← Chapters

အခန်း ၉၈

Vol. 10 Ch. 98

အခန်း ၉၈

Vol. 10 Ch. 98

အခန်း (၉၈) - နယ်မြေနတ်ဘုရားတစ်ပါးကို သတ်ရန် ဆုံးဖြတ်လိုက်ခြင်း (၂)

“ဒီလိုဆိုမှတော့ ခင်ဗျားတို့ သုံးယောက်ကို စိတ်အေးသွားစေဖို့အတွက် ကျွန်တော် နည်းနည်းလောက် ကိုယ်လက်လှုပ်ရှားပြလိုက်တာ ပိုကောင်းမယ်”

ဤစကားကို ကြားလိုက်ရသောအခါ သူတို့သုံးဦးလုံး မျက်မှောင်ကြုတ်သွားကြသည်။

ကျိုးရီ၏ လေသံကို နားထောင်ခြင်းအားဖြင့် သူ လှုပ်ရှားတော့မည်ဖြစ်ကြောင်း သူတို့ သိလိုက်ရပြီး သူ၏ ဆိုလိုရင်းအရ သူတို့ကို တိုက်ခိုက်မည်မဟုတ်ဘဲ အခြားနယ်မြေနတ်ဘုရားအဆင့် ကျင့်ကြံသူတစ်ဦးကို တိုက်ခိုက်မည်ဖြစ်ကြောင်း သိလိုက်ရသည်။

ဤအခိုက်အတန့်မှာပင် တာ့ချန်နိုင်ငံ၏ အထက်ကောင်းကင်ယံတွင် ရွှေရောင်တိမ်တိုက်တစ်ခု ရုတ်တရက် ပေါ်ထွက်လာသည်။

အစွမ်းထက်နယ်မြေနတ်ဘုရားအဆင့် ကျင့်ကြံသူများ ဖြစ်ကြသည်နှင့်အညီ ဤအရာအားလုံးကို သူတို့သုံးဦးလုံး တစ်ပြိုင်နက်တည်း အာရုံခံမိလိုက်ကြသည်။

“ဒီအငွေ့အသက်က အနောက်ဘက်က ဘုန်းကြီးတွေဆီမှာပဲ ရှိတာမဟုတ်ဘူးလား၊ ဒီနေရာကို ဘယ်လိုလုပ်ရောက်လာတာလဲ”

“အနောက်ဘက်က မဟာအလင်း မြတ်စွာဘုရားရဲ့ တပည့်တွေဖြစ်တဲ့ ပူဇော်ခြင်းဘုရားငယ်နဲ့ တောင်စဉ်ဖိနှိပ်ခြင်းဘုရားငယ်တို့ပဲ။ သူတို့က မဟာအလင်း မြတ်စွာဘုရားရဲ့ အကျော်ကြားဆုံး တပည့်နှစ်ပါးပဲ၊ သူတို့က အမြဲတမ်း မဟာအလင်း မြတ်စွာဘုရားကို ရိုသေလေးစားကိုင်းရှိုင်းကြတယ်”

“ပုံမှန်အခြေအနေမျိုးဆိုရင် ကိစ္စကြီးကြီးမားမား မရှိဘဲနဲ့ သူတို့က ထွက်လာလေ့မရှိဘူး။ ဒီနေ့တော့ တစ်ပြိုင်နက်တည်း ထွက်လာကြပါလား၊ ကြည့်ရတာ နယ်မြေနတ်ဘုရားကျိုးက တစ်ခုခု လုပ်ခဲ့ပုံရတယ်၊ အဲ့ဒါကြောင့် သူတို့ကြားမှာ ပဋိပက္ခတချို့ ဖြစ်လာတာနေမယ်”

ကျိုးရီက လက်နောက်ပစ်ကာ အပြင်ဘက်သို့ လျှောက်သွားနေပြီဖြစ်သည်။

“အသက်ရှည်ဦးမယ့်လူတွေပဲ။ အနောက်ဘက်ဝိညာဉ်တောင်ဆီ သွားမယ့်လမ်းကြောင်းကို ခင်းဖို့ ဒီလူတွေရဲ့ သွေးကို သုံးလိုက်တာ ပိုကောင်းမယ်ထင်တယ်”

“ပြီးတော့ အဲ့ဒီ အနောက်ဘက်သုခဘုံဆိုတာ တကယ်တမ်း ဘယ်လိုပုံစံမျိုးလဲဆိုတာ သွားကြည့်ရမယ်”

သူတို့ သုံးဦး၏ မျက်နှာအမူအရာများ ရုတ်တရက် ပြောင်းလဲသွားကြသည်။

ကျိုးရီက ထိုတစ်ပါးကို အမှန်တကယ် တိုက်ခိုက်တော့မည်လော။

သူ မည်သူ့အား ပစ်မှတ်ထားမည်ကို ခန့်မှန်းရင်း ဖြစ်နိုင်ခြေ များစွာကို သူတို့ စဉ်းစားခဲ့ကြသော်လည်း ကျိုးရီက မဟာအလင်း မြတ်စွာဘုရားကို တိုက်ခိုက်လိမ့်မည်ဟုတော့ လုံးဝ ထင်မှတ်မထားခဲ့ကြချေ။

ထိုသူက ပေါ့ပေါ့တန်တန် သဘောထား၍ ရမည့်သူမျိုးမဟုတ်ပေ။

သူ၏ ကြမ်းတမ်းခက်ထန်သော ဂုဏ်သတင်းက နေရာအနှံ့ ကျော်ကြားနေသည်မဟုတ်လော။

သူက လောကီရေးရာများ သို့မဟုတ် သေမျိုးလူ့လောကတွင် ပါဝင်ပတ်သက်ခြင်း မရှိဘူးဟု ဆိုသော်ငြား အမှန်တကယ်တွေင် သူ၏ ဩဇာလွှမ်းမိုးမှုများကို သာမန်ပြည်သူများကြား မကြာခဏ တိုးချဲ့လေ့ရှိသည်။

အခြား နယ်မြေနတ်ဘုရားများက သူနှင့် အကျိုးအကြောင်း ဆွေးနွေးလိုလျှင်ပင် သူ့လောက် အစွမ်းမထက်ကြချေ။

ဤနှစ်များတစ်လျှောက် သူ့လက်အောက်တွင် မရေမတွက်နိုင်သော ကျင့်ကြံသူများ ကျဆုံးခဲ့ရပြီးဖြစ်သည်။

နယ်မြေနတ်ဘုရားအများအပြားကို တစ်ပြိုင်နက်တည်းအနိုင်ယူကာ အပြည့်အဝ ချေမှုန်းနိုင်စွမ်းရှိသည့် အနေအထားမျိုး မဟုတ်သော်လည်း သတိထားရမည့် တည်ရှိမှုတစ်ခု ဖြစ်နေဆဲပင်။

မည်သို့ပင်ဆိုစေ သူတို့သုံးယောက်ကို မသတ်နိုင်သော်လည်း အပြင်းအထန် ဖိနှိပ်နိုင်စွမ်းတောါ အမှန်တကယ် ရှိပေသည်။

“နယ်မြေနတ်ဘုရားကျိုး၊ ခင်ဗျား ဘာလုပ်ချင်နေတာလဲ၊ မဟာအလင်း မြတ်စွာဘုရားနဲ့ တိုက်ဖို့ ကြိုးစားနေတာလား”

“ဒီ ကျိုးမျိုးရိုးက အရင်တုန်းက သူနဲ့ အနည်းငယ် ပဋိပက္ခ ဖြစ်ထားဖူးတယ်၊ အခု သူ့ကို တိုက်တာက အရင်အဖြစ်အပျက်တွေအတွက် ကလဲ့စားချေရုံသက်သက်ပါပဲ”

“ဒီလူက ကျွန်တော့်ရဲ့မဟာမိတ် ဖြစ်လာနိုင်မှာ မဟုတ်ဘူးလို့ ကျွန်တော် ယူဆထားတယ်။ ဒီလိုဆိုမှတော့ သူ့ကို သတ်ပစ်လိုက်ပြီး ဒီကမ္ဘာအတွက် နယ်မြေနတ်ဘုရားနေရာတစ်ခု လစ်လပ်သွားအောင် လုပ်လိုက်တာ အကောင်းဆုံးပဲ မဟုတ်ဘူးလား”

ရိုးရှင်းလှသော ဤစကားများ ထွက်ပေါ်လာချိန်တွင် ကြားရသူတိုင်း ချက်ချင်းပင် တုန်လှုပ်ချောက်ချားသွားကြတော့သည်။

လူတိုင်း၏ နှလုံးသားများမှာ အချိန်အတော်ကြာသည်အထိ မငြိမ်မသက်ဖြစ်နေကြသည်။

ကျိုးရီက မဟာအလင်း မြတ်စွာဘုရားကို တိုက်ခိုက်ရန် အမှန်တကယ် ရည်ရွယ်ထားခြင်းပင်။

‘ဒီလူက တကယ်သတ္တိကောင်းတာပဲ’

နယ်မြေနတ်ဘုရားသုံးပါး အံ့အားသင့်နေချိန်တွင် ကျိုးရီက အပြင်ဘက်သို့ လျှောက်သွားကာ ရောက်ရှိလာသူများကို ပစ်မှတ်ထားလိုက်ပြီ ဖြစ်သည်။

ဤအခိုက်အတန့်တွင် အနောက်ဘက်သုခဘုံမှ ဗုဒ္ဓသားတော်များသည် တာ့ချန်နိုင်ငံ၏ အထက်ကောင်းကင်ယံအနီးသို့ပင် ရောက်ရှိနေကြပြီဖြစ်သည်။

အဝေးမှနေ၍ တာ့ချန်နိုင်ငံကို မြင်လိုက်ရချိန်တွင် ပူဇော်ခြင်းဘုရားငယ်က ပြောလိုက်လေသည်ာ

“နှစ်တွေအများကြီး ကြာပြီးမှ ဒီနေရာကို ပြန်လာရလိမ့်မယ်လို့ ငါ တစ်ခါမှ မတွေးခဲ့ဖူးဘူး”

တောင်စဉ်ဖိနှိပ်ခြင်းဘုရားငယ်က ဤစကားကို ကြားလိုက်ရချိန်တွင် သိချင်စိတ်ဖြင့် မေးမြန်းလာသည်။

“စီနီယာအစ်ကိုပူဇော်ခြင်းက ဒီနေရာကို အရင်ကရောက်ဖူးလို့လား”

ပူဇော်ခြင်းဘုရားငယ်က ခေါင်းညိတ်ပြလိုက်သည်။

“တစ်ခါတုန်းက ငါ့ရဲ့ ကိုယ်ပွားတစ်ခုက ဘဝအနှစ်သာရကို ခံစားဖို့ ဒီနေရာကို ရောက်လာခဲ့ဖူးတယ်။ သူ့ရဲ့ ကိုယ်ပိုင်အမှတ်အသားက မိစ္ဆာအိုကြီးထျန်းမိုလို့ခေါ်တဲ့ မိစ္ဆာခေါင်းဆောင်တစ်ယောက်ပဲ၊ ဒါပေမဲ့ မမျှော်လင့်ဘဲ ငါ့ရဲ့ ကိုယ်ပွားက ကောင်လေးတစ်ယောက် သတ်တာကို ခံလိုက်ရတယ်”

နောက်ပိုင်းကျတော့ ငါ့ရဲ့ နောက်ထပ်ကိုယ်ပွားတစ်ခုက လူဝင်စားပြီး တာ့ချန်နိုင်ငံကို ပြန်လာခဲ့တယ်၊ ကလဲ့စားချေဖို့ ကြိုးစားခဲ့ပေမဲ့ မမျှော်လင့်ဘဲ ပေါ်လာတာနဲ့တစ်ပြိုင်နက် ထပ်ပြီးအသတ်ခံလိုက်ရပြန်တယ်”

“အဲ့ဒီကောင်လေးရဲ့ ကျင့်ကြံခြင်းအမြန်နှုန်းက အရမ်းမြန်ဆန်ပေမဲ့ ဒီတစ်ကြိမ်တော့ သူ ထပ်ပြီးမာနကြီးဖို့ အခွင့်အရေး မရှိတော့ဘူး၊ အခု ငါက အရမ်းအစွမ်းထက်နေပြီ”

တောင်စဉ်ဖိနှိပ်ခြင်းဘုရားငယ်က ခေါင်းညိတ်ပြလိုက်သည်။

သူတို့အဆင့်ရှိ အစွမ်းထက်ပုဂ္ဂိုလ်များအနေဖြင့် သေးငယ်သော နေရာများတွင် ဘဝအနှစ်သာရကို ခံစားရန်အတွက် ကိုယ်ပွားအချို့ကို စေလွှတ်လေ့ရှိကြသည်။

ထို့နောက် ၎င်းတို့ကို ပြန်လည်ဝါးမျိုခြင်းက သူတို့၏ ဉာဏ်အလင်းပွင့်နိုင်စွမ်းကို တိုးတက်စေနိုင်ပြီး ခွန်အားများကိုလည်း အလျင်အမြန် တိုးတက်လာစေနိုင်သည်။

သေချာသည်ကတော့ ပူဇော်ခြင်းဘုရားငယ်ပြောခဲ့သည့်အတိုင်း သူတို့၏ ကိုယ်ပွားများကို လူယုတ်မာများက သတ်ဖြတ်ခြင်းမျိုးကလည်း ရှောင်လွှဲ၍မရနိုင်ချေ။

ထိုသို့ဖြစ်လာပါက သူတို့စေလွှတ်ခဲ့သော ကိုယ်ပွားမှာ အလဟဿ ဖြစ်သွားပေမည်။

မည်သို့ပင်ဆိုစေ အဆုံးတွင်တော့ သူတို့ အရှုံးပေါ်မည်မဟုတ်ချေ။ အဘယ်ကြောင့်ဆိုသော် နောက်ဆုံးတွင် သူတို့၏ မူလခန္ဓာကိုယ်က ကိုယ်တိုင်ကိုယ်ကျရောက်လာပြီး တစ်ဖက်လူကို သတ်ဖြတ်၍ သူတို့၏ ကိုယ်ပွားအတွက် ကလဲ့စားချေနိုင်သောကြောင့်ပင်။

ယခုဖြစ်ရပ်ကဲ့သို့ ဖြစ်လေ၏။

“စီနီယာအစ်ကိုပူဇော်ခြင်း... စိုးရိမ်စရာမလိုပါဘူး။ ဒီတစ်ကြိမ် ငါတို့နှစ်ယောက်လုံးရဲ့ မူလခန္ဓာကိုယ်တွေ ရောက်လာတာဆိုတော့ တာဝန်ကို လွယ်လွယ်ကူကူပြီးမြောက်နိုင်မှာ သေချာတယ်၊ အဲ့ဒီကောင်လေးကို သတ်တာက လမ်းကြုံလုပ်ရမယ့် သေးငယ်တဲ့ ကိစ္စတစ်ခုသာသာပါ”

ပူဇော်ခြင်းဘုရားငယ်က ခေါင်းညိတ်ပြလိုက်၏။

သူတို့နှစ်ဦးမှာ မြို့တော်၏ အထက်ကောင်းကင်ယံသို့ အလျင်အမြန် ရောက်ရှိလာကြသည်။

အောက်ဘက်ရှိ စည်ကားနေသော လမ်းမများကို ကြည့်ရင်း သူတို့ သရော်ပြုံးမပြုံးဘဲ မနေနိုင်တော့ချေ။

“ကျိုးရီ၊ လူယုတ်မာကောင် အခုချက်ချင်းထွက်ခဲ့စမ်း”

စားသောက်ဆိုင်တံခါးမှ ယခုလေးတင် ထွက်လာသော ကျိုးရီမှာ ဤစကားကို ကြားလိုက်ရချိန်တွင် နေရာမှာပင် အေးခဲသွားတော့သည်။

“ဘာဖြစ်နေတာလဲ။ သူတို့က ငါ့ကို တစ်ကယ်ကြီး သိနေတာလား။ ဒါက နည်းနည်းတော့ ထူးဆန်းလွန်းမနေဘူးလား”

“ဒီနှစ်ကောင်က ဘယ်သူတွေလဲဆိုတာ ငါ သွားကြည့်လိုက်ဦးမယ်”

ကောင်းကင်ယံတွင် ပူဇော်ခြင်းဘုရားငယ်နှင့် တောင်စဉ်ဖိနှိပ်ခြင်းဘုရားငယ်တို့ စကားပြောဆိုပြီး နောက်တစ်စက္ကန့်အတွင်းမှာတင် သွေးမြူများအဖြစ် တိုက်ရိုက် ပေါက်ကွဲထွက်သွားကာ လေနှင့်အတူ ပြန့်ကျဲပျောက်ကွယ်သွားတော့သည်။

သူတို့နောက်ရှိ ရဟန္တာနှစ်ရာမှာ ဤမြင်ကွင်းကို မြင်လိုက်ရချိန်တွင် ကြောက်လွန်းသဖြင့် အပြင်းအထန် တုန်ယင်သွားကြတော့သည်။

ကြောက်စရာကောင်းလွန်းလှသည်။

‘ဒါက ဘယ်လို သောက်ကျိုးနည်း စွမ်းအားမျိုးကြီးလဲ”

တစ်ဖက်လူ၏ အရိပ်ကို မမြင်တွေ့လိုက်ရသလို မည်သို့တိုက်ခိုက်လိုက်သည်ကိုပင် သူတို့ မမြင်လိုက်ရချေ။

ပူဇော်ခြင်းဘုရားငယ်နှင့် တောင်စဉ်ဖိနှိပ်ခြင်းဘုရားငယ်တို့မှာ သွေးမြူများအဖြစ် တိုက်ရိုက်ပေါက်ကွဲထွက်သွားခြင်းပင်။

သူတို့ ထွက်ပြေးချင်ကြသော်လည်း မပြေးနိုင်မီမှာပင် နောက်ထပ် စွမ်းအားတစ်ခု၏ ဖိနှိပ်ခြင်းကို ခံလိုက်ရသည်။

ဝုန်း...

ကျယ်လောင်သော ပေါက်ကွဲသံကြီးနှင့်အတူ ဤရဟန္တာနှစ်ရာလုံးမှာလည်း အသတ်ခံလိုက်ရတော့သည်။

ကျိုးရီက သွေးအနှစ်သာရများနှင့် မှတ်ဉာဏ်များကို တိုက်ရိုက် စုပ်ယူလိုက်သည်။

“မိစ္ဆာအိုကြီးထျန်းမို သောက်ခွေး... ဘယ်သူများလဲလို့ တွေးနေတာ၊ အဲဒီအဘိုးကြီး ဖြစ်နေတာကိုး။ ဒီကောင်က တော်တော်လေး စိတ်ဝင်စားစရာကောင်းတာပဲ၊ ခဏခဏလူဝင်စားပြီး တစ်ကြိမ်၀င်စားပြီးတိုင်းမှာလည်း ပိုမြင့်တဲ့ နောက်ခံအသစ်တွေနဲ့ချည်းပဲ”

သို့သော် ကံမကောင်းစွာဖြင့် ထိုလှည့်ကွက်များက အဆုံးသတ်တွင် အသုံးမဝင်ခဲ့ချေ။

ကျိုးရီတစ်ယောက် အနောက်ဘက်ဆီသို့ ဦးတည်ထွက်ခွာသွားလေ၏။

……

သူ ထွက်ခွာသွားသည်ကို ကြည့်ရင်း ကျန်ရှိနေသူ သုံးဦးလုံး၏ မျက်နှာပေါ်တွင် လေးနက်သော အမူအရာများ ပေါ်လာတော့သည်။

“သူ့ပုံစံကြည့်ရတာ မဟာအလင်းမြတ်စွာဘုရားနဲ့ အသေအကြေတိုက်ခိုက်ဖို့ ဆုံးဖြတ်ထားပုံရတယ်”

“သူနဲ့ တစ်ဖက်လူကြားမှာ ဘယ်သူက ပိုအစွမ်းထက်လဲဆိုတာ ငါတို့ မသိသေးဘူး”

“သူ့ရဲ့ ခွန်အားအစစ်အမှန်ကို ငါတို့ သေချာမမြင်ဖူးသေးပေမဲ့ မဟာအလင်းမြတ်စွာဘုရားကတော့ အရင်တုန်းက တိုက်ခိုက်ခဲ့ဖူးတဲ့ မှတ်တမ်းတွေ ရှိတယ်လေ”

“လွန်ခဲ့တဲ့ နှစ်တစ်ထောင် မိစ္ဆာကပ်ဘေးကြီးတုန်းကတည်းက မဟာအလင်းမြတ်စွာဘုရားက တစ်ကြိမ်လှုပ်ရှားခဲ့ဖူးတယ်၊ အဲ့ဒီအချိန်တုန်းကတောင် သူက ခြေလှမ်း၀က်နယ်မြေနတ်ဘုရားအဆင့်ကို ရောက်နေခဲ့ပြီ”

“သူ အဆင့်မချိုးဖြတ်ခင် တစ်နှစ်အလိုမှာ လောကဧကရာဇ် ပြိုင်ပွဲက စတင်သွားခဲ့လို့သာပေါ့၊ မဟုတ်ရင် အဲ့ဒီအချိန်ကတည်းက လောကဧကရာဇ်ပြိုင်ပွဲမှာ သူ ပါဝင်ယှဉ်ပြိုင်ခဲ့လောက်တယ်”

“အဲ့ဒီတုန်း အချိန်မီ အဆင့်မချိုးဖြတ်နိုင်ခဲ့တာကလည်း သူကံကောင်းသွားတာပဲ၊ မဟုတ်ရင် တခြားသူတွေရဲ့ သတ်ဖြတ်တာကို ခံရနိုင်တယ် ဒါမှမဟုတ် ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားနိုင်တယ်’

“ဒါပေမဲ့ ဒီလောကဧကရာဇ်ပြိုင်ပွဲအထိ သူ အသက်ရှင်နေနိုင်ခဲ့တော့ ငါတို့ ဒုက္ခရောက်တာပေါ့။ ဒီလိုအစွမ်းထက်တဲ့ ပြိုင်ဘက်မျိုးနဲ့ တစ်ခေတ်တည်းမှာ ရှိနေရတာက ငါတို့ရဲ့ ကံဆိုးမှုပဲ”

“တစ်ကယ်လို့ ကျိုးရီက သူ့ကို စိန်ခေါ်တယ်ဆိုရင်တောင် ဘယ်သူနိုင်မလဲဆိုတာ မသိနိုင်သေးဘူး၊ ဘာပဲဖြစ်ဖြစ် သူတို့နှစ်ယောက်လုံး ဒဏ်ရာအပြင်းအထန် ရသွားပြီး နှစ်ဖက်လုံး ဆုံးရှုံးမှုတွေ ဖြစ်သွားရင်တော့ ငါတို့အတွက် အကောင်းဆုံးရလဒ်ပဲ”

နယ်မြေနတ်ဘုရားကုန်းစွန်း၏ စကားကြောင့် နယ်မြေနတ်ဘုရားလင်းနှင့် နယ်မြေနတ်ဘုရားချင်တို့၏ မျက်နှာအမူအရာများ အနည်းငယ်ပြောင်းလဲသွားကြသည်။

All Chapters