← Chapters

အခန်း ၁

Vol. 1 Ch. 1

အခန်း ၁

Vol. 1 Ch. 1

အခန်း (၁)

ကမ္ဘာနှစ်ခုကြားတံခါး

သူ၏ ဦးခေါင်းမှာ ကွဲအက်မတတ် နာကျင်နေခဲ့လေ၏။

ဖန်းဟန်သည် သူ၏မျက်လုံးများကို ရုတ်တရက် ဖွင့်ကြည့်လိုက်လေသည်။ သူ မြင်တွေ့လိုက်ရသည်မှာ ရင်းနှီးနေသော မျက်နှာကြက်နှင့် ကွန်ပျူတာဂိမ်းပိုစတာများ မဟုတ်ဘဲ မည်းမှောင်နေပြီး မီးခိုးနံ့စွဲနေ သော သက်ကယ်မိုး အိမ်ခေါင်မိုးတစ်ခုသာ ဖြစ်နေချေသည်။ အပေါက်ငယ်တစ်ခုမှ တိုးဝင်လာသော နေရောင်ခြည်တန်းလေးများက လေထုထဲတွင် လွင့်ပျံနေသည့် ဖုန်မှုန့်များကို လင်းလက်စေလျက် ရှိ နေသည်။

“ဒါ...၊ ဘယ်လိုဖြစ်တာလဲ...။”

သူသည် ကမန်းကတန်းဖြင့် ထိုင်လိုက်ပြီး ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်လေ၏။

မြေသားနံရံများမှာ မညီမညာဖြစ်နေပြီး ထောင့်စွန်းများတွင် ပင့်ကူအိမ်များဖြင့် ပြည့်နှက်နေလျက်ရှိ လေသည်။ ခြေထောက်တစ်ဖက်ကျိုးနေသော ပျက်စီးနေသည့် သစ်သားစားပွဲတစ်ခုမှာ နံရံတွင် မှီလျက် ရှိနေပြီး ၎င်းအပေါ်တွင် အနားပဲ့နေသော မြေအိုးခွက်တစ်ခုသာ ရှိပေသည်။

သူ၏အောက်တွင်မူ ကောက်ရိုးပါးပါးခင်းထားသော မာကျောသည့် သစ်သားခုတင်လေးတစ်ခု ရှိနေကာ ထိုနေရာမှ မှိုနံ့နှင့် ချွေးနံ့တို့ ရောနှောနေသည့် ထူးဆန်းသောအနံ့ဆိုးတစ်ခုက ထွက်ပေါ်နေလေသည်။

ဤသည်မှာ စာအုပ်များထဲတွင် ဖတ်ဖူးသည့် ‘ဘာမျှမရှိသော အိမ်’ ဆိုသည်မှာ ဖြစ်ရမည်။ သူ ငှားရမ်း နေထိုင်ခဲ့သည့် မြေအောက်ခန်းထက်ပင် ပို၍ ဆိုးရွားလှပေသည်။

ထိုစဉ်မှာပင် ရှုပ်ထွေးလှသော မှတ်ဉာဏ်များစွာက သူ၏ဦးနှောက်အတွင်းသို့ အလုံးအရင်းဖြင့် စီးဝင် လာခဲ့ရာ နောက်တစ်ကြိမ် ထပ်မံမေ့လဲသွားတော့မတတ် ခံစားလိုက်ရလေ၏။

မဟာကျင်းမင်းဆက်၊ ကျားယို့ (၃၇) နှစ်မြောက်...။

သဘာဝဘေးအန္တရာယ်များနှင့် လူတို့ဖန်တီးသော ဘေးဒုက္ခများကြောင့် နေရာအနှံ့အပြားတွင် ငတ်မွတ် ခေါင်းပါးမှုများ ဖြစ်ပေါ်နေပြီး အခွန်အခများမှာလည်း ကျားထက်ပင် ကြောက်မက်ဖွယ် ကောင်းလှပေ သည်။

သူသည် ကူးပြောင်းရောက်ရှိလာခဲ့ခြင်း ဖြစ်ပေသည်။

ဤခန္ဓာကိုယ်၏ မူလပိုင်ရှင်မှာလည်း ဖန်းဟန်ပင် ဖြစ်ပြီး လျိုရှီးရွာမှ သာမန်ရွာသားတစ်ဦး ဖြစ်လေ သည်။ သူ၏ မိဘများမှာ ငယ်စဉ်ကပင် ကွယ်လွန်သွားခဲ့ကြသဖြင့် အိမ်နီးနားချင်းများ၏ အကူအညီဖြင့် မနည်းရုန်းကန်ကာ ကြီးပြင်းလာခဲ့ရသူ ဖြစ်၏။ မူလပိုင်ရှင်သည် မနေ့က မိုးမိပြီးနောက် အဟာရချို့တဲ့မှု ဒဏ်ကို မခံနိုင်တော့ဘဲ အဖျားအလွန်တက်ကာ သေဆုံးသွားခဲ့ခြင်း ဖြစ်ပေသည်။

ထို့နောက်တွင်မူ ခေတ်သစ်ကမ္ဘာမှ ကွန်ပျူတာဂိမ်းကစားပြီး အသက်မွေးဝမ်းကျောင်းပြုသည့် ဖန်းဟန် က ဤခန္ဓာကိုယ်ထဲသို့ ရောက်ရှိလာခဲ့ခြင်းပင် ဖြစ်ပေသည်။

ဖန်းဟန်သည် ဖာထေးထားသော လျှော်တေအင်္ကျီတိုနှင့် ခြေမျက်စိပင် မဖုံးသည့် ဘောင်းဘီတိုကို ဝတ်ဆင်ထားသော မိမိကိုယ်ကိုယ် ပြန်လည်ကြည့်ရှုလိုက်လေ၏။

သို့သော် ထူးဆန်းသည်မှာ သူ၏ ဘယ်ဘက်လက်ထဲတွင် ပလတ်စတစ်အိတ်တစ်အိတ်ကို မြဲမြံစွာ ဆုပ်ကိုင်ထားခြင်းပင် ဖြစ်သည်။

ထိုအိတ်ထဲတွင်မူ နွေးထွေးပြီး အိစက်နေသော ပေါက်စီ (၄) လုံး ရှိနေလေသည်။

ဤသည်မှာ သူ အလုပ်လုပ်ရင်း စားရန်အတွက် အောက်ထပ်ရှိ နံနက်စာဆိုင်မှ ဝယ်ယူလာခဲ့ခြင်း ဖြစ်ပေ သည်။ ဤအရာများက သူနှင့်အတူ မည်သို့ပါလာပါသနည်း။

ဖန်းဟန်မှာ အံ့အားသင့်နေမိ၏။ သူသည် မိမိ၏ ပါးကို အားပြင်းစွာ ဆွဲလိမ်ကြည့်လိုက်ရာ နာကျင်မှုကို ခံစားလိုက်ရသည်။ ထို့နောက် ပေါက်စီကို တစ်လုတ်ကိုက်လိုက်ရာ အိစက်ပြီး ချိုမြိန်သော အရသာက လျှာပေါ်တွင် ပျံ့နှံ့သွားလေတော့သည်။

ဤအရာအားလုံးမှာ အစစ်အမှန်ပင် ဖြစ်ချေသည်။

“ငါ ပြန်ချင်တယ်...၊ ငါ ပြန်ချင်တယ်...။”

ဖန်းဟန်သည် ငိုသံပါပါဖြင့် တီးတိုးရေရွတ်လိုက်မိလေ၏။

အင်တာနက်မရှိ၊ ဖုန်းမရှိ၊ အချိုရည်မရှိ၊ နောက်ဆုံးတွင် ဗိုက်ဝအောင်စားဖို့ပင် အစာမရှိပေ။

ဤကဲ့သို့သော နေရာမျိုးတွင် သူ မည်သို့ အသက်ရှင်ရပါမည်နည်း။ လယ်ယာလုပ်ငန်းကိုလည်း နားမ လည်၊ ကိုယ်ခန္ဓာကလည်း သန်မာမှုမရှိသည့် သူကဲ့သို့ လူတစ်ဦးမှာ ဤနေရာတွင် သုံးရက်ပင် ခံလိမ့်မည် မဟုတ်ပေ။

သူသည် သူ၏ကွန်ပျူတာ၊ ဂိမ်းကစားဖော်များ၊ နောက်ဆုံးတွင် အိမ်လခ အမြဲတောင်းတတ်သည့် အိမ်ရှင်ကိုပင် လွမ်းဆွတ်နေမိတော့သည်။

“ချွမ်... ချွမ်... ချွမ်...။”

ရုတ်တရက် အပြင်ဘက်မှ လင်းကွင်းတီးသံများ အဆက်မပြတ် ထွက်ပေါ်လာပြီးနောက် ရွာ၏ တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်သည့် ကြမ်းတမ်းသောအသံတစ်ခု ထွက်ပေါ်လာခဲ့လေသည်။

“အားလုံး ထွက်ခဲ့ကြ...။ အားလုံး ထွက်ခဲ့ကြ...။ လူကုန်ကူးတဲ့ပွဲစားတွေ ရောက်နေပြီ...။ မိန်းမဝယ်ချင် တဲ့သူတွေ ရွာထိပ်က ကုက္ကိုလ်ပင်ကြီးဆီကို အမြန်လာခဲ့ကြ...။”

ထိုအသံမှာ ရွာသူကြီး ကျောက်ထျဲ့ရှန်း၏ အသံပင်ဖြစ်လေသည်။

မိန်းမဝယ်လို့ရမယ် ဟုတ်လား...။

ဖန်းဟန်မှာ ကြောင်အသွား၏။ ထိုစကားလုံးကို ရုပ်ရှင်များထဲတွင်သာ ကြားဖူးခဲ့ခြင်း ဖြစ်ပေသည်။

မှတ်ဉာဏ်အစအနများက သူ၏ခေါင်းထဲတွင် ထပ်မံပေါ်ပေါက်လာခဲ့ရာ ထိုစကားလုံးသုံးလုံး၏

လေးနက်မှုကို ချက်ချင်းပင် နားလည်သွားခဲ့လေသည်။ မဟာကျင်းမင်းဆက်၏ နှောင်းပိုင်းကာလတွင် အသက်ရှင်သန်နေထိုင်နိုင်ရန်မှာ အလွန်ပင် ခက်ခဲလှပေသည်။ အကယ်၍ အမျိုးသားတစ်ဦး သေဆုံး သွားပါက သူ၏ ဇနီးနှင့် သားသမီးများကို ရောင်းစားလေ့ရှိကြပေ၏။

အကယ်၍ မိသားစုတစ်ခုတွင် စားဝတ်နေရေး ခက်ခဲလာပါကလည်း ဆန်အနည်းငယ် ရရှိရန်အတွက် သူတို့၏ သမီးပျိုများကို ရောင်းစားကြလေသည်။ ရောင်းစားခံရသော အမျိုးသမီးများသည် ကံကောင်း လျှင် သားသမီးမွေးဖွားပေးရသည့် ဇနီးမယားများ ဖြစ်လာကြသော်လည်း ကံမကောင်းပါက ပြည့်တန် ဆာအိမ်များသို့ တစ်ဆင့်ပြန်လည် ရောင်းချခံရကာ ဘဝပျက်ကြရလေသည်။

“ကျွီ...”

ဘေးအိမ်မှ တံခါးပွင့်လာပြီး ရန်ဟုန်မေက ခေါင်းပြူထွက်လာလေသည်။ သူမသည် တံခါးဝတွင် ရပ်နေ သော ဖန်းဟန်ကို မြင်လိုက်ရသောအခါ နှုတ်ခမ်းကို မဲ့လိုက်လေ၏။

“အို... ဖျားနာနေတဲ့သူကတောင် ထွက်လာတာလား...။ ဘာလဲ... မင်းကလည်း သွားကြည့်ချင်လို့လား ...။ မင်းလို ဆင်းရဲတဲ့သူက ကြည့်ရုံပဲ ကြည့်နိုင်မှာပါ... ဝယ်ဖို့တော့ စိတ်တောင်မကူးနဲ့...။”

ထိုသို့ပြောပြီးနောက် သူမသည် ခါးကိုလှုပ်ကာ ရွာထိပ်သို့ ဝင့်ကြွားစွာ လျှောက်သွားရင်း “ငါ့သား ကျောက်ထျန်းအတွက်လည်း မိန်းမတစ်ယောက် လိုနေပြီ...။ တင်ပါးကြီးကြီးနဲ့ ကလေးအမွေးကောင်း မယ့်သူကို ရွေးရမယ်...။” ဟု တီးတိုး ရေရွတ်သွားခဲ့လေသည်။

ဖန်းဟန်သည် သူမကို ဂရုမစိုက်ဘဲ ထူးဆန်းသော စေ့ဆော်မှုတစ်ခုကြောင့် သူမနောက်သို့ လိုက်ပါသွား ခဲ့မိလေ၏။

ဤခေတ်ကာလက မည်မျှအထိ ရက်စက်ကြမ်းကြုတ်သည်ကို သူ ကိုယ်တိုင် မြင်တွေ့လိုမိခြင်းပင် ဖြစ်၏။

ရွာထိပ်ရှိ ကုက္ကိုလ်ပင်ကြီးအောက်တွင် လူအများအပြား စုဝေးနေကြပြီ ဖြစ်၏။ အမျိုးသားများမှာ လည်ပင်းကို ဆန့်ကာ ဈေးထဲတွင် တိရစ္ဆာန်ရွေးချယ်နေသကဲ့သို့ တောက်ပသော မျက်လုံးများဖြင့် ကြည့်ရှုနေကြလေသည်။

လူအုပ်ကြီး၏ အလယ်တွင် မျက်နှာပေးမကောင်းသော အမျိုးသားနှစ်ဦးက အော်ဟစ်နေကြလေ၏။ သူတို့၏ နောက်ကွယ်တွင်မူ အမျိုးသမီး (၁၀) ဦးကျော် ရပ်နေကြသည်။ အသက်အကြီးဆုံးမှာ (၃၀)ဝန်း ကျင်ခန့်ရှိပြီး အငယ်ဆုံးမှာ (၁၅) နှစ် သို့မဟုတ် (၁၆) နှစ်ခန့်သာ ရှိချေဦးမည် ဖြစ်သည်။ အားလုံးမှာ အဝတ်စုတ်များကို ဝတ်ဆင်ထားကြပြီး မျက်နှာများမှာ ဖြူဖျော့ကာ အသက်မဲ့နေသော မျက်လုံးများ ဖြင့်ရှိနေကြလေသည်။

“သေချာကြည့်ကြပါ အားလုံးပဲ...။ အလုပ်လည်း လုပ်နိုင်သလို ကလေးလည်း မွေးနိုင်တယ်လို့ အာမခံ တယ်...။ ဒီတစ်ယောက်က လီမိသားစုရွာကပဲ...၊ လယ်ယာလုပ်ငန်းမှာ ကျွမ်းကျင်တယ်...။ ငွေစ (၃) ကျပ်ပဲ ပေးရမယ်...။”

“ဒီတစ်ယောက်က တင်ပါးကြီးတယ်...၊ သားယောက်ျားလေး မွေးပေးမှာ သေချာတယ်...။ (၂) ကျပ်ခွဲနဲ့ အခုပဲ ယူသွားလိုက်တော့...။”

ရွာသားများသည် စိတ်ဝင်တစား ဆွေးနွေးရင်း ဈေးဆစ်နေကြလေသည်။

“အရမ်းဈေးကြီးလွန်းတယ်...၊ လျှော့ဦးလေ...။”

“ဒီမိန်းမက အရမ်းပိန်လွန်းတယ်...၊ အလုပ်ကြမ်း လုပ်နိုင်ပါ့မလား မသိဘူး...။”

ဖန်းဟန်သည် လူအုပ်၏ အစွန်ဆုံးတွင် ရပ်နေရင်း စိတ်မသက်မသာ ဖြစ်နေခဲ့မိလေ၏။ အမျိုးသမီးများ ကို ကုန်ပစ္စည်းများကဲ့သို့ ကိုင်တွယ်ကြည့်ရှုခံနေရပြီး သွားများကိုပင် စစ်ဆေးခံနေရသည်ကို မြင်ရသော အခါ သူ၏ ခန္ဓာကိုယ်တစ်ခုလုံး အေးစိမ့်သွားခဲ့လေသည်။

ဤသည်မှာ လူ့အသက်သည် မြက်ပင်ထက်ပင် တန်ဖိုးနည်းပါးလှသည့် ခေတ်ကာလဖြစ်ပေသည်။

သူ၏ အကြည့်များက အမျိုးသမီးများအပေါ်သို့ ဝေ့ဝဲသွားရာ အများစုမှာ အလုပ်ကြမ်းလုပ်ထားသဖြင့် အသားအရေ ညိုမည်းနေကြသည်ကို တွေ့ရပေသည်။

ရုတ်တရက် သူ၏အကြည့်များမှာ တစ်နေရာ၌ ရပ်တန့်သွားခဲ့မိ၏။

အမျိုးသမီးများ၏ နောက်ဆုံးတွင် အခြားသူများနှင့် မတူဘဲ ထူးခြားနေသည့် ပုံရိပ်တစ်ခု ရှိနေလေ သည်။

သူမမှာ အသက် (၂၀) ဝန်းကျင်ခန့်ရှိသော မိန်းကလေးတစ်ဦး ဖြစ်ပြီး ခေါင်းကို ငုံ့ထားကာ အနက်ရောင် ဆံနွယ်များက သူမ၏ မျက်နှာကို ဖုံးကွယ်ထားလေသည်။ သူမသည်လည်း အဝတ်စုတ်များကိုသာ ဝတ်ဆင်ထားပြီး မျက်နှာတွင် ဖုန်မှုန့်များ ပေကျံနေသော်လည်း အင်္ကျီလက်ကြားမှ မြင်တွေ့နေရသော သူမ၏ လက်ကောက်ဝတ်နှင့် လည်ပင်းသားမှာ ဖြူဖွေးဝင်းပနေလေသည်။

လေတစ်ချက် အဝေ့တွင် သူမ၏ နဖူးပေါ်မှ ဆံစများ လွင့်ပါးသွားခဲ့လေ၏။

ဖန်းဟန်သည် အသက်ရှူပင် မှားသွားခဲ့ရပေသည်။ ထိုမျက်နှာမှာ အလွန်ပင် တင့်တယ်လှပလွန်းလှပေ သည်။

မျက်ခုံးတန်းတန်း၊ ဝိုင်းစက်သော မျက်ဝန်းများနှင့် ထိပ်ဖျားလေး စွင့်နေသော နှာတံလေးမှာ ပန်းချီကား တစ်ချပ်ကဲ့သို့ပင် ပြည့်စုံလှပလွန်းသဖြင့် လူတို့အား တိုက်ရိုက်မကြည့်ဝံ့အောင်ပင် ဖြစ်စေသည်။

သို့သော် သူမ၏ မျက်နှာမှာ ဖြူဖျော့နေပြီး နှုတ်ခမ်းများမှာလည်း ခြောက်သွေ့နေကာ မည်သည့်အချိန် တွင်မဆို လဲကျသွားနိုင်သည့်အလား တုန်ယင်နေခဲ့လေသည်။

သူမသည် ဖျားနာနေခြင်းဖြစ်ပြီး အခြေအနေမှာလည်း အလွန်ပင် ဆိုးရွားပုံပေါ်ပေသည်။

“ဟိုတစ်ယောက်က ဘယ်လောက်လဲ...။”

ရွာသားတစ်ဦးက သူမကို လက်ညှိုးထိုးကာ မေးလိုက်၏။

လူပွဲစားက သူမကို တစ်ချက်ကြည့်လိုက်ပြီး စိတ်ပျက်လက်ပျက်ဖြင့် ပြန်ပြောလိုက်လေသည်။

“ဒီတစ်ယောက်လား... ဒါက အပိုဆုပဲ...။ ဘယ်သူမဆို နှစ်ယောက်ဝယ်ရင် ဒီတစ်ယောက်ကို အလကား ပေးမယ်...။ တောက်... တကယ်ကို ကံဆိုးတာပဲ...၊ လမ်းမှာ အအေးမိပြီး သေတော့မယ့်ပုံ ပေါက်နေ တယ်...။”

ထိုစကားကို ကြားသောအခါ ရွာသားများမှာ ခေါင်းခါလိုက်ကြလေ၏။

“အလကားပေးရင်တောင် မယူဘူး...။ ဝယ်ပြီးရင် ဆေးဖိုးနဲ့တင် မွဲကုန်မှာပေါ့...။”

“ဟုတ်တယ်...၊ ကြည့်ရတာ အသက်ရှင်မှာ မဟုတ်ဘူး...။ လာဘ်မကောင်းဘူး...။”

မိန်းကလေး၏ ခန္ဓာကိုယ်မှာ အနည်းငယ် တုန်ယင်သွားပြီး သူမ၏ခေါင်းကို ပို၍ပင် ငုံ့ထားလိုက် လေ သည်။ သူမ၏ ပိန်ပါးသော ပခုံးလေးများမှာ လောကကြီးက စွန့်ပစ်ထားသည့် သတ္တဝါလေးတစ်ကောင် ကဲ့သို့ ကျုံ့ဝင်နေခဲ့ပေ၏။

ဖန်းဟန်၏ နှလုံးသားမှာ တစ်စုံတစ်ခုကြောင့် နာကျင်သွားခဲ့ရပေသည်။

ထိုစဉ်မှာပင် စက်ရုပ်ဆန်သော အေးစိမ့်သည့် အသံတစ်ခုက သူ၏ဦးနှောက်ထဲတွင် ထွက်ပေါ်လာ ခဲ့လေ၏။

[ဒင်...။ ပိုင်ရှင်ထံမှ ပြင်းထန်သော စိတ်လှုပ်ရှားမှုကို စစ်ဆေးတွေ့ရှိရသဖြင့် ပေါင်းစည်းရန် အခြေ အနေနှင့် ကိုက်ညီပါသည်...။]

[ ကမ္ဘာနှစ်ခုကြားတံခါးစနစ် စတင်နေပါပြီ...။]

[ စတင်ခြင်း အောင်မြင်ပါသည်...။ ]

ဖန်းဟန်၏ မျက်လုံးများမှာ ပြူးကျယ်သွားခဲ့၏။

စနစ် ဟုတ်လား...။ ဝတ္ထုတွေထဲက အစွမ်းထက်စနစ်ကြီးလား...။

[ စနစ်မိတ်ဆက် - ဤစနစ်မှာ ‘ကမ္ဘာနှစ်ခုကြားတံခါးစနစ်’ ဖြစ်ပါသည်...။ ပိုင်ရှင်အနေဖြင့် ဒီစနစ်ကို အသုံးပြုပြီး ခေတ်သစ်ကမ္ဘာနှင့် မဟာကျင်းကမ္ဘာကြား လွတ်လပ်စွာ သွားလာနိုင်ပါသည်...။]

[၁။ စနစ်ကို အသက်သွင်းရန် သတ်မှတ်ချက်နှင့် ကိုက်ညီသော အမျိုးသမီးတစ်ဦးနှင့် ပေါင်းစည်းရမည် ဖြစ်ပြီး ထိုအမျိုးသမီးသည် ပိုင်ရှင်၏ ဇနီးဖြစ်လာရမည်...။]

[၂။ ပိုင်ရှင်၏ ဇနီးထံမှ ပျော်ရွှင်ခြင်း၊ စိတ်လှုပ်ရှားခြင်းနှင့် ဝမ်းမြောက်ခြင်းကဲ့သို့သော အကောင်းမြင် စိတ်စွမ်းအင်များကို တံခါးအတွက် အသုံးပြုရပါမည်...။ စွမ်းအင်ပြည့်ဝသွားပါက ပိုင်ရှင်သည် မဟာကျင်း မှ ကမ္ဘာမြေသို့ ပြန်လည်သွားလာနိုင်မည် ဖြစ်သည်...။ (ကမ္ဘာမြေမှ မဟာကျင်းသို့ ပြန်လာရန် စွမ်းအင်မ လိုပါ)]

[၃။ တံခါး၏ အဆင့်ကို မြှင့်တင်နိုင်သည်...။ စနစ်က ခွင့်ပြုသော နောက်ထပ်ဇနီးတစ်ဦးကို လက်ထပ် ခြင်းဖြင့် အဆင့်မြှင့်တင်နိုင်ပြီး အဆင့်မြင့်လေလေ သယ်ဆောင်နိုင်သော ပစ္စည်းအလေးချိန် ပိုမိုများ ပြားလေလေ ဖြစ်သည်...။]

[ဒင်...။ သတ်မှတ်ချက်နှင့် ကိုက်ညီသော အမျိုးသမီး ‘ပိုင်ကျီရို’ ကို တွေ့ရှိပါသည်...။ ပေါင်းစည်း လိုပါသလား...။]

သတင်းအချက်အလက်များစွာကြောင့် ဖန်းဟန်၏ ဦးနှောက်မှာ ထုံထိုင်းသွားခဲ့ရလေ၏။

ငါ ပြန်သွားလို့ရပြီ...။ ငါ တကယ်ပဲ ပြန်သွားလို့ရပြီ...။

ဝမ်းသာအားရမှုများက သူ၏နှလုံးသားထဲတွင် ပြည့်နှက်သွားခဲ့ရာ သူသည် အော်ဟစ်ရယ်မောပစ်ချင် စိတ်ပင် ပေါက်သွားခဲ့ပေ၏။ ဤကဲ့သို့သော ငရဲခန်းကမ္ဘာတွင် သူ တစ်စက္ကန့်ပင် ထပ်မနေချင်တော့ပေ။

သို့သော် စနစ်၏ နောက်ထပ်စကားများကြောင့် သူ ပြန်လည်တည်ငြိမ်သွားခဲ့ရလေသည်။

အမျိုးသမီးတစ်ဦးနှင့် ပေါင်းစည်းရမည် ဟုတ်လား...။ ပိုင်ကျီရို ဆိုတာက အသက်အန္တရာယ် နီးကပ်နေ တဲ့ ဟို လှပသော မိန်းကလေးလား...။

ဖန်းဟန်၏ အကြည့်များက မိန်းကလေးထံသို့ ထပ်မံရောက်ရှိသွားခဲ့လေ၏။ သူမသည် အဆက်မပြတ် ချောင်းဆိုးနေပြီး ခန္ဓာကိုယ်မှာလည်း ယိုင်နဲ့နေလေသည်။ လူကုန်ကူးသူက စိတ်မရှည်စွာဖြင့် သူမကို တွန်းထုတ်လိုက်ရာ သူမသည် လဲကျလုနီးပါး ဖြစ်သွားခဲ့ရလေသည်။

[ဒင်...။ ပေါင်းစည်းလိုပါသလား...။]

“ပေါင်းစည်းမယ်...။”

ဖန်းဟန်သည် စိတ်ထဲမှ အော်ဟစ်လိုက်လေ၏။

[ဒင်...။ အဓိကဇာတ်ကောင် ‘ပိုင်ကျီရို’ နှင့် ပေါင်းစည်းခြင်း အောင်မြင်ပါသည်...။]

[ကမ္ဘာနှစ်ခုကြားတံခါး အဆင့် (၁)...။ ပိုင်ရှင်သည် ပစ္စည်း (၁၀) ကီလိုဂရမ်ကို သယ်ဆောင်နိုင်ပါ သည်...။]

“လက်ရှိ စွမ်းအင်ပမာဏ - ၀ ရာခိုင်နှုန်း...။”

ထိုအချိန်တွင် ရွာသားအများစုမှာ သူတို့အလိုရှိသောသူများကို ရွေးချယ်ပြီးသွားကြပြီ ဖြစ်ချေသည်။ ပိုင်ကျီရိုနှင့် အခြားအမျိုးသမီးအချို့သာ ကျန်ရှိတော့၏။

မည်သူမျှ စိတ်မဝင်စားသည်ကို မြင်သောအခါ လူကုန်ကူးသူက ပိုင်ကျီရိုကို ဒေါသတကြီး အော်ဟစ် လိုက်လေသည်။

“သွားစမ်း...။ ဒီမှာ လာရပ်မနေနဲ့...၊ အမြင်ကတ်စရာ...။”

“သူမကို...၊ ငါယူမယ်...။”

အားလုံး၏ အကြည့်များမှာ ဖန်းဟန်ထံသို့ တစ်ပြိုင်နက်တည်း ရောက်ရှိလာခဲ့ကြ၏။

ရွာသူကြီး ကျောက်ထျဲ့ရှန်းမှာ ကြောင်အသွားခဲ့ရလေသည်။

ကုက္ကိုလ်ပင်ကြီးအောက်တွင် ရုတ်တရက် တိတ်ဆိတ်သွားခဲ့၏။

ဖန်းဟန်လား...။ ကိုယ့်ကိုကိုယ်ပင် ဝအောင်မကျွေးနိုင်တဲ့ ရွာမှာ အဆင်းရဲဆုံးလူက မိန်းမဝယ်ချင်တယ် ဟုတ်လား...။ ဒါ့အပြင် သေလုနီးပါး ဖြစ်နေတဲ့ ဖျားနာသူကိုမှ ဝယ်ချင်တယ် ဟုတ်လား...။

သူ ရူးသွားပြီလား...။

All Chapters