အခန်း ၁၃၃
Vol. 14 Ch. 133
အခန်း (၁၃၃)
နောက်ဆုံးတိုက်ပွဲ နီးကပ်လာပြီ
ဒုတိယအဆင့် ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။
၃၃ ဦး ကျန်ရှိနေခဲ့ပြီး ထိုက်ရွှမ်းဂိုဏ်းက ၁၉ နေရာ ရရှိထားသဖြင့် သိသိသာသာ အသာစီးရနေခဲ့သည်။
သို့ဖြစ်၍ အပိုပါဝင်သူ သုံးဦးကို ထည့်သွင်းစဉ်းစားရန် မလိုဘဲ ဝမ်ရှန်းအဆောက်အဦးက ထိုက်ရွှမ်းဂိုဏ်းအနေဖြင့် ဒုတိယအခြေအနေကို ပြည့်မီသွားခဲ့ပြီဖြစ်ကြောင်း ထိုနေရာတင် ဆုံးဖြတ်ချက် ချမှတ်လိုက်တော့သည်။
နောက်ထပ် အရေးကြီးသော အချက်ကတော့ ထိပ်ဆုံးနေရာအတွက် တိုက်ပွဲဝင်ရန် ဖြစ်၏။
“ထိုက်ရွှမ်းဂိုဏ်းက တကယ်ကို သန်မာတာပဲ... အခြားဂိုဏ်းနှစ်ခု ပူးပေါင်းထားတာတောင်မှ ဒီလို အားသာချက်မျိုးကို ထိန်းသိမ်းထားနိုင်တယ်...”
“အမှန်ပဲ, ကံတရားကလည်း အစိတ်အပိုင်းပါဝင်ပြီး ဂိုဏ်းတွင်း တိုက်ပွဲအများစုကို ရှောင်လွှဲနိုင်ခဲ့ပေမဲ့... ခွန်အားကတော့ အဓိက သော့ချက်ပဲ...”
“ထိုက်ရွှမ်းဂိုဏ်းရဲ့ ပါရမီရှင်တွေ လအနည်းငယ်နဲ့ ဒီလောက်အထိ ပိုသန်မာလာကြတာ အံ့သြစရာပဲ... အခြားဂိုဏ်းနှစ်ခုကတော့ ရပ်တန့်နေခဲ့ပုံရတယ်...”
“ကြည့်ရတာ ဒီတစ်ကြိမ်မှာတော့ ထိုက်ရွှမ်းဂိုဏ်းက သေချာပေါက် အဆင့်တက်လှမ်းတော့မယ့်ပုံပဲ...”
“ငါတို့ရဲ့ ထျန်းလင်စီရင်စုမှာ ပထမတန်းစား ဂိုဏ်းကြီးတစ်ခု ထွက်ပေါ်လာတော့မှာပေါ့...”
စင်မြင့်များတွင် စိတ်လှုပ်တရှားဆွေးနွေးသံများ ဆူညံနေခဲ့ပြီး ဝမ်ရှန်းအဆောက်အဦးက ရလဒ်ကို ကြေညာပြီးနေသလိုပင်။
ထိုက်ရွှမ်းဂိုဏ်း တပည့်များကတော့ ပျော်ရွှင်စွာဖြင့် အော်ဟစ်အားပေးနေကြ၏။
“အစ်ကိုကြီး ဟန်လျိုယု ရှိနေတာကြောင့် ထိပ်ဆုံးနေရာအတွက်ကတော့ စိုးရိမ်စရာ မလိုဘူး...”
“ဟုတ်တယ်... စီနီယာအကိုဟန်... ကြိုးစားထား...”
မြင့်မားသော စင်မြင့်ထက်တွင် ယွမ်ချန်က ပွဲစဉ်ပြီးဆုံးကြောင်း ကြေညာလိုက်ချိန်တွင် ဂိုဏ်းချုပ်များက ပြုံးလိုက်ကြသည်။
အနည်းဆုံးတော့ ပထမခြေလှမ်းက ပြီးမြောက်သွားခဲ့ပြီ ဖြစ်၏။
“နောက်ပိုင်းကြရင် ငါတို့ အချင်းချင်း ရင်ဆိုင်ရနိုင်တယ်... စီနီယာအစ်ကိုလင်း... အကယ်၍ ငါ မင်းနဲ့ ဆုံရင်တော့ တိုက်ရိုက်ပဲ အရှုံးပေးလိုက်မယ်...”
တပည့်တစ်ဦးက နောက်ပြောင်လိုက်သည်။
“သေချာတာပေါ့... ဒါဆိုရင် ငါလည်း ငါ့ရဲ့ ခွန်အားကို သိုလှောင်ထားနိုင်တာပေါ့...”
လင်းက ရယ်မောလျက် ပြန်လည်ဖြေကြားလိုက်သည်။
တပည့်များကတော့ အနိုင်ရရှိရန် သေချာနေပြီဟု တွေးတောကာ စိတ်အေးလက်အေးဖြင့် ယုံကြည်ချက် ရှိနေကြသည်။
သို့သော်လည်း မုန့်ချန်ချင်းက နေမီးတောက်တောင်ကြားရှိရာဘက်သို့ လှမ်းကြည့်လိုက်ရာ ၎င်းတို့၏ မထင်မှတ်ထားသော တည်ငြိမ်မှုများကို သတိပြုမိသွားခဲ့သည်။
“ကြည့်ရတာ သူတို့မှာ အခြား အစီအစဉ် ရှိနေပုံရတယ်...”
သူက စိတ်ထဲတွင် တွေးလိုက်သည်။
ယခုအချိန်တွင် ထိုက်ရွှမ်းဂိုဏ်းကို တားဆီးနိုင်မည့် တစ်ခုတည်းသော နည်းလမ်းမှာ ထိပ်ဆုံးနေရာကို အနိုင်ယူခြင်းသာ ဖြစ်သည်။
သို့ဖြစ်၍ ၎င်းတို့၏ မျှော်လင့်ချက်က လူတစ်ဦးအပေါ်တွင် တည်မှီနေခဲ့သည်။
ထိုသူကတော့ မွေးရာပါ မီးလျှံခန္ဓာကို ပိုင်ဆိုင်ထားသည့် နေမီးတောက်တောင်ကြားမှ တွမ့်မူလုံချွဲ ဖြစ်၏။
တွမ့်မူလုံချွဲက တကယ်ကို သန်မာလှပြီး ပြိုင်ဘက်များကို အချက် ငါးကွက်ထက်မပိုဘဲ အနိုင်ယူခဲ့ပြီး လန်ချန်းကိုပင် အလွယ်တကူ ကျော်ဖြတ်နိုင်ခဲ့သည်။
တတိယအဆင့်က အလျင်အမြန် စတင်လာခဲ့ပြီး မုန့်ချန်ချင်း၏ ပြိုင်ဘက်ကတော့... ရှီယောင် ဖြစ်နေခဲ့သည်။
“ငါ အရှုံးပေးတယ်...”
ရှီယောင်က သူ၏ ကတုံးပြောင်ကို ကိုင်လျက် ရယ်မောကာ ပြောလိုက်သည်။
“တည့်တိုးဆန်လှကြီလား... အဆင့်ပိုမြင့်ရင် ဂိုဏ်းကနေ ဆုလာဘ်တွေ ပိုရမှာလေ...”
မုန့်ချန်ချင်း ပြုံးလိုက်သည်။
“ကျွန်တော် အကို့ကို မနိုင်ဘူး... အကိုမုန့်...”
ရှီယောင်က ပြန်လည်ဖြေကြားလိုက်သည်။
“ဘာလို့လဲ...”
မုန့်ချန်ချင်း အံ့ဩသွားခဲ့ရ၏။
“အကို့ကို ရင်ဆိုင်ရတိုင်း ကျွန်တော် ဖိနှိပ်မှုကို ခံစားရတယ်... ကျွန်တော့်အဖေကို မြင်တွေ့ရသလိုမျိုးပဲ...”
ရှီယောင်က ရှင်းပြလိုက်သည်။
“အကိုနဲ့ တိုက်ခိုက်ဖို့ တွေးလိုက်တာနဲ့ ကျွန်တော့်ရဲ့ သွေးမျိုးဆက်က ဖရိုဖရဲ ဖြစ်သွားတယ်... ဒါက တကယ်ကို ထူးဆန်းတယ်...”
မုန့်ချန်ချင်း မျက်လုံးများ လှုပ်ရှားသွား၏။
ဤအရာက သူ၏ကျောက်တုံးလူသားသွေးမျိုးဆက်မှာ ရှီယောင်ထက် ပိုမိုသန့်စင်သောကြောင့်ဖြစ်နိုင်၏။
၎င်းက သူ့ကို ရှေးခေတ်က တော်ဝင်မျိုးနွယ်စုတစ်ဦးအလား ဖြစ်စေခြင်း ဖြစ်၏။
သာမန် စစ်သည်များအနေဖြင့် တော်ဝင်မျိုးနွယ်စုကို စိန်ခေါ်ရန် မဝံ့ရဲကြချေ။
“ရှီညီအစ်ကိုတွေက ဒီလောက်ထိ ထက်ရှတဲ့အာရုံခံစားမှုမျိုး ရှိလိမ့်မယ်လို့ ငါ မထင်ထားဘူး...”
မုန့်ချန်ချင်း စိတ်ထဲက တွေးလိုက်သည်။
သူက သူ၏ စွမ်းအားကို ဖုံးကွယ်ရန် ကြိုးစားခဲ့သော်လည်း ၎င်းတို့က ခံစားမိနေကြဆဲ ဖြစ်သည်။
ထိုသို့ဖြင့် တိုက်ပွဲက မုန့်ချန်ချင်း၏ အလွယ်တကူ အနိုင်ရရှိမှုဖြင့် ပြီးဆုံးသွားခဲ့ရသည်။
ယခုအချိန်တွင် အခြားသော တိုက်ပွဲများအပေါ် စိတ်ဝင်စားမှုက လျော့နည်းသွားခဲ့ပြီး လူတိုင်းက နောက်ဆုံး ထိပ်တိုက်တွေ့ဆုံမှုဖြစ်သည့် ဟန်လျိုယုနှင့် တွမ့်မူလုံချွဲတို့၏ ပွဲစဉ်ကိုသာ စိတ်အားထက်သန်စွာ စောင့်မျှော်နေကြတော့သည်။
ဂိုဏ်းတူချင်းရင်ဆိုင်ရချိန်တွင် ပါရမီရှင် ပြိုင်ပွဲဝင်များပင်လျှင် အရှုံးပေးလိုက်ကြသဖြင့် ပြိုင်ပွဲက ပိုမိုမြန်ဆန်လာခဲ့သည်။
တတိယအဆင့် ပြီးဆုံးသွားခဲ့ချိန်တွင် ပါဝင်သူ ၁၇ ဦးသာ ကျန်ရှိတော့သည်။
ဤအဆင့်တွင် ရှီဂွမ်းက တွမ့်မူလုံချွဲကို ရှုံးနိမ့်သွားခဲ့ရသည်။
ရှီဂွမ်း၌ သန်မာသောသွေးမျိုးဆက် ရှိနေသော်လည်း တွမ့်မူလုံချွဲ၏ မွေးရာပါ မီးလျှံခန္ဓာနှင့် ပိုမိုမြင့်မားသော ကျင့်ကြံရေး အဆင့်ကြောင့် ဤရှုံးနိမ့်မှုက မျှော်လင့်ထားပြီးသား ဖြစ်၏။
“အစ်ကို... ငါတို့ တစ်နေ့ကျရင် ကလဲ့စားချေကြတာပေါ့...”
ရှီယောင်က စိတ်ပျက်နေသော ရှီဂွမ်းကို အားပေးလိုက်သည်။
မိုရှောင်ယုကတော့ ရှုံးနိမ့်ခြင်းမရှိသေးဘဲ စတုတ္ထအဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်။
“ငါနဲ့ လောင်းကြေးထပ်ထားတဲ့သူ ဖြစ်ရကျိုးနပ်ပါတယ်... မင်း ဒီလောက်အထိ ရောက်လာနိုင်တာပဲ...”
မိုရှောင်ယု၏ မျက်လုံးများထဲတွင် တိုက်ခိုက်လိုစိတ်တွေဖြင့် တောက်ပနေပြီး မုန့်ချန်ချင်းကို လှမ်းကြည့်လိုက်သည်။
“ဒုတိယအခြေအနေ ပြည့်မီသွားပြီဆိုတော့... နောက်တစ်ဆင့်မှာ ငါတို့ချင်း ဆုံဖို့ မျှော်လင့်ပါတယ်...”
“ငါနဲ့ သူငယ်ချင်းဖွဲ့ဖို့ အရမ်းကိုစိတ်အားထက်သန်နေတာလား...”
မုန့်ချန်ချင်း စနောက်လိုက်သည်။
“နင်...”
မိုရှောင်ယု နှုတ်ခမ်းဆူလိုက်သည်။
“ငါက အနိုင်ယူပြီး နင့်ကို အစ်မကြီးလို့ ခေါ်ခိုင်းဦးမှာ...”
စတုတ္ထအဆင့် စတင်လာခဲ့ချိန်တွင် မုန့်ချန်ချင်း မဲလွတ်ရရှိသွားခဲ့သည်။
“ကြည့်ရတာ ငါတို့ ဆုံမှာ မဟုတ်ဘူးပဲ... ဒါပေမဲ့ မင်း အနိုင်ရဖို့ မျှော်လင့်ပါတယ်... မဟုတ်ရင် ငါက မင်းထက် အဆင့်ပိုမြင့်သွားလိမ့်မယ်...”
မုန့်ချန်ချင်းက ရိသဲ့သဲ့ ပြောလိုက်သည်။
“မင်း လူဆိုးကောင်...”
မိုရှောင်ယု သူမ၏ လက်သီးသေးသေးလေးကို တင်းတင်းဆုပ်လျက် စိတ်ဆိုးဒေါသထွက်သွားခဲ့သည်။
သို့သော်လည်း မကြာမီမှာပင် သူမ၏ အာရုံစိုက်မှုက ပြောင်းလဲသွားခဲ့သည်။
အဘယကြောင့်ဆိုသော် သူမ၏ ပြိုင်ဘက်က တွမ့်မူလုံချွဲ ဖြစ်နေခဲ့ခြင်းကြောင့် ဖြစ်၏။
သူတို့၏ တိုက်ပွဲက မျှော်လင့်ထားသည့်အတိုင်း ပြင်းထန်လှသော်လည်း မိုရှောင်ယု၏ နိမ့်ပါးသော ကျင့်ကြံရေးအဆင့်နှင့် မပြည့်စုံသေးသော စစ်မှန်အနှစ်သာရတို့ကြောင့် သူမ၏နည်းစနစ်များက စွမ်းအား လျော့နည်းနေခဲ့သည်။
အကွက် တစ်ရာကျော်အပြီးတွင် ရှုံးနိမ့်သွားခဲ့သည်။
တွမ့်မူလုံချွဲကို အခြားမည်သူမှ ငါးကွက်ထက် ပိုမိုမတောင့်ခံနိုင်ခဲ့သည်ကို ထည့်သွင်းစဉ်းစားလျှင် ဤအရာက ချီးကျူးစရာကောင်းသော စွမ်းဆောင်ရည် ဖြစ်ပေသည်။
သူမက သူ့ကို အန္တရာယ်ရှိသော အခြေအနေသို့ပင် အကြိမ်အနည်းငယ် ရောက်ရှိစေခဲ့သည်။
ပြန်ရောက်လာချိန်တွင် မိုရှောင်ယုက မိုဆူကွမ်းထံသို့ ပြေးသွားခဲ့ပြီး တိုးတိုးတိတ်တိတ် ငိုကြွေးနေခဲ့သည်။
ထိုအရာကို မြင်လိုက်ရချိန်တွင် မုန့်ချန်ချင်းက သူ၏ ကတိကဝတ်ကို ဆိုင်းငံ့ထားရန် ဆုံးဖြတ်လိုက်သည်။
အလျင်စလို မလိုပေ - သူ၏ လက်ရှိ ခွန်အားက ဂိုဏ်းသုံးခု သိုင်းပညာပြိုင်ပွဲအတွက် လုံလောက်နေပြီ ဖြစ်၍ မွေးရာပါ ဓားခန္ဓာကို အရေးတကြီး လိုအပ်နေခြင်း မရှိချေ။
မထင်မှတ်ဘဲ မုန့်ချန်ချင်းက ပဉ္စမအဆင့်နှင့် ဆဋ္ဌမအဆင့် နှစ်ခုစလုံးတွင် မဲလွတ်များ ဆက်တိုက် ရရှိသွားခဲ့သဖြင့် မျက်ရည်များကြားမှ ကြည့်ရှုနေသော မိုရှောင်ယုကို ခံပြင်းစွာဖြင့် ပိုငိုလာခဲ့သည်။
“ဒီကောင်ရဲ့ ကံကတော့ အံ့ဩစရာပဲ... သူက ထိပ်ဆုံး သုံးယောက်စာရင်းထဲ ဝင်သွားပြီ...”
မုန့်မိသားစုဝင်တစ်ဦးက အံ့ဩတကြီး ရေရွတ်လိုက်သည်။
“ကတယ်တော့ သူက ဒုတိယနေရာအတွက် သေချာသွားပြီ...”
မှန်ပေသည်၊ ဟန်လျိုယုနှင့် တွမ့်မူလုံချွဲတို့က တိုက်ခိုက်ရန် မဲကျသွားခဲ့သဖြင့် မုန့်ချန်ချင်းက ဒုတိယနေရာကို သေချာပေါက် ရရှိထားခဲ့ပြီ ဖြစ်၏။
“သူ့ရဲ့ ကံတရားက တကယ်ကို မယုံနိုင်စရာပဲ၊ မတိုက်ခိုက်ရဘဲနဲ့ ဒုတိယနေရာကို ရောက်သွားတယ်...”
လူအုပ် အံ့အားသင့်နေခဲ့သည်။
သူ၏ ခွန်အားက သန်မာသော်လည်း ထိပ်တန်းအဆင့် မဟုတ်ဘဲ အဆင့် တစ်ဆယ်ပတ်ဝန်းကျင်တွင်သာ ရှိလိမ့်မည်ဟု ခံစားနေကြရသည်။
ယခုတွင် မထင်မှတ်ဘဲ ဒုတိယ ရရှိသွားခဲ့ပြီ ဖြစ်၏။
“ဟုတ်တယ်၊ ဒီကံတရားက အံ့ဩစရာပဲ၊ သုံးကြိမ်ဆက်တိုက် မဲလွတ်ရတာမျိုးက တစ်ခါမှ မကြားဖူးဘူး...”
“ထားလိုက်တော့, ဒါက အရေးမကြီးပါဘူး... ငါတို့က ဟန်လျိုယုနဲ့ တွမ့်မူလုံချွဲတို့ကို ကြည့်ဖို့ ဒီကို လာခဲ့ကြတာပဲ... အခြားသူတွေက အရေးမကြီးပါဘူး...”
“ဟုတ်တယ်...”
လူတိုင်းက ခေါင်းညိတ်လိုက်ကြပြီး ၎င်းတို့၏ အာရုံစိုက်မှုများကို မုန့်ချန်ချင်းဆီကနေ လွှဲဖယ်လိုက်ကြတော့သည်။