလုံးသည် မြေကမ္ဘာအဆင့် ကျင့်ကြံနည်းစနစ်များကို စိတ်မဝင်စားကြချေ။ သူတို့၏ လက်ရှိစွမ်းအားဖြင့် အားကောင်းသော ကိုယ်ပိုင်မြေကမ္ဘာအဆင့် ကျင့်ကြံနည်းစနစ်တစ်ခု ဖန်တီးခြင်းမှာ အလွန်လွယ်ကူသော အလုပ်တစ်ခုပင်။

နှိုင်းယှဉ်ကြည့်လျှင် ကောင်းကင်အဆင့် ကျင့်ကြံနည်းစနစ်များက သူတို့အတွက် ပို၍ကြီးမားသော တိုးတက်မှုကို ပေးစွမ်းနိုင်လေ၏။

ကျင့်ကြံနည်းစနစ် စာကြည့်ဆောင်တွင် ဆက်နေရန် မလိုအပ်တော့ကြောင်း ဆုံးဖြတ်ပြီးနောက် ချန်ချင်းနှင့် ရှားချင်းယွဲ့တို့သည် ပင်မတံခါးမှတစ်ဆင့် ထွက်လာခဲ့ကြသည်။

သူတို့ အပြင်ထွက်လာသည်နှင့် တပြိုင်နက် နတ်ဘုရားဓားဂိုဏ်း၏ ဂိုဏ်းချုပ် အသစ်အဖြစ် ခန့်အပ်ခံရသော ကျောက်လီက တံခါးဝတွင် စောင့်နေသည်ကို သူတို့ မြင်တွေ့လိုက်ရသည်။

"ဘာဖြစ်လို့လဲ..."

ရှားချင်းယွဲ့က အရင်ဆုံး မေးလိုက်သည်။

ထို့နောက် ဂိုဏ်းတစ်ရာ မဟာမိတ် အစည်းအဝေးကို သုံးရက်အကြာတွင် ကျင်းပမည်ဖြစ်ပြီး ရှားချင်းယွဲ့ ကိုယ်တိုင် တက်ရောက်ရန် ရည်ရွယ်ထားခြင်း ရှိမရှိ မေးမြန်းရန် လာခဲ့ခြင်းဖြစ်ကြောင်း သိရှိလိုက်ရသည်။

ဂိုဏ်းတစ်ရာ မဟာမိတ်ဟု ခေါ်ဆိုခြင်းမှာ ဂိုဏ်းအသီးသီးကြား ဖွဲ့စည်းထားသော မဟာမိတ်အဖွဲ့များကို ရည်ညွှန်းခြင်းပင်။

အထက်ဘုံရှိ ပြိုင်ဆိုင်မှုသည် အောက်ဘုံထက် များစွာ ပို​၍ပြင်းထန်ပြီး ဤသည်က အချင်းချင်း ယှဉ်ပြိုင်ကြသော အားကောင်းသည့် မဟာမိတ်အဖွဲ့ အမျိုးမျိုးကို ဖြစ်ပေါ်စေခဲ့လေ၏။

နတ်ဘုရားဓားဂိုဏ်းသည် ဟန်တျန်းဂိုဏ်း အပါအဝင် တူညီသော မဟာမိတ်အဖွဲ့အောက်တွင်ရှိသော ဂိုဏ်းတစ်ရာမဟာမိတ်၏ အဖွဲ့ဝင်တစ်ခုသာ ဖြစ်သည်။ အကယ်၍ မဟာမိတ်အဖွဲ့ဝင်တစ်ဦးသည် မဟာမိတ်အဖွဲ့ ပြင်ပရှိ ဂိုဏ်းတစ်ခု၏ တိုက်ခိုက်ခြင်းကို ခံရပါက မဟာမိတ်အဖွဲ့ဝင်တစ်ဦးအနေဖြင့် သူတို့သည် ကူညီရန် လူများ စေလွှတ်ရပေမည်။

"ကောင်းပြီ... ဒီဧကရီက နားလည်ပြီ..."

ရှားချင်းယွဲ့သည် ဂိုဏ်းတစ်ရာမဟာမိတ်၏ ဖိတ်ကြားချက်ကို လက်ခံလိုက်၏။

ကျောက်လီ ထွက်သွားသည်ကို မြင်ပြီးနောက် ချန်ချင်းက ရှားချင်းယွဲ့ကိုကြည့်ကာ မေးလိုက်သည်။

"ဇနီးလေးက အဲ့ဒီဂိုဏ်းတစ်ရာ မဟာမိတ်ကို စိတ်ဝင်စားလို့လား..."

"ကျွန်မက အရမ်း စိတ်ဝင်စားလို့တော့ မဟုတ်ပါဘူး... ဒါပေမဲ့ ဂိုဏ်းတွေကို တစ်ခုပြီးတစ်ခု အနိုင်ယူနေမယ့်အစား... ဒီလိုနေရာမျိုးမှာ သူတို့အားလုံးကို တိုက်ရိုက် အညံ့ခံခိုင်းတာက ပိုအဆင်ပြေပြီး ပိုမြန်မယ် မဟုတ်လား..."

ရှားချင်းယွဲ့က သူမ၏အစီအစဉ်ကို ပြောပြလိုက်၏။

သူမသည် ဤအထက်ဘုံ၏ဧကရီ ဖြစ်လာရမည်ဟု ချန်ချင်းကို ကတိပေးထားပြီးဖြစ်ရာ သူမ အစွမ်းကုန် ကြိုးစားပြီး လေးလေးနက်နက် စဉ်းစားရပေမည်။

ရှင်က ကျွန်မကို စိတ်မပျက်စေရင်... ကျွန်မကလည်း ရှင့်ကို သေချာပေါက် စိတ်မပျက်စေရဘူး...

"ငါ မင်းကို အပြည့်အဝ ကူညီပေးပါ့မယ်... ဓားတောင်တွေကို ဖြတ်ကျော်ပြီး မီးပင်လယ်တွေကို ဖြတ်ကျော်ရမယ် ဆိုရင်တောင်... ငါ တုံ့ဆိုင်းနေမှာ မဟုတ်ဘူး..."

"ကျေးဇူးတင်ပါတယ် ခင်ပွန်း..."

ထို့နောက် အချိန်နှောင်းလာပြီဖြစ်သဖြင့် သူတို့နှစ်ဦးသည် တည်းခိုရန် စံအိမ်တစ်ခုကို ရှာဖွေခဲ့ကြသည်။

အတားအဆီးတစ်ခု ဖန်တီးပြီး စနစ်ကို ပိတ်ဆို့ပြီးနောက် ချန်ချင်းနှင့ ရှားချင်းယွဲ့တို့သည် ရေချိုးရန်အတွက် စိတ်ဝိညာဉ်စမ်းရေကန်ထဲသို့ အတူတကွ ဝင်ရောက်ခဲ့ကြသည်။

ဇနီးမောင်နှံများအနေဖြင့် ဤသည်က ရိုးရိုးရေချိုးသည်ထက် သေချာပေါက် ပိုနေပေ၏။

ချန်ချင်းသည် ကလေးလိုချင်နေပြီး ရှားချင်းယွဲ့သည်လည်း သူနှင့် ပို၍နက်ရှိုင်းသော ဆက်ဆံရေးနှင့် နှောင်ကြိုးကို တည်ဆောက်လိုသည်။

...

တစ်ချိန်တည်းမှာပင်...

တာ့မန်တောင်တန်းပေါ်ရှိ အမည်မသိ အင်မော်တယ်လှိုဏ်ဂူတစ်ခုတွင်....

ဤသည်မှာ ယဲ့ဖုန်း၏ တစ်နေ့တာတွင် အပျော်ရွှင်ဆုံး အချိန်ဖြစ်သင့်သော်လည်း ဤအချိန်တွင် သူ လုံးဝ မပြုံးနိုင်ခဲ့ချေ။

သူ၏စိတ်ထဲတွင် အစောပိုင်းက စောင့်ကြည့်ကြေးမုံရတနာကို အသုံးပြု၍ မဟာဝူနိုင်ငံတွင် သူ မြင်တွေ့ကြားသိခဲ့ရသမျှ မြင်ကွင်းများ အဆက်မပြတ် ပြန်လည်၍ ထွက်ပေါ်လာသည်။

ဤစောင့်ကြည့်ကြေးမုံရတနာအတွက် သူ စနစ်ကို တက်ရောက်စာရင်းသွင်းခြင်း မပြုခဲ့လျှင် ပိုကောင်းမည်ဟု သူ ရုတ်တရက် ခံစားလိုက်ရသည်။ အမှန်တရားကို သိပြီးနောက် ယဲ့ဖုန်းသည် ရှားချင်းယွဲ့ကို မည်မျှပင် ယုံကြည်စေကာမူ သူ၏ တာအို နှလုံးသား ယိမ်းယိုင်သွားခြင်းကို မတားဆီးနိုင်ခဲ့ဘဲ သူ၏ ကျင့်ကြံခြင်းကို ထိခိုက်စေခဲ့လေ၏။

သူသည် ချီသွေဖည်ခြင်းသို့ ဦးတည်လုနီးပါး အကြိမ်အနည်းငယ် ဖြစ်ခဲ့ပြီး သူ၏နယ်ပယ်သည် တက်မလာဘဲ ကျဆင်းသွားခဲ့သည်။

ရှားချင်းယွဲ့ တခြားအမျိုးသားများနှင့် ရင်းနှီးနေသည့် မြင်ကွင်းများသည် သူ၏စိတ်ထဲတွင် အဆက်မပြတ် ထွက်ပေါ်နေသည်။

သူက ငါ့ကို ဘယ်တော့မှ သစ္စာဖောက်မှာ မဟုတ်ဘူး... ဘယ်တော့မှ... ဟုသာ သူ ကိုယ့်ကိုယ်ကိုယ် အကြိမ်ကြိမ် နှစ်သိမ့်နိုင်ခဲ့သည်။

"ဟူး..."

ညစ်ညမ်းသောချီများကို မှုတ်ထုတ်ပြီးနောက် ယဲ့ဖုန်းသည် ဒုက္ခရောက်ပြီး စိတ်ဆင်းရဲနေရုံဖြင့် အလုပ်မဖြစ်ကြောင်း သိလိုက်သဖြင့် စနစ်မျက်နှာပြင်ကို ဆင့်ခေါ်လိုက်၏။

လက်ရှိအချိန်တွင် စနစ်ကို အားကိုး၍ လျှင်မြန်စွာ အားကောင်းလာရန်နှင့် သူ၏ တိုက်ခိုက်ရေး စွမ်းအားကို မြှင့်တင်ရန်မှလွဲ၍ ပို၍ကောင်းမွန်သော ရွေးချယ်စရာ မရှိတော့ချေ။

သူက【တက်ရောက်စာရင်းသွင်းရန်】ကို နှိပ်လိုက်၏။

【နေ့စဉ် တက်ရောက်စာရင်းသွင်းခြင်းကို ပြုလုပ်နေပါသည်...】

【နေ့စဉ် တက်ရောက်စာရင်းသွင်းခြင်း အောင်မြင်ပါသည်... အိမ်ရှင်က ဆုလာဘ် သေမင်းတမန် ၁၀၀ ကို ရရှိသည့်အတွက် ဂုဏ်ယူပါသည်...】

အကြွင်းမဲ့သစ္စာရှိသော စိတ်ဝိညာဉ်ခွဲခြားခြင်းနယ်ပယ် သေမင်းတမန်တစ်ရာ ရောက်ရှိလာခြင်းကို ရင်ဆိုင်ရသောအခါ ယဲ့ဖုန်း၏ မူလက စိတ်ဓာတ်ကျနေသော ခံစားချက်သည် အနည်းငယ် တိုးတက်လာသည်။

သူသည် မဟာယာနနယ်ပယ် ၊ ကပ်ဘေးဒုက္ခနယ်ပယ် သို့မဟုတ် ခြေလှမ်းတစ်ဝက် ဧကရာဇ်နှင့် မဟာဧကရာဇ်နယ်ပယ် သေမင်းတမန်များကို စနစ်မှ တက်ရောက်စာရင်းသွင်းပြီး ရရှိနိုင်မည့်နေ့ကို မျှော်လင့်နေခဲ့လေ၏။

သူ ဆက်ပြီး ကျင့်ကြံရန်မှာမူ..

သူ ပြုလုပ်ချင်သော်လည်း ကံမကောင်းစွာဖြင့် သူ၏ တာအိုနှလုံးသားမှာ မတည်ငြိမ်သဖြင့် သင့်လျော်သောအခြေအနေသို့ ဝင်ရောက်ရန် ခက်ခဲစေသည်။

သူသည် အင်မော်တယ်လှိုဏ်ဂူထဲတွင် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေပြီး နောက်ဆုံးတွင် သူသည် သူ့ကိုယ်သူ မထိန်းချုပ်နိုင်တော့ဘဲ စောင့်ကြည့်ကြေးမုံရတနာကို ဆင့်ခေါ်လိုက်သည်။

ဤအချိန်တွင် ယဲ့ဖုန်း၏စိတ်အခြေအနေမှာ မယုံနိုင်လောက်အောင် ကမောက်ကမ ဖြစ်နေခဲ့သည်။ သူ အဖြေကို သိချင်သလို သူ ရှာတွေ့နိုင်မည့် အဖြေကိုလည်း ကြောက်ရွံ့နေခဲ့လေ၏။

ရှားချင်းယွဲ့ကို ယုံကြည်ရန် ဆန္ဒရှိသည်ဟု သူ မှတ်ယူထားသော်လည်း သူ၏ တာအို နှလုံးသားကို ဖျက်ဆီးပစ်မည့် တစ်ခုခုအား မြင်တွေ့ရမည်ကို သူ စိုးရိမ်နေခဲ့သည်။

အတွေးတစ်ချက်ဖြင့် စောင့်ကြည့်ကြေးမုံရတနာထဲရှိ မြင်ကွင်းသည် မဟာဝူနိုင်ငံသို့ လျှင်မြန်စွာ ရောက်ရှိသွားသည်။

ယဲ့ဖုန်းသည် သူ၏မှတ်ဉာဏ်ထဲရှိ လမ်းကြောင်းအတိုင်း လိုက်ကာ စောင့်ကြည့်သည့် မြင်ကွင်းကို ဝန်ကြီးချုပ်စံအိမ်သို့ ပြောင်းရွှေ့လိုက်သည်။

"ဂလု..."

သူ၏ လည်ချောင်းများ လှုပ်ရှားသွားပြီး သူ တံတွေးမျိုချလိုက်၏။ ယဲ့ဖုန်းသည် နောက်ဆုံးတွင် ဆုံးဖြတ်ချက်ချကာ မြင်ကွင်းကို ဝန်ကြီးချုပ် စံအိမ် ထဲသို့ ဆွဲသွင်းလိုက်သည်။

ရှားချင်းယွဲ့၏ ပုံရိပ်ကို နေရာတိုင်းတွင် သူ ရှာဖွေခဲ့သည်။

သို့သော် အခန်းမြင်ကွင်းများကို သူ မည်မျှပင် ပြောင်းလဲစေကာမူ ရှားချင်းယွဲ့၏ အရိပ်အယောင်ကိုမျှ သူ မတွေ့ရှိခဲ့ရချေ။

"ရှားချင်းယွဲ့က ဝန်ကြီးချုပ်စံအိမ်မှာ မရှိဘူးလား..." ဤအချိန်တွင် ယဲ့ဖုန်းသည် ရှားချင်းယွဲ့က ချန်ချင်းနှင့် လက်ထပ်ရန် အတင်းအကျပ် ခိုင်းစေခံရခြင်းသာဖြစ်ပြီး တကယ်တမ်းတွင်မူ သူမသည် နန်းတော်ထဲတွင်သာ နေထိုင်ကာ တစ်ဖက်လူထံမှ ခွဲထွက်နေဆဲဖြစ်သည်ဟု တွေးတောကာ သူ့ကိုယ်သူ စတင်၍ နှစ်သိမ့်လိုက်သည်။

သူ၏ လေးလံနေသော စိတ်အခြေအနေသည် ချက်ချင်းဆိုသလိုပင် အလွန်ပေါ့ပါးသွားခဲ့သည်။

သူ ဤအတွေးကို ဖက်တွယ်ထားပြီး မဟာဝူ နိုင်ငံ၏ တော်ဝင်နန်းတော်တွင် သွားရောက် ရှာဖွေရန် ဆုံးဖြတ်လိုက်ချိန်မှာပင်...

သူ၏နားထဲတွင် ထွက်ပေါ်လာသော အသံတစ်သံက ယဲ့ဖုန်း၏အစီအစဉ်ကို အနှောင့်အယှက် ပေးလိုက်၏။

"သခင်လေးနဲ့သခင်မလေး ရော... သခင်ကြီးပါ ထွက်သွားကြပြီ... ငါတို့ရဲ့ ဝန်ကြီးချုပ် စံအိမ်က အရင်ထက် အများကြီးပိုပြီး တိတ်ဆိတ်သွားတယ်..."

"အမှန်ပဲ... သခင်လေးရဲ့ မျက်နှာကို နေ့တိုင်း မြင်ရတာက ငါ့ရဲ့ ပျော်ရွှင်စရာလေးတွေထဲက တစ်ခုပဲ..."

"အို... နင်က အစေခံမလေး တစ်ယောက်ဖြစ်နေတာတောင် သခင်လေးကို တပ်မက်ရဲတယ်ပေါ့... သခင်မလေးက သိသွားလို့ သဝန်တိုပြီး နင့်ကို အပြစ်ပေးမှာ မကြောက်ဘူးလား..."

ဤအစေခံမလေး နှစ်ယောက် ပြောသော 'သခင်လေး ' ဆိုသည်မှာ ချန်ချင်းကို ရည်ညွှန်းပြီး 'သခင်မလေး ' ဆိုသည်မှာ ရှားချင်းယွဲ့ကို ရည်ညွှန်းကြောင်း ယဲ့ဖုန်း ရှင်းလင်းစွာ သိရှိထားလေ၏။

"ရှားချင်းယွဲ့က အဲ့ဒီကောင်အတွက် သဝန်တိုမယ်... ဟုတ်လား... ရယ်စရာပဲ... ရှားချင်းယွဲ့ရဲ့ နှလုံးသားက ငါ ယဲ့ဖုန်းဆီမှာပဲ ရှိတာ..."

ယဲ့ဖုန်းက အံ့ကြိတ်လိုက်ကာ သူ အလွန်အမင်း စိတ်မကျေမနပ် ဖြစ်သွားခဲ့သည်။ အကယ်၍ စောင့်ကြည့်ကြေးမုံရတနာနှင့် သူ၏ တံခါးပိတ်ကျင့်ကြံခြင်း အတားအဆီး၏ ကန့်သတ်ချက်များသာ မရှိခဲ့ပါက ရှားချင်းယွဲ့ကို စော်ကားရဲသော ဤ အစေခံမလေး နှစ်ဦးကို သင်ခန်းစာကောင်းကောင်း ပေးရန် သူ သေချာပေါက် လှုပ်ရှားခဲ့ပေမည်။

"သခင်မလေးက အရမ်း သဘောကောင်းတာ... ဒီလို အသေးအဖွဲ ကိစ္စလေးအတွက် ငါ့ကို အပြစ်တင်မှာ မဟုတ်ဘူး... ဒါ့ပြင်... တစ်ယောက်ယောက်ကို အပြစ်တင်ရမယ်ဆိုရင်... သခင်လေးက အရမ်း ချောမောပြီး နှစ်တစ်ရာမှာ တစ်ကြိမ် ထွက်ပေါ်လာခဲတဲ့ ကျင့်ကြံခြင်းပါရမီရှင် ဖြစ်နေတာကိုပဲ အပြစ်တင်ရမှာပေါ့... ဘယ်သူကများ သွေးဆောင်မခံရဘဲ နေနိုင်မှာလဲ..."

ဤစကားကို ကြားသောအခါ ယဲ့ဖုန်းသည် ပို၍ပင် အထင်သေးသွားခဲ့လေ၏။

"ဟက်... နှစ်တစ်ရာမှာ တစ်ကြိမ် ထွက်ပေါ်လာခဲတဲ့ ကျင့်ကြံခြင်း ပါရမီရှင်လား... သူ ဘယ်လောက်ပဲ ပါရမီရှင် ဖြစ်နေပါစေ... စနစ်ရဲ့ရှေ့မှာတော့... သူက အလယ်အလတ် ပါရမီကို ပိုင်ဆိုင်ထားသူလေး တစ်ယောက်ပဲ..."

သူ၏ ခြေလှမ်းတစ်ဝက် ဧကရာဇ် ကျင့်ကြံခြင်းဖြင့် ဤကဲ့သို့ စကားမျိုး ပြောရန် လုံးဝအရည်အချင်း ပြည့်မီသည်ဟု သူ ယုံကြည်ခဲ့သည်။

အသက်ဆယ့်ရှစ်နှစ်အရွယ် ခြေလှမ်းတစ်ဝက် ဧကရာဇ်တစ်ဦးသည် နိမ့်ပါးသော ချန်ချင်းနှင့် နှိုင်းယှဉ်၍ ရနိုင်မည်လောဟု သူ့ကိုယ်သူ မေးလိုက်သည်။

ယဲ့ဖုန်းသည် ဤ အစေခံမလေး နှစ်ဦး အဓိပ္ပာယ်မရှိသည့် စကားများ ပြောနေသည်ကို ဆက်လက်၍ နားထောင်ရန်အတွက် အချိန်မဖြုန်းလိုတော့ချေ။

သို့သော် အစေခံမလေးများထဲမှ တစ်ဦး၏ နောက်ဆက်တွဲ စကားတစ်ခွန်းက သူ့ကို အရိုးထဲထိ စိမ့်ဝင်သွားအောင် အေးစက်သွားစေသည်။

"တကယ်တော့လေ... သခင်မလေးက ငါတို့ ချန်မိသားစုကို စပြီး လက်ထပ်ဝင်လာတုန်းက... သူ့ရဲ့ မျက်နှာပေါ်မှာ အပြုံးလေး နည်းနည်းမှ မပြခဲ့ဘဲနဲ့ တစ်နေကုန် မှိုင်တွေနေခဲ့တာ... ဒါပေမဲ့ နောက်ဆုံးတော့... သူလည်း သခင်လေး ရဲ့ ဆွဲဆောင်မှုအောက်မှာ ကျရှုံးသွားပြီး... သူ့ကို 'ခင်ပွန်း ' 'ခင်ပွန်း ' လို့ အကြိမ်ကြိမ် ခေါ်နေတော့တာပဲ မဟုတ်လား..."

"..."

ယဲ့ဖုန်း ကြက်သေသေသွားသည်။

All Chapters