← Chapters

အခန်း ၁၁၂

Vol. 12 Ch. 112

အခန်း ၁၁၂

Vol. 12 Ch. 112

အခန်း (၁၁၂) ရှင်က ကျွန်မရဲ့ခင်ပွန်းကို စိန်ခေါ်ဖို့ မထိုက်တန်ဘူး...

"လင်းကျန်းထျန်းက ခြေလှမ်းတစ်ဝက် ဧကရာဇ်နယ်ပယ် ပထမအဆင့်မှာ ရှိနေတာ မဟုတ်လား... သူက ဘယ်လိုလုပ်ပြီးတော့ ဂျူနီယာ တစ်ယောက်ရဲ့ လက်ချက်နဲ့ သေသွားတာလဲ..."

ကောင်းကင်ဆင့်ကဲပြောင်းလဲမှု ဂိုဏ်းချုပ်က ဤအချက်ကို နားမလည်နိုင်သဖြင့် အလျှင်အမြန် မေးလိုက်သည်။

ထို့နောက် သူသည် ဇာတ်လမ်းအပြည့်အစုံကို သူ၏ တပည့်ထံမှ သိရှိခဲ့ရသည်။

အမှန်အားဖြင့် တာအိုအစောင့်အရှောက်သည် ဖြစ်စဉ်တစ်ခုလုံးတွင် ချန်ချင်းကို တိုက်ခိုက်ရန် စွမ်းအားလုံးဝ မရှိခဲ့ဘဲ တစ်ဖက်သတ် သတ်ဖြတ်ခြင်းကို ခံခဲ့ရသဖြင့် ထိုကိစ္စကို စကားနှစ်ခွန်း သို့မဟုတ် သုံးခွန်းဖြင့် ရှင်းပြနိုင်လေ၏။

"ဂုဏ်သရေရှိတဲ့ ခြေလှမ်းတစ်ဝက် ဧကရာဇ် ပထမအဆင့်တစ်ယောက်က ငါ တစ်ခါမှ မကြားဖူးတဲ့ အညတရတစ်ယောက်ရဲ့ တစ်ဖက်သတ် ဖိနှိပ် သတ်ဖြတ်တာကို ခံလိုက်ရတယ်ပေါ့..."

ကောင်းကင်ဆင့်ကဲပြောင်းလဲမှုဂိုဏ်း၏ ဂိုဏ်းချုပ်ဟွမ်က ပြောဆိုလိုက်ပြီးနောက် သူ ဒေါသကြောင့် အော်ဟစ်လိုက်သည်။

အကယ်၍ ဤကိစ္စသာ ပျံ့နှံ့သွားပါက ကောင်းကင်ဆင့်ကဲပြောင်းလဲမှုဂိုဏ်း၏ ဂုဏ်သတင်းသည် သေချာပေါက် ထိုးကျသွားပေမည်။ ဤမျှထိ ကြီးမားသော ဂိုဏ်းကြီးတစ်ဂိုဏ်းသည် ဂိုဏ်း၏သူတော်စင်သားတော်ကိုပင် မကာကွယ်နိုင်ခဲ့ချေ။

"ဂိုဏ်းချုပ် ... နတ်ဘုရားဓားဂိုဏ်းက ကျွန်တော်တို့ကို လှည့်စားနေတယ်လို့ ကျွန်တော် သံသယရှိတယ်... အဲ့ဒီကောင်လေးက နှစ်တစ်ရာအကြာမှာ ရွေးချယ်ခံရတဲ့ နတ်ဘုရား ဓားဂိုဏ်းရဲ့ သူတော်စင်သားတော်အသစ် ဖြစ်ဖို့များတယ်..."

တပည့်က သူ၏အတွေးများကို ပြောပြလေသည်။

"ဟူး..."

ဤစကားကို ကြားပြီးနောက် ဂိုဏ်းချုပ်ဟွမ်သည် လေကို အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး သူ ပို၍တွေးတောလေလေ ထိုတပည့်၏စကားများသည် အလွန်ယုတ္တိရှိသည်ဟု ခံစားရလေလေပင်။

"ခြေလှမ်းတစ်ဝက် ဧကရာဇ်တစ်ယောက်ကို သတ်နိုင်တယ်ဆိုတာက သူ့ရဲ့ ကျင့်ကြံခြင်းက အနည်းဆုံး ခြေလှမ်းတစ်ဝက် ဧကရာဇ်နယ်ပယ် ဒုတိယအဆင့် ဖြစ်ရမယ်... တကယ်လို့ ဒီကောင်လေးကို မဖယ်ရှားရင်... ဒါက ငါတို့ ကောင်းကင်ဆင့်ကဲပြောင်းလဲမှု ဂိုဏ်းအတွက် ကြီးမားတဲ့ ဘေးဒုက္ခတစ်ခု ဖြစ်လာလိမ့်မယ်..."

ဂိုဏ်းချုပ် တစ်ယောက်အနေဖြင့် ဂိုဏ်းချုပ်ဟွမ်သည် ဂိုဏ်းနှစ်ခုကြားရှိ ချိန်ခွင်လျှာ ပျက်ယွင်းသွားမည်ကို မလိုလားချေ။

တစ်ကြိမ်ပျက်ယွင်းသွားသည်နှင့် ဂိုဏ်းချုပ်ဟွမ်သည် အိပ်ပျော်နေချိန်တွင်ပင် ငြိမ်းချမ်းစွာ အိပ်ပျော်နိုင်မည် မဟုတ်ဘဲ နတ်ဘုရားဓားဂိုဏ်းက ကောင်းကင်ဆင့်ကဲပြောင်းလဲမှုဂိုဏ်းကို တိုက်ခိုက်ရန် စွမ်းအားမရှိဟုထင်ကာ ဂိုဏ်းကိုသိမ်းပိုက်ရန်အတွက် လူများစေလွှတ်မည်ကို အမြဲတစေ စိုးရိမ်နေရပေမည်။

"အကြီးအကဲရှောင် ... ဒီကောင်လေးကို ကိုင်တွယ်ဖို့ ယုံကြည်မှုရှိလား..."

ဂိုဏ်းချုပ်ဟွမ်သည် သူ၏နံဘေးတွင် ထိုင်ကာ လက်ဖက်ရည်ကို တည်ငြိမ်စွာ သောက်နေပြီး အချိန်တိုင်း စကားတစ်ခွန်းမျှ မပြောသော ရှောင်ဟော့ကို ကြည့်၍ မေးလိုက်၏။

"ဂိုဏ်းချုပ်က အဲ့ဒီလို ပြောလာမှတော့... ဒီအဘိုးကြီး ကိုယ်တိုင် သွားလိုက်ပါ့မယ်... ဘာပဲဖြစ်ဖြစ် ဒါက ဂိုဏ်းတစ်ဂိုဏ်းလုံးအတွက်ပဲလေ..."

ရှောင်ဟော့က လက်ဖက်ရည်ခွက်ကိုချကာ မတ်တတ်ထရပ်ပြီး အမိန့်ကို လက်ခံလိုက်သည်။

"ဒါဆို အရာအားလုံးကို အကြီးအကဲရှောင်ရဲ့ လက်ထဲ အပ်လိုက်ပါပြီ..."

ဂိုဏ်းချုပ်ဟွမ်လည်း မတ်တတ်ထရပ်ကာ လက်ပူးဆုပ်လိုက်၏။ သူသည် ဂိုဏ်းချုပ်ဖြစ်သော်လည်း ဤအဆင့်ရှိ အကြီးအကဲတစ်ဦးကို သင့်လျော်သော လေးစားမှု ပြသရမည်ဖြစ်ပြီး အနည်းငယ်မျှ ပေါ့ဆ၍ မရချေ။

ရှောင်ဟော့သည် နေရာမှ ပျောက်ကွယ်သွားပြီး သူ၏အရှိန်အဝါ လုံးဝပျောက်ကွယ်သွားသည်ကို ကြည့်ပြီးနောက် ဂိုဏ်းချုပ်ဟွမ်က ပြန်ထိုင်လိုက်သည်။ သူ၏မျက်နှာအမူအရာသည် ယခင်ကထက် များစွာပို၍ တည်ငြိမ်သွားသည်။

'ခြေလှမ်းတစ်ဝက် ဧကရာဇ်နယ်ပယ် စတုတ္ထအဆင့်တစ်ယောက်က တက်သစ်စ ဂျူနီယာတစ်ယောက်ကို သွားရင်ဆိုင်တာဆိုတော့... ဘာအမှားအယွင်းမှ မဖြစ်သင့်ဘူး...'

သူ တွေးတောလိုက်သည်။

သူ၏လက်ဖက်ရည် ကုန်သွားပြီး ခွက်ကို စားပွဲပေါ် ပြန်တင်လိုက်၏။ ဂိုဏ်းချုပ်ဟွမ်၏ မျက်လုံးများတွင် သတ်ဖြတ်လိုခြင်း စိတ်ဆန္ဒများ ထင်ဟပ်လာပြီး သူက ခွက်ကို ခြေမွှဖျက်ဆီးကာ ပြောလိုက်သည်။

"မင်းတို့ရဲ့ နတ်ဘုရားဓားဂိုဏ်းက ငါတို့ ကောင်းကင်ဆင့်ကဲပြောင်းလဲမှုဂိုဏ်းကို အညံ့ခံရမှာ အနှေးနဲ့အမြန်ပဲ... အခု ချိန်ခွင်လျှာကို ဖြိုခွဲဖို့ ကြိုးစားတာက စောလွန်းသေးတယ်..."

တစ်ဖက်ဂိုဏ်းမှ သူတော်စင်သားတော်ချန်ချင်းကို သတ်ပြီးနောက် နတ်ဘုရားဓားဂိုဏ်းမှ လက်တုံ့ပြန်မည်အား သူ မစိုးရိမ်ချေ။ တရားသူကြီးကသာ မီးရှို့ခွင့်ရှိပြီး သာမန်ပြည်သူများက မီးအိမ်ထွန်းခွင့် မရှိသလော။

မင်းက ငါတို့ဂိုဏ်းရဲ့ သူတော်စင်သားတော်ကို သတ်တယ်... ငါက မင်းကို ပြန်သတ်တယ်... အဲ့ဒါကို တရားမျှတမှုလို့ ခေါ်တယ်... မျှတမှုလို့ ခေါ်တယ်...

တခြားတစ်ဖက်တွင်...

ချန်ချင်းနှင့်ရှားချင်းယွဲ့တို့သည် ဂိုဏ်းတစ်ရာ မဟာမိတ်ပွဲ ကျင်းပမည့်နေရာ၏ အပြင်ဘက်သို့ ရောက်ရှိနေလေပြီ။

သို့သော် ဂိုဏ်းတစ်ရာ မဟာမိတ်ပွဲ တရားဝင် မစတင်မီ အချိန်အနည်းငယ် လိုသေးသည်။ ဤသည်က လက်ရှိတွင် ပြင်ဆင်မှုအဆင့်တွင် ရှိနေပြီး ဝင်ရောက်ခွင့် မပြုသေးချေ။

"ငါတို့ အချိန်ဖြုန်းဖို့ တခြားနေရာတစ်ခုခုကို အရင် ရှာရမယ့်ပုံပဲ..."

ချန်ချင်းက ရှားချင်းယွဲ့အား ပြောလိုက်သည်။

"ကျွန်မက ခင်ပွန်း နဲ့ အတူရှိနေသရွေ့... ဘယ်နေရာကိုမဆို သွားမှာပါ..."

ရှားချင်းယွဲ့၏အမြင်တွင် ယခုအချိန်၌ ချန်ချင်းသည် သံသယဝင်စရာမလိုဘဲ သူမ၏ကောင်းကင်ဘုံပင်။

စကားတစ်ခွန်းတည်းဖြင့် ပြောရလျှင် သူမအတွက် ချန်ချင်း ရှိနေလျှင် ကောင်းကင်ဘုံလည်း ရှိနေသည်။

နောက်တခဏတွင် စူးရှသော အသံတစ်သံ သူတို့၏နောက်မှ ထွက်ပေါ်လာသည်။

"မင်းတို့ ဘယ်မှ သွားလို့မရဘူး... ဒီနေရာက မင်းတို့ရဲ့ သင်္ချိုင်းပဲ..."

ထို့နောက် ချက်ချင်းဆိုသလိုပင် ခြေလှမ်းတစ်ဝက် ဧကရာဇ်နယ်ပယ်၏ ဖိနှိပ်သော စွမ်းအားသည် ဒီရေလှိုင်းတစ်ခုအလား အလွန်ပြင်းထန်စွာ ပေါက်ကွဲထွက်လာသည်။

ခြေလှမ်းတစ်ဝက် ဧကရာဇ်၏စွမ်းအား ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် ဤသည်က လူအများအပြားကို ချက်ချင်းဆွဲဆောင်နိုင်ခဲ့လေ၏။

"ခြေလှမ်းတစ်ဝက် ဧကရာဇ်နယ်ပယ် စတုတ္ထအဆင့် ..."

"အဲ့ဒီစုံတွဲက ခြေလှမ်းတစ်ဝက် ဧကရာဇ်နယ်ပယ် စတုတ္ထအဆင့် ကျွမ်းကျင်သူတစ်ယောက်ကို ဒေါသထွက်အောင် ဘာတွေများ လုပ်ခဲ့လို့လဲ..."

"မသေချာဘူး... ဒါပေမဲ့ ကြည့်ရတာတော့ အဲ့ဒီခြေလှမ်းတစ်ဝက် ဧကရာဇ် ကျွမ်းကျင်သူက ဒီနေ့ သူတို့ကိုသတ်ဖို့ စိတ်ပိုင်းဖြတ်ထားပုံပဲ..."

"ဒီပါရမီရှင်စုံတွဲလေးအတွက် နှမြောစရာပဲ..."

"ဟူး... ခြေလှမ်းတစ်ဝက် ဧကရာဇ်တစ်ယောက်ကို စော်ကားပြီး အသက်ရှင်နိုင်တဲ့သူ ဘယ်နှစ်ယောက် ရှိလို့လဲ... ပြီးတော့ သူက ခြေလှမ်းတစ်ဝက် ဧကရာဇ်နယ်ပယ် စတုတ္ထအဆင့် ကျွမ်းကျင်သူတောင် ဖြစ်နေသေးတယ်..."

...

လူအုပ်ကြီး၏အမြင်တွင် ရှောင်ဟော့ကို ရင်ဆိုင်နေရသော ချန်ချင်းနှင့်ရှားချင်းယွဲ့တို့သည် လူသေများနှင့် မခြားနားတော့ဘဲ အလောင်းနှစ်လောင်း ဖြစ်နေလေပြီ။

"ကောင်းကင်ဆင့်ကဲပြောင်းလဲမှုဂိုဏ်းကလား..." ရှောင်ဟော့ ရောက်လာခြင်းကို ချန်ချင်းက အံ့အားသင့်မသွားဘဲ အလွန်တိုက်ရိုက်ကျစွာ မေးလိုက်သည်။

"အမှန်ပဲ..."

ရှောင်ဟော့က ပွင့်ပွင့်လင်းလင်း ဝန်ခံလိုက်ပြီး သူသည် ကောင်းကင်ဆင့်ကဲပြောင်းလဲမှုဂိုဏ်းမှ ဖြစ်ကြောင်း မဖုံးကွယ်ခဲ့သည့်အပြင် ချန်ချင်းကို နားလည်မှုဖြင့် သေဆုံးခွင့်ပြုရန်လည်း ဝန်မလေးချေ။

"တော်ပြီ... စကားသိပ်မများနဲ့တော့... မင်းရဲ့ လမ်းခရီးကို စတင်ရမယ့် အချိန်ရောက်ပြီ..."

ရှောင်ဟော့သည် သူ၏နာမည်နှင့် လိုက်ဖက်စွာပင် မီးသဘာဝ ကျင့်ကြံနည်းစနစ်ကို ကျင့်ကြံလေ၏။

သူသည် လက်များကို လှည့်ကာ ရိုက်ထုတ်လိုက်သည်။တလိမ့်လိမ့်ထနေသော မီးတောက်လက်ဝါးတစ်ခုသည် ချန်ချင်းနှင့်ရှားချင်းယွဲ့တို့၏ မြင်နိုင်သော အကွာအဝေးကို လျှင်မြန်စွာ ပြည့်နှက်သွားပြီး ပူလောင်သော လေပြင်းများ သယ်ဆောင်လာကာ သူတို့ဆီသို့ လျင်မြန်စွာ ချဉ်းကပ်လာသည်။

ထိုမီးတောက်လက်ဝါး၏ အပူချိန်မှာ အလွန်မြင့်မားလွန်းသဖြင့် လေထုပင် လောင်ကျွမ်းနေပုံရသည်။ နံဘေးမှ ကြည့်နေသူများသည် အလိုအလျောက် ခပ်ခွာခွာ နေလိုက်ကြပြီး သူတို့၏ပါးစပ်များ ခြောက်သွေ့လာကာ တံတွေးများကို အဆက်မပြတ် မျိုချပြီး နှုတ်ခမ်းများကို သပ်နေကြ၏။

"အရေးမပါတဲ့ အညတရတစ်ယောက်က ငါ့ရဲ့ခင်ပွန်းကို စိန်ခေါ်ဖို့ မထိုက်တန်ဘူး..."

ရှားချင်းယွဲ့သည် တက်တက်ကြွကြွ ရှေ့သို့ထွက်လာပြီး သူမ၏လက်ကို ဝှေ့ယမ်းလိုက်သည်။

ပြင်ပလူများ၏အမြင်တွင် လောကကြီးကို ဖျက်ဆီးနိုင်သော ထိုလက်ဝါးသည် ချက်ချင်းပျောက်ကွယ်သွားတော့သည်။

"အမ်..."

အပ်တစ်ချောင်းကဲ့သို့ မှေးစင်းနေသော ရှောင်ဟော့၏ မျက်လုံးများ အနည်းငယ် ပြူးကျယ်သွားသည်။ သူ၏ သေစေနိုင်သော လှုပ်ရှားမှုကို အားနည်းသော အမျိုးသမီးတစ်ဦးက ဤမျှထိ လွယ်ကူစွာ ဖြေရှင်းနိုင်ခဲ့ခြင်းအတွက် သူသည်လည်း အနည်းငယ် အံ့အားသင့်သွားပေ၏။

"ကြည့်ရတာတော့ သတင်းအချက်အလက်တွေက မှားနေပုံပဲ... အန္တရာယ်ရှိတာ မင်းတစ်ယောက်တည်း မဟုတ်ဘူး... သူလည်း ပါတာပဲ..."

ရှောင်ဟော့သည် ချန်ချင်းကို ကြည့်လိုက်ပြီးနောက် ရှားချင်းယွဲ့ကို ကြည့်ကာ သူတို့ နှစ်ယောက်လုံးကို ငရဲသို့ပို့ရန် ဆုံးဖြတ်လိုက်သည်။

သူသည် သူ၏လက်များကို စက်ဝိုင်းပုံစံ ထပ်မံ၍ ဝှေ့ယမ်းလိုက်ရာ ပြင်းထန်သော မီးတောက်များသည် သူ၏လက်မောင်းများမှ ပေါက်ကွဲထွက်လာပြီး ရစ်ခွေကာ ဧရာမစပါးကြီးမြွေနှစ်ကောင်အဖြစ် ပြောင်းလဲသွားသည်။

သူ လက်ဝါးနှစ်ချက် ရိုက်ထုတ်လိုက်သည်နှင့် ဧရာမ စပါးကြီးမြွေနှစ်ကောင်သည် အချင်းချင်း ရစ်ပတ်ကာ ချန်ချင်းနှင့်ရှားချင်းယွဲ့တို့ဆီသို့ ပြေးဝင်သွားတော့သည်။

ဤဖြစ်စဉ်အတွင်း မီးတောက်စီးကြောင်းနှစ်ခု ပေါင်းစပ်သွားပြီး နဂါးတစ်ကောင်အဖြစ် ပြောင်းလဲသွားကာ ကြီးမားသော ပါးစပ်ကြီးကို ဖွင့်ဟပြီး သူတို့ နှစ်ယောက်လုံးကို ဝါးမြိုကာ ပြာအဖြစ်သို့ သန့်စင်ပစ်ရန် ကြိုးစားလိုက်သည်။

လျှင်မြန်ပြီး အားကောင်းသော တိုက်ခိုက်မှုဟု ထင်ရသောအရာသည် ရှားချင်းယွဲ့၏အမြင်တွင် အသေးအဖွဲ လှည့်ကွက် တစ်ခုမျှသာ ဖြစ်လေ၏။

သူမက လက်ကို မြှောက်လိုက်ရာ သူမ၏ လက်ချောင်းငါးချောင်းက မီးတောက်နဂါးကို အလွယ်တကူ တားဆီးလိုက်ပြီး စိတ်ဝိညာဉ်ချီစွမ်းအားများကို ထိုအရာထဲသို့ ထည့်သွင်းကာ အတင်းအကြပ် လုယူလိုက်သည်။

မူလက အနီရောင်ရင့်ရင့်ရှိသော မီးတောက်နဂါး သည် ရေခဲပြာရောင်သို့ ပြောင်းလဲသွားပြီး ရှားချင်းယွဲ့ဆီသို့ ရွေ့လျားသွားကာ သူမ၏နံဘေးတွင် လိမ္မာစွာ ရစ်ခွေနေသည်။

"ဒါ... ဒါက ဘယ်လို လှုပ်ရှားမှု မျိုးလဲ..."

ခြေလှမ်းတစ်ဝက် ဧကရာဇ်နယ်ပယ် စတုတ္ထအဆင့်ကျွမ်းကျင်သူတစ်ဦးအနေဖြင့် ရှောင်ဟော့သည် တခြားသူတစ်ဦး ထုတ်လွှတ်လိုက်သော ကျင့်ကြံနည်းစနစ် လှုပ်ရှားမှုကို လုယူနိုင်သူ တစ်ဦးအကြောင်းကို တစ်ကြိမ်တစ်ခါမျှ မကြားဖူးခဲ့ချေ။

သို့သော် အလွန်လျင်မြန်စွာဖြင့် ရှောင်ဟော့သည် ပို၍ကြောက်မက်ဖွယ်ကောင်းသော အရာတစ်ခုကို သဘောပေါက်သွားခဲ့လေ၏။

ရှားချင်းယွဲ့ မည်သည်ကြောင့် ဤကဲ့သို့ လုပ်ဆောင်နိုင်သနည်း ဆိုသည်ကို ဘေးဖယ်ထားလိုက်လျှင် သူမ ဤသို့ လုပ်ဆောင်နိုင်ခြင်းကပင် သူမ၏ ကျင့်ကြံခြင်း နယ်ပယ်သည် သူ့ထက် များစွာသာလွန်နေပြီး ခြေလှမ်းတစ်ဝက် ဧကရာဇ်နယ်ပယ် ပဉ္စမအဆင့် သို့မဟုတ် ဆဌမအဆင့်ပင် ဖြစ်နိုင်ကြောင်း ညွှန်ပြနေသည်။

'အခြေအနေ မကောင်းဘူး...'

ဤအချက်ကို သဘောပေါက်ပြီးနောက် ရှောင်ဟော့ ၏လက်များပေါ်ရှိ မီးတောက်များသည် သူ၏ပျောက်ကွယ်သွားသော တိုက်ခိုက်လိုစိတ်ကဲ့သို့ပင် ပြယ်လွင့်သွားတော့သည်။

ချွေးသီးချွေးပေါက်ကြီးများသည် သူ၏မျက်နှာပေါ်မှ ယိုစီးကျလာပြီး သူ၏နှလုံးသား တဒိတ်ဒိတ်ခုန်နေကာ အလွန်အမင်း ထိတ်လန့်နေခဲ့ပေသည်။

မူလက ဤသည်မှာ ခရီးတစ်ခေါက် သွားပြီး သူ၏လက်ချောင်းလေးများ လှုပ်ရှားရုံဖြင့် ပြီးမြောက်နိုင်သော တာဝန်တစ်ခုဟု သူ ထင်မှတ်ခဲ့သည်။ ဤသည်က သူ၏အဆင့်အတန်းနှင့် ဩဇာလွှမ်းမိုးမှုကိုလည်း မြင့်မားလာစေပေမည်။ ထိုကိစ္စသည် ဤမျှထိ ရှုပ်ထွေးလိမ့်မည်ဟု သူ တစ်ကြိမ်တစ်ခါမျှ ထင်မှတ်မထားခဲ့ချေ။

ရှားချင်းယွဲ့နှင့် သူ ဆက်လက်၍ ထိပ်တိုက်ရင်ဆိုင်ရမည်လော...

ရှောင်ဟော့သည် မမိုက်မဲချေ။ ဝါရင့် ခြေလှမ်းတစ်ဝက် ဧကရာဇ်တစ်ဦးအနေဖြင့် ဤအချိန်တွင် သူ၏စိတ်ထဲ၌ အတွေးတစ်ခုတည်းသာ ရှိတော့သည်။

ပြေး... နောက်ကြောင်းပြန်လှည့်မကြည့်ဘဲ ပြေး... ဘယ်လောက်ထိဝေးဝေး ပြေးနိုင်လေလေ ပိုကောင်းလေလေ... ဘယ်လောက်ထိမြန်မြန် ပြေးနိုင်လေလေ ပိုကောင်းလေပဲ...

ကံမကောင်းစွာဖြင့် ချန်ချင်းသည် သူ့ကို ထိုကဲ့သို့ အခွင့်အရေးမျိုး ပေးမည်မဟုတ်ချေ။

သူသည် အချက်အလက်များအားလုံး စုစည်းပြီးဖြစ်ကာ ဇနီးသည်အား အလိုလိုက်ခြင်း ဆုလာဘ် ရရှိမည် ဖြစ်သဖြင့် ဤသည်မှာ လက်လွတ်မခံသင့်သော အခွင့်အရေးတစ်ခုပင်။

All Chapters