← Chapters

အခန်း ၁၁၉

Vol. 12 Ch. 119

အခန်း ၁၁၉

Vol. 12 Ch. 119

အခန်း (၁၁၉) အမြွှာ

ယဲ့ဖုန်းက သူ၏ကံကြမ္မာသည် ကြာမြင့်စွာကတည်းက အရိပ်အယောင်မျှ မရှိဘဲ ပျောက်ကွယ်သွားခဲ့ပြီဖြစ်ကြောင်း သူ မသိခဲ့ချေ။

【တက်ရောက်စာရင်းသွင်းခြင်း အောင်မြင်ပါသည်... ဆုလာဘ်ဖြန့်ဝေမှု ကျရှုံးပါသည်...】

【တက်ရောက်စာရင်းသွင်းခြင်း အောင်မြင်ပါသည်... အိမ်ရှင်က နဝမအဆင့်ဆေးလုံးများဖြစ်သော ကျောက်စိမ်းနေမင်း ဆေးလုံး ၁၀ လုံးကို ရရှိသည့်အတွက် ဂုဏ်ယူပါသည်...】

【တက်ရောက်စာရင်းသွင်းခြင်း အောင်မြင်ပါသည်... အိမ်ရှင်က ကျင့်ကြံခြင်း အတွေ့အကြုံ လက်ဆောင်ထုပ်တစ်ခုကို ရရှိသည့်အတွက် ဂုဏ်ယူပါသည်... အိမ်ရှင်၏ လက်ရှိကျင့်ကြံခြင်းသည် ခြေလှမ်းတစ်ဝက်ဧကရာဇ်နယ်ပယ် ပဥ္စမအဆင့်သို့ တိုးတက်သွားပါပြီ...】

【တက်ရောက်စာရင်းသွင်းခြင်းခြင်း အောင်မြင်ပါသည်... ဆုလာဘ် ဖြန့်ဝေမှု ကျရှုံးပါသည်...】

【တက်ရောက်စာရင်းသွင်းခြင်း အောင်မြင်ပါသည်... အိမ်ရှင်က ယိုယွင်းခြင်းနတ်ဆိုး ဆေးလုံး ၁ လုံးကို ရရှိသည့်အတွက် ဂုဏ်ယူပါသည်...】

...

နောက်ပိုင်းအချိန်များတွင် ယဲ့ဖုန်းသည် မဟာဧကရာဇ်တစ်ပါး ဖြစ်လာရန် ရည်မှန်းချက်ဆီသို့ ကြိုးပမ်းကာ အဆက်မပြတ် ကျင့်ကြံခြင်းမှလွဲ၍ တခြား ဘာမှမလုပ်ခဲ့ချေ။

ထိုအရာမှလွဲ၍ သူသည် အောင်မြင်သော သို့မဟုတ် ကျရှုံးသော ဆုလာဘ် ဖြန့်ဝေမှုများကို အကြိမ်ကြိမ် ကြုံတွေ့ခဲ့ရလေ၏။

ရက်များကြာမြင့်လာသည်နှင့်အမျှ ဆုလာဘ် ဖြန့်ဝေမှု ကျရှုံးသည့် အကြိမ်အရေအတွက်သည် ပို၍ပို၍ မကြာခဏ ဖြစ်လာကြောင်း ယဲ့ဖုန်း ရှင်းလင်းစွာ သတိပြုမိလာခဲ့သည်။

တစ်ခါတစ်ရံတွင် ဤသည်က ခုနစ်ကြိမ် သို့မဟုတ် ရှစ်ကြိမ် ဆက်တိုက် ဖြစ်ပေါ်တတ်သည်။

ထို့ထက်ပို၍ ထူးဆန်းသည်မှာ တစ်ခါတစ်ရံတွင် သူသည် တက်ရောက်စာရင်းသွင်းပြီးနောက်လယိုယွင်းခြင်း နတ်ဆိုးဆေးလုံးကဲ့သို့ ယုတ်မာသည့် ဆေးလုံး မျိုးကို ရရှိခဲ့ခြင်းပင်။ ထိုဆေးလုံးသည် စားသုံးပြီးနောက် လူတစ်ယောက်၏ကျင့်ကြံခြင်းကို အဆတစ်ရာ တိုးမြှင့်ပေးနိုင်သော်လည်း နတ်ဆိုးလမ်းစဉ်သို့ ကျရောက်သွားမည့် တန်ကြေးကို ပေးဆပ်ရပေမည်။

နတ်ဆိုးလမ်းစဉ်သို့ ကျရောက်သွားသည်နှင့်တပြိုင်နက် တစ်စုံတစ်ယောက်သည် အစပိုင်းတွင် ကောင်းကင်နှင့်မြေကြီးကို ဖျက်ဆီးနိုင်သော အားကောင်းသည့် စွမ်းအားကို ရရှိကောင်း ရရှိနိုင်သည်။ သို့ရာတွင် အချိန်ကြာလာသည်နှင့်အမျှ ထိုလူ၏ ကိုယ်ပိုင်အသိစိတ်သည် တဖြည်းဖြည်း ဝေဝါးလာပြီး 'နတ်ဆိုးစိတ်ဆန္ဒ' ဖြင့် အစားထိုးခံရမည်ဖြစ်ကြောင်း ယဲ့ဖုန်းက ရှင်းလင်းစွာ နားလည်ထားလေ၏။

ယဲ့ဖုန်းသည် မည်မျှပင် သန်မာအားကောင်းလာချင်ပြီး တာ့မန်တောင်တန်းမှ ထွက်ခွာချင်နေပါစေ ယိုယွင်းခြင်း နတ်ဆိုးဆေးလုံးကို စားသုံးရန် သူ ဘယ်သောအခါမျှ မစဉ်းစားခဲ့ချေ။

ယိုယွင်းခြင်း နတ်ဆိုးဆေးလုံးသည် သူ တက်ရောက်စာရင်းသွင်းခြင်းမှ ရရှိခဲ့စဥ်ကတည်းက စနစ်၏သိုလှောင်အိတ်ထဲတွင် သိမ်းဆည်းထားခံခဲ့ရသည်။

မျက်စိတစ်မှိတ်အတွင်း တစ်လ ကုန်လွန်သွားခဲ့သည်။

နောက်ထပ် တက်ရောက်စာရင်းသွင်းခြင်း ကျရှုံးပြီးနောက် သူ၏အင်မော်တယ်လှိုဏ်ဂူအတွင်းရှိ အတားအဆီးတွင် ပြဿနာတစ်ခု ရှိနေပုံရကြောင်း ယဲ့ဖုန်း မထင်မှတ်ဘဲ တွေ့ရှိခဲ့လေ၏။

သူ သေချာကြည့်လိုက်သောအခါ ထိုအရာမှာ အလွန် သေးငယ်သော အက်ကွဲကြောင်းလေး တစ်ခုသာ ဖြစ်နေသည်။ ယဲ့ဖုန်း အချိန်ကြာမြင့်စွာ မလေ့လာနိုင်မီမှာပင် ထိုအက်ကွဲကြောင်းသည် ပြန်လည်၍ ပြင်ဆင်ခံလိုက်ရပြီး တစ်ကြိမ်တစ်ခါမျှ ထွက်ပေါ်မလာခဲ့ဖူးသည့်အလား ပျောက်ကွယ်သွားသည်။

နှစ်လကုန်လွန်သွားချိန်တွင် အက်ကွဲကြောင်းများ မကြာခဏ ထွက်ပေါ်လာကာ ပို၍ရှည်လျားကျယ်ပြန့်လာပြီးနောက် ပြန်လည်ပြင်ဆင်ခြင်း ခံရလေ၏။

လေးလကုန်လွန်သွားချိန်၌ ဤလအတွင်း၌ ယဲ့ဖုန်းသည် အချိန်တစ်ဝက်ကျော်ခန့် တက်ရောက်စာရင်းသွင်းခြင်း ကျရှုံးမှုများကို ကြုံတွေ့ခဲ့ရသည်။

ကံကောင်းထောက်မစွာဖြင့် သူ၏ကျင့်ကြံခြင်းသည် အံ့အားသင့်ဖွယ်ကောင်းပြီး ဘေးကင်းစွာဖြင့် ခြေလှမ်းတစ်ဝက် ဧကရာဇ်နယ်ပယ် နဝမအဆင့်သို့ ရောက်ရှိသွားခဲ့ပြီး သူ မျှော်လင့်ထားသော မဟာဧကရာဇ်နှင့် ခြေတစ်လှမ်းသာ ကွာဝေးတော့သည်။

'ရှားချင်းယွဲ့... မင်း ငါ့ကို စောင့်နေရမယ်...'

တဖြည်းဖြည်းနှင့် ယဲ့ဖုန်းသည် တက်ရောက်စာရင်းသွင်းခြင်း ကျရှုံးမှုများကို အသားကျလာပြီး စနစ်ကို ဆက်လက်၍ မမှီခိုတော့ဘဲ သူ၏အတားအဆီးကို ချိုးဖျက်ဝင်ရောက်ရန် သူ၏ကိုယ်ပိုင်ကြိုးစားအားထုတ်မှုများအပေါ် ပို၍မှီခိုလာခဲ့လေ၏။

တက်ရောက်စာရင်းသွင်းခြင်းများကို စတင်သောအခါ သူသည် အတိတ်ကဲ့သို့ စိတ်အားထက်သန်မှု မရှိတော့ဘဲ တာဝန်တစ်ခုအဖြစ်သာ သဘောထားလာခဲ့သည်။

အကယ်၍ ဆုလာဘ် ရှိလျှင် သူ ယူမည်ဖြစ်ပြီး မရှိလျှင် သူ ဂရုမစိုက်ပါချေ။ သူသည် ဗုဒ္ဓဂိုဏ်းဝင်တစ်ဦးကဲ့သို့ သံယောဇဉ်ကင်းမဲ့စွာဖြင့် နေထိုင်ခဲ့သည်။

မကြာမီ သတ္တမမြောက်လသို့ ရောက်ရှိလာသည်။

ယဲ့ဖုန်းသည် ဧကရာဇ်လမ်းစဉ်ပေါ်တွင် သူ၏ တာအို ကို သက်သေပြနိုင်ခြင်း မရှိသေးချေ။ သူ၏ချိုးဖျက်ဝင်ရောက်ရန် ကြိုးပမ်းမှုများ အကြိမ်ကြိမ် ကျရှုံးခဲ့လေ၏။

သူသည် ခြေလှမ်းတစ်ဝက်ဧကရာဇ်နယ်ပယ် အဋ္ဌမအဆင့်အထိပင် ကျဆင်းသွားခဲ့သည်။ ကံကောင်းထောက်မစွာဖြင့် သူ၏ကံကြမ္မာက ကောင်းမွန်ပြီး စနစ်၏တက်ရောက်စာရင်းသွင်းခြင်း ဆုလာဘ်များကို အားကိုးကာ ခြေလှမ်းတစ်ဝက်ဧကရာဇ်နယ်ပယ် နဝမအဆင့်သို့ ပြန်လည်ရောက်ရှိခဲ့ပြီး မဟာဧကရာဇ်နယ်ပယ်အတွက် ဆက်လက်၍ ကြိုးပမ်းနေခဲ့သည်။

အဋ္ဌမမြောက်လ၊ နဝမမြောက်လ၊ ဒသမမြောက်လ...

ဤအချိန်များ တလျှောက်လုံး ယဲ့ဖုန်းသည် ကျရှုံးမှုများ၊ အဆက်မပြတ် ကျရှုံးမှုများနှင့်သာ အချိန်ကုန်ဆုံးခဲ့ရလေ၏။

ကံကောင်းထောက်မစွာဖြင့် ယဲ့ဖုန်းသည် ဤအရာကို ဆိုးရွားသော ကိစ္စဟု ယူဆခြင်း မပြုခဲ့ချေ။ သူ၏စိတ်နှင့်ခန္ဓာကိုယ် ပို၍ကြံ့ခိုင်လာသည်ဟုသာ သူ ခံစားခဲ့ရသည်။

ဤသည်မှာ ဧကရာဇ်လမ်းစဉ်ပေါ်တွင် သူ၏ တာအို ကို သက်သေပြရန် မရှိမဖြစ် လိုအပ်သော အဆင့်တစ်ခုဖြစ်သည်ဟု သူ ယုံကြည်ခဲ့လေ၏။

တစ်ချိန်တည်းမှာပင် အထက်ဘုံတွင်...

ဤဆယ်လအကြာတွင် ရှားချင်းယွဲ့သည် ထျန်းရွှမ်ကုန်းမြေသမိုင်းတွင် ပထမဆုံးသော အမျိုးသမီး ဧကရီ ဖြစ်လာခဲ့ပြီဖြစ်ပြီး တော်ဝင်နန်းတော်ကို တည်ထောင်ခဲ့သည်။

ထျန်းရွှမ်ကုန်းမြေတစ်ခုလုံးရှိ အထက်ဘုံနှင့်အောက်ဘုံ နှစ်ခုလုံးသည် ယခုအချိန်၌ တော်ဝင်နန်းတော်ထံသို့ အညံ့ခံခဲ့ကြသည်။

ထျန်းရွှမ်ကုန်းမြေအပြင် ပြောင်းလဲသွားသောအရာမှာ တစ်နေ့ထက်တစ်နေ့ သိသိသာသာ ကြီးထွားလာသော ရှားချင်းယွဲ့၏ဝမ်းဗိုက်ပင်။

နောက်ဆုံးတွင် သူမ မွေးဖွားမည့်နေ့သို့ ရောက်ရှိလာခဲ့သည်။

ချန်ချင်းက အတားအဆီးတစ်ခုကို ဖန်တီးထားပြီး သိုဧကရာဇ် ရှားချန်နှင့် မဟာချီဧကရာဇ် ချန်ရှုံးတို့အားလုံးသည် အတားအဆီး၏ အပြင်ဘက်တွင် စောင့်ဆိုင်းနေကြ၏။

မွေးဖွားခြင်း လုပ်ငန်းစဉ်တစ်ခုလုံးမှာ သူတို့ စိတ်ကူးယဥ်တွေးတောထားသည်ထက် များစွာပို၍ အဆင်ပြေချောမွေ့နေသည်။

ခြံဝင်းအပြင်ဘက်တွင် စောင့်ကြပ်နေသော ရှားချန်နှင့်ချန်ရှုံးတို့သည် ကလေးငယ်တစ်ဦး၏ငိုသံ သူတို့၏ နားထဲသို့ ဝင်ရောက်လာသည်ကို ရုတ်တရက် ကြားလိုက်ရသည်။

"သူ မွေးပြီ..."

ရှားချန်က စိတ်လှုပ်ရှားစွာဖြင့် အံ့အားတသင့် ရေရွတ်လိုက်၏။

ချန်ရှုံး မတုံ့ပြန်နိုင်မီမှာပင် တခြားငိုသံတစ်သံ ထွက်ပေါ်လာခဲ့သည်။

သူ၏မျက်လုံးများ ပြူးကျယ်သွားပြီး အနည်းငယ် မယုံကြည်နိုင်စွာဖြင့် ပြောလိုက်သည်။

"ခမည်းခမက်... ဒါက အမြွှာဖြစ်မယ် ထင်တယ်..."

တစ်ချိန်တည်းမှာပင် အိမ်ထဲတွင်...

ချန်ရှုံး ပြောဆိုသည်မှာ အမှန်ပင်။ ဤသည်မှာ ယောက်ျားလေး တစ်ယောက်၊ မိန်းကလေး တစ်ယောက်ပါသော အမြွှာ ဖြစ်သည်။

ချန်ချင်းသည် ရှားချင်းယွဲ့အား ပြန်လည်ကောင်းမွန်စေသော ကုသရေးဆေးလုံးတစ်လုံးကို အရင် ပေးလိုက်ပြီးနောက် လက်တစ်ဖက်စီတွင် ကလေးတစ်ယောက်စီ ပွေ့ချီကာ အပြုံးနှင့် သူမအား ပြောလိုက်၏။

"ငါ့အတွက် ဒီလောက်လှပတဲ့ ကလေး နှစ်ယောက် မွေးပေးတဲ့အတွက် ဇနီးလေးကို ကျေးဇူးတင်ပါတယ် ....."

သူ၏အပြုံးမှာ စစ်မှန်ပြီး ပထမဆုံး ဖခင်ဖြစ်လာသူ တစ်ယောက်အနေဖြင့် သူသည် မယုံနိုင်လောက်အောင် စိတ်လှုပ်ရှားနေသည်။

ဤကလေးနှစ်ယောက်ကို သူ ပို၍ကြည့်မိလေလေ ပို၍ချစ်မြတ်နိုးလေလေပင်။

"အင်း..."

ရှားချင်းယွဲ့က အပြုံးနှင့် တုံ့ပြန်လိုက်ပြီး ကလေးများကို သူမ ကြည့်နိုင်ရန်အတွက် ခေါ်လာပေးရန် ချန်ချင်းအား တောင်းဆိုလိုက်၏။

တစ်ချိန်တည်းမှာပင် အမျိုးမျိုးသော ကောင်းကင်ဘုံ သဘာဝလွန်ဖြစ်စဉ်များ အထက်ဘုံတွင် ထွက်ပေါ်လာခဲ့သည်။ တစ်ခါတစ်ရံ နေဆယ်စင်း ထွက်ပေါ်လာပြီး တစ်ခါတစ်ရံ လမင်းသည် လက်လှမ်းမီသော နေရာတွင် ရှိနေကာ တစ်ခါတစ်ရံ ကြယ်များသည် ကောင်းကင်အပြည့် ရှိနေပြီး အလွယ်တကူ ရယူနိုင်ကာ တစ်ခါတစ်ရံ ကံကောင်းစေသော ရောင်စုံအလင်းတန်းများက လောကကြီးကို လွှမ်းခြုံထားလေ၏။

ဤကိစ္စနှင့် ပတ်သက်၍ အထက်ဘုံနှင့်အောက်ဘုံ နှစ်ခုလုံးမှ လူများသည် အံ့အားသင့်မသွားခဲ့ကြချေ။

ထိုအစား ချန်ချင်းနှင့်ရှားချင်းယွဲ့တို့၏ သားသမီးများသည် မွေးရာပါဘုရင်များ ဖြစ်သင့်သဖြင့် အမျိုးမျိုးသော ကောင်းကင်ဘုံ သဘာဝလွန်ဖြစ်စဉ်များနှင့် အထူးအကျိုးသက်ရောက်မှုများသည်သာ လိုက်ဖက်သည်ဟု သူတို့ ခံစားခဲ့ရလေ၏။

အမှန်တကယ်လည်း ထိုအတိုင်းပင်။ မဟာဧကရာဇ် ကျင့်ကြံခြင်း၊ အထွတ်အထိပ် အရိုးများ၊ သူငယ်အိမ်နှစ်ထပ်နှင့် သူတော်စင် ရုပ်ခန္ဓာကိုယ်တို့ဖြင့် မွေးဖွားလာသော ကောင်လေးနှင့်ကောင်မလေး... သူတို့၏ပါရမီသည် အလွန်မြင့်မား လွန်းသဖြင့် ထိပ်တန်း လျှို့ဝှက်နယ်မြေများမှ ပါရမီရှင်များပင်လျှင် နှိုင်းယှဉ်၍ မရနိုင်ချေ။

ဤအရာသည် ချန်ချင်း စုဆောင်းထားသော ဇနီးသည်အား အလိုလိုက်ခြင်း ဆုလာဘ်များ၏ အကျိုးကျေးဇူးကြောင့်လည်း ဖြစ်သည်မှာ သေချာပေါက်ပင်။

ယခုအချိန်၌ ချန်ချင်းသည် ရှားချင်းယွဲ့၏ ဩဇာလွှမ်းမိုးမှုကိုသာ အားကိုးနိုင်ရုံသာမက လုံးဝအပျင်းထူပြီး သူ၏သားနှင့်သမီးကိုလည်း အားကိုးနိုင်လေပြီ။

တစ်ရက်အကြာတွင် တော်ဝင်နန်းတော်သည် မိခင်နှင့် ကလေးများ ဘေးကင်းစွာဖြင့် မွေးဖွားခြင်းကို ဂုဏ်ပြုရန် ခမ်းနားသော အခမ်းအနားတစ်ခုကို ကျင်းပခဲ့ပြီး ထျန်းရွှမ်ကုန်းမြေတစ်ခုလုံးမှလူများ ဝမ်းမြောက်ဝမ်းသာ ဖြစ်နေကြသည်။

သို့သော် မကြာမီ တစ်စုံတစ်ယောက်က ကောင်းကင်တာအို၏ ကံကြမ္မာသည် အနည်းငယ် ထူးဆန်းနေပြီး တခြားနေရာများသို့ စီးဆင်းနေကြောင်း သတိပြုမိသွားခဲ့သည်။

တစ်စုံတစ်ယောက်က ဧကရာဇ်လမ်းစဉ်ပေါ်တွင် သူ၏ တာအိုကို သက်သေပြတော့မည်ဖြစ်ကြောင်း သူတို့ ရုတ်တရက် သဘောပေါက်သွားကြ၏။

ထိုလူမှာ တာ့မန်တောင်တန်းတွင်ရှိသော ယဲ့ဖုန်းပင်။

လနှင့်ချီသော ကျရှုံးမှုများကို တောင့်ခံခဲ့သော ကျင့်ကြံမှုများအပြီး၌ နောက်ဆုံးတွင် သူ၏ဆန္ဒ ပြည့်ဝသွားပြီး မဟာဧကရာဇ်နယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်နိုင်ခဲ့သည်။

နေ့စဉ် တက်ရောက်စာရင်းသွင်းခြင်းစနစ်အတွက်မူ ယခုအချိန်၌ တက်ရောက်စာရင်းသွင်းခြင်း ကျရှုံးမှုများကို မဆိုထားနှင့် သူ စနစ်ကို ဖွင့်၍ပင် မရတော့ချေ။

အင်မော်တယ်လှိုဏ်ဂူ၏ အတားအဆီးတွင်ရှိသော ဟင်းလင်းပြင် အက်ကွဲကြောင်းများသည် ခါးလောက် အထူရှိလာပြီး အလိုအလျောက် ပြန်လည်ပြင်ဆင်ခြင်း မရှိတော့ချေ။

စနစ် မည်သည်ကြောင့် ပျောက်ကွယ်သွားသနည်း သို့မဟုတ် အတားအဆီး မ​ည်သည်ကြောင့် ကွဲအက်သွားသနည်းဆိုသည်ကို သူ မသိသော်လည်း လောလောဆယ်တွင် ယဲ့ဖုန်းသည် ထိုအရာများထဲမှ တစ်ခုကိုမျှ ဂရုမစိုက်ချေ။ သူသည် အပြင်လောကသို့ အမြန်သွားကာ ရှားချင်းယွဲ့ကို ရှာပြီး အမှန်တရားကို သူကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ အတည်ပြုချင်ရုံသာ ဖြစ်လေ၏။

သူ၏မဟာဧကရာဇ် ကျင့်ကြံခြင်းမှ အကူအညီဖြင့် သူသည် ရှားချင်းယွဲ့၏အရိပ်အယောင်များကို လျဝင်မြန်စွာ ရှာတွေ့ခဲ့ပြီး အထက်ဘုံသို့ ဦးတည်သွားခဲ့သည်။

အထက်ဘုံသို့ ရောက်ရှိပြီးနောက် ရှားချင်းယွဲ့သည် အမှန်တကယ်ပင် အင်မော်တယ်နယ်ပယ်သို့ ဝင်ရောက်သွားပြီး တော်ဝင်နန်းတော်၏ ထာဝရဧကရီ ဖြစ်လာခဲ့ကြောင်း ယဲ့ဖုန်း သိရှိလိုက်ရသည်။

"ငါ့ရဲ့ ရှားချင်းယွဲ့... ငါတောင် မသိလိုက်ဘဲ သူက အရမ်းကို ထူးချွန်လာတာပဲ..."

ယဲ့ဖုန်းသည် အလွန် အံ့အားသင့်သွားပြီး သူမနှင့် ပြန်လည်ဆုံတွေ့ရန် ပို၍ပင် မျှော်လင့်နေမိသည်။

"အင်မော်တယ်နယ်ပယ် " ဆိုသည်နှင့် ပတ်သက်၍မူ...

ယဲ့ဖုန်းသည် အလေးအနက် မထားခဲ့ချေ။ ထိုအရာမှာ သာမန်လူများက အစွမ်းထက်သူများကို ပေးသော လေးစားဖွယ် ဘွဲ့နာမည် တစ်ခုမျှသာ ဖြစ်သည်ဟု သူ တိတ်တဆိတ် ယုံကြည်ခဲ့လေ၏။

အကြောင်းအရင်းမှာ ရိုးရှင်းလှပေသည်။ မဟာဧကရာဇ် တစ်ပါးသည် အားအကောင်းဆုံးဖြစ်ပြီး သူ ယဲ့ဖုန်းသည် မဟာဧကရာဇ်ပင်။

သို့သော် ယနေ့ဧကရီတွင် နဂါးနှင့်ဖီးနစ်အမြွှာလေး မွေးဖွားခြင်းကြောင့် နိုင်ငံတဝှမ်းလုံး ပွဲတော်ကြီး ကျင်းပနေကြောင်း နတ်ဘုရားစ်တ်အာရုံ ရှာဖွေခြင်းမှတဆင့် သူ သိရှိလိုက်ရသောအခါ ယဲ့ဖုန်းသည် မှင်သက်သွားပြီး သူ၏အမြင်အာရုံ အမှောင်ကျသွားသကဲ့သို့ ခံစားလိုက်ရသည်။

သူ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်ပေး၍ ယုံကြည်အောင် မလုပ်နိုင်တော့ချေ။ ဤအရာအားလုံးကို နတ်ဘုရားစိတ်အာရုံ ရှာဖွေခြင်းမှတဆင့် သိရှိခဲ့ရခြင်းဖြစ်ပြီး အတုအယောင်လုပ်၍ မရနိုင်ချေ။

သူ၏ပုံရိပ် လင်းလက်သွားပြီးနောက် သူသည် တော်ဝင်နန်းတော်သို့ သွားရန် ဆုံးဖြတ်လိုက်၏။

ထို့နောက် သူ၏နှလုံးသားကို ဆုတ်ဖြဲပစ်မည့် မြင်ကွင်းတစ်ခုကို သူ မြင်တွေ့လိုက်ရသည်။

ချန်ချင်းနှင့်ရှားချင်းယွဲ့တို့သည် အလွန်ချစ်မြတ်နိုးနေကြကာ သူတို့၏ ရင်ခွင်ထဲတွင် သားတစ်ယောက်နှင့် သမီးတစ်ယောက် နှစ်ယောက်လုံး ရှိနေသည်။

"မဟုတ်ဘူး... ဘယ်လိုလုပ်ပြီး ဒီလို ဖြစ်နိုင်မှာလဲ... ဒါ မမှန်ဘူး... ဒါက မမှန်ဘူး..."

သူ၏ ခန္ဓာကိုယ်သည် အချိန်မရွေး ပြိုလဲတော့မည့်အလား ယိမ်းယိုင်နေခဲ့လေ၏။

ယဲ့ဖုန်းသည် ရုတ်တရက် သူ့ကိုယ်သူ ဟာသပြက်လုံးတစ်ခုအလား ခံစားလိုက်ရသည်။ ဤဆယ်လတာကာလအတွင်း သူသည် သူ၏ကျင့်ကြံခြင်းကို ချိုးဖျက်ဝင်ရောက်ရန် အသည်းအသန် ကြိုးစားနေခဲ့သော်လည်း ရှားချင်းယွဲ့ကမူ ဆယ်လတိုင်တိုင် ကိုယ်ဝန်ဆောင်ကာ တခြားအမျိုးသားတစ်ဦးအတွက် နဂါးနှင့်ဖီးနစ်အမြွှာလေးကို မွေးဖွားပေးခဲ့သည်။

အဝေးမှနေ၍ နံရံကို ဖောက်ထွင်းကာ ချန်ချင်းကို ကြည့်လိုက်ချိန်တွင် သူ၏မျက်လုံးများသည် သွေးကဲ့သို့ ချက်ချင်းနီရဲသွားပြီး အမုန်းတရားများဖြင့် ပြည့်နှက်သွားတော့သည်။

ဒီနေ့... လူတိုင်း သေရမယ်...

သူ၏နှလုံးသားထဲရှိ ဒေါသများကို ငြိမ်းသတ်ရန် ထျန်းရွှမ်ကုန်းမြေတစ်ခုလုံးရှိ သန်းရာနှင့်ချီသော သက်ရှိများကို သူနှင့်အတူ သေဆုံးစေချင်ခဲ့သည်။

ယဲ့ဖုန်း၏အမြင်တွင် လောကတွင် အားအကောင်းဆုံးဖြစ်သော မဟာဧကရာဇ် တစ်ပါးအနေဖြင့် သူသည် ဤကဲ့သို့ လုပ်ဆောင်ရန် အပြည့်အဝ အရည်အချင်း ပြည့်မီလေ၏။

သူ၏စိတ်အာရုံ အနည်းငယ် ပြောင်းလဲသွားသည်နှင့်အမျှ ချန်ချင်းသည် ယဲ့ဖုန်း၏တည်ရှိနေမှုကို အာရုံခံမိလိုက်သည်။

ချန်ချင်းသည် ဤကိစ္စကို ဇာတ်လိုက်နှင့် ဆက်စပ်မတွေးမိခဲ့ဘဲ ဤကောင်စုတ်သည် မဟာဧကရာဇ်အဖြစ် ယခုလေးတင် တက်လှမ်းခဲ့ပြီး အလွန်အမင်း မောက်မာကာ သူ့ကိုယ်သူ စွမ်းဆောင်နိုင်သည်ဟု ထင်ပြီး ဧကရီဖြစ်သော သူ့ဇနီး၏ ဩဇာအာဏာကို စိန်ခေါ်ချင်နေသည်ဟုသာ ခံစားလိုက်ရသည်။

ချန်ချင်း၏အတွေးတစ်ချက်တည်းဖြင့် ယဲ့ဖုန်း၏စိတ်ဝိညာဉ်သုံးခုနှင့်စိတ်ဆန္ဒခုနစ်ခုတို့သည် ချက်ချင်း အစိတ်စိတ်အမွှာမွှာ အက်ကွဲသွားပြီး သူ၏ရုပ်ခန္ဓာကိုယ်သည် ဖုန်မှုန့်များအဖြစ် ပြယ်လွင့်သွားကာ အတင်းအကြပ် ဖျက်ဆီးခံလိုက်ရလေ၏။

ရှားချင်းယွဲ့၏စိတ်အာရုံသည် သူမ၏ ကလေးများအပေါ်တွင်သာ လုံးလုံးလျားလျား ရှိနေပြီး သူမကို စိန်ခေါ်ရန်လာသော ထိုမသိနားမလည်သူများကို ဂရုစိုက်ရန် စိတ်ကူးမရှိခဲ့ချေ။

သူမ၏နှလုံးသားထဲတွင်မူ ချန်ချင်းက သူမအတွက် နောက်ထပ် ဒုက္ခပေးသော ကိစ္စတစ်ခုကို တိတ်တဆိတ်နှင့် ကိုယ်ကျိုးမဖက်ဘဲ ဖြေရှင်းပေးခဲ့သည့်အတွက် ကျေးဇူးတင်နေခဲ့သည်။

ယခုအချိန်၌ သူမသည် ခင်ပွန်းနှင့် ကလေးများအပေါ် သစ္စာရှိပြီး ဇနီးကောင်း မိခင်ကောင်း တစ်ယောက် ဖြစ်လာရန် ကြိုးပမ်းနေတော့သည်။

【ဇာတ်သိမ်း】END….

All Chapters