← Chapters

အခန်း ၁၀၉

Vol. 11 Ch. 109

အခန်း ၁၀၉

Vol. 11 Ch. 109

အခန်း (၁၀၉) ယဲ့ဖုန်း... ငါ့ရဲ့ အချစ်ပြိုင်ဘက်က ဧကရာဇ် တစ်ပါးလား...

"ခင်ပွန်းလား..."

ယဲ့ဖုန်းသည် သူ​၏ဘဝကို သံသယဝင်နေပုံ ပေါက်နေခဲ့လေ၏။

အကယ်၍ သူ မှတ်မိသည်မှာ မှန်ကန်ပါက ဝန်ကြီးချုပ်ချန်ရှုံးတွင် ချန်ချင်းဟူသော သားတစ်ယောက်သာ ရှိနေသည်။

ထို့ကြောင့် အစေခံမလေးနှစ်ဦးက 'ခင်ပွန်း' ဟု အဆက်မပြတ် ခေါ်နေသော 'သခင်မလေး' မှာ ရှားချင်းယွဲ့သာ ဖြစ်နိုင်သည်။

"မဟုတ်ဘူး... ရှားချင်းယွဲ့က အချိန်ဆွဲဖို့အတွက်အဲ့ဒျိကောင်နဲ့ လက်ထပ်ချင်ယောင်ဆောင်နေတာဆိုတော့... သူ့ကို ခင်ပွန်းလို့ ခေါ်တာက ယုတ္တိရှိတယ်... တကယ်လို့ တိုးတက်မှု တစ်စက်လေးမှ မရှိဘူးဆိုရင်... အဲ့ဒီကောင်က စိတ်မရှည်တော့ဘဲ သူကို အတင်းအကျပ်လုပ်ရင် ဘယ်လိုလုပ်မလဲ..."

အမျိုးသားတစ်ဦး၏ ရှုထောင့်မှ ကြည့်လျှင် ယဲ့ဖုန်းသည် ကျိုးကြောင်းဆီလျော်ပြီး ဆင်ခြင်တုံတရားရှိသော ခွဲခြမ်းစိတ်ဖြာမှုတစ်ခုဟု သူ ယုံကြည်သောအရာကို ပြုလုပ်ခဲ့သည်။

သို့သော် တစ်စုံတစ်ယောက်က သူ့ထက် အရင်ဦးသွားပြီး ရှားချင်းယွဲ့မှ 'ခင်ပွန်း' ဟု ခေါ်ဆိုနေသည်ကို တွေးကြည့်ရုံဖြင့် ယဲ့ဖုန်း၏မတည်ငြိမ်သော တာအို နှလုံးသားကို ပို၍ပင် မတည်မငြိမ် ဖြစ်သွားစေသည်။

"ကောင်းပြီ... တော်လောက်ပြီ... နောက်ကျနေပြီ... ငါတို့ နှစ်ယောက်လုံး အနားယူကြရအောင်..."

"အင်း..."

ထိုအစေခံမလေးနှစ်ဦး ထွက်သွားသည်ကို ကြည့်ကာ ယဲ့ဖုန်းသည် သူ၏ စိတ်ခံစားမှုများကို တည်ငြိမ်စေရန် အစွမ်းကုန် ကြိုးစားရင်း ပြင်းပြင်းထန်ထန် အသက်ရှူသွင်းနေဆဲပင်။

ဤဖြစ်ရပ်ကြောင့် သူသည် ရှားချင်းယွဲ့ကို သူ ထင်ထားသည်ထက် များစွာပို၍ ဂရုစိုက်ကြောင်း ရှင်းလင်းစွာ သဘောပေါက်သွားခဲ့သည်။

"သူတို့က ဝန်ကြီးချုပ် စံအိမ် မှာ မရှိဘူးဆိုတော့... သူတို့က တော်ဝင်နန်းတော်ထဲမှာ ဖြစ်နိုင်ခြေ အများဆုံးပဲ..."

ယဲ့ဖုန်းက ထိုနေရာသို့ ကြည့်ရှုရန် ဆုံးဖြတ်လိုက်သည်။

ဤကဲ့သို့ ရှုပ်ထွေးနေသောအခြေအနေတွင် သူ မနေလိုချေ။

ဤအတိုင်းသာ ဆက်သွားပါက သူ၏ တာအို နှလုံးသားကို အနှောင့်အယှက် ဖြစ်စေပြီး သူ၏ ကျင့်ကြံခြင်းအား နှောင့်နှေးစေပေမည်။

ထို့ကြောင့် စောင့်ကြည့်ကြေးမုံရတနာထဲရှိ မြင်ကွင်းသည် လျှင်မြန်စွာ ပြောင်းလဲသွားပေ၏။

အသက်ရှူချိန်အနည်းငယ်အတွင်းမှာပင် ဤသည်က တော်ဝင်နန်းတော်၏ အထက်သို့ ရောက်ရှိသွားသည်။

ဤစောင့်ကြည့်ကြေးမုံရတနာသည် အမှန်တကယ်ကို အံ့အားသင့်ဖွယ်ကောင်းသော မှော်ရတနာ တစ်ခုဖြစ်ကြောင်း ယဲ့ဖုန်း ဝန်ခံရပေမည်။ ထိုအရာသည် ကျင့်ကြံဆင့်ကို လျစ်လျူရှုကာ လုံးဝဖုံးကွယ်ထားနိုင်ပြီး ရန်သူအကြောင်းကို သိရှိနိုင်စေသဖြင့် တိုက်ပွဲတိုင်းတွင် အောင်ပွဲခံနိုင်စေသည်။

ယဲ့ဖုန်းသည် စောင့်ကြည့်ကြေးမုံရတနာကို ရင်းနှီးသော မင်းသမီးစံအိမ်သို့ ဦးစွာစေလွှတမလိုက်သော်လည်း ရှားချင်းယွဲ့၏ပုံရိပ်ကို မတွေ့ရချေ။

ထို့နောက် သူသည် နေရာအားလုံးကို တစ်ခုပြီးတစ်ခု အသေးစိတ်ရှာဖွေမှု ပြုလုပ်ခဲ့သည်။

သို့သော် ချန်ချင်းနှင့်ရှားချင်းယွဲ့ကို သူ မတွေ့ရှိခဲ့ရချေ။

"သူတို့က ဒီကမ္ဘာပေါ်မှာ ဘယ်နေရာကိုများ ရောက်သွားတာလဲ..."

ယဲ့ဖုန်း၏ မျက်နှာသည် စိုးရိမ်ပူပန်မှုကြောင့် နီရဲလာပေ၏။

သူ များစွာတွေးတောပြီးနောက် သူ စောင့်မကြည့်ရသေးသည့် တစ်ခုတည်းသော နေရာမှာ တော်ဝင်စာကြည့်ဆောင် ဖြစ်နေသည်။

"အဲ့ဒီခွေးဧကရာဇ်က သူတို့ကို တော်ဝင်စာကြည့်ဆောင်ဆီ ခေါ်သွားတာများလား..."

အမှန်တရားက ထိုအတိုင်း ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ ယဲ့ဖုန်းထံတွင် မြင်ကွင်းကို တော်ဝင်စာကြည့်ဆောင်သို့ ချဲ့ကြည့်ရန်မှလွဲ၍ တခြားရွေးချယ်စရာ မရှိတော့ချေ။

သို့သော် ရလဒ်မှာ အနည်းငယ် စိတ်ပျက်စရာ ကောင်းလှသည်။ ဧကရာဇ် ရှားချန်နှင့် နိုင်ငံတော်အကြံပေးရှောင်ဟယ်တို့သာ တော်ဝင်စာကြည့်ဆောင် ထဲတွင် ရှိနေလေ၏။

ဧကရာဇ်နှင့် နိုင်ငံတော်အကြံပေးတို့ကြားရှိ လျှို့ဝှက် ဆွေးနွေးမှုများကို ယဲ့ဖုန်း စိတ်မဝင်စားချေ။

သို့သော် ရှားချန်၏စကားများက သူ့ကို စိတ်ပြောင်းသွားစေပြီး မြင်ကွင်းကို နောက်သို့ပြန်ဆွဲလိုက်စေခဲ့သည်။

"နိုင်ငံတော်အကြံပေး... တော်ဝင်သမက်တော်နဲ့ ရှားချင်းယွဲ့တို့ မကြာသေးခင်က ဘယ်တွေ ရောက်နေတာလဲ... သူတို့ အကြောင်း သတင်းမကြားရတာ တော်တော်ကြာပြီလို့ ငါ ထင်တယ်..."

ရှားချန်က အစီရင်ခံစာများကို ပြန်လည်သုံးသပ်ရင်း မေးလိုက်၏။

"သူတော်စင်နိုင်ငံလေးနိုင်ငံလုံးကို တော်ဝင်သမက်တော်က သိမ်းပိုက်လိုက်ပြီးကတည်းက... လျှို့ဝှက်သတင်းပေးတွေဆီကနေ သူတို့နဲ့ ပတ်သက်တဲ့ သတင်းတွေ ထပ်မရတော့ဘူး... ဒါပေမဲ့ သူတို့က အထက်ဘုံကို သွားတယ်လို့ ကောလာဟလတွေ ရှိနေတယ်..."

ရှောင်ဟယ်က ပြန်ဖြေလိုက်ပေသည်။

"သူတော်စင် နိုင်ငံလေးနိုင်ငံ..."

အောက်ဘုံမှ လူတစ်ဦးအနေဖြင့် ယဲ့ဖုန်းသည် ဗာမီလီယန်ငှက်၊ လိပ်နက်၊ မိုးပြာနဂါးနှင့်ကျားဖြူ နိုင်ငံလေးနိုင်ငံ၏ စွမ်းအားကို မည်သို့ မသိဘဲ နေမည်နည်း။

ထိုနိုင်ငံများသည် မဟာဝူနိုင်ငံထက် အဆမတန် သာလွန်ပြီး ဖိနှိပ်ချုပ်ကိုင်နိုင်စွမ်းရှိသော ကြောက်မက်ဖွယ်ကောင်းသည့် တည်ရှိမှုများပင်။

"အဲ့ဒီကောင်က တကယ်ကြီး သူတော်စင်နိုင်ငံလေးနိုင်ငံလုံးကို သူတစ်ယောက်တည်း သိမ်းပိုက်လိုက်တာလား..."

ယဲ့ဖုန်က အံ့အားသင့်စွာဖြင့် ရေရွတ်လိုက်သည်။

သို့သော် မကြာမီ သူသည် ကိုယ်ကိုကိုယ် တည်ငြိမ်အောင် ထိန်းသိမ်းပြီး နှစ်သိမ့်လိုက်သည်။

"ငါ့ရဲ့ လက်ရှိ ခွန်အားနဲ့ဆိုရင်... အဲ့ဒီလိုကိစ္စမျိုး လုပ်ရတာက အရမ်းလွယ်ကူမှာပါ..."

"ဘာ... သူတို့က အထက်ဘုံကို သွားတာလား... ထိုနေရာက အောက်ဘုံ နဲ့ မတူဘူး... အန္တရာယ်တွေ အများကြီး ရှိတယ်... သူတို့က ဘာလို့ အဲ့ဒီနေရာကို သွားတာလဲ..."

ချန်ချင်းနှင့်ရှားချင်းယွဲ့တို့ အထက်ဘုံသို့သွားကြောင်း ကြားသောအခါ ရှားချန်သည် မစိုးရိမ်ဘဲ မနေနိုင်တော့ချေ။

"အရှင်မင်းကြီး စိုးရိမ်စရာ မလိုပါဘူး... တော်ဝင်သမက်တော်မှာ မဟာဧကရာဇ်နယ်ပယ် ကျင့်ကြံခြင်း ရှိတယ်... အထက်ဘုံမှာ အားကောင်းတဲ့ ကျွမ်းကျင်သူတွေ ပြည့်နှက်နေရင်တောင်... ဘယ်သူမှ သူ့ကို ဘာမှ လုပ်နိုင်မှာ မဟုတ်ဘူး... မင်းသမီးလည်း သေချာပေါက် အဆင်ပြေမှာပါ..."

ရှောင်ဟယ်က သူ့ကို နှစ်သိမ့်ပေးလိုက်၏။

"မဟာ... မဟာဧကရာဇ် ကျင့်ကြံခြင်း ... အဲ့ဒီအသုံးမကျတဲ့ကောင်က..."

အကယ်၍ ဤစကားများကို တခြားတစ်ယောက်က ပြောခဲ့မည်ဆိုပါက ယဲ့ဖုန်းသည် သူတို့က သူ့ကို နောက်ပြောင်နေသည်ဟု သေချာပေါက် သံသယဝင်မိပေမည်။

သို့သော် ဤစကားများသည် နိုင်ငံတော်အကြံပေး ရှောင်ဟယ်ထံမှ ထွက်လာခြင်းဖြစ်ပြီး ဧကရာဇ်အား ပြောဆိုခဲ့ခြင်းဖြစ်သည်။ ယဲ့ဖုန်း၏စိတ်နှလုံးသား ယိမ်းယိုင်မသွားဘဲ မနေနိုင်တော့ချေ။

"မဖြစ်နိုင်ဘူး... လုံးဝ မဖြစ်နိုင်ဘူး... သူက အဖေကို အားကိုးတဲ့ အသုံးမကျတဲ့ကောင်လို့ နာမည်ကြီးနေတာ... ခြောက်လပဲ ကြာသေးတာကို... သူက ဘယ်လိုလုပ်ပြီးတော့ ဧကရာဇ်နယ်ပယ်ကို ရောက်ရှိပြီး မဟာဧကရာဇ်တစ်ပါး ဖြစ်လာနိုင်မှာလဲ..."

နိုင်ငံတော်အကြံပေး ရှောင်ဟယ်သည် မဟာဝူ နိုင်ငံအပေါ် မည်မျှပင် သစ္စာရှိစေကာမူ ဤကဲ့သို့ အဖြစ်မှန်ကို ယုံကြည်ရန် ယဲ့ဖုန်းအတွက် အလွန်ခက်ခဲနေခဲ့သည်။

ကိုယ်ပိုင်စွမ်းအားကို ဖုံးကွယ်ထားသူများကို သူ မြင်ဖူးသော်လည်း အသုံးမကျသူတစ်ယောက်မှ မျက်စိတစ်မှိတ်အတွင်း မဟာဧကရာဇ်တစ်ပါးအဖြစ်သို့ ပြောင်းလဲသွားသူကိုမူ တစ်ကြိမ်တစ်ခါမျှ သူ မမြင်ဖူးခဲ့ချေ။

"အမှန်ပဲ... ငါ့ရဲ့ တော်ဝင်သမက်တော်က မဟာဧကရာဇ် ကျွမ်းကျင်သူတစ်ယောက်ပဲ... အထက်ဘုံ ကရော ဘာဖြစ်လဲ... သူက ထျန်းရွှမ်ကုန်းမြေ တစ်ခုလုံးကို ပေါင်းစည်းဖို့ ကံကြမ္မာ ဖန်တီးခံထားရတာပဲ..."

ဤကိစ္စကို ပြောဆိုချိန်၌ ရှားချန်၏မျက်နှာတွင် ဂုဏ်ယူမှုများ ပြည့်နှက်နေသည်။

မဟာဧကရာဇ် တော်ဝင်သမက်တော်တစ်ယောက်...

တခြား ဘယ်သူ့ဆီမှာ ရှိသေးလဲ...ငါ ရှားချန် တစ်ယောက်တည်းဆီမှာပဲ ရှိတာလေ... ဒါက ဂုဏ်ယူစရာ မကောင်းဘူးလား...

အရေးအကြီးဆုံးမှာ ဤတော်ဝင်သမက်တော်သည် သူ၏ အချစ်ရဆုံးသမီးလေးကိုလည်း အလွန်အမင်း အလိုလိုက်ခြင်းပင်။

"တော်ဝင်သမက်တော်ရဲ့ ဒီတစ်ခေါက် အထက်ဘုံ ခရီးစဉ်က အထက်ဘုံရော အောက်ဘုံကိုပါ ပေါင်းစည်းဖို့ ဖြစ်နိုင်ခြေ အများဆုံးပဲလို့ ကျွန်တော် ထင်တယ်..."

ရှောင်ဟယ်ကလည်း သူ၏ ခန့်မှန်းချက်ကို ပြောပြလေ၏။

"ဒါက အရမ်းကောင်းတာပဲ... သူ့ရဲ့နာမည်နဲ့ ရှားချင်းယွဲ့ရဲ့ နာမည်က ထျန်းရွှမ်ကုန်းမြေတစ်ခုလုံးမှာ ပဲ့တင်ထပ်သွားဖို့ အချိန်သိပ်ကြာတော့မှာ မဟုတ်ဘူးလို့ ငါ ယုံကြည်တယ်..."

ရှားချန်သည် ထိုအကြောင်းကို တွေးရုံဖြင့်ပင် မယုံနိုင်လောက်အောင် စိတ်လှုပ်ရှားနေခဲ့သည်။

သူ၏သမီးက ဤကဲ့သို့ အောင်မြင်မှုကို ရရှိသဖြင့် ဖခင်တစ်ဦးအနေဖြင့် သူ စိတ်ကျေနပ်နေပြီး သူ၏ ဘိုးဘေးများကို မျက်နှာပြနိုင်ပြီ ဖြစ်သည့်အတွက် ဂုဏ်ယူမိသည်။

တစ်ချိန်တည်းမှာပင် ဆက်လက်၍ဠနားမထောင်နိုင်တော့သော ယဲ့ဖုန်းသည် စောင့်ကြည့်ကြေးမုံရတနာ ကို တိုက်ရိုက်ပိတ်လိုက်ပြီး မှော်ရတနာကို သူ၏စနစါသိုလှောင်အိတ်ထဲသို့ ပြန်ထည့်လိုက်၏။

ထို့နောက် သူသည် သူ၏စိတ်နှလုံးသားထဲရှိ ဒေါသများကို ဖြေဖျောက်ရန် အင်မော်တယ်လှိုဏ်ဂူ အတားအဆီးကို ရူးသွပ်စွာ စတင်၍ တိုက်ခိုက်လေသည်။

သူ မကျေနပ်ချေ။ သူ့ထံတွင် စနစ်တစ်ခု ရှင်းလင်းစွာ ရှိနေပြီး ခြောက်လကြာ တက်ရောက်စာရင်းသွင်းပြီးနောက်တွင်ပင် သူသည် ခြေလှမ်းတစ်ဝက် ဧကရာဇ်နယ်ပယ်သို့သာ ဝင်ရောက်နိုင်ခဲ့ပေသည်။ ချန်ချင်းက မည်သည်ကြောင့် မဟာဧကရာဇ်အဖြစ်သို့ တက်လှမ်းနိုင်ရုံသာမက သူ၏ငယ်ချစ်ဦးကိုလည်း အတင်းအကြပ် လက်ထပ်နိုင်ရသနည်း။

ဒေါသအနည်းငယ် ဖြေဖျောက်ကာ တည်ငြိမ်သွားပြီးနောက် ယဲ့ဖုန်းသည် သူ၏ စိတ်ထဲရှိ ခန့်မှန်းချက်တစ်ခုကို စနစ်နှင့် အလျှင်အမြန် အတည်ပြုလိုက်၏။ "စနစ်... မင်းကလွဲရင်... ဒီလောကမှာ တခြားစနစ်တွေ ရှိသေးလား..."

ဤအရာအတွက် စနစ်က မည်သည့်တုံ့ပြန်မှုမျှ မပေးခဲ့ချေ။

"ဘာမှမသိတဲ့ အသုံးမကျတဲ့ အမှိုက်..."

ဤကဲ့သို့ အေးစက်သော စနစ်ကို ရင်ဆိုင်ရသောအခါ ယဲ့ဖုန်း လုပ်နိုင်သမျှမှာ အချည်းနှီး ဒေါသထွက်နေရန်သာ ဖြစ်လေ၏။

"မဟုတ်ဘူး... သူ့မှာ စနစ် တစ်ခု ရှိချင်မှ ရှိမှာ... သူက မဟာဧကရာဇ် ကျွမ်းကျင်သူတစ်ယောက်ရဲ့ နတ်ဘုရားဝိညာဉ်ကနေ ခန္ဓာကိုယ်လုယူတာကို ခံလိုက်ရတာများလား..."

စနစ်တစ်ခုထက် ဤအဖြေကို ယုံကြည်ရန် ယဲ့ဖုန်းက ပို၍စိတ်တိမ်းညွတ်နေခဲ့သည်။

အဘယ်ကြောင့်ဆိုသော် သူ၏ အားကောင်းသော နေ့စဉ်တက်ရောက်စာရင်းသွင်းခြင်း စနစ်ပင်လျှင် သူ့ကို မဟာဧကရာဇ် အဖြစ်သို့ တက်လှမ်းရန် ခွင့်မပြုခဲ့သောကြောင့်ပင်။ ချန်ချင်းသည် မည်သည်ကြောင့် ထိုသို့လုပ်နိုင်ခဲ့သနည်း။

ဤအကြောင်းကို တွေးမိသောအခါ ယဲ့ဖုန်းသည် ရှားချင်းယွဲ့၏ ဘေးကင်းလုံခြုံရေးကို ရုတ်တရက် စိုးရိမ်လာသည်။ ချန်ချင်း၏ခန္ဓာကိုယ်ကို ယူဆောင်သွားသော မဟာဧကရာဇ် ကျွမ်းကျင်သူသည် ရှားချင်းယွဲ့ထံတွင် ကျင့်ကြံခြင်းကို တိုးတက်စေရန် နှစ်ကိုယ်တူကျင့်ကြံခြင်း ပြုလုပ်နိုင်သော အထူးရုပ်ခန္ဓာကိုယ် ရှိနေသောကြောင့် သူမကို လက်ထပ်ခဲ့ခြင်းဖြစ်မည်ဟု သူ သံသယဝင်မိလေ၏။

ဤအရာက ယဲ့ဖုန်းကို သာမန် အသုံးမကျသူတစ်ယောက်ထက် ပို၍ ကြီးမားသော အန္တရာယ် အာရုံခံစားမှုကို ခံစားရစေခဲ့သည်။

"မဟုတ်ဘူး... ငါ သူ့ရဲ့ အာရုံကို လွှဲဖို့ နည်းလမ်းတစ်ခု ရှာရမယ်... ရှားချင်းယွဲ့ကို သူ ဆက်ပြီး စိုက်ကြည့်နေခွင့် မပေးနိုင်ဘူး..."

"အမှန်ပဲ... ကမ္ဘာတစ်ခုမှာ မဟာဧကရာဇ် တစ်ပါးပဲ ရှိနေနိုင်တာ... ငါက မဟာဧကရာဇ် တစ်ပါး ဖြစ်လာပြီးတော့ ကောင်းကင်တာအိုကံကြမ္မာတွေ အားလုံးကို လုယူလိုက်သရွေ့... သူက ရှားချင်းယွဲ့ဆီကနေ အာရုံလွှဲသွားလိမ့်မယ်..."

ယဲ့ဖုန်းသည် အစီအစဉ်ကောင်းတစ်ခုကို ရှာတွေ့သွားပြီဟု ယုံကြည်ပြီး ထိုကိစ္စအတွက် ကြိုးစားအားထုတ်ရန် သူ ဆန္ဒရှိနေခဲ့လေ၏။

သူ၏ လက်ရှိကျင့်ကြံခြင်းဖြင့် သူ စောင့်ကြည့်နိုင်သော အကွာအဝေးသည် အထက်ဘုံအထိ မရောက်ရှိနိုင်ချေ။

သူ့ထံ၌ အကောင်းမြင်စွာ တွေးတောခြင်းမှလွဲ၍ တခြားနည်းလမ်း မရှိချေ။

မဟာဧကရာဇ်နယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်ခြင်းသည် သူ၏တစ်ခုတည်းသော ရွေးချယ်မှု ဖြစ်လာခဲ့သည်။

အကယ်၍ သူသည် ချန်ချင်း၏စိတ်အာရုံကို မလွှဲနိုင်လျှင်ပင် အနည်းဆုံးအနေဖြင့် ဤသည်က သူ စောင့်ကြည့်နိုင်သော အကွာအဝေးကို ပို၍ကျယ်ပြန့်လာစေနိုင်သည်။

...

မျက်စိတစ်မှိတ်အတွင်း...

သုံးရက်ကြာပြီးနောက်...

"ဝေါ့..."

ရှားချင်းယွဲ့သည် ခြံဝင်းထဲတွင် ချန်ချင်းနှင့်အတူ လက်ဖက်ရည်သောက်ကာ ပျော်ရွှင်စွာ စကားပြောနေစဉ် ရုတ်တရက် မျက်မှောင်ကြုတ်ပြီး သူမ၏လက်ကို မြှောက်ကာ သူမ၏ပါးစပ်ကို အုပ်လိုက်၏။

All Chapters