← Chapters

အခန်း ၉၇

Vol. 10 Ch. 97

အခန်း ၉၇

Vol. 10 Ch. 97

အခန်း (၉၇) - နယ်မြေနတ်ဘုရားတစ်ပါးကို သတ်ရန် ဆုံးဖြတ်လိုက်ခြင်း (၁)

“အဲ့ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ကျွန်တော် ကြားဖူးပါတယ်၊ ဒါပေမဲ့ ခင်ဗျားတို့ စိတ်ချလက်ချ နေလို့ရတယ်၊ ဘာလို့လဲဆိုတော့ အဲ့ဒီနည်းလမ်းကိုသုံးဖို့ ကျွန်တော် တစ်ခါမှ မတွေးခဲ့ဖူးလို့ပဲ”

တိတိကျကျပြောရရင် လောကဧကရာဇ်ဖြစ်လာဖို့ကို ကျွန်တော် အစကတည်းက တစ်ခါမှ မတွေးခဲ့ဖူးဘူး”

အစွမ်းထက်နယ်မြေနတ်ဘုရားသုံးပါးမှာ တစ်ဦးနှင့်တစ်ဦး အကြည့်ချင်း ဖလှယ်လိုက်ကြပြီး သူတို့သုံးဦးလုံး၏ မျက်နှာပေါ်တွင် တွေဝေမှုအရိပ်အယောင်အချို့ ပေါ်လွင်လာကာ မေးမြန်းလိုက်ကြသည်။

“ဒီလိုဆိုမှတော့ နယ်မြေနတ်ဘုရားကျိုးက ဒီလိုလုပ်ရတဲ့ ရည်ရွယ်ချက်က ဘာလဲဆိုတာ မေးခွင့်ပြုပါ”

လောကဧကရာဇ် မဖြစ်ချင်သောသူက အခြား နယ်မြေနတ်ဘုရား အနည်းငယ်နှင့် မဟာမိတ်ဖွဲ့လိုနေသည်။

ဤမဟာမိတ်ဖွဲ့ခြင်းက မည်သည့်အဓိပ္ပာယ်များ သက်ရောက်နေမည်လော။

ကျိုးရီက တည်တည်ငြိမ်ငြိမ် ပြုံးပြလိုက်ပြီး ထပ်မံရှင်းပြလာသည်။

“ကျွန်တော် လောကဧကရာဇ်မဖြစ်ချင်ဘူးဆိုတာနဲ့ပဲ တခြားသူတွေကို လောကဧကရာဇ်အဖြစ်ခံမယ်လို့တော့ မဆိုလိုဘူးလေ၊ ဒီတစ်ကြိမ် လောကဧကရာဇ်အတွက် ကျွန်တော့်လူတစ်ယောက်ကို အဲ့ဒီနေရာရောက်အောင် ထောက်ပံ့ပေးဖို့ စီစဉ်ထားတယ်”

“ဘာ”

ဤစကားကို ကြားလိုက်ရသည်နှင့်တစ်ပြိုင်နက် အခြားသူများမှာ ချက်ချင်းပင် တုန်လှုပ်သွားကြပြီး သူတို့၏ မျက်နှာများမှာ ဖြူရော်သွားတော့သည်။

အဘယ်ကြောင့်ဆိုသော် သူတို့၏ နှလုံးသားထဲတွင် ဤသည်မှာ လုံးဝ ယုံကြည်နိုင်စရာမရှိသော အတွေးတစ်ခု ဖြစ်နေသောကြောင့်ပင်။

မဟုတ်သေး။ တိတိကျကျ ပြောရလျှင် ယုံကြည်နိုင်စရာ မရှိဟု ပြောဆိုခြင်းကပင် လျှော့လျှော့ပေါ့ပေါ့ပြောနေခြင်း ဖြစ်ပေလိမ့်မည်။

နယ်မြေနတ်ဘုရားလင်းက ပထမဆုံး စတင်ပြောဆိုလာပြီး သူ့ရင်ထဲမှ သံသယကို ဖွင့်ဟမေးမြန်းလာသည်။

“နယ်မြေနတ်ဘုရားကျိုး... ဒီလိုစကားမျိုးပြောထွက်ဖို့ ခင်ဗျားဆီမှာ ဘယ်လိုသတ္တိတွေ ရှိနေလဲဆိုတာ ကျွန်တော် မသိပေမဲ့ ခင်ဗျားရဲ့ အတွေးက လုံးဝကို ယုတ္တိမရှိဘူး၊ ကျွန်တော် ရှင်းရှင်းလင်းလင်း ပြောပြချင်တယ်”

“ခင်ဗျားက တကယ်ကို အရမ်းအစွမ်းထက်ပါတယ်, ဒီအဘိုးကြီးက နှစ်ပေါင်းတစ်ထောင်ကျော် အသက်ရှင်နေထိုင်ခဲ့ပြီး အမျိုးအစားစုံလင်လှတဲ့ ပါရမီရှင်တွေကို မရေမတွက်နိုင်အောင် မြင်တွေ့ခဲ့ဖူးပေမဲ့ ခင်ဗျားနဲ့ ယှဉ်နိုင်တဲ့သူက ခပ်ရှားရှားပဲ”

“ဒါပေမဲ့ အဲဒီအချက်က ခင်ဗျား ဒီလောက်အထိ မာနကြီးနိုင်တယ်လို့ ဆိုလိုတာမဟုတ်ဘူး”

နယ်မြေနတ်ဘုရားကုန်းစွန်းကလည်း ဝင်ရောက်ပြောဆိုလာသည်။

“နယ်မြေနတ်ဘုရားတစ်ပါးကို လောကဧကရာဇ်ဖြစ်လာအောင် ထောက်ပံ့ပေးချင်တာလား၊ လက်ရှိ လောကဧကရာဇ်တောင်မှ ဒီလိုကိစ္စမျိုးကို သူ လုပ်နိုင်တယ်လို့ အာမမခံရဲဘူး”

ကျိုးရီ ခေါင်းညိတ်ပြလိုက်သည်။ ဤလူများ ဤသို့ပြောလာမည်ကို သူ ကြိုတင်ခန့်မှန်းထားပြီး ဖြစ်ပေသည်။

ယခင်က လီရွှန်ကျိုး ပန်းကန်ကွဲတစ်လုံးဖြင့် တာ့ချန်နိုင်ငံကို တည်ထောင်ခဲ့သကဲ့သို့ပင်။

ဤသို့သော ကိစ္စမျိုးက သဘာ၀အရ ယုံကြည်နိုင်စရာမရှိလောက်အောင် ထူးဆန်းလွန်းလှပြီး သာမန်လူများ လုပ်ဆောင်နိုင်မည့်အရာမျိုး မဟုတ်ချေ။

နယ်မြေနတ်ဘုရားတစ်ပါးကို ထိုနေရာသို့ တွန်းပို့ပေးရန်ဆိုသည်မှာ အဆပေါင်းသောင်းချီ၍ ပိုမိုခက်ခဲလှပေသည်။

ထိုရည်မှန်းချက်အတွက် သူသည် နယ်မြေနတ်ဘုရားအားလုံးကို သူ၏ လက်အောက်ခံများ ဖြစ်လာစေရန် ပြုလုပ်ရပေမည်။

အနည်းဆုံးတော့ အစွမ်းထက်ဆုံး နယ်မြေနတ်ဘုရားများကို သူ့လက်အောက်သို့ သိမ်းသွင်းရမည်ဖြစ်သည်။

ဤတစ်ချက်တည်းနှင့်ပင် ကောင်းကင်ဘုံကို အံတုနိုင်လောက်သော အခက်အခဲတစ်ခု ဖြစ်နေပြီဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် သူသည် အစွမ်းထက်နယ်မြေနတ်ဘုရားအားလုံးနှင့် တိုက်ခိုက်ရမည်ဖြစ်ပြီး သူတို့အားလုံးကို အနိုင်ယူရမှသာ ထိုရည်မှန်းချက်ကို အကောင်အထည် ဖော်နိုင်ပေလိမ့်မည်။

သူတို့ကို ရိုးရိုးရှင်းရှင်း အနိုင်ယူရုံမျှသာမကဘဲ ပြန်မတိုက်ခိုက်ရဲလောက်အောင် အပြည့်အဝ ချေမှုန်းပစ်ရမည်ဖြစ်ပြီး နှလုံးသားအောက်ခြေမှစ၍ လုံးဝအညံ့ခံလာအောင် ပြုလုပ်ရမည်ဖြစ်သည်။

နယ်မြေနတ်ဘုရားများက မည်မျှအထိ အစွမ်းထက်သနည်း။ ဤအဆင့်သို့ ရောက်ရှိနိုင်သူတိုင်းသည် ဤကောင်းကင်နှင့် မြေကြီးကြားတွင် ထိပ်တန်းတည်ရှိမှုများ ဖြစ်ကြသည်ဟု ဆိုနိုင်သည်။

သူတို့တိုင်းသည် နယ်မြေနတ်ဘုရားအဆင့်သို့ ရောက်ရှိရန် မရေမတွက်နိုင်သော အခက်အခဲများကို ဖြတ်သန်းခဲ့ကြရသည်။

သူတို့၏ ဘဝတစ်လျှောက်လုံးတွင် အရာများစွာကို ကြုံတွေ့ခဲ့ရပြီးဖြစ်သဖြင့် လူတစ်ဦးချင်းစီ၏ စိတ်နှလုံးအခြေအနေမှာ အထွတ်အထိပ်သို့ ရောက်ရှိနေလေပြီ။

ထိုသို့သော လူမျိုးများက အခြားသူများကို အဘယ်ကြောင့် လွယ်လွယ်ကူကူ အညံ့ခံနိုင်မည်နည်း။

သူတို့ပင်လျှင် သူ့ရည်မှန်းချက်ကို ကြားရုံမျှဖြင့် သူနှင့် မဟာမိတ်ဖွဲ့ရန် မဖြစ်နိုင်ဟု ခံစားလာရသည်။

“ခင်ဗျားတို့ ပြောတာတွေက တကယ်ကို မှန်ပါတယ်၊ လူတစ်ယောက်ကို လောကဧကရာဇ် ဖြစ်လာအောင် လုပ်နိုင်ဖို့ဆိုတာကို ကျွန်တော်လည်း ရာနှုန်းပြည့် မသေချာဘူး”

“ဒါပေမဲ့ ကိုယ်စားလှယ်လောင်းအဖြစ် တင်သွင်းခံရတဲ့သူက ကျွန်တော့်လူ ဖြစ်နေသရွေ့တော့ ဘယ်သူပဲ လောကဧကရာဇ် ဖြစ်လာဖြစ်လာ အတူတူပါပဲ၊ ကျွန်တော့်မှာ နောက်ဆုံးဆုံးဖြတ်ချက်ကို ချမှတ်နိုင်စွမ်း မရှိပေမဲ့ ပြိုင်ပွဲဝင်တွေကို ထောက်ပံ့ပေးနိုင်စွမ်းရှိတယ်”

“ကျွန်တော့်ရဲ့ လက်အောက်ခံ မဟုတ်တဲ့ နယ်မြေနတ်ဘုရားတွေ အားလုံးကို ကျွန်တော်သတ်ပစ်မယ်၊ ပြီးတော့ ကျန်ရစ်တဲ့သူတွေ အားလုံးက ကျွန်တော့်ရဲ့ လက်အောက်ခံတွေချည်းပဲ ဖြစ်လိမ့်မယ်”

“ဒါက ကျွန်တော်တို့ပြောခဲ့တာနဲ့ အတူတူပဲ မဟုတ်ဘူးလား။ ခင်ဗျားက ဘယ်လိုလုပ်ပြီး လူတိုင်းကို ခင်ဗျားရဲ့လက်အောက်ခံ ဖြစ်လာအောင် လုပ်နိုင်မှာလဲ၊ ခင်ဗျားရဲ့ ပစ်မှတ်က သာမန်ဇာတ်ကောင်ငယ်လေးတွေ မဟုတ်ဘဲ ဒီကမ္ဘာကြီးရဲ့ ထိပ်တန်းအုပ်စုဆိုတာ ခင်ဗျား သိထားသင့်တယ်”

“တခြားအရာတွေ အားလုံးကို ထည့်မတွက်နဲအုံး၊ အခု ဒီမှာရှိနေတဲ့ ကျွန်တော်တို့ သုံးယောက် အလှည့်ကျတိုက်ခိုက်ရင်တောင် ခင်ဗျားကို အခက်တွေ့စေဖို့ လုံလောက်နိုင်လောက်တယ်”

ကျိုးရီ ဒေါသမထွက်ပေ။

သူ့ကို မယုံကြသော်လည်း တည်ငြိမ်အေးချမ်းနေဆဲပင်။

“ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ကျွန်တော် အမှန်ပြောနေတာလား အလိမ်ပြောနေတာလား ဆိုတာကို နောက်ပိုင်းကျရင် ခင်ဗျားတို့ သိလာပါလိမ့်မယ်၊ ခင်ဗျားတို့ သုံးယောက်ကို မြင်တာနဲ့ ကျွန်တော် ဘာလို့ တန်းမတိုက်ခဲ့တာလဲသိလား”

“အကြောင်းပြချက်တစ်ခုကတော့ ခင်ဗျားတို့ သုံးယောက်လုံးကို ကျွန်တော့်အတွက် အသုံးချချင်လို့ပါ၊ နောက်ထပ် အကြောင်းပြချက် တစ်ခုကတော့ လီရွှန်ကျိုးကို နယ်မြေနတ်ဘုရားအဆင့်ရောက်အောင် တွန်းပို့ပေးချင်လို့ပဲ”

“ယှဉ်ပြိုင်မှုစတင်ဖို့အတွက် နယ်မြေနတ်ဘုရားအရေအတွက်က ကန့်သတ်ပမာဏအထိ ပြည့်မီရမယ်ဆိုတာ ကျွန်တော်သိတယ်၊ တခြား နယ်မြေနတ်ဘုရားတွေ အားလုံးကို ကျွန်တော့်လက်အောက်ကို သိမ်းသွင်းဖို့ဆိုတာ လက်တွေ့မဆန်ဘူး”

အဲ့ဒါကြောင့် နောက်ထပ် နယ်မြေနတ်ဘုရား နည်းနည်းလောက် ထွက်ပေါ်လာအောင် ကျွန်တော် ထောက်ပံ့ပေးဖို့လိုတယ်”

“လီရွှန်ကျိုးက အဲ့ဒီအထဲက တစ်ယောက်ပဲ ပြီးတော့ သူနဲ့ ခင်ဗျားတို့ သုံးယောက်ရဲ့ တပည့်တွေကြားက ဆက်ဆံရေးကြောင့် ကျွန်တော် ခင်ဗျားတို့ကို တန်းမတိုက်ခဲ့တာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်”

“ဒါ့အပြင် ကျွန်တော်ကိုယ်တိုင်လည်း အချိန်တိုအတွင်း နယ်မြေနတ်ဘုရားအဆင့် ကျင့်ကြံသူ အလုံအလောက်ကို မရွေးချယ်နိုင်ဘူးလေ၊ အဲ့ဒါကြောင့် ခင်ဗျားတို့ သုံးယောက်က ကျွန်တော့်ကို နေရာနည်းနည်းလောကိ ထောက်ပံ့ပေးနိုင်ရင် ကျွန်တော့်အတွက် အလုပ်ရှုပ်သက်သာသွားတာပေါ့”

ကျိုးရီအနေဖြင့် လုံလောက်သော နယ်မြေနတ်ဘုရားအဆင့် ကျင့်ကြံသူများကို ပြုစုပျိုးထောင်ပေးရန်အတွက်နှင့် ဤကမ္ဘာတွင် နှစ်ရာချီကြာအောင် မစောင့်နေနိုင်ချေ။

သူ့ရှေ့ရှိ သုံးဦးကဲ့သို့ အသင့်ရှိနေသူများကို အသုံးပြုခြင်းက ကိုယ်တိုင်ပြုစုပျိုးထောင်ရခြင်းထက် များစွာ ပိုမိုရိုးရှင်းလှသည်။ ဤသည်မှာ အစကတည်းက သူ မလှုပ်ရှားခဲ့ရခြင်း၏ အကြောင်းရင်းလည်း ဖြစ်ပေသည်။

သို့မဟုတ်ပါက တိုက်ရိုက်ရိုက်နှက်လိုက်ခြင်းက ဤသုံးဦးကို ပြတ်ပြတ်သားသား အဖြေထွက်လာစေပေလိမ့်မည်။

“နယ်မြေနတ်ဘုရားကျိုး... ခင်ဗျား မတိုင်ခင်ကတည်းက နယ်မြေနတ်ဘုရားအဆင့်မှာ နယ်မြေနတ်ဘုရားရှစ်ပါး ရှိနေခဲ့ပြီးပြီ။ အခု ခင်ဗျားနဲ့ဆိုရင် ကိုးပါးရှိနေပြီ၊ အခု နောက်ထပ်တစ်ပါးသာ ထွက်ပေါ်လာခဲ့ရင် လောကဧကရာဇ်ပြိုင်ပွဲက ချက်ချင်းစတင်တော့မယ်”

“လီရွှန်ကျိုးကို နယ်မြေနတ်ဘုရားအဆင့်ရောက်အောင် တွန်းပို့ပေးနိုင်တဲ့နည်းလမ်း ခင်ဗျားဆီမှာ ရှိရင်တောင်မှ တခြားတစ်ယောက်ယောက်က ခင်ဗျားထက်အရင် လက်ဦးသွားမယ်ဆိုရင် ခင်ဗျားရဲ့အစီအစဉ်က လုံးဝကျရှုံးသွားလိမ့်မယ်”

“နယ်မြေနတ်ဘုရားအဆင့်ကျင့်ကြံသူတွေ အဲ့ဒီလောက်တောင် များနေပြီလား”

ကျိုးရီ ခပ်တိုးတိုး ရေရွတ်လိုက်သည်။

“ဒီကိစ္စကိုတော့ ကျွန်တော် တကယ်ကြီး မစဉ်းစားမိခဲ့ဘူး။ ဒါပေမဲ့ သိပ်တော့ ပြဿနာမရှိပါဘူး။ နယ်မြေနတ်ဘုရားတစ်ပါးကို သတ်ပြီး နေရာလွတ် နှစ်နေရာ ဖန်တီးလိုက်သရွေ့ အချိန်တိုအတွင်း တခြားသူတွေ နယ်မြေနတ်ဘုရားနေရာ လုယူသွားမှာကို ပူစရာမလိုတော့ဘူးပေါ့”

“ဟီးဟီးဟီး...”

ဤစကားကို ကြားလိုက်ရချိန်တွင် နယ်မြေနတ်ဘုရားလင်းက ဘာမျှ ထပ်မပြောလိုတော့ဘဲ ရယ်မောကာ ခေါင်းခါယမ်းလိုက်သည်။

“နယ်မြေနတ်ဘုရားကျိုး... ဒီလို အဓိပ္ပာယ်မရှိတဲ့ စကားတွေကို ပြောထွက်ဖို့ ခင်ဗျားဆီမှာ ဘယ်လို အကြောင်းအရာတွေ ရှိနေလဲဆိုတာ ကျွန်တော်မသိဘူး၊ ဒါပေမဲ့ ကျွန်တော်ပြောရဲတာ တစ်ခုကတော့ ခင်ဗျားရဲ့ ခွန်အားက ဘယ်လောက်ပဲ အစွမ်းထက်နေပါစေ ကောင်းကင်ဘုံကို အံတုနိုင်လောက်တဲ့အထိတော့ မဖြစ်နိုင်ဘူးဆိုတာပဲ”

“ခင်ဗျားရဲ့ အစီအစဉ်က ပြီးပြည့်စုံဖို့ လုံးဝမဖြစ်နိုင်ဘူးလို့ ဒီအဘိုးကြီး တပ်အပ်ပြောရဲတယ်”

“ကျွန်တော်တို့နဲ့ မဟာမိတ်ဖွဲ့ချင်တဲ့ ခင်ဗျားရဲ့ ဆန္ဒနဲ့ ပတ်သက်ပြီးတော့ ခုနက ကျွန်တော်တို့ ပြောခဲ့တဲ့ အကြောင်းပြချက်တွေအရ အဲ့ဒါကလည်း ဖြစ်နိုင်မယ်လို့ ငါ မထင်ဘူး”

“အဲ့ဒါကြောင့် အချိန်ဖြုန်းမနေဘဲ အဲ့ဒီကောင်လေး လီရွှန်ကျိုးကို ထွက်လာခိုင်းပြီး သူ့ကိစ္စကိုပဲ ဆွေးနွေးကြတာပေါ့”

အခြားနယ်မြေနတ်ဘုရားနှစ်ပါးက စကားမပြောကြသေးသော်လည်း သူတို့၏ မျက်လုံးများက နယ်မြေနတ်ဘုရားလင်း၏ စကားကို သဘောတူကြောင်း အတည်ပြုနေသည်။

ကျိုးရီသည် ဤအခြေအနေမျိုးကို သဘာဝကျကျပင် ကြိုတင်မျှော်လင့်ထားပြီး ဖြစ်ပေသည်။

အဆုံးတွင်တော့ သူပြောဆိုခဲ့သော အရာများက ယုံကြည်နိုင်စရာမရှိလောက်အောင် ထူးဆန်းလွန်းလှသဖြင့် သာမန်လူများအနေဖြင့် လုံးဝ နားမလည်နိုင်သလို နားလည်ခဲ့လျှင်တောင်မှ ယုံကြည်ကြမည်မဟုတ်ပေ။

အထူးသဖြင့် တစ်ဖက်က အစွမ်းထက် နယ်မြေနတ်ဘုရားများ ဖြစ်နေကြသောကြောင့်ပင်။

သူတို့ကို ယုံကြည်လာစေရန် နည်းလမ်းတစ်ခုတည်းသာရှိသည်။ ၎င်းမှာ သူ၏ ကိုယ်ပိုင်ခွန်အားဖြင့် သူတို့ကို အနိုင်ယူခြင်းဖြစ်သည်။

“ကျွန်တော်သိပါတယ်၊ ဘာပဲဖြစ်ဖြစ် ခင်ဗျားတို့က ကျွန်တော့်ကို ယုံကြည်ကြမှာမဟုတ်ဘူး။ တစ်ကယ်လို့ ကျွန်တော်တို့ တကယ်တိုက်ကြမယ်ဆိုရင် ကျွန်တော်တို့ကြားက သဟဇာတဖြစ်မှုကို ထိခိုက်စေတာက ကိစ္စသေးသေးလေးပါ”

“ဒါပေမဲ့ ခင်ဗျားတို့ ဒဏ်ရာအပြင်းအထန်ရသွားပြီး လောကဧကရာဇ်ပြိုင်ပွဲကို မပြိုင်နိုင်တော့ဘူးဆိုရင် အရာအားလုံးက အဓိပ္ပာယ်မဲ့သွားလိမ့်မယ်”

All Chapters