← Chapters

အခန်း ၉၂

Vol. 10 Ch. 92

အခန်း ၉၂

Vol. 10 Ch. 92

အခန်း (၉၂) - မိစ္ဆာဘုန်းကြီး (၂)

ဤလူများက မည်သည့်နေရာက ရောက်လာကြသနည်း။

သူ့ကျင့်စဉ်များကို မကျင့်ကြံဘဲ သူ၏ နယ်မြေအတွင်း လှည့်လည်သွားလာနေကြသည်။

“ငွေမရှိဘူး”

ကျိုးရီ လက်ကာပြလိုက်ရာ ဘုန်းကြီးများက ဒေါသမထွက်ဘဲ နောက်ထပ်အိမ်သို့ အလှူခံကြွသွားကြသည်။

စားသောက်ဆိုင်ရှိ ဧည့်သည်များက ဤမြင်ကွင်းကို မြင်သောအခါ ကျိုးရီအား ကြည့်ကာ ပြုံးလိုက်ကြသည်။

“ဆိုင်ရှင်အဘိုးကြီး၊ ခင်ဗျားက ကုသိုလ်တွေကို ခင်ဗျားကိုယ်တိုင် မောင်းထုတ်ပစ်လိုက်တာပဲ”

“ခင်ဗျား မသိလို့ပါ၊ ဒီဘုန်းကြီးတွေက တော်တော်လေး စွမ်းတယ်ဗျ”

ကျိုးရီက သံသယအနည်းငယ်ဖြင့် မေးလိုက်သည်။

“မင်းတို့က ဘယ်လိုသိတာလဲ”

“လတ်တလော သိုင်းလောကမှာ ဒီဘုန်းကြီးတွေအကြောင်း ကောလာဟလတွေ မကြာခဏ ထွက်ပေါ်နေတယ်၊ ခရီးသွား ဘုန်းကြီးတော်တော်များများက ဗုဒ္ဓဘာသာ တရားတော်တွေကို ဖြန့်ဝေနေကြပြီး အရမ်းအစွမ်းထက်တယ်လို့ ဆိုကြတယ်”

အရင်က ကျင့်စဉ်တွေကို မသင်ယူနိုင်ခဲ့တဲ့သူတချို့ဆိုရင် သူတို့ သင်ပေးတဲ့ တရားတော်တွေကို သင်ယူပြီးတာနဲ့ ချက်ချင်းကို အရာအားလုံး နားလည်သဘောပေါက်သွားကြတာပဲ”

“သူတို့ဆီမှာ တကယ် အရည်အချင်းရှိတယ်။ သူတို့ သင်ပေးတဲ့အရာတွေက နားလည်ရလွယ်ကူပြီး စတင်လေ့လာဖို့လည်း လွယ်ကူတယ်လေ”

“အဲ့ဒီလောက်တင် မဟုတ်ဘူးနော်၊ သူတို့က လူတွေရဲ့ ရောဂါဝေဒနာတွေကိုပါ ကူညီကုသပေးသလို တချို့လူတွေရဲ့ ဆန္ဒတွေကိုတောင် ဖြည့်ဆည်းပေးသေးတယ်”

“နှစ်ပေါင်းများစွာ ကလေးမရနိုင်တဲ့ အမျိုးသမီးတချို့ဆို သူတို့ဆီက အကူအညီ တောင်းခံပြီး မကြာခင်မှာပဲ ကိုယ်ဝန်ရသွားကြတယ်လို့တောင် ကြားမိတယ်။ တချို့လူတွေက ငြိမ်းချမ်းရေးနဲ့ ကြီးပွားတိုးတက်ရေးအတွက် ဆုတောင်းကြပြန်တော့လည်း ဆုတောင်းပြည့်ခဲ့ကြတယ်”

“လူတော်တော်များများက ဗုဒ္ဓဘာသာကို စတင်ယုံကြည်လာကြပြီလေ။ ပြီးတော့ ဘုရားကျောင်းတွေ ဆောက်ဖို့နဲ့ ရွှေဆင်းတုတော်တွေထုဆစ်ဖို့အတွက် ငွေအမြောက်အမြားကို သုံးစွဲနေကြတာ”

ကျိုးရီက လမ်းပေါ်ရှိ ဘုန်းကြီးများကို လှမ်းကြည့်လိုက်ရင်း သူ၏ အတွေးများ လှုပ်ရှားသွားသည်။

ဤပုဂ္ဂိုလ်များထံမှ ယုံကြည်မှုစွမ်းအားများ စီးဆင်းလာကာ အရပ်မျက်နှာ တစ်ခုဆီသို့ ဦးတည်သွားနေသည်။

ဤသည်ကလည်း တာအိုလမ်းစဉ်တစ်ခုပင်။

သူ ဖန်တီးခဲ့သော ကျင့်စဉ်များကဲ့သို့ပင် အခြားသူများကို ကျင့်ကြံခိုင်းကာ အကျိုးအမြတ်များ ရိတ်သိမ်းခြင်းနှင့် တူညီပေသည်။

သူတို့ လက်ရှိ ထုတ်ဖော်ပြသနေသော စွမ်းအားမှာ ဤအရာပင်။

သူတို့ ကျင့်ကြံနေသည့်အချိန်အတွင်း ထွက်ပေါ်လာသော စွမ်းအားများသည် အရပ်မျက်နှာ တစ်ခုဆီသို့ ပျံသန်းသွားလိမ့်မည်။

ဤလမ်းကြောင်းတွင် သူတို့နောက်ကွယ်၌ လူတစ်ယောက် ရှိနေနိုင်ပြီး ထိုသူမှာလည်း နယ်မြေနတ်ဘုရားအဆင့် အစွမ်းထက်ကျင့်ကြံသူတစ်ဦး ဖြစ်သင့်ပေသည်။

“နည်းနည်းတော့ စိတ်ဝင်စားစရာကောင်းသားပဲ၊ ငါ့ပါးစပ်ထဲကအစာကို လာလုချင်နေတာကိုး”

ကျိုးရီ ပြုံးလိုက်မိပြီး အတွေးတစ်ချက်ဖြင့် ကိုယ်ပွားတစ်ခု ထွက်ပေါ်လာသည်။

နောက်တစ်စက္ကန့်တွင် အလင်းတန်းတစ်ခု တိုက်ရိုက်ပျံသန်းထွက်ခွာသွားတော့သည်။

ဘုန်းကြီးများမှာ လမ်းပေါ်တွင် အလှူခံနေကြဆဲဖြစ်ပြီး ရုတ်တရက် အဖြူရောင် အလင်းတန်းတစ်ခု ပေါ်ထွက်လာကာ သူတို့၏ ခန္ဓာကိုယ်များအားလုံး မူလနေရာမှ ပျောက်ကွယ်သွားကြတော့သည်။

သူတို့ ပြန်လည်ပေါ်လာချိန်တွင် သူတို့ရှေ့ရှိ အရာမှာ ချီယန်ခွန်းဂိုဏ်း၏ လမ်းမမဟုတ်တော့ဘဲ လူသူကင်းမဲ့သော တောရိုင်းနယ်မြေတစ်ခု ဖြစ်နေတော့သည်။

ထိုလူအနည်းငယ်၏ မျက်နှာများ ရုတ်တရက် ပြောင်းလဲသွားပြီးနောက် ကျိုးရီကို မြင်လိုက်ရသောအခါမှသာ သက်ပြင်းချလိုက်နိုင်ကြသည်။ ချက်ချင်းပင် သူတို့က လက်အုပ်ချီကာ အရိုအသေပေးလိုက်သည်။

“အမိတာဘ၊ ဒီစီနီယာက ဘာလို့ ကျွန်တော်တို့ကို ဒီနေရာခေါ်လာရတာလဲဆိုတာ မေးခွင့်ရှိမလား၊ ကျွန်တော်တို့တွေ စီနီယာ့ကို ပြဿနာမရှာမိခဲ့ဘူးလို့ ထင်တာပဲ”

ကျိုးရီ၏ ကိုယ်ပွားက သူတို့ကို ပုရွက်ဆိတ်များအား ကြည့်နေသကဲ့သို့ တည်ငြိမ်စွာ ကြည့်နေသည်။

သူ့မျက်လုံးထဲတွင် သနားညှာတာမှု အရိပ်အယောင် အနည်းငယ်မျှပင် မရှိချေ။

ဤအကောင်ငယ်လေးများမှာ တစ်ဖက်လူမှ စေလွှတ်လိုက်သော စုံစမ်းရေးသမားများမျှသာ ဖြစ်သည်။

သူတို့ထဲတွင် အစွမ်းထက်ဆုံးသူမှာ မြေကမ္ဘာအင်မော်တယ်အဆင့်သို့ ရောက်ရုံမျှသာ ရှိသေးသည်။ သူတို့ကို သတ်ဖြတ်ခြင်းက ရိုးရှင်းလွန်းလှသည်။

သို့သော် ကျိုးရီအနေဖြင့် သူတို့နောက်ကွယ်ရှိ လူကို ရှာဖွေရန် လိုအပ်နေသည်။

နောက်ကွယ်မှ လူကို ရှင်းလင်းလိုက်မှသာ ပြဿနာကို တစ်ကြိမ်တည်းနှင့် အပြီးတိုင်ဖြေရှင်းနိုင်မည်ဖြစ်ပြီး အနာဂတ်တွင် ဖြစ်ပေါ်လာမည့် အနှောင့်အယှက်များကိုလည်း ရှောင်ရှားနိုင်မည်ဖြစ်သည်။

သူက အတွေးတစ်ချက်ဖြင့်ပင် မိစ္ဆာဘုန်းကြီးများထဲမှ တစ်ပါးကို တိုက်ခိုက်လိုက်ကာ ခန္ဓာကိုယ်အတွင်းရှိ စွမ်းအင်အားလုံးကို စုပ်ယူလိုက်ပြီး တစ်ချိန်တည်းမှာပင် ထိုသူ၏ မှတ်ဉာဏ်များကိုပါ ရယူလိုက်သည်။

[မဟာအလင်းမြတ်စွာဘုရား၊ ကျွန်ုပ်၏ စစ်မှန်သော အရှင်သခင်၊ ကျွန်ုပ်ဝိညာဉ်၏ လမ်းပြအရှင်၊ ကျွန်ုပ်၏ အမြင့်မြတ်ဆုံးသော အရှင်... အရှင့်ကို ရှိခိုးဦးညွှတ်ပါ၏]

[မြတ်စွာဘုရားအား ပူဇော်ရန်အတွက် ကျွန်ုပ်ကိုယ်ကျွန်ုပ် စတေးပါမည်၊ ကျွန်ုပ်၏ အသက်ကို စတေးပါမည်၊ ကျွန်ုပ်၏ သက်စောင့်ချီစွမ်းအင်ကို စတေးပါမည်]

[ဤအမျိုးသမီးများကို ကျွန်ုပ် ညစ်ညူးစေနေခြင်း မဟုတ်ပါ၊ ဘုရားရှင်၏ သားတော်များကို ဖြန့်ကြက်ပြီး ဘုရားရှင်၏ တရားတော်များကို ဖြန့်ဝေနေခြင်း ဖြစ်ပါသည်]

[မဟာအလင်းမြတ်စွာဘုရားသည် အမြင့်မြတ်ဆုံး သစ္စာကို ကိုယ်စားပြုပါသည်။ ကျွန်ုပ်သည် သူ၏ သစ္စာရှိသော နောက်လိုက်တစ်ဦး ဖြစ်ပါသည်။ ကျွန်ုပ် ပြုလုပ်သမျှ အရာအားလုံးသည် ကောင်းဖို့အတွက်သာ ဖြစ်ပါသည်။]

“မဟာအလင်းမြတ်စွာဘုရားဆိုပဲ၊ နည်းနည်းတော့ စိတ်ဝင်စားစရာကောင်းလာပြီ”

တစ်ဖက်လူ၏ မှတ်ဉာဏ်များကို ကြည့်ပြီးနောက် ကျိုးရီက ပြိုင်ဘက်၏ တည်နေရာကို တိတိကျကျ မှတ်သားနိုင်ခဲ့သည်။ ထိုသူသည် အစွမ်းထက် နယ်မြေနတ်ဘုရားတစ်ဦး ဖြစ်ပေသည်။

သို့ရာတွင် နယ်မြေနတ်ဘုရားမှာ နယ်မြေနတ်ဘုရားမျှသာ ဖြစ်ပြီး သူ့ခွန်အားက မိမိထက် များစွာ သာလွန်နေမည်မဟုတ်ပေ။

သို့သော် မှတ်ဉာဏ်များအရ တစ်ဖက်လူမှာ အမှန်တကယ်ပင် ထူးကဲလှပေသည်။

မဟာအလင်းမြတ်စွာဘုရားသည် နယ်မြေနတ်ဘုရားအဆင့်သို့ ရောက်လာခဲ့သည်မှာ နှစ်တစ်ရာခန့်သာ ရှိသေးသည်။

သူ့အမြန်နှုန်းက ကျိုးရီထက် များစွာ နှေးကွေးလွန်းသော်လည်း အခြားသူများနှင့် နှိုင်းယှဉ်လျှင် အထူးခြားဆုံးဖြစ်နေလေ၏။

နယ်မြေနတ်ဘုရား အများစုက သူ့အဆင့်သို့ မရောက်နိုင်ကြချေ။ ထို့ကြောင့် သူက အတော်လေးကြောက်မက်ဖွယ်ကောင်းသော တည်ရှိမှုတစ်ခု ဖြစ်နေလေပြီ။

သူ ကြောက်မက်ဖွယ်ကောင်းနေရခြင်း၏ အဓိကအကြောင်းရင်းမှာ ပါရမီ သို့မဟုတ် အစွမ်းထက်ခွန်အားကြောင့် မဟုတ်ဘဲ လူတို့၏ စိတ်နှလုံးကို လှည့်စားဖျားယောင်းရာတွင် အလွန် ကျွမ်းကျင်လွန်းနေသောကြောင့်ပင်။

သူ ကျင့်ကြံထားသော ကျင့်စဉ်ပင်လျှင် ဤပုံစံမျိုးဖြစ်၏။

သူ စတင်ကျင့်ကြံသည့် နေ့မှစ၍ ကျင့်ကြံခြင်းလောကကို လမ်းမှားသို့ ပို့ဆောင်မည့် လမ်းကြောင်းပေါ်သို့ ရောက်ရှိနေခဲ့ပြီဖြစ်သည်။

နောက်လိုက်များအားလုံး သူ၏ တာအိုလမ်းစဉ်ကြောင့် လွှမ်းမိုးခံရမည်ဖြစ်ပြီး သူ့ကို အလွန် လေးစားကြည်ညိုကာ မီးတွင်းထဲဆင်းရဆင်းရ ရေတွင်းထဲဆင်းရဆင်းရ တွေဝေခြင်းမရှိဘဲ လိုလိုလားလား ဆောင်ရွက်ပေးကြမည်ဖြစ်သည်။

သူကလည်း ဤလူများကို တာအိုလမ်းစဉ် ဖြန့်ဝေရန်အတွက် စေလွှတ်ခဲ့သည်။

လူအများအပြားက သူ့လမ်းကြောင်းကို တစ်ပြိုင်နက်တည်း ခင်းကျင်းပေးနေခြင်းကြောင့် သူ၏ တိုးတက်မှုနှုန်းက သဘာဝကျကျပင် ပိုမိုမြန်ဆန်လာခဲ့သည်။

မဟာကမ္ဘာတွင် နယ်မြေနတ်ဘုရားအဆင့်သို့ နောက်ကျမှ ဝင်ရောက်လာခဲ့သော တည်ရှိမှုများထဲမှ တစ်ခုဖြစ်သော်လည်း ယနေ့အချိန်တွင် သူ့ခွန်အားက ထိပ်ဆုံး သုံးယောက်စာရင်းတွင် တည်ငြိမ်စွာ ရပ်တည်နေနိုင်လေပြီ။

ဤကမ္ဘာလောကရှိ နယ်မြေနတ်ဘုရားများ အနည်းငယ်သာရှိပြီး တစ်ပါးချင်းစီက အောက်ခြေမှနေ၍ တဖြည်းဖြည်း တက်လှမ်းလာခဲ့ကြသော ကောင်းကင်ဘုံ၏ သားတော်များ ဖြစ်ကြသည်။

ဤမျှအထိ အစွမ်းထက်နေခြင်းကပင် သူ၏ ကြောက်မက်ဖွယ်ကောင်းသော သဘောသဘာ၀ကို ပြသရန် လုံလောက်နေပြီဖြစ်သည်။

“သူ့ဆီမှာ လှည့်ကွက်တချို့ရှိနေတာ သေချာတယ်၊ ဒါပေမဲ့ မင်း ငါနဲ့လာတွေ့တာတော့ အရမ်းနှမြောစရာကောင်းတယ်”

ဆိုရိုးစကားရှိသည့်အတိုင်း ကိုယ့်အိပ်ယာဘေးတွင် အခြားလူတစ်ယောက်ရှိ‌နေလျှင် မည်သို့များ အေးအေးချမ်းချမ်း အိပ်စက်နိုင်မည်နည်း။

ကျိုးရီအနေဖြင့် တစ်ဖက်လူက သူ့နယ်မြေအတွင်း တရားတော်များ ဖြန့်ဝေကာ သူ့လူများအား လှည့်စားဖျားယောင်းနေခြင်းကို ခွင့်မပြုနိုင်ချေ။

အခြား မိစ္ဆာဘုန်းကြီးများမှာ အစပိုင်းတွေ အတော်လေး တည်ငြိမ်နေခဲ့ကြသော်လည်း သူတို့၏ ဆရာတူညီလေး ပေါက်ကွဲသွားသည်ကို မြင်လိုက်ရသောအခါ ထိတ်လန့်တုန်လှုပ်သွားကြတော့သည်။

“ခင်ဗျား... ခင်ဗျား ဘာလုပ်ချင်နေတာလဲ”

“သတိမပေးဘူးလို့ ဒီဘုန်းကြီးကို အပြစ်မတင်နဲ့နော်၊ ခင်ဗျား ဆက်ပြီးခေါင်းမာနေလို့ အမြင့်မြတ်ဆုံး လောကအရှင်သခင် ဒေါသထွက်သွားရင် ခင်ဗျား ဘယ်လိုသေသွားမှန်းတောင် သိလိုက်ရမှာမဟုတ်ဘူး”

“နားညီးလိုက်တာ”

ကျိုးရီ ခေါင်းခါယမ်းလိုက်ပြီး လက်ဝှေ့ယမ်းကာ ဤလူများကို ပြာအဖြစ်သို့ ပြောင်းလဲပစ်လိုက်သည်။

ထို့နောက် အမိန့်တစ်ခုကို တိုက်ရိုက်ထုတ်ပြန်လိုက်ရာ အရှေ့၊ အနောက်၊ တောင်၊ မြောက် အရပ်လေးမျက်နှာလုံးသို့ ပျံ့နှံ့သွားတော့သည်။

“ဗုဒ္ဓဘာသာကို ဖျက်ဆီးပစ်ကြ”

……

‘ဗုဒ္ဓဘာသာကို ဖျက်ဆီးပစ်ကြ’ ဟူသော အမိန့်တစ်ရပ်က မိုင်ပေါင်း သန်းရာချီ ကျယ်ဝန်းလှသော မြေပြင်တစ်ခုလုံးကို တုန်လှုပ်သွားစေသည်။

နယ်မြေနတ်ဘုရားတစ်ပါးအနေဖြင့် ကျိုးရီသည် ဤနယ်မြေအတွင်းရှိ အခြေအနေအရပ်ရပ်ကို ပြောင်းလဲပစ်ရန် အတွေးတစ်ချက်မျှသာ လိုအပ်ပေသည်။ ယခုအခါတွင် သူက ဤနယ်မြေ၌ တစ်ဦးတည်းသော နတ်ဘုရားဖြစ်နေလေပြီ။

အဆုံးမရှိ အစွမ်းထက်လှသော နတ်ဘုရားတစ်ပါးပင်။

မဟာကမ္ဘာ၏ အနောက်ဘက်အစွန်အဖျားတွင် ဗုဒ္ဓနိုင်ငံတော်တစ်ခု တည်ရှိနေသည်။

ထိုဗုဒ္ဓနိုင်ငံတော်အတွင်း၌ မရေမတွက်နိုင်သော လူနှင့် ဘုန်းကြီးများ သီတင်းသုံးနေထိုင်ကြသည်။

တစ်ပါးချင်းစီတိုင်းက ရွှေရောင်သင်္ကန်းများကို ရုံကြုံထားကာ သံခေါက်တောင်ဝှေးများကို ကိုင်ဆောင်ထားကြပြီး ရောင်စုံမင်္ဂလာတိမ်တိုက်များကို လျှောက်နင်းလာကြသည်။

သူတို့၏ နောက်ကျောဘက်တွင် ရွှေရောင်ရောင်ဝါများ ဖြာထွက်နေပြီး မြင့်မြတ်သည့် အသွင်အပြင်မျိုး ရှိနေကြသည်။

ဘုန်းကြီးပေါင်းသိန်းချီ၏ ရိုသေလေးစားမှုကို ခံယူကာ အမြင့်ဆုံးနေရာတွင် ထိုင်တော်မူနေသော မဟာမြတ်စွာဘုရားမှာ ပေတစ်ရာခန့် မြင့်မားလေသည်။

ကျောဘက်မှနေ၍ မရေမတွက်နိုင်သော ရွှေရောင်အလင်းတန်းများက ထက်မြက်သော ဓားသွားများအလား ကောင်းကင်ယံကို ထိုးဖောက်ကာ မိုင်သန်းရာချီ ကျယ်ဝန်းသော နယ်မြေတစ်ခုလုံးကို လင်းလက်သွားစေသည်။

အလင်းရောင်များက အရပ်မျက်နှာအနှံ့သို့ ဖြာကျနေပြီး ထိုအလင်းရောင်နှင့် ထိတွေ့မိသော သက်ရှိအားလုံး၏ မျက်နှာများပေါ်တွင် အလွန် ကြည်ညိုသဒ္ဓါပွားများနေသည့် အမူအရာများ ပေါ်လွင်နေသည်။

မိစ္ဆာသားရဲ၊ တစ္ဆေနှင့် လူသား။

မည်သူမဆို လောဘ၊ ဒေါသ၊ မောဟ စသည့် မှားယွင်းသော အတွေးများ လုံးဝ ကင်းစင်သွားပုံရပြီး အမှန်တရား၊ ကောင်းမြတ်ခြင်းနှင့် အလှတရားများသာ ကျန်ရစ်နေတော့သည်။

All Chapters