← Chapters

အခန်း ၁၁၅

Vol. 12 Ch. 115

အခန်း ၁၁၅

Vol. 12 Ch. 115

အခန်း (၁၁၅) ငါက ဧကရာဇ် ပဲ... မင်းက ငါ့ကို စည်းမျဉ်းတွေအကြောင်း လာပြောနေတာလား...

"ထျန်းရွှမ်နယ်မြေမှာ... အားနည်းသူက အားကြီးသူကို မလေးမစားလုပ်ရင်... ရှေးခေတ်ကတည်းက ပြုမူကြတာက သတ်ဖြတ်တာပဲ..."

"ဒါါပြင်... ဂိုဏ်းတစ်ရာ မဟာမိတ်ပွဲ ကာလအတွင်းမှာ... နတ်ဘုရား ဓားဂိုဏ်းက စည်းမျဉ်းတွေကို လျစ်လျူရှုပြီး ငါ့ရဲ့ဂိုဏ်းက တပည့်ကို လမ်းပေါ်မှာ သတ်ဖြတ်ခဲ့တယ်... မဟာမိတ်အဖွဲ့ခေါင်းဆောင် အနေနဲ့ သူတို့ကို သက်ညှာမှုမရှိဘဲ ပြင်းပြင်းထန်ထန် အပြစ်ပေးပြီးတော့... ငါ့ရဲ့ ကောင်းကင်ဆင့်ကဲပြောင်းလဲမှုဂိုဏ်းအတွက် တရားမျှတမှု ရှာဖွေပေးဖို့ တောင်းဆိုပါတယ်..."

ဂိုဏ်းချုပ်ဟွမ်သည် စကားပြောဆိုနေစဉ် ဂိုဏ်းချုပ် တစ်ဦးအနေဖြင့် သူ၏ဂုဏ်သိက္ခာကို အမှန်တကယ်ပင် ဘေးဖယ်ထားပြီး လူပုံအလယ်တွင် ဒူးထောက်လိုက်၏။

ရှောင်ဟော့ကဲ့သို့ ခြေလှမ်းတစ်ဝက် ဧကရာဇ်နယ်ပယ် စတုတ္ထအဆင့် ကျွမ်းကျင်သူတစ်ဦးပင်လျှင် ချန်ချင်း၏ ပြိုင်ဘက် မဟုတ်ကြောင်း သိရှိပြီးနောက် ဂိုဏ်းချုပ်ဟွမ်တွင် တခြားရွေးချယ်စရာ မရှိတော့ချေ။

အကယ်၍ ဤဒူးထောက်ခြင်းက နတ်ဘုရား ဓားဂိုဏ်း ကို အမှန်တကယ် ပျက်စီးစေနိုင်ပါက ဤသည်မှာ ဂိုဏ်းချုပ်ဟွမ်အတွက် သေချာပေါက် အကျိုးအမြတ်ရှိသော ကိစ္စတစ်ခုပင်။

အကယ်၍ ဤကိစ္စကို သူ အလွယ်တကူ ပယ်ချလိုက်ပါက နတ်ဘုရားဓားဂိုဏ်းသည် လက်ရှိတွင် ကြီးပွားတိုးတက်နေပြီး ထိပ်တန်းပါရမီရှင်တစ်ဦးကို ပိုင်ဆိုင်ထားလေ၏။ ဆန့်ကျင်ဘက်အနေဖြင့် သူတို့၏ ကောင်းကင်ဆင့်ကဲပြောင်းလဲမှုဂိုဏ်းသည် သူတော်စင်သားတော်နှင့် ခြေလှမ်းတစ်ဝက် ဧကရာဇ်နယ်ပယ် အားကောင်းသူနှစ်ဦး ဆုံးရှုံးခဲ့ရပြီး ချိန်ခွင်လျှာပျက်ယွင်းသွားရန် ဖန်တီးထားပြီး ဖြစ်သည်။

ဂိုဏ်းတစ်ရာ မဟာမိတ်ပွဲပြီးနောက် နတ်ဘုရား ဓားဂိုဏ်းသည် ဤအခွင့်အရေးကို ဆုပ်ကိုင်ကာ သူတို့၏ အားနည်းချက်ကို အခွင့်ကောင်းယူပြီး ကောင်းကင်ဆင့်ကဲပြောင်းလဲမှုဂိုဏ်းကို ဒုက္ခပေးမည်မဟုတ်ဟု အာမခံရန် ခက်ခဲပေလိမ့်မည်။

ထိုအချိန်ကျပါက ကောင်းကင်ဆင့်ကဲပြောင်းလဲမှု ဂိုဏ်းသည် နတ်ဘုရားဓားဂိုဏ်း၏ တိုက်ခိုက်မှုကို အံ့အားသင့်ဖွယ်ကောင်းလောက်အောင် ခံနိုင်ရည်ရှိခဲ့လျှင်တောင် ဂိုဏ်းတစ်ခုလုံး၏ အခြေခံအုတ်မြစ်သည် များစွာကျဆင်းသွားပေမည်။

ဤသည်က သူ၏ဂိုဏ်းသည် လက်ရှိ အလယ်အလတ်အဆင့် ဂိုဏ်းအဆင့်အတန်းမှ အဆင့်နိမ့်ဂိုဏ်းအဖြစ်သို့ မလွဲမသွေ ကျဆင်းသွားပေမည်။

ထိုအရာသည် ဂိုဏ်းချုပ် တစ်ယောက်အနေဖြင့် ဂိုဏ်းချုပ်ဟွမ် လုံးဝမမြင်တွေ့လိုသောအရာပင်။

"သူပြောတာ မှန်ရဲ့လား..."

အရာအားလုံးကို သိရှိပြီးနောက် မဟာမိတ်အဖွဲ့ ခေါင်းဆောင် ကျိုးယုံသည် မှန်ကန်သည်ဟု ယုံကြည်သွားပြီး အထွတ်အထိပ် ခြေလှမ်းတစ်ဝက် ဧကရာဇ် တစ်ဦး၏ စွမ်းအားသည် နေရာတစ်ခုလုံးကို လွှမ်းခြုံကာ ချက်ချင်းကျဆင်းလာခဲ့သည်။

အထက်မှဖိအားကို ခံစားရသည့်တိုင် ခေါင်းငုံ့ထားသော ဂိုဏ်းချုပ်ဟွမ်သည် ဒေါသမထွက်ဘဲ ပြုံးလိုက်၏။ ယခုအချိန်၌ အခြေအနေများ တည်ငြိမ်သွားပြီဖြစ်ကြောင်း သူ သိလိုက်သည်။

ချန်ချင်း မည်မျှပင် စကားပြောကောင်းစေကာမူ ထိုကိစ္စကို အဆင်ပြေပြေ ဖြေရှင်းနိုင်မည် မဟုတ်ချေ။

"မဟာမိတ်အဖွဲ့ခေါင်းဆောင်ကို သတင်းပို့ပါတယ်... အရှင်ဧကရာဇ် လှုပ်ရှားခဲ့ရတဲ့ အကြောင်းရင်းက ကောင်းကင်ဆင့်ကဲပြောင်းလဲမှုဂိုဏ်းရဲ့ သူတော်စင်သားတော်က အရင်ရန်စခဲ့လို့ပါ...အဲ့ဒီနောက်မှာ ကောင်းကင်ဆင့်ကဲပြောင်းလဲမှု ဂိုဏ်းက လက်မလျှော့သေးဘဲ အရှင့်ကို လုပ်ကြံဖို့ အကြိမ်ကြိမ် လူတွေ စေလွှတ်ခဲ့ပါတယ်... မဟာမိတ်အဖွဲ့ခေါင်းဆောင် ရှင်းရှင်းလင်းလင်း မြင်တွေ့နိုင်ဖို့ တောင်းဆိုပါတယ်..."

ကျောက်လီက အလျှင်အမြန် ပြောဆိုလိုက်သည်။

"မဟာမိတ်အဖွဲ့ ခေါင်းဆောင် ... ငါတို့ကောင်းကင်ဆင့်ကဲပြောင်းလဲမှုဂိုဏ်းက သူတော်စင်သားတော်နဲ့ ခြေလှမ်းတစ်ဝက် ဧကရာဇ် ကျွမ်းကျင်သူနှစ်ယောက် ဆုံးရှုံးခဲ့ရတာက အမှန်တရားပါ... ပြီးတော့ အဲ့ဒီလူက မဟာမိတ်အဖွဲ့ခေါင်းဆောင်ကို မလေးမစား လုပ်ခဲ့တာလည်း အမှန်တရားပါပဲ... ခေါင်းဆောင်ရဲ့ ရှင်းလင်းတဲ့ ဆုံးဖြတ်ချက်ကို တောင်းဆိုပါတယ်..."

ဂိုဏ်းချုပ်ဟွမ်က အားသာချက်ကို ဆုပ်ကိုင်ကာ ဆက်လက်၍ ဖိအားပေးလိုက်သည်။

"စိတ်မပူပါနဲ့... ဒီ မဟာမိတ်အဖွဲ့ ခေါင်းဆောင်က ဒီကိစ္စအတွက် သင့်တော်တဲ့ ဖြေရှင်းချက်တစ်ခု ပေးပါ့မယ်..."

ဂိုဏ်းချုပ်ဟွမ်၏ စကားများကို လုံးလုံးလျားလျား မယုံကြည်နိုင်သော်လည်း အရာအားလုံး အဓိပ္ပါယ်မရှိသည်တော့ မဟုတ်ကြောင်း ကျိုးယုံက နားလည်ထားလေ၏။

ဤကဲ့သို့ အသေးအဖွဲကိစ္စလေးအတွက် နတ်ဘုရား ဓားဂိုဏ်းကို ဖျက်ဆီးရန် သေချာပေါက် မလိုအပ်ချေ။ ဤကိစ္စအတွက် သတိပေးချက်တစ်ခုမျှဖြင့်သာ လုံလောက်ပေမည်။ မျောက်များကို သတိပေးရန် ကြက်တစ်ကောင်ကို သတ်ပြီး မဟာမိတ်အဖွဲ့ ခေါင်းဆောင်အဖြစ် သူ၏ဂုဏ်သိက္ခာကို မြှင့်တင်ရန်လည်း ဤအခွင့်အရေးကို သူ အသုံးပြုနိုင်သည်။

"မင်းတို့နှစ်ယောက်က ကောင်းကင်ဆင့်ကဲပြောင်းလဲမှု ဂိုဏ်းရဲ့ သူတော်စင်သားတော်နဲ့ ခြေလှမ်းတစ်ဝက် ဧကရာဇ်နယ်ပယ် ကျွမ်းကျင်သူနှစ်ယောက်ကို သတ်ခဲ့တယ်ဆိုတာ အမှန်ပဲ... ဘယ်လို လျော်ကြေးပေးဖို့ စီစဉ်ထားလဲ..."

ကျိုးယုံက မေးလိုက်၏။

"ထျန်းရွှမ်နယ်မြေမှာ... အားနည်းသူက အားကြီးသူကို မလေးမစား လုပ်ရင်... ရှေးခေတ်ကတည်းက ပြုမူကြတာက သတ်ဖြတ်တာပဲ..."

ရှားချင်းယွဲ့သည် ကျိုးယုံ၏မေးခွန်းအား အလျင်စလို ပြန်မဖြေဘဲ ဂိုဏ်းချုပ်ဟွမ် ယခုလေးတင် ပြောခဲ့သော စကားကို ပြန်ပြောလိုက်သည်။

ထို့နောက် သူမက ကျိုးယုံကို မေးလိုက်သည်။ "မဟာမိတ်အဖွဲ့ခေါင်းဆောင် ... ဒီစကားက မှန်တယ်လို့ ထင်လား... မှားတယ်လို့ ထင်လား..."

"ဒါက နှစ်သောင်းပေါင်းများစွာ လက်ဆင့်ကမ်းလာတဲ့ စည်းမျဉ်းတစ်ခုပဲလ... သဘာဝကျကျပဲ မှန်ကန်တာပေါ့.."

ကျိုးယုံသည် မကန့်ကွက်ခဲ့ချေ။

မည်သို့ပင်ဖြစ်စေကာမူ သူသည် ဤသံမဏိ စည်းမျဉ်းကို အားကိုးခြင်းဖြင့် မဟာမိတ်အဖွဲ့ခေါင်းဆောင် ဖြစ်လာခဲ့ခြင်းပင်။

"အဲ့ဒီလိုဖြစ်နေမှတော့... ကောင်းကင်ဆင့်ကဲပြောင်းလဲမှုဂိုဏ်းရဲ့ သားတော်က အားနည်းသူ တစ်ယောက်အနေနဲ့ ငါတို့ကို မလေးမစား လုပ်ခဲ့တယ်... သူ့ကို သတ်တာ ဘာအပြစ်ရှိလို့လဲ..."

ရှားချင်းယွဲ့က ထပ်မေးလိုက်သည်။

"ဒါက..."

ရှားချင်းယွဲ့၏စကားတစ်ခွန်းက ကျိုးယုံကို အခက်တွေ့သွားစေသည်။

ရှားချင်းယွဲ့က သူ ကျရောက်ရန် တွင်းတစ်တွင်း တူးနေခြင်းဖြစ်ကြောင်း သူ သဘောပေါက်သွားသည်။

"သူ ဘယ်လောက်ပဲ ရိုသေမှု မရှိပါစေ... မင်းတို့က သတ်ဖြတ်လိုတဲ့ ရည်ရွယ်ချက်နဲ့ အဆက်မပြတ် မတိုက်ခိုက်သင့်ဘူး... ဒါက ဂိုဏ်းတစ်ရာ မဟာမိတ်ရဲ့ စည်းမျဉ်းတွေကို ချိုးဖောက်တာပဲ... အထူးသဖြင့် ဂိုဏ်းတစ်ရာ မဟာမိတ်ပွဲ ကျင်းပတဲ့ နေ့မှာပေါ့..."

မကြာမီ ကျိုးယုံသည် ပြန်လည်ချေပရန် အကြောင်းပြချက်တစ်ခုကို ရှာတွေ့သွားသည်။

"ကြည့်ရတာ... မဟာမိတ်အဖွဲ့ခေါင်းဆောင်က ကောင်းကင်ဆင့်ကဲပြောင်းလဲမှုဂိုဏ်းဘက်က ရပ်တည်ဖို့ ဆုံးဖြတ်ထားပုံရတယ်..."

ရှားချင်းယွဲ့က မေးလိုက်သည်။

"ငါက စည်းမျဉ်းတွေအတိုင်းပြောတာ..."

ကျိုးယုံက သူမကို ပြင်းပြင်းထန်ထန် ငြင်းဆိုလိုက်၏။

ဤစကားကို ကြားသောအခါ ရှားချင်းယွဲ့က ရယ်မောလိုက်သည်။

"ကိုယ်ကျိုးအတွက် လိုသလို ပြောင်းလဲနိုင်တဲ့ စည်းမျဉ်းတွေ... ဒါတွေက စည်းမျဉ်းတွေလို့ ခေါ်ဖို့တောင် ထိုက်တန်ရဲ့လား... ဘယ်လောက်တောင် ရယ်စရာကောင်းလဲ..."

"မင်း ဘာပြောလိုက်တယ်..."

ရှားချင်းယွဲ့၏ စကားများက ကျိုးယုံကို ဒေါသထွက်သွားစေခဲ့သည်။

အထွတ်အထိပ် ခြေလှမ်းတစ်ဝက် ဧကရာဇ်၏ ဖိအားသည် ယခင်ကထက် ပို၍ပင် အားကောင်းလာပေ၏။

စကားပြောရသည်မှာ ပင်ပန်းလာပြီး စကားလုံးများကို ထပ်မဖြုန်းချင်တော့သော ရှားချင်းယွဲ့က သူမ၏နူးညံ့သေးသွယ်သော လက်ကို ညင်သာစွာ မြှောက်လိုက်သည်။

သူမ ဤလုပ်ရပ်ဖြင့် ဘာလုပ်ရန် ရည်ရွယ်ထားသနည်းဟု လူတိုင်း တွေးနေကြချိန်မှာပင်....

သူမ မြှောက်ထားသောလက်ကို ညင်သာစွာ ချလိုက်သည်အား သူတို့ မြင်တွေ့လိုက်ရသည်။

ဝုန်း..

ရုတ်ချည်းဆိုသလိုပင် ကျိုးယုံကို ဖိအားတစ်ရပ်က အပြည့်အဝ လွှမ်းခြုံသွားကာ သူ့ကို ခေါင်းမှ ခြေဖျားအထိ ခြေမွှဖျက်ဆီးလိုက်ပြီး သူ၏တစ်ကိုယ်လုံးအား ပေါက်ကွဲသွားစေသည်။

အရာအားလုံး အလွန်မြန်ဆန်စွာ ဖြစ်ပျက်သွားသဖြင့် အနီးအနားရှိ အကြီးအကဲကိုးဦးပင်လျှင် တုံ့ပြန်ရန် အချိန်မရလိုက်ဘဲ သူတို့၏ ခန္ဓာကိုယ်များနှင့် မျက်နှာများပေါ်တွင် သွေးအများအပြား စိုရွှဲနေတော့သည်။

"အမ်..."

ချန်ချင်းက ဤမြင်ကွင်းကို ကြည့်ရင်း အကျွမ်းတဝင် ရှိသည်ဟု ခံစားလိုက်ရသည်။

သူ တွေးလိုက်မိသည်။

'ဒါက ငါ ခုဏက သုံးခဲ့တဲ့ လှုပ်ရှားမှု မဟုတ်လား...'

အမှန်တကယ်ကို ရှားချင်းယွဲ့သည် ချန်ချင်းကို အတုခိုးနေခြင်းပင်။

ဂျူနီယာတစ်ဦးအနေဖြင့် စီနီယာတစ်ဦးကို အတုခိုးခြင်းမှာ ယုတ္တိရှိသည်ဟု သူမ ခံစားရလေ၏။

အချိန်တခဏကြာမျှ တိတ်ဆိတ်သွားပြီးနောက် ပြင်းထန်သော ကြောက်ရွံ့မှုက လူတိုင်း၏နှလုံးသားများအတွင်း၌ ချက်ချင်းပြည့်နှက်သွားသည်။

ရှားချင်းယွဲ့က မျက်စိတမှိတ်အတွင်း အထွတ်အထိပ် ခြေလှမ်းတစ်ဝက် ဧကရာဇ်၏ ခွန်အားကို ပိုင်ဆိုင်ထားသော ဂိုဏ်းတစ်ရာမဟာမိတ်၏ မဟာမိတ်အဖွဲ့ ခေါင်းဆောင်ကို အမှုန်အမွှားတစ်စက်လေးမျှပင် မကျန်ရစ်အောင် ခြေမွှပစ်လိမ့်မည်ဟု မည်သူမျှ ထင်မှတ်မထားခဲ့ကြချေ။

"မဟာမိတ်အဖွဲ့ခေါင်းဆောင်က... သေသွားပြီလား..."

"မဟာမိတ်အဖွဲ့ ရဲ့ ခေါင်းဆောင်က အထွတ်အထိပ် ခြေလှမ်းတစ်ဝက် ဧကရာဇ်နယ်ပယ် ကျွမ်းကျင်သူတစ်ယောက်လေ... သူက ဘယ်လိုလုပ်ပြီးတော့ ဒီလောက်ထိ လွယ်လွယ်ကူကူ အသတ်ခံရနိုင်မှာလဲ..."

"အဲ့ဒီအမျိုးသမီးကလည်း အထွတ်အထိပ် ခြေလှမ်းတစ်ဝက် ဧကရာဇ်တစ်ယောက်များလား..."

"အထွတ်အထိပ် ခြေလှမ်းတစ်ဝက် ဧကရာဇ် အချင်းချင်းတောင်... မဟာမိတ်ခေါင်းဆောင်ကို လှုပ်ရှားမှုတစ်ခုတည်းနဲ့ ချက်ချင်းသတ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး... သူက..."

ဧကရာဇ်ဟူသော စကားလုံးကို ထုတ်မပြောသော်လည်း လူတိုင်း၏စိတ်ထဲတွင် ထွက်ပေါ်လာခဲ့သည်။

ရှားချင်းယွဲ့က သူတို့ကို လျစ်လျူရှုကာ လေထဲတွင် ခြေလှမ်းလှမ်းပြီး မြေကြီးပေါ်တွင် ဒူးထောက်နေဆဲဖြစ်သော ဂိုဏ်းချုပ်ဟွမ်၏ ရှေ့တွင် မတ်တတ်ရပ်လိုက်၏။

ချွေးများ ရွှဲရွှဲစိုနေသော ဂိုဏ်းချုပ်ဟွမ် စကားမပြောနိုင်မီ နောက်တခဏတွင် ဧကရာဇ်တာအို နတ်ဘုရား ရောင်ဝါစက်ဝန်းက ရှားချင်းယွဲ့၏နောက်တွင် ထွက်ပေါ်လာသည်။

"ထျန်းရွှမ်နယ်မြေမှာ... အားနည်းသူက အားကြီးသူကို မလေးမစားလုပ်ရင်... ရှေးခေတ်ကတည်းက ပြုမူတာက သတ်ဖြတ်တာပဲ..."

ရှားချင်းယွဲ့သည် ဤစကားများကို ဂိုဏ်းချုပ်ဟွမ် ထံသို့ ကျိုးယုံ ပြောခဲ့သည့်အတိုင်း အတိအကျ ပြန်ပြောလိုက်၏။

သူမသည် ဆက်လက်၍ ဟန်ဆောင်မနေတော့ဘဲ သူမကိုယ်သူမ ဧကရာဇ်တစ်ပါးအဖြစ် ဖော်ပြလိုက်သော ရှားချင်းယွဲ့ကို ရင်ဆိုင်ရသောအခါ ဂိုဏ်းချုပ် ဟွမ် မည်မျှပင် စကားပြောကောင်းစေကာမူ သူသည် စကားတစ်ခွန်းမျှ သို့မဟုတ် စကားလုံးတစ်လုံးမျှပင် မပြောရဲတော့ချေ။

အချိန်အတော်ကြာပြီးနောက် သူသည် နောက်ဆုံးတွင် စကားတချို့ကို ညှစ်ထုတ်နိုင်ခဲ့သည်။

"ဒီအညတရက အမှားကို သိပါပြီ... ကျေးဇူးပြုပြီးတော့ ကျွန်တော့်ရဲ့အသက်ကို ချမ်းသာပေးပါ... မဟာဧကရာဇ် ..."

"ငါ ငြင်းတယ်..."

ရှားချင်းယွဲ့၏အသံ ကျဆင်းသွားသည်နှင့် ဂိုဏ်းချုပ် ဟွမ်၏တစ်ကိုယ်လုံးသည် လူရာပေါင်းများစွာ၏အကြည့်များအောက်တွင် သွေးမြူခိုးများအဖြစ်သို့ ပေါက်ကွဲသွားတော့သည်။

ဂိုဏ်းချုပ်ဟွမ်သည် ဤသို့ဖြင့် သေဆုံးသွားခဲ့ပေ၏။

ထို့နောက် ရှားချင်းယွဲ့သည် လက်ကိုမြှောက်ကာ ဝှေ့ယမ်းလိုက်ရာ မိုးကောင်းကင်တာအို ကျိန်ဆိုခြင်း စာရွက်များက လူတိုင်း၏ရှေ့တွင် ထွက်ပေါ်လာသည်။

ရှားချင်းယွဲ့ ဘာမှမပြောသော်လည်း လူတိုင်း သူတို့၏ စိတ်နှလုံးသားထဲတွင် ကောင်းစွာနားလည်ထားကြသည်။ သူတို့သည် ဤမိုးကောင်းကင်တာအိုကျိန်ဆိုခြင်းကို လက်မှတ်ရေးထိုးရပေမည်။ ထိုသို့မဟုတ်ပါက သူတို့ သေရပေမည်။

ဒုတိယအချက်နှင့် နှိုင်းယှဉ်ပါက ဧကရာဇ်အဆင့် ကျွမ်းကျင်သူတစ်ယောက်ထံ အညံ့ခံခြင်းက ဤလူများအတွက် လက်ခံရန် များစွာပို၍ပို၍ လွယ်ကူလေ၏။

သူတို့သည် တစ်ယောက်ပြီးတစ်ယောက် တွေဝေတုံ့ဆိုင်းမှုမရှိဘဲ သူတို့၏လက်ချောင်းများကို ကိုက်ကာ သို့မဟုတ် ဖြတ်​ကာ မိုးကောင်းကင်တာအိုကျိန်ဆိုခြင်း စာရွက်များပေါ်တွင် သူတို့၏နာမည်များကို ကိုယ်ပိုင် သွေးများဖြင့် ရေးသားကြပြီး ကောင်းကင်တာအိုထံ ကတိပြုကြလေ၏။

လူတိုင်း အလွန်ပူးပေါင်းဆောင်ရွက်သည်ကို မြင်သောအခါ ရှားချင်းယွဲ့က စိတ်ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်သည်။

သူမ နောက်လှည့်ကြည့်လိုက်ရာ အမှတ်တမဲ့ဖြင့် ချန်ချင်းကိုလည်း မိုးကောင်းကင်တာအို ကျိန်ဆိုခြင်းစာရွက်တစ်ရွက် ပေးခဲ့မိကြောင်း ရုတ်တရက် သတိပြုမိသွားသည်။

သူမ အလျင်အမြန် ရှေ့သို့လျှောက်လှမ်းသွားပြီး လွင့်မျောနေသော စာရွက်ကို တွန့်လိမ်သွားစေရန် သူမာလက်နှစ်ဖက်လုံးကို အသုံးပြုလိုက်၏။

ထို့နောက် သူမက အနေခက်စွာပြုံးရင်း ပြောလိုက်သည်။

"တောင်းပန်ပါတယ်... တောင်းပန်ပါတယ်... ကျွန်မ အမှားလုပ်မိသွားတယ်..."

ချန်ချင်းက ကျီစယ်လိုက်၏။

"အဲ့ဒါက ကောင်းတာပေါ့... ငါ့ရဲ့ဇနီးလေးက ထူးဆန်းတဲ့ ဝါသနာ တစ်ခုခု နိုးထလာပြီး... သူ့ကို သခင်မလို့ ငါ့ကို ခေါ်ခိုင်းချင်နေတာလို့ ငါ ထင်လိုက်တာ..."

"ကျွန်မက ဘယ်လိုလုပ် အဲ့ဒီလောက် ဖောက်ပြန်နိုင်မှာလဲ..."

ရှားချင်းယွဲ့က သူ့ကို ချစ်စဖွယ် မျက်စောင်းထိုးလိုက်သည်။

သေးငယ်သော ကြားဖြတ်ဇာတ်လမ်းလေး အဆုံးသတ်သွားပြီးနောက်...

ရှားချင်းယွဲ့သည် ဂိုဏ်းတစ်ရာ မဟာမိတ်အပေါ် သူမ၏ ထိန်းချုပ်မှုကို ပြီးစီးခဲ့ပြီး မဟာမိတ်အဖွဲ့ ခေါင်းဆောင်ရာထူးသို့ တက်လှမ်းခဲ့သည်။

သူမသည် မူလက ပြဇာတ်ကို အရင်ကြည့်ရန် ရည်ရွယ်ခဲ့သော်လည်း ဂိုဏ်းချုပ်ဟွမ်က သေလမ်းရှာရန် အတင်းအကြပ် လုပ်ဆောင်ခဲ့သဖြင့် လုပ်ငန်းစဉ်ကို အရှိန်မြှင့်တင်ခဲ့ရသည်။

ရှားချင်းယွဲ့သည် မတတ်သာတော့ဘဲ အာဏာကို သိမ်းယူပြီး ခြေတစ်လှမ်းစောကာ ဂိုဏ်းတစ်ရာမဟာမိတ်ကို ထိန်းချုပ်ခဲ့ရတော့သည်။

All Chapters