← Chapters

အခန်း ၁၃၇

Vol. 14 Ch. 137

အခန်း ၁၃၇

Vol. 14 Ch. 137

အခန်း (၁၃၇)

လင်လုံသန့်စင်မြေ

ကွင်းတစ်ခုလုံး ချက်ချင်းပင် တိတ်ဆိတ်သွားခဲ့ရသည်။

တွမ့်မူလုံချွဲ၏ မျက်နှာထက်တွင် အံ့ဩတုန်လှုပ်သွားမှုများ သိသိသာသာ ပေါ်လွင်နေခဲ့သည်။

ပုန်းကွယ်နဂါးစာရင်းတွင် အလွန်ဆုံးမှ အဆင့်တစ်ဆယ်သာရှိသည့် လူတစ်ယောက်က မိမိ၏ ရှေ့မှောက်တွင် ကြောက်ရွံ့တုန်လှုပ်နေလိမ့်မည်ဟု မျှော်လင့်ထားခဲ့သည်။

သို့သော်လည်း ရလဒ်က ဆန့်ကျင်ဘက်သာ ဖြစ်နေခဲ့သည်။

ဤလူက မကြောက်ရွံ့သည့်အပြင် တည်ငြိမ်အေးဆေးနေပြီး တွမ့်မူလုံချွဲကို မတော်တဆ သတ်မိသွားနိုင်သည်ဟုပင် မောက်မာစွာ ပြောဆိုနေခဲ့သေးသည်။

“စိတ်ဝင်စားဖို့ကောင်းသားပဲ... မင်းက တော်တော် သတ္တိရှိတာပဲ... တကယ်တော့ မင်းရဲ့ တုန်လှုပ်မှုကိုဖုံးကွယ်ဖို့ အခုလိုရဲတင်းပြနေတာမလား...”

တွမ့်မူလုံချွဲက ဇက်ချိုးပြီး သူ၏ အကြည့်များက အေးစက်သွားခဲ့သည်။

“ဒါမှမဟုတ် မင်းမှာ ငါ့ကို ယှဉ်နိုင်မယ့် ဝှက်ဖဲတစ်ခုခု ရှိနေလို့လား...”

သူက ထိုသို့ ပြောဆိုနေသော်လည်း မိမိရှေ့မှ လူတွင် ကြီးမားလှသော အစွမ်းရှိနေလိမ့်မည်ဟု မယုံကြည်ချေ။

အခြားသူများ ပိုင်ဆိုင်သမျှ အရာအားလုံးကို သူ ပိုင်ဆိုင်ထားပြီး ရှားပါးလှသော ဆန်းကြယ်မီးတောက်ကိုပင် ပိုင်ဆိုင်ထားသေးသည်။

ဘာကြောင့် ရှုံးနိမ့်ရမည်နည်း။

“ငါတို့ တိုက်ခိုက်ကြည့်ရင် သိရမှာပေါ့...”

မုန့်ချန်ချင်းက သူ၏ ဓားကို ဖြည်းညှင်းစွာ ဆွဲထုတ်လိုက်သည်။

ထိုအခါ တစ်ကိုယ်လုံးရှိ အရှိန်အဝါက ရုတ်တရက် ပြောင်းလဲသွားခဲ့ပြီး ဓားအိမ်ထဲမှ ဆွဲထုတ်လိုက်သည့် နတ်ဘုရားဓားတစ်စင်းအလား ထက်ရှပြီး ခမ်းနားထည်ဝါလှ၏။

တစ်ပြိုင်နက်တည်းမှာပင် သူ၏ ညာလက်ရှိ ဓားအမှတ်အသားထံမှ မရေမတွက်နိုင်သော မီးခိုးရောင် အလင်းတန်းများ ပေါက်ကွဲထွက်လာခဲ့ပြီး ကြက်သွေးရောင်ကောင်းကင်ဓားကို လွှမ်းခြုံသွားခဲ့ကာ သာမန်မီးခိုးရောင် ဓားရှည်တစ်စင်းအဖြစ် ပြောင်းလဲပစ်လိုက်သည်။

ဘုန်း!

ချက်ချင်းပင် ဓားရှည် အသက်ဝင်လာသည့်အလား အတိုင်းအဆမရှိသော သတ်ဖြတ်ခြင်းဆန္ဒများ ကောင်းကင်ယံသို့ ထိုးတက်ကာ တိမ်တိုက်များကို စုတ်ဖြဲသွားခဲ့သည်။

ပတ်ဝန်းကျင်ရှိ မီးလျှံများပင်လျှင် သိသိသာသာ နောက်ဆုတ်သွားခဲ့၏။

“သန့်စင်သောဝိညာဉ်သတ်ဖြတ်ခြင်းဓားသိုင်းလား... ဒါက မင်းရဲ့ ယုံကြည်ချက်ဆိုရင်တော့ ငါ ဒါကို ဖျက်ဆီးပြမယ်...”

တွမ့်မူလုံချွဲ ပျံ့နှံ့နေသော သတ်ဖြတ်ခြင်းဆန္ဒများကို ကြည့်လျက် မှတ်ချက်ပေးလိုက်သည်။

“စကား များလွန်းတယ်...”

မုန့်ချန်ချင်းက ခေါင်းခါယမ်းလိုက်သည်။

ယခင်က တိုက်ပွဲများတွင် တွမ့်မူလုံချွဲက ဤမျှ စကားမများခဲ့ချေ။

ထို့ကြောင့် မုန့်ချန်ချင်း ထပ်မံ၍ စောင့်ဆိုင်းမနေတော့ဘဲ စတင်တိုက်ခိုက်လိုက်သည်။

ဝှစ်!

သူက မည်သည့် သတိပေးချက်မျှ မရှိဘဲ ချက်ချင်း ပျောက်ကွယ်သွားခဲ့ရာ လူတိုင်းကို သတိလက်လွတ်ဖြစ်သွားစေခဲ့သည်။

တွမ့်မူလုံချွဲ၏ မျက်ခွံများ ကျုံ့ဝင်သွားခဲ့သည်။

အဘယ်ကြောင့်ဆိုသော် သူ မုန့်ချန်ချင်း၏ တည်ရှိမှုကို အာရုံမခံနိုင်တော့၍ ဖြစ်သည်။

ဗီဇအရ နောက်သို့ အလျင်အမြန် ရှောင်တိမ်းလိုက်ပြီး ဓားသွားကို ရှောင်ရှားနိုင်ခဲ့သော်လည်း ဆံပင်အနည်းငယ် ပြတ်တောက်သွားခဲ့ရဆဲ ဖြစ်သည်။

“မင်း...”

တွမ့်မူလုံချွဲ မယုံကြည်နိုင် ဖြစ်သွားခဲ့သည်။

သူက ထိုက်ရွှမ်းဂိုဏ်း၏ ပြီးပြည့်စုံခြင်းအဆင့် အလင်းလိုက်ဓားသိုင်းကို မှတ်မိလိုက်သည်။

သို့သော်လည်း တာအိုဖန်တီးခြင်းနယ်ပယ် ဒုတိယအဆင့်သာရှိသည့် လူတစ်ယောက်က ဘာကြောင့် ဤမျှ မြန်ဆန်နေရသနည်း။

သူကိုယ်တိုင်ပင် အလေးအနက်မထားပါက တုံ့ပြန်ရန် ခက်ခဲသွားခဲ့သည်။

“နေဦး... ဒါက လျှို့ဝှက်နည်းစနစ်တစ်ခုလား...”

တွမ့်မူလုံချွဲ၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။

အဘယ်ကြောင့်ဆိုသော် မုန့်ချန်ချင်း ကိုယ်ပေါ်၌ အနက်ရောင်စာလုံးတွေ လွင့်ပျံနေပြီး ထူးဆန်းသည့်အော်ရာတစ်ခုကို ထုတ်လွတ်နေသောကြောင့်ပင်။

တစ်ချိန်တည်းမှာပဲ မုန့်ချန်ချင်း၏ စစ်မှန်အနှစ်သာရက ဒုတိယအဆင့်ထက် အများကြီးသာလွန်သွားပြီး တွမ့်မူလုံချွဲ၏ အဆင့်ကိုပင် ကျော်လွန်နေခဲ့သည်။

“ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...”

တွမ့်မူလုံချွဲက ကြောင်အမ်းသွားခဲ့သည်။

အဆင့် ၂ ရဲ့ စစ်မှန်အနှစ်သာရက အဆင့် ၉ထက် ပိုသန်မာနေတယ်...

ဒါက ဘယ်လို လျှို့ဝှက်အတတ်လဲ...

အစောပိုင်းက ငါ ချက်ချင်း မတုံ့ပြန်နိုင်တာ မဆန်းတော့ဘူးပဲ...

“အာရုံစိုက်စမ်းပါ... မဟုတ်ရင် ငါ မင်းကို တကယ် မတော်တဆ သတ်မိသွားလိမ့်မယ်...”

မုန့်ချန်ချင်း ပြုံးလျက် ထပ်မံ၍ ဖိအားပေး တိုက်ခိုက်လိုက်ပြန်သည်။

“မင်းက သေချင်နေတာပဲ...”

တွမ့်မူလုံချွဲ၏ မျက်နှာထက်တွင် ဒေါသများ ပေါ်လာခဲ့သည်။

အထူးသဖြင့် ထိုထူးခြားလှသော လျှို့ဝှက်အတတ်ကြောင့် ဆန့်ကျင်ဘက်လူက အမှန်တကယ်ပင် အစွမ်းထက်လှကြောင်း သူ သဘောပေါက်လိုက်ရပြီ ဖြစ်၏။

“လင်လုံမဟာကြော့ကွင်းကောင်းကင်...”

ဝမ်ရှန်းအဆောက်အဦးဘက်တွင် ယွမ်ချန် ရုတ်တရက် မတ်တတ်ရပ်လိုက်ပြီး သူ၏ မျက်ခွံ ကျုံ့သွားခဲ့သည်။

သူက ရှီယင်ချင်းကို စူးစိုက်ကြည့်လိုက်သည်။

“ကြည့်ရတာ လင်လုံသန့်စင်နယ်မြေက မင်းကို တကယ် တန်ဖိုးထားပုံရတယ်... ဒီလျှို့ဝှက်အတတ်ကိုတောင်မှ လက်ဆင့်ကမ်းပေးခဲ့တယ်ပေါ့...”

သူ၏ စကားလုံးတွေထဲ၌ အေးစက်မှုတွေ ပါဝင်နေခဲ့သည်။

ရှီယင်ချင်း၏ အမူအရာက ပြောင်းလဲခြင်း မရှိသော်လည်း သူ၏ စိတ်ထဲတွင်မူ အံ့ဩသွားခဲ့သည်။

စိတ်ဝိညာဉ်ခွဲတစ်ခုအနေဖြင့် သူက အရာအားလုံးကို အာရုံမခံနိုင်ရာ ဤလျှို့ဝှက်အတတ်အကြောင်းကို မသိရှိခဲ့ချေ။

“လင်လုံမဟာကြော့ကွင်းကောင်းကင်...”

ရှီယင်ချင်း ပြန်လည်စဉ်းစားလိုက်သည်။

ဤအရာက အလယ်ပိုင်းစီရင်စု၏ ကြီးမြတ်သော သန့်စင်သောမြေ လေးခုထဲမှ တစ်ခုဖြစ်သည့် လင်လုံသန့်စင်သောမြေ၏ သီးသန့်လျှို့ဝှက်ချက်တစ်ခု ဖြစ်ပြီး သွေးမျိုးဆက်၊ စစ်မှန်ချီနှင့် စစ်မှန်အနှစ်သာရတို့၏ အရည်အသွေးကို အဆမတန် မြင့်တက်လာစေနိုင်သည်။

သို့သော်လည်း ဤအတတ်ကို အထွတ်အထိပ်သို့ ရောက်ရှိအောင် လေ့ကျင့်ရန်မှာ စိန်ခေါ်မှုကြီးမားပြီး ရှားပါးပြီး အဖိုးတန်လှသော အရင်းအမြစ်များ လိုအပ်ကာ အချို့မှာ မျိုးသုဉ်းလုနီးပါး ဖြစ်နေပြီး ရှေးဟောင်းနေရာများတွင်သာ ရှာဖွေနိုင်ပေသည်။

ဤလူငယ်က ဤအရာကို ဘယ်လိုလုပ် တတ်မြောက်သွားခဲ့တာလဲ။

“သန့်စင်နယ်မြေကလာတဲ့ မိသားစုတပည့်တစ်ယောက်က လက်ဆင့်ကမ်းပေးခဲ့တာ နေမှာ...”

ရှီယင်ချင်းက တွေးလိုက်သည်။

ဂိုဏ်းအနေဖြင့် အရင်းအမြစ်များကို ယုံကြည်စိတ်ချရသူများထံ ခွဲဝေပေးနိုင်ရန်အတွက် စစ်မှန်တပည့်တိုင်းကိုစစ်ဆေးသကဲ့သို့ မုန့်မိသားစုကိုလည်း စုံစမ်းစစ်ဆေးထားခဲ့ပြီး ဖြစ်သည်။

ထို့ကြောင့် သူက မုန့်ချန်ချင်း၏ နောက်ခံကို ကောင်းစွာ သိရှိထားပေသည်။

တွမ့်မူယန်အပါအဝင် အခြားသူများကတော့ ဇဝေဇဝါ ဖြစ်နေခဲ့ကြ၏။

လင်လုံမဟာကြော့ကွင်းကောင်းကင်က ဘာကြီးနည်း။

သူတို့က အလယ်ပိုင်းစီရင်စု၏ ကြီးမြတ်သောသန့်စင်သောမြေလေးခုထဲမှ တစ်ခုဖြစ်သည့် လင်လုံသန့်စင်သောမြေကိုတော့ သိကြသည်။

“ဒီကောင် တကယ်ပဲ တစ်ခုခုလား...”

တွမ့်မူယန်က စိတ်မသက်မသာ ခံစားလိုက်ရသည်။

အထူးသဖြင့် တွမ့်မူလုံချွဲ မုန့်ချန်ချင်းကို အနိုင်ယူရန် ခက်ခဲနေပြီး လက်ရည်တူတိုက်ခိုက်နေရသည်ကို မြင်တွေ့လိုက်ရချိန်တွင် ဖြစ်၏။

ထန်! ထန်! ထန်!

မရေတွက်နိုင်သည့် ဓားအလင်းတန်းတွေ လေထုထဲတွင် ပေါက်ကွဲထွက်ပေါ်လာခဲ့ပြီး အဆုံးမရှိသော မီးလျှံများကလည်း တစ်ဟုန်ထိုးမြင့်မားနေခဲ့သည်။

တွမ့်မူလုံချွဲ၏ အမူအရာ ပိုမိုတင်းမာလာပြီး မြွေတစ်သောင်းနှလုံးဝါးမျိုမီးတောက်ကို မသုံးဘဲနှင့် မုန့်ချန်ချင်းကို အနိုင်မယူနိုင်ကြောင်း သိလိုက်သည်။

ဆန့်ကျင်ဘက်အနေဖြင့် မုန့်ချန်ချင်း၏ ဓားသိုင်းပညာက လွှမ်းမိုးနိုင်စွမ်းရှိလှပြီး သန့်စင်သောဝိညာဉ်သတ်ဖြတ်ခြင်းဓားသိုင်း၏ ဓားချက်တိုင်းတွင် အဆုံးမဲ့သော သတ်ဖြတ်ခြင်း ရည်ရွယ်ချက်များ ပါဝင်နေခဲ့သည်။

ဒဏ်ရာအသေးစားလေးတစ်ခု ရရှိရုံမျှဖြင့် သေခြင်းတရားစွမ်းအင်များ ပျံ့နှံ့သွားနိုင်ပြီး အသက်စွမ်းအားကို အဆက်မပြတ် တိုက်စားသွားနိုင်သည်။

အကယ်၍ သူ၏ မွေးရာပါ မီးလျှံခန္ဓာနှင့် ဆန်းကြယ်မီးတောက်သာ မရှိပါက ဝါးမြိုခြင်းခံနေရပြီဖြစ်သည်။

“ထိုက်ရွှမ်းဂိုဏ်းရဲ့ ဒီထိပ်တန်းဓားသိုင်းကို ဘယ်သူမှ မလေ့ကျင့်ရဲတာ မဆန်းတော့ပါဘူး... စွမ်းအားက တကယ်ကို ထူးခြားတာပဲ...”

တွမ့်မူလုံချွဲ ဓားချီအချို့ကို ချိုးဖျက်ပြီး အေးစက်စွာ ပြောဆိုလိုက်သည်။

သူ၏ မီးတောက်တစ်သောင်းကောင်းကင်ကျမ်းက သန်မာသော်လည်း ဤမျှလောက် စွမ်းအားမရှိချေ။

“ဘုရားရေ... ဒီတိုက်ပွဲက ငါးကွက်အတွင်း ပြီးသွားမယ်လို့ ဘယ်သူပြောတာလဲမသိဘူး... အခု အကွက်ရေတစ်ရာကျော်သွားပြီလေ...”

“ပြီးတော့ ကြည့်ရသလောက်တော့ တွမ့်မူလုံချွဲ အနည်းငယ် ခံစစ်လိုင်းကို ရောက်နေသလိုပဲ...”

ဆက်လက်ဖြစ်ပွားနေသည့် တိုက်ပွဲက ကြည့်ရှုသူများကို တုန်လှုပ်သွားစေခဲ့ရသည်။

အဘယ်ကြောင့်ဆိုသော် ထိုအရာက သူတို့၏ မျှော်လင့်ချက်များနှင့် လုံးဝ ကွဲပြားနေခဲ့၍ ဖြစ်သည်။

မုန့်ချန်ချင်းက အဆက်မပြတ် တိုက်ခိုက်နေပြီး တွမ့်မူလုံချွဲကတော့ အများစု ကာကွယ်နေခဲ့ရသည်။

“ငါတို့ သူ့ကို တကယ် လျှော့တွက်မိခဲ့တာပဲ...”

“ထိပ်တန်းသုံးယောက်အထိ နှိမ့်နှိမ့်ချချနေခဲ့တဲ့ အဲဒီကောင်မှာ ဒီလို အရည်အချင်းတွေ ရှိနေလိမ့်မယ်လို့ ဘယ်သူ ထင်ထားမှာလဲ...”

“ဒီလောက် သန်မာတဲ့ စွမ်းအား...”

“ဒါပေမဲ့ တွမ့်မူလုံချွဲက သူရဲ့ ဆန်းကြယ်မီးတောက်ကို မသုံးရသေးဘူးလေ... သူ သုံးလိုက်တာနဲ့ မုန့်ချန်ချင်းကတော့ သွားပြီပဲ...”

လူတိုင်းက ခေါင်းငြိတ်လိုက်ကြသည်။

မုန့်ချန်ချင်း အခုချိန် ဘယ်လောက်ပဲ သန်မာနေပါစေ ဆန်းကြယ်မီးတောက်က သူ့ကို ကျရှုံးသွားစေလိမ့်မည် ဖြစ်သည်။

“မင်းရဲ့ ဆန်းကြယ်မီးတောက်ကို အခုထိ မသုံးသေးဘူးလား...”

တောက်ပလှသော ဓားအလင်းတန်းများနှင့် ကြောက်မက်ဖွယ်ကောင်းသော ဓားချီများအကြားတွင် မုန့်ချန်ချင်း တွမ့်မူလုံချွဲကို မီတာအနည်းငယ်အထိ နောက်ဆုတ်သွားအောင် အတင်းအကျပ် ပြုလုပ်လိုက်သည်။

"မင်း မသုံးရင် ရှုံးတော့မှာ...”

မုန့်ချန်ချင်းက လေထုထဲတွင် ရပ်တန့်နေပြီး နှင်းကဲ့သို့ ဖြူစင်သော ဝတ်စုံဖြူကို ဝတ်ဆင်ထားကာ အနှိုင်းမဲ့ ဓားသမားတစ်ဦးအလား ဖြစ်နေခဲ့သည်။

“မမျှော်လင့်ဘဲ မင်းရဲ့ စွမ်းအားက တကယ်ပဲ ဟန်လျိုယုထက် မနိမ့်ကျဘူးပဲ...”

တွမ့်မူလုံချွဲ အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ပြီး မုန့်ချန်ချင်းကို တည်ကြည်လေးနက်စွာ ကြည့်လိုက်သည်။

သူ့ရင်ဘတ်၌ ဓားရာတစ်ခုရှိနေခဲ့ပြီး မျက်လုံးထဲတွင် အထင်သေးမှု အရိပ်အယောင်များ လုံးဝ မရှိတော့ချေ။

အခုအချိန်အထိ ဟန်လျိုယုတစ်ယောက်တည်းသာ သူ့ကို ဤကဲ့သို့ အခြေအနေသို့ ရောက်ရှိအောင် လုပ်နိုင်ခဲ့သည်။

ယခုတော့ နောက်ထပ်တစ်ယောက် ပေါ်လာခဲ့ပြီ ဖြစ်၏။

“မင်းက ဆန်းကြယ်မီးတောက်ရဲ့ စွမ်းအားကို ကိုယ်တိုင်ကိုယ်ကျ ကြုံတွေ့ချင်နေမှတော့... ငါ မင်းဆန္ဒကို ဖြည့်ဆည်းပေးရုံပေါ့...”

တွမ့်မူလုံချွဲက သူ၏ လက်ကို တင်းတင်းဆုပ်လိုက်သည်။

ဆန်းကြယ်မီးတောက်ကို မသုံးဘဲနှင့် အနိုင်မရနိုင်ကြောင်း သူသိ၏။

ဝှစ်!

စကားဆုံးသည်နှင့် သူ၏နောက်ကျောမှ တက်တူး နိုးထလာပုံရပြီး သိုင်းကွင်းတစ်ခုလုံးက အဆုံးမရှိသော မီးလျှံပင်လယ်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။

ကြီးမားလှသော အစိမ်းရောင် မီးလျှံမြွေကြီးက ကောင်းကင်ယံသို့ ဟိန်းဟောက်လိုက်သည်။

ထိုအခါ ပတ်ဝန်းကျင်ရှိ အပူချိန်က ကြောက်မက်ဖွယ် မြင့်တက်လာခဲ့ပြီး ဟာလာဟင်းလင်းပြင်ကိုပင် အနည်းငယ် ပုံပျက်သွားစေခဲ့သည်။

ဤအရာက ဆန်းကြယ်မီးတောက်၏ စွမ်းအား ဖြစ်ပြီး ၎င်းမှာ အကြွင်းအကျန်မီးတောက်တစ်ခုသာ ရှိသေးသည်။

“ဆန်းကြယ်မီးတောက်...”

မုန့်ချန်ချင်း၏ မျက်လုံးများ တောက်ပသွားခဲ့သည်။

အဝေးကနေ ကြည့်ရှုရခြင်းက ကိုယ်တိုင်ကိုယ်ကျ ကြုံတွေ့ရခြင်းနှင့် လုံးဝ ကွဲပြားခြားနားပေသည်။

ဤအရာက သူ အခုအချိန်အထိ အချိန်ဆွဲထားရသည့် အကြောင်းအရင်းလည်းဖြစ်သည်။

မဟုတ်ပါက အစကတည်းက သူ၏ ဓားရည်ရွယ်ချက်ကို သုံးပြီး တိုက်ပွဲကို ချက်ချက်ချင်း အဆုံးသတ်ပစ်နိုင်ခဲ့သည်။

ဆန်းကြယ်မီးတောက်များက အလွန်အမင်း ရှားပါးလှပြီး အမျိုးမျိုးသော စွမ်းအားများကို ပိုင်ဆိုင်ထားကြသည်။

မြွေတစ်သောင်းနှလုံးဝါးမျိုမီးတောက်က မည်ကဲ့သို့သော စွမ်းအားမျိုးကို ပိုင်ဆိုင်ထားသနည်းဟု သူ သိချင်နေခဲ့မိသည်။

ဟန်လျိုယုက အလွန်အမင်း မြန်ဆန်စွာ ရှုံးနိမ့်သွားခဲ့သဖြင့် သူက သေချာ မသိလိုက်ရချေ။

“ငါ့ရဲ့ လက်ဝါးချက်ကို ခံယူစမ်း...”

မုန့်ချန်ချင်း၏ မျက်နှာထက်တွင် ကြောက်ရွံ့မှုများအစား စူးစမ်းလိုစိတ်များ ပေါ်နေသည်ကို မြင်တွေ့လိုက်ရချိန်တွင် တွမ့်မူလုံချွဲက ပို၍ပင် ဒေါသထွက်သွားခဲ့သည်။

ဒီကောင်... ဒီကောင် ဘာလို့ မကြောက်တာလဲ... ဟန်လျိုယုလိုမျိုး တုန်လှုပ် မယုံကြည်နိုင်ဖြစ်ပြီး အမြဲတမ်း ကြောက်ရွံ့မှုတွေထဲမှာ ရှင်သန်သွားရမှာလေ...

ဘုန်း!

မီးလျှံမြွေကြီး ဟိန်းဟောက်လိုက်ပြီး လက်ဝါးချက်များက မိုးရွာသွန်းသကဲ့သို့ ကျရောက်လာခဲ့သည်။

ဆန်းကြယ်မီးတောက်၏ စွမ်းအားများ ထပ်မံဖြည့်စွက်လိုက်ခြင်းနှင့်အတူ လက်ဝါးချက်များက ပိုမိုသန်မာလာခဲ့သည်။

မုန့်ချန်ချင်းပင်လျှင် အနည်းငယ် ‘အကျပ်ရိုက်’ သွားဟန် ပေါ်သွား၏။

“ပြီးသွားပြီ... ဆန်းကြယ်မီးတောက် ရှိနေတော့ ရလဒ်က အဖြေထွက်သွားပြီ...”

မြင့်မားသော စင်မြင့်ထက်တွင် တပည့်အများအပြားက ခေါင်းခါယမ်းလိုက်ကြသည်။

မုန့်ချန်ချင်းက တွမ့်မူလုံချွဲနှင့် ဤမျှအထိ ကြာရှည်စွာ တောင့်ခံနိုင်ခဲ့ခြင်းကပင် ၎င်းတို့၏ မျှော်လင့်ချက်များကို ကျော်လွန်နေခဲ့ပြီ ဖြစ်သည်။

သူတို့က သူ ငါးကွက်အတွင်း ရှုံးနိမ့်သွားလိမ့်မည်ဟု ထင်ထားခဲ့ကြခြင်း ဖြစ်၏။

မုန့်ချန်ချင်းက သူ၏ နေရာကို ထိန်းထားနိုင်ရုံသာမက တစ်ခါတရံတွင် အသာစီးပင် ရနေခဲ့လိမ့်မည်ဟု မည်သူမှ ထင်မထားခဲပေ။

ဤအရာက လူတိုင်းကို အမှန်တကယ်ပင် အံ့ဩသွားစေခဲ့သည်။

ဟန်လျိုယု ရှီယင်ချင်းကို ကြည့်လိုက်သည်။

သူ၏ ဆရာ့ထံမှ တည်ငြိမ်သော အမူအရာကို မြင်တွေ့လိုက်ရချိန်တွင် သူ၏ စိတ်ထဲတွင် လှုပ်ခတ်သွား၏။

မုန့်ချန်ချင်းမှာ နောက်ထပ် ဝှက်ဖဲတစ်ခု ကျန်သေးတာလား... ဒါပေမဲ့ ဆန်းကြယ်မီးတောက်ကို ဘာက တုံ့ပြန်နိုင်မှာလဲ...

“မုန့်ချန်ချင်း... မင်း အခု ဘယ်လိုခံစားရလဲ... ဆန်းကြယ်မီးတောက်ရဲ့ စွမ်းအားကို အထင်အရှား အာရုံခံမိပြီ မဟုတ်လား...”

တွမ့်မူလုံချွဲက ရပ်တန့်လိုက်ပြီး အသက်ကို ခပ်ဖွဖွ ရှူထုတ်လိုက်သည်။

သူကိုယ်တိုင်ပင် ဆန်းကြယ်မီးတောက်ကို အသုံးပြုရန် ခက်ခဲပင်ပန်းနေကြောင်း ထင်ရှားလှပေသည်။

ဘာပဲဖြစ်ဖြစ် ၎င်းက ပြင်ပအရာဝတ္ထုတစ်ခုသာ ဖြစ်ပြီး သူ၏ကိုယ်ပိုင်ခွန်အားမဟုတ်ချေ။

ဤအရာကို အပြည့်အဝ ထိန်းချုပ်နိုင်ဖို့အတွက် သူက နတ်ဘုရားရရှိခြင်းနယ်ပယ်သို့ ရောက်ရှိရန် လိုအပ်ပေသည်။

မလှမ်းမကမ်းတွင် ပုံရိပ်တစ်ခု ဖြည်းညှင်းစွာ ထွက်ပေါ်လာခဲ့သည်။

၎င်းက မုန့်ချန်ချင်း ဖြစ်၏။

သူ၏ အဝတ်အစားများ အနည်းငယ် လောင်ကျွမ်းသွားခဲ့သည်မှအပ ဒဏ်ရာရရှိခြင်း မရှိချေ။

ကျောက်တုံးလူသားသွေးမျိုးဆက်က ပေးစွမ်းသော ကာကွယ်ရေးက ဟာသမဟုတ်ပေ။

“ခံစားမိတယ်...”

မုန့်ချန်ချင်းက ခပ်ဖွဖွ ခေါင်းငြိတ်လိုက်သည်။

တွမ့်မူလုံချွဲနှင့် တိုက်ခိုက်မှုအတွင်း သူက ဆန်းကြယ်မီးတောက်၏ စွမ်းအားများထဲတွင် လောင်ကျွမ်းခြင်းနှင့် ဝါးမြိုခြင်းတို့ ပါဝင်နေကြောင်း ရှာဖွေတွေ့ရှိခဲ့သည်။

၎င်းက မိမိကိုယ်ကို မြှင့်တင်ရန်အတွက် မည်သည့် စွမ်းအင်အမျိုးအစားကိုမဆို ဝါးမြိုနိုင်ပုံရပေသည်။

သူ၏ သတ်ဖြတ်ခြင်း ဓားချီပင်လျှင် တစ်စိတ်တစ်ပိုင်း ဝါးမြိုခြင်းခံခဲ့ရ၏။

ဤဝါးမြိုလိုက်သော စွမ်းအင်များကို သူ၏ အရှင်သခင်အတွက် စစ်မှန်သော စွမ်းအားအဖြစ် ပြောင်းလဲပေးနိုင်မလားဟု သူ သိချင်မိသွားသည်။

“တွမ့်မူလုံချွဲ... ငါတို့ အရောင်းအဝယ်တစ်ခု လုပ်ကြရအောင်... မင်း ဒီမီးတောက်ကို ငါ့ကို ရောင်းမလား...”

မုန့်ချန်ချင်းက သူ၏ ရှာဖွေတွေ့ရှိမှုကြောင့် စိတ်လှုပ်ရှားလျက် စစ်မှန်စွာ မေးမြန်းလိုက်သည်။

ဤမီးတောက်ရှိနေပါက နောင်တွင် ဆေးလုံးများ ဖော်စပ်ရာတွင် ပိုမိုအဆင်ပြေသွားလိမ့်မည် ဖြစ်သည်။

၎င်းကို ကြားလိုက်ရချိန်တွင် တွမ့်မူလုံချွဲ မျက်လုံးမှိတ်သွားပြီး မျက်နှာတွန့်လိမ်သွား၏။

“မင်းကို ဘာရောင်းရမှာလဲ... သွားသေလိုက်တော့...”

သူ၏ မျက်လုံးများကို ဖွင့်လျက် အော်ဟစ်လိုက်သည်။

သူ တစ်ခါမျှ လူတစ်ယောက်ကို ဤမျှအထိ မုန်းတီးဖူးခြင်း မရှိချေ။

မည်သည့် အခြေအနေမျိုးတွင်မဆို မုန့်ချန်ချင်းက အမြဲတမ်း တည်ငြိမ်နေပြီး သက်ရောက်မှု မရှိသည့်အလား ဖြစ်နေခဲ့သည်။

“မီးတောက်တစ်သောင်း - မီးတောက်နဂါး အကျဉ်းထောင်လက်ဝါး...”

တွမ့်မူလုံချွဲက သူ၏ လက်များကို ပူးကပ်လိုက်ပြီး ထိုမုန်းစရာကောင်းသော မျက်နှာကို ဖျက်ဆီးပစ်ရန်အတွက် သူ၏ အသန်မာဆုံးသော အကွက်ကို ထုတ်ဖော်ရန် ပြင်ဆင်လိုက်သည်။

“ကြည့်ရတာ ငါတို့ ဆွေးနွေးလို့မရတော့ဘူးပဲ... ဒါဆိုလည်း အဆုံးသတ်လိုက်ကြတာပေါ့...” မုန့်ချန်ချင်း ခေါင်းအနည်းငယ် ခါယမ်းလိုက်သည်။

သူက သာမန်ကာလျှံကာ မေးမြန်းခဲ့ခြင်းသာ ဖြစ်၏။

ယခု ဆန်းကြယ်မီးတောက်၏ စွမ်းရည်များကို နားလည်သွားခဲ့ပြီ ဖြစ်ရာ ဆက်လက်လုပ်ဆောင်နေရန် မလိုတော့ချေ။

တိုက်ပွဲကို အဆုံးသတ်ရမည့် အချိန်ကျပြီ ဖြစ်သည်။

ဤအတွေးနှင့်အတူ မုန့်ချန်ချင်း သူ၏ မျက်လုံးများကို ဖြည်းညှင်းစွာ ပိတ်လိုက်ပြီး အသိစိတ်ကို စိတ်ဝိညာဥ်ထဲသို့ နစ်မြုပ်စေလိုက်သည်။

ထိုအခါ သူ့ခန္ဓာကိုယ်ထဲမှ ဧရာမပုံရိပ်ယောင်ဓားကြီး နိုးထလာသလိုပင်။

ဘုန်း!

နောက်တစ်စက္ကန့်တွင် ကမ္ဘာကြီး တုန်ခါသွားခဲ့ပြီး အကြွင်းမဲ့ တိတ်ဆိတ်ခြင်းထဲသို့ ကျရောက်သွားခဲ့သည်။

ဖော်ပြ၍မရနိုင်သော ဖိအားတစ်ခုက ရုတ်တရက် အရာအားလုံးကို လွှမ်းခြုံသွားပြီး လူတိုင်းကို မိမိတို့အပေါ်တွင် တောင်ကြီးတစ်လုံး ဖိနှိပ်ထားသကဲ့သို့ ခံစားရစေကာ အသက်ရှူရန်ပင် ရုန်းကန်နေခဲ့ကြရ၏။

“ဘာတွေ ဖြစ်နေတာလဲ...”

တစ်စုံတစ်ယောက် ထိတ်လန့်တုန်လှုပ်စွာ အော်ဟစ်လိုက်သည်။

ဤခံစားချက်က ရုတ်တရက်ကြီး ရောက်ရှိလာခဲ့ခြင်း ဖြစ်၏။

“နေဦး...”

နောက်ထပ်တစ်ယောက်ကလည်း အော်ဟစ်လိုက်ပြန်သည်။

သူတို့၏ ဓားများက ပြင်းထန်စွာ တုန်ခါနေပြီး ဓားအိမ်များထဲမှ ရုန်းထွက်တော့မည့်အလား ဖြစ်နေသည်ကို သတိပြုမိလိုက်ကြသည်။

All Chapters