အခန်း ၂၄၉
Vol. 25 Ch. 249
အခန်း ၂၄၉: ငါ မင်းကို မလိမ်ခဲ့ပါဘူး
ဘုန်း...အပြင်ဘက်တွင် ရွှီဝူဖာ၏ ယိုင်နဲ့နေပြီဖြစ်သော ခန္ဓာကိုယ်သည် အထောက်အပံ့များအားလုံးကို လုံးဝ ဆုံးရှုံးသွားပြီး ရွှံ့ပုံတစ်ခုအလား မြေပြင်ပေါ်သို့ ပြိုလဲကျသွားသည်။ သူ၏မျက်နှာသည် အေးစက်ကြမ်းတမ်းသော ကျောက်တုံးလှေကားထစ်များပေါ်သို့ ဖိကပ်သွားပေ၏။သူ၏မျက်လုံးများသည် သက်ဝင်လှုပ်ရှားမှုကင်းမဲ့နေပြီး ရှေ့ကို တည့်တည့်စိုက်ကြည့်နေကာ သူ၏ နှုတ်ခမ်းများက အနည်းငယ် တုန်ရီနေပြီး အိပ်မက်ယောင်နေသည့်အလား ပြတ်တောင်းပြတ်တောင်း ရေရွတ်လိုက်သည်။"ငါ... ကျွန်ပြုခံလိုက်ရပြီ...""ဟင်းလင်းပြင် နတ်ဘုရား တော်ဝင်မျိုးနွယ်စုရဲ့... နတ်ဘုရားသားတော်က... လူသား တစ်ယောက်ရဲ့... ကျွန်တံဆိပ် ခတ်နှိပ်ခံလိုက်ရပြီ...""ဟားဟား... ဟားဟားဟား..."သူက တကယ်ပင် တိုးညင်းစွာ ရယ်မောလာခဲ့ပြီး သူ၏ ရယ်မောသံမှာ ခြောက်ကပ်ကာ အက်ကွဲနေသည်။ ထိုရယ်မောသံတွင် အဆုံးမရှိသော အဓိပ္ပာယ်မဲ့မှု၊ မျှော်လင့်ချက်မဲ့မှုနှင့် ထုံကျင်မှုတို့ဖြင့် ပြည့်နှက်နေပေ၏။သူ၏မာန်မာန ရည်မှန်းချက်အားလုံးနှင့် အနာဂတ် အားလုံးမှာ ဖရိုဖရဲမှော်စာလုံး ကျဆင်းလာမှုနှင့်အတူ ဤအချိန်အခိုက်အတန့်တွင် ပူဖောင်းများအလား လုံးလုံးလျားလျား ပျောက်ကွယ်သွားတော့သည်။ယခုအခါတွင် သေခွင့်တောင်းရန်ပင် သူ့ထံ၌ အခွင့်အရေး မရှိတော့ချေ။စူးချန်ကဲက အော်ဟစ်ငိုကြွေးနေသော ရွှီဝူဖာကို အနည်းငယ် အထင်သေးစွာ ကြည့်လိုက်ပြီး အော်ငေါက်လိုက်၏။"ငါ့ကို ခေါ်စမ်း..."ဘုန်း....ရွှီဝူဖာက သူ၏ခြေထောက်များကို ကွေးညွှတ်ကာ ဒူးထောက်လိုက်သည်။ သူ၏အမူအရာ အလွန်အမင်းပျက်ယွင်းနေသော်လည်း သူက ရိုသေလေးစားစွာ ခေါ်ဆိုလိုက်သည်။"သခင်...""တကယ်လို့ မင်းက မသေရဲဘူးဆိုရင် အူနေတာကို ရပ်လိုက်စမ်း..မင်းမှာ တကယ်ကြီး သတ္တိရှိနေရင် မင်း သေသွားလောက်ပြီ..."စူးချန်ကဲက သူ့ကို ရက်စက်စွာ ဖော်ထုတ်လိုက်၏။ဤစကားများကို ကြားသောအခါ ရွှီဝူဖာက သူ၏ ခေါင်းကို ပို၍နိမ့်အောင် ငုံ့လိုက်ပြီး သူ၏မျက်လုံးများက နီရဲလာသည်။ သူသည် လက်သီးများကို တင်းကြပ်စွာ ဆုပ်ထားပြီး သွေးများထွက်လာသည်အထိ လက်သည်းများက သူ၏အသားထဲသို့ စိုက်ဝင်နေသည်။ဤအချိန်အခိုက်အတန့်တွင် ဤမြင်ကွင်းကို စောင့်ကြည့်နေသူတိုင်းက ရှင်းလင်းစွာ မြင်တွေ့ခဲ့ရသည်။ ရွှီဝူဖာ၏ အိပ်မက်မက်နေသည့်အလား ရေရွတ်သံများကို သူတို့ ကြားလိုက်ရချိန်၌ အလွန်ထိတ်လန့်တုန်လှုပ်သွားပေ၏။ဤသည်မှာ လူတိုင်း၏စိတ်ထဲတွင် မိုးကြိုးတစ်ချက် ပေါက်ကွဲသွားသည့်အလားပင်။ကမ္ဘာအသင်္ချေ ကျင့်ကြံသူများဖြစ်စေ ရွှီဝူဖာ၏ နောက်သို့ လိုက်လာသော နတ်ဘုရား မျိုးနွယ်စု စစ်သည်တော်များဖြစ်စေ လူတိုင်း အံ့အားသင့်သွားကြပြီး ပါးစပ်အဟောင်းသားဖြစ်သွားကာ သူတို့၏ စိတ်များ လုံးဝဗလာကျင်းသွားသည်။အစောပိုင်းက သူတို့ မြင်တွေ့ကြားသိရသည်ကို မယုံနိုင်အောင် ဖြစ်သွားကြသည်။နတ်ဘုရား မျိုးနွယ်စု၏ လက်ရှိနံပါတ်တစ် နတ်ဘုရားသားတော်က ရွှီဝူဖာ စူးချန်ကဲကို သခင်ဟု ခေါ်လိုက်သလောဟု....ဤသည်မှာ သူက ရွှီဝူဖာကို သတ်လိုက်သည်ထက် အဆတစ်ထောင် ပို၍ထိတ်လန့်တုန်လှုပ်စရာ ကောင်းသည်။ဤသည်မှာ နတ်ဘုရား မျိုးနွယ်စု၏ ဂုဏ်သိက္ခာကို အဆိုးရွားဆုံး နင်းချေလိုက်ခြင်းပင်။ဤကဲ့သို့ကိစ္စမျိုး မည်သည့်အချိန်ကမျှ မဖြစ်ခဲ့ဖူးပေ။ကမ္ဘာအသင်္ချေတွင် ဤကဲ့သို့ ဖြစ်ရပ်မျိုး မည်သည့်အချိန်ကမျှ မဖြစ်ခဲ့ဖူးချေ။"အိုဘုရားရေ... ငါတို့ လူသားမျိုးနွယ်စုက ကြီးမြတ်လာပြီ..."အသက်အိုမင်းနေသော လူသားကျင့်ကြံသူတစ်ဦးသည် တုန်ယင်နေပြီး ဒူးထောက်မိလုနီးပါး ဖြစ်သွားလေ၏။"နတ်ဘုရားသားတော် တစ်ယောက်ကို ကျွန်ပြုတာ... ဘယ်လို... ဘယ်လိုလုပ်ပြီး ဒီလိုကိစ္စမျိုးက ဖြစ်နိုင်မှာလဲ...""သူက... အတိအကျ ဘယ်လိုတည်ရှိမှုမျိုးလဲ..."ကမ္ဘာအသင်္ချေမှ ကျင့်ကြံသူများသည် အလွန်အမင်း ထိတ်လန့်တုန်လှုပ်နေပြီးနောက် သူတို့ထံမှ ကောင်းကင်ကို တုန်လှုပ်စေသော အောင်ပွဲခံသည့် အော်ဟစ်သံများ ပေါက်ကွဲထွက်လာသည်။ရှေးဟောင်းခေတ်ကတည်းက နတ်ဘုရားမျိုးနွယ်စု၏ ဖိနှိပ်ခံရခြင်းခံထားရသော အမှောင်ထုကို တောက်ပသော အလင်းရောင်တစ်ခုက ပြင်းထန်စွာ ဆုတ်ဖြဲပစ်လိုက်သည်ကို မြင်လိုက်ရသည့်အလား လူအများအပြား၏ မျက်လုံးများတွင် မျက်ရည်များ ပြည့်နှက်နေသည်။တစ်ချိန်တည်းမှာပင် ကျန်ရှိနေသော နတ်ဘုရား မျိုးနွယ်စုများဘက်တွင် အလွန်အမင်း တိတ်ဆိတ်ငြိမ်သက်မှုတစ်ခု လွှမ်းခြုံထားသည်။ ထို့နောက် သူတို့ထံတွင် အဆုံးမရှိသော အကြောက်တရားများ ပေါက်ဖွားလာသည်။"နတ်ဘုရားသားတော်... နတ်ဘုရားသားတော် ကျွန်ပြုခံလိုက်ရပြီ...""ပြေး... မြန်မြန်ပြေး...""မိစ္ဆာပဲ... အဲ့ဒီ လူသားက မိစ္ဆာပဲ..."ကျန်ရှိနေသော နတ်ဘုရား မျိုးနွယ်စု စစ်သည်တော်များအားလုံး ကြောက်လန့်တကြား ဖြစ်သွားကြသည်။ သူတို့သည် တခြား မည်သည့်အရာကိုမှ ဂရုမစိုက်တော့ဘဲ သွေးရူးသွေးတန်း အော်ဟစ်ကာ ငှက်များနှင့် သားရဲများအလား ပြန့်ကျဲသွားပြီး အရပ်မျက်နှာအဘက်ဘက်သို့ ရူးသွပ်စွာ ထွက်ပြေးသွားကြသည်။သူတို့၏စိတ်နှလုံးသားထဲရှိ ပြိုင်ဘက်ကင်း နတ်ဘုရားသားတော်၏ပုံရိပ်သည် လုံးလုံးလျားလျား ပြိုလဲကျသွားလေပြီ။ အကယ်၍ နတ်ဘုရားသားတော်ပင်လျှင် တခြားသူတစ်ဦး၏ကျွန် ဖြစ်သွားခဲ့ပါက သူတို့ကဲ့သို့ သာမန်စစ်သည်တော်များအတွက် မည်သည့် မျှော်လင့်ချက် ရှိတော့မည်နည်းဟု တွေးတောကာ သူတို့ ကြောက်ရွံသွားကြသည်။ဝမ်တန်က အမြန်ဆုံး တုံ့ပြန်လိုက်ပြီး သူ၏ မျက်လုံးများတွင် အေးစက်သော အလင်းရောင်တစ်ခု ဖျတ်ခနဲ လင်းလက်သွားသည်။"ပြေးချင်သေးတာလား... သင်္ကေတလေးပါး နတ်ဘုရားပုံစံတွေ... အရပ်လေးမျက်နှာကို ပိတ်ဆို့စမ်း..."ဟိန်းဟောက်သံများ ထွက်ပေါ်လာကာ မိုးပြာနဂါး၊ ကျားဖြူ၊ ဗာမီလီယန်ငှက်နှင့် လိပ်နက်တို့၏ ပုံရိပ်ယောင်များ တဖန်ပြန်၍ ထွက်ပေါ်လာသည်။ ကြောက်လန့်နေသော ဤနတ်ဘုရား မျိုးနွယ်စု အကြွင်းအကျန်များကို ဖြေရှင်းရန်မှာ သူ၏အတွေး တစ်ချက်သာ လိုအပ်သည်။ကျန်းချီလီသည်လည်း ရုန်းကန်၍ မတ်တတ်ထရပ်လိုက်သည်။ သူ၏အရှိန်အဝါသည် အားနည်းနေသော်လည်း သူ၏မျက်လုံးများတွင် သတ်ဖြတ်လိုခြင်း စိတ်ဆန္ဒများဖြင့် ပြည့်နှက်နေပေ၏။"မင်းတို့ကောင်တွေ ခုဏက ငါ့ကို လိုက်ဖမ်းပြီး ရိုက်နေတာ မဟုတ်ဘူးလား... အစစ်အမှန် နေမင်း မီးတောက် လောင်ကျွမ်းစမ်း..."ဝမ်တန်၏ ကြားဖြတ်တားဆီးမှု သတ်ဖြတ်မှုတို့ဖြင့် ပေါင်းစပ်ရန်အတွက် ကျန်းချီလီသည် အစစ်အမှန် နေမင်းမီးတောက် အစအနလေးတစ်ခုကို အတင်းအကြပ် လှုံ့ဆော်ကာ မီးတောက်ပိုက်ကွန်တစ်ခုအဖြစ် ဖွဲ့စည်းလိုက်သည်။သူ မလှုပ်ရှားခဲ့လျှင်ပင် ရလဒ်သည် ပြောင်းလဲသွားမည် မဟုတ်ပေ။သို့သော် ထိုအရာက သူ၏စရိုက်သဘာဝဖြစ်ပြီး သူ ကလဲ့စားချေရမည်။သတိပြန်ဝင်လာသော ကမ္ဘာအသင်္ချေမှ တခြားပါရမီရှင်များသည်လည်း လှုပ်ရှားလာကြပြီး နတ်ဘုရားမျိုးနွယ်စုဝင် စစ်သည်တော်များ လဲကျနေချိန်တွင် ဝင်ရောက်၍ ကန်ကျောက်ကြတော့သည်။အချိန်တခဏအကြာတွင် ရွှီဝူဖာ ခေါ်ဆောင်လာသော ဤလက်ရွေးစင် နတ်ဘုရားမျိုးနွယ်စုတပ်ဖွဲ့သည် လုံးလုံးလျားလျား ချေမှုန်းခံလိုက်ရပြီး တစ်ယောက်မျှ အသက်ရှင်ရက် မကျန်ရှိတော့ပေ။တိုက်ပွဲမြေပြင်တွင် စူးချန်ကဲနှင့် လမ်းလျှောက်နေသည့် ဖုတ်ကောင်အလား ဖြစ်နေသည့် ရွှီဝူဖာတို့သာကျန်ရှိတော့လေသည်။ကျန်ရှိနေသော ရန်သူများကို ရှင်းလင်းပြီးနောက် ဝမ်တန်နှင့်ကျန်းချီလီတို့က စူးချန်ကဲ၏ အနီးသို့ ချက်ချင်းပြန်သွားကြသည်။သူတို့နှစ်ဦးက မြေပြင်ပေါ်ရှိ မျက်လုံးများ အသက်ဝင်မှုမဲ့နေသော ရွှီဝူဖာကို ကြည့်လိုက်ပြီးနောက် တည်ငြိမ်နေဆဲဖြစ်သော စူးချန်ကဲကို ကြည့်လိုက်ကာ ဘာပြောရမှန်းမသိ ဖြစ်သွားကြသည်။ဤကိစ္စ၏ ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းပုံသည် အလွန်ကြီးမားလွန်းပေ၏။သူတို့နှစ်ဦးကို တစ်ချက်ကြည့်ပြီး ရယ်မောလိုက်သူမှာ စူးချန်ကဲပင်။"ဘာလဲ ငါ့ကို မမှတ်မိတော့ဘူးလား...""အစ်ကိုစူး..."ဝမ်တန်က အပြုံးတစ်ခုဖြင့် ခေါ်လိုက်သည်။"မင်းက အမြဲတမ်း ဒီအတိုင်းပဲ... စကားသိပ်မပြောဘူးပေါ့လေ..."စူးချန်ကဲက သူ့ကို ကြည့်ပြီး ပြုံးလိုက်သည်။ဤအချိန်တွင် ကျန်းချီလီက သူ၏စိတ်နှလုံးသားထဲရှိ မြင့်တက်နေသော လှိုင်းတံပိုးများကို ဖိနှိပ်ရန် အသက်ပြင်းပြင်းရှူလိုက်ပြီး ခါးသီးသော အပြုံးတစ်ခုဖြင့် စကားပြောဆိုလိုက်သည်။"အစ်ကိုစူးကို ကျွန်တော် မမှတ်မိတာ မဟုတ်ပါဘူး... မမှတ်မိရဲတာပါ... အစ်ကိုက ကျွန်တော်တို့ကို တကယ့်ကို ကြီးမားတဲ့ အံ့အားသင့်မှုတစ်ခု ပေးလိုက်တာပဲ...""အစ်ကိုက အရမ်းကြမ်းတမ်းလွန်းတယ်..."ဤသို့ပြောဆိုရင်း ကျန်းချီလီက ရွှီဝူဖာကို အေးစက်တင်းမာသော အကြည့်ဖြင့် ကြည့်လိုက်၏။"အစ်ကိုစူး....အစ်ကိုက ဒီတိရစ္ဆာန်ကို တကယ်ကြီး ကျွန်ပြုလိုက်တာလား... ဘယ်လိုလုပ်လိုက်တာလဲ..."ထို့နောက် ကျန်းချီလီက ရွှီဝူဖာ၏အနီးသို့ ချဥ်းကပ်သွားပြီး ရှားပါးသတ္တဝါတစ်ကောင်အလား သူ့ကို အကဲခတ်ကာ သူ၏မျက်နှာကို လက်ညှိုးဖြင့် ထိုးလိုက်သည်။"ကျွတ် ကျွတ်...မင်းက အရမ်းမာနကြီးနေတာ မဟုတ်ဘူးလား... ထပ်ပြီးမာနကြီးကြည့်ပါအုံး..."ကျန်းချီလီ၏ အရှက်ရစေသော လုပ်ရပ်များကို ရွှီဝူဖာက မည်သည့်တုံ့ပြန်မှုမျှ မရှိခဲ့ဘဲ သူ၏အကြည့်က မှိုင်းညှို့နေဆဲပင်။"အင်း သူက အသုံးဝင်သေးလို့ လောလောဆယ် အသက်ရှင်ခွင့် ပေးထားတာပါ..." စူးချန်ကဲက ပြန်ဖြေလိုက်သည်။ နတ်ဘုရား မျိုးနွယ်စု၏ နံပါတ်တစ်နတ်ဘုရားသားတော်ကို ကျွန်ပြုခြင်းမှာ သူ ဆန္ဒရှိသကဲ့သို့ လုပ်၍ရသော ကိစ္စတစ်ခု ဖြစ်သည့်အလား သူက ပေါ့ပေါ့ပါးပါး ပြောဆိုလိုက်သည်။ဝမ်တန်နှင့်ကျန်းချီလီတို့က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး သူတို့နှစ်ဦးလုံး၏ မျက်လုံးများတွင် ထိတ်လန့်တုန်လှုပ်မှုကို အထင်းသား မြင်တွေ့နိုင်သည်။ဤသည်မှာ သူတို့၏အစ်ကိုစူး ဟုတ်သေးသလောဟု တွေးတောမိသွားကြသည်။ငယ်စဥ်ကတည်းက သူတို့ထက် ကျင့်ကြံဆင့်နယ်ပယ်နှင့်စွမ်းအား များစွာနိမ့်ကျခဲ့သော စူးမိသားစု၏ လူငယ်ခေါင်းဆောင် ဟုတ်သေးသလော...."အစ်ကိုစူး ငါတို့ကို ပြောပြလို့ ရမလား... နှစ်နည်းနည်းငယ်လောက်ပဲ ရှိသေးတာကို မင်းက ဘယ်လိုလုပ်ပြီးတော့ ကောင်းကင်ကို ဆန့်ကျင်တဲ့အထိ ဖြစ်သွားတာလဲ... မင်းရဲ့ အဘိုးကြီးက သူ့ရဲ့ ကျင့်ကြံခြင်း တွေကို မင်းဆီ လွှဲပြောင်းပေးလိုက်တာတော့ မဖြစ်နိုင်ဘူး မဟုတ်လား..."ကျန်းချီလီက သူ၏ နာကျင်နေဆဲဖြစ်သော ဒဏ်ရာများကို ပွတ်သပ်ရင်း မျက်နှာရှုံ့မဲ့ကာ ပြောလိုက်သည်။သို့သော် သူ၏နာကျင်မှုက သူ၏စူးစမ်းချင်စိတ်များ ပေါက်ကွဲထွက်ခြင်းကို မတားဆီးနိုင်ခဲ့ချေ။ဝမ်တန်သည်လည်း စူးချန်ကဲကို စူးရှတောက်ပနေသော မျက်လုံးများဖြင့် ကြည့်နေပြီး ထပ်တူထပ်မျှ စူးစမ်းချင်စိတ် ရှိနေကြောင်း သိသာရှင်းလင်းနေသည်။စူးချန်ကဲက ပြုံးလိုက်ပြီး ပြန်မဖြေခဲ့ဘဲ ပေါ့ပေါ့ပါးပါး သာ ပြောလိုက်သည်။"ကောင်းပြီ အခုလောလောဆယ် အဲ့ဒီအကြောင်းတွေကို မပြောဘဲ နေကြရအောင်... ကောင်းကင်တက်လှမ်းခြင်း လျှို့ဝှက်နယ်မြေအကြောင်း ငါ့ကို ပြောပြပါအုံး..."ဤအချိန်တွင် လျှိုရူယန်နှင့်ယွဲ့ယီတို့သည်လည်း စူးချန်ကဲထံသို့ လျှောက်လှမ်းလာကြသည်။လျှိုရူယန်က စူးချန်ကဲကို စိတ်ရှုပ်ထွေးသော အကြည့်ဖြင့် ကြည့်လိုက်ရာ ယခင်က ထိန်ချန်ထားခံရမှု အတွက် မကျေနပ်မှုအရိပ်အယောင်တစ်ခု ပါဝင်နေသည်။သူသည် အတိအကျ မည်သူဖြစ်သနည်းဟု သူမ တွေးတောမိသွားလေ၏။ယွဲ့ယီက မြေပြင်ပေါ်တွင် ဒူးထောက်လိုက်ပြီး သူမ၏ အသံက စိတ်လှုပ်ရှားပုံပေါက်နေသည်။"ဒီအစေခံက သခင်လေးကို ဂါရဝပြုပါတယ်... သခင်လေးရဲ့ နတ်ဘုရား စွမ်းအားက ပြိုင်ဘက်ကင်းပါတယ်...ဒီအစေခံက..."သူမ၏စိတ်နှလုံးသားထဲရှိ ထိတ်လန့်တုန်လှုပ်မှုနှင့် ရိုသေလေးစားမှုတို့ကို ဖော်ပြရန် မည်သည့်စကားလုံးများအား အသုံးပြုရမည်ကိုပင် သူမ မသိတော့ချေ။စူးချန်ကဲက ယွဲ့ယီကို ထူပေးပြီး လျှိုရူယန်ကို ပြုံးပြလိုက်သည်။"ဒါက ကိစ္စအဟောင်းတွေပါ...ဇာတ်လမ်းက ရှည်တယ်... အချိန်ရရင် ဂျူနီယာ ညီမလေးကို အသေးစိတ် ရှင်းပြပါ့မယ်..."လျှိုရူယန်၏ အရှိန်အဝါသည်လည်း အနည်းငယ် မတည်မငြိမ် ဖြစ်နေကြောင်း သူ မြင်လိုက်ရသည်။ ထိုအရာမှာ အလွန်အမင်း စိုးရိမ်ပူပန်မှုနှင့် တိုက်ပွဲကို အတင်းအကျပ် စောင့်ကြည့်ခဲ့ရခြင်းတို့ ကြောင့် ဖြစ်ကြောင်း သိသာရှင်းလင်းနေသည်။ ထို့ထက်ပို၍ အရေးကြီးသည်မှာ သူမ၏မျက်လုံးများတွင် မကျေနပ်မှု အရိပ်အယောင်တစ်ရပ် ရှိနေခြင်းပင်။'ကျေးဇူးပြုပြီး...''ငါ မင်းကို မလိမ်ခဲ့ဘူးလေ...''မင်းဘာသာမင်း အားလုံး ခန့်မှန်းခဲ့တာလေ...'လျှိုရူယန်က သူ၏ဖြူစင်မှုကို ခံစားလိုက်ရပြီး သူမ၏ နှလုံးသား အနည်းငယ် နွေးထွေးသွားကာ ယခုအချိန်သည် ဤကိစ္စများ မေးမြန်းရန် အချိန်မဟုတ်ကြောင်း သိသဖြင့် ခေါင်းညိတ်လိုက်သည်။"ကောင်းကင်တက်လှမ်းခြင်း လှေကား အကြောင်း ဘာပြောစရာ ရှိသေးလို့လဲ... ဒီတစ်ကြိမ် ထိပ်ဆုံးကို ရောက်မယ့်သူက သေချာပေါက် အစ်ကိုစူးပဲ ဖြစ်မှာပါ...""ဒီတိုက်ပွဲအပြီးမှာ အစ်ကိုစူးရဲ့ နာမည်က ကောင်းကင် ဘုံတွေအားလုံးနဲ့ ကမ္ဘာအသင်္ချေကို....ပြီးတော့ နတ်ဘုရား မျိုးနွယ်စုရဲ့ အစွမ်းထက်သူတွေကိုတောင် တကယ်ကြီး ထိတ်လန့်တုန်လှုပ်သွားစေလိမ့်မယ်..."