← Chapters

အခန်း ၂၄၃

Vol. 25 Ch. 243

အခန်း ၂၄၃

Vol. 25 Ch. 243

အခန်း ၂၄၃: မင်း... ဟင်းလင်းပြင်တာအိုကို... နားလည်သဘောပေါက်သွားတာလား

သို့သော် မကြာမီမှာပင် ရွှီဝူဖာ၏ ထိုသံသယ အနည်းငယ်သည် ဖိနှိပ်ခံလိုက်ရပြီး လုံးဝလျစ်လျူရှုခံရခြင်းနှင့် အထင်သေးခံရခြင်းတို့မှ မွေးဖွားလာသော ဒေါသတစ်ခုဖြင့် အစားထိုးလိုက်သည်။"ဟမ့်...နည်းနည်းတော့ စိတ်ဝင်စားစရာ ကောင်းလာပြီ" ရွှီဝူဖာ၏ အေးစက်သောအသံက နယ်ပယ်နယ်နမိတ်အတွင်း ပဲ့တင်ထပ်သွားပြီး လှောင်ပြောင်မှု အရိပ်အယောင်တစ်ခု ပါဝင်နေသည်။"သေချာပေါက် သေရမယ့် အခြေအနေကို ရင်ဆိုင်နေရတာတောင် ဒီလိုတည်ငြိမ်ပြီး အေးဆေးတဲ့ အမူအရာကို ထိန်းသိမ်းထားနိုင်တာ... မင်းက ငါ အရင်က ခြေမွှဖျက်ဆီးခဲ့တဲ့ အသုံးမကျတဲ့ ပုရွက်ဆိတ်တွေနဲ့ တကယ့်ကို မတူဘူးပဲ""ငါတို့ နတ်ဘုရား မျိုးနွယ်စုရဲ့ ရန်သူတော်ကြီး... စူးချုံးရဲ့ သား ပီသပါပေတယ်...""ဒါပေမဲ့ ဒီလောက်ပါပဲ..."သို့ရာတွင် စူးချန်ကဲက သူ၏စကားများကို တစိုးတစိမျှ မကြားသည့်အလား ပြုမူနေခဲ့သည်။သူ၏စိတ်အာရုံတစ်ခုလုံးသည် သူ၏နံဘေးပတ်လည်တွင် စီးဆင်းနေသော ငွေမီးခိုးရောင် ဟင်းလင်းပြင် သွေးကြောများကို လေ့လာစောင့်ကြည့်ခြင်းနှင့် ခွဲခြမ်းစိတ်ဖြာခြင်းတို့တွင် နစ်မြုပ်နေခဲ့ပေ၏။[နားလည်သဘောပေါက်မှု +၀.၅%... +၀.၅%... +၁%...]သူ၏တိုးတက်မှုက တည်ငြိမ်စွာနှင့် လျင်မြန်စွာ ဖြစ်ပေါ်နေကာ အရှိန်နှုန်းမှာ မယုံနိုင်လောက်အောင် မြန်ဆန်လှသည်။စူးချန်ကဲသည် သူ ယခုလေးတင် နားလည်သဘောပေါက်ထားသော ဟင်းလင်းပြင်၏ ရည်ရွယ်ချက်အတိုင်း ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင် စွမ်းအားကို လှုံ့ဆော်ရန်ပင် သူ၏မသိစိတ်မှ ကြိုးစားနေခဲ့သည်။သူ၏နံဘေးရှိ အမှောင်ထုသည် အနည်းငယ်ပုံပျက်သွားပြီး မမြင်နိုင်လုနီးပါး ဖြစ်သော လှိုင်းဂယက်တစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။ထိုအရာသည် အလွန်အားနည်းပြီး အဆင်မပြေ ဖြစ်နေသော်လည်း အမှန်တကယ်ကို ဟင်းလင်းပြင် မူလအစ၏ လှိုင်းဂယက်တစ်ခုပင်။ရွှီဝူဖာ၏မျက်လုံးသူငယ်အိမ်များက အပ်ပေါက် အရွယ်အစားအထိ ရုတ်တရက် ကျုံ့ဝင်သွားခဲ့သည်။ဟင်းလင်းပြင် နတ်ဘုရားနယ်ပယ်၏ လွှမ်းမိုးချုပ်ကိုင်သူ တစ်ဦးအနေဖြင့် နယ်ပယ်အတွင်းရှိ ဟင်းလင်းပြင် အပြောင်းအလဲ တစ်ခုချင်းစီတိုင်းကို သူ ကောင်းစွာသိရှိထားသည်။အစောပိုင်းက ဧရိယာငယ်လေးတစ်ခု အတွင်းရှိ ဟင်းလင်းပြင်စွမ်းအားသည် သူ၏ ထိန်းချုပ်မှုမှ လွတ်မြောက်သွားပြီး စူးချန်ကဲကြောင့် ရွေ့လျားသွားသည်ကို သူ ရှင်းလင်းစွာ ခံစားလိုက်ရသည်။ဤသည်က မည်သို့ ဖြစ်နိုင်မည်နည်း....မည်သည့် အခြေခံဖြင့် တစ်ဖက်လူသည် ဤနေရာရှိ ဟင်းလင်းပြင် စွမ်းအားကို လှုံ့ဆော်နိုင်ရသနည်း..ဤသည်မှာ သူ၏ ဟင်းလင်းပြင် နတ်ဘုရား တော်ဝင် မျိုးနွယ်စု၏ သွေးမျိုးဆက်ပါရမီဖြင့် ဖန်တီးထားသော သီးသန့်နယ်ပယ်ပင်။ရွှီဝူဖာ၏စိတ်နှလုံးသားထဲ၌ တုန်လှုပ်သွားပြီး မယုံကြည်နိုင်မှုများ ပြည့်နှက်နေချိန်မှာပင်..စူးချန်ကဲက သတိအနည်းငယ် ပြန်လည်ရရှိလာခဲ့လေသည်။ သူက မော့ကြည့်လိုက်ရာ သူ၏အကြည့်က ရွှီဝူဖာ၏အကြည့်နှင့် စစ်မှန်သောအဓိပ္ပာယ်ဖြင့် ပထမဆုံးအကြိမ် ဆုံတွေ့သွားပေ၏။ ထို့နောက် စူးချန်ကဲက ရွှီဝူဖာအား သူ အကြားအာရုံ မှားယွင်းသွားသည်ဟုပင် ထင်မှတ်သွားစေနိုင်သည့် မေးခွန်းတစ်ခုကို မေးလိုက်သည်။"မင်းရဲ့ ဒီဟင်းလင်းပြင် နတ်ဘုရား နယ်ပယ်က... ဘယ်လောက်ကြာကြာ ထိန်းသိမ်းထားနိုင်သလဲ""..." ရိုးရာအစဉ်အလာကို လုံးဝဆန့်ကျင်သော ဤမေးခွန်းကြောင့် အံ့အားသင့်သွားသည့်အလား ရွှီဝူဖာက အချိန်တခဏကြာမျှ တိတ်ဆိတ်သွားသည်။သို့သော် မည်သို့ပင်ဆိုစေကာမူ သူသည် နတ်ဘုရား မျိုးနွယ်စု၏ နံပါတ်တစ် နတ်ဘုရားသားတော်ပင်။ သူသည် သူ၏ အေးစက်သော မာန်မာနကို လျှင်မြန်စွာ ပြန်လည်ရရှိလာပြီး သူ့ထံ၌ စိတ်ရှုပ်ထွေးမှုများ ရှိနေသော်လည်း သူက အထက်စီးဆန်သော အထင်သေးမှု ခံစားချက်ဖြင့် အဖြေပေးလိုက်သည်။"ဒါက ငါတို့နတ်ဘုရား ဟင်းလင်းပြင် မျိုးနွယ်စုရဲ့ အမြင့်ဆုံး နတ်ဘုရားစွမ်းရည်တွေထဲက တစ်ခုဖြစ်တဲ့ ဟင်းလင်းပြင် နတ်ဘုရား နယ်ပယ်ပဲ.... ငါတို့ မျိုးနွယ်စု ထဲမှာတောင်မှ ဟင်းလင်းပြင်တာအိုနယ်ပယ်နဲ့ အဲ့ဒါကို အသက်သွင်းနိုင်တဲ့သူတွေက ဖီးနစ်အမွှေးနဲ့ ချီလင်ဦးချိုလို ရှားပါးတယ်....အဲ့ဒါကို ဆယ့်ငါးမိနစ်လောက် ကြာအောင် ထိန်းသိမ်းထားနိုင်တဲ့သူကို ပြိုင်ဘက်ကင်း ပါရမီရှင်လို့ ခေါ်နိုင်တယ်"သူက ခဏရပ်လိုက်ပြီး ခေါင်းအနည်းငယ်မော့ကာ ကြီးမားသော ယုံကြည်မှုနှင့် အထင်သေးမှုတို့ဖြင့် ဆက်ပြောသည်။"ဒီအရှင်က ငါ့ရဲ့ မူလအစကို လောင်ကျွမ်းစေပြီး ငါ့ရဲ့ အလားအလာကို အလွန်အကျွံ သုံးစွဲဖို့ ဝန်လေးမှာ မဟုတ်ဘူး...ဒါကို နာရီဝက်လောက် အသက်သွင်းထားဖို့က လုံးဝပြဿနာ မရှိဘူး"သူ၏အမြင်အရ ဤသည်မှာ မျိုးနွယ်စု၏သမိုင်းတွင် မှတ်တမ်းတင်ခံရရန် ထိုက်တန်သော ထိတ်လန့်တုန်လှုပ်ဖွယ်ရာ အောင်မြင်မှုတစ်ခု ဖြစ်နေလေပြီ။ ဤှသည်က သူ၏ ပြိုင်ဘက်ကင်းပြီး လွှမ်းမိုးနိုင်သော ပင်ကိုယ်ပါရမီကို သက်သေပြရန် လုံလောက်သည်။သို့ရာတွင် တစ်ဖက်လူထံ၌ သူ မျှော်လင့်ထားသော ထိတ်လန့်တုန်လှုပ်မှု အကြောက်တရားနှင့် မျှော်လင့်ချက်မဲ့မှု အမူအရာများ ထွက်ပေါ်မလာခဲ့ပေ။စူးချန်ကဲသည် ထိုစကားများကို နားထောင်ပြီးနောက် သူသည် မျက်မှောင် အနည်းငယ် တွန့်ကွေးသွားရုံသာ ဖြစ်လေ၏။သူ၏မျက်နှာပေါ်တွင် စိတ်ပျက်မှုနှင့်မကျေနပ်မှု၏ သိသာရှင်းလင်းသော အမူအရာတစ်ခု ထွက်ပေါ်လာသည်။"နာရီဝက်လောက်ပဲလား..."စူးချန်ကဲက တီးတိုးရေရွတ်လိုက်သည်။ သူ၏အသံက မကျယ်လောင်သော်လည်း ဤတိတ်ဆိတ်နေသော ဟင်းလင်းပြင် နတ်ဘုရား နယ်ပယ်တွင် ရှင်းလင်းစွာ ကြားနိုင်သည်။သူ၏လေသံထဲရှိ ဖုံးကွယ်ထားခြင်း မရှိသော အထင်သေးမှုက လျှံကျလာလုနီးပါးပင်။ရွှီဝူဖာ ...သူ၏မျက်နှာပေါ်ရှိ ယုံကြည်မှုရှိပြီး အထင်သေးသော အမူအရာက ချက်ချင်းအေးခဲတောင့်တင်းသွားတော့သည်။ရုတ်ချည်းဆိုသလိုပင် ပြင်းထန်စွာ စော်ကားခံရမှုနှင့် အရှက်ရမှုတို့မှ ဒေါသလှိုင်းလုံးတစ်ခုက သူ၏ခေါင်းထဲသို့ ရိုက်ခတ်သွားပေ၏။"မင်း... မင်းလို ပုရွက်ဆိတ်က ဘာနားလည်လို့လဲ"ရွှီဝူဖာ၏အသံက ဒေါသကြောင့် အနည်းငယ် ပျက်ယွင်းနေပြီး သူက ပြတ်သားစွာ မရှင်းပြဘဲ မနေနိုင်ခဲ့ပေ။"အဆုံးမရှိတဲ့ ခေတ်အဆက်ဆက်တလျှောက် ငါတို့နတ်ဘုရား ဟင်းလင်းပြင် မျိုးနွယ်စုရဲ့ သမိုင်းမှာ... ဟင်းလင်းပြင်တာအိုနယ်ပယ် ကျင့်ကြံဆင့်နဲ့ ဟင်းလင်းပြင် နတ်ဘုရား နယ်ပယ်ကို ဖွင့်နိုင်တဲ့သူတွေကို လက်ချိုးရေလို့ရတယ်...အဲ့ဒါကို ဆယ့်ငါးမိနစ် ကြာအောင် ထိန်းသိမ်းထားနိုင်တဲ့သူတွေက ပါရမီရှင်တွေပဲ.... ဒီအရှင်က နာရီဝက်ကြာအောင် ထိန်းသိမ်းထားနိုင်တယ်ဆိုတာ သမိုင်းမှာ မရှိခဲ့ဖူးတဲ့ ကြောက်ဖို့ကောင်းတဲ့ ပါရမီပဲ"သူ စကားပြောလေလေ သူ၏ ပြိုင်ဘက်ကင်း အောင်မြင်မှုမှာ တစ်ဖက်လူ၏မျက်လုံးထဲတွင် အသုံးမကျသော အမှိုက်များသာ ဖြစ်နေသကဲ့သို့ ခံစားရလေလေဖြစ်ကာ သူ ဒေါသ ပို၍ထွက်လာလေလေပင်။"ပြီးတော့ မင်းက မင်းကိုယ်မင်း ဘယ်သူလို့ ထင်နေတာလဲ....ဒီဟင်းလင်းပြင် နတ်ဘုရား နယ်ပယ်ထဲမှာ နာရီဝက် ကျော်တဲ့အထိ မင်း တောင့်ခံနိုင်မယ်လို့ ထင်နေတာလား... ဒီအရှင်က မင်းကိုသတ်ဖို့ အသက်သုံးရှိုက်စာပဲလိုတယ်"သူသည် သူ၏စိတ်နှလုံးသားထဲတွင် ရူးသွပ်စွာ အော်ဟစ်နေခဲ့သည်။'ငါက နာရီဝက်လောက်ပဲ အသက်သွင်းထားနိုင်လို့ သူက တကယ်ကြီး ငါ့ကို အထင်သေးနေတာလား''ဒါကို သူက ဘာလို့ ထင်နေတာလဲ... လမ်းဘေးက ဂေါ်ဖီထုပ်လား..''ခဏလေး..."'ငါက ဘာလို့ သူ့ကို ဒါတွေ ရှင်းပြနေရတာလဲ...""ကျစ်..."ရွှီဝူဖာက ရုတ်တရက် သတိဝင်လာပြီး သူ၏ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒ ပေါက်ကွဲထွက်လာသည်။"လျှာစောင်းထက်တဲ့ ကောင်လေး...ဒီအရှင်အတွက် သေလိုက်စမ်း"နောက်ထပ် စကားတစ်ခွန်းမှ မပြောတော့ဘဲ ရွှီဝူဖာက ဒေါသတကြီး တိုက်ခိုက်လိုက်သည်။ဤတစ်ကြိမ်တွင် သူသည် ဟင်းလင်းပြင် နတ်ဘုရား နယ်ပယ်မှ ဟင်းလင်းပြင်မူလအစ၏ စွမ်းအားကို လှုံ့ဆော်ကာ စစ်မှန်သော သတ်ဖြတ်ခြင်း လှုပ်ရှားမှု တစ်ခုကို အသုံးပြုခဲ့သည်။"ဖျက်ဆီးခြင်း လှံ"ရွှီဝူဖာ၏ လက်များက ဟင်းလင်းပြင်ကို ဆုပ်ကိုင်လိုက်ရာ သူ၏ပတ်လည်ရှိ ရွှေရောင်ရင့်ရင့် နတ်ဘုရား အလင်းတန်းများက မရေမတွက်နိုင်သော ငွေမီးခိုးရောင် ဟင်းလင်းပြင် သွေးကြောများနှင့် ရူးသွပ်စွာ စုစည်းသွားသည်။ ထိုအရာများသည် သူ၏လက်ထဲတွင် သုံးမီတာခန့် ရှည်လျားသော အနက်ရောင်လှံတစ်လက်အဖြစ် ဖွဲ့စည်းသွားပေ၏။ လှံထိပ်ဖျားတွင် သေးငယ်သော ဟင်းလင်းပြင် အက်ကွဲကြောင်းများ အဆက်မပြတ် မှိတ်တုတ်မှိတ်တုတ် ဖြစ်နေပြီး ဟင်းလင်းပြင် နတ်ဘုရား နယ်ပယ် တစ်ခုလုံးကို တုန်ယင်သွားစေသည့် ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခုကို ထုတ်လွှတ်နေသည်။ဤသည်မှာ ရိုးရှင်းသော ဟင်းလင်းပြင်တွန့်လိမ်ခြင်း သို့မဟုတ် ဖြတ်တောက်ခြင်း မဟုတ်တော့ဘဲ အလွန်သိပ်သည်းထားသော ဟင်းလင်းပြင် မူလအစ စွမ်းအားကို အဆုံးစွန်ဖျက်ဆီးခြင်း ဂုဏ်သတ္တိအဖြစ်သို့ ပြောင်းလဲခြင်းပင်။ဤလှံ ဖြတ်သန်းသွားသော နေရာတိုင်းတွင် ရုပ်ဝတ္ထုများသာမက ဟင်းလင်းပြင်ကိုယ်တိုင်၏ သဘောတရားပင်လျှင် ဖျက်ဆီးခံရပြီး စစ်မှန်သော ဗလာနတ္တိဖြစ်ခြင်းကိုသာ ချန်ထားခဲ့ပေမည်။ဤသည်မှာ တာအို ဖြတ်တောက်ခြင်း ဘုရင်တစ်ပါးကို ခြိမ်းခြောက်နိုင်စွမ်းရှိသော တိုက်ခိုက်မှုတစ်ခုပင်။"သေစမ်း...."ရွှီဝူဖာက ဟိန်းဟောက်လိုက်ရာ သူ၏လက်မောင်းမှ ကြွက်သားများ ဖောင်းကြွလာပြီး ထိုအနက်ရောင်ဖျက်ဆီးခြင်းလှံကို စူးချန်ကဲထံ ဦးတည်၍ ပြင်းထန်စွာ ပစ်လွှတ်လိုက်သည်။လှံသည် သူ၏လက်မှ လွတ်ထွက်သွားသည့် အချိန်အခိုက်အတန့်တွင် တိတ်ဆိတ်နေပေ၏။သို့သော် ထိုအရာ၏ လမ်းကြောင်းတလျှောက်တွင် ဟင်းလင်းပြင်သည် ခဲဖျက်ဖြင့် ဖျက်ခံလိုက်ရသော ခဲတံပုံကြမ်းတစ်ခုအလား ဟင်းလင်းပြင်၏ ဖြောင့်တန်းသော လမ်းကြောင်းတစ်ခုကို ချန်ထားခဲ့သည်။ထိုလှံ၏အရှိန်နှုန်းမှာ အကြွင်းမဲ့ကန့်သတ်ချက်သို့ ရောက်ရှိနေသည်။ဟင်းလင်းပြင် အကွာအဝေးကို ဖြတ်ကျော်သွားသည့်အလား လှံ၏ထိပ်ဖျားက စူးချန်ကဲ၏မျက်ခုံးရှေ့ သုံးလက်မအကွာတွင် ချက်ချင်းထွက်ပေါ်လာခဲ့လေသည်။ထိုအရာက စူးချန်ကဲ၏ခေါင်းကို သူ၏နတ်ဘုရားစိတ်ဝိညာဉ်နှင့်အတူ လုံးလုံးလျားလျား ဖျက်ဆီးပစ်တော့မည့်အလားပင်။ထို့ပြင် ဤအရေးကြီးသော အချိန်အခိုက်အတန့်တွင်...နားလည်သဘောပေါက်ခြင်းတွင် နစ်မြုပ်နေခဲ့သော စူးချန်ကဲက နောက်ဆုံးတွင် လှုပ်ရှားလိုက်သည်။သူက သူ၏ညာလက်ကို မြှောက်လိုက်၏။သူ၏လှုပ်ရှားမှုများက နှေးကွေးပြီး အလျင်စလို မဟုတ်ချေ။ထို့နောက် သူက သူ၏လက်ညှိုးနှင့်လက်ခလယ်ကို ဆန့်တန်းကာ သူ၏မျက်ခုံးအရေပြားကို ထိတွေ့နေပြီဖြစ်ပြီး ကြောက်မက်ဖွယ်ကောင်းသော ဖျက်ဆီးခြင်းအရှိန်အဝါကို ထုတ်လွှတ်နေသည့် လှံ၏ထိပ်ဖျားဆီသို့ညင်သာစွာ ညှစ်လိုက်သည်။ဒေါင်....ကျောက်စိမ်းချင်း ထိခိုက်သံအလား ကြည်လင်ပြီး ပေါ့ပါးသော အသံတစ်သံ ထွက်ပေါ်လာပြီးနောက်...ဟင်းလင်းပြင်ကို ဖျက်ဆီးနိုင်ပြီး တာအို ဖြတ်တောက်ခြင်းဘုရင်များကို ဖြူရော်သွားစေနိုင်သော ထိုအနက်ရောင်လှံကို စူးချန်ကဲက သူ၏လက်ချောင်းနှစ်ချောင်းဖြင့် တည်ငြိမ်စွာ ကိုင်ထားလိုက်သည်။ထိုအရာသည် တစ်လက်မမျှပင် မလှုပ်ရှားတော့ချေ။လှံ၏ ထိပ်ဖျားတွင် အဆက်မပြတ် မှိတ်တုတ်မှိတ်တုတ် ဖြစ်နေသော ဟင်းလင်းပြင် အက်ကွဲကြောင်းများမှာ စူးချန်ကဲ၏လက်ချောင်း အရေပြားကို ထိတွေ့လိုက်သည့် အခိုက်အတန့်တွင် သဘာဝရန်သူတော်ကြီးနှင့် တွေ့ဆုံသွားသည့်အလား ချက်ချင်းပျောက်ကွယ်သွားခဲ့သည်။ထိုကြောက်မက်ဖွယ်ကောင်းသော ဖျက်ဆီးခြင်း စွမ်းအားမှာ သမုဒ္ဒရာထဲသို့ ကျသွားသော ကျောက်ခဲ တစ်လုံးအလား အနည်းငယ်မျှသော လှိုင်းဂယက်ကိုပင် မဖြစ်ပေါ်စေနိုင်ခဲ့ပေ။ဟင်းလင်းပြင် နတ်ဘုရား နယ်ပယ် တစ်ခုလုံး သုသာန်တစပြင်ကဲ့သို့ တိတ်ဆိတ်သွားသည်။ရွှီဝူဖာ၏မျက်နှာပေါ်ရှိ ဒေါသနှင့် သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒသည် ရေခဲပန်းပုတစ်ခုအလား ချက်ချင်းအေးခဲတောင့်တင်းသွားပေ၏။ထို့နောက် သူ၏အမူအရာ တစ်လက်မချင်း အက်ကွဲသွားတော့သည်။ထိုနေရာတွင် အစားထိုးဝင်ရောက်လာသည်မှာ ကမ္ဘာပေါ်တွင် အဓိပ္ပာယ်အရှိဆုံးနှင့် မဖြစ်နိုင်ဆုံး အရာတစ်ခု ဖြစ်ပျက်သွားသည်ကို မြင်လိုက်ရသည့်အလား အလွန်အမင်း ထိတ်လန့်မှုပင်။ထို့ပြင်... မယုံကြည်နိုင်မှု....သူက ဖျက်ဆီးခြင်းလှံကို ကိုင်ထားသော စူးချန်ကဲ၏ လက်ချောင်းနှစ်ချောင်းကို စူးစူးဝါးဝါး စိုက်ကြည့်နေခဲ့သည်။ အထူးသဖြင့် သူ၏လက်ချောင်းများ၏ မျက်နှာပြင်ပေါ်တွင် စီးဆင်းနေသော မယုံနိုင်လောက်အောင် နက်နဲသိမ်မွေ့သည့် မူလအစ စွမ်းအားအလွှာကိုပင်။သူသည် ထိုအရာနှင့် အလွန်ရင်းနှီးကျွမ်းဝင်ပေ၏။ထိုအရာသည် ဟင်းလင်းပြင် မူလအစ စွမ်းအားကို လှုံ့ဆော်ပြီး ထိန်းချုပ်နေသည့် အချိန်မှသာ ထွက်ပေါ်လာသော လက္ခဏာရပ်ပင်။"မင်း... ""မင်းက... ဟင်းလင်းပြင်တာအိုကို... နားလည်သဘောပေါက်သွားတာလား"ရွှီဝူဖာ၏အသံက မယုံနိုင်လောက်အောင် ခြောက်ကပ်နေပြီး သူ၏ မျက်လုံးများတွင် မယုံကြည်နိုင်မှုများ ပြည့်နှက်နေသည်။

All Chapters