← Chapters

အခန်း ၉၉

Vol. 10 Ch. 99

အခန်း ၉၉

Vol. 10 Ch. 99

အခန်း (၉၉) - နတ်ဘုရားနှစ်ပါး၏ တိုက်ပွဲ (၁)

မကြာမီမှာပင် ဆိုလိုရင်းကို သူတို့နှစ်ဦးစလုံး နားလည်သွားကြသည်။

အကယ်၍ ကျိုးရီနှင့် မဟာအလင်းမြတ်စွာဘုရားတို့ အသေအကြေ တိုက်ခိုက်ကြပြီး ဆုံးရှုံးမှုများ ဖြစ်ပေါ်လာမည်ဆိုပါက သူတို့အတွက် အလွန်အစွမ်းထက်သော ပြိုင်ဘက်နှစ်ဦး လျော့နည်းသွားမည် ဖြစ်သည်။

မည်သို့ပင်ဆိုစေ သူတို့ထဲမှ မည်သူကမျှ ဤနှစ်ဦး၏ပြိုင်ဘက် မဟုတ်ကြချေ။

ယခု ကျားနှစ်ကောင် တိုက်ခိုက်နေသည်ကို ထိုင်ကြည့်နေရုံဖြင့် နောက်ပိုင်းတွင် ရရှိလာမည့် အကျိုးအမြတ်များမှာ သေချာပေါက် နည်းပါးမည်မဟုတ်ပေ။

“ဒါပေမဲ့ ပြောရမယ်ဆိုရင် မဟာအလင်းမြတ်စွာဘုရား နိုင်သွားရင်တော့ ကိစ္စမရှိဘူး၊ ဒါပေမဲ့ သူနိုင်သွားခဲ့ရင်ရော ဘယ်လိုလုပ်မလဲ၊ ခုနက သူပြောသွားတဲ့ စကားတွေအရ ငါတို့ကသာ သူနဲ့ မဟာမိတ်ဖွဲ့ဖို့ သဘောမတူရင် ပြဿနာတက်လိမ့်မယ်လို့ ငါထင်တယ်”

“ မဟာအလင်းမြတ်စွာဘုရားကိုတောင် မကြောက်ဘူးဆိုတော့ ငါတို့ကို သေချာပေါက် တိုက်ခိုက်လာမှာပဲ”

ဤစကားကို ကြားလိုက်ရသည်နှင့်တစ်ပြိုင်နက် အခြားနှစ်ဦး၏ မျက်နှာအမူအရာများ ရုတ်တရက် ပြောင်းလဲသွားသော်လည်း အလျင်အမြန်ပင် ချက်ချင်း တည်ငြိမ်သွားကြ၏။

“အဲ့ဒါက မဖြစ်နိုင်ဘူး။ သူ့ရဲ့ ခွန်အားက မိစ္ဆာတစ်ကောင်လို အစွမ်းထက်နေတယ်ဆိုပေမဲ့ တစ်ဖက်လူကလည်း အလွယ်တကူ အနိုင်ယူလို့ရတဲ့သူ မဟုတ်ဘူးလေ၊ အလွန်ဆုံးမှ သရေကျတဲ့အထိပဲ တိုက်ခိုက်နိုင်မှာပါ။ သူတို့ကို အပြည့်အဝ ဖိနှိပ်ချေမှုန်းနိုင်ဖို့ဆိုတာ လုံးဝမဖြစ်နိုင်ဘူး”

“တစ်ကယ်လို့ အဲ့ဒီ ‘မဖြစ်နိုင်ဘူး’ ဆိုတာက တကယ်ဖြစ်လာခဲ့ရင်ရော”

“အဲ့ဒီ ‘မဖြစ်နိုင်ဘူး’ ဆိုတာက တကယ်ဖြစ်လာခဲ့ရင်တော့ သူ့ဆီမှာ အညံ့ခံဖို့ပဲ ငါတို့ရွေးချယ်ရတော့မှာပေါ့”

ဤစကားများက ကျိုးရီဆီမှ လွတ်မြောက်မသွားခဲ့ချေ။

သူသည် နယ်မြေနတ်ဘုရားလက်အောက်ခံ အနည်းငယ်ကို သိမ်းသွင်းလိုသော်လည်း တစ်ဖက်လူက သူ့စကားကို နာခံလိမ့်မည်ဟု ယုံကြည်လောက်အောင် မိုက်မဲမည်မဟုတ်ပေ။

ထို့ကြောင့် သူ ထွက်ခွာလာချိန်တွင် ဤလူအနည်းငယ်ကို စောင့်ကြည့်ရန်အတွက် ကောင်းကင်လျှို့ဝှက်ချက်များကို ခိုးယူနိုင်သည့် လျှို့၀ှက်နည်းလမ်းကို အသုံးပြုခဲ့ပြီးဖြစ်သည်။

ယခု သူတို့၏စကားများကို ကြားလိုက်ရချိန်တွင် သူ အနည်းငယ် စိတ်ပျက်သွားမိလေတော့၏။

‘အင်း... သူတို့တွေ ဒီလောက်အထိ လွယ်လွယ်ကူကူ နာခံလာမှာမဟုတ်မှန်း ငါခန့်မှန်းမိပြီးသားပါ’

ယခင်က သူ ခန့်မှန်းမိခဲ့သော်လည်း သူတို့၏ ရည်မှန်းချက်က ဤမျှအထိ ကြီးမားနေလိမ့်မည်ဟုတော့ မထင်မှတ်ထားခဲ့မိချေ။

သူက စေတနာအရင်းခံဖြင့် မဟာမိတ်ဖွဲ့ရန် ကမ်းလှမ်းခဲ့သော်လည်း သူတို့က သူ့နောက်ကွယ်တွင် သူ့ကို အကွက်ဆင်ရန် ကြံစည်နေကြဆဲပင်။

ဤသို့ဖြစ်လာမှတော့ မဟာမိတ်ဖွဲ့နေရန် မလိုအပ်တော့ချေ။

မဟာအလင်းမြတ်စွာဘုရားထံမှ သူ ပြန်ရောက်လာချိန်တွင် သူတို့နှင့် ပြတ်ပြတ်သားသား ပြောဆိုရတော့မည်ဖြစ်သည်။

သူ့လက်အောက်ခံအဖြစ် နေလိုသူများက အသက်ဆက်ရှင်နိုင်မည်ဖြစ်ပြီး လက်အောက်ခံအဖြစ် နေလိုသူအားလုံးကို ခြွင်းချက်မရှိ သတ်ပစ်မည်ဖြစ်သည်။

သူတို့၏ တပည့်များနှင့် ပတ်သက်၍လည်း...

ကျိုးရီ အလွတ်ပေးဖို့ အစီအစဉ်မရှိပေ။

သူ့အတွက် မည်သည့်အန္တရာယ်မျိုးစေ့ကိုမျှ ချန်ထားခဲ့မည်မဟုတ်ပေ။

…

အနောက်ဘက်၊

ပရမသုခဘုံ။

မျက်စိမှိတ်ကာ တရားထိုင်နေသော မဟာအလင်းမြတ်စွာဘုရားသည် ရုတ်တရက် မျက်လုံးဖွင့်လိုက်ရာ အလွန် ပြင်းထန်သော သတ်ဖြတ်လိုသည့် အငွေ့အသက်များ ပေါက်ကွဲထွက်လာပြီး သူ့နောက်ရှိ ရွှေရောင်အလင်းတန်းများမှာ သွေးနီရောင်အဖြစ်သို့ ပြောင်းလဲသွားတော့သည်။

အလွန်ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်လိုသည့် အငွေ့အသက်များကို ခံစားလိုက်ရချိန်တွင် ဤ‌နေရာ၌ ရှိနေသူတိုင်း အပြင်းအထန် တုန်ယင်သွားတော့သည်။

ဘုရားငယ်များ၊ ရဟန္တာများနှင့် ဗောဓိသတ္တများ အားလုံးမှာ အကြောက်တရားများဖြင့် ပြည့်နှက်သွားကြပြီး မည်သို့ဖြစ်ပျက်သွားသည်ကို လုံး၀ နားမလည်နိုင်တော့ပေ။

“ဘယ်လောက်တောင် ကြောက်စရာကောင်းတဲ့ အငွေ့အသက်လဲ၊ လောကအရှင်သခင် ဒီလောက်အထိ ဒေါသထွက်တာကို မမြင်ရတာ အတော်ကြာပြီ၊ သူ့ကို ဒီလောက်တောင် ဒေါသထွက်သွားစေတဲ့အရာက ဘာများလဲ”

“ငါ မမှားဘူးဆိုရင် လောကအရှင်သခင် နောက်ဆုံးအကြိမ် ဒေါသထွက်ခဲ့တာက လွန်ခဲ့တဲ့ နှစ်ငါးရာကျော်ကပဲ”

“လောကအရှင်သခင်... ဘာဖြစ်လို့လဲ၊ ဒီလောက်ကြီးမားတဲ့ လှုပ်ရှားမှုမျိုး လုပ်ရလောက်တဲ့အထိ တန်လို့လား”

မဟာအလင်းမြတ်စွာဘုရား၏ မျက်နှာမှာ အလွန်အေးစက်နေခဲ့သည်။

“ပူဇော်ခြင်းဘုရားငယ်နဲ့ တောင်စဉ်ဖိနှိပ်ခြင်းဘုရားငယ်တို့နှစ်ပါးလုံး သေသွားပြီ။ ပြီးတော့ သူတို့နဲ့အတူ ထွက်သွားတဲ့ ရဟန္တာတွေအားလုံးလည်း အသတ်ခံလိုက်ရပြီ”

“ဘာ...”

ဤစကားကို ကြားလိုက်ရသည်နှင့်တစ်ပြိုင်နက် ထိုနေရာတွင် ရှိနေသော ဘုရားငယ်များ၊ ရဟန္တာများနှင့် ဗောဓိသတ္တများအားလုံး ချက်ချင်းပင် ဒေါသထွက်သွားကြတော့သည်။

“ဒီ သေသင့်တဲ့လူယုတ်မာက ဘယ်သူလဲ၊ ငါတို့လူတွေကို တိုက်ခိုက်ရဲတယ်ပေါ့”

“သူတို့က ငါတို့ အနောက်ဘက်ကမ္ဘာကို မျက်လုံးထဲတောင်မထည့်ဘူးလား”

“လောကအရှင်သခင် အမိန့်ပေးဖို့ တောင်းဆိုပါတယ်၊ တပည့်တော် သူ့ကို အပိုင်းပိုင်း ဆွဲဖြဲပစ်မယ်၊ အရှင်လတ်လတ် အရေခွံခွာမယ်၊ ပြီးတော့ သူ ထာဝရ ပြန်မ၀င်စားနိုင်အောင် သေချာလုပ်ပစ်မယ်”

“လောကအရှင်သခင်... တပည့်တော်လည်းသွားချင်တယ်”

“လောကအရှင်သခင်... တပည့်တော်ကိုလည်း သွားခွင့်ပြုပါ”

…

လူအုပ်ကြီး၏ ဒေါသတကြီးအော်ဟစ်သံများကြားတွင် မဟာအလင်းမြတ်စွာဘုရားက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး သူ၏ နတ်ဘုရားစွမ်းအင်များကို ဖြန့်ကြက်လိုက်ကာ မျက်စိတစ်မှိတ်အတွင်း လူတိုင်းကို ဖိနှိပ်ပစ်လိုက်သည်။

“မင်းတို့ ဘာတွေငြင်းခုံနေကြတာလဲ။ အဲ့ဒီကောင်ကို မင်းတို့ဘာသာ အနိုင်ယူနိုင်မယ်လို့ ထင်နေတာလား၊ ပူဇော်ခြင်းမြတ်ဘုရားငယ်နဲ့ တောင်စဉ်ဖိနှိပ်ခြင်းဘုရားငယ်တို့က မင်းတို့အားလုံးထဲမှာ အားအကောင်းဆုံးပဲ”

“သူတို့တောင်မှ တစ်ဖက်လူရဲ့ ချက်ချင်းသတ်တာကို ခံခဲ့ရတာ၊ မင်းတို့ ဦးနှောက်မသုံးတတ်ဘူးလား၊ တစ်ဖက်လူက ဘယ်လောက်တောင် အစွမ်းထက်နေမလဲ”

“မင်းတို့က အဲ့ဒီကို သွားပြီး သူ့ဆီ ကိုယ့်ဦးခေါင်းကို ဆက်သချင်နေတာလား”

“အဲ့ဒါက...”

ဘုရားငယ်များနှင့် ဗောဓိသတ္တများ ရုတ်တရက် သတိရသွားကြသည်။ မှန်ပေသည်။

တစ်ဖက်လူက ဤမျှလောက် အစွမ်းထက်နေသည်ဖြစ်ရာ အနည်းဆုံး ခြေလှမ်း၀က်နယ်မြေနတ်ဘုရားအဆင့်၊ သို့မဟုတ် နယ်မြေနတ်ဘုရားအဆင့်တွင် ရှိနေရမည်ဖြစ်သည်။ ထို့ကြောင့် သူတို့အနေဖြင့် တစ်ဖက်လူကို အနိုင်ယူရန်မှာ မဖြစ်နိုင်ချေ။

ထိုနေရာသို့ သွားရောက်ခြင်းက အချည်းနှီး သေရုံသာဖြစ်ပြီး ပြိုင်ဘက်ထံ ကိုယ့်ဦးခေါင်းကို သွားရောက်ဆက်သသကဲ့သို့ ဖြစ်ပေလိမ့်မည်။

ဤအချက်ကို တွေးမိသောအခါ လူတိုင်း အတော်လေးတည်ငြိမ်သွားကြသည်။

“လောကအရှင်သခင်ရဲ့ သွန်သင်ဆုံးမမှုက မှန်ကန်ပါတယ်၊ ကျွန်တော်တို့ ရိုင်းစိုင်းမိသွားတယ်”

“ဒါပေမဲ့ လောကအရှင်သခင်... တစ်ဖက်လူက တပည့်‌တော်တို့လူတွေကို တိုက်ခိုက်ရဲမှတော့ တပည့်တော်တို့ လုံးဝ ခွင့်လွှတ်ပေးလို့ မဖြစ်ဘူး”

“မဟုတ်ရင် လောကအရှင်သခင်ရဲ့ မျက်နှာကို ဘယ်သွားထားရမလဲ။ တပည့်တော်တို့ရဲ့ ဂုဏ်သိက္ခာကို စိန်ခေါ်ရဲတဲ့သူတွေ ပိုပိုပြီး များလာမှာကို စိုးရိမ်မာ်”

“ဟုတ်တယ်။ ငါတို့ သူ့ကို သေချာပေါက်ဖမ်း‌ဆီရမယ်”

“လောကအရှင်သခင်... တပည့်တော်တို့ အနောက်ဘက် သာသနာတော်ရဲ့ ဂုဏ်သိက္ခာကို ကာကွယ်ဖို့ ကျေးဇူးပြုပြီး လှုပ်ရှားပေးပါ”

လူတိုင်းက ထပ်ခါတလဲလဲ ပြောဆိုနေကြချိန်တွင် မဟာအလင်းမြတ်စွာဘုရားက ဖြည်းညင်းစွာ ပြန်လည်ဖြေကြားလာသည်။

“မင်းတို့ စိုးရိမ်နေစရာမလိုပါဘူး။ ဒီလူက ငါတို့ဆီကို သူ့ဘာသာ ရောက်လာလိမ့်မယ်၊ ငါ့လူတွေကို သူသတ်ရဲတဲ့ အကြောင်းရင်းက ငါ့ကို မျက်လုံးထဲမထည့်လို့ပဲ။ အဲ့ဒီအချက်ကြောင့်ပဲ ပူဇော်ခြင်းဘုရားငယ်တို့ကို သတ်ပြီးရုံနဲ့တင် သူက ငြိမ်သွားမှာ မဟုတ်ဘူး”

“သူက ကလဲ့စားချေဖို့ ငါတို့ဆီကို သေချာပေါက်ရောက်လာလိမ့်မယ်၊ ငါတို့က ဒီမှာ အေးဆေးစောင့်နေရုံပဲ”

“ဒီလိုဖြစ်ခဲ့တာကိုး၊ လောကအရှင်သခင်ရဲ့ အမျှော်အမြင်က တကယ်ကို နတ်ဘုရားတစ်ပါးလိုပါပဲ၊ တပည့်တော်တို့ရဲ့ ညံ့ဖျင်းမှုအတွက် ရှက်မိပါတယ်”

လူတိုင်းက ဝိုင်းဝန်းချီးမွမ်းလိုက်ကြသည်။

…

တစ်ရက်ကြာပြီးနောက် အနောက်ဘက်နယ်မြေရှိ ဆွီဟန်မြို့လေးတွင် လူတစ်ယောက် ရောက်ရှိလာသည်။

ဤလူက လျှို့ဝှက်ဆန်းကြယ်စွာ ရောက်ရှိလာခြင်းဖြစ်ပြီး သူ ဘယ်ကလာသည်ကို မည်သူကမျှ မသိကြချေ။

ဤနေရာသို့ သူ ဘယ်အချိန်က ရောက်လာသည်ကိုလည်း မည်သူကမျှ သတိမထားမိကြပေ။ သရဲတစ်ကောင်ကဲ့သို့ ဤနေရာတွင် ရုတ်တရက်ပေါ်လာခြင်းပင်။

“ပေါက်စီ... ပေါက်စီပူပူလေးတွေရမယ်၊ အချိုရော အဆိမ့်ရော ရမယ်နော်”

…

“သက်သတ်လွတ် အစားအစာ... အခမဲ့ပါ”

…

“ဆီလက်ဖက်နဲ့ ပဲ... အရသာရှိတဲ့ ဆီလက်ဖက်နဲ့ ပဲနီလေးရမယ်”

…

လမ်းမပေါ်ရှိ အရာအားလုံးက အလွန် ငြိမ်းချမ်းနေပုံရပြီး ပြင်ပကမ္ဘာနှင့် မည်သို့မျှ ကွာခြားမှုမရှိချေ။

သာမန် မြို့ငယ်လေးတစ်မြို့သက်သက်သာ ဖြစ်ပေသည်။

ကျိုးရီသည် ဤနေရာ၌ တိတ်တဆိတ်ပေါ်လာပြီး လက်နောက်ပစ်ကာ လူအုပ်ကြားထဲတွင် ဖြည်းညင်းစွာ လျှောက်နေရင်း သူ၏ ပတ်ဝန်းကျင်ရှိ အရာအားလုံးကို အေးစက်စက်ဖြင့် လိုက်လံကြည့်ရှုနေသည်။

ဤလူများအပေါ် သူ အမြင်မကြည်၍ မဟုတ်ပေ။ သူ ထိုမျှအထိ သဘောထားမသေးသိမ်ချေ။

သာမန်သူများအား ဤအနောက်ဘက်ကမ္ဘာတွင် နေထိုင်ရုံဖြင့် ရန်လိုနေမည်မဟုတ်ပေ။

ဤလူများအပေါ် သူ ဤမျှလောက် အေးစက်နေရခြင်း၏ အဓိကအကြောင်းရင်းမှာ သူတို့၏ စွမ်းအင်အနှစ်သာရကို သူ ထိုးဖောက်မြင်ထားပြီးသောကြောင့်ပင်။

ဤအခိုက်အတန့်တွင် ဈေးသည်တစ်ဦးက ပြုံးရွှင်စွာ လျှောက်လာပြီး သူ့ကို ကိတ်မုန့်တစ်ခု ကမ်းပေးလာသည်။

“လေးစားရတဲ့ ဧည့်သည်တော်ကြီး... မျက်နှာစိမ်းပါလား။ ဒီနားက မဟုတ်ဘူး ထင်တယ်။ ကျွန်တော်တို့ ဆိုင်က ပေါက်စီလေး မြည်းကြည့်ပါဦးလား။ ဒီအမွေအနှစ်က နှစ်ပေါင်းများစွာ လက်ဆင့်ကမ်းလာခဲ့တာပါ”

“မဝယ်ခင် အရင်မြည်းကြည့်လို့ရပါတယ်။ အရသာမရှိဘူးလို့ထင်ရင် တစ်ပြားမှမယူဘူး။ အရသာရှိတယ်လို့ ထင်ရင်တော့ ပိုက်ဆံယူပါမယ်”

ကျိုးရီက သူ့ကို အေးစက်စက် ကြည့်လိုက်ပြီး စကားတစ်ခွန်းတည်းသာ ပြောလိုက်သည်။

“ထွက်သွား”

ဈေးသည်၏ မျက်လုံးထဲတွင် အစိမ်းရောင်အလင်းတန်းတစ်ခု ဖြတ်ပြေးသွားသော်လည်း အလျင်အမြန်ပင် ပျောက်ကွယ်သွားတော့သည်။

“လေးစားရတဲ့ ဧည့်သည်တော်ကြီး... ခင်ဗျားက ဒေါသအတော်ကြီးတာပဲ...”

တစ်ဖက်လူ၏ စိတ်ထဲမှ သူ့ပုံရိပ်ကို ပြန်ဆယ်ရန် ကြိုးစားဖို့ရာ ကျိုးရီနှင့် ဆက်သွယ်လိုနေသည်။

ပတ်ဝန်းကျင်ရှိ လူများကလည်း လောဘအငွေ့အသက်များ ပြည့်နှက်နေသော မျက်လုံးများဖြင့် ကျိုးရီကို ကြည့်နေကြသော်လည်း ထိုဈေးသည်အား ကြောက်ရွံ့နေကြသောကြောင့် သူတို့စိတ်ထဲတွင် မည်သို့သောအတွေးမျိုး ရှိနေစေကာမူ တိုက်ရိုက်ပြေးမဝင်ရဲကြချေ။

ဈေးသည်က စကားများနေချင်သေးသော်လည်း နောက်တစ်စက္ကန့်မှာပင် ပြာမှုန့်များအဖြစ် တိုက်ရိုက် ပေါက်ကွဲသွားကာ လေနှင့်အတူ ပြန့်ကျဲပျောက်ကွယ်သွားတော့သည်။

ထိူလူ သေသွားသည်နှင့်တစ်ပြိုင်နက် ဤမြို့ငယ်လေး တစ်ခုလုံး တဖြည်းဖြည်း တွန့်လိမ်လာကာ ပုံစံပြောင်းလဲသွားတော့သည်။

မူလက ငြိမ်းချမ်းနေပုံရသော မြို့ငယ်လေးမှာ မျက်စိတစ်မှိတ်အတွင်း ငရဲပြည်ကဲ့သို့ ကြောက်မက်ချောက်ချားဖွယ်အသွင်သို့ ပြောင်းလဲသွားတော့သည်။

မြေပြင်ပေါ်တွင် လူ့အရေခွံများနှင့် ဆံပင်များဖြင့် ပြုလုပ်ထားသော ကော်ဇောများကို ခင်းကျင်းထားပြီး နံရံများကိုလည်း အရောင်ချွတ်ထားသော အရိုးများဖြင့် တည်ဆောက်ထားခြင်းဖြစ်သည်။

All Chapters