အခန်း ၁၃၈
Vol. 14 Ch. 138
အခန်း (၁၃၈)
သတ်ဖြတ်ခြင်းဓားရည်ရွယ်ချက်၊ ဓားတစ်ချက်, အသက်ပျောက် - ရှင်သန်ခြင်းပျက်သုဉ်း
ဝှစ်!
ဝမ်ရှန်းအဆောက်အဦးမှ ယွမ်ချန်က ရုတ်တရက် မတ်တတ်ရပ်လိုက်သည်။
သူ၏ မျက်လုံးများထဲတွင် မယုံကြည်နိုင်မှု အမူအရာများ ပြည့်နှက်နေခဲ့၏။
“ဒါက...”
ဘုန်း!
လူတိုင်း ဇဝေဇဝါ ဖြစ်နေချိန်မှာပင် မုန့်ချန်ချင်းနောက်မှ ဧရာမပုံရိပ်ယောင်ရှေးဟောင်းဓားကြီးတစ်လက် ထွက်ပေါ်လာခဲ့သည်။
၎င်းက ကောင်းကင်နှင့်မြေကြီးအကြားတွင် အလွန်တရာခမ်းနားထည်ဝါစွာ မားမားမတ်မတ်ရပ်နေခဲ့သည်။
ထိုဓားကြီး ထွက်ပေါ်လာသည့် အခိုက်အတန့်တွင် ဓားကိုင်ဆောင်ထားသူအားလုံး၏ ဓားများသည် ထိန်းချုပ်၍မရတော့ဘဲ ဓားအိမ်ထဲမှ ပျံထွက်သွားခဲ့သည်။
ထို့နောက် သိပ်သည်းသောဓားပင်လယ်ကြီးအဖြစ်ပေါင်းစည်းပြီး မုန့်ချန်ချင်း၏ ပတ်ပတ်လည်တွင် ဝိုင်းရံပျံသန်းနေခဲ့ကြသည်။
ဤအရာက အလွန်တရာ အံ့ဩတုန်လှုပ်ဖွယ်ကောင်းသော မြင်ကွင်းတစ်ခု ဖြစ်သည်။
ဓားအားလုံးက ဒဏ္ဍာရီလာဓားသခင်ကို လာရောက်ဦးခိုက်နေကြသည့်အလား တချန်ချန် မြည်ဟီးနေသော ဓားသံများက ပြင်းပြသော စိတ်အားထက်သန်မှုနှင့် နာခံမှုကို ဖော်ပြနေခဲ့ကြသည်။
“ဒါ ဘာကြီးလဲ...”
လူတိုင်းက တုန်လှုပ်သွားခဲ့ကြသည်။
အဘယ်ကြောင့်ဆိုသော် ဤအရာက ၎င်းတို့၏ နားလည်နိုင်စွမ်းကို ကျော်လွန်နေခဲ့၍ ဖြစ်၏။
၎င်းက ဓားချီနှင့် မတူသော်လည်း ဓားချီထက် ပိုမိုသန်မာနေခဲ့ပေသည်။
“ဓားရည်ရွယ်ချက်...”
တွမ့်မူယန် ထိတ်လန့်တုန်လှုပ်စွာဖြင့် ရေရွတ်လိုက်သည်။
သူ၏ မျက်နှာတစ်ခုလုံးက မယုံကြည်နိုင်မှုတို့ကြောင့် လိမ်တွန့်လုနီးပါး ဖြစ်နေ၏။
“မဖြစ်နိုင်တာ... သူ ဘယ်လိုလုပ် ဓားရည်ရွယ်ချက်ကို သဘောပေါက်ထားနိုင်မှာလဲ...”
ချင်းဟုန်လည်း မယုံကြည်နိုင်အောင် ဖြစ်နေခဲ့ရသည်။
“ဘာ... ဓားရည်ရွယ်ချက်?...”
အဆင့်မြင့်အဖွဲ့ဝင်များ၏ ပြောစကားများက လူတိုင်း၏ နားထဲသို့ သဘာဝကျကျပင် ပျံ့နှံ့ရောက်ရှိသွားခဲ့သည်။
လူတိုင်းက ကြောင်အမ်းသွားခဲ့ကြရ၏။
၎င်းတို့ ဘာကို ကြားလိုက်ရသည်ကို ကောင်းကင်ဘုံကသာ သိပေလိမ့်မည်။
ဓားရည်ရွယ်ချက်?...
ထိုအရာက သိုင်းပညာ၏ စစ်မှန်သော အဓိပ္ပာယ်ဖြစ်ပြီး အမြင့်ဆုံးသော နယ်ပယ်လည်းဖြစ်သည်။
ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...
ဒါက အနည်းဆုံး နတ်ဘုရားရရှိခြင်းနယ်ပယ်သို့ ရောက်ရှိပြီး စိတ်ဝိညာဉ်လျှို့ဝှက်ချက်တွေကို ဖွင့်လှစ်ပြီးမှသာ သဘောပေါက်နိုင်မည့် အရာ မဟုတ်လား...
သို့သော်လည်း မုန့်ချန်ချင်းက တာအိုဖန်တီးခြင်းနယ်ပယ်မှာပဲ ရှိသေးတာလေ...
ထို့ပြင် သူက အသက်ဘယ်လောက်ရှိပြီမို့လို့လဲ...
သူ့ကို ကြည့်ရတာ အသက်နှစ်ဆယ်လောက်ပဲ ရှိဦးမှာလေ...
အသက်နှစ်ဆယ်နဲ့ ဓားရည်ရွယ်ချက်ကို သဘောပေါက်တယ်ဆိုတာ ဘယ်သူက ယုံမှာလဲ...
သို့သော်လည်း ၎င်းတို့၏ ရှေ့မှောက်ရှိ မြင်ကွင်းက ငြင်းပယ်၍မရအောင် ထင်ရှားလွန်းနေခဲ့သည်။
“ဘုရားရေ... ငါ့ဘဝရဲ့ အချိန်အတော်များများကို ကျင့်ကြံလာခဲ့တာ... အခု ငါ ဓားနတ်ဘုရား လူဝင်စားတာကို မြင်နေရတာလား...”
တစ်ယောက်ယောက်က တုန်ရီစွာ ပြောဆိုလိုက်သည်။
ဝှစ်!
ပြင်းထန်စွာ ဒဏ်ရာရရှိထားသော ဟန်လျိုယုပင်လျှင် မတ်တတ်ရပ်လိုက်မိသည်။
ပါးစပ်အနည်းငယ်ဟပြီး မျက်လုံးထဲမှာ မယုံကြည်နိုင်မှုတွေနှင့် ပြည့်နှက်နေခဲ့သည်။
ဤအသက်အရွယ်တွင် သိုင်းပညာချီကို သဘောပေါက်ခြင်းကို သူ နားလည်ပေးနိုင်သည်။
ဘာပဲဖြစ်ဖြစ် သူကိုယ်တိုင်လည်း ပိုင်ဆိုင်ထားသည် မဟုတ်လား။
သို့သော်လည်း ဓားရည်ရွယ်ချက်ကတော့...
ဤအရာက အလွန်အမင်း ချဲ့ကားလွန်းရာ မရောက်ဘူးလား။
ဤအရာက လူသားတစ်ယောက် အမှန်တကယ် အောင်မြင်နိုင်တဲ့ အရာမျိုးလား?
အနည်းဆုံး သူ၏နားလည်မှုအရ...
လုံးဝ မဖြစ်နိုင်ချေ။
ကမ္ဘာကြီးကို ဆန့်ကျင်မည့် ဒဏ္ဍာရီလာပါရမီရှင်တစ်ဦး မဟုတ်လျှင်ပေါ့။
ဟန်လျိုယုက ရှီယင်ချင်းကို ရုတ်တရက် ကြည့်လိုက်သည်။
သို့သော်လည်း ရှီယင်ချင်းက ကျေနပ်သော အမူအရာဖြင့် အနည်းငယ် ခေါင်းငြိတ်နေသည်ကို သူ မြင်တွေ့လိုက်ရ၏။
သေချာပေါက်ပင်
ဆရာဖြစ်သူက ဤအရာကို အစကတည်းက ကြိုသိနေခဲ့သည်။
ဒါဆို ဂျူနီယာညီလေး မုန့်က ဂိုဏ်းရဲ့ စစ်မှန်တဲ့ ဝှက်ဖဲဖြစ်နေတာပေါ့...
ဤအရာကို တွေးတောမိရင်း ဟန်လျိုယုက မည်သို့ ခံစားရမည်ကို မသိတော့ဘဲ စိတ်ခံစားချက်များ ရောပြွမ်းသွားခဲ့ရသည်။
“ဓားရည်ရွယ်ချက်...”
“ဓားရည်ရွယ်ချက်...”
ပါရမီရှင် တပည့်အများအပြားကလည်း သတိပြန်ဝင်လာခဲ့ကြပြီး တစ်ယောက်ပြီးတစ်ယောက် အာမေဠိတ်သံပြုလိုက်သည်။
သိုင်းပညာ၏ စစ်မှန်သော အဓိပ္ပာယ်...
ဤအရာက သိုင်းပညာရှင်အားလုံး ဘဝတစ်လျှောက်လုံး လိုက်လံရှာဖွေကြသည့် အမြင့်မားဆုံးသော နယ်ပယ် ဖြစ်သည်။
ထို့ပြင် လူတိုင်းလည်း ဤအဆင့်သို့ ရောက်ရှိနိုင်ခြင်း မရှိချေ။
တောင်ထိပ်သခင်များနှင့် ဂိုဏ်းချုပ်ကဲ့သို့ သန်မာသောသူများပင်လျှင် ဤအရာကို ပိုင်ဆိုင်ထားပုံမရချေ။
၎င်းက နားလည်သဘောပေါက်ရန် မည်မျှအထိ ခက်ခဲကြောင်း ပြသနေခဲ့သည်။
ထို့ပြင် တစ်ကြိမ် သဘောပေါက်သွားခဲ့ပြီဆိုလျှင် စိတ်ကူးမယဉ်နိုင်လောက်သော ခွန်အားများ တိုးတက်လာခြင်းကို ဆိုလိုပေသည်။
၎င်းတို့လက်ထဲရှိ မည်သည့်ဓားသိုင်းမဆို အစုတ်အပြတ်မှ အစွမ်းထက်ဓားသိုင်းအဖြစ် ပြောင်းလဲသွားနိုင်ပြီး တောင်တန်းများကို လွယ်ကူစွာ ဖြိုခွဲကာ တိမ်တိုက်များကို ဖြတ်တောက်နိုင်မည်ဖြစ်သည်။
“ဒီလူဆိုးကောင်...”
မိုရှောင်ယုက လုံးဝ ကြောင်အမ်းသွားပြီး သူမ၏ ချစ်စရာကောင်းသော နှုတ်ခမ်းလေးက အိုပုံသဏ္ဌာန် ဖြစ်သွားခဲ့၏။
မုန့်ချန်ချင်းတွင် ဓားရည်ရွယ်ချက်ပင် ရှိနေလိမ့်မည်ဟု သူမ အမှန်တကယ် မမျှော်လင့်ထားခဲ့ချေ။
မွေးရာပါဓားခန္ဓာ ပိုင်ဆိုင်ထားသော သူမကိုယ်တိုင်ပင် ဤအရာကို နားလည်မထားသေးပေ။
“ဂိုဏ်းချုပ် ရှီ... မင်းက တကယ်ကို နက်နက်ရှိုင်းရှိုင်းဖုံးကွယ်ထားတာပဲ...”
တွမ့်မူယန် ရှီယင်ချင်းကို ကြည့်လျက် အံကြိတ်ကာ ပြောလိုက်သည်။
ထိုက်ရွှမ်းဂိုဏ်းတွင် ဤကဲ့သို့မကောင်းဆိုးဝါးတစ်ကောင် ဘာကြောင့် ရှိနေရသည်ကို သူ နားမလည်နိုင် ဖြစ်နေခဲ့သည်။
တာအိုဖန်တီးခြင်းနယ်ပယ်မျှသာ ရှိသေးပြီး ဤအသက်အရွယ်လေးနှင့်တင် ဒဏ္ဍာရီလာဓားရည်ရွယ်ချက်ကို သဘောပေါက်ထားခဲ့သည်။
သို့သော်လည်း ထိုအရာက အဓိက မဟုတ်ချေ။
အဓိကအချက်က တွမ့်မူလုံချွဲ ရှုံးနိမ့်သွားခြင်းပင်။
အနိုင်ရရှိရန် အခွင့်အရေး လုံးဝ မရှိတော့ချေ။
ဓားရည်ရွယ်ချက်ကို ရင်ဆိုင်ရချိန်တွင် သန္ဓေသားပုံသဏ္ဌာန်မျှသာရှိသေးလျှင်ပင် အကြွင်းအကျန်မီးတောက်တစ်ခုလေး ယှဉ်နိုင်သည့်အရာမဟုတ်ပေ။
ထိုနှစ်ခုက တစ်ဆင့်တည်းတွင် လုံးဝ ရှိမနေချေ။
သို့သော်လည်း ရှုံးနိမ့်ခြင်းက နေမီးတောက်တောင်ကြားအတွက် ဘာကို ဆိုလိုသနည်း။
တွမ့်မူယန် မသိစိတ်အရ ယွမ်ချန်ကို ကြည့်လိုက်မိသည်။
သူတို့အကြည့်များ ဆုံမိသွားသည့် အခိုက်အတန့် တွမ့်မူယန် ရေခဲဂူထဲ ကျရောက်သွားသကဲ့သို့ ခံစားလိုက်ရပြီး ကျောတစ်လျှောက် ချွေးများဆွဲနစ်သွား၏။
“ဓားရည်ရွယ်ချက်...”
သိုင်းပြိုင်ကွင်းအတွင်းတွင် တွမ့်မူလုံချွဲ လုံးဝ ကြောင်အမ်းနေခဲ့ပြီ ဖြစ်သည်။
သူစုစည်းထားသည့်အကွက်လည်း အာရုံပျံ့လွင့်မှုကြောင့် အလိုအလျောက် ပျက်ပြယ်သွားခဲ့၏။
ဧရာမပုံရိပ်ယောင်ဓားကြီး ကောင်းကင်နှင့်မြေကြီးထောက်တိုင်တစ်ခုကဲ့သို့ ချက်ချင်းပဲ သူ့အမြင်နှင့်အာရုံကို ဖုံးလွမ်းသွားခဲ့သည်။
တစ်ချိန်တည်းမှာပင် စိတ်ကူးမယဉ်နိုင်လောက်သော ဖိအားတစ်ခု ကျရောက်လာခဲ့၏။
၎င်းက ခန္ဓာကိုယ်အပေါ်တွင်တင် သက်ရောက်နေခြင်း မဟုတ်ဘဲ စိတ်ဝိညာဉ်အပေါ်တွင် ပိုမိုသက်ရောက်နေသဖြင့် သူ၏ တစ်ကိုယ်လုံးကို တုန်ရီသွားစေခဲ့သည်။
“ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...”
တွမ့်မူလုံချွဲ ဟိန်းဟောက်လိုက်သည်။
မုန့်ချန်ချင်း ဒဏ္ဍာရီလာ သိုင်းပညာ၏စစ်မှန်အဓိပ္ပာယ်ကို သဘောပေါက်ထားခဲ့ပြီ ဆိုသည်ကို သူ အမှန်တကယ် မယုံကြည်ချင်ပေ။
၎င်းက သိုင်းပညာခွန်အား၏ အထက်တွင် ရှိသော ကြောက်မက်ဖွယ်ကောင်းလှသော တည်ရှိမှုတစ်ခု ဖြစ်ပေသည်။
သူကိုယ်တိုင်ပင် နားလည်ဖို့ ခက်ခဲ၏။
သို့သော်လည်း သူ၏ ရှေ့မှောက်ရှိ အရာအားလုံးက စိတ်ထင်ယောင်ထင်မှားခြင်း မဟုတ်ဘဲ အစစ်အမှန် ဖြစ်နေခဲ့သည်။
“မဖြစ်ဘူး... ငါ မရှုံးနိုင်ဘူး...”
တစ်ခုခုကို တွေးမိသွားသည့်အလား တွမ့်မူလုံချွဲက အံကြိတ်လိုက်ပြီး နောက်တစ်ကြိမ် လှုပ်ရှားလိုက်၏။
လက်ရှိ သူက မုန့်ချန်ချင်း၏ ပြိုင်ဘက် မဟုတ်တော့သော်လည်း လက်မလျှော့နိုင်ချေ။
အဘယ်ကြောင့်ဆိုသော် လက်လျှော့လိုက်ခြင်းက ဆိုလိုနေခဲ့သည်...
“မီးတောက်တစ်သောင်း - မီးတောက်နဂါး အကျဉ်းထောင်လက်ဝါးချက်...”
ဤအခိုက်အတန့်တွင် တွမ့်မူလုံချွဲ စိတ်ပျက်အားငယ်လုနီးပါး ဖြစ်နေပြီး ဆန်းကြယ်မီးတောက်၏ စွမ်းအားကို အပြည့်အဝ ထုတ်သုံးလိုက်သည်။
ထိုအခါ ဒွါဟခုနစ်ပေါက်ထဲမှ သွေးများစီးကျလာသည်ကို အထင်အရှား မြင်တွေ့နိုင်သည်။
ဘုန်း!
ကြီးမားလှသော လက်ဝါးရာကြီးတစ်ခုက ကောင်းကင်ယံကို ဖြတ်သန်းလျက် ပေါက်ကွဲထွက်ပေါ်လာခဲ့တော့သည်။
“ပြီးသွားပြီ...”
မုန့်ချန်ချင်း ညာလက်ဖြင့် ဓားကို တင်းတင်းဆုပ်ကိုင်လိုက်ပြီး ဓားချက်ကို ထုတ်ဖော်လိုက်သည်။
“သန့်စင်သောဝိညာဉ်သတ်ဖြတ်ခြင်း - ဓားတစ်ချက်, အသက်ပျောက်...”
စကားလုံးများ ထွက်ပေါ်လာသည်နှင့်...
ဧရမာပုံရိပ်ယောင်ဓားကြီး တုန်ခါလာပြီး နောက်တစ်စက္ကန့်တွင် အဆုံးမရှိသော လှိုင်းဂယက်များက ပျံလွင့်သွားခဲ့သည်။
ထိုအခါ တစ်ကီလိုမီတာနီးပါးအချင်းဝက်အတွင်း ကြီးမားသောပြောင်းလဲမှုကြီးတစ်ခု ဖြစ်လာခဲ့သည်။
လူတိုင်း မိမိတို့၏ ပတ်ပတ်လည်ရှိ အရာအားလုံး ပြောင်းလဲသွားသည်ကို ထိတ်လန့်တုန်လှုပ်စွာ ရှာဖွေတွေ့ရှိလိုက်ကြရ၏။
၎င်းမှာ အလောင်းတောင်ကြီးနှင့် သွေးပင်လယ်ကြီးတစ်ခုအလားပင်...
နေရာတိုင်းတွင် အလောင်းကောင်များ ရှိနေပြီး
ခြေပြတ်လက်ပြတ်များ၊ ခန္ဓာကိုယ်အစိတ်အပိုင်းများနှင့် မရေမတွက်နိုင်သည့်ဓားများ သွေးပင်လယ်မြေပြင်၌ စိုက်ဝင်နေခဲ့သည်။
“သတ်ဖြတ်ခြင်း ရည်ရွယ်ချက်...”
ယွမ်ချန် လက်နှောက်ပစ်ရပ်နေပြီ ခပ်ဖွဖွ ရေရွတ်လိုက်သည်။
ဓားရည်ရွယ်ချက်၏ အနှစ်သာရက ဓားသိုင်းပညာအပေါ်တွင် မူတည်ပေသည်။
သတ်ဖြတ်ခြင်း ဓားသိုင်းပညာနှင့်ဆိုလျှင် ထွက်ပေါ်လာမည့် ရည်ရွယ်ချက်က သတ်ဖြတ်ခြင်း ရည်ရွယ်ချက် ဖြစ်ပေလိမ့်မည်။
ဓားရည်ရွယ်ချက်ကို အသက်သွင်းလိုက်သည်နှင့် ၎င်းမှာ ဓားချက်ကို မြှင့်တင်ပေးရုံသာမက လူများကို ၎င်း၏နယ်မြေအတွင်း ဆွဲသွင်းနိုင်သည့် နည်းလမ်းလည်း ရှိသေး၏။
ပိုင်နက်တစ်ခုကဲ့သို့ဖြစ်သည်။
အခြားသူတစ်ဦး၏ ပိုင်နက်ထဲတွင် ရှိနေခြင်းက ၎င်းတို့၏ အိမ်ကွင်းတွင် ရှိနေခြင်းကို ဆိုလိုရာ မည်ကဲ့သို့ အနိုင်ရရှိနိုင်ပါမည်နည်း။
တစ်ဦးတစ်ယောက်၏ စိတ်ဆန္ဒက လုံလောက်စွာ သန်မာခြင်း မရှိပါက လွတ်မြောက်ရန် မဖြစ်နိုင်ချေ။
ထို့ကြောင့် တာအိုဖန်တီးခြင်းနယ်ပယ်တွင် ဓားရည်ရွယ်ချက် ရှိနေခြင်းက လုံးဝကို လွှမ်းမိုးချုပ်ကိုင်နိုင်သော အားသာချက်တစ်ခု ဖြစ်ပေသည်။
ဆန်းကြယ်မီးတောက်တစ်ခု ပိုင်ဆိုင်ထားခြင်းထက်ပင် ပို၍ ရူးသွန်းဖွယ်ကောင်းလှ၏။
“ထိပ်ထိပ်ပျာပျာမဖြစ်ကြနဲ့... ငါတို့က မုန့်ချန်ချင်းပိုင်နက်ထဲကို ရောက်နေရုံပဲ...”
မိမိ၏ ပတ်ပတ်လည်ရှိ တပည့်များ အနည်းငယ် ပျာယာခတ်နေကြသည်ကို မြင်တွေ့လိုက်ရချိန်တွင် မိုရှူးကွမ်း ချက်ချင်း ရှင်းပြလိုက်သည်။
“မင်းတို့ရဲ့ စိတ်ကို တည်ငြိမ်အောင်ထား၊ အာရုံစိုက်ပြီး အဲဒါကို ဂရုတစိုက် ခံစားကြည့်ကြ... အကယ်၍ မင်းတို့ တစ်ခုခု ရရှိသွားခဲ့ရင် ဒါက မင်းတို့ရဲ့ အနာဂတ်အတွက် အများကြီး အကျိုးရှိလိမ့်မယ်...”
ဤအရာကို ကြားလိုက်ရချိန်တွင် တပည့်အားလုံးက ရုတ်တရက် သဘောပေါက်သွားကြသည်။
သူတို့က ၎င်းကို ခံစားသိရှိနိုင်ရန်အတွက် အလျင်အမြန်ပင် အာရုံစိုက်လိုက်ကြတော့သည်။
ဓားရည်ရွယ်ချက်?....
ဤအရာက အလွန်အမင်း ရှားပါးလှတဲ့ အရာဖြစ်ရာ လက်လွတ်ခံလို့မရပေ။
ရွစ်!
ဓားချက်ထွက်ပေါ်လာခဲ့သည်။
ကောင်းကင်နှင့်မြေကြီးက ပိုးသားအလား လှိုင်းကယက်တွေထွက်ပေါ်လာပြီး တောက်ပသော ဓားအလင်းတန်းက စူးရှပြီး အန္တရာယ်အပြည့်ပင်။
၎င်းက တိုးဝင်လာသော လက်ဝါးရာကြီးကို ချက်ချင်းပဲ ဖြတ်တောက်သွားခဲ့သည်။
ခရက်...
လက်ဝါးရာကြီးမှာ ကြွပ်ဆတ်သော စက္ကူချပ်တစ်ခုအလား ချက်ချင်းပင် ကြေမွပျက်စီးသွားခဲ့၏။
ရှူး...
လက်ဝါးရာကြီးထဲတွင် ဆန်းကြယ်မီးတောက်၏ စွမ်းအားများ အမြောက်အမြား ပါဝင်နေခဲ့သည်။
ထို့ကြောင့် မြွေတစ်သောင်းနှလုံးဝါးမျိုမီးတောက်လည်း အပြင်းအထန်ဒဏ်ရာရသွားကာ ဗီဇအရ အော်ဟစ်ငိုကြွေးသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
“ငါ ရှုံးသွားပြီ...”
ကြီးထွားလာသော ဓားအလင်းတန်းကို ကြည့်လျက် တွမ့်မူလုံချွဲ အရှိတရားကိုလက်ခံလိုက်ကာ မျက်နှာရုတ်တရက် မီးခိုးရောင်ပြောင်းသွား၏။
စကားလုံးများ ကျဆင်းသွားသည်နှင့်အမျှ ဓားအလင်းတန်း ဘေးဘက်ကိုကျဆင်းသွားပြီး ဆံပင်အနည်းငယ်ကို ဖြတ်တောက်သွားခဲ့သည်။
သို့သော်လည်း ထိုသို့ဆိုလျှင်တောင် သူ၏အသက်ဓာတ်အများစုဆုံးရှုံးလိုက်ရပြီး ခေါင်း၌ ဆံပင်အဖြူများစွာ ပေါ်လာခဲ့သည်။
ဓားတစ်ချက်, အသက်ပျောက် - ရှင်သန်ခြင်းပျက်သုဉ်း...
ဤအရာက သန့်စင်သောဝိညာဉ်သတ်ဖြတ်ခြင်းဓားသိုင်း၏ အသန်မာဆုံးသော ဓားချက်ဖြစ်၏။
အကြွင်းမဲ့ သေခြင်းတရားစွမ်းအင်များနှင့်အတူ အသက်ဓာတ်အားလုံးကို ကြေမွပျက်စီးစေသည်။
အလွန်အမင်း လွမ်းမိုးနိုင်စွမ်းရှိကာ ဓားရည်ရွယ်ချက်၏ မြှင့်တင်ပေးမှုနှင့်အတူ ၎င်း၏စွမ်းအားမှာ အဆင့်အနည်းငယ်အထိ တိုးတက်သွားခဲ့သည်။
ထို့ကြောင့် မုန့်ချန်ချင်း ထိန်းချန်ထားခဲ့လျှင်ပင် တွမ့်မူလုံချွဲကို ပြင်းထန်စွာ ဒဏ်ရာရရှိစေဆဲဖြစ်သည်။