← Chapters

အခန်း ၂၅၀

Vol. 25 Ch. 250

အခန်း ၂၅၀

Vol. 25 Ch. 250

အခန်း ၂၅၀: နတ်ဘုရား နယ်မြေ တုန်လှုပ်သွားသည်... နတ်ဘုရားညီလာခံ စတင်တော့မည်

ကောင်းကင်တက်လှမ်းခြင်းလှေကားတွင် စူးချန်ကဲသည် အချိန်သိပ်မဖြုန်းခဲ့ပေ။ မည်သို့ပင်ဆိုစေကာမူ ဤတစ်ကြိမ်တွင် သူ၏ပန်းတိုင်မှာ ထိပ်ဆုံးသို့ ရောက်ရှိရန် ဖြစ်သဖြင့် စကားအနည်းငယ်ပြောပြီးနောက် သူက တခြားသူများနှင့်အတူ အထက်သို့ စတင်၍ တက်လှမ်းတော့သည်။ထို့ပြင် ဟင်းလင်းပြင်အလွှာများ၏အပြင်ဘက်တွင်...နတ်ဘုရားမျိုးနွယ်စုနယ်မြေ၏ ဗဟိုချက်ဖြစ်သော ကောင်းကင်အလွန်က ကောင်းကင်နယ်မြေတွင် ဒေသအသီးသီးကို ထိတ်လန့်တုန်လှုပ်စေမည့် မုန်တိုင်းတစ်ခု ဖြစ်တည်နေခဲ့သည်။မီးတောက် နတ်ဘုရား တော်ဝင်မျိုးနွယ်စု၏ လောင်ကျွမ်းမီးတောက် နတ်ဘုရားနန်းတော်...ဤနန်းတော်တစ်ခုလုံးကို နှစ်သန်းပေါင်းများစွာ အဆက်မပြတ် လောင်ကျွမ်းနေသော ထာဝရ နတ်ဘုရားမီးတောက်ဖြင့် ဖန်တီးထားသည်။ဤအခိုက်အတန့်တွင် မီး၏အခွင့်အာဏာကို ကိုယ်စားပြုသော ဤသူတော်စင်ခန်းမသည် ရုတ်တရက် ပြင်းထန်စွာ တုန်ခါစပြုလာသည်။ဝုန်းခနဲ မြည်ဟီးသံများ ထွက်ပေါ်လာပြီးနောက်.....နတ်ဘုရားနန်းတော်၏ နက်ရှိုင်းသောနေရာရှိ မျိုးရိုးအစဥ်အဆက်မှ မီးတောက်နတ်ဘုရား တော်ဝင် မျိုးနွယ်စု အစွမ်းထက်သူများ၏ နတ်ဘုရား မီးတောက် သက်စောင့်ကျောက်ပြားများ ထားရှိရာ ဘုရားကျောင်း အတွင်း၌....သန့်စင်သော ရွှေရောင်မီးတောက်များ လောင်ကျွမ်းနေသော ရှေ့ဆုံးတွင်ရှိသည့် သက်စောင့်ကျောက်ပြား တစ်ခုက မည်သည့် သတိပေးချက်မျှ မရှိဘဲ ရုတ်တရက် အက်ကွဲပြီး ပျက်စီးသွားသည်။မီးတောက်သည် လုံးဝပျောက်ကွယ်သွားပြီး မြေပြင်ပေါ်တွင် မီးခိုးဖြူရောင် အပိုင်းအစများအဖြစ် ပြောင်းလဲသွားပေ၏။"မဟုတ်ဘူး..."ဟင်းလင်းပြင်ကို ဆုတ်ဖြဲသွားသော ဟိန်းဟောက်သံ တစ်သံက လောင်ကျွမ်းမီးတောက် နတ်ဘုရား နန်းတော်၏ အနက်ရှိုင်းဆုံး နေရာမှ ပေါက်ကွဲထွက်လာသည်။ဤဟိန်းဟောက်သံတွင် ပါဝင်သော ဒေါသနှင့် နာကျင်မှုတို့မှာ မီးတောင် သန်းပေါင်းများစွာ တစ်ပြိုင်နက်တည်း ပေါက်ကွဲသွားသည့်အလားပင်။ ထိုအသံက မီးတောက်နတ်ဘုရား တော်ဝင်မျိုးနွယ်စု နယ်မြေအတွင်းရှိ မီးတောက်များအားလုံးကို အချိန်တခဏကြာမျှ မှေးမှိန်သွားစေသည်။"ငါ့ရဲ့သား ဟွမ်ကျင်းက... သေဆုံးသွားပြီလား..."ပေတစ်သောင်း မြင့်မားသော ဧရာမ မီးတောက် ဘီလူးတစ်ကောင်၏ ပုံရိပ်ယောင်တစ်ခုက လောင်ကျွမ်းမီးတောက် နတ်ဘုရား နန်းတော်မှ ထွက်ပေါ်လာသည်။ ထိုမီးတောက်ဘီလူး၏မျက်နှာသည် ကြီးကျယ်ခမ်းနားသော်လည်း ရက်စက်ကြမ်းကြုတ်လေ၏။ ထိုလူမှာ မီးတောက် နတ်ဘုရား တော်ဝင်မျိုးနွယ်စု၏ လက်ရှိမျိုးနွယ်စုခေါင်းဆောင် ဟွမ်ထျန်းကျင့်ပင်။သူသည် ပြိုကွဲပျက်စီးသွားသော သက်စောင့်ကျောက်ပြားကို စူးစိုက်၍ကြည့်နေစဉ်တွင် သူ၏ မျက်လုံးများမှ မီးတောက်များ ဖြာထွက်နေသည်။ သူ၏နံဘေးပတ်လည်ရှိ မီးတောက်များက အထိန်းအကွပ်မရှိ မြင့်တက်လာပြီး ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်ကို တရှဲရှဲအသံများဖြင့် လောင်ကျွမ်းစေကာ မရေမတွက်နိုင်သော ဥပဒေသသံကြိုးများကို ပြတ်တောက်သွားစေသည်။"အဲ့ဒီ ကမ္ဘာအသင်္ချေက ပုရွက်ဆိတ်တွေက ငါ့ရဲ့ နတ်ဘုရားသားတော်ကို သတ်ရဲတယ်ပေါ့...""စုံစမ်းစမ်း... ဒီအရှင်အတွက် အဲ့ဒါက ဘယ်သူလဲ ဆိုတာ ချက်ချင်းရှာစမ်း... ဒီအရှင်က သူ့ရဲ့ စိတ်ဝိညာဉ်ကို ထုတ်ယူပြီး သန့်စင်မယ်.... ပြီးတော့ သူ့ရဲ့ ဆွေစဉ်မျိုးဆက်ကိုးဆက်လုံးကို ပြာချပစ်မယ်..."ဟွမ်ထျန်းကျင့်၏ ဟိန်းဟောက်သံအပြီးတွင် လောင်ကျွမ်းမီးတောက် နတ်ဘုရား နန်းတော်မှ နတ်ဘုရား မီးတောက် အမိန့်တော်များ ထွက်ပေါ်လာခဲ့သည်။ မီးတောက် နတ်ဘုရား တော်ဝင်မျိုးနွယ်စု တစ်ခုလုံးမှာ မီးညှိထားသော ယမ်းမှုန့်စည်တစ်ခုအလား ဖြစ်သွားပြီး မရေမတွက်နိုင်သော နတ်ဘုရား မျိုးနွယ်စု စစ်သည်တော်များက နတ်ဘုရား စစ်သူကြီးများ၏ ဦးဆောင်မှု အောက်တွင် စုရုံးလာကြကာ သူတို့၏ သတ်ဖြတ်လိုခြင်း စိတ်ဆန္ဒများက မိုးကောင်းကင်ယံသို့ မြင့်တက်နေပေ၏။တစ်ချိန်တည်းမှာပင်...ကြယ်နတ်ဘုရား တော်ဝင်မျိုးနွယ်စု ကြယ်အလင်းတန်း သူတော်စင်ခန်းမ၌....အဆုံးမရှိသော ကြယ်များ၏ အနှစ်သာရဖြင့် ဖန်တီးထားသော ဤသူတော်စင်ခန်းမသည် ယခုအချိန်၌ အေးစက်ပြီး အလွန်အမင်း ပြင်းထန်သော သတ်ဖြတ်လိုခြင်း စိတ်ဆန္ဒတစ်ခုဖြင့် ဖုံးလွှမ်းနေသည်။ခန်းမကြီး၏အလယ်ဗဟိုတွင် ကြယ်နတ်ဘုရား မျိုးနွယ်စုခေါင်းဆောင် ရှင်းဝူဟန်က တိတ်ဆိတ်ငြိမ်သက်စွာ မတ်တတ်ရပ်နေလေ၏။သူသည် မရေမတွက်နိုင်သော ကြယ်ပုံစံများဖြင့် အလှဆင်ထားသည့် နတ်ဘုရားဝတ်ရုံ တစ်ထည်ကို ဝတ်ဆင်ထားသည်။ သူ၏မျက်နှာသည် ချောမောပြီး မိစ္ဆာဆန်လုနီးပါး ဖြစ်သော်လည်း ကြယ်တာရာ ပင်လယ်တစ်ခုလုံး ပါဝင်နေပုံရသည့် သူ၏ မျက်လုံးများက တစ်စုံတစ်ယောက်၏ စိတ်ဝိညာဉ်ကို အေးခဲသွားစေလောက်အောင် အေးစက်တင်းမာနေသည်။သူ၏ရှေ့တွင် မူလက နေမင်းအလား တောက်ပနေသော ကြယ်သလင်းကျောက်တစ်ခုသည် လုံးလုံးလျားလျား မှေးမှိန်သွားပြီး ထိုအရာ၏ မျက်နှာပြင်တွင် အက်ကွဲကြောင်းများ ဖုံးလွှမ်းနေသည်။ထိုအရာမှာ နတ်ဘုရားသားတော် ရှင်းချန်ယောင်၏ မွေးရာပါ ကြယ်အမြုတေပင်။"ယောင်အာ..."ရှင်းဝူဟန်၏အသံက တိုးညှင်းသော်လည်း ထိုအရာက သူတော်စင်ခန်းမတစ်ခုလုံး၏ အပူချိန်ကို ရေခဲမှတ်အထိ ထိုးကျသွားသည်။"အဖေ ညီလေးယောင်ရဲ့ ရန်ငြိုးကို သွေးနဲ့ ပြန်ဆပ်ရမယ်..."ရှင်းချန်ယောင်နှင့် ခုနစ်ဆယ်ရာခိုင်နှုန်းခန့် တူညီသော်လည်း သူ၏အရှိန်အဝါက များစွာပို၍ နက်ရှိုင်းပြီး နံဘေးပတ်လည်တွင် သေးငယ်သောကြယ်ကိုးလုံးဖြင့် ဝန်းရံထားသည့် လူငယ်တစ်ယောက်က ဒူးတစ်ဖက်ထောက်၍ ပြောဆိုသည်။ သူ၏မျက်လုံးများတွင် အေးစိမ့်သော သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများဖြင့် ပြည့်နှက်နေပေ၏။သူသည် ရှင်းချန်ယောင်၏အစ်ကိုကြီးဖြစ်ကာ ကြယ်နတ်ဘုရား တော်ဝင်မျိုးနွယ်စု၏ ယခင်မျိုးဆက် နတ်ဘုရားသားတော် ရှင်းချန်ကျီပင်။"ကမ္ဘာအသင်္ချေရဲ့ ပုရွက်ဆိတ်တွေထဲမှာ ညီလေးယောင်ကို သတ်နိုင်တဲ့သူက သေချာပေါက် သာမန် မဟုတ်ဘူး..."ရှင်းချန်ကျီက အေးစက်တင်းမာစွာ ပြောလိုက်သည်။"ကျွန်တော်က လူသတ်သမားကို သတ်ဖို့နဲ့ ကမ္ဘာအသင်္ချေက ပါရမီရှင်တွေရဲ့သွေးနဲ့ ညီလေးယောင်ကို နှစ်သိမ်ဖို့အတွက်... ကမ္ဘာအသင်္ချေထဲကို ကြယ်နတ်ဘုရားအစောင့်တွေကို ကျွန်တော်ကိုယ်တိုင် ဦးဆောင်ပြီး သွားခွင့်ပြုဖို့ တောင်းဆိုပါတယ်..."ရှင်းဝူဟန်သည် စကားမပြောခဲ့ပေ။သူသည် သူ၏လက်ကို ဖြည်းညှင်းစွာ မြှောက်လိုက်ရုံသာဖြစ်ပြီး ပြိုကွဲနေသော ကြယ်အမြုတေက သူ၏ လက်ဝါးထဲသို့ ပျံ့လွင့်လာသည်။ဝီ...သူ၏ လက်ချောင်းထိပ်တွင် ကြယ်ရောင်အစက်လေး တစ်ခု လင်းလက်လာပြီး ကြယ်အမြုတေကို ထိတွေ့ကာ နောက်ဆုံး အမြင်အာရုံ အပိုင်းအစများကို ပြန်လည်ဖော်ထုတ်ရန် ကြိုးစားလိုက်၏။သို့သော် ကြယ်အမြုတေထဲရှိ ကျန်ရစ်နေသော အမှတ်အသားသည် တည်ရှိမှုတစ်ခု၏ အရှိန်အဝါကို အာရုံခံမိသောအခါ သဘာဝရန်သူတစ်ဦးနှင့် တွေ့ဆုံသည့်အလား ပြင်းထန်စွာ တုန်ခါသွားသည်။ ထို့နောက် ထိုအရာက လုံးလုံးလျားလျား ကြေမွှပျက်စီးသွားပြီး အသုံးဝင်သော သတင်းအချက်အလက် အနည်းငယ်ကိုပင် ထုတ်ယူနိုင်ခြင်း မရှိခဲ့ပေ။ရှင်းဝူဟန်၏မျက်လုံးသူငယ်အိမ်များ အနည်းငယ် ကျုံ့သွားသည်။"ပြန်လည်ဖော်ထုတ်လို့ မရဘူး... ဒီကောင်းကင်တက်လှမ်းခြင်း လျှို့ဝှက်နယ်မြေက ထူးဆန်းတယ်..."သူက ဖြည်းညှင်းစွာ စကားပြောဆိုလိုက်ပြီး သူ၏ အသံတွင် တည်ကြည်လေးနက်မှု အရိပ်အယောင်တစ်ရပ် ပါဝင်နေသည်။"ဒါပေမဲ့ ယောင်အာရဲ့ သက်စောင့်အမြုတေထဲက ခြေရာခံအမှတ်အသားကို လုံးဝဖျက်ပစ်နိုင်ပြီးတော့.... အမှတ်အသားကိုတောင် ကြောက်ရွံ့သွားစေနိုင်တာက သာမန် နည်းလမ်း မဟုတ်ဘူး...""အဖေ အဲ့ဒါ ဘာအဓိပ္ပာယ်လဲ..."ရှင်းချန်ကျီက မျက်မှောင်ကြုတ်လိုက်သည်။"ယောင်အာကို သတ်တဲ့သူက ကောင်းကင်ကို တုန်လှုပ်စေတဲ့ လျှို့ဝှက်ရတနာတစ်ခုကို ပိုင်ဆိုင်ထားတာ ဒါမှမဟုတ် သူကိုယ်တိုင် တားမြစ်ထားတဲ့ စွမ်းအား တစ်ခုခုကို ထိတွေ့ထားတာပဲ... ကမ္ဘာအသင်္ချေက အဆင့်မြင့်ပုဂ္ဂိုလ်တွေ ကောင်းကင်တက်လှမ်းခြင်း လျှို့ဝှက်နယ်မြေထဲမှာ လှုပ်ရှားဖို့ဆိုတာ မဖြစ်နိုင်ဘူး....လူသား မျိုးနွယ်စုရဲ့ ဒီမျိုးဆက်မှာ ကြောက်ဖို့ကောင်းတဲ့ ပါရမီရှင်တစ်ယောက် ထွက်ပေါ်လာပုံရတယ်..."ကြယ်မြစ်များက ရှင်းဝူဟန်၏ မျက်လုံးများတွင် စီးဆင်းနေသည်။"ဒါပေမဲ့ ဘယ်တစ်ခုပဲဖြစ်ဖြစ် အဲ့ဒီလူကို လုံးဝအသက်ရှင်ခွင့် ပေးလို့ မရဘူး..."သူ၏သတ်ဖြတ်လိုခြင်း စိတ်ဆန္ဒ မြင့်တက်လာသည်။"ကျီအာ....ငါ့ရဲ့ ကြယ်နတ်ဘုရား အမိန့်တော်ကို ယူသွား...ကြယ်နတ်ဘုရား စစ်သူကြီး သုံးဆယ့်ခြောက်ယောက်နဲ့ ကြယ်နတ်ဘုရားအစောင့် ခုနစ်ဆယ့်နှစ်ယောက်ကို စုရုံးလိုက်... ကောင်းကင်တက်လှမ်းခြင်း လျှို့ဝှက်နယ်မြေရဲ့ ထွက်ပေါက် ပွင့်လာတဲ့အချိန်ကျရင် ဟင်းလင်းပြင်အားလုံးကို ပိတ်ဆို့လိုက်စမ်း...""လူသတ်သမားနဲ့ လျှို့ဝှက်နယ်မြေထဲကို ဝင်သွားတဲ့ ကမ္ဘာအသင်္ချေက ပုရွက်ဆိတ်တွေအားလုံး ထွက်မသွားနိုင်ဖို့ ငါ လိုချင်တယ်...""ဟုတ်ကဲ့..."ရှင်းချန်ကျီက အမိန့်ကို လက်ခံလိုက်ကာ သူ၏ မျက်လုံးများတွင် အေးစက်သော အလင်းရောင်တစ်ခု လင်းလက်သွားသည်။မီးတောက် နတ်ဘုရားနှင့် ကြယ်နတ်ဘုရား တော်ဝင် မျိုးနွယ်စုတို့၏ လှုပ်ရှားမှုများက ကောင်းကင်အလွန်မှကောင်းကင်၏ နက်ရှိုင်းသော ရေကန်ထဲသို့ ပစ်ချလိုက်သော ဧရာမ ကျောက်တုံးကြီး နှစ်တုံးအလား ဖြစ်ပြီး ကြောက်မက်ဖွယ်ကောင်းသော လှိုင်းတံပိုးများကို ဖြစ်ပေါ်စေခဲ့သည်။တခြားတော်ဝင်မျိုးနွယ်စုများသည်လည်း ထိတ်လန့်တုန်လှုပ်သွားကြ၏။နတ်ဘုရားသားတော်များ ကျဆုံးခြင်းသည့်အပြင် တော်ဝင်မျိုးဆက် နတ်ဘုရားသားတော် နှစ်ဦး တပြိုင်နက်တည်း ကျဆုံးခြင်း...ဤသည်မှာ နှစ်တစ်သောင်းနီးပါး အချိန်ကာလအတွင်း၌ မဖြစ်ပွားခဲ့ဖူးပေ။ဤသည်မှာ နတ်ဘုရားမျိုးနွယ်စု၏ဂုဏ်သိက္ခာကို သိသာထင်ရှားစွာ ရန်စခြင်းပင်။မရေမတွက်နိုင်သော နတ်ဘုရားစိတ်အာရုံများက ကောင်းကင်အလွန်မှ ကောင်းကင်တွင် ယှက်နွယ်နေပြီး ကျယ်ပြန့်သော ဆွေးနွေးမှုများနှင့် ပျံ့နှံ့နေသော သတ်ဖြတ်လိုခြင်း စိတ်ဆန္ဒများကို ဖြစ်ပေါ်စေခဲ့သည်။သို့သော် ဤမုန်တိုင်း ပြင်းထန်လာပြီး မီးတောက် နတ်ဘုရားနှင့် ကြယ်နတ်ဘုရား တော်ဝင်မျိုးနွယ်စုတို့၏ စစ်တပ်များက ကမ္ဘာအသင်္ချေနယ်စပ်သို့ ချီတက်ရန် ပြင်ဆင်နေချိန်မှာပင်...ဝီ...ကောင်းကင်အလွန်မှကောင်းကင်၏ အနက်ရှိုင်းဆုံး နေရာဖြစ်ကာ ရှေးဟောင်းခေတ်ကတည်းက ဆိုင်းငံ့ထားပြီး အဆုံးမရှိသော နတ်ဘုရားအလင်းတန်းနှင့် ဖရိုဖရဲချီများဖြင့် ဖုံးလွှမ်းထားသော အမြင့်မြတ်ဆုံး သူတော်စင်မြေဖြစ်သည့် ကောင်းကင်ဘုံ နတ်ဘုရား ကျောင်းတော်မှ သိမ်မွေ့သော လှိုင်းဂယက်တစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။ဤလှိုင်းဂယက်သည် ညင်သာသိမ်မွေ့သော်လည်း နတ်ဘုရား မျိုးနွယ်စုမှ ဘုရင်အဆင့် သက်ရှိများ အားလုံး၏စိတ်နှလုံးသား အနက်ရှိုင်းဆုံး နေရာတွင် တိုက်ရိုက်ပဲ့တင်ထပ်သွားပုံရသည်။ရုတ်ချည်းဆိုသလိုပင် မဟာတာအိုများအားလုံးကို ကျော်လွန်နေပုံရသည့် ကျယ်ပြန့်သော စိတ်ဆန္ဒတစ်ခုက ကောင်းကင်ဘုံ နတ်ဘုရား ကျောင်းတော်မှ ဖြည်းညှင်းစွာ နိုးထလာပြီး ကောင်းကင်အလွန်မှ ကောင်းကင်တစ်ခုလုံးကို တိုက်ခတ်သွားသည်။မတည်ငြိမ်မှုအားလုံးသည် ရေခဲရေဖြင့် ပက်ဖျန်းခံလိုက်ရသည့်အလား ချက်ချင်းငြိမ်းအေးသွားပြီး ဤစိတ်ဆန္ဒ တိုက်ခတ်သွားသည့် အခိုက်အတန့်တွင် တိတ်ဆိတ်ငြိမ်သက်သွားပေ၏။ဒေါသထွက်နေသော ဟွမ်ထျန်းကျင့်နှင့် အေးစက်သော ရှင်းဝူဟန်တို့ပင်လျှင် တည်ကြည်လေးနက်သော အမူအရာများကို ပြသကာ သူတို့၏ အရှိန်အဝါများကို ထိန်းချုပ်ပြီး ကောင်းကင်ဘုံ နတ်ဘုရား ကျောင်းတော်ဆီသို့ ဦးတည်၍ ဦးညွှတ်လိုက်ကြသည်။ထိုစိတ်ဆန္ဒက စကားမပြောခဲ့သော်လည်း မယုံနိုင်လောက်အောင် ရှင်းလင်းသော အတွေးတစ်ခုကို ပေးပို့လိုက်သည်။"နတ်ဘုရား ညီလာခံကို စတင်တော့..."ထိုစကားလုံးများ ကျဆင်းသွားသည်နှင့် ကောင်းကင်အလွန်မှကောင်းကင်သည် အလွန်အမင်းတိတ်ဆိတ်မှုထဲသို့ ကျရောက်သွားသည်။ဤအတွေးကို ခံစားသိရှိလိုက်ရသော အဆင့်မြင့်နတ်ဘုရား မျိုးနွယ်စုဝင်အားလုံး....သူတို့သည် အမျိုးမျိုးသော တော်ဝင် မျိုးနွယ်စုများ၏ မျိုးနွယ်စု ခေါင်းဆောင်များ ဖြစ်စေ သီးသန့် နေထိုင်ကြသော ရှေးဟောင်းဟင်းလင်းပြင် နတ်ဘုရားသခင်များဖြစ်စေ ပြင်းထန်စွာ တုန်လှုပ်သွားကြပြီး ယခင်က မရှိခဲ့ဖူးသော စိတ်လှုပ်ရှားမှုများကို ပြသခဲ့ကြသည်။ အထူးသဖြင့် ကြယ်နှင့်မီးတောက် မဟာတော်ဝင် မျိုးနွယ်စုနှစ်ခု၏ မျိုးနွယ်စုခေါင်းဆောင်များပင်။နတ်ဘုရား ညီလာခံ...ကောင်းကင်ဘုံ နတ်ဘုရား ကျောင်းတော်မှ ရှားပါးစွာ ခေါ်ယူလေ့ရှိသော အမြင့်ဆုံးအစည်းအဝေး...နောက်ဆုံးအကြိမ် ထိုအရာကို စတင်ခဲ့သည်မှာ လွန်ခဲ့သော နှစ်တစ်သန်းက ဖြစ်ပြီး ထိုအချိန်က နတ်ဘုရား မျိုးနွယ်စုက ကမ္ဘာအသင်္ချေ ကို ကြီးမားသော ကျူးကျော်မှု တစ်ခု ပြုလုပ်ရန် ဆုံးဖြတ်ခဲ့ကာ ကောင်းကင်ဘုံအားလုံးကို တိုက်ခတ်သွားသော ကမ္ဘာအသင်္ချေစစ်ပွဲကို ဖြစ်ပေါ်စေခဲ့သည်။ထို့ကြောင့် ဤတစ်ကြိမ်၌....နတ်ဘုရား မျိုးနွယ်စုမှ အစွမ်းထက်သူများအားလုံး၏ စိတ်နှလုံးသားထဲတွင် အတွေးတစ်ခုတည်းသာ ထွက်ပေါ်လာသည်။'ကောင်းကင်ကြီးက ပြောင်းလဲတော့မယ်...'နတ်ဘုရားမျိုးနွယ်စု၏ ကောင်းကင်အလွန်နယ်မြေရှိ တုန်လှုပ်မှုနှင့်ဒေါသတို့နှင့် လုံးဝကွာခြားနေသော...ကမ္ဘာအသင်္ချေရှိ စိတ်ဝိညာဉ်နယ်မြေမှ စူးမိသားစု ဘိုးဘေးနယ်မြေ၌...ဤသည်မှာ ကောင်းကင် အားလုံးနှင့် လွတ်ကင်းနေပုံရသော အံ့အားသင့်ဖွယ်နယ်မြေတစ်ခုဖြစ်ပြီး တိမ်များနှင့် မြူများဖြင့် ဖုံးလွှမ်းထားကာ အင်မော်တယ် တောင်များ စီးဆင်းနေသော စိတ်ဝိညာဉ်စမ်းချောင်းများနှင့် ဆော့ကစားနေသော မင်္ဂလာသားရဲများ ရှိနေသည်။ရိုးရှင်းသော်လည်း ခမ်းနားသော ဝါးခြံဝင်းတစ်ခုအတွင်းတွင်...သာမန် အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး ချောမောခန့်ညားသော မျက်နှာရှိသည့် လူတစ်ယောက်က ဝါးကုလားထိုင်တစ်လုံးပေါ်တွင် အေးအေးဆေးဆေးထိုင်ကာ ကြည်လင်သော လက်ဖက်ရည်တစ်ခွက်ကို သောက်နေသည်။သူသည် ထူးခြားမှုမရှိသကဲ့သို့ ဖြစ်နေပြီး သူ၏ ခန္ဓာကိုယ်မှ မည်သည့် အရှိန်အဝါမျှ ယိုစိမ့်ထွက်မနေဘဲ သာမန်သေမျိုးတစ်ဦးအလားပင်။သို့သော် တာအို ဖြတ်တောက်ခြင်း ဘုရင် တစ်ပါး သို့မဟုတ် ထို့ထက်ပို၍ မြင့်မားသောနယ်ပယ် ရှိသည့် တည်ရှိမှုတစ်ခုသာ ရှိနေပါက သူတို့၏ နတ်ဘုရား စိတ်အာရုံဖြင့်ပင် ခြံဝင်းအတွင်းရှိမည်သူ့ကိုမျှ အာရုံမခံနိုင်ကြောင်းအား ထိတ်လန့်တကြား တွေ့ရှိရပေလိမ့်မည်။​ဤနေရာမှာ ဟင်းလင်းပြင်သက်သက် ဖြစ်နေသည့်အလားပင်။ထိုလူသည် ကမ္ဘာအသင်္ချေ မှ ရိုသေလေးစားရသော ကောင်းကင်ဧကရာဇ် စူးချုံးသာ ဖြစ်ပေ၏။

Book 25 end.

All Chapters