← Chapters

အခန်း ၁၃၂

Vol. 14 Ch. 132

အခန်း ၁၃၂

Vol. 14 Ch. 132

အခန်း (၁၃၂)

သူတို့ကို မရိုက်နိုင်သလို ငြင်းခုံလို့လည်းမရဘူး

ဓားအလင်းတန်းများ တဖျတ်ဖျတ် လက်သွားခဲ့သည်။

မုန့်ချန်ချင်း မြင့်မားသော စင်မြင့်ထက်သို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။

“ဂျူနီယာမောင်လေးမုန့်...”

ကုန်းလင်းရွယ် ဂိုဏ်းချုပ်များ အနီးအနားတွင် ရှိနေသောကြောင့် ကျယ်လောင်စွာ အော်ဟစ်ရန် မဝံ့ရဲခဲ့ပေ။

ထို့ကြောင့် သူမက သူအား လက်မထောင်ပြလိုက်သည်။

မုန့်ချန်ချင်းက ပြုံးလျက် ပြန်လည်ခေါင်းညိတ်ပြလိုက်ပြီးနောက် သူ၏ ထိုင်ခုံနေရာသို့ ပြန်သွားခဲ့သည်။

“စိတ်တိုဖို့ကောင်းလိုက်တာ၊ နင်က နင့်ရဲ့ အရည်အချင်းတွေကို ကောင်းကောင်း ဖုံးကွယ်ထားတာပဲ... ဂိုဏ်းချုပ် နင့်ကို ချီးမွမ်းတာ မဆန်းပါဘူး... ငါတောင် ‘သန့်စင်သောဝိညာဉ်သတ်ဖြတ်ခြင်း ဓားသိုင်း’ ကို စမ်းကြည့်ဖို့ မရဲဘူး၊ နင်ကတော့ ဒါကို တတ်မြောက်အောင် လုပ်နိုင်ခဲ့တယ်...”

မိုရှောင်ယုက မကျေမနပ်ဖြစ်ဟန်ဖြင့် လက်ပိုက်ကာ နှုတ်ခမ်းဆူလျက် လျှောက်လာခဲ့သည်။

“ဒါပေမဲ့ အရမ်းကြီး မာန်မတက်နဲ့ဦး... ငါက နင့်ထက် ပိုသန်မာနေဆဲပဲ...”

‘မဟာဓာတ်ကြီးငါးပါး လည်ပတ်ခြင်း ဓားသိုင်း’ က သန့်စင်သောဝိညာဉ်သတ်ဖြတ်ခြင်း ဓားသိုင်းလောက် မစွမ်းထက်သော်လည်း သူမ၏ မွေးရာပါ ဓားကိုယ်ထည်က ကွာဟချက်ကို ဖြည့်ဆည်းပေးနိုင်ပြီး ပိုသာလွန်ကောင်း သာလွန်သွားနိုင်ပေသည်။

“ဟုတ်ပါပြီ၊ ဟုတ်ပါပြီ၊ မင်းက အတော်ဆုံးပါပဲ...”

မုန့်ချန်ချင်းက ခေါင်းခါယမ်းလျက် ရယ်မောကာ ပြောလိုက်သည်။

သူက ဤမိန်းကလေးနှင့် ငြင်းခုံနေလိုခြင်း မရှိပေ။

ဤအချိန်ကို သူ၏ စူးစမ်းသော မျက်လုံးဖြင့် အခြားလူများအား လေ့လာကြည့်ရှုရာတွင် အသုံးပြုခြင်းက ပို၍ ကောင်းမွန်ပေသည်။

“ဟွန်း...”

မိုရှောင်ယုက စိတ်ကျေနပ်မှု ရှိသွားပြီးနောက် ပြန်လျှောက်သွားခဲ့ကာ သူမ၏ စိုးရိမ်စိတ်များလည်း ပျောက်ကွယ်သွားခဲ့သည်။

သူမက တကယ်ကို ဖြူစင်ရိုးသားလွန်းသူ ဖြစ်သည်။

မုန့်ချန်ချင်း၏ တိုက်ပွဲကတော့ အသေးအဖွဲ အပိုင်းအစတစ်ခုသာ ဖြစ်သည်။

နောက်ထပ် တိုက်ပွဲများ စတင်လာသည်နှင့်အမျှ ၎င်းကို မေ့လျော့သွားခဲ့ကြပြီ ဖြစ်သည်။

ဂိုဏ်းကြီးသုံးခု၏ အမြင့်မြတ်ဆုံး နည်းစနစ်များက သိုင်းပြိုင်ကွင်းအတွင်းတွင် တောက်ပလျက် ရှိနေခဲ့ကြပြီး အထူးသဖြင့် ရှီညီအစ်ကိုတို့၏ ပေါ်ထွက်လာမှု ဖြစ်သည်။

တောင်ကုန်းငယ်များအလား ဖြစ်နေသော ဤနှစ်ဦးတွင် တစ်ဦးက တူကို ကိုင်ဆွဲထားပြီး နောက်တစ်ဦးက ပုဆိန်ကို ကိုင်ဆွဲထားကာ အလွန်ကြီးမားသော အရှိန်အဝါများကို ပေးစွမ်းနေခဲ့ကြသည်။

ခန္ဓာကိုယ်ပြုပြင်ခြင်းကို အဓိကထားသည့် ဘီလူးဝိညာဉ်ဂိုဏ်းမှ တပည့်များပင် ၎င်းတို့နှင့် ယှဉ်လိုက်လျှင် အလွန်သေးနုပ်သွားခဲ့ရသည်။

အကွက်ရေအနည်းငယ်အတွင်းမှာပင် ၎င်းတို့က လွင့်စင်သွားခဲ့ရသည်။

ကျောက်လူသား သွေးမျိုးဆက်က လောကတွင် ပြန်လည် ပေါ်ထွက်လာခဲ့ပြီး အံ့အားသင့်သံများစွာကို ဆွဲဆောင်သွားခဲ့သည်။

မိုရှောင်ယုလည်း သူမ၏ စွမ်းရည်များကို ထုတ်ဖော်ပြသခဲ့သည်။

သူမ၏ မွေးရာပါ ဓားကိုယ်ထည်ကြောင့် ဓားပညာ၏ အရှင်သခင်အလား ဖြစ်နေခဲ့ပြီး ဓားအားလုံးကို သူမထံသို့ စီးဆင်းလာစေရန် အမိန့်ပေးနိုင်ခဲ့သည်။

မဟာဓာတ်ကြီးငါးပါးလည်ပတ်ခြင်း ဓားသိုင်းက ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို ပြသခဲ့သည်။

ဤနည်းဖြင့် အချိန်များက ဖြည်းညှင်းစွာ ကုန်ဆုံးသွားခဲ့ပြီး တိုက်ပွဲများ၏ ပထမအဆင့် ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။

၇၅ ဦး ကျန်ရှိနေခဲ့ပြီး ၇၅ ဦး ရှုံးနိမ့်သွားခဲ့သည်။

ထိုက်ရွှမ်းဂိုဏ်းက ထူးထူးခြားခြားအသာစီးရထားပြီး ၃၀ ဦး ကျန်ရှိနေခဲ့ကာ စုစုပေါင်း၏ ထက်ဝက်နီးပါးအထိ ရှိနေခဲ့သည်။

“ထိုက်ရွှမ်းဂိုဏ်း... မင်းတို့ လှည့်စားမှုတွေ မလုပ်ထားဘူးဆိုတာ သေချာလား...”

တွမ့်မူယန်က မတ်တတ်ရပ်လိုက်ပြီး မျက်နှာပျက်လျက် ပြောလိုက်သည်။

သူက ပွဲစဉ်တိုင်းကို ကြည့်ရှုခဲ့ပြီး ထိုက်ရွှမ်းဂိုဏ်း တပည့်အချင်းချင်း ရင်ဆိုင်ရမှု ရှားပါးကြောင်း၊ နေမီးတောက်တောင်ကြားနှင့် ဘီလူးဝိညာဉ်ဂိုဏ်းတို့ကသာ မကြာခဏ ရင်ဆိုင်ရကြောင်း တွေ့ရှိခဲ့ရသည်။

“တိတ်စမ်း...”

ရှီယင်ချင်း လက်နှောက်ပစ်ရပ်နေပြီး သူ၏ အကြည့်တစ်ချက်ကပင် တွမ့်မူယန်ကို ခြေလှမ်းအနည်းငယ် နောက်ဆုတ်သွားစေခဲ့သည်။

တွမ့်မူယန်က နတ်ဘုရားရရှိခြင်းနယ်ပယ်တွင်သာ ရှိသေးသည်ဖြစ်ရာ သေခြင်းရှင်ခြင်းနယ်ပယ်ရှိ ရှီယင်ချင်းကို ဘယ်လိုလုပ် ယှဉ်နိုင်မည်နည်း။

အကယ်၍ တောင်ကြား၏ ဂိုဏ်းချုပ်သာ ရှိနေလျှင်တော့ မပြောတတ်ပေ။

သို့သော် ဂိုဏ်းချုပ်က သေခြင်းရှင်ခြင်းနယ်ပယ်ကို ဝင်ရောက်ကာစဖြစ်ရာ ကျင့်ကြံခြင်းကို တည်ငြိမ်အောင်ပြုလုပ်ဖို့ လိုအပ်၏။

“ဂိုဏ်းချုပ်ရှီ... စိတ်အေးအေးထားပါ... တစ်ယောက်ယောက်သာ စိုက်ကြည့်ခံရပြီး သေဆုံးသွားမယ်ဆိုရင် ဒါက သေးငယ်တဲ့ ကိစ္စမဟုတ်ဘူးနော်...”

ဝမ်ရှန်းအဆောက်အဦးမှ ယွမ်ချန်က ရယ်မောလျက် ပြောလိုက်သည်။

ဒိုင်လူကြီးတစ်ဦးအနေဖြင့် သူက ဘက်လိုက်မှုမရှိဘဲ ကြားနေအနေအထားတွင်သာ ရှိနေခဲ့သည်။

၎င်းကို ကြားလိုက်ရချိန်တွင် ရှီယင်ချင်းက သူ၏ အကြည့်ကို ပြန်ရုတ်သိမ်းလိုက်ပြီး အမူအရာက တည်ငြိမ်နေဆဲဖြစ်သည်။

“တိုကင်မဲနှိုက်တာကို အားလုံး မြင်တွေ့ခဲ့ကြတာပဲ၊ အတုအယောင် လုပ်ထားတာ မဟုတ်ဘူး...”

ယွမ်ချန်က ပြောလိုက်သည်

“ဂိုဏ်းချုပ်တွမ့်... ကျေးဇူးပြုပြီး ထိုင်ပါ...”

ထွက်ပေါက်တစ်ခု ရသွားခဲ့သည့်အတွက် တွမ့်မူယန် ပြန်ထိုင်လိုက်သည်။

မြင့်မားသော စင်မြင့်ထက်တွင် မုန့်ချန်ချင်းက ၎င်းတို့၏ ငြင်းခုံမှုများကို လျစ်လျူရှုလိုက်ပြီး အခြား ဂိုဏ်းခေါင်းဆောင်များ၏ အချက်အလက်များကိုသာ စူးစမ်းကြည့်ရှုနေခဲ့သည်။

သူက ၎င်းတို့၏ စွမ်းရည်များက ကောင်းမွန်ပြီး ကျင့်ကြံခြင်းအဆင့်များက စစ်မှန်နေခဲ့ပြီး သူ၏ ဂိုဏ်းကဲ့သို့ “ယာယီ” ဟု အမှတ်အသား ပြုလုပ်ထားခြင်း မရှိပေ။

ဤအရာက သူ၏ ယခင် တွေးတောချက်ကို အတည်ပြုပေးလိုက်သည်။

ထျန်းလင်စီရင်စုတွင် အကယ်၍ သူ၏ဂိုဏ်းအနေဖြင့် စိတ်ကျေနပ်မှုရှိပါက သူတစ်ပါးကို ၎င်းတို့နှင့်အဆင့်တူ မြှင့်တင်ပေးနိုင်သည်။

သို့မဟုတ် စိတ်မကျေနပ်ပါက ဖျက်ဆီးပစ်နိုင်ပေသည်။

သူ တွေးတောနေစဉ်မှာပင် တိုကင်မဲနှိုက်ခြင်း၏ ဒုတိယအဆင့်က စတင်လာခဲ့သည်။

ပါဝင်သူ ၇၅ ဦး ရှိနေသည့်အတွက် တစ်ဦး ကျန်ရစ်ခဲ့ပေလိမ့်မည်။

မုန့်ချန်ချင်း သူကံကောင်းလိမ့်မည်ဟု တွေးခဲ့သော်လည်း တိုက်ခိုက်ရဦးမည်ကို တွေ့လိုက်ရသည်။

“နောက်ဆုံးတော့ ဒုတိယအဆင့် ရောက်လာပြီ...”

ကြည့်ရှုသူများက စိတ်လှုပ်ရှားနေခဲ့ကြသည်။

ဤအဆင့်တွင် အကယ်၍ ထိုက်ရွှမ်းဂိုဏ်းသာ ပါဝင်သူအများဆုံး ကျန်ရှိနေလျှင် ၎င်းတို့က ဒုတိယအခြေအနေကို ပြည့်မီသွားပေလိမ့်မည်။

ကျန်ရှိသူများကတော့ ထိပ်ဆုံးနေရာအတွက် တိုက်ပွဲဝင်ရမည်ဖြစ်သည်။

ထုံးစံအတိုင်း ဟန်လျိုယုက စွမ်းဆောင်နိုင်မည်ဆိုပါက ပြဿနာ ရှိမည်မဟုတ်ပေ။

“သန့်စင်သောဝိညာဉ်သတ်ဖြတ်ခြင်း ဓားသိုင်း - ကောင်းကင်နှင့်မြေပြင်ကို ဖျက်ဆီးခြင်း...”

သိုင်းပြိုင်ကွင်းအတွင်းသို့ ဝင်ရောက်လိုက်သည်နှင့် မုန့်ချန်ချင်း အပိုစကားမပြောဘဲ ဓားသိုင်းကို ချက်ချင်း အသုံးပြုလိုက်သည်။

သူ၏ ပြိုင်ဘက်မှာ ကျဲ့လော့ထက် အားနည်းနေသဖြင့် ခုခံနိုင်စွမ်း မရှိဘဲ လွင့်ပျံကာ သတိလစ်မေ့သွားခဲ့သည်။

“အနိုင်ရရှိသူ - ထိုက်ရွှမ်းဂိုဏ်း မုန့်ချန်ချင်း...”

ဒိုင်လူကြီးက ခံစားချက်ကင်းမဲ့စွာ ကြေညာလိုက်သည်။

“ဒီဓားသိုင်းက တကယ်ကို အစွမ်းထက်တယ်.... နယ်ပယ်အသေး ကွာဟချက်တွေကို အပြည့်အဝ ဖြည့်ဆည်းပေးနိုင်တယ်... ထိပ်ဆုံး ဆယ်ယောက်ထဲက တစ်ယောက်သာမဟုတ်ရင် မုန့်ချန်ချင်းကို ဘယ်သူမှ မနိုင်နိုင်ဘူး...”

စင်မြင့်များတွင် ဆွေးနွေးသံများ ဆူညံသွားခဲ့သည်။

“ဟုတ်တယ်၊ ထိုက်ရွှမ်းဂိုဏ်းက ကံကြမ္မာရဲ့ မျက်နှာသာပေးမှုကို ခံရတာပဲ၊ အစွမ်းထက်တဲ့ ပါရမီရှင်တွေ အများကြီး ထွက်ပေါ်လာတယ်...”

“မင်းတို့ ဘယ်လို ထင်လဲ၊ မုန့်ချန်ချင်း ဘယ်လောက်ဝေးဝေး သွားနိုင်လောက်လဲ...”

“ဒါက ကံပေါ်မှာ မူတည်တယ်... အကယ်၍ ကံမကောင်းဘဲ တွမ့်မူလုံချွဲနဲ့သာ ဆုံမိရင် နောက်တစ်ဆင့်က သူ့အတွက် နောက်ဆုံးခရီး ဖြစ်သွားလိမ့်မယ်...”

အစောပိုင်းက မှားယွင်းစွာ အကဲဖြတ်မိခဲ့ခြင်းမှ သင်ခန်းစာယူလိုက်ကြပြီး ကြည့်ရှုသူများက ယခုအခါတွင် သတိထား၍ ပြောဆိုနေကြသည်။

တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေခဲ့ပြီးတစ်ပွဲပြီး တစ်ပွဲ စတင် ပြီးဆုံးသွားခဲ့ကြသည်။

ဘယ်ဂိုဏ်းက ဖြစ်ပါစေ, သိုင်းပြိုင်ကွင်းရှိ ပါဝင်သူများက သူတို့၏ အဆင့်နှင့် လိုက်ဖက်သော ခွန်အားကို ပြသနိုင်ခဲ့ကြပြီး ကြောက်ရွံ့ခြင်းနှင့် လေးစားခြင်းများကို ဖြစ်ပေါ်စေခဲ့သည်။

မည်သူကများ ဤကဲ့သို့သော စင်မြင့်ထက်တွင် ရပ်တည်ပြီး စွမ်းအားနှင့်ပါရမီကို ပြသလိုခြင်း မရှိပါ့မည်နည်း။

ဤအဆင့်တွင် ပါဝင်သူ အများအပြား ရှိနေသည့်အတွက် ထိုက်ရွှမ်းဂိုဏ်း တပည့်များ အချင်းချင်း ရင်ဆိုင်မိလာခြင်းက ရှောင်လွှဲမရပေ။

သို့သော်လည်း ၎င်းတို့က အခြားသူများနှင့် ယှဉ်လျှင် ထူးခြားသော အားသာချက်ကို ပြသနိုင်ဆဲ ဖြစ်သည်။

ထိုအရာက ထိုက်ရွှမ်းဂိုဏ်း၏ အလုံးစုံသော ခွန်အားမှာ ထိပ်တန်းအဆင့်တွင်ရော တပည့်အဆင့်တွင်ပါ အခြားသော ဂိုဏ်းကြီးသုံးခုထက် သာလွန်နေကြောင်း ပြသနေခြင်း ဖြစ်သည်။

ဘုန်း!

တွမ့်မူလုံချွဲ၏ လက်များ လက်ဝါးများအဖြစ် ပြောင်းလဲသွားခဲ့ပြီး မီးလျှံလှိုင်းများ တဟုန်းဟုန်း တောက်လောင်သွားခဲ့သည်။

သူ၏ ကြောက်မက်ဖွယ်ကောင်းသော မီးလျှံလက်ဝါးကြီးက ကွင်းတစ်ခုလုံး ဖြတ်သန်းပြီး ပုံရိပ်တစ်ခုကို လွင့်စင်သွားစေခဲ့သည်။

ထိုအရာက လန်ချန်း ဖြစ်သည်။

“ငါ ရှုံးသွားပြီ...”

လန်ချန်းက မတ်တတ်ရပ်လိုက်ပြီး ထိုအရာကို လက်မခံနိုင်ဖြစ်နေခဲ့သည်။

ပုန်းကွယ်နဂါးစာရင်းတွင် အဆင့် ၁၁ ဖြစ်သည့် သူက တွမ့်မူလုံချွဲနှင့် ကြီးမားသော ကွာဟချက် ရှိနေခဲ့သည်။

သို့ပေမယ့် ကွာဟချက်မှာ ထင်ထားသည်ထက် ပိုမိုကြီးမားနေပြီး ငါးကွက်အတွင်း ရှုံးနိမ့်သွားမည်ဟု မျှော်လင့်မထားပေ။

တွမ့်မူလုံချွဲ တုံ့ပြန်ခြင်းမရှိဘဲ ထွက်ခွာရန်အတွက် လှည့်လိုက်ရာ သူ၏ နောက်ကျောက အေးစက်စက် အရှိန်အဝါကို ထုတ်လွှတ်နေခဲ့သည်။

ဘုန်း! ဘုန်း! ဘုန်း!

ပါရမီရှင် တပည့်အများအပြား ရှုံးနိမ့်သွားခဲ့ကြရာ အများစုမှာ နေမီးတောက်တောင်ကြားနှင့် ဘီလူးဝိညာဉ်ဂိုဏ်းတို့မှ ဖြစ်သည်။

“ကြည့်ရတာ မင်းတို့ ဂိုဏ်းက တပည့်တွေကို မကြာသေးခင်က အများကြီး သင်ကြားပေးထားပုံရတယ်.... ခွန်အားတွေ အများကြီး တိုးတက်လာတာပဲ...."

ဘီလူးဝိညာဉ်ဂိုဏ်းချုပ် ချင်ဟုန်က ပြောလိုက်သည်။

“သင်ယူချင်လား... ငါတို့ ဂိုဏ်းက မင်းကို ဒီမှာနေခဲ့ပြီး တပည့်တွေကို ဘယ်လို လေ့ကျင့်ပေးလဲဆိုတာ ကြည့်ဖို့ အခွင့်အရေး ပေးနိုင်တယ်နော်...”

ရှီယင်ချင်းက တည်ငြိမ်စွာ ပြန်လည်ဖြေကြားလိုက်သည်။

“...”

ချင်ဟုန်က အသက်ပြင်းပြင်း ရှူလိုက်ပြီး စကားမပြောဘဲ တိတ်ဆိတ်သွားခဲ့သည်။

ရိုက်လည်းမရိုက်နိုင်သလို ငြင်းခုံလို့လည်းမရသည့် ခံစားချက်က တကယ်ကို ဒေါသထွက်စရာကောင်း၏။

All Chapters