ဖန်းဟန်သည် အချိန်နှင့် ဟင်းလင်းပြင်ကို ဖြတ်သန်းကာ 'တာ့ကျင့်မင်းဆက်' ဟု အမည်ရသည့် ကမ္ဘာမြေသို့ ကူးပြောင်းရောက်ရှိသွားခဲ့သည်။ အစပိုင်းတွင် သူသည် သက်ငယ်မိုး တဲအိမ်စုတ်လေးတစ်လုံးသာ ပိုင်ဆိုင်သော ဆင်းရဲနွမ်းပါးသည့် လူငယ်လေး တစ်ဦး ဖြစ်သည်။ သူပိုင်ဆိုင်သမျှထဲတွင် တစ်ခုတည်းသော အဖိုးတန်အရာမှာ ကူးပြောင်းလာစဉ်က လက်ထဲတွင် ဆုပ်ကိုင်လာခဲ့သည့် ပေါက်စီထုပ်လေးသာ ဖြစ်ပေသည်။ [ဒင်… ကမ္ဘာနှစ်ခုကူး ဂိတ်တံခါးစနစ် စတင်အသက်ဝင်ပါပြီ…။] [သင်သည် ဇနီးမယားများကို လက်ထပ်ယူခြင်းဖြင့် စွမ်းအင်များကို ဖြည့်တင်းနိုင်ပြီး ကမ္ဘာနှစ်ခုအကြား အပြန်အလှန် ကူးသန်းသွားလာနိုင်မည် ဖြစ်သည်။] "ဒေါင်… ဒေါင်… ဒေါင်…." ရွာသူကြီးက မောင်းကို ဆူညံစွာ တီးခတ်ရင်း အော်ဟစ်လိုက်သည်။ "လူတိုင်း ထွက်လာကြဟေ့...အားလုံး ထွက်လာကြ။ လူပွဲစားတွေက လူခေါ်လာပြီ။ မိန်းမဝယ်ချင်တဲ့သူရှိရင် ရွာလယ်က သစ်ပင်ကြီးဆီကို အမြန်လာကြဟေ့...။" ထိုအခါ ဖန်းဟန်သည် သူ၏ပေါက်စီနှစ်လုံးကို ယူဆောင်သွားပြီး တစ်ယောက်တစ်လုံးစီ ပေးကာ ချောမောလှပသည့် ဇနီးသည်တစ်ဦးကို ဝယ်ယူလိုက်လေတော့သည်။

