← Chapters

အခန်း ၁၀၀

Vol. 10 Ch. 100

အခန်း ၁၀၀

Vol. 10 Ch. 100

အခန်း (၁၀၀) - နတ်ဘုရားနှစ်ပါး၏ တိုက်ပွဲ (၂)

မြို့ထဲရှိ သာမန်ပြည်သူပြည်သားများ အားလုံးမှာလည်း တစ္ဆေများအဖြစ် ပြောင်းလဲသွားကြပြီဖြစ်သည်။

တစ်နည်းအားဖြင့်ဆိုရလျှင် ဤမြို့ငယ်လေးတစ်ခုလုံးက လှည့်စားမှုတစ်ခုသာ ဖြစ်သည်။

ဤမြို့လေးမှာ နှစ်ပေါင်းများစွာကတည်းက လုံးဝ အသတ်ခံခဲ့ရပြီးဖြစ်သည်။

ထို့အပြင် သူတို့၏ ဝိညာဉ်နှင့် ခန္ဓာကိုယ်အားလုံး ဤနေရာတွင် ပိတ်လှောင်ခံထားရပြီး ထာဝရ လွတ်မြောက်နိုင်စွမ်းမရှိတော့ချေ။

နောက်ဆုံးရလဒ်မှာ ဤမကောင်းဆိုးဝါးဝိညာဉ်များ ပိုမိုအစွမ်းထက်လာကြပြီး ပတ်ဝန်းကျင်အပေါ် သူတို့၏ ရန်လိုမှုကလည်ူ ပိုမိုနက်ရှိုင်းလာခြင်းပင်ဖြစ်သည်။

“ဒါက အနောက်ဘက် ပရမသုခဘုံဆိုတာပဲ။ တကယ်ကို ရယ်စရာကောင်းလိုက်တာ”

သူ့မျက်လုံးထဲတွင် သရော်လိုသော အရိပ်အယောင်တစ်ခု ပေါ်ထွက်လာတော့သည်။

ရှေးယခင်က အနောက်ဘက် ပရမသုခဘုံ၏ သဘောတရားမှာ အမှန်တရား၊ မွနိမြတ်ခြင်းနှင့် အလှတရားများသာဖြစ်ပြီး ကောင်းကင်အောက်တွင် အသန့်ရှင်းဆုံးသောနေရာတစ်ခုအဖြစ် အမြဲတမ်း သတ်မှတ်ခံခဲ့ရသည်။

ဤနေရာတွင် မိစ္ဆာများနှင့် တစ္ဆေများ ကျူးကျော်ဝင်ရောက်ခြင်းမှ ကင်းလွတ်ပြီး ဤနေရာသို့ ရောက်ရှိလာသော လူဆိုးလူမိုက်များ အားလုံး နောက်ဆုံးတွင် သူတို့၏ သားသတ်ဓားများကို ချကာ ထိုနေရာတွင်ပင် ဘုရားငယ်များ ဖြစ်လာကြမည်ဟု ဆိုကြသည်။

ဤကြွေးကြော်သံကြောင့် မရေမတွက်နိုင်သောလူများ ဤနေရာသို့ ရောက်ရှိလာခဲ့ကြသည်။

သို့သော် ရလဒ်ကတော့ မမျှော်လင့်ထားလောက်အောင်ပင်။ သူတို့၏ နယ်မြေပေါ်တွင် ဤကဲ့သို့ ရွံရှာဖွယ်ကောင်းသော ကိစ္စမျိုး ဖြစ်ပျက်နေခဲ့သည်။

မဟုတ်သေး။ တိတိကျကျ ပြောရလျှင် ရွံရှာဖွယ်ကောင်းသည်ဟုပင် ဖော်ပြ၍ မရနိုင်တော့ဘဲ ရက်စက်ကြမ်းကြုတ်လွန်းလှသည်ဟု ဖော်ပြရမည်ဖြစ်သည်။

ကျိုးရီသည် ဆက်တိုက်ပြေးလွှားနေခဲ့သော်လည်း သူ့ခွန်အားက ကြီးမားလွန်းသောကြောင့် အတွေးတစ်ချက်ဖြင့်ပင် သူ ဖြတ်သန်းလာခဲ့သော နေရာများအားလုံးကို စစ်ဆေးနိုင်ပေသည်။

ထို့ကြောင့် ဤကမ္ဘာ၏ အခြားနေရာများတွင် လူများ မည်သို့ နေထိုင်ကြသည်။ ဤနေရာတွင် လူများ မည်သို့နေထိုင်ကြသည်ကို သူ တစ်ချက်တည်းဖြင့် မြင်တွေ့နိုင်ပြီး ၎င်းနောက်ကွယ်ရှိ အရေးအကြီးဆုံး အကြောင်းရင်းများကိုလည်း သိသွားလေ၏။

ဤသည်မှာ အနောက်ဘက်ပရမသုခဘုံ လုံးဝမဟုတ်ချေ။ ဤသည်မှာ အနောက်ဘက်ငရဲပြည်သာ ဖြစ်ပေသည်။

အရင်က လူအားလုံး လှည့်စားခံခဲ့ရခြင်းဖြစ်သည်။

တစ်ဖက်လူက ဤလောကတွင် ကြင်နာတတ်ဆုံးတည်ရှိမှု လုံးဝမဟုတ်ဘဲ အကြမ်းကြုတ်ဆုံး မိစ္ဆာတစ်ကောင် ဖြစ်ပေသည်။

ကျိုးရီ ဤအချက်ကို စဉ်းစားမိခဲ့သည်မှာ အချိန်အတော်ကြာပြီဖြစ်သည်။ ဆိုရိုးစကားရှိသည့်အတိုင်း ရှေ့နွား ဖြောင့်ဖြောင့်မသွားလျှင် နောက်ကနွား ကွေ့ကောက်နေမည်သာ။

အကယ်၍ ဘုန်းကြီးများသာ လူကောင်းများဆိုပါက လက်ဆင့်ကမ်းလာသည့် အရာများကလည်း ကောင်းမွန်နေမည်သာ ဖြစ်သည်။

ဤကဲ့သို့သော ကိစ္စမျိုး ဖြစ်လာနိုင်စရာ အကြောင်းမရှိပေ။

ရှေးယခင်က လူများပြောလေ့ရှိကြသည်မှာ ဗုဒ္ဓနှင့် မိစ္ဆာသည် ဆန့်ကျင်ဘက် အစွန်းနှစ်ဖက်ဖြစ်သော်လည်း အရာတစ်ခုတည်း အစိတ်အပိုင်းနှစ်ခုလည်း ဖြစ်သည်ဟူ၍ပင်။

ထိုအချိန်က ကျိုးရီ ဤအချက်ကို သိပ်ပြီးနားမလည်ခဲ့သလို ဤပြောဆိုချက်မှာ ယုတ္တိမရှိဘူးဟုပင် ထင်မြင်ခဲ့မိသည်။

ဘုန်ကြီးများထဲတွက် မကောင်းသောသူ တစ်ဦး သို့မဟုတ် နှစ်ဦး ရှိကောင်းရှိနိုင်သော်လည်း အများစုမှာတော့ ကောင်းမွန်ကြသင့်သည်မဟုတ်လော။

ဤအရာအားလုံးမှန်ကန်ကြောင်း ယနေ့ သူ ကိုယ်တိုင်ကိုယ်ကျ အတည်ပြုလိုက်နိုင်ချိန်မှသာ သိလိုက်ရတော့သည်။

ဗုဒ္ဓဘာသာဆိုသည်မှာ တကယ်တမ်း၌ ကောင်းမွန်သောအရာတစ်ခု မဟုတ်ချေ။

“ငါတို့ရဲ့ တစ္တဆအစီအရင်ကို သူ သိသွားပြီ... ပြီးပြီ... ငါတော့ သေရတော့မယ်”

“အားလုံး ပြေးကြ၊ သူ့ရဲ့ ခွန်အားက အရမ်းအစွမ်းထက်တယ်၊ ငါတို့က သူ့ပြိုင်ဘက်တွေ မဟုတ်ဘူး၊ လောကအရှင်သခင်တစ်ပါးတည်းကသာ သူ့ပြိုင်ဘက် ဖြစ်နိုင်တာ”

မိစ္ဆာများနှင့် တစ္ဆေများကလည်း တိုက်ရိုက်ပြေးမဝင်ရဲကြချေ။

သူတို့အားလုံး အငြိုးကြီး ဝိညာဉ်များအဖြစ် ပြောင်းလဲသွားကြပြီဖြစ်သော်လည်း သူတို့၏ ဉာဏ်ရည်ဉာဏ်သွေးကမူ ပုံမှန်အတိုင်းရှိနေသေးသည်။

လူအချို့ကတော့ ရန်စ၍ရပြီး အချို့မှာမူ ရန်စ၍မရကြောင်း သူတို့ သိထားကြပေသည်။

သို့သော် ကံမကောင်းစွာဖြင့် ကျိုးရီ လှုပ်ရှားလာပြီ ဖြစ်သောကြောင့် မည်သူမျှ မလွတ်မြောက်နိုင်ပေ။

အတွေးတစ်ချက်ဖြင့်ပင် မိစ္ဆာများနှင့် တစ္ဆေများအားလုံး မျက်စိတစ်မှိတ်အတွင်း ပေါက်ကွဲထွက်သွားကာ ပြာမှုန့်များအဖြစ်သို့ ပြောင်းလဲသွားတော့သည်။

သူက ဤနေရာမှ တန်းထွက်မသွားဘဲ စကားပြောလိုက်လေသည်။

“ရောက်နေပြီဆိုမှတော့ ဘာလို့ပုန်းနေဦးမှာလဲ၊ နည်းနည်းတော့ ရယ်စရာမကောင်းဘူးလား၊ ဘာပဲဖြစ်ဖြစ် ခင်ဗျားက အနောက်ဘက်ဘုံက ဂုဏ်သိက္ခာကြီးမားတဲ့ မဟာအလင်းမြတ်စွာဘုရားပဲလေ”

ဤစကားသံ ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် လေထုထဲတွင် လှိုင်းဂယက်များ ချက်ချင်းပေါ်ထွက်လာတော့သည်။

နောက်တစ်စက္ကန့်တွင် ဘုန်းကြီးအိုတစ်ပါး ပေါ်လာပြီး မလှမ်းမကမ်းတွင်ရပ်ကာ သူ့ကို အေးစက်စက် မျက်လုံးများဖြင့် စိုက်ကြည့်နေသည်။

“လူကြီးမင်း... ငါနဲ့ မင်းကြားမှာ နားလည်မှုလွဲတာလေးနည်းနည်းပဲ ရှိတာပါ၊ ပြဿနာအသေးလေးကို ဒီလောက်အထိ အကျယ်ချဲ့ဖို့ မလိုဘူးမဟုတ်လား”

“ငါ့နယ်မြေထဲကို လာပြီး ဒီလိုမျိုး ပြုမူနေတာ၊ မင်း နည်းနည်း လွန်လွန်းတယ်လို့ မထင်မိဘူးလား”

ကျိုးရီက လက်နောက်ပစ်ကာ မတ်တတ်ရပ်ရင်း တည်ငြိမ်စွာ ပြုံးပြလိုက်သည်။

“လွန်လွန်းတယ် ဟုတ်လား၊ ငါတော့ အဲဒီလို မထင်ပါဘူး။ ငါ့ကို တိုက်ခိုက်တဲ့ ဘယ်သူ့ကိုမှ ကျွန်တော်အလွတ်မပေးဘူး၊ အထူးသဖြင့် ငါ ကြည့်မရတဲ့ ခင်ဗျားလို လူမျိုးကိုပေါ့”

“သေချာတာကတော့ အဲ့ဒါအပြင် တခြား အကြောင်းပြချက်တွေလည်း ရှိသေးတယ်၊ အတိုချုပ်ပြောရရင် လူကြီးမင်းရဲ့ တန်ဖိုးရှိလှတဲ့ ဦးခေါင်လေးကို ကျွန်တော်လိုအပ်နေတယ်”

ကျိုးရီ၏ စကားများကြောင့် မဟာအလင်းမြတ်စွာဘုရားက သရော်ပြုံး ပြုံးလိုက်မိ၏။

“မင်း... ငါ့ခေါင်းကိုယူဖို့ မင်းကိုယ်မင်း ထိုက်တန်တယ်လို့ ထင်နေတာလား။ ဒီကိုယ်တော်က လွန်ခဲ့တဲ့ နှစ်တစ်ထောင်ကတည်းက ဒီအဆင့်ကို ရောက်နေတာ၊ မင်းက ကံကောင်းရုံလေးပါ”

“ပုရွက်ဆိတ်တစ်ကောင်က ဆင်တစ်ကောင်ကို ဝါးမျိုချင်နေတာလား၊ မင်းက နောက်မှရောက်လာတဲ့သူဆိုတာ မမေ့နဲ့”

ကျိုးရီက ဒေါသတကြီးမတုံ့ပြန်ဘဲ အေးအေးဆေးဆေးပင် ပြုံးပြလိုက်သည်။

စကားနိုင်လုနေခြင်းက အဓိပ္ပာယ်မရှိပေ။ နောက်ဆုံးတွင် မည်သူ အနိုင်ရမည်နည်း ဆိုသည်ကသာ အရေးအကြီးဆုံးဖြစ်၏။

အနိုင်ရသူကသာ အရာအားလုံးကို ဆုံးဖြတ်ခွင့်ရှိပေမည်။ သမိုင်းတစ်လျှောက် ဧကရာဇ်များကဲ့သို့ပင် အနိုင်ရသူက ဘုရင်ဖြစ်လာပြီး ရှုံးနိမ့်သူက သူပုန်ဖြစ်သွားစမြဲပင်။

အနိုင်ရနေသရွေ့ ပြောသမျှစကားတိုင်းက ချီးကျူးခံရမည်ဖြစ်ပြီး ရှုံးနိမ့်သွားပါက ပြောသမျှသည် လှောင်ပြောင်စရာသာ ဖြစ်သွားလိမ့်မည်။

“အဆင့်မမီဘူးလား မီမလားဆိုတာ တိုက်ကြည့်မှ သိရမှာပေါ့။ ဘယ်လောက်ပဲပြောပြော နောက်ဆုံးတော့ ကိုယ့်ရဲ့ စွမ်းအားအစစ်အမှန်ပေါ်မှာ မူတည်သွားတာပါပဲ”

“မပူပါနဲ့၊ မကြာခင် သိလာရမှာပါ”

မဟာအလင်းမြတ်စွာဘုရားက လှောင်ပြုံးပြုံးလိုက်ရင်း သူ၏ အရှိန်အဝါများကို တိုက်ရိုက် ထုတ်လွှတ်လိုက်သည်။

ချက်ချင်းဆိုသလိုပင် ကောင်းကင်နှင့် မြေကြီးကိုပင် တုန်လှုပ်စေနိုင်သော အရှိန်အဝါကြီးက လောကတစ်ခွင် ပျံ့နှံ့သွားပြီး အရာအားလုံးကို အုတ်အုတ်ကျက်ကျက် ဖြစ်သွားစေသည်။

မရေမတွက်နိုင်သော ထိပ်သီးသိုင်းပညာရှင်များက ထိုအရပ်မျက်နှာဆီသို့ လှမ်းကြည့်လိုက်ကြသည်။

“အဲဒီဘက်က အနောက်အရပ် မဟုတ်လား၊ မဟာအလင်းမြတ်စွာဘုရားက ဘာလို့ ရုတ်တရက်ကြီး ဒီလောက်ကြီးမားတဲ့ စွမ်းအင်လှုပ်ရှားမှုတွေ ထုတ်ဖော်ရတာလဲ၊ နှစ်ရာနဲ့ချီပြီး ဘာလှုပ်ရှားမှုမှ မလုပ်ခဲ့တာကို ဒီနေ့မှ ဘာလို့ ရုတ်တရက် ထလှုပ်ရှားရတာလဲ”

“တကယ်ကို ကြောက်စရာကောင်းတဲ့ အရှိန်အဝါပဲ၊ ဒီခေါင်းတုံးကြီးက ဒီကာလတွေအတွင်း ဆက်တိုက် ပြင်းပြင်းထန်ထန် ကျင့်ကြံပြီးနောက်မှာ ပိုပြီးတောင် သန်မာလာသလိုပဲ၊ လွန်ခဲ့တဲ့ နှစ်တစ်ထောင်ကထက် နှစ်ဆလောက် ပိုသန်မာနေပုံရတယ်”

“ဒါပေါ့။ ဗုဒ္ဓဂိုဏ်းက လှည့်စားတဲ့နေရာမှာ အတော်ဆုံးဆိုတာ မင်းသိသင့်တယ်။ ဒီနှစ်တွေထဲ သူတို့ရဲ့ တာအိုလမ်းစဉ်ကို အပြင်ဘက်တွေမှာ ဆက်တိုက်ဖြန့်ဝေနေခဲ့တာက အဲဒီလူကို စွမ်းအင်တွေ ထောက်ပံ့ပေးဖို့ မဟုတ်ဘူးလား”

“ဒီကမ္ဘာကြီးတစ်ခုလုံးကို ကြည့်လိုက်ရင် စွမ်းအင်စုဆောင်းတဲ့နေရာမှာ သူထက်သာတဲ့သူ မရှိလောက်ဘူး”

“သူတို့နှစ်ယောက် တကယ်ကြီး စတိုက်နေကြပြီပဲ၊ အစကတော့ အဲဒီကောင်လေးက အချိန်နည်းနည်းလောက် ထပ်စောင့်ဦးမယ်ထင်ထားတာ၊ တိုက်ရိုက်သွားပြီး ချက်ချင်း တိုက်ပွဲစလိုက်တာပဲ၊ ဒီသတ္တိက ငါ့တွေးထားတာထက် ကျော်လွန်နေတယ်”

“အခုတော့ ငါတောင် ဒီကောင်လေးရဲ့သတ္တိကို မချီးကျူးဘဲ မနေနိုင်တော့ဘူး။ အရင်က သူထွက်လာတာကို တစ်ခါမှ မမြင်ဖူးဘူး။ သေချာတာကတော့ သူက ပုန်းအောင်းပြီး ကျင့်ကြံနေခဲ့တာပဲ၊ သူ့ရဲ့ စွမ်းအားက အတိုင်းအတာတစ်ခုအထိ ရောက်လာတဲ့အခါမှ ပြတ်ပြတ်သားသားပဲ လှုပ်ရှားလိုက်တာပဲ”

“ပြီးတော့ သူစတင်လှုပ်ရှားလိုက်တာနဲ့တင် လူတိုင်းကို အံ့အားသင့်သွားစေတယ၊ ဒီတိုက်ပွဲမှာ သူ ရှုံးနိမ့်သွားရင်တောင်မှ သူ့နာမည်ကတော့ ထာဝရကျော်ကြားသွားမှာ သေချာတယ်။ အခုချိန်ကစပြီး ဒီမဟာကမ္ဘာကြီးထဲမှာ သူ့ရဲ့ အမှတ်အသားကို ချန်ရစ်ထားခဲ့နိုင်ပြီ”

“စကားပြောတာကို ရပ်လိုက်တော့၊ ဒီလောက် ကြီးကျယ်ခမ်းနားတဲ့ တိုက်ပွဲမျိုးက ကြုံရခဲတယ်။ သေချာကြည့်ထားကြ။ ဒါက ငါတို့ကို အသိဉာဏ်ပွင့်စေပြီး ကံကောင်းမှုတွေ ယူဆောင်လာပေးနိုင်တယ်”

အနောက်ဘက်ဘုံတွင် မဟာအလင်းမြတ်စွာဘုရားက သူ၏ စစ်မှန်သော ရုပ်ကလာပ်ကို တဖြည်းဖြည်း ထုတ်ဖော်ပြသလိုက်သည်။

၎င်းသည် ပေတစ်ထောင်မြင့်သော ရွှေရောင်ဗုဒ္ဓရုပ်တုကြီးဖြစ်ပြီး ထိုရွှေရောင်ရုပ်တုကြီး၏ နောက်ကွယ်တွင် ပေတစ်သောင်းမြင့်သော ပုံရိပ်ယောင် ဗုဒ္ဓရုပ်ပွားတော်ကြီး ရှိနေသည်။

ရွှေခန္ဓာကိုယ်မှ ထွက်ပေါ်လာသော ရွှေရောင်အလင်းတန်းများသည် မိုင်တစ်သောင်းအထိ ပျံ့နှံ့သွားလေသည်။

မရေမတွက်နိုင်သော နတ်ဆိုးများနှင့် မိစ္ဆာများသည် ထိုရွှေရောင်အလင်းကို မြင်တွေ့ပြီးနောက် အတိုင်းမသိ သဒ္ဒါကြည်ညိုသွားကြသည်။

၎င်း၏ စွမ်းအားက အလွန်ထင်ရှားလှသည်။

ထိုနေရာတွင် ရှိနေသော ကျိုးရီပင်လျှင် တစ်ဖက်လူ၏ ရွှေရောင်ဗုဒ္ဓရုပ်တုကြီးက သူ့ဝိညာဉ်ကို ဖိနှိပ်ချင်နေသကဲ့သို့ ခံစားလိုက်ရသည်။

ဤဗုဒ္ဓဂိုဏ်း၏ ကျင့်စဉ်တွင် အမှန်တကယ်ပင် မကောင်းဆိုးဝါးဆန်သည့် အငွေ့အသက်တစ်ခု ပါဝင်နေ၏။

ကျိုးရီ မျက်လုံးများကို အနည်းငယ် မှေးကျဉ်းလိုက်ရင်း တွေးလိုက်သည်။

‘လောကကြီးက နတ်ဘုရားတွေနဲ့ ဗုဒ္ဓတွေဟာ တရားမျှတပြီး နတ်ဆိုးတွေက ဆိုးယုတ်တယ်လို့ ယုံကြည်ကြတယ်။ တခြားသူတွေရဲ့ စိတ်ကို ချုပ်နှောင်ဖို့ ကြိုးစားနေတဲ့ ဒီစွမ်းအားကို ကြည့်ရသလောက် နတ်ဘုရားတွေနဲ့ ဗုဒ္ဓတွေကလည်း တရားမျှတချင်မှ မျှတမှာပါ’

‘နောက်ဆုံးတော့ ဒါတွေအားလုံးက လူတွေကို လှည့်စားဖို့ နည်းလမ်းတစ်ခုပါပဲ’

မဟာအလင်းမြတ်စွာဘုရားက မာနတကြီး ပြုံးလိုက်သည်။

“လူတွေကိုလှည့်စားတဲ့ နည်းလမ်းပဲဖြစ်ဖြစ်၊ အခြား ဘာနည်းလမ်းလမ်း ကိုယ့်ရဲ့ စွမ်းအား တိုးတက်လာသရွေ့ ဒါက လုံလောက်နေပြီ။ ကျန်တာအားလုံးက အရေးမပါတဲ့ အသေးအမွှားလေးတွေပါပဲ”

ကျိုးရီ ခေါင်းညိတ်လိုက်သည်။

“ခင်ဗျားပြောတာလည်း မှန်ပါတယ်။ ကျန်တာအားလုံးက အသေးအမွှားလေးတွေပဲ”

စကားဆုံးသည်နှင့် သူ့ခန္ဓာကိုယ်မှ အလင်းတန်းပေါင်း သန်းထောင်ချီ၍ ပေါက်ကွဲထွက်ပေါ်လာကာ တစ်ဖက်လူ၏ ခန္ဓာကိုယ်မှ ဗုဒ္ဓအလင်းတန်းနှင့် ထိပ်တိုက်ရင်ဆိုင်လိုက်သည်။

ဘုန်း….

စွမ်းအားနှစ်ခု ရိုက်ခတ်သွားသည့်ခဏတွင် ကမ္ဘာကြီးတစ်ခုလုံးကို မျဉ်းတစ်ကြောင်းတားကာ နှစ်ခြမ်းခွဲလိုက်သကဲ့သို့ ဖြစ်သွားသည်။

မည်သည့်ဘက်ကမှ အလျှော့မပေးကြဘဲ တိုက်မိသည့်နေရာမှ လျှပ်စီးကြောင်းများပင် ထွက်ပေါ်လာသည်။

All Chapters