← Chapters

အခန်း ၁၃၄

Vol. 14 Ch. 134

အခန်း ၁၃၄

Vol. 14 Ch. 134

အခန်း (၁၃၄)

ကောင်းကင်နှင့်မြေကြီး... ဆန်းကြယ်မီးတောက်

ပရိသတ်များသာမက မြင့်မားသော စင်မြင့်ထက်ရှိ ပါရမီရှင်များပင်လျှင် မုန့်ချန်ချင်းကို သိပ်ပြီး အာရုံမစိုက်ကြချေ။

၎င်းတို့က သူ၏ ကံတရားကို အဓိကထား၍ မနာလိုဖြစ်နေကြခြင်းသာ ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ရှေ့သို့ ဆက်လက်တက်လှမ်းနိုင်ခြင်းက ဂိုဏ်းထံမှ ပိုမိုကောင်းမွန်သော ဆုလာဘ်များကို ရရှိနိုင်ခြင်းကြောင့် ဖြစ်၏။

ယခုအချိန်တွင် လူတိုင်း၏ အာရုံစိုက်မှုက ဟန်လျိုယုထံတွင်သာ ရှိနေခဲ့သည်။

ဟန်လျိုယုက မြင့်မားသော စင်မြင့်၏ အစွန်းတွင် မတ်တတ်ရပ်နေခဲ့ပြီး သူ၏ အပြာနုရောင် ဝတ်စုံက လေထဲတွင် တဖျတ်ဖျတ် လွင့်ပျံနေကာ အနက်ရောင် ဆံပင်များကလည်း အသာအယာ ဝဲလွင့်နေခဲ့သည်။

“ဆရာ... ကျွန်တော် သွားတော့မယ်...”

“အင်း... သွားလေ...”

ရှီယင်ချင်းက ခပ်ဖွဖွ ပြုံးလိုက်ပြီး သူ၏ ပုခုံးကို ပုတ်ပေးလိုက်သည်။

“အကယ်၍ မင်း တကယ်ပဲ အနိုင်ရနိုင်မယ်ဆိုရင်... ငါ အကြာကြီး ဆုပ်ကိုင်ထားခဲ့တဲ့ ယုံကြည်ချက်ကို ပြောင်းလဲပေးပါ့မယ်...”

၎င်းကို ကြားလိုက်ရချိန်တွင် ဟန်လျိုယု၏ မျက်နှာထက်၌ ပျော်ရွှင်မှုများ ချက်ချင်း ထင်ဟပ်သွားခဲ့ရ၏။

နောက်ဆုံးတော့ သူက သူ အမြဲတမ်း စောင့်မျှော်နေခဲ့ရသည့် စကားလုံးများကို ကြားလိုက်ရပြီ ဖြစ်သည်။

သို့သော်လည်း သူက မသိစိတ်အရ အစောပိုင်းအပိုင်းဖြစ်သော ‘အကယ်၍ မင်း တကယ်ပဲ အနိုင်ရနိုင်မယ်ဆိုရင်’ ဆိုသည့် အချက်ကိုတော့ လျစ်လျူရှုထားခဲ့သည်။

“တပည့် ဆရာ့ကို စိတ်ပျက်စေမှာ မဟုတ်ပါဘူး၊ ဆရာ...”

ဟန်လျိုယု သူ၏ လက်သီးများကို ဆုပ်လျက် ဂါရဝပြုလိုက်ပြီးနောက် အောက်သို့ ပျံသန်းဆင်းသွားခဲ့တော့သည်။

အကယ်၍ သူ ယနေ့ အနိုင်ရရှိခဲ့ပါက ဂိုဏ်း၏ အကြီးမြတ်ဆုံးသော သူရဲကောင်း ဖြစ်လာမည်ဖြစ်သည်။

ထိုအခါ အမှန်တရားဟု ခေါ်ဆိုသော အမြင့်မြတ်ဆုံး စွမ်းအားက သူ၏ လက်ဝယ်သို့ ရောက်ရှိလာပေလိမ့်မည်။

ဝုန်း...

သိုင်းကွင်းပြင်တစ်ခုလုံး ပြင်းထန်စွာ တုန်ခါလာခဲ့သည်။

အစောပိုင်းက ပိုင်းခြားထားခဲ့သော နေရာငါးခုက တဖြည်းဖြည်းချင်း တစ်ခုတည်းအဖြစ် ပေါင်းစပ်သွားခဲ့ပြီး စစ်မှန်သော ထိပ်တန်း တိုက်ကွင်းကြီးတစ်ခု ဖြစ်လာခဲ့၏။

ဘုန်း! ဘုန်း!

ပုံရိပ်နှစ်ခုက ဆင်းသက်လာခဲ့ကြပြီး ၎င်းတို့၏ သန်မာလှသော အရှိန်အဝါများက ပြင်းထန်စွာ ထိပ်တိုက်တွေ့ဆုံကြပြီး တစ်ဦးစီက ကောင်းကင်တစ်ဝက်ကို ပိုင်ဆိုင်ထားကြသည်။

“ဟန်လျိုယု... နောက်ဆုံးတော့ ငါတို့အလှည့် ရောက်လာပြီပေါ့...”

တွမ့်မူလုံချွဲက အသက်ပြင်းပြင်း ရှူလိုက်သည်။

သူ၏ အပေါ်ဝတ်စုံက လောင်ကျွမ်းပျက်စီးသွားခဲ့ပြီး ကျောဘက်ရှိ အစိမ်းရောင် တက်တူးကို ထုတ်ဖော်ပြသလာခဲ့သည်။

၎င်းက မီးလျှံများဖြင့် ပြုလုပ်ထားသော ရက်စက်ကြမ်းကြုတ်သည့် မြွေတစ်ကောင်အလား ဖြစ်၏။

“ဟုတ်တယ်... ပြီးတော့ ဒီတစ်ကြိမ်မှာလည်း မင်းရဲ့ ရလဒ်က ပြောင်းလဲသွားမှာ မဟုတ်ဘူး... ရှုံးနိမ့်နေဦးမှာပဲ...”

ဟန်လျိုယု၏ အဝတ်အစားများလည်း ပျက်စီးသွားပြီး ကြက်သွေးရောင်ပုံသဏ္ဍာန်များဖုံးလွမ်းနေသည့် အပေါ်ပိုင်းခန္ဓာပေါ်လာကာ အစွမ်းထက်သည့်အော်ရာတစ်ခုကို ထုတ်လွတ်နေခဲ့သည်။

အရှင်သခင်သွေးကြော...

ထိပ်တန်း ပါရမီစွမ်းရည်များထဲမှ တစ်ခုဖြစ်ပြီး မွေးရာပါ ခန္ဓာကိုယ် အရည်အချင်းများနှင့် အဆင့်တူလုနီးပါး ဖြစ်၏။

ဟန်လျိုယုက ဤအရာကို အားကိုးပြီး မွေးရာပါ ခန္ဓာကိုယ် ပိုင်ဆိုင်ထားသူများနှင့် ယှဉ်ပြိုင်နိုင်ခြင်း ဖြစ်သည်။

“ဟုတ်လား... ငါကတော့ အဲဒီလို မထင်ဘူး...”

တွမ့်မူလုံချွဲက ဇက်ချိုးလိုက်ရာ ခန္ဓာကိုယ်တစ်ခုလုံးက ချော်ရည်များကြားမှ ထွက်ပေါ်လာသည့်အလား နီရဲသွားခဲ့သည်။

တစ်ခဏအတွင်းမှာပင် ၎င်းတို့၏ အရှိန်အဝါများက ပိုမိုသန်မာလာခဲ့သည်။

အကယ်၍ သိုင်းကွင်း၏ ကြံ့ခိုင်လှသော အစီရင်သာ မရှိပါက ၎င်းတို့၏ အရှိန်အဝါ ထိပ်တိုက်တွေ့ဆုံမှုကို တောင့်ခံနိုင်လိမ့်မည် မဟုတ်ချေ။

“ဒါ ပုန်းကွယ်နဂါးစာရင်း ထိပ်ဆုံး နှစ်ယောက်ရဲ့ စွမ်းအားလား...”

“တကယ်ကို ကြောက်စရာကောင်းတာပဲ...”

လူအုပ်ကြီးက ကြောက်ရွံ့တုန်လှုပ်သွားခဲ့ကြသည်။

လူအများစုအတွက် ဤကဲ့သို့သော အဆင့်မြင့် တိုက်ပွဲများကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ရခြင်းက ရှားပါးလှပေသည်။

ပုန်းကွယ်နဂါးစာရင်း၏ ပါရမီရှင်များနှင့် ပတ်သက်ပြီး ၎င်းတို့၏ နားလည်မှုက တစ်ဆင့်စကားများသာ ဖြစ်၏။

ယခု မြင်တွေ့လိုက်ရချိန်တွင် သူတို့က အလွန်အမင်း အထင်ကြီး လေးစားသွားခဲ့ကြရသည်။

၎င်းတို့၏ ယိုစိမ့်လာသော အရှိန်အဝါ အစအနလေးတစ်ခုကပင် ကြည့်ရှုသူ အများစုကို သတ်ပစ်နိုင်စွမ်း ရှိပေသည်။

“ဂိုဏ်းချုပ်ရှီ... ဒီတိုက်ပွဲက နောက်ဆုံး အနိုင်ရရှိသူကို ဆုံးဖြတ်ပေးမှာပဲ... မင်း စိတ်လှုပ်ရှားနေလား...”

ယခုအချိန်တွင် တွမ့်မူယန် တည်ငြိမ်ပြီး ယုံကြည်ချက် ရှိနေကာ မေးမြန်းလိုက်သည်။

သူ၏ ဘေးတွင်မူ ချင်ဟုန်ကလည်း စိတ်အေးလက်အေး ရှိနေပုံရပြီး လက်ဖက်ရည်ပင် သောက်နေခဲ့သေးသည်။

“ကြိုတင် ဆုံးဖြတ်ပြီးသား ရလဒ်တစ်ခုပဲလေ... ဘာလို့ စိတ်လှုပ်ရှားနေမှာလဲ...”

ရှီယင်ချင်းက တည်ငြိမ်စွာ ပြန်လည်ဖြေကြားလိုက်သည်။

“မှန်တာပေါ့... ငါလည်း ကြိုတင် ဆုံးဖြတ်ပြီးသား ရလဒ်တွေကို သဘောကျတယ်...”

တွမ့်မူယန်က လှောင်ပြုံးပြုံးလိုက်သည်။

သူက ရှီယင်ချင်းယုံကြည်မှုတွေ ပျက်စီးသွားသည့်အချိန်ဖြစ်လာမည့် အမူအရာကို မြင်ရဖို့ စိတ်အားထန်သန်နေခဲ့သည်။

“အစ်ကိုကြီးဟန်... ကြိုးစားပါ...”

“အစ်ကိုကြီးတွမ့်... ကြိုးစားပါ...”

တပည့်များ၏ အော်ဟစ်အားပေးသံများကြားတွင် သိုင်းပြိုင်ကွင်းအတွင်းရှိ နှစ်ဦးက နောက်ဆုံးတွင် လှုပ်ရှားလိုက်ကြပြီ ဖြစ်၏။

ဘုန်း! ဘုန်း! ဘုန်း!

သူတို့က ဒေါသတကြီးလှုပ်ရှားမှုတွေဖြင့် ပေါက်ကွဲထွက်လာပြီး ချက်ချင်းပဲ အကွက်ရေးဒါဇင်နှင့်ချီ ဖလှယ်ပြီးသွားခဲ့သည်။

အားနည်းသည့်ကျင့်ကြံသူတွေ သူတို့အရှိန်ကို လိုက်မကြည့်နိုင်ပဲ ပေါက်ကွဲမှုနှင့် လေထဲရှိလက်သီးရိပ်တွေကိုသာ မြင်လိုက်ကြသည်။

“မီးလျှံတစ်သောင်း ကောင်းကင်ကျမ်း - မီးဘုရင်လက်ဝါး...”

ယခုချိန်တွင် တွမ့်မူလုံချွဲ မီးတောက်ပုံရိပ်တစ်ခုအဖြစ်နေပြီး အကန့်အသတ်မရှိသည့်မီးလျှံတွေဝန်းရံထားသည့် လက်ဝါးချက်တွေကို အဆက်မပြတ် ထုတ်လွတ်လိုက်သည်။

“အထွတ်အထိပ်နဂါး အရှင်သခင်အတတ် - လေပြင်းပုံစံ...”

ဟန်လျိုယု ပြင်းထန်သော လေပြင်းများကို ဆင့်ခေါ်နိုင်သည့် လက်သီးချက်ဖြင့် လေဆင်နှာမောင်းကြီးတွေဖန်တီးကာ လက်ဝါးချက်အားလုံးကို ပျက်ပြယ်သွားစေခဲ့သည်။

၎င်းတို့၏ သိုင်းပညာရပ်များက ဂိုဏ်းအတွင်းရှိ ထိပ်တန်းအဆင့်များ ဖြစ်ကြပြီး ၎င်းတို့၏ ပါရမီစွမ်းရည်များနှင့် အပြည့်အဝ ကိုက်ညီနေခဲ့သည်။

အထူးသဖြင့် ဟန်လျိုယုဖြစ်သည်။ သူ၏ [အထွတ်အထိပ်နဂါး အရှင်သခင်အတတ်] ကို ရှီယင်ချင်းက သူ့အတွက် အထူး ရှာဖွေပေးထားခဲ့ခြင်း ဖြစ်သည်။

“တွမ့်မူလုံချွဲ... မင်း အဲဒီကလေးမလေးကို အနိုင်ယူဖို့အတွက် အချိန်အကြာကြီး ယူခဲ့ရတာပဲ... ဘာအချက်က မင်းကို ဒီနေ့ အနိုင်ရနိုင်မယ်လို့ ထင်စေတာလဲ...”

ဟန်လျိုယု၏ မျက်လုံးတွေ ယုံကြည်ချက်တွေဖြင့် တောက်ပနေပြီး ခန္ဓာကိုယ်က ဖြတ်ခနဲ ဖြတ်ခနဲ ပျောက်သွားကာ တွမ့်မူလုံချွဲနှင့် ထိပ်တိုက်တွေ့ဆုံနေခဲ့သည်။

“အထွတ်အထိပ်နဂါး အရှင်သခင် - မဟာလေပြင်းသံစဥ်...”

ဝှစ်!

ကြီးမားသော လေပြင်းလက်သီးကြီးက တွမ့်မူလုံချွဲရှိရာဘက်သို့ တဟုန်ထိုး ပြေးဝင်သွားခဲ့သည်။

ထိုထိပ်တိုက်တွေ့ဆုံမှုတွင် တွမ့်မူလုံချွဲ ပါးစပ်မှ သွေးလိုက်ရပြီး မီတာရာပေါင်းများစွာ လွင့်စင်သွားကာ မနည်း ပြန်လည်တည်ငြိမ်အောင် လုပ်လိုက်ရ၏။

လက်သီးတစ်ချက်တည်းနှင့်တင် ကွာဟချက်ကို ဆုံးဖြတ်ပေးလိုက်ပြီ ဖြစ်သည်။

“မင်း မနိုင်နိုင်ပါဘူး...”

ဟန်လျိုယုက လေထုထဲတွင် မတ်တတ်ရပ်လျက် အေးစက်စွာ ကြေညာလိုက်သည်။

ဝေါ...

ပရိသတ်များထံမှ အော်ဟစ်အားပေးသံများ ပေါက်ကွဲထွက်လာခဲ့ရသည်။

အထူးသဖြင့် ထိုက်ရွှမ်းဂိုဏ်း တပည့်များပင်။

သူတို့က စီနီယာအကိုဟန်က အကြွင်းမဲ့ အရေးသာသွားပြီး တွမ့်မူလုံချွဲ သွေးအန်သွားခဲ့ပြီဖြစ်ကြောင်း ယုံကြည်နေကြ၏။

“စီနီယာအကိုဟန်က ပြိုင်ဘက်ကင်းပဲ...”

တပည့်အများအပြားက အော်ဟစ်လိုက်ကြသည်။

မြင့်မားသော စင်မြင့်ထက်ရှိ ပါရမီရှင်များလည်း စိတ်သက်သာရာ ရသွားခဲ့ကြ၏။

“ကြည့်ရတာ ရလဒ်က ဆုံးဖြတ်ပြီးသွားပြီ... တွမ့်မူလုံချွဲ အရင်လိုပဲ အခွင့်အရေး မရှိတော့ဘူး... ဆက်လက်တိုက်ခိုက်နေတာက အချည်းနှီးပဲ ဖြစ်လိမ့်မယ်...”

ပါရမီရှင်တစ်ဦးက မှတ်ချက်ချလိုက်သည်။

သို့သော်လည်း သိုင်းကွင်းအတွင်းတွင်မူ တွမ့်မူလုံချွဲက ရုတ်တရက် ရယ်မောလိုက်သည်။

“ဟားဟားဟား...”

သူ၏ ရယ်မောသံကြောင့် ဟန်လျိုယု မျက်မှောင်ကြုတ်သွားပြီး ဘာဖြစ်လို့ ရယ်မောနေရသနည်းဆိုသည်ကို နားမလည် ဖြစ်သွားခဲ့ရ၏။

“ကြည့်ရတာ... ဒါကို အသုံးမပြုဘဲနဲ့တော့ ငါ မနိုင်နိုင်ဘူးပဲ...”

ပါးစပ်မှ သွေးများကို သုတ်လိုက်ပြီးနောက် တွမ့်မူလုံချွဲ အသက်ပြင်းပြင်း ရှူလိုက်သည်။

ပြောပြီးသည်နှင့် သူ၏ခန္ဓာကိုယ်က ဝေဝါးသွားပြီး အတွင်းမှနေ၍ လှိုင်းဂယက်တွေ ပျံ့နှံ့လာခဲ့သည်။

ခရက်! ခရက်! ခရက်!

သူ၏ကျောဘက်ရှိ အစိမ်းရောင်မြွေတက်တူး အသက်ဝင်လာသလိုပင်။

ဝှစ်!

အစိမ်းရောင်မြွေ ၎င်းမျက်လုံးများကို ဖွင့်လိုက်သည်နှင့် သိုင်းကွင်းပြင်တစ်ခုလုံးက ကြီးမားသော ထိတ်လန့်ဖွယ်ရာတစ်ခု ဆင်းသက်လာတော့မည့်အလား တုန်ခါလာခဲ့သည်။

ပတ်ဝန်းကျင်ရှိ အပူချိန်လည်း မထိန်းချုပ်နိုင်လောက်အောင် မြင့်တက်လာခဲ့သည်။

“ဒါက ဘာလဲ...”

ဟန်လျိုယု၏ မျက်ခွံ့တွေ ကျုံ့သွားပြီး မျက်နှာတွင် မယုံကြည်နိုင်မှုတွေ ပြသလာခဲ့သည်။

“ကောင်းကင်နှင့်မြေကြီး... ဆန်းကြယ်မီးတောက်...”

All Chapters